ဘုရားသခင်၏ပြင်ဆင်ထောက်ပံ့ပေးမှု
သုံးနှစ်သား ဘာဒီနှင့် သူ့မိခင်သည် အစားအသောက်အမှုတော်၏ ကုန်တင်ကားပေါ်မှ စားသောက်ကုန်များကို ကူချပေးရန်အတွက် အပတ်စဥ် ဘုရားကျောင်းသို့သွားကြသည်။ သူ့အမေက အဖွားဖြစ်သူအား ပစ္စည်းလာပို့မည့်ကား ပျက်ကြောင်းပြောသံကို ဘာဒီကြားသွားသောအခါ “အိုး သွားပါပြီ။ အစားအသောက်တွေဘယ်လိုဝေကြတော့မှာလဲ” ဟုပြောပါသည်။ ထရပ်ကား အသစ်ဝယ်ရန် အသင်းတော်မှ အလှူငွေရှာရမည်ဟု သူ့မိခင်က ရှင်းပြသည်။ ဘာဒီသည် ပြုံးပြီး “သားမှာ ပိုက်ဆံရှိတယ်”ဟုပြော၍ အခန်းထဲမှ ထွက်သွားပြီး၊ အကြွေစေ့များနှင့်ပြည့်နေသော ရောင်စုံကပ်ခွာများဖြင့် အလှဆင်ထားသည့် ပလတ်စတစ်ဘူးကို ယူလာသည်။ အကြွေစေ့က ၃၈ ဒေါ်လာကျော်မျှရှိသည်။ ဘာဒီ၌ ငွေများများစားစား မရှိသော်လည်း အသင်းတော်အနေဖြင့် ပတ်ဝန်းကျင်၌ ဆက်လက်အမှုတော်ဆောင်နိုင်ရေး ဘုရားသခင်က သားလေးဆက်ကပ်ပေးခဲ့သော အလှူငွေအပြင် အခြားသူများ၏မစပါဝင်မှုတို့ဖြင့် အအေးခန်းထရပ်ကားအသစ်တစ်စီး ဝယ်ယူနိုင်ခဲ့သည်။
ရက်ရောစွာပေးကမ်းသော ပမာဏအနည်းငယ်သည် ဘုရားသခင်လက်ဝယ် ရောက်ရှိသွားသောအခါ လုံလောက်သည်ထက် အမြဲပိုလျှံနေပါသည်။ ဓမ္မရာဇဝင်စတုတ္ထစောင် ၄ တွင် ဆင်းရဲသောမုဆိုးမသည်…
အခြားသူများနှင့်အတူလျှောက်လှမ်းခြင်း
ချစ်စရာကောင်းပြီး သစ္စာရှိသောခွေးလေး Billy (ဘီလီ)သည် ၂၀၂၀ ခုနှစ်တွင် အင်တာနက်ပေါ်တွင် ထင်ပေါ်နာမည်ကြီးလာခဲ့သည်။ ၎င်း၏သခင် Russell (ရပ်ဆဲလ်)သည် ခြေကျင်းဝတ်ထိခိုက်သဖြင့် လမ်းလျှောက်ရာ၌ ချိုင်းထောက်ကို အသုံးပြုရသည်။ မကြာပါ။ ခွေးလေးသည် သူ့သခင်နှင့်အတူ လမ်းလျှောက်သောအခါ ထော့နဲ့ထော့နဲ့နှင့် လျှောက်လာပါတော့သည်။ ရပ်ဆဲလ်သည် စိတ်ပူကာ ဘီလီအား တိရစ္ဆာန်ဆေးကုဆရာဝန်ထံ ခေါ်ဆောင်သွားရာ၊ ဆရာဝန်က သူ၌ မည်သည့်ရောဂါမှ မရှိကြောင်း ပြောခဲ့သည်။ သူတစ်ကောင်တည်းရှိနေလျှင် လွတ်လွတ်လပ်လပ် အကောင်းအတိုင်း ပြေးဆော့သည်။ သူ့သခင်နှင့် လမ်းလျှောက်သည့်အခါ၌သာ ဟန်ဆောင်ကာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်ခြင်း ဖြစ်သည်။ ၎င်းသည် တစ်စုံတစ်ယောက်၏နာကျင်မှုကို အမှန်တကယ် ခွဲခြားသိမြင်နိုင်အောင် ကြိုးစားခြင်းပင်ဖြစ်ပါသည်။
