အမျိုးအစား  |  odb

မီးဖြင့် စစ်ကြောသန့်စင်သည်

၂၄ ကာရက်ရွှေသည် ၁၀၀% နီးပါး သန့်စင်သည့်ရွှေစင်ဖြစ်သည်။ သို့သော် ထိုရာခိုင်နှုန်းထိ ရခဲသည်။ ရွှေချက်သူများသည် ရွှေသန့်စင်သည့်နည်းလမ်းနှစ်ခု အနက် တစ်ခုကိုအသုံးများသည်။ Miller သန့်စင်နည်းမှာ ဈေးအသက်သာဆုံးနှင့် အမြန်ဆုံးဖြစ်သော်လည်း ရလဒ်မှာ ရွှေကို ၉၉.၉၅% ခန့်သာ သန့်စင်ပေးနိုင်သည်။ Wohlwill သန့်စင်နည်းမှာ အချိန်အနည်းငယ်ပိုကြာပြီး ငွေပိုကုန်သော်လည်း ရွှေကို ၉၉.၉၉% အထိ သန့်စင်ပေးသည်။

ကျမ်းစာခေတ်အချိန်အခါက ရွှေချက်သူများသည် ရွှေသန့်စင်ရန်အတွက် မီးကို အသုံးပြုကြသည်။ မီးအပူ‌ကြောင့် အပေါ်ယံမျက်နှာပြင်သို့ အညစ်အကြေး များ တက်လာသဖြင့် အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်။ အာရှမိုင်းနား တစ်လျှောက် (တူရကီမြောက်ပိုင်း)ရှိ ရှင်ယေရှုကို ယုံကြည်သူများထံရေးသော ပထမစာ၌ တမန်တော်ရှင်ပေတရုက ယုံကြည်သူ၏အသက်တာ၌ ကြုံရသည့် စစ်ကြောမှုကို ရွှေသန့်စင်ခြင်းလုပ်ငန်းစဉ်နှင့် ဥပမာတင်စားခဲ့သည်။ ထိုအချိန်က ယုံကြည်သူများစွာတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းကြောင့် ရောမတို့၏ ညှဉ်းပန်း နှိပ်စက်မှုကို ခံနေရကြသည်။…

အရွယ်ရောက်ပြီ

ကျွန်မ၏မြေးလေးသည် ရိုလာကိုစတာစီးရန် တန်းစီရသည့်နေရာသို့ပြေးသွားပြီး ရိုလာကိုစတာစီးရန် အရွယ်ရောက်မရောက်၊ အရပ်တိုင်းရန် အမှတ်အသား ပြထားသည့်နံရံတွင်ကျောကပ်ပြီးရပ်လိုက်သည်။ သူ့ခေါင်းက အမှတ်အသား ကို ကျော်သည့်အတွက် မြူးတူးစွာ အော်လိုက်သည်။

ဘဝ၏ကိစ္စအများစုသည် အရွယ်ရောက်ခြင်းနှင့်ပတ်သက်သည် မဟုတ်ပါ လား။ ကလေးထိုင်ခုံ၌စီးရသည့်အရွယ်၊ ကားခါးပတ်ပတ်စီးရသည့်အရွယ်၊ ကားနောက်ခန်းမှရှေ့ခန်းသို့ ပြောင်းစီးသည့်အရွယ်၊ ယာဥ်မောင်းလိုင်စင် ဖြေသည့်အရွယ်၊ မဲပေးသည့်အရွယ်၊ အိမ်ထောင်ပြုနိုင်သည့်အရွယ် စသည်ဖြင့် ကျွန်မတို့သည် မြေးလေးကဲ့သို့ပင်၊ ကြီးပြင်းအရွယ်ရောက်လာရန် မျှော်လင့်တောင့်တလျက် အချိန်များကုန်လွန်သည်။

ဓမ္မသစ်ခေတ်ကာလက လူမှုအဖွဲ့အစည်းတွင် ကလေးများကို ချစ်သော်လည်း သူတို့ကို သိပ်တန်ဖိုးမထားကြပါ။ “အသက်ပြည့်”မှသာ အိမ်ကို အကူအညီပေးနိုင် ပြီး အရွယ်ရောက်သူများ၏အခွင့်အရာနှင့် ရဟူဒီ ဘုရားကျောင်းထဲသို့ဝင်ရောက် နိုင်သည်။ ရှင်ယေရှုသည် ဆင်းရဲနွမ်းပါးသူများ၊ ရောဂါသည်များ၊ ကလေးသူငယ် များကိုပင် လှိုက်လှဲစွာလက်ခံကြိုဆိုခြင်းအားဖြင့် သူ့ခေတ်အချိန်အခါ၏စံနှုန်းများကို ချိုးဖျက်ခဲ့သည်။ ကလေးသူငယ်များအပေါ်လက်တင်ဆုတောင်းပေးရန် မိဘများ က သူတို့ကလေးငယ်များကို ရှင်ယေရှုထံခေါ်ဆောင်လာကြောင်း ခရစ်ဝင်ကျမ်း…

