အားနည်းသူကို မစကယ်တင်
အားလပ်ရက်၌ ဆွစ်ဇာလန်၌ နှင်းလေောစီးသွားမလား၊ ပရက်ဂ်မြို့မှ အန္တရာယ် ကြုံနေရသည့် ကလေးသူငယ်များကို သွားကယ်မလား။ သင်မည်သည်ကို ရွေးချယ် မည်နည်း။ သာမန်လူတစ်ဉီးဖြစ်သည့် နီကိုလတ် ဝင်တန်က ပရက်ဂ်မြို့သို့ သွားရန် ရွေးချယ်ခဲ့သည်။ ၁၉၃၈ ခုနှစ်က ချက်ကိုစလိုဗက်ကီးယားနှင့် ဂျာမဏီနိုင်ငံတို့ စစ်ဖြစ်ရန်တာစူနေသည်။ ဂျူးလူမျိုးဒေသခံများစွာတို့ ဆိုးဝါးသောအခြေအနေ၌ ရှိနေရသည့် ပရက်ဂ်မြို့ရှိ ကယ်ဆယ်ရေးစခန်းသို့ နီကိုလတ် ရောက်သွားပြီးနောက် ကယ်ဆယ်ကူညီရေး အစီအစဉ်ကို ရေးဆွဲရန် စိတ်၌နှိုးဆော်မှုဖြစ်ခဲ့သည်။ သို့နှင့် သူသည် အလှူငွေ ရံပုံငွေများကောက်ခံပြီး ဒုတိယကမ္ဘာစစ်မဖြစ်မီ ပရက်ဂ်မြို့မှ ရာနှင့်ချီသည့်ကလေးသူငယ်များကို ဗြိတိန်နိုင်ငံသို့ ခေါ်ထုတ်ခဲ့သည်။ ထိုကလေးများကို ဗြိတိသျှလူမျိုးမိသားစုများမှ လက်ခံစောင့်ရှောက်ခဲ့သည်။
သူလုပ်ရပ်က ဆာလံ ၈၂ မှ “ဆင်းရဲသောသူ၊... ငြိုငြင်သောသူနှင့် ငတ်မွတ် သောသူတို့ဘက်၌ တရားစီရင်ကြလော့”(:၃) ဟူသည့် စေစားချက်ကို စံပြဖော်ဆောင် ခဲ့ခြင်းဖြစ်သည်။ ဤဆာလံ ၈၂…
ဝိညာဥ်ရေးရာ ယာဥ်မောင်းခြင်း
ကားမောင်းသင်စဥ်က သင်ခန်းစာအသေးစိတ်ကိုမမှတ်မိသော်လည်း အကြောင်းကြောင်းကြောင့် S.I.P.D.E ဆိုသည့် စာအတိုကောက်က ခေါင်းထဲမြဲစွာ ကျန်ခဲ့သည်။
“Scan-စစ်ဆေး။ Identify-ပိုင်းခြား။ Predict-ခန့်မှန်း။ Decide-ဆုံးဖြတ်။ Execute-ဆက်လုပ်။” စသည့်အချက်များမှာ ကျွန်ုပ်တို့အစဉ်မပြတ်လေ့ကျင့်ရသည့် သင်ခန်းစာ ဖြစ်သည်။ လမ်းကြောကို စစ်ဆေးရမည်။ အန္တရာယ်ရှိမရှိ ပိုင်းခြားရ မည်။ ထိုဘေးအန္တရာယ်ကြောင့် ဘာဖြစ်သွားနိုင်သည်ကို ခန့်မှန်းရမည်။ ပြီးနောက် မည်သို့တုံ့ပြန်လုပ်ဆောင်မည်ကို ဆုံးဖြတ်ပါ။ ထိုဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ပါ။ ၎င်းသည် မတော်တဆမှုများကိုရှောင်နိုင်ရန် ပို့ချခဲ့သည့်ဗျူဟာဖြစ်သည်။
