တံပိုးမှုတ်သံ
အမေရိကန်စစ်တပ်သည် တစ်နေ့တာကုန်ဆုံးချိန်နှင့် ဈာပနအခမ်းအနားများတွင် ဘင်ခရာများ (Taps) တီးမှုတ်ကြသည်။ တရားဝင်မဟုတ်သည့် သီချင်းစာသားများကို ကျွန်မဖတ်ကြည့်ရာ၊ သီချင်းအပိုဒ်အတော်များများ၌ ‘ဘုရားသခင် အနီးအပါးတွင်ရှိသည်’ ဆိုသောစာသားနှင့် အဆုံးသတ်ထားသည်ကို တွေ့လိုက်ရသောကြောင့် ကျွန်မ အလွန်အံ့အားသင့်ခဲ့ရသည်။ မှောင်မိုက်ည မတည်ငြိမ်သွားမီ (သို့) ချစ်ခင်သူကို ဆုံးရှုံးရ၍ငိုကြွေးရစဉ် စာသားများက စစ်သားများအတွက် ဘုရားရှင်သည် အနီးအပါးတွင်ရှိကြောင်း လှပသောစိတ်ချမှုကို ပေးနေသည်။
ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးများ၏အနီးအပါးတွင် ဘုရားသခင်အတူရှိကြောင်း သတိပေးသောအရာမှာ တံပိုးများဖြစ်သည်။ ဘုရားသခင်နှင့် ဣသရေလူတို့ပြုသော ပဋိညာဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ရွှင်လန်းခြင်းကိုပြုသောနေ့၊ ပွဲလမ်းသဘင်နေ့တွင် ဂျူးလူမျိုးများသည် တံပိုးမှုတ်ကြရမည် (တော ၁၀:၁၀)။ တံပိုးမှုတ်ခြင်းသည် ဘုရားသခင်အတူရှိနေခြင်းကိုသာ သတိပေးခြင်းမဟုတ်ဘဲ သူတို့ ဘုရားကို အလိုအပ်ဆုံးအချိန်များတွင် ဘုရားသည်ကူညီရန် အသင့်ရှိနေကြောင်းလည်း သိစေပါသည်။ ဘုရားရှင်သည် သူတို့ကို မစရန် အလွန်တောင့်တနေခဲ့သည်။
ယနေ့တွင် ဘုရားရှင်အနီးအပါးတွင်ရှိကြောင်း သတိပေးမှုကို ကျွန်ုပ်တို့ လိုအပ်နေဆဲဖြစ်သည်။…
မေတ္တာတော်အတိမ်အနက်
၃နှစ်သား ဒိုင်လန်မက်ကွိုင်းသည် သူ့အဖိုးအိမ်နောက်ဖေးရှိ ပေ ၄၀ နက်သည့် ကျောက်နံရံရေတွင်းကို ဖုံးထားသည့် ဆွေးနေသောအထပ်သားကိုနင်းမိပြီး တွင်းထဲသို့ပြုတ်ကျစဉ်က သူရေကူးတတ်ခါစသာရှိသေးသည်။ ဒိုင်လန်သည် သူ့အဖေလာမကယ်မီအချိန်အထိ ဆယ်ပေနက်သောရေ၌ ကိုယ်ဖော့နေခဲ့ရသည်။ မီးသတ်သမားများ ကလေးကိုဆွဲတင်ရန် ကြိုးများကိုယူလာသော်လည်း ဖခင်ဖြစ်သူမှာ သူ့သားအတွက် အလွန်ပင်စိုးရိမ်သောကြောင့် သား၏လုံခြုံမှုအတွက် ချောနေသောကျောက်တုံးများကို ကုတ်တွယ်ကာ ရေတွင်းထဲဆင်းခဲ့သည်။
အံ့ဖွယ် မိဘမေတ္တာပါတကား။ ထိုရေအနက်ကိုမမှုဘဲ သားသမီးအတွက် ကျွန်ုပ်တို့ဆင်းကယ်မည် မဟုတ်ပါလား။
