အမျိုးအစား  |  odb

စင်ကြယ်သော ဝတ်ပြုကိုးကွယ်ခြင်း

အသင်းတော်၏အစီအစဉ်နှင့် ပြဇာတ်ဆန်ဆန်တင်ဆက်မှုများကြောင့် လူသိများ သော အသင်းတော်တစ်ခု၌ ဂျိုစေး သင်းအုပ်လုပ်နေသည်။ အဆင်ပြေနေသော်လည်း အသင်းတော်၏များမြှောင်လှသောအလုပ်များက စီးပွားရေးဆန်သွားမည်ကို သူစိုးရိမ် သည်။ မှန်ကန်သည့်အကြောင်းအရင်းများဖြင့် အသင်းတော်ကြီးထွားနေပါသလား (သို့) ၎င်း၏အစီအစဉ်များကြောင့် ကြီးထွားနေခြင်းလား။ ထိုအကြောင်းကို ဂျိုစေး သိရှိလို၍ အသင်းတော်၏အပိုလှုပ်ရှားမှုများကို တစ်နှစ် ပယ်ဖျက်ရပ်ဆိုင်းလိုက်သည်။ လူတို့ ဘုရားသခင်အားဝတ်ပြုကိုးကွယ်သည့် အသက်ရှင်သော ဗိမာန်တော်ဖြစ်ရေးကို သူ့အသင်းသားများ အာရုံစိုက်ရန်ဖြစ်သည်။

ဗိမာန်တော်၏ပြင်ပကန္နားပြင်၌ သခင်ယေရှုပြုခဲ့သည့်အမှုကို သတိမပြုမိမီ အချိန် အထိ ဆရာဂျိုစေး၏ဆုံးဖြတ်ချက်ကို တစ်ဖက်သတ်ဆန်လွန်းသည်ဟု သင်ထင်မိမည်။ ရိုးရှင်းသော ဆုတောင်းများနှင့်ပြည့်နေရမည့်သန့်ရှင်းသောနေရာသည် ဝတ်ပြုခြင်းကို ခုတုံးလုပ် စီးပွားရှာသော ပျားပန်းခတ်သည့်နေရာဖြစ်နေသည်။ “ဘုရားအလိုရှိတဲ့ နှင်းပန်းလို ဖြူဖွေးနေတဲ့ချိုးငှက်တွေ ရမယ်နော်” ဟု ဝယ်သူ ခေါ်နေသည့်စျေးသည်များ၏ စားပွဲများကို သခင်ယေရှုမှောက်လှန်ပစ်ပြီး ဝယ်သူများကိုလည်း တားဆီးပစ်သည်။ ထိုသူ တို့ ၏အပြုအမူကို အမျက်ထွက်ကာ ဟေရှာယ ၅၆…

မြင်သည်သိသည်ထက်

ကြိုးကွင်းပစ် နွားရိုင်းစီးသည့်ပြိုင်ပွဲကို သင်သွားကြည့်ဖူးပါက လက်ချောင်း လေးချောင်းနှင့် လက်မရှိရမည့်နေရာတွင် အဖုလေးသာရှိနေသည့် ပြိုင်ပွဲဝင်များကို သင်တွေ့ရလိမ့်မည်။ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာခြင်းက အဆန်းမဟုတ်ပါ။ လက်မသည် အစွန်းတစ်ဖက်ရှိကြိုးနှင့် အခြားတစ်ဖက်ရှိနွားရိုင်းတို့အကြားညှပ်ကာ များသော အားဖြင့် လက်မကိုဆုံးရှုံးရသည်။ အလုပ်မှနားလိုက်ရမည့် ထိခိုက်ဒဏ်ရာ မဟုတ်သော်လည်း လက်မတစ်ချောင်း မရှိခြင်းက အရာများစွာကို ပြောင်းလဲစေသည်။ လက်မကိုမသုံးဘဲ သွားတိုက်ခြင်း၊ ကြယ်သီးတပ်ခြင်း၊ ဆံပင်ဖြီးခြင်း၊ ဖိနပ်ကြိုး ချည်ခြင်း၊ အစာစာခြင်းတို့ကို စမ်းလုပ်ကြည့်ပါ။ ထိုလျစ်လျူရှုခံရသော သင့်ခန္ဓာကိုယ် အစိတ်အပိုင်းလေးက အရေးကြီးသောအခန်းကဏ္ဍတွင်ရှိနေပါသည်။

