နှစ်ခုလုံး မှန်ပါသည်
ဆယ်စုနှစ်သုံးစုကြာပြီးနောက် Feng Lulu (ဖန်လုလု)သည် မွေးမိဘများနှင့် ပြန်လည် ဆုံစည်းခဲ့သည်။ လမ်းလျှောက်တတ်စအရွယ်တွင် အိမ်အပြင်၌ကစားနေစဥ် ပြန်ပေးဆွဲခံရသော်လည်း ‘All-China’ တရုတ်အမျိုးသမီးများအဖွဲ့ချုပ်၏ ကူညီမှုဖြင့် နောက်ဆုံးတွင် သူမရှိသည့်နေရာကို ခြေရာခံနိုင်ခဲ့သည်။ ပြန်ပေးဆွဲခံရစဉ်က အလွန်ငယ်သောကြောင့် လုလုသည် အဖြစ်မှန်ကို မမှတ်မိပါ။ မိဘများက မကျွေး မွေးနိုင်၍ သူ့ကိုရောင်းစားသည်ဟု ယုံကြည်ပြီး ကြီးပြင်းလာခဲ့ခြင်းကြောင့် အမှန်တရားကိုသိရသောအခါ မေးခွန်းများစွာ၊ ခံစားချက်ပေါင်းများစွာ ခံစားခဲ့ရသည်။
ယောသပ်သည် အစ်ကိုများနှင့်ပြန်လည်ဆုံတွေ့သောအခါ ရှုပ်ထွေးမှုကို ခံစားခဲ့ရဟန်ရှိသည်။ လူငယ်ဘဝတွင် အစ်ကိုများက သူ့ကို အဲဂုတ္တုပြည်သို့ ကျွန်အဖြစ် ရောင်းစားခဲ့သည်။ နာကျင်စရာအလှည့်အပြောင်းများ ဆက်တိုက်ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်သည် ယောသပ်အား အာဏာတန်ခိုးရှိသော ရာထူးသို့ ပို့ဆောင်ခဲ့သည်။ ငတ်မွတ်ခေါင်းပါးသောကာလတွင် အစ်ကိုများ အဲဂုတ္တုပြည်သို့ ရိက္ခာဝယ်ရန် ရောက်လာသောအခါ မရည်ရွယ်ဘဲ သူ့ထံမှ ဝယ်ယူခဲ့ကြရသည်။
သူတို့ပြစ်မှားခဲ့သောအရာမှ ဘုရားသခင်ရွေးနုတ်ကြောင်း ယောသပ်သိရှိခြင်းကြောင့် “ကြီးစွာသောကယ်တင်ခြင်းအားဖြင့်…
အရင်းအမြစ်
၁၈၅၄ ခုနှစ်တွင် လန်ဒန်မြို့၌ တစ်စုံတစ်ခုသောအရာသည် လူထောင်ပေါင်းများစွာကို သေစေခဲ့သည်။ ညစ်ညမ်းသောလေထုဟု လူများက ထင်ကြသည်။ အမှန်ပါ။ ပုံမှန် မဟုတ်သောအပူရှိန်ကြောင့် မိလ္လာစွန့်ရေဆိုးများရှိသည့် River Thames (သိမ်းစ် မြစ်ရေ)မှာ ပုပ်စော်နံပြီး ယင်းအနံ့သည် အလွန်ဆိုးရွားသောကြောင့် ၎င်းကို ‘The Great Stink’ (အနံ့ဆိုးကြီး)ဟု လူသိများခဲ့သည်။
သို့သော် လေထုက အဆိုးဆုံးပြဿနာ မဟုတ်ပါ။ ညစ်ညမ်းသောရေသည် ကာလဝမ်း ကပ်ရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်းဖြစ်ကြောင်းကို Dr. John Snow (ဒေါက်တာဂျွန်စနိုး)၏ သုတေသနပြုချက်က ဖော်ပြထားပါသည်။
ကောင်းကင်ထိ ပုပ်စပ်နံစော်နေသော အခြားပြဿနာတစ်ခုကို ကျွန်ုပ်တို့လူသားများ သတိပြုမိခဲ့သည်မှာ ကြာပါပြီ။ ပျက်စီးနေသောကမ္ဘာတွင် နေထိုင်လျက် ထိုပြဿနာ၏အရင်းအမြစ်ကို အလျင်စလို မှားယွင်းစွာဖော်ထုတ်ပြီး ရောဂါလက္ခဏာအနေနှင့်သာ ကုသကြသည်။ အမြော်အမြင်ရှိသော လူမှုရေးအစီအစဉ် နှင့် မူဝါဒများသည် ကောင်းကျိုးပြုသော်လည်း၊ လူ့အဖွဲ့အစည်းဖျားနာရသည့်…
မိတ်ဆွေတို့၏အမွေ
အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာဆရာအဖြစ်ရော၊ ဘတ်စ်ကတ်ဘောနည်းပြ အဖြစ်ပါ လုပ်ခဲ့သည့် ၁၉၇၀ ခုနှစ်တွင် သူနှင့်ကျွန်တော် စတွေ့ခဲ့သည်။ ထိုစဉ်က သူသည် အရပ်မြင့်မြင့် ကလန်ကလားနှင့် ပထမနှစ်ကျောင်းသားဖြစ်သည်။ မကြာမီ ကျွန်တော်၏ ဘတ်စ်ကတ်ဘောအသင်းနှင့် အတန်းများသို့ သူပါဝင်တက်ရောက်ခဲ့ပြီး မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ထိုမိတ်ဆွေသည် နှစ်ပေါင်းများစွာ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး ကျွန်တော်အငြိမ်းစားယူချိန် နှုတ်ဆက်ပွဲတွင် ကျွန်တော့်ရှေ့ရပ်ကာ ကျွန်တော်တို့၏ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်း၀င်မှု၏ အမွေအနှစ်အကြောင်း ဝေမျှခဲ့သည်။
ကျွန်တော်တို့ကို အားပေးပြီး၊ သခင်ယေရှုနှင့်သာ၍နီးစေသည့် ဘုရား၏ ချစ်ခြင်းမေတ္တာအားဖြင့် ဆက်နွယ်နေကြသည့် မိတ်ဆွေများ၏ ထူးခြားချက်ကား အဘယ်နည်း။ သုတ္တံဆရာက မိတ်ဆွေများ၏ ချစ်ကြည်ရင်းနှီးခင်မင်မှုတွင် အားတက်ဖွယ် အစိတ်အပိုင်း (၂) ခုပါ၀င်ကြောင်း နားလည်ခဲ့သည်။ ပထမအချက်မှာ အကြံပေးဖို့ရော၊ အကြံရယူဖို့ရော မလွယ်ကူသည့်တိုင် စစ်မှန် သော မိတ်ဆွေများသည် တန်ဖိုးရှိသည့်အကြံကိုသာ ပေးသည်။ “အဆွေခင်ပွန်းသည်…
ပညာရှိလား၊ ပညာမဲ့လား
ကျွန်တော် (၁၀) နှစ်သားအရွယ်က ခေတ်ပေါ်ခရစ်ယာန်တေးဂီတအဖွဲ့၏ သီချင်း ကက်ဆက်ခွေကို လူငယ်အဖွဲ့သူငယ်ချင်းထံမှ တောင်းပြီး အိမ်သို့ယူခဲ့သည်။ ဟိန္ဒူမိသားစုတွင် ကြီးပြင်းခဲ့ပြီး ခရစ်တော်၏ကယ်တင်ခြင်း ဆုကျေးဇူးကို ရခဲ့သူ ကျွန်တော့်အဖေက လက်မခံခဲ့ပါ။ အိမ်၌ ဝတ်ပြုကိုးကွယ်ခြင်းသီချင်းကိုသာ သူဖွင့်စေခဲ့သည်။ “ဒါက ခရစ်ယာန်အဖွဲ့ပါ”ဟု ကျွန်တော်ရှင်းပြသော်လည်း သူ့စိတ်မပြောင်းလဲပါ။ အတန်ကြာပြီးနောက် ကျွန်တော့်အားထိုသီချင်းများကို တစ်ပတ်ခန့် နားထောင်စေပြီး၊ ၎င်းတို့သည် ကျွန်တော့်ကို ဘုရားနှင့်နီးစေသလား (သို့) ပိုဝေးစေသလားကို ဆုံးဖြတ်ပါဟု အဖေအကြံပြုခဲ့သည်။ ထိုအကြံတွင် အထောက်အကူပြုသော ပညာဉာဏ်ပါရှိပါသည်။
ဘဝတွင် အမှားအမှန် ထင်ရှားပေါ်လွင်သည့် အရာများရှိသော်လည်း ကြိမ်ဖန်များစွာ အငြင်းပွားဖွယ်ကိစ္စများနှင့်သာ ကျွန်တော်တို့နပမ်းလုံးနေကြသည် (ရော ၁၄:၁-၁၉)။ ဘာလုပ်ရမည်ကို ဆုံးဖြတ်ရာ၌ နှုတ်ကပတ်တော်မှ ဉာဏ်ပညာကို ကျွန်တော်တို့ ရှာဖွေနိုင်ပါသည်။ ရှင်ပေါလုက “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်”ရန် ဧဖက်မြို့ရှိ ယုံကြည်သူ တို့အား နှိုးဆော်ခဲ့သည်…
