အမျိုးအစား  |  odb

မာကျောသောမြေနှင့် နူးညံ့သောကရုဏာ

ဂျိမ်းစ် အသက် ၆ နှစ်အရွယ်တွင် သူ၏အစ်ကိုဒေးဗစ်သည် နှင်းလျှောစီး စကိတ် မတော်တဆမှုဖြစ်ပြီး ကြေကွဲဖွယ်အသက်ဆုံးရှုံးခဲ့ရသည်။ ဒေးဗစ်၏အသက် ၁၄နှစ် ပြည့်မွေးနေ့မတိုင်မီ မတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ဂျိမ်းစ်သည် အလွန် ပူ‌‌ဆွေးဝမ်းနည်းနေသော သူ့မိခင် မာဂရက်ကို အကောင်းဆုံးနှစ်သိမ့်ပေး ခဲ့သည်။ တစ်ခါတစ်ရံ အမေသည် သားကြီးအရွယ်ရောက်လာလျှင် ကြုံရမည့် စိန်ခေါ်မှုများကို ဘယ်တော့မှရင်ဆိုင်ရတော့မည်မဟုတ်ကြောင်း မိမိကိုယ်ကို သတိပေးမိပြန်သည်။ ထိုအတွေးက ဂျိမ်းစ်ဘာရီ (James Berrie)၏စိတ်ကူးတွင် ဆယ်စုနှစ် တစ်ခု ကြာပြီးနောက် ကလေးများအကြိုက်၊ ဘယ်တော့မှ အသက်မကြီး သည့် ကာတွန်းဇာတ်ကောင် ပီတာပန် ကို သူဖန်တီးရေးသားခဲ့သည်။ လူသွားလမ်း နံဘေးမှ ပန်းပင်လေးသည် ကြိုးစားပွင့်လန်းနိုင်သကဲ့သို့ မထင်ရလောက်အောင် မာကျောသော နာကျင်ခြင်းမြေမှ ကောင်းသောအရာများ ထွက်ပေါ်တတ်သည်။

ခက်ခဲသောအခြေအနေမှ ကောင်းသောအရာကို ဘုရားသခင် ထုတ်ဆောင် ပေးနိုင်ခြင်းမှာ အလွန်အားရသက်သာဖွယ်ဖြစ်သည်။ ဤအချက်ကို လှပစွာ…

ပြတင်းပေါက်များ

ဟိမဝန္တာတောင်ခြေအနီးရှိ အိမ်တန်းများ၌ ပြတင်းပေါက်မရှိသည်ကို ခရီးသွား တစ်ဦးက သတိထားမိခဲ့သည်။ ရွာသားအချို့မှာ သူတို့အိပ်နေစဉ်အတွင်း မကောင်းဆိုးဝါးများ ဖောက်ထွင်းဝင်ရောက်လာမည်ကို ကြောက်ရွံ့သောကြောင့် မဖောက်ထွင်းနိုင်သောအိမ်နံရံကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဧည့်လမ်းညွှန် က ရှင်းပြခဲ့သည်။ အိမ်ပိုင်ရှင်သည် အလင်းရရန် ပြတင်းပေါက်များ ဖောက်ထား ပါက သူသည် သခင်ယေရှုနောက်တော်လိုက်နေပြီဟု ပြောနိုင်ပါသည်။

ထိုသို့မဟုတ်သော်လည်း အလားတူဖြစ်ရပ်မျိုး ကျွန်ုပ်တို့၌ ဖြစ်နိုင်ပါသည်။ ကြောက်စရာကောင်း၍ ကွဲပြားသောခေတ်ကြီးတွင် ကျွန်ုပ်တို့နေထိုင် နေကြရ သည်။ စာတန်နှင့် သူ၏နတ်ဆိုးများသည် မိသားစုကြား၊ မိတ်ဆွေများ ကြားတွင် ဒေါသနှင့်ပြိုကွဲစေသည်။ တစ်ခါတစ်ရံ နံရံများနောက်သို့ ကျွန်ုပ်ပြေးပုန်းချင် မိသည်။ သို့သော် ယေရှုက ကျွန်ုပ်ကို ပြတင်းပေါက်ဖောက်စေချင်ခဲ့ပါသည်။