တမန်တော်ရှင်ပေါလုက အသင်းတော်အတွင်း အလားတူဖြစ်လာနိုင်သည်ကို ဖော်ပြထားသည်။ သိပ်ပြီးမထင်ရှား အသံမထွက်သည့် အသင်းသားများသည် အခြား သူများထံမှ “မင်းကို မလိုအပ်ဘူး” ဆိုသည့် တုံ့ပြန်မှုမျိုးကို တစ်ခါတစ်ရံတွင် ကြုံတွေ့ ရတတ်သည် (၁ ကော ၁၂ :၂၁)။ များသောအားဖြင့် ဤစကားကို မပြောကြသော်လည်း၊…

နှစ်ဦးဆိုလျှင် ပို၍ကောင်းသည်

၁၉၉၇ ခုနှစ် ဟာဝါယီ၌ ကျင်းပသော သံမဏိလူသား ရေကူး၊ စက်ဘီးစီး၊ အပြေး အားကစားသုံးမျိုးပြိုင်ပွဲတွင် အမျိုးသမီးနှစ်ဦးမှာ မိမိတို့ခြေပေါ်ရပ်နိုင်အောင် မနည်း ကြိုးစားရင်း ထော့နင်းထော့နင်းနှင့် ပန်းတိုင်ဆီသို့ ဦးတည်သွားနေသည်။ မောပန်းလျက် ယိုင်တိယိုင်တိုင်ခြေထောက်များနှင့်ကြိုးစားရင်း စီယန်ဝက်ချ်က ဝင်ဒီ အင်ဂရာဟမ်ကို ဝင်တိုက်မိသည်အထိ ဖြစ်သွားသည်။ နှစ်ဦးလုံး မြေပေါ်လဲကျသွားသည်။ ကုန်းရုန်းကြိုးစား ထသော်လည်း လဲကျပြန်သည်။ ပန်းတိုင်က ရှေ့မီတာ ၂၀ ခန့်တွင်ရှိသည်။ အင်ဂရာဟမ်က စပြီးတွားသွားရာ ပရိတ်သတ်ကြီး၏အားပေးသြဘာသံများညံသွားသည်။ သူ့ပြိုင်ဘက် ကလည်း သူ့နည်းအတိုင်းလိုက်လုပ်ရာ သြဘာသံ ပို၍ကျယ်လာသည်။ အင်ဟာဂရမ်က စတုတ္ထနေရာမှပန်းဝင်ခဲ့ပြီး သူ့ကိုအားပေးသူများ၏ဆန့်တန်းထားသောလက်များပေါ် ပစ်လှဲလိုက်သည်။ ထို့နောက် သူက နောက်ပြန်လှည့်ပြီး လဲကျနေသောသူ့ညီမဝက်ချ်ကို သွားကူသည်။ ဝက်ချ်က ရှေ့သို့လှမ်းပြီး အစ်မအင်ဂရာဟမ်ထံ သူ၏အားနည်းနေသော လက်များကို ဆန့်တန်းကာ ပန်းဝင်စည်းကို ဖြတ်ကျော်လိုက်သည်။ သူက ပဉ္စမနေရာမှ ပန်းဝင်သွား၍…