ကိုယ်နှင့်စပ်ဆိုင်သူများကို ချစ်ခြင်း
ကိုရိုနာကပ်ရောဂါကာလအတွင်း သီးခြားနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ထားချိန်တို့တွင် Martin Luther King Jr. (မာတင်လူသာကင်းဂျူနီယာ)၏ ‘Letter from a Birmingham Jail’ (ဘာမင်ဟန် ထောင်တွင်းမှစာ)တွင် ပါရှိသည့်စကားများ မှန်ကန်ခဲ့သည်။ မတရားမှုနှင့်ပတ်သက်၍ မာတင်က အခြားမြို့တွင် ဖြစ်ပျက်နေသည့်အရာအတွက် ပူပန်မှု မရှိဘဲ မြို့တစ်မြို့၌ ဘာမှမဖြစ်သလို ထိုင်မနေနိုင်ကြောင်း၊ “ရှောင်ဖယ်၍မရသည့် ပတ်သက်ဆက်နွယ်မှု၌ ကျွန်ုပ်တို့ပိတ်မိနေပြီး ကြမ္မာဟူသည့် ဝတ်ရုံလွှာတစ်ခုတည်း၏ တုပ်နှောင်မှုခံနေရသည်။ တစ်ယောက်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိသည်ဆိုလျှင် ကျွန်တော်တို့ အားလုံးအပေါ်လည်း သွယ်ဝိုက်၍ သက်ရောက်မှုရှိသည်”ဟု သူမှတ်ချက်ချခဲ့သည်။
ထိုနည်း၎င်းပင် ဗိုင်းရပ်စ်ပြန့်ပွားမှုကိုလျှော့ချရန် ကမ္ဘာတစ်ဝန်းနိုင်ငံကြီးများနှင့် မြို့ကြီးများတွင် ဝင်ခွင့်ပိတ်ပင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်ုပ်တို့၏ဆက်နွယ်မှုကို ပို၍ထင်ရှားစေသည်။ တစ်မြို့ကို ထိခိုက်လျှင် မကြာမီ အခြားမြို့ကိုပါ ထိခိုက်မည်ဖြစ်သည်။
လွန်ခဲ့သည့်ရာစုနှစ်များစွာက ဘုရားသခင်သည် အခြားသူများအပေါ် ကရုဏာပြရန် သူ့လူမျိုးအား မိန့်မှာခဲ့ပြီး၊…
တနင်္လာနေ့အတွက် ကျေးဇူးတင်စရာ
တနင်္လာနေ့များကို ကျွန်မကြောက်လန့်ခဲ့ဖူးသည်။ ကျွန်မ၏ယခင်အလုပ်တွင် ရထားပေါ်မှ ဆင်းလိုက်ပြီးနောက် ရုံးသို့ မိနစ်အနည်းငယ်ဖြစ်ဖြစ် နောက်ကျရောက်လိုရောက်ငြား ဘူတာရုံတွင် ခဏတဖြုတ်ထိုင်ခဲ့လေ့ရှိသည်။ သတ်မှတ်ထားသော နောက်ဆုံးရက်အတိုင်း အလုပ်များပြီးစီးနိုင်ရန်နှင့် စိတ်ဆတ်သည့် အလုပ်ရှင်၏ဒဏ်ခံရခြင်းများအပေါ် စိုးရိမ်ကာ ကျွန်မ၏နှလုံးခုန်သံများ မြန်လာသည်။
စိတ်ဓာတ်ကျဖွယ်အလုပ်လုပ်ရမည့် နောက်တစ်ပတ်တာကို စတင်ရန်မှာ အချို့သူများအတွက် ခက်ခဲလှသည်။ အလုပ်တွင် စိတ်သောကရောက်ရပြီး အသိအမှတ်ပြုမခံရဟု ခံစားရတတ်သည်။ ရှောလမုန်မင်းကြီးက “လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလန်းသောအမှုအလုံးစုံတို့၌ အဘယ် အကျိုးရှိသနည်း။ သူ၏နေ့ရက်အပေါင်းတို့သည် ၀မ်းနည်းခြင်း၊ သူ၏ အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏” ဟု အလုပ်၏ပင်ပန်းခက်ခဲမှုကို ဒေသနာကျမ်း ၂:၂၂-၂၃ တွင် ရေးသားခဲ့သည်။