ဣသရေလလူတို့သည် နံရံမြင့်ကြီးများ၌ အကာအကွယ်ကို ရှာဖွေခဲ့သည်။ သို့သော် သူတို့၏လုံခြုံမှုသည် သူ့၌သာရှိသည်ဟု ဘုရားသခင် မိန့်ကြားခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်မှစိုးစံပြီး သူ၏နှုတ်တော်ထွက်အားဖြင့် အရာ…

ခွင့်လွှတ်မှု အားကြီးခြင်း

ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သူမ၏ခင်ပွန်းနှင့်ကလေးများအား သတ်ခဲ့သူ မနာရှေ ကို ခွင့်လွှတ်ပေးခဲ့သည့်အကြောင်းကို ဘီတာ ပြန်လည်စဉ်းစားရင်း "ကျွန်မရဲ့ ခွင့်လွှတ်ပေးနိုင်မှုဟာ သခင်ယေရှုပြုခဲ့တဲ့အမှု - အချိန်တိုင်းပြုမိတဲ့ မကောင်းမှုတစ်ခုစီတိုင်းအတွက် အပြစ်ဒဏ်ကို သခင်ခံယူခဲ့တဲ့အမှုကြောင့်သာ ဖြစ်တယ်၊ သခင်ဘုရား၏ကားတိုင်တော်သည် အောင်ခြင်းကို တွေ့ရှိနိုင်သည့် တစ်ခုတည်းသောနေရာပဲ" ဟု သူမပြောခဲ့သည်။ မနာရှေ သည် ဘီတာထံသို့ အကျဉ်းထောင်ထဲမှ တစ်ကြိမ်ထက်မက စာရေးတောင်းပန်ခဲ့သည်။ သူ့အား ခြောက်လန့်ခဲ့သည့် အိမ်မက်ဆိုးများကို ရေးသားဖော်ပြလျက် ဘီတာနှင့် ဘုရားသခင်ထံမှ ခွင့်လွှတ်မှုကို တောင်းခံခဲ့သည်။ အစ၌ ဘီတာခွင့်မလွှတ်နိုင်၊ ကရုဏာ မပွားနိုင်ခဲ့ပါ။ သူမ၏မိသားစုကို သတ်ခဲ့သူကို အလွန်မုန်းတီးခဲ့သည်။ ထို့နောက် သူမ၏အတွေးများထဲသို့ သခင်ယေရှု ဝင်ရောက်ခဲ့ပြီး ဘုရားသခင်၏ မစမှုဖြင့် ၂ နှစ်အကြာတွင် ခွင့်လွှတ်နိုင်ခဲ့သည်။

နောင်တရသူကို ခွင့်လွှတ်ရန် တပည့်တော်များအား မိန့်ကြားခဲ့သည့် သခင် ယေရှု၏လမ်းစဉ်ကို…

စာနာနားလည်မှု

အလယ်တန်းပြဆရာမ ကာရင် သည် သူ၏ကျောင်းသားများ အချင်းချင်း တစ်ဉီးနှင့်တစ်ဉီး ပို၍နားလည်မှုရှိလာရေးအတွက် "ဝန်ထုပ်" အစီအစဉ်ကို ဖော်ဆောင် ခဲ့သည်။ ကျောင်းသားများသည် ၎င်းတို့ နာကျင်စွာခံစားနေရသော စိတ်ဝန်လေးမှု အကြောင်းကို ရေးသားရန် ဖြစ်သည်။ ပြီးနောက် အမည်မဖော်ပြဘဲ ထိုစာများကို ဝေပေးလိုက်သည်။ သို့နှင့် တစ်ဘက်သား၏ စိတ်ခံစားချက်၊ ဒဏ်ရာဟောင်းများ၊ ပင်ပန်းခက်ခဲမှုများကို သိရပြီး အချို့ဆိုလျှင် မျက်ရည်ကျသည့်အထိ နားလည် ခံစားခဲ့ရသည်။ ထိုနောက်ပိုင်း သူငယ်ချင်းအချင်းချင်း တစ်ဉီးအပေါ်တစ်ဉီး လေးစားတတ်လာပြီး ယခုတွင် တစ်ဉီးနှင့်တစ်ဉီး စာနာနားလည်လာကြသည်။