ကနဦးအသင်းတော်ရှိ ယုံကြည်သူများအား လွဲမှားသောသွန်သင်မှုများ ပတ်လည်ဝိုင်းနေပြီး ၎င်းတို့၏ယုံကြည်ခြင်းခြေကုပ်ကို ရှာဖွေလျက် ရုန်းကန်နေရသူများအတွက် တမန်တော်ယောဟန် ရေးသားသောစာမှာ အသက်ဆက်သော စကားလုံးများကဲ့သို့ဖြစ်သည်။ “ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့”(၁ယော ၃:၁) ဟု ရေးထားသည်။ သခင်ယေရှုကို ယုံကြည်သူများအား “ဘုရားသား”(သားသမီး)ဟု ခေါ်ဝေါ်ခြင်းသည် သူ့ကိုယုံကြည်သူတိုင်းနှင့် ကိုယ်တော်၏စစ်မှန်သော တရားဝင်ပတ်သက်မှုကို သတ်မှတ်ခြင်းပင်ဖြစ်သည်။…
ရင့်မှည့်ခြင်းဖြစ်စဉ်
ဆရာချားလ်စ် စီမီရော(Charles Simeon) (၁၇၅၉-၁၈၃၆)၏ အင်္ဂလန်နိုင်ငံ၊ ကင်းမ်ဘရစ်မြို့တွင် သာသနာပြုသည့်နှစ်ပေါင်း ၅၀ အစောပိုင်းတွင် သူသည် အနီးဝန်းကျင်ရှိ သင်းအုပ်ဆရာ ဟင်နရီဗန်း(Henry Venn)နှင့် သမီးများထံသွားရောက်တွေ့ဆုံခဲ့သည်။ သူပြန်သွားပြီးနောက် သူ့အား ကြမ်းတမ်းပြီး မိမိကိုယ်ကိုအထင်ကြီးသောလူငယ်ဖြစ်ပုံပေါ်သည်ဟု သမီးများက မှတ်ချက်ချကြသည်။ ထိုအခါ ဖခင်က မက်မွန်သီးတစ်လုံးခူးခိုင်းရာ၊ သမီးများက မမှည့်သေးသောအသီးကို ဘာ့ကြောင့်လိုချင်သနည်းဟုတွေးစဉ် ဖခင်က “သမီးတို့ရေ၊ အခုအသီးက စိမ်းနေသေးတယ်။ ဒါကြောင့် တော်တော်စောင့်ရအုံးမယ်။ နေရောင်ပိုရပြီး ရေလည်းပိုလောင်းပေးမယ်ဆိုရင် မက်မွန်သီးမှည့်လာပြီး ချိုလာမှာ။ မစ္စတာ စီမီရောလည်း အဲ့အတိုင်းပါပဲကွယ်” ဟုပြောပြခဲ့သည်။
နှစ်အတန်ကြာပြီးနောက် စီမီရောသည် ဘုရားရှင်၏ပြောင်းလဲစေသောကျေးဇူးတော်ကြောင့် နူးညံ့ပျော့ပြောင်းလာခဲ့သည်။ အကြောင်းရင်းတစ်ချက်မှာ နေ့စဉ်ကျမ်းစာဖတ်ဆုတောင်းမည်ဟု သူဆက်ကပ်လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူနှင့်အတူ လအနည်းငယ် နေထိုင်ခဲ့သည့်မိတ်ဆွေက ထိုအလေ့အကျင့်ကို မြင်ခဲ့ရပြီး “ဒါဟာ သူ့ရဲ့ကြီးမြတ်တဲ့ယဉ်ကျေးသိမ်မွေ့မှုနှင့် ဝိညာဉ်ရေးရာ ခွန်အားတို့ရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်” ဟု…
ဝတ်ပြုကိုးကွယ်ခြင်းဘဝပုံစံ
ခရစ်ယာန်အစည်းအဝေးတစ်ခုတွင် မနက်စာ ဘူဖေးစားရန် တန်းစီစောင့်နေစဉ် အမျိုးသမီးတစ်စု ထမင်းစားခန်းထဲသို့ဝင်လာသည်။ ကျွန်မနောက်မှာ တန်းစီသည့်အမျိုးသမီးကို ကျွန်မပြုံးပြလိုက်ပြီး မင်္ဂလာပါဟု နှုတ်ဆက်လိုက်ရာ သူမက “ကျွန်မရှင့်ကိုသိတယ်” ဟုပြန်ပြောပါသည်။ ကြက်ဥမွေကြော်ကိုခပ်ထည့်ရင်း ဘယ်မှာဆုံခဲ့ပါလိမ့်ဟု ကြိုးစား၍အဖြေရှာမိသည်။ သို့သော် ကျွန်မစိတ်၌ တစ်ယောက်ယောက်နှင့် အမှတ်မှားခြင်းဖြစ်မည်ဟု သေချာနေခဲ့သည်။