ဉာဏ်ပညာကြီးသည့်မင်းက စိတ်ဖိစီးမှုနည်းအောင် (သို့) လုပ်ရကျိုးနပ်သည့်အလုပ်မျိုးအတွက် နည်းလမ်း မပေးခဲ့သော်လည်း မိမိအမြင်ကို ပြောင်းလဲရန် သူပြောခဲ့သည်။ မိမိ၏အလုပ်က မည်မျှပင် ခက်ခဲပါစေ၊ ဘုရား၏မစမှုဖြင့် အလုပ်၌ စိတ်ကျေနပ်မှုရှာဖွေရန်…
Gehenna (ငရဲ)မှ မျှော်လင့်ခြင်း
၁၉၇၉ ခုနှစ်က ရှေးဟောင်းသုတေသနပညာရှင် Gabriel Barkay (ဂေဘရယ် ဘာကေး)သည် ငွေရောင်စာလိပ်လေးနှစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ သတ္တုစာလိပ်လေးများကို ပုံမပျက်ဖွင့်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး၊ စာလိပ်တစ်လိပ်စီတွင် “ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။ ထာဝရဘုရားသည် သင်၌ မျက်နှာတော်အလင်းကို လွတ်၍ ကရုဏာကျေးဇူး ပြုတော်မူပါစေသော၊ ထာဝရဘုရားသည် သင့်ကို မျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော” ဟူသည့် ဟေဗြဲဘာသာဖြင့် ရေးထားသည့် တောလည်ရာကျမ်း ၆:၂၄-၂၆ ကို တွေ့ရှိခဲ့သည်။ စာလိပ်များသည် ဘီစီ (၇) ရာစုကဟု ကျမ်းပညာရှင်များ သတ်မှတ်ခဲ့ပြီး ၎င်းတို့သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးကျမ်းပိုဒ်လေးများဖြစ်သည်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းသည်မှာ ၎င်းတို့ကို တွေ့ရှိခဲ့သည့်နေရာ ဖြစ်သည်။ ဘာကေး တူးဖော်ခဲ့သည့်နေရာမှာ ပရောဖက်ဟေရှာယက ယုဒလူမျိုးများ သူတို့၏သားသမီးများကို ပူဇော်ခဲ့ခြင်းကြောင့် ၎င်းတို့ကို ဘုရားသခင်ပယ်ရှင်းမည်ဟု မိန့်မှာခဲ့သည့် ဟိန္နံုချိုင့်ဝှမ်းရှိ လှိုဏ်ဂူအတွင်းတွင်ဖြစ်သည် (ယေ…
ပြေးပြိုင်ပွဲ၌ ပါဝင်ဆင်နွဲပါ
National Football League (NFL - အမျိုးသားဘောလုံးအဖွဲ့ချုပ်)၏ အားကစားသမားများ၏ အားကစားသက်တမ်းသည် မှတ်သားလောက်အောင် တိုတောင်းလှသည်။ statista.com ၏လေ့လာချက်အရ ပျှမ်းမျှ (၃.၃) နှစ်သာရှိသည်။ NFL နောက်တန်းကစားသမား Tom Brady (တွမ်ဘရက်ဒီ)ကမူ ၂၀၂၁ ခုနှစ်၊ သူ့အသက် (၄၄) နှစ်၌ သူ၏ (၂၂) နှစ်မြောက် ဘောလုံးရာသီကို စတင်ကစားခဲ့သည်။ အဘယ့်ကြောင့်နည်း။ အစာကို စနစ်တကျ ထိန်းချုပ်စားသောက်ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းတို့ကြောင့် သူ၏အားကစားအရည်အသွေးကို ထိန်းသိမ်းနိုင်ခြင်းဖြစ်နိုင်သည်။ ဘရက်ဒီဆွတ်ခူးခဲ့သည့် ‘Super Bowl’ ဆုကြီး (၇) ခုကြောင့် သူ့အား NFL မှ ‘G.O.A.T. - greatest of all time’ (ရာသက်ပန်အကောင်းဆုံး အားကစားသမား)ဆုကို ချီးမြှင့်ခဲ့သည်။ သူ့ဘဝတွင် ဘောလုံးကစားခြင်းတစ်ခုတည်းကိုသာ အာရုံစူးစိုက်ပြီး မကစားခဲ့ပါက…