ချစ်မေတ္တာသို့ချဥ်းနင်းတိုးဝင်

နိုရာသည် အရွယ်သေးကွေးသော်လည်း အရပ် ၆ ပေမြင့်ပြီး ရန်လိုသောအမျိုးသမီး ဘရစ်ဂျစ်၏ စိန်းစိန်းဝါးဝါးအကြည့်က သူ့ကို မတုန်လှုပ်စေပါ။ ဤကိုယ်ဝန်ဆောင် ကုသရေးစင်တာသို့ ဘာ့ကြောင့်ရောက်လာသည်ကိုပင် ဘရစ်ဂျစ်မပြောနိုင်။ “ဤ...ကလေးကို ဖျက်ချပစ်မည်”ဟု သူစိတ်ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် နိုရာ က သူ့ကို ညင်သာစွာမေးခွန်းများမေးသော်လည်း ဘရစ်ဂျစ်က လေးစားမှုမရှိဘဲ ရိုင်းရိုင်းစိုင်းစိုင်း တဖျစ်တောက်တောက်နှင့် စကားလွဲပစ်သည်။ မကြာမီမှာပင် ဘရစ်ဂျစ် ပြန်ရန်ပြင်လိုက်ပြီး ပြောင်ပြောင်တင်းတင်းပင် သူ့ကိုယ်ဝန်ကို ဖျက်ချရန် စိတ်ပိုင်းဖြတ်ထားကြောင်းပြောသည်။

ဘရစ်ဂျစ်နှင့် တံခါးကြားမှ သူ့ကိုယ်သေးသေးလေး လျှိုထွက်လာပြီး “ရှင် မပြန်ခင် ကျွန်မ ရှင့်ကိုဖက်ပြီး ဆုတောင်းပေးပါရစေ”ဟု နိုရာက ပြောလိုက်သည်။ ယခင်က စိတ်ကောင်းနှလုံးကောင်းနှင့် မည်သူမျှ ဘရစ်ဂျစ်ကို တစ်ခါမှ မထွေးပွေ့ ကြဖူးပါ။ ရုတ်တရက် မမျှော်လင့်ဘဲ ဘရစ်ဂျစ် မျက်ရည်များကျလာသည်။

ဣသရေလလူမျိုးတော်ကို “ထာဝရမေတ္တာ”နှင့်ချစ်သည့် ဘုရားသခင်၏ နှလုံးသားကို…

မျှော်လင့်ခြင်းအဖူးပွင့်များ

ဖီလာဒဲဖီးယားမြို့၌ ပေါင်းပင်များထူထဲစွာပေါက်ရောက်နေသော မြေလွတ်မြေရိုင်းကို ရှင်းလင်းပြီး လှပသောပန်းပင်၊ သစ်ပင်မျိုးစုံဖြင့် ပြောင်းလဲလိုက်သောအခါ ထို ဝန်းကျင်၌နေထိုင်သူများ၏ စိတ်ကျန်းမာရေးလည်း တိုးတက် ကောင်းမွန်လာသည်။ အထူးသဖြင့် စီးပွားရေးနှင့်ရုန်းကန်နေရသူများအတွက် အကျိုးဖြစ်ထွန်းခဲ့သည်။

“စိမ်းလန်းစိုပြေသောနေရာများသည် စိတ်ကျန်းမာရေးအတွက် အကျိုးရှိကြောင်း သက်သေပြနိုင်သည့် အထောက်အထားများ များပြားလာသည်။ ဆင်းရဲ နွမ်းပါးသည့်နေရာတွင်နေထိုင်သူများအတွက် ၎င်းသည် အထူးအရေးကြီးသည်”ဟု ဒေါက်တာ ယူဂျင်းနီးယား စောသ် က ပြောကြားသည်။ သူသည် ပင်ဆယ် ဗေးနီးယား တက္ကသိုလ်၊ ဖယ်ရယ်မန်း ဆေးကျောင်း၏ တက္ကသိုလ်ဆရာများ အသင်းဝင်ဖြစ်ပြီး ဤဘာသာရပ်နှင့် စပ်လျဥ်း၍ သုတေသနပြုချက်များကို ရေးသားသူ တွဲဖက်စာရေးဆရာ ဖြစ်သည်။