နေ့လည်စာစားချိန်တွင်လည်း ထိုအမျိုးသမီး ကျွန်မထံချဉ်းကပ်လာပြီး “ရှင် ကားအဖြူမောင်းတယ်မဟုတ်လား” ဟုမေးပါသည်။ ကျွန်မလည်း ပုခုံးတွန့်ပြပြီး “မောင်းခဲ့ဖူးတယ်။ ကြာပါပြီ” ဟု ပြန်ဖြေလိုက်သည်။
သူမက ရီလိုက်ပြီး “မူလတန်းကျောင်းနားကမီးပွိုင့်မှာ တို့တွေ မနက်တိုင်းနီးပါး ပွိုင့်မိဖူးတယ်လေ။ ရှင်က လက်တွေမြောက်ပြီး ပျော်ရွှင်စွာနဲ့ သီချင်းအမြဲဆိုတော့ ဘုရားကို ချီးမွမ်းကိုးကွယ်နေတာလို့ ကျွန်မတွေးခဲ့တယ်။ ကျွန်မမှာ ရှင်နဲ့အတူ သီချင်းဆိုချင်တဲ့စိတ် ဖြစ်ခဲ့တယ်။ ခက်ခဲတဲ့နေ့တွေမှာတောင်ပေါ့” ဟု ပြောပြသည်။ ဘုရားရှင်ကို ချီးမွမ်းလျက် အတူဆုတောင်းပြီး ကျွန်မတို့တစ်ဦးနှင့် တစ်ဦး ပွေ့ဖက်မိသည်။…
သခင်ယေရှု၏ အလျင်နှင့် ရွေ့ခြင်း
မကြာမီက ကားပြင်ရန် အိမ်အနီး ၁ မိုင် အကွာရှိဝပ်ရှော့၌ ကားအပ်ပြီး အိမ်သို့ ကျွန်ုပ်လမ်းလျှောက်ပြန်ခဲ့သည်။ ပျားပန်းခတ်နေသောလမ်းတွင် လမ်းလျှောက်ရင်း လူတိုင်း အလျင်အမြန်လှုပ်ရှားသွားလာနေကြောင်းကို သတိပြုမိသည်။
နားလည်ရန်ခက်သောအရာ မဟုတ်ပါ။ ကားက လမ်းလျှောက်သူထက်ပိုမြန်သည်။ စိမ်ပြေနပြေလမ်းလျှောက်ရင်း ကျွန်ုပ်တို့သည် အမြဲလိုလို အလျင်စလိုဖြစ်လျက် အလျင်အမြန်လှုပ်ရှားမှုနှင့်မစိမ်းဟု နားလည်မိသည်။ နောက်ထပ်သိလိုက်ရသည်မှာ မကြာခဏဆိုသလို ဘုရားသခင်အား မြန်မြန်အလုပ်လုပ်ရန် ကျွန်ုပ်မျှော်လင့်တတ်ခြင်းပင်ဖြစ်သည်။ ဘုရား၏အကြံအစည်ကို အရှိန်ဖြင့် သွားနေသော မိမိ၏ဇယားအတိုင်း ကွက်တိနေရာကျစေချင်သည်။
သခင်ယေရှု လောက၌ အသက်ရှင်ကျင်လည်စဉ်က သူ၏တုံ့နှေးသော ခြေလှမ်းများကြောင့် တစ်ခါတစ်ရံ သူ့မိတ်ဆွေများ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ယောဟန် ၁၁ တွင် မာရိနှင့်မာသသည် သူတို့၏မောင်လာဇရု နေမကောင်းဖြစ်နေကြောင်း သခင့်ထံစကားပါးလိုက်သည်။ ယေရှုမစပေးနိုင်ကြောင်း သူတို့သိသည် (:၁-၃)။ သို့သော် သခင်ယေရှုသည် လာဇရုသေဆုံးပြီး နောက် ၄ ရက်ကြာမှ နောက်ကျပြီးရောက်လာသည်(:၁၇) ။…