သမ္မာကျမ်း၌ ဘုရားသခင်သည် သူ၏သားသမီးများအား တစ်ဉီးကိုတစ်ဉီး လေးစားစာနာမှုဖြင့် ဆက်ဆံကြရန် တိုက်တွန်းထားသည် (ရော ၁၂:၁၅)။ ဝတ်ပြုရာကျမ်း၌ ဖော်ပြပါရှိသကဲ့သို့ ဣသရေလသမိုင်းကြောင်း၏ အစောပိုင်း ကာလတွင် ဘုရားသခင်သည် ဣသရေလအမျိုးသားတို့အား တစ်ပါးအမျိုးသား၊ တိုင်းတစ်ပါးသားများနှင့် ယှဉ်တွဲနေထိုင်သည်တွင် ကိုယ်ချင်းစာ စိတ်ထားရှိရန်…

မနက်ခင်းအချိန်ကဲ့သို့ နေထိုင်ပြုမူပါ

အချိန်မတူသောနေရာတစ်ခုသို့ လေယာဉ်ဖြင့် ခရီးသွားရာ၌ အချိန်ကြာမြင့်စွာ လေယာဉ်စီးရခြင်းကြောင့် ခံစားရသည့်ပင်ပန်းမှုကို ကုစားမည့် နည်းလမ်းမျိုးစုံကို ကျွန်တော် စမ်းကြည့်ဖူးသည်။ နည်းအားလုံးကို စမ်းပြီးပြီပင် ထင်ပါသည်။ တစ်ကြိမ်တွင် ကျွန်တော်သွားမည့်ဒေသ၏ စံတော်ချိန်ပေါ်မူတည်ပြီး လေယာဉ်ပေါ် အစာစားချိန်ကို ပြန်ညှိရန် ဆုံးဖြတ်လိုက်သည်။ အခြားသူများနည်းတူ ညစာစားမည့်အစား ရုပ်ရှင်သာ ဆက်တိုက်ကြည့်နေပြီး ကြိုးစားအိပ်လိုက်သည်။ ညစာ မစားဘဲ အိပ်လျက် အချိန်ကိုကုန်လွန်စေရန်မှာ ခက်ပါသည်။ နောက်နေ့ လေယာဉ်မဆိုက်မီ စားရမည့်မနက်စာကို အလွန်စားချင်ပြီ ဖြစ်သည်။ ထိုကဲ့သို့ ဘေးလူများနှင့် "ခွဲထွက်နေခြင်း"က ကျွန်တော့်အတွက်အဆင်ပြေခဲ့ပြီး၊ ၎င်းသည် ဒေသစံတော်ချိန်အသစ်တစ်ခုအတွက် ခန္ဓာနရီစည်းဝါးကို လှုပ်နှိုးခဲ့သည်။

ရှင်ပေါလုက ယုံကြည်သူများ၏အသက်တာတွင် ခရစ်တော်ကိုမြင်တွေ့စေ လိုပါက တစ်ပါးသူများ၏တွေးခေါ်ပုံ၊ စဉ်းစားပုံ၊ ပြုမူနေထိုင်ပုံနှင့် မတူကွဲပြားစွာ အသက်ရှင်နေထိုင်ရန် လိုအပ်ပါသည်။ သူက "သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍…