ကျွန်ုပ်တို့၏ဝိညာဉ်အသက်တာအတွက် ထိုဗျူဟာကို မည်သို့အဓိပ္ပာယ် ကောက်မည်နည်း။ ရှင်ပေါလုက ဧဖက်မြို့သားယုံကြည်သူများအား “...ပညာမဲ့ ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့” (ဧ၅:၁၅)ဟု ဆိုထားသည်။ သခင်ယေရှုနှင့်အတူလျှောက်လှမ်းမည့် အသက်တာသစ်နှင့်မဆီလျော်၊ ညစ်ညူးသောအသက်တာဟောင်းဖြင့် အသက်ရှင်နေသည့်အန္တရာယ်က ဧဖက်မြို့သားတို့ကို ရွေ့လျော့စေမည်ကို သူသိ သည် (:၈၊ ၁၀-၁၁)။ ထို့ကြောင့် တစ်စစကြီးထွားလာသည့်အသင်းတော်အား သတိပြုရန်…
ကောင်းမြတ်အံ့ဖွယ်သော ဆုလာဘ်
ဆရာမလေးဒုံလန်သည် စာဖတ်သူတစ်ဉီးဖြစ်ပြီး တစ်နေ့တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ခံစားခွင့်ရခဲ့သည်။ သူသည် ခရီးသွားရန်ပြင်ဆင်နေချိန်၌ ရှည်လျားသော ခရီးသွားအာမခံပေါ်လစီများကို စစ်ဆေးဖတ်ရှုရင်း စာမျက်နှာ-၇ အရောက်တွင် ကောင်းမြတ်အံ့ဖွယ်သောဆုလာဘ်ကို တွေ့လိုက်ရသည်။ ကုမ္ပဏီ၏ “စာဖတ်ခြင်း အတွက် အခပေးခြင်း” စာဖတ်ပြိုင်ပွဲနှင့်အကြုံး၀င်သည့် ထိုစာမျက်နှာ-၇ အထိ ပထမဆုံးဖတ်ရှုသူအား ကုမ္ပဏီမှ ဒေါ်လာငွေတစ်သောင်း ချီးမြှင့်ရန် စာချုပ်၌ ပါရှိ ဖြစ်သည်။ ထို့ပြင် ဒုံလန်နေထိုင်သည့်ဒေသရှိ ကျောင်းများသို့လည်း ကလေးသူငယ် စာတတ်မြောက်ရေး အစီအစဉ်အတွက် ဒေါ်လာထောင်နှင့်ချီ၍ ပေးလှူခဲ့သေးသည်။ “ကျွန်မက စာချုပ်ပါအချက်အလက်ကို လျှောက်ဖတ်တတ်တဲ့ အရူးအနှမ်းပေါ့နော်။ ကျွန်မက အခြားသူတွေထက် သြချစရာကောင်းတဲ့သူပဲ” ဟု သူဆိုသည်။
ဘုရားရှင်၏အံ့သြဖွယ်အကြောင်းကို မြင်အောင် သူ့မျက်လုံးများ ပွင့်နေရန် ဆာလံဆရာ လိုလားခဲ့သည် (ဆာ ၁၁၉:၁၈)။ ဘုရားရှင်ကလည်း သူ့အကြောင်းကို လူတို့အားသိစေချင်ကြောင်း ဆာလံဆရာသဘောပေါက်ခဲ့ပါလိမ့်မည်။ ထို့ကြောင့် လည်း…
ဒီနေရာကို ငါဘယ်လိုရောက်နေပါလိမ့်
ကနေဒါလေကြောင်းလိုင်း၏ ပိန်းပိတ်အောင်မဲမှောင်နေသည့် ဂျက်လေယာဉ်၌ လိုက်ပါ လာသူ တစ်ဖနီ တစ်ယောက်နိုးလာသည်။ သူ့ထိုင်ခုံခါးပတ်ပတ်ထားဆဲ ဖြစ်ပြီး လေယာဉ်ဆိုက်သဖြင့် အခြားခရီးသည်များက စိတ်လှုပ်ရှားနေကြချိန်တွင် သူကအိပ်ပျော်နေခဲ့သည်။ “ငါ့ကိုဘာလို့ ဘယ်သူမှမနိုးတာလဲ။ ငါဒီနေရာကို ဘယ်လိုလုပ်ရောက်နေတာလဲ” ဟု တွေးရင်း စိတ်ရှုပ်ထွေးမှုကိုဖယ်ကာ အဖြစ်အပျက်များကို ပြန်မှတ်မိရန်သာ ကြိုးစားမိတော့သည်။