ရောမမြို့ရှိအသင်းတော်သို့ရေးပို့သော တမန်တော်ပေါလု၏လမ်းညွှန်ချက်တွင် အခြားသူများနှင့်အတူတွဲဘက်ကာ အသက်ရှင်ခြင်းသည် ဦးဆုံးလုပ်ရမည့်ညွှန်ကြားချက်ဖြစ်သည်။ ပညတ်တော် (၁၀) ပါး၏ နောက်ပိုင်း (၅) ချက်ကို “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” (ရော…
မှောင်မိုက်သောကာလ၊ လေးနက်သောဆုတောင်း
“ဆိုးဝါးမှောင်မိုက်တဲ့အခိုက်အတန့်ကို ကျွန်မကြုံတွေ့ခဲ့ရတယ်။” ဤစကားသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားသော ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း နာမည်ကျော် အနုပညာရှင်တစ်ဦး၏ စိတ်တွင်းမှပြင်းပြသော ဝေဒနာကို ထင်ဟပ်ဖော်ပြသည်။ အသစ်သောလူမှုဘဝဖြင့် ပုံမှန်နေသားကျရန် ချိန်ညှိနေထိုင်ရခြင်းသည် သူမအတွက် စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ခဲ့ပြီး၊ အခြေအနေ ကမောက်ကမဖြစ်နေချိန်တွင် မိမိကိုယ်ကိုအဆုံးစီရင်ရန် အတွေးများဖြင့် ရုန်းကန်ခဲ့ရကြောင်းကို သူမ ဝန်ခံခဲ့သည်။ အောက်သို့ကျဆင်းနေသောအဖြစ်မှ လွတ်မြောက်ရန်ကြိုးစားရာ၌ သူမကို ဂရုပြုသည့် မိတ်ဆွေတစ်ဦးနှင့် အခက်အခဲများကို ရင်ဖွင့်ဝေမျှခဲ့ရသည်။
ကျွန်ုပ်တို့အားလုံးသည် ဗြောင်းဆန်နေသော အချိန်၊ နေ့ရက်၊ ရာသီတို့ကြောင့် ထိခိုက်လွယ်ကြသည်။ ဒုက္ခချိုင့်ဝှမ်းများနှင့် ခက်ခဲသောနေရာများသည် ကျွန်ုပ်တို့အတွက် အဆန်းမဟုတ်သော်လည်း ထိုနေရာများမှ ရုန်းထွက်ရန် ခက်ခဲနိုင်ပါသည်။ စိတ်ကျန်းမာရေးပညာရှင်များ၏ အကူအညီကို ရံဖန်ရံခါ လိုအပ်နိုင်ပါသည်။
ဆာလံကျမ်း ၁၄၃ ၌ ဘဝ၏ ဆိုးဝါးမှောင်မိုက်သောကာလတစ်ခုတွင် ဒါဝိဒ်၏ ဆုတောင်းခြင်းကို ကျွန်ုပ်တို့ ကြားသိရပြီး ထိုအရာအားဖြင့် သွန်သင်ခြင်းခံရသည်။ အဖြစ်အပျက်အတိအကျကို…
လက်ဝါးကပ်တိုင်သင်္ကေတကို ကျော်၍
၂၀ စုနှစ်အလယ်ခန့်တွင် အိန္ဒိယနိုင်ငံအလယ်ပိုင်းဒေသ၌ ခရစ်ယာန် မဟုတ်သူများနှင့် ခရစ်ယာန်များကြားတွင် ကြီးမားသော တင်းအားရှိခဲ့သည်။ လူငယ်တစ်ဦးသည် သုံးထပ်တိုက်ပေါ်တက်ပြီး ခေါင်မိုးပေါ်မှ ကားတိုင်ကို အရင်းမှဆွဲနှုတ်ကာ ဖျက်ဆီးပစ်ရန် စေခိုင်းခြင်းခံရသည်။ ထိုသို့သူပြုသော်လည်း မအောင်မြင်ဘဲ သူသည် ခေါင်မိုးပေါ်မှ အောက်သို့ပြုတ်ကျပြီးဒဏ်ရာအကြီးအကျယ်ရခဲ့သည်။ သူ့အား ဆေးရုံသို့ ခေါ်ဆောင်သွားပြီး သခင်ယေရှုကို ယုံကြည်သည့် လူနာတစ်ဦး၏ အနီးရှိ ကုတင်တွင် နေရာရခဲ့သည်။