ယုံကြည်ခြင်းသကြားလွှာ

မြေးအဘွားနှစ်ယောက်သား လက်တွဲလျှောက်လျက် ကျောင်းဝတ်စုံသွားဝယ် ကြရာ၊ မူကြိုကျောင်းသား မြေးလေးသည် အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေသည်။ သူပို၍ပျော်ရွှင်အောင်လုပ်ပေးရန်လည်း ကျွန်မစိတ်ဆုံးဖြတ်ထားသည်။ ဆိုင်၌ "အဘွားများသည် သကြားလွှာများစွာဖြူးပေးသည့် အမေများ ဖြစ်သည်" ဟူသည့် စာသားပါရှိသည့် ကော်ဖီခွက်ကို ကျွန်မတွေ့လိုက်သည်။ ကိတ်မုန့်ပေါ်ဖြူးလိုက် သောသကြားလွှာများကဲ့သို့သော အရာများကား ပျော်ရွှင်မှု၊ လင်းလက်မှု၊ ဝမ်းမြောက်မှုများပင်တည်း။ ၎င်းသည် အဘွားတစ်ယောက်အနေဖြင့် မြေးအတွက် ကျွန်မလုပ်ပေးရမည့် အရာများဖြစ်သည် မဟုတ်ပါလား။ ပို၍ လုပ်ပေးရဦးမည်။

သူ၏ဝိညာဉ်ရေးရာသားဖြစ်သူ တိမောသေထံသို့ ရေးသောစာတွင် ရှင်ပေါလု သည် တိမောသေ၏စစ်မှန်သော ယံဒကြည်ခြင်းကို ဖော်ပြခဲ့သည်။ တိမော‌သေ၏ အဘွားလောဣနှင့် အမိဉနိတ်တို့ကိုပါ ရည်ညွှန်းခဲ့သည် (၂ တိ ၁:၅)။ ထိုအမျိုးသမီးများသည် သူတို့၏ယုံကြည်ခြင်းအတိုင်း အသက်ရှင်ပြခဲ့၍သာ တိမောသေလည်း ယေရှုကို ယုံကြည်သူဖြစ်လာခဲ့သည်။ လောဣနှင့် ဥနိတ်တို့သည် တိမောသေကို ချစ်ပြီး သူလိုအပ်သည်များကို လိုသည်ထက် ပိုမို…

အငယ်ဆုံးသောသူကို အစေခံခြင်း

သူ၏အမည်က စပန်စာ (Spencer) ဖြစ်သည်။ သို့ရာတွင် အများက စပန့်(စ်) ဟုသာခေါ်ကြသည်။ အထက်တန်းကျောင်းသားဘဝတွင် သူသည် ပြည်နယ်၏ ပြေးခုန်ပစ်ချန်ပီယံဖြစ်ပြီး၊ အထင်ကရတက္ကသိုလ်တစ်ခုမှ ပညာသင်စရိတ် ထောက်ပံ့ကြေးအပြည့်ရပြီး ဆက်လက်ပညာဆည်းပူးခဲ့သည်။ ယခုတွင် သူသည် ဓာတုဗေဒဆိုင်ရာအင်ဂျင်နီယာပညာရပ်တွင် ရှင်ရိုသေလူရိုသေ ဆရာတစ်ဆူ ဖြစ်သည်။ သို့သော် သူ၏အကြီးမားဆုံး အောင်မြင်မှုတစ်ခုကို ပြောပြပါဟု မေးလျှင်၊ သူသည် အထက်ပါအချက်များကို သူပြောမည်မဟုတ်ပါ။ သူပြောပြ မည်မှာ လွန်ခဲ့သည့်လများက နီဂါရာဂွါနိုင်ငံ (Nicaragua)၏ အဆင်းရဲဆုံးဒေသတစ်ခုတွင် သူကူညီတည်ထောင်ထားသော ပညာသင်ကြားရေး အစီအစဉ်မှ ကလေးငယ်များနှင့်ဆရာမများထံ မကြာခဏ သွားရောက် ကြည့်ရှုခဲ့သည့် ခရီးစဉ်များအကြောင်းနှင့် ထိုသူတို့အား အစေခံရခြင်းသည် သူ့ဘဝကို တိုးတက် ကောင်းမွန်စေကြောင်း ဝမ်းမြောက်စွာ သင့်ကို ပြောပြလိမ့်မည်။