သင်လုံးဝမမျှော်လင့်ထားသည့်အခြေအနေ၌ ရောက်နေသည့်အဖြစ်မျိုး ကြုံဖူးပါသလား။ ငယ်ငယ်ရွယ်ရွယ်နှင့် ကုသ၍မရနိုင်သော ရောဂါခံစားနေရခြင်း၊ သင်၏ ကြိုးစားမှုရလဒ်က အလွန်ကောင်းသော်လည်း သင့်ရာထူးအဆင့်ကို ဖျက်သိမ်းလိုက် ခြင်း၊ အကောင်းဆုံးသောအိမ်ထောင်သက်တမ်းကိုပျော်မွေ့ခဲ့ပြီးနောက် ယခုတွင် အချိန်ပိုင်းအလုပ်လုပ်ပြီး အိမ်ထောင့်တာဝန်ကို တစ်ဉီးတည်းယူနေရခြင်း ဆိုပါစို့။
ဒီအခြေအနေကို ငါဘယ်လိုရောက်ခဲ့ပါလိမ့်ဟု “မီးဖိုပြာထဲထိုင်လျက်” ယောဘကြီး တွေးမိမည်ပင် (ယောဘ ၂:၈)။ သားသမီး၊ စည်းစိမ်ဉစ္စာနှင့် ကျန်းမာရေး ကို တမုဟုတ်ချင်း သူဆုံးရှုံးခဲ့ရသည်။ ဘယ်လိုဖြစ်တာပါလိမ့်ဟု သူမခန့်မှန်းနိုင်၊ မသိနိုင်ခဲ့ပါ။ သို့သော် သူ့အနေဖြင့် သတိရရန်သာလိုကြောင်း…
ငါးမမျှားရ
ခွင့်လွှတ်ခြင်းသည်အရေးကြီးကြောင်း လူမျိုးတုံးသတ်ဖြတ်မှုဘေးမှ အသက်မသေဘဲ လွတ်မြောက်ခဲ့သူ ကော်ရီတဲန်ဘူးမ် ကောင်းကောင်းသိသည်။ သူရေးသားသည့် Tramp for the Lord စာအုပ်တွင် ခွင့်လွှတ်ပြီးအပြစ်များကို ပင်လယ်ထဲချပစ်ခြင်းသည် သူအနှစ်သက်ဆုံး မြင်ကွင်းပုံရိပ်ဖြစ်သည်ဟု ဆိုသည်။ “မိမိ၏အပြစ်များကို ဝန်ချ တောင်းပန်သောအခါ၊ ထိုအပြစ်များကို ဘုရားသခင်က အနက်ဆုံးသော ပင်လယ်ထဲသို့ လွင့်ပစ်သည်။ ထာဝရမရှိတော့ပါ။...ဘုရားသခင်သည် ‘ငါးမမျှားရ’ ဟူသည့်ဆိုင်းဘုတ်ကို စိုက်ထူလိမ့်မည်ဟု ကျွန်မယုံကြည်သည်”ဟု ရေးသားခဲ့သည်။
ယုံကြည်သူများသည် ညစ်ညူးသောခံစားချက်များ၌ လူးလှိမ့်ရင်း ဘုရားသခင်သည် အပြစ်မှားယွင်းမှုများကို ခွင့်လွှတ်သည်တွင် မိမိသည် အကြွင်းမဲ့ လုံးဝခွင့်လွှတ် ခံရကြောင်းအချက်ကို လွတ်သွားတတ်သဖြင့် ထိုအရေးကြီးသော သမ္မာတရားကို သူထောက်ပြခြင်းဖြစ်သည်။ ညစ်ညူးသောခံစားချက်များကြား၌ လူးလိမ့်ရင်း မိမိ၏ ရှက်ဖွယ်အပြုအမူများကို ပြန်တူးဆွရန်မလိုဘဲ၊ ကိုယ်တော်၏ကျေးဇူးကရုဏာနှင့် ခွင့်လွှတ်ခြင်းကို လက်ခံကာ သူ့နောက်သို့ လွတ်လပ်စွာလိုက်လျှောက်ရန်ဖြစ်သည်။
ဆာလံကျမ်း ၁၃၀ တွင် ‘ငါးမမျှားရ’အတွေးအမြင်ကို တွေ့ရသည်။…
ရိတ်သိမ်းချိန်တိုင် သစ္စာတည်