အစီအစဥ်များ နှောင့်ယှက်ခံရသည်

စကားထစ်ခြင်းကို ကုသပေးသူတစ်ဦးဖြစ်လာရန် ဂျိန်းရည်မှန်းထားသည်။ သို့သော် လက်တွေ့အလုပ်သင်ကာလတွင် ထိုအလုပ်မှာ သူမအတွက် စိတ်ထိခိုက်လွယ်ပြီး ခက်ခဲ သည့် အလုပ်ဖြစ်သောကြောင့် ထိုအကြံအစည်အဆုံးသတ်ခဲ့ရသည်။ ထို့နောက် ဂျိန်းသည် မဂ္ဂဇင်းတစ်အုပ်၌ စာရေးရန် အခွင့်အလမ်းရခဲ့သည်။ သူ့ကိုယ်သူ စာရေး ဆရာတစ်ဦးအဖြစ် တစ်ခါမျှမမြင်မိသော်လည်း နှစ်အတော်ကြာပြီးနောက် သူ့ရေးသည့်စာများအားဖြင့် နွမ်းပါး သော မိသားစုများအတွက် အားပေးရပ်တည်မှုဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ “နောက်ကြောင်း ပြန်ကြည့်ရင် ဘုရားက ဘာကြောင့် ကျွန်မရဲ့အကြံအစည်ကို ပြောင်းလိုက်ရတယ် ဆိုတာကို နားလည်ရတယ်။ သူ့မှာ ကျွန်မအတွက် ပိုပြီးကြီးမားတဲ့အကြံရှိလို့ပဲ”ဟု သူပြောသည်။

ကျမ်းစာထဲ၌ အကြံအစည်များနှောင့်ယှက်ခံရသည့်အကြောင်းအရာ များစွာရှိ၏။ ပေါလု၏ ဒုတိယအကြိမ်ဧဝံဂေလိခရီးစဉ်တွင် ဗိသုန်ပြည်သို့ သတင်းကောင်း ယူဆောင် ပေးရန် ကြိုးစားခဲ့သော်လည်း ရှင်ယေရှု၏ဝိညာဉ်တော်က သူ့ကို တားဆီးခဲ့သည် (တ ၁၆:၆-၇)။ ဘုရားရှင်ပေးအပ်သည့်အမှုတော်နှင့် ကိုက်ညီသောအကြံ ဖြစ်သော်လည်း ဘာ့ကြောင့် ရှင်ယေရှုနှောင့်ယှက်ရသနည်း။…

လျှပ်စီးနေသောဓာတ်ကြိုး

ဂျွန် ဒွန်နီ၏ ခမ်းနားလှသည့် “Holly Sonnet 14” ကဗျာကိုဖတ်ပြီး “လျှပ်စီးနေတဲ့ ဓာတ်ကြိုးနဲ့ ထိလိုက်ရသလို ခံစားရတယ်” ဟု ပရောဖက်ဆာ ဟော်လီအော့ဒ်ဝေးက ပြောခဲ့သည်။ "ဒီကဗျာမှာ တစ်ခုခုဖြစ်ပျက်နေတယ်။... အဲဒါဘာလဲဆိုတာကို ကျွန်မ သိချင်တယ်"ဟု အတွေး၀င်ခဲ့သည်။ ထိုစဥ်က ဘုရားမရှိဟူသော ကမ္ဘာ့အမြင်ကို သူခံယူခဲ့သော်လည်း သဘာဝလွန်ဖြစ်နိုင်ခြေသဘောထားကိုလည်း ခံယူခဲ့ကြောင်း အော့ဒ်ဝေး ပြန်ပြောင်းအမှတ်ရခဲ့သည်။ နောက်ဆုံးတွင် ရှင်ပြန်ထမြောက်တော်မူ သော ခရစ်တော်၏အမှန်တကယ်ပြောင်းလဲနိုင်စွမ်းကို သူယုံကြည်လာသည်။

ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို သခင်ယေရှု တောင်ပေါ်သို့ ခေါ်သွားသည့် နေ့က "အသွင်ပြောင်းခြင်း"ဟုလူသိများကြသည့် အံ့ဖွယ်ခရစ်တော်၏ “အဝတ်တော် ပြောင်လက်” တောက်ပသွားပြီး ဧလိယနှင့်မောရှေတို့ပေါ်လာသည့်အဖြစ်ကို နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရသည့်သူတို့လည်း လျှပ်စီးနေသောဓာတ်ကြိုးနှင့်ထိပြီး ဓာတ်လိုက်သကဲ့သို့ ခံစားရပေမည် (မာ ၉:၃)။

တောင်ပေါ်မှပြန်ဆင်းလာပြီးနောက် သူသေခြင်းမှမထမြောက်မီ ထိုကိစ္စကို မည်သူ့ ကိုမှမပြောရန် တပည့်တော်များကို…

အလုံးစုံသိသည်

မတ်စောက်သည့်တောင်ကမ်းပါးယံအစွန်းမှ ကားကိုဆွဲတင်ပြီး မတော်တဆမှု ဖြစ်စေသည့် ကားဘီးရာလမ်းကြောင်းကို စစ်ဆေးပြီးနောက် ဆွဲကားမောင်းသူက “အခု မင်းဒီမှာ ရှိမနေသင့်ဘူး။ ဟိုးအပေါ်မှာရှိနေတဲ့သူတစ်ယောက်က မင်းကို ရှာနေ တယ်” ဟု ကျွန်တော့်အမေကို ပြောလိုက်သည်။ ထိုအချိန်တွင် အမေက ကျွန်တော့်ကို ကိုယ်ဝန်ဆောင်ထားသည်။ ကျွန်တော်ကြီးပြင်းလာသည့်အခါ ထိုနေ့က ဘုရားသခင် သည် ကျွန်တော်တို့နှစ်ဦးကို မည်သို့ကွယ်ကာခဲ့သည့်အကြောင်းကို အမေက မကြာခဏပြန်ပြောင်းပြောပြပြီး ကျွန်တော်မမွေးမီ ကတည်းကပင် ဘုရားသခင်သည် ကျွန်တော့်ကိုတန်ဖိုးထားကြောင်း အမေက စိတ်ချမှုပေးခဲ့သည်။

မည်သူတစ်ဦးတစ်ယောက်မျှ အလုံးစုံကိုသိကျွမ်းတော်မူသော ဖန်ဆင်းရှင်၏ အာရုံစိုက်ခြင်းမှ လွတ်သွားရိုး မရှိပါ။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဘုရားသခင်သည် ပရောဖက်ယေရမိအား “သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကို ငါသိပြီ” ဟု မိန့်ကြားခဲ့သည် (ယေ ၁:၅)။ ဘုရားသခင်သည် အခြားသူများ ကျွန်ုပ်တို့ကို သိကျွမ်းသည်ထက်…

စွန့်ပစ်ထားခဲ့ရန် ခေါ်တော်မူခြင်း

ချစ်သူနှင့်မကွဲမီက ငယ်ရွယ်သောမိန်းမပျိုတစ်ဦးအနေနှင့် အထက်တန်းကျောင်း၌ ချစ်ကျွမ်းခဲ့သူ ချစ်သူနှင့် လက်ထပ်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ ကျွန်မတို့ကွဲသွားသောအခါ ကျွန်မ၏ရှေ့အနာဂတ်မှာ အဓိပ္ပာယ်မဲ့နေပြီး ဘဝ၌ဘာလုပ်ရမည်ဆိုသည့်အချက်နှင့် ရုန်းကန်နေရသည်။ နောက်ဆုံးတွင် တစ်ပါးသူကို အစေခံခြင်းဖြင့် ကိုယ်တော့်အမှုတော်ဆောင်ရန် ဘုရားသခင်က ကျွန်မကိုပို့ဆောင်နေကြောင်း ခံစားရပြီး ကျမ်းစာကျောင်းတက် ရန် စာရင်းသွင်းခဲ့သည်။ ထိုလမ်းကိုရွေးချယ်ခဲ့ခြင်းကြောင့် မိတ်ဆွေများ၊ မိသားစုနှင့် ​ဝေးကွာရသည့်အဖြစ်မှန်က လက်တွေ့ဖြစ်ပြီး နာကျင်စရာဖြစ်သည်။ ဘုရားသခင်၏ ခေါ်ယူစေစားမှုကိုတုံ့ပြန်ရန် ၎င်းတို့ကို ကျွန်မစွန့်ရသည်။ ချန်ခဲ့ရသည်။