"အငယ်ဆုံးသောသူ" ဟူသည့်စကားကို ပုံစံအမျိုးမျိုးဖြင့် လူတို့ သုံးနှုန်းကြသည်။ သို့သော် အငယ်ဆုံးသောသူဟု သခင်ယေရှုဆိုရာတွင်…

မပြည့်စုံသော အစီအစဉ်များ

ရပ်ကွက်၏ ပြည်သူပိုင်အဆောက်အအုံသစ်၏ အောက်ဆုံးထပ်ရှိ စာကြည့်တိုက်အခန်းတွင် ကျွန်ုပ် စာအုပ်ရှာဖွေနေစဉ် အပေါ်ထပ်မှ တစ်စုံတစ်ခုက ပြိုကျသလိုဖြစ်ပြီး အခန်းတုန်ခါသွားသည်။ မိနစ်အနည်းငယ်အကြာတွင် ထပ်ဖြစ်ပြန်သည်။ ထပ်ခါထပ်ခါဖြစ်သည်။ စာကြည့်တိုက်မှူးက စာကြည့်တိုက်၏အပေါ်ထပ်တွင် အလေးမလေ့ကျင့်ခန်းရုံ ဖွင့်ထား‌သဖြင့် အလေးပြားများပစ်ချတိုင်း ထိုသို့ ဖြစ်ရ ကြောင်း စိတ်မကြည်မသာနှင့် ရှင်းပြသည်။ ဗိသုကာပညာရှင်နှင့် အဆောက်အအုံဒီဇိုင်းနာများက ရှုထောင့်ပေါင်းစုံမှ ပြည့်စံဒစွာ စီစဉ်ခဲ့ပါလိမ့်မည်။သို့သော် စာကြည့်တိုက်ကို သင့်လျော်သည့်နေရာတွင်ထားရှိရန် မေ့သွားပံဒရပါသည်။

ထိုနည်းတူ ဘဝ၌လည်း ကျွန်ုပ်တို့၏အစီအစဉ် အကြံအစည်များသည်လည်း မပြည့်စုံပါ။ ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသောအရာများကို ကျွန်ုပ်တို့ သတိမမူမိပါ။ မတော်တဆမှု၊ ချွင်းချက်များကို ကျွန်ုပ်တို့မထည့်သွင်းပါ။ ကြိုတင် အစီအစဉ်ဆွဲထားခြင်းက ငွေကြေးပိုင်းအဆင်မပြေမှု၊ အချိန်အဆင်မပြေမှုနှင့် ကျန်းမာရေးပြဿနာစသည်တို့ကို ရှောင်နိုင်အောင် အထောက်အကူဖြစ်သည့် တိုင်၊ အဘက်ဘက်မှအသေးစိတ် အကောင်းဆုံးစီမံထားသည့်တိုင် ဘဝတွင် ကြုံဆုံလာနိုင်သော အခက်အခဲအားလုံးကို မဖြေရှင်းပေးနိုင်။ အပြစ်သို့ ကျဆင်း ပြီးသား…