မုန်တိုင်းဝင်လာသောအခါ
အမေရိကန်ပြည်ထောင်စုအနောက်ဘက်ရှိ ရော့ကီးမောင်းထိန်း ကျောက်တောင်နှင့် နှစ်စဉ်နှင်းဖုံးလွှမ်းသောအရပ်ဟု လူသိများသည့် ကိုလိုရာဒိုပြည်နယ်တွင် ကျွန်ုပ်နေထိုင်ပါသည်။ သို့သော် ပြည်နယ်၏အဆိုးရွားဆုံး သဘာဝဘေးမှာ နှင်းမဟုတ်ဘဲ မိုးရေဖြစ်သည်။ ၁၉၇၆ ခုနှစ် ဇူလိုင် ၃၁၊ အပန်းဖြေမြို့ Estes Park ဝန်းကျင်တွင် The Big Thompson ရေလွှမ်းမိုးမှုဖြစ်ခဲ့သည်။ ရေများကျသွားသောအခါ သေဆုံးသူဦးရေ ၁၄၄ ဦး (တိရိစ္ဆာန်အရေအတွက်မပါဝင်) ရှိခဲ့သည်။ သဘာဝဘေးကြီးလွန်သွားပြီးနောက် ထိုဒေသတွင် အထူးသဖြင့် လမ်းနှင့် အဝေးပြေးလမ်းမများ၏အုတ်မြစ်ကို အထူးလေ့လာမှုများပြုခဲ့ရာ၊ မုန်တိုင်းဒဏ်ခံနိုင်ခဲ့သောလမ်းနံရံများကို ကွန်ကရစ်အပြည့်လောင်းထားကြောင်း တွေ့ရသည်။ တစ်နည်းဆိုသော် ကြံ့ခိုင်မာကြောသော အခြေခံအုတ်မြစ်များရှိနေခဲ့ပါသည်။
အသက်တာ၌ မုန်တိုင်းလာခဲ့သော်ဟုမေးရန်မဟုတ်ဘဲ မုန်တိုင်းဘယ်တော့လာမှာလဲဟုမေးရန်ဖြစ်သည်။ တစ်ခါတစ်ရံ ကြိုပြီးသတိပြုမိသော်လည်း များသောအားဖြင့် မသိနိုင်ပါ။ ထို့ကြောင့် ထိုသို့သောအချိန်အတွက် ဘုရား၏စကားတော်ကို ကြားရုံမဟုတ်ဘဲ လက်တွေ့အသက်ရှင်နေထိုင်ခြင်းဖြင့် ကြံ့ခိုင်သောအုတ်မြစ်ကိုတည်ဆောက်ရန် သခင်ယေရှုက အတိအလင်းမိန့်ကြားထားသည် (လု ၆:၄၇)။ ထိုအလေ့အကျင့်သည်…
အတိမ်အနက်မသိသောရေ
နယူးယောက်တိုင်းမ်စကွဲရင်ပြင်တွင် ပူဖောင်းများလွတ်ခြင်း၊ Big Ben နာရီသံအတိုင်း နောက်ပြန်ရေတွက်နေသော လူအုပ်ကြီး၊ ဆစ်ဒနီ ဆိပ်ကမ်း၌ မီးရှုးမီးပန်းဖောက်ခြင်း မည်သို့ပင်ဆင်နွှဲနေပါစေ နှစ်သစ်ကိုကြိုဆိုရခြင်းနှင့် သစ်လွင်သောအစပြုခြင်းအတွက် အမြဲပင် စိတ်လှုပ်ရှားရသည်။ နှစ်သစ်တွင် ကျွန်ုပ်တို့သည် မသေချာမရေရာသော အခြေအနေထဲသို့ မိမိကိုယ်ကို တွန်းပို့နေကြသည်။ မည်သို့သော ခင်မင်ရင်းနှီးမှုနှင့် အခွင့်အရေးများကို ကျွန်ုပ်တို့တွေ့ရမည်နည်း။