ထိုယုံကြည်သူက ဒဏ်ရာရသူအား ကားတိုင်သည် မည်သည့်အရာကို ကိုယ်စားပြုကြောင်းနှင့် ကားတိုင်ပေါ်တွင် သခင်ခရစ်တော် သူ့အတွက် ဘာပြုပေးသည်ကို ပြောပြသောအခါ သူ့နှလုံးသား တို့ထိခြင်းခံရသည်။ “သခင်ယေရှု၊ ကျွန်တော့်ကိုခွင့်လွှတ်ပါ။ ကျွန်တော်ဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူတို့ခိုင်းတာပါ”ဟု သူအော်ငိုခဲ့သည်။
ခရစ်ယာန်ဘာသာ၏သင်္ကေတကို လူတို့မည်သို့ပင် ဖျောက်ဖျက်ပစ်ရန် ကြိုးစားလုပ်ဆောင်လည်း ကားတိုင်တော်၏သတင်းစကားကို မတားဆီးနိုင်ပါ။ “လက်ဝါးကပ်တိုင်တော်တရားသည် ... ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏” (၁ ကော ၁:၁၈)ဟူ၍ ရှင်ပေါလု…
ပြင်းထန်သော ပြောင်းလဲမှုအစီအမံများ
အခမ်းအနားများ၌ ခင်းကျင်းလေ့ရှိသော တန်ဆာဆင်ထားသည့် လေးနှင့်မြှား ကျည်တောက်ကို အမေရိကန်နိုင်ငံ၊ မီရှီကန်ပြည်နယ်ရှိ ကျွန်ုပ်တို့၏အိမ်နံရံပေါ်တွင် နှစ်ပေါင်းများစွာ ချိတ်ဆွဲထားခဲ့သည်။ ထိုအမှတ်တရပစ္စည်းများကို အာဖရိကတိုက်ရှိ ဂါနာနိုင်ငံတွင် သာသနာပြုအဖြစ် အမှုတော်ဆောင်ခဲ့စဉ်က အဖေရရှိခဲ့ပြီး၊ သူ့ထံမှ ကျွန်ုပ်အမွေရခဲ့ခြင်း ဖြစ်သည်။
တစ်နေ့တွင် ဂါနာလူမျိုး သူငယ်ချင်းတစ်ဦး အိမ်လာလည်ခိုက် ထိုလေးကိုမြင်သောအခါ သူ့မျက်နှာ၌ ထူးဆန်းသောအသွင်အပြင် ဖြစ်သွားသည်။ ထိုလေးတွင် ချည်ထားသော ထူးဆန်းသည့် ပစ္စည်းလေးတစ်ခုကိုညွှန်ပြပြီး “ဒါက အဆောင်တစ်ခုပဲ၊ မှော်မန္တန်ပဲ။ အဲ့မှာ တန်ခိုးအစွမ်း မရှိတာ ငါသိပေမဲ့ ငါသာဆို ငါ့အိမ်မှာ မထားဘူး” ဟုပြောသည်။ ကျွန်ုပ်တို့လည်း လျင်မြန်စွာ ထိုအဆောင်ကို လေးမှဖြတ်ထုတ်ပြီး လွှင့်ပစ်လိုက်သည်။ ထာဝရဘုရားသခင်မှလွဲ၍ အခြားသောအရာများကို ကိုးကွယ်ရန် ရည်ရွယ်သည့် မည်သည့်အရာကိုမျှ ကျွန်ုပ်တို့အိမ်တွင် မရှိစေချင်ပါ။
ယေရုရှလင်မြို့ရှိ ယောရှိမင်းသည် ဘုရားသခင်က သူ၏လူများအပေါ်ထားသော အကြံအစည်တော်များကို မသိဘဲ…
ကြွယ်ဝမှုက လိုအပ်မှုကို ပြည့်စေမည်
ကျောင်းစားသောက်ဆိုင်များသည် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့ စားစရာများ မည်မျှလိုအပ်မည်ကို မခန့်မှန်းနိုင်သဖြင့် အစားအသောက်ကို လိုအပ်သည်ထက် ပိုပြင်ဆင်ထားလေ့ရှိသဖြင့် အစားအသောက်အကျန်များသည် အလကားဖြစ်ရသည်။ တစ်ချိန်တည်းမှာပင် အိမ်၌စားစရာလောက်ငစွာ မရှိသဖြင့် ပိတ်ရက်များတွင် ဆာလောင်နေသည့် ကျောင်းသားများရှိနေသည်။ အမေရိကန်နိုင်ငံရှိ ခရိုင်တစ်ခုမှ ကျောင်းတစ်ကျောင်းသည် ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းတစ်ခုနှင့် လက်တွဲကာ ဤပြဿနာအတွက် အဖြေရှာခဲ့သည်။ ၎င်းတို့သည် အစားအသောက်အကျန်များကို ထုပ်ပိုးပြီး ကျောင်းသားများအား ပေးလိုက်ခြင်းဖြင့် အစားအသောက်များ အလဟဿဖြစ်ခြင်းနှင့် ငတ်မွတ်သည့်ပြဿနာကို တစ်ပြိုင်နက်တည်းတွင် ဖြေရှင်းလိုက်နိုင်သည်။
ငွေကြေးပိုလျှံနေခြင်းသည် စားစရာများ ပိုလျှံနေခြင်းကဲ့သို့ ပြဿနာတစ်ရပ်ဖြစ်သည်ဟု လူအများက မယူဆကြသော်လည်း၊ ထိုကျောင်း၏လုပ်ဆောင်မှု၏ နောက်ခံ အခြေခံသဘောတရားသည် တမန်တော်ရှင်ပေါလုက ကောရိန္သုအသင်းတော်ထံသို့ ပေးပို့သောစာတွင် ဖော်ပြသကဲ့သို့ပင် ဖြစ်သည်။ မာကေဒေါနိရှိ အသင်းတော်များသည် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းကို ရှင်ပေါလုသိသဖြင့် ကောရိန္သုရှိအသင်းတော်အား ၎င်းတို့၏စည်းစိမ်ဖြင့် လိုအပ်နေသူများအား မစရန် ပြောကြားသည် (၂…
ကျွန်ုပ်တို့အတွက် တိုက်ပွဲဝင်သော ဘုရား
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ မိခင်တစ်ဦးသည် သူမ၏ကလေးငယ်ကို ကာကွယ်ရန် မည်သည့်အရာကိုမဆို လုပ်နိုင်ကြောင်း သက်သေပြခဲ့သည်။ သူမ၏ (၅)နှစ်အရွယ် သားလေးသည် အိမ်အပြင်၌ကစားနေစဉ် ကလေးငယ်၏ ကျယ်လောင်စွာအော်ဟစ်သံကို သူမ ကြားလိုက်ရ၍ အိမ်အပြင်သို့ အလျင်အမြန် ထွက်ကြည့်ရာ၊ သားလေး၏ မထင်မှတ်ထားသည့် “ကစားဖော်”မှာ ခြင်္သေ့တစ်ကောင် ဖြစ်နေသဖြင့် သူမ အလွန်ထိတ်လန့်သွားသည်။ ခြင်္သေ့ကြီးသည် ကလေးအပေါ်သို့ ရောက်နေပြီး ကလေး၏ခေါင်းမှာ ခြင်္သေ့၏ပါးစပ်အတွင်းသို့ ရောက်နေသည်။ ထိုအခါ မိခင်ဖြစ်သူသည် ဝံမကြီးကဲ့သို့ သူ့အတွင်းမှ ရှိသမျှအားအင်ကို စုစည်းကာ ခြင်္သေ့၏ပါးစပ်ကို ခက်ခက်ခဲခဲ ဆွဲဖြဲကာ သားကိုကယ်ရန် ကြိုးစားသည်။ ထိုမိခင်၏ သူရဲကောင်းဆန်သောလုပ်ရပ်သည် နှုတ်ကပတ်တော်၌ ဖော်ပြပါရှိသည့် ဘုရား သခင်သည် မိခင်တစ်ဦးကဲ့သို့ပင် သူ၏သားသမီးများပေါ် ခိုင်မြဲသော ချစ်ခြင်းမေတ္တာရှိပြီး ကာကွယ်ပေးနေကြောင်း ကျွန်ုပ်တို့အား သတိပေးအမှတ်ရစေသည်။
မိခင်လင်းယုန်က သားပေါက်ကလေးများကို ဂရုစိုက်သကဲ့သို့ ဘုရားရှင်သည်…
ယုံကြည်စိတ်ချရသော ချစ်ခြင်းမေတ္တာ
“ဒီအကြောင်းကို ဘာလို့မတွေးဘဲ မနေနိုင်တာလဲ”ဟု ဝမ်းနည်းမှု၊ အပြစ်ရှိသည်ဟုခံစားရမှု၊ ဒေါသစိတ်၊ နားမလည်နိုင်မှုများနှင့် ခံစားချက်က ရှုပ်ထွေးနေသည်။