ရှင်ယေရှုသည် ဂါလိလဲပင်လယ်ကမ်းစပ်တွင် လျှောက်လာစဥ် ပေတရုနှင့် အိန္ဒြေ ညီအစ်ကိုနှစ်ဦးတို့မှာ စားဝတ်နေရေးအတွက် ပင်လယ်ထဲပိုက်ကွန်ချလျက် ငါးဖမ်းနေသည်ကို သူတွေ့လိုက်ရသည်။ ကိုယ်တော်က ၎င်းတို့အား “ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်” ဟု ဖိတ်ခေါ်လိုက်သည် (မ ၄:၁၉)။ တစ်ဖန် ယာကုပ်နှင့်သူ့ညီယောဟန် တံငါသည် နှစ်ဦးကို ထပ်မံတွေ့ပြီး အလားတူ…

ပန်းတိုင်နှင့် ရည်မှန်းချက်

၂၀၁၈ ခုနှစ်၌ အားကစားသမား Colin O'Brady သည် ယခင်က တစ်ခါမှ သူမလုပ်ဖူးသည့် ခြေကျင်ခရီးကို စတင်ခဲ့သည်။ သူ့နောက်တွင် ရိက္ခာများတင်ထားသည့် စွတ်ဖားလှည်းကို ဆွဲရင်း ၅၄ ရက် အတွင်း ၉၃၂ မိုင်ခရီးရှိသည့် အန္တာတိကတိုက် တစ်တိုက်လုံးကို တစ်ဦးတည်း ခြေကျင်သွားခဲ့သည်။ ထိုခရီးသည် စိတ်နှစ်မြှုပ်ထားပြီး သတ္တိအပြည့်နှင့်သွားရသည့် အလွန်လေးနက်သောခရီးပင်ဖြစ်သည်။

ရေခဲပြင်ပေါ်တွင် သူတစ်ဦးတည်းရှိနေသည့်အချိန်၊ အအေးဒဏ်နှင့် ထိပ်လန့်စရာ ကောင်းသည့် ခရီးအကွာအဝေးအပေါ် ပြန်လည်သုံးသပ်ရာ သူက “ဒီခရီးစဉ်ရဲ့ ကြီးမားတဲ့ သင်ခန်းစာတွေကို စိတ်ထဲမှာပြန်ရေတွက်ရင်း စိတ်ထက်သန်စွာနဲ့အားထုတ်မှုမှာပဲ ကျွန်တော့်စိတ်ကို တစ်ချိန်လုံး အပြည့်အဝမြှုပ်နှံထားပြီး အဲဒီအထဲ မှာပဲ နစ်မျောနေခဲ့တယ်။ ထိုနည်းတူစွာ ရောက်ရှိရမယ့်ပန်းတိုင်ကိုလည်း တန်းတူ အာရုံစိုက်ထားခဲ့တယ်” ဟု ဆိုသည်။

သခင်ယေရှုကိုယုံကြည်သူ ကျွန်ုပ်တို့အတွက် ဤအဆိုက ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်မည်။ ၎င်းသည် ယုံကြည်သူများအဖြစ်…