ဖိနှိပ်ခံဣသရေလနှင့်ယုဒလူများသည် ပရောဖက်ဟေရှာယ၏ရူပါရုံမှ မျှော်လင့်ခြင်းကို ရှာတွေ့ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို ပြန်လည်ပြုပြင် တည်စေလျက် တင့်တယ်လှပစေပြီတကား။ ဟေရှာယကြိုတင်ဟောထားသည့် ကြမ္မာဆိုးနှင့်တရားစီရင်ခြင်းများ အလယ်တွင် “တောနှင့်လွင်ပြင်သည် ဝမ်းမြောက် လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်းရွှင်လန်း၍…

ကြီးမြတ်သောအလုပ်

တံခါးဂျက်မကျအောင် တိပ်နှင့်ကပ်ထားသည်ကို လုံခြုံရေးဝန်ထမ်းက စစ်ဆေးတွေ့ရှိ၍ ယင်းတိပ်ကို ဖယ်ရှားခဲ့သည်။ နောက်ပိုင်း တံခါးကို သူထပ်မံစစ်ဆေးသည့်အခါ တိပ်ကပ်ထားသည်ကိုတွေ့ရပြန်သည်။ သူက ရဲကို ခေါ်လိုက်၍ ရဲများရောက်လာပြီး ဖောက်ထွင်းသမား (၅) ဦးကို ဖမ်းမိခဲ့သည်။

အမေရိကန်နိုင်ငံ၏အဓိကနိုင်ငံရေးပါတီဋ္ဌာနချုပ်၊ ဝါရှင်တန်ဒီစီ ဝါတာဂိတ် အဆောက်အဦတွင် အလုပ်လုပ်သည့် လုံခြုံရေးဝန်ထမ်းလူငယ်သည် သူ့အလုပ်ကို ရိုးရှင်းစွာ အလေးအနက်ထားပြီး ကောင်းမွန်စွာလုပ်ခြင်းကြောင့် သူ့ဘဝတွင် အကြီးမားဆုံးသော သိက္ခာမဲ့စေမည့်နိုင်ငံရေးအမှုကို ဖော်ထုတ်နိုင်ခဲ့သည်။

နေဟမိသည် သူအလွန်အလေးထားသည့် ယေရုရှလင်မြို့ရိုးတည်ဆောက်ခြင်းကို အစပြုခဲ့သည်။ စီမံကိန်းပြီးခါနီးတွင် အနီးဝန်းကျင်မှရန်သူများက ရွာတစ်ရွာ ၌ သူတို့နှင့် လာတွေ့ဆုံရန် သူ့ကိုမှာလိုက်သည်။ အယောင်ဆောင်ချစ်ကြည်ရေး၏ နောက်၌ မမြင်ရသောထောင်ချောက်ရှိသည် (နေ ၆:၁-၂)။ သို့သော် နေဟမိ၏ တုံ့ပြန်ချက်က သူ၏ခံယူချက်လေးနက်မှုကို ဖော်ပြနေသည်။ “ငါသည် ကြီးသော အမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ…

ရည်ရွယ်ချက်အတိုင်း အသက်ရှင်

အပန်းဖြေခရီး၏ပထမခြေလှမ်းအဖြစ် ကားစထွက်သည်နှင့် ကျွန်တော့်ဇနီးက သုံးနှစ်အရွယ် မြေးလေး အော်စတင်ကို “ဖွားဖွားတို့ အပန်းဖြေခရီး သွားကြမယ်” ဟု စိတ်အားထက်သန်စွာနှင့်ပြောလိုက်သည်။ အော်စတင်လေးက တွေးတွေးဆဆ နှင့် အဖွားဖြစ်သူကိုကြည့်လိုက်ပြီး “သားက အပန်းဖြေခရီးသွားတာ မဟုတ်ဘူး၊ အထူး တာဝန်ဆောင်ရွက်ဖို့ သွားတာပါ ”ဟု တုံ့ပြန်လိုက်သည်။

“အထူးတာဝန်”ဆောင်ရွက်ရန်သွားသည်ဟူသောအတွေးကို မြေးလေး ဘယ်က ရလာသည်ကိုမသိသော်လည်း လေယာဉ်ကွင်းသို့သွားသည့်လမ်း တစ်လျှောက် သူ့မှတ်ချက်က ကျွန်တော်အတွက် စဉ်းစားစရာဖြစ်ခဲ့သည်။ ဤအပန်းဖြေခရီး ထွက်လာပြီး ရက်အနည်းငယ်အနားယူနေစဉ် ဘုရားသခင်နှင့် အတူ၊ ဘုရားသခင်အတွက် အချိန်တိုင်း အသက်ရှင်ခြင်းဟူသော “အထူးတာဝန်” ကို ကျွန်တော် ဆောင်ရွက်နေကြောင်း စိတ်ထဲသိမှတ်ပါသလား။ မိမိလုပ်ဆောင် သည့်အရာတိုင်း၌ အရှင့်အား အစေခံရန် သတိရပါသလား။