အမျိုးသမီးတစ်ဉီးသည် ပြည်သူ့ဉယျာဉ်အတွင်း ပွဲတစ်ခုကို စီစဉ်ကျင်းပလျက် အိမ်နီးချင်းမှကလေးများအား လာရောက်ပါဝင်ရန် ဖိတ်ခေါ်သည်။ သူ့ယုံကြည်ခြင်း ကို အိမ်နီးချင်းများနှင့်ဝေငှရန်အခွင့်အရေးအတွက် သူအလွန် စိတ်လှုပ်ရှားခဲ့သည်။
စာရွက်စာတမ်း ကူဝေပေးရန်၊ ဂိမ်းများ၊ အစားအသောက်များ ပြင်ဆင်ရန် သူ့မြေး ၃ ဉီးနှင့် အထက်တန်းကျောင်းသား ၂ ဉီးတို့ကိုလည်း စည်းရုံးခေါ်ထားသည်။ ကလေးများကို ကပြတင်ဆက်ရန် သခင်ယေရှုအကြောင်းဇာတ်လမ်းကို ပြင်ဆင် ထားသည်။ ထို့နောက် ကလေးများစုရုံးရောက်ရှိလာမည့်အချိန်ကို စောင့်နေခဲ့သည်။
ပထမနေ့တွင် ကလေးတစ်ဉီးမျှပေါ်မလာ၊ ဒုတိယနှင့်တတိယနေ့၌လည်း ထူးမခြားနားပါ။ သို့သော် မြေးများနှင့် ကူညီသူများနှင့်အတူ ပြင်ဆင်ထား သည့် အစီအစဉ်အတိုင်း သူတို့တင်ဆက်သည်။
စတုတ္ထနေ့တွင် ပျော်ပွဲစားထွက်လာသည့် မိသားစုတစ်စုကို သူသတိပြုမိပြီး ကလေးများကို ဂိမ်းဆော့ရန် ဖိတ်ခေါ်ခဲ့သည်။ ကလေးမလေးတစ်ဉီးရောက်လာပြီး ပေော်ရွှင်စွာ ကစားသည်။ စားသောက်သည်။ သခင်ယေရှုအကြောင်းကို နားထောင်သည်။ ၎င်းသည် ယခုမစ၍ နောင်နှစ်ပေါင်းများစွာထိတိုင် သူမအတွက်…
အမှောင်ထဲမှ အလင်းတစ်ကွက်
ကျွန်မတို့ဇနီးမောင်နှံသည် ဝိုင်ယိုးမင်းတောင်ပေါ်ရှိ ထောင့်တစ်နေရာကို လေ့လာ စူးစမ်းကြစဉ် ဆူးပင်ပေါက်၊ ရှားစောင်း စသည်တို့သာ ပေါက်ရောက်သည့် ကျောက်ပေါသည့် ခြောက်သွေ့မြေတွင် နေကြာပင်တစ်ပင်ကို တွေ့လိုက်ရသည်။ အိမ်တွင်းအလှစိုက်နေကြာလောက် အပင်မမြင့်သော်လည်း တောက်ပစွာ ပွင့်လန်းနေသဖြင့် ကြည့်ရင်း ကျွန်မအားရနှစ်သက်မိပါသည်။
ခြောက်သွေ့ကြမ်းတမ်းသောမြေ၌ မြင်ရသည့် မျှော်လင့်မထားသည့် အရောင် တောက်တောက်လေးက ဘဝအသက်တာဟူသည် သခင်ယေရှုကိုယုံကြည်သူ များ၏ အသက်တာပင်လျှင် ခြောက်သွေ့လျက် လန်းဆန်းမှုမရှိသကဲ့သို့ပုံပေါ်နေကြောင်း သတိပေးလာသည်။ ဒုက္ခအခက်အခဲများက ဆာလံဆရာဒါဝိဒ် ဟစ်အော်သကဲ့သို့ပင် ကျွန်မတို့၏ဆုတောင်းသံများကို မည်သူမျှမကြား၊ ဂရုမစိုက် သည့်ပုံပေါ်နေသည်။ “အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏” (ဆာ ၈၆:၁)။ သူ့နည်းတူ ကျွန်မတို့လည်း ဝမ်းမြောက်ခြင်းကို တောင့်တမိပါသည်(:၄)။