မည်သို့ပင်စိတ်လှုပ်စရာကောင်းနေပါစေ နှစ်သစ်၌ နေသားမကျ ဖြစ်နေတတ်ပါသည်။ ရှေ့ဘာဖြစ်မည်၊ မည်သည့်မုန်တိုင်းများရှိနေမည်ကို မည်သူမျှ မသိပါ။ တရုတ်ပြည်က စတင်တီထွင်ခဲ့သော မီးရှုးမီးပန်းများသည် မကောင်းသောနတ်ဆိုးများကိုနှင်ထုတ်ရန်နှင့် တိုးပွားချမ်းသာစေသောနှစ်သစ်ဖြစ်စေရန် ရည်ရွယ်သည်။ ၎င်းသည် ရှေးက နတ်ဘုရားများ စိတ်ကျေနပ်အောင် ဝန်ခံကတိပြုသည့် ဗာဗုလုန်နိုင်ငံသားများ၏အလေ့အထဖြစ်သည်။ ထိုလုပ်ရပ်များသည် မသိနိုင်သော အနာဂတ်ရေးအတွက် လုံခြုံစိတ်ချမှုရှိရန် ကြိုးစားလုပ်ဆောင်သောအရာများဖြစ်သည်။
သို့သော် ထိုသို့ကတိသစ္စာမပြုချိန်မှာပင် ဗာဗုလုန်တို့သည် ဣသရေလ အပါအဝင် အခြားသူများကို အောင်နိုင်နေသည်။ ထိုအချိန်တွင် ဘုရားရှင်က ကျွန်ခံနေရသောဂျူးလူမျိုးများအား…
ဘဝ၏မီးရှူးမီးပန်းများ
နှစ်သစ်ကူးအကြိုညတွင် မြို့များနှင့် ကမ္ဘာတစ်ဝန်းမှမြို့တော်များတွင် မီးရှူးမီးပန်း ပစ်ဖောက်ကြရာ ဆူညံသံများက ကျယ်လောင်လှသည်။ ဖြာထွက်ပေါက်ကွဲသော မီးရှူးမီးပန်းများက လေထုကို နှစ်ခြမ်းခွဲသည့်သဘာဝရှိကြောင်း ထုတ်လုပ်သူများက ပြောပါသည်။ ဆင့်ကာဆင့်ကာပေါက်ကွဲသည့် မီးရှူးမီးပန်းများက အသံ အကျယ်ဆုံး ဖြစ်ပြီး အထူးသဖြင့် မြေကြီးနှင့်နီးလျှင် ပို၍ကျယ်လောင်စွာ ပေါက်ကွဲသည်။
ဒုက္ခအခက်အခဲများသည်လည်း ကျွန်ုပ်တို့၏နှလုံးသား၊ စိတ်နှင့် မိသားစုများ ကြားတွင် ကျယ်လောင်စွာပေါက်ကွဲနိုင်သည်။ ဘဝ၏မီးရှူးမီးပန်းများဖြစ်သည့် မိသားစုအရေးရုန်းကန်ရခြင်း၊ ပေါင်းသင်းဆက်ဆံရေးပြဿနာ၊ အလုပ်မှစိန်ခေါ် မှုများ၊ ငွေကြေးအခက်အခဲနှင့် အသင်းတော်ပြဿနာများသည်ပင်လျှင် စိတ် ခံစားမှုလေထုကို တစ်ဂျိမ်းဂျိမ်းမြည်စေသည့်ပေါက်ကွဲမှုကဲ့သို့ ခံစားရစေနိုင်သည်။
သို့သော် ထိုဆူညံသံများကြားမှ ဆွဲထုတ်သောအရှင်ကို ကျွန်ုပ်တို့သိသည်။ ခရစ်တော်သည် “ကျွန်ုပ်တို့၏ငြိမ်သက်ခြင်း”ဟု ရှင်ပေါလုရေးသားထားသည် (ဧ ၂:၁၄)။ သခင့်ရှေ့တော်၌ ကျွန်ုပ်တို့တည်နေသောအခါ ကိုယ်တော်၏ ငြိမ်သက်ခြင်းက မည်သည့်အနှောင့်အယှက်အတားအဆီးထက်မဆို ပို၍ကြီးပြီး စိုးရိမ်မှု၊ နာကျင်မှုများနှင့် စိတ်ဝမ်းကွဲမှု ဆူညံသံများကို တိတ်ဆိတ်စေသည်။
၎င်းသည်…
အောင်မြင်မှုအစစ်အမှန်
ကျွန်တော်တွေ့ဆုံမေးမြန်းသည့်ပုဂ္ဂိုလ်က ကျွန်တော့်မေးခွန်းများကို ယဉ်ကျေးစွာ ပြန်လည်ဖြေကြားသည်။ သို့သော် ကျွန်တော်တို့ကြားတွင် ခံစားချက်တစ်ခုခြားနေသလို ခံစားနေရသည်။ ထိုနောက် “သင်က ထောင်ပေါင်းများစွာသော လူတွေရဲ့ စိတ်ကို အားပေးတက်ကြွစေတယ်”ဟု ကျွန်တော်မှတ်ချက်ပေးမိရာ၊ သူက “ထောင်ပေါင်းများစွာ မဟုတ်ပါဘူး။ သန်းပေါင်းများစွာပါ” ဟု ပြန်ပြောသည်။