လျှို့ဝှက်ချက်

ကျွန်မ၏ကြောင်လေးသည် ၎င်းကို ဖယ်ထားပထားမှာကို စိုးကြောက်သည့်ရောဂါ ခံစား နေရသလားဟု တစ်ခါတစ်ရံ ကျွန်မ တွေးမိသည်။ အပြင်မှ ကုန်ပစ္စည်းများ ဝယ်ပြီး ပြန်လာလျှင် ဝယ်လာသည့်အရာများကို သူစူးစမ်းသည်။ ဟင်းရွက်များ ချွေနေလျှင် နောက်ခြေထောက်ထောက်ပြီး ရပ်ကာ သူ့ကိုပေးရန် တောင်းသည်။ သို့သော် သူလိုချင်သည့် အရာ၊ သူတောင်းသည့်အရာကို တကယ်တမ်းပေးသောအခါ သူစိတ်မဝင်စားတော့ဘဲ ပျင်းရိပျင်းတွဲဖြင့် ထွက်သွားသည်။

သို့သော် ၎င်း၏အဖြစ်ကို ကျွန်မ ဝေဖန်ခြင်းက ကျွန်မ သူတော်ကောင်းဟန်ဆောင်ရာ ရောက်လိမ့်မည်။ ကြောင်လေးက ကျွန်မ၏မရောင့်ရဲနိုင်သည့်စိတ်၊ ပိုလိုချင်သည့် လောဘစိတ်ကို ထင်ဟပ်ပြသည်။

ရှင်ပေါလု၏သွန်သင်ချက်အရ ရောင့်ရဲခြင်းစိတ် သည် သူ့အလိုလို ဖြစ်ပေါ်လာသည် မဟုတ်ဘဲ သင်ယူရခြင်းဖြစ်သည် (ဖိ ၄:၁၁)။ မိမိကို စိတ်ကျေနပ်မှုပေးမည်ဟုထင်သည့်အရာနောက်သို့ ကျွန်မတို့ အရူးအမူးလိုက်ပြီး၊ ၎င်းသည် ထင်သလို မဟုတ်ဟု သိလိုက်သည့် ခဏချင်းတွင် အခြားအရာနောက်သို့…

သည်းခံနိုင်သည့် ယုံကြည်ခြင်း

အဲန်းနက်စ်ရှကယ်တန် (၁၈၇၄-၁၉၂၂) သည် ၁၉၁၄ ခုနှစ်က အန္တာတိကတိုက်ကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ပါ။ Endurance အမည်ရှိသော သူ့သင်္ဘောမှာ ဝက်ဒဲလ်ပင်လယ်၌ ကြီးမားသောရေခဲတုံးကြား ပိတ်မိခဲ့ပြီး၊ အသက်ရှင်သန်ရေးအတွက် သည်းခံမှုပြိုင်ပွဲဝင်ခဲ့ရသကဲ့သို့ ဖြစ်ခဲ့သည်။ ကမ်းခြေနှင့် မည်သို့မျှ အဆက်အသွယ်လုပ်၍ မရဘဲ ရှကယ်တန်နှင့်သူ့အဖွဲ့သားများသည် အသက်ကယ်လှေ များဖြင့် အနီးဆုံးကမ်းခြေဖြစ်သည့် ‘ဆင်ကျွန်း’ သို့ ခရီးပြု ခဲ့သည်။ ထိုကျွန်း၌ ကျန်လူများကို ချန်ရစ်ပြီး ရှကယ်တန်နှင့် အဖွဲ့သား ၅ ဉီးတို့သည် ပင်လယ်ပြင်ကို ဖြတ်လျက် ရက်သတ္တ ၂ ပတ်ခန့်ကြာမျှ မိုင် ၈၀၀ ခရီးနှင်လျက် တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်သို့ အရောက်သွားကာ ဆင်ကျွန်း၌ ကျန်ရစ်သူများအတွက် အကူအညီတောင်းခံရယူနိုင်ခဲ့သည်။ ရှကယ်တန်၏ အဖွဲ့သားများအားလုံး မပျောက်မပျက် အသက်ရှင်ခွင့်ရလျက် ၎င်းတို့၏ ဇွဲသတ္တိ၊ ကြံ့ကြံ့ခံခဲ့မှုများအတွက် ချီးကျူးခံရပြီး သမိုင်းစာမျက်နှာ၌…