နာကျင်မှုများမှ ဘုရားကယ်နုတ်တော်မူသည်
သူမ၏သွားကုသရေးဆိုင်ရာပစ္စည်းများကို သူ့သူငယ်ချင်းက ကားပေါ်သို့တင်နေ သည်ကို အောလစ်ဖ် ကြည့်နေမိသည်။ လုပ်ဖော်ကိုင်ဖက်သွားဆရာဝန်က သူမ၏ ပစ္စည်းများကို ပြန်ဝယ်လိုက်ခြင်းဖြစ်သည်။ သူ့ကိုယ်ပိုင် သွားကုသရေးလုပ်ငန်း လုပ်ကိုင်ရန်မှာ အောလစ်ဖ် နှစ်ပေါင်းများစွာ မက်ခဲ့သောအိပ်မက်ဖြစ်သည်။ သို့သော် သူမ၏သားလေးခိုင်းလ်မှာ မွေးရာပါ ကိုယ်ခန္ဓာဟန်ချက် မထိမ်းနိုင်သည့် ရောဂါ (cerebral palsy)နှင့် မွေးလာသဖြင့် သားလေးကို ပြုစုရန် သူ၏အလုပ်ကို ရပ်ဆိုင်းရတော့မည်ဟု သူသဘောပေါက်လိုက်သည်။
“ကျွန်မမှာ ဘဝတစ်သန်းရှိရင်လည်း အဲဒီလိုပဲ ရွေးချယ်မိမှာပဲ။ သွားကုသခြင်း အလုပ်ကို စွန့်လွှတ်ဖို့ တကယ်ခက်ခဲပါတယ်။ အဲဒါက ကိုယ့်အိပ်မက်သေသွားတာလေ” ဟု သူငယ်ချင်းက ကျွန်မကို ပြောသည်။
မိမိနားမလည်နိုင်သည့် အခက်အခဲများကို ကျွန်မတို့မကြာခဏ ဖြတ်သန်းကြရသည်။ အောလစ်ဖ်အနေဖြင့် မမျှော်လင့်ဘဲ သူ၏သားငယ်ရောဂါခံစားရသည်ကို ကြုံတွေ့ရပြီး သူမျှော်လင့်ချက်ကို ရင်နာစွာဖြင့် စွန့်လွှတ်ခဲ့ရသည်။ နောမိအတွက် သူမ၏မိသားစုတစ်ခုလုံး ဆုံးရှုံးရခြင်းက အလွန်ရင်နာစရာဖြစ်သည်။ “အနန္တတန်ခိုးရှင်သည်…
စိတ်ရှုပ်စရာများကို မဟုတ်၊ ခရစ်တော်ကိုသာ နားစွင့်ပါ
တီဗွီသတင်းကို နေ့စဉ်နာရီပေါင်းများစွာ ကြည့်ရှုသော သက်ကြွယ်တစ်ဦးသည် ကမ္ဘာကြီးအပိုင်းပိုင်းပြိုပျက်ပါက သူလည်း ထိုအထဲတွင် ပါသွားမည်ကိုတွေးပြီး စိတ်သောကရောက်နေ၍ “ကျေးဇူးပြုပြီး တီဗွီကို ပိတ်လိုက်ပါ။ နားမထောင်နဲ့တော့လေ” ဟု အရွယ်ရောက်သူ သမီးက မေတ္တာရပ်ခံသည်။ သို့သော် ထိုလူကြီးသည် လူမှုမီဒီယာများနှင့် အခြားသတင်းဌာနများကို ဆက်လက်ကြည့်မြဲကြည့်လေသည်။
ကျွန်ုပ်တို့ အာရုံစိုက်နားထောင်သည့်အရာသည် လေးနက်အရေးကြီးပါ သည်။ ဤအချက်ကို သခင်ယေရှုနှင့် ပိလတ်မင်းတို့ တွေ့ဆုံသည့်အဖြစ်အပျက်တွင် တွေ့ရသည်။ ဘာသာရေးခေါင်းဆောင်များက သခင်ယေရှုအား ရာဇဝတ်ပြစ်မှုဖြင့် တရားစွဲသဖြင့် ပိလတ်မင်းက ကိုယ်တော်ကို ခေါ်ပြီးလျှင် “သင်သည် ယုဒရှင်ဘုရင် မှန်သလော” (ယော ၁၈:၃၃) ဟုမေးရာ၊ သခင်ယေရှုကလည်း “မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော။ သို့မဟုတ် သူတစ်ပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလော” (:၃၄)ဟု အံ့ဩဖွယ်ထူးခြားသည့်မေးခွန်းကို ပြန်လည် မေးမြန်းခဲ့သည်။
ထိုကဲ့သို့သောမေးခွန်းက ကျွန်ုပ်တို့ကိုလည်း စစ်ဆေးနေသည်။ ထိတ်လန့်စရာများဖြင့်…