ချီးမွမ်းခြင်း၌ ဝမ်းမြောက်ခြင်းကို ရှာဖွေတွေ့ရခြင်း

ဗြိတိန်နာမည်ကျော်စာရေးဆရာ စီအက်စ်လူးဝစ် (C. S. Lewis)သည် သခင် ယေရှုထံ သူ့အသက်တာကို စတင်ဆက်ကပ်ချိန် အစပိုင်းတွင် ဘုရားသခင်ကို ချီးမွမ်းရန် သူငြင်းဆန်ခဲ့ပြီး၊ ချီးမွမ်းခြင်းကို "အနှောင့်အယှက်တစ်ခု" ဟုပင် ခေါ်ခဲ့ သည်။ "ဘုရားသခင်ကိုယ်တိုင်က သူ့အား ချီးမွမ်းရန် တောင်းဆိုသည်" ဆိုသည့် အချက်ကို သူလက်မခံနိုင်ခဲ့ပါ။ သို့သော် "လူတို့၏ဝတ်ပြုကိုးကွယ်မှုကို ခံယူရင်းမှ ဘုရားသခင်သည် သူ၏အတူရှိခြင်းမျက်မှောက်တော်ကို လူတို့ထံ ဆက်သွယ်ပြသ သည်" ဆိုသည့်အချက်ကို အဆုံး၌ လူးဝစ် သဘောပေါက် နားလည်ခဲ့သည်။ ထို့နောက် "မှန်တစ်ချပ်က ၎င်းဖြာထွက်သည့် တောက်ပမှု အလင်းကို ၎င်းကိုယ်တိုင် ပြန်လည်လက်ခံရရှိသကဲ့သို့" ကျွန်ုပ်တို့သည်လည်း "ဘုရားသခင်နှင့်စုံလင်သော ချစ်ကျွမ်းဝင်ရင်းနှီးမှုအားဖြင့် ဝမ်းမြောက်ခြင်းကို ရှာဖွေတွေ့ရှိပါသည်"။

ပရောဖက်ဟဗက္ကုတ်က လွန့်ခဲ့သည့်ရာစုနှစ်ပေါင်းများစွာကတည်းက ထိုအရာကို သဘောပေါက်ခဲ့သည်။ ယုဒလူမျိုးတို့ရင်ဆိုင်ရသည့် ဆိုးယုတ်မှုများ ကြောင့် ဘုရားသခင်အား စောဒကတက်ပြီးသည့်နောက် ဘုရားပြုပေးသည့်…

ငြင်းပယ်ခံရသူများအတွက်ခိုလှုံရာ

သမိုင်းတစ်လျှောက် ဆုကျေးဇူးအပြည့်ဆုံးနှင့် အထိရောက်ဆုံးဟောပြောနိုင်သည့် တရားဟောဆရာများတွင် ဂျော့ဝှိုက်ဖီးလ်ဒ် (George Whitefield) (၁၇၁၄-၁၇၇၀) ပါဝင်သည်။ သူသည် လူထောင်ပေါင်းများစွာကို သခင်ယေရှုထံ ပို့ဆောင်နိုင်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူ့အသက်တာသည်လည်း အချေအတင် အငြင်းပွားသည့်ကိစ္စများနှင့် မလွတ်ခဲ့ပါ။ လူများစွာပါဝင်နိုင်ရန်ရည်ရွယ်ပြီး လေဟာပြင် တရားဟောပွဲများကို ကျင်းပလေ့ရှိသည့်အတွက် သူ၏ရည်ရွယ်ချက် ကို မေးခွန်းထုတ်ခဲ့ပြီး နံရံလေးဘက်ရှိသည့် အသင်းတော်အဆောက်အအုံ အတွင်း ၌သာ သူတရားဟောသင့်သည်ဟု ယူဆသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ သူ၏အုတ်ဂူပေါ်တွင် ရေးထားသည့်စာသားက သူ့အား ကြမ်းတမ်းစွာပြောဆို သူများအပေါ် သူ၏တုံ့ပြန်မှုကို ထင်ဟပ်လျက်ရှိသည်။ "ကျွန်ုပ်၏စရိုက်သ‌ဘော ကို ဖြေရှင်းရန်အတွက် တရားစီရင်ရာနေ့အထိ စောင့်ဆိုင်းဖို့ ကျွန်ုပ်ဆန္ဒရှိပါသည်။ ကျွန်ုပ်သေပြီးနောက် 'ဤနေရာတွင် ဂျော့ဝှိုက်ဖီးလ်ဒ် လဲလျောင်းလျက်ရှိသည်။ သူသည် မည်ကဲ့သို့သောလူမျိုးဖြစ်သည်ကို စီရင်ရာနေ့ကြီးက ထုတ်ဖော်ပြသ မည်ဖြစ်သည်'ဆိုတဲ့ သင်္ချိုင်းစာထက် အခြားဘာစာကိုမှ ကျွန်ုပ်အလိုမရှိပါဘူး။"

ဓမ္မဟောင်းကျမ်းတွင်…