သို့သော် ကျေးဇူးပြုတတ်သော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောဘုရား (:၁၅)၊ သူ့ထံပတ္ထနာပြုသူအပေါင်းတို့အပေါ် ကရုဏာကြွယ်ဝလျက် (:၅)၊ ထူးတော်မူသော ဘုရား(:၇) ကို…
ဘုရားသခင်နှင့်အတူ အလုပ်လုပ်ခြင်း
၁၉၆၂ ခုနှစ်နှစ် မက္ကဆီကိုသို့ အလည်သွားရောက်ခဲ့စဉ်က ဘီလ်အက်ရှ် သည် မိဘမဲ့ဂေဟာတစ်ခုတွင် လက်ဖြင့်ရေတင်ရသည့် လေရဟတ်တစ်ခုကို ကူညီ ပြင်ပေးခဲ့သည်။ ၁၅ နှစ် ကြာပြီးနောက် သန့်စင်သောရေလိုအပ်နေသော ကျေးရွာ များကို ကူညီပံ့ပိုးခြင်းအားဖြင့် ဘုရားသခင်အားအစေခံလိုသည့် လေးနက်သည့်ဆန္ဒ၏လှုံ့ဆော်မှုကြောင့် ဘီလ် သည် အကျိုးအမြတ် မကြည့်သည့်အဖွဲ့အစည်း တစ်ခုကို တည်ထောင်ခဲ့သည်။ “ဆင်းရဲတဲ့ ကျေးလက်ဒေသများသို့ သန့်ရှင်းသည့် သောက်သုံးရေများ ယူဆောင်ပေးလိုသူများကို ရှာဖွေရင်း ကျွန်တော်ရဲ့ ‘အချိန် အတော်များများကို အကျိုးရှိရှိအသုံးပြု’ဖို့ ဘုရားသခင် ကျွန်တော့်ကို နှိုးဆော်ခဲ့တယ်” ဟုသူဆိုသည်။ နောက်ပိုင်းတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ထောင်ပေါင်းများစွာသော သင်းအုပ်ဆရာနှင့် ဧဝံဂေလိလုပ်ဆောင်သူများ၏ တောင်းဆိုလာမှုများအားဖြင့် သန့်ရှင်းသည့်သောက်သုံးရေလိုနေသော ကမ္ဘာလုံးဆိုင်ရာလိုအပ်မှုကို သိပြီး ထို အမှုတော်လုပ်ငန်း၌ပူးပေါင်းပါဝင်ရန် အခြားသူများအား ဘီလ် ဖိတ်ခေါ်ခဲ့သည်။
ဘုရားသခင်နှင့်လည်းကောင်း၊ အခြားသူများနှင့်လည်းကောင်း ကျွန်ုပ်တို့ အတူလက်တွဲပြီး…
ကိုးစားလျက်ယုံကြည်ခြင်းသာ
ကလေးအယောက် ၃၀၀ သည် ဝတ်စုံပြည့်နှင့် မနက်စာစားရန်ထိုင်ပြီး အစားအစာ အတွက် ကျေးဇူးချီးမွမ်းဆုတောင်းကြသည်။ သို့သော် မည်သည့်အစာမျှ မရှိပါ။ ဤအခြေအနေမျိုးက မိဘမဲ့ဂေဟာ၏ညွှန်ကြားရေးမှူးနှင့်သာသနာပြုဆရာဂျော့ရှ် မူးလယ် (၁၈၀၅-၁၈၉၈)အတွက် အဆန်းမဟုတ်ပါ။ ယခုလည်း ဘုရားရှင် မည်သို့ ပံ့ပိုးပေးမည်ကို မြင်တွေ့ရမည့် အခွင့်အရေးနောက်တစ်ခု ဖြစ်သည်။ ဆုတောင်းပြီး မိနစ်ပိုင်းအတွင်းတွင် ညကအိမ်မပျော်နိုင်ဖြစ်ခဲ့သည့် မုန့်ဖုတ်သမား က တံခါးဝသို့ ရောက်ရှိလာသည်။ မိဘမဲ့ဂေဟာ၌ ပေါင်မုန့်များလိုမည်ဟုခံစားရပြီး တစ်ပုံကြီး မုန့်ဖုတ်ခဲ့သည်။ မကြာပါ။ နို့ပို့သမားရောက်လာပြန်သည်။ သူ့နို့လှည်းက ဂေဟာရှေ့တွင်ပျက်သွား၍ နို့များအလဟဿမဖြစ်အောင် ဆရာကြီးမူးလယ်ကို သူပေးခဲ့သည်။