တမန်တော်ရှင်ပေါလုက ရောမအင်ပါယာ၏မြို့တော် ရောမမြို့ရှိ ယုံကြည်သူ များအား “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက် စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့”(ရော…

ဘုရားသခင် အမည်မှည့်ပေးသည်

Riptide. Batgirl. Jumpstart စသည်တို့မှာ ကျွန်မတို့မိသားစု နှစ်စဉ် တက်ရောက်သည့် နွေရာသီသင်တန်း၌ အတိုင်ပင်ခံဆရာများကိုပေးထားသည့် အမည်များဖြစ်၏။ ထိုအမည်ကို အရွယ်တူသူငယ်ချင်းများက ခေါ်ဆိုခြင်းဖြစ်ပြီး အများအားဖြင့် မျက်နှာပူစရာကိစ္စ၊ ရယ်စရာအမူအကျင့်၊ ဝါသနာများကိုအစွဲပြုပြီး သင်တန်းနာမည်ပြောင်ဖြင့် အခေါ်ခံရသည်။

သင်တန်းများ၌သာ နာမည်ပြောင်များမှည့်ခေါ်ခြင်း မဟုတ်၊ ကျမ်းစာထဲ၌ လည်း ခေါ်ဆိုအသုံးပြုသည်ကို တွေ့ရသည်။ ဥပမာ - ရှင်ယေရှုက တပည့်တော် ယာကုပ်နှင့် ယောဟန် တို့ကို “မိုးကြိုးသားများ” (မာ ၃:၁၇) ဟုခေါ်သည်။ ကျမ်းစာ ထဲ၌ တစ်စုံတစ်ဦးက မိမိကိုယ်ကို နာမည်ပြောင်ပေးခြင်းက ရှားသော်လည်း နောမိ အမည်ရှိသည့် အမျိုးသမီးက လူများကို သူ့အား “ခါးသီးခြင်း” ဟု အဓိပ္ပာယ်ရှိသည့် “မာရ” ဟု ခေါ်ရန် ပြောသည့် အဖြစ်အပျက်ရှိပါသည် (ရု ၁:၂၀)။ သူ့ခင်ပွန်းသည် နှင့်သားနှစ်ဦး…

ဆပ်ပြာပူဖောင်းပေါ်မှာ

၁၉၇၀ ခုနှစ် မေလထုတ်သတင်းဆောင်းပါးတစ်ပုဒ်တွင် “ဆပ်ပြာပူဖောင်းပေါ်မှာ (on the bubble)” ဟူသော ဥပစာစကားကို ပထမဆုံးအကြိမ်အဖြစ် သုံးနှုန်းထား သည်။ ၎င်းသည် မသေချာသောအခြေအနေတစ်ရပ်ကိုညွှန်းဆိုပြီး၊ ပြိုင်ကား မောင်းသမား Steve Krisiloff နှင့် ပတ်သက်နေပါသည်။ Indianapolis 500 ကားမောင်းပြိုင်ပွဲတွင် အရှိန်နှေးသောကြောင့် သူ့အဖြစ်က ယှဥ်ပြိုင်ခွင့်ရရန် မသေချာ “on the bubble” ဟုဖော်ပြထားခြင်း ဖြစ်သည်။ သူမောင်းသည့် စံနှုန်းက အဆင့်မီသောသူများနှင့်ယှဉ်လျှင် အနှေးဆုံးဖြစ်သော်လည်း နောက်ပိုင်းတွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ကျွန်ုပ်တို့သည်လည်း ဘဝပြေးပွဲကို ဆက်ယှဉ်ပြိုင်ရန် (သို့) အဆုံးတိုင်အောင် ပြေးနိုင်ရေး မည်သည်ကိုပေးဆပ်ရမည်ကို မသေချာသောအချိန်များ ခံစားဖူး ပေမည်။ ထိုသို့ခံစားရသောအခါ သခင်ယေရှု၌ ကျွန်ုပ်တို့ရှိနေပါက ဘယ်သောအခါမှ မသေချာ မရေရာသောဘဝ၌ ရှိမနေကြောင်းကို သတိရအပ် သည်။ ဘုရားသခင်၏သားသမီးများဖြစ်သည့်အလျောက် ကောင်းကင်နိုင်ငံရှိ ကျွန်ုပ်တို့၏နေရာသည်…