ကျွန်တော်၏မသိနားမလည်မှုကို သနားသည့်ပုံစံဖြင့် ထိုပုဂ္ဂိုလ်က သူ၏ ဘွဲ့လက်မှတ်များ၊ အောင်မြင်မှုများ၊ သူ့အကြောင်းကို ဖော်ပြသော မဂ္ဂဇင်း များကို ပြောပြခဲ့သည်။ ကသိကအောင့်နိုင်လှသည့် အခိုက်တန့်ဖြစ်ပါသည်။
ထိုသို့တွေ့ကြုံခဲ့ပြီးနောက် သိနတောင်ပေါ်တွင် မောရှေအား သူမည်သူ ဖြစ်ကြောင်း ဘုရားသခင် ဖော်ပြပုံက ကျွန်တော့်အား ဘဝင်ခိုက်စေသည် (ထွက် ၃၄:၅-၇)။ စကြဝဠာနှင့် ကြယ်စုပေါင်းများစွာကို ဖန်ဆင်းသူနှင့် လူသားတို့ကို တရားစီရင်သောအရှင် ဖြစ်သော်လည်း ဤဂုဏ်ပုဒ်ကို ဘုရားသခင် အသုံးမပြု ခဲ့ပါ။ ထို့အစား သူသည် “မေတ္တာဂရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊…
မမြင်ရသောအမှန်တရား
၁၈၇၆ ခုနှစ်တွင် ကျောက်မီးသွေးတူးဖော်ရေးသမားများသည် အင်ဒီယားနား ပြည်နယ်အလယ်ပိုင်းတွင် ငရဲတံခါးဝကို တွေ့ရှိခဲ့ကြသည်ဟု မှတ်ထင်ခဲ့ကြ သည်။ သမိုင်းပညာရှင် ဂျွန်ဘာလိုးမာတင် က ပေ ၆၀၀ အနက်တွင် ဆိုးဝါး သောအခိုးငွေ့များနှင့် ကြောက်မက်ဖွယ်ဆူညံသံများကို ကြားရသည်ဟု အစီရင်ခံခဲ့သည်။ “နတ်ဆိုး၏ဂူကို တူးဆွမိပြီ”ဟုဆိုကာ ကြောက်ရွံ့သဖြင့် ကျောက်မီးသွေးတွင်းကိုပိတ်၍ အိမ်သို့သုတ်ခြေတင်ပြန်ခဲ့ကြသည်။
သို့သော် ၎င်းတို့မှားသွားသည်။ နှစ်အတန်ကြာပြီးနောက်တွင် ထပ်မံတူးဖော်ကြည့်ရာ သဘာဝဓာတ်ငွေ့သိုက်ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြသည်။ သူတို့အထင် မှားခဲ့သော်လည်း သူတို့ကို ကျွန်ုပ်အနည်းငယ် မနာလိုဖြစ်မိသည်။ ကျွန်ုပ်၏အသက်တာတွင် သတိမထားမိသော ဝိညာဉ်လောကအကြောင်းကို ထိုသတ္တုတူးဖော်ရေးသမားများက သိရှိသတိပြုမိကြသည်။ သဘာဝလွန်နှင့် ပုံမှန်သဘာဝက သိပ်ကွာခြားမှုမရှိဟု ယူဆလျက် “အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်၊ ... မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် ... ဆိုင်ပြိုင်တိုက်လှန်ရကြောင်း”(ဧ ၆:၁၂) ကို ကျွန်ုပ်တို့ မေ့လျော့လျက် ခပ်ပေါ့ပေါ့ ဘဝရှင်သန်ရန် လွယ်လှသည်။…