စားဝတ်နေရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ မိတ်ဆွေအပေါင်းအသင်း စသည့် ဘဝဖူလုံရေးအတွက် လိုအပ်သည့်အရင်းအမြစ်များ မရှိသည့်အချိန်၌ ပူပင်သောက၊ စိုးရိမ်ကြောင့်ကြမှု၊ မိမိကိုယ်ကိုသနားသည့်စိတ် စသည်တို့ကို ခံစားရခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ ဘုရားသခင်၏ကူညီမစမှုသည် မျှော်လင့်မထား သည့် အရင်းအမြစ်မှရောက်လာနိုင်ကြောင်း ဆင်းရဲသည့်မုဆိုးမအကြောင်းက…
ပြိုင်ဘက်လား၊ မဟာမိတ်လား
တက္ကဆက်နှင့် အာကန်ဆာပြည်နယ်ကြား နယ်နိမိတ်တွင် တက်ဇာကန်နာမြို့က လေးထောင့်ကျကျတည်ရှိသည်။ မြို့နေလူထု ၇၀,၀၀၀ ရှိသည့်မြို့လေးတွင် မြို့တော်ဝန် နှစ်ဦး၊ မြို့အုပ်ချုပ်ရေးအဖွဲ့ နှစ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ နှစ်ဖွဲ့စီ ရှိသည်။ မြို့တွင်းအထက်တန်းကျောင်းများ အားကစားယှဉ်ပြိုင်မှု၌ ထူးကဲစွာ ကိုယ့်ကျောင်းကိုယ်လာအားပေးသူဦးရေ မြင့်မားခြင်းက မိမိတို့၏ပြည်နယ် ကျောင်းအပေါ်ထားသော လေးနက်သည့်သစ္စာခံခြင်းကို ထင်ဟပ်ပြခြင်းဖြစ်၏။ ရေဝေစနစ်အပေါ်အငြင်းပွားခြင်း၊ ပြည်နယ်ဥပဒေနှစ်မျိုးနှင့်အုပ်ချုပ်ခြင်းကဲ့သို့ သော သိသာထင်ရှားသည့်စိန်ခေါ်မှုများလည်းရှိသည်။ မြို့ကိုနှစ်ပိုင်းခြားထားသည့် နယ်ခြားမျဉ်း ရှိသော်လည်း မြို့၏စည်းလုံးညီညွတ်မှုက ထင်ရှားသည်။ မြို့နေပြည်သူ လူထု၏ တစ်လုံးတစ်ဝတည်းဖြစ်မှုကို ဆင်နွှဲရန် State Line Avenue ၌ ကျင်းပ သည့် ညစာစားပွဲသို့ နှစ်စဉ်စုရုံးလာပြီး အစားအသောက်များ ဝေမျှစားသုံးကြသည်။
ကောရိန္သုရှိယုံကြည်သူများသည် ပိုင်းခြားမျဉ်းမဆွဲထားသော်လည်း သူတို့ အကြား စိတ်ဝမ်းကွဲနေသည်။ သူတို့ကို ရှင်ယေရှုအကြောင်းသင်ကြားပေးသည့် ပေါလု၊ အာပေါလုနှင့် ကေဖ (ပေတရု)တို့အပေါ် အသီးသီးသစ္စာတည်ကြသည်။…