အချိန်နှင့်အမျှ ခရီး‌ပေါက်သောစာများ

နှစ်စဉ် နိုင်ငံတကာပေးစာရေးပြိုင်ပွဲတွင် သန်းနှင့်ချီသောလူငယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲခေါင်းစဉ်က “သင့်ကိုယ်သင် အချိန်နှင့်အမျှ ခရီးပေါက်သောစာအဖြစ် မြင်ယောင်လိုက်ပါ။ စာဖတ်သူများအား သင်မည်သို့သော စကားလက်ဆောင်ပါးချင်ပါသနည်း” ဟူ၍ဖြစ်သည်။

ကျမ်းစာထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်မှုနှင့် လမ်းညွှန်မှု အားဖြင့် အချိန်ကိုဖြတ်သန်းကာ ကျွန်ုပ်တို့ထံသို့ရောက်ရှိခဲ့သည့်စာ အတွဲလိုက် ရှိသည်။ ခရစ်ယာန်အသင်းတော်များ ကြီးထွားတိုးပွားလာသည်နှင့်အမျှ ခရစ်တော်၌ရှိသော အသက်တာသစ်နှင့်စပ်လျဥ်း၍ လူတို့နားလည်ရန် သခင်ယေရှု ၏တပည့်တော်များက ဥရောပနှင့်အာရှမိုင်းနားတစ်လွှားရှိ ဒေသခံအသင်းတော် များသို့ အထောက်အကူဖြစ်မည့်စာများရေးသားခဲ့သည်။ ယနေ့ကျွန်ုပ်တို့ ဖတ်နေသော သမ္မာကျမ်းစာ၌ ထိုစာအများစုကို စုပေါင်းဖော်ပြထားသည်။

ထိုစာများကိုရေးသားခဲ့သူများသည် စာဖတ်သူများအား မည်သည့် သတင်းစကားများကို မှာကြားလိုသနည်း။ ရှင်ယောဟန်က သူ၏ပထမဆုံး စာစောင်တွင် "ရှေ့ဦးစွာကပင်ဖြစ်၍ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသော အရာ"ဖြစ်သည့် (၁ယော ၁:၁)- အသက်ရှင်သောခရစ်တော်နှင့်တွေ့ဆုံ ရသည့်အကြောင်းကို ရေးသားထားသည်။…

သူ့သေခြင်းက အသက်ကိုယူဆောင်ပေးသည်

တောင်အာဖရိက၏အရက်စက်ဆုံးအကျဉ်းထောင်ထဲရှိ အမျိုးသားအကျဉ်းသား များအတွက် အမှုတော်လုပ်ငန်းတွင် ဂျိုအန်းနာ ဖလန်းဒါးစ်-သောမတ်စ်သည် နှလုံးသားများကို ပြောင်းလဲပေးသော ခရစ်တော်၏တန်ခိုးတော်ကို ကိုယ်တိုင်မြင်ခဲ့ ရသည်။ ဆရာကြီး ဖိလစ်ယန်စေ၏ Vanishing Grace စာအုပ်တွင် သူမ၏ အတွေ့အကြုံကို ဖော်ပြထားသည်။ “ဂျိုအန်းနာ သည် ထောင်သို့နေ့တိုင်း သွားရောက်ပြီး ရိုးရှင်းသည့် ခွင့်လွှတ်ခြင်းနှင့်ရန်ငြိမ်းခြင်း ဧဝံဂလိတရားစကားကို သူတို့ထံ ယူဆောင်ပေးခဲ့သည်။ သို့နှင့် သူတို့၏ယုံကြည်မှုကိုရပြီး ၎င်းတို့ကလေး ဘဝက ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည့်အကြောင်းများကို ဖွင့်ဟပြောပြလာသည်။ သူက နားထောင်ပေးပြီး ပို၍ကောင်းသောနည်းလမ်းဖြင့် ပဋိပက္ခများကို ဖြေရှင်းရန် လမ်းပြခဲ့သည်။ သူထောင်သို့ မသွားရောက်မီ ယခင်နှစ်က ထောင်၌ ထောင်သားနှင့် ထောင်မှူးများအပေါ်အကြမ်းဖက်မှု ၂၇၉ ခု မှတ်တမ်းရှိခဲ့ပြီး နောက်နှစ်တွင် ၂ ခုသာ ရှိတော့သည်" ဟု ဖော်ပြထားသည်။

ရှင်ပေါလုကလည်း “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင် သောသတ္တဝါဖြစ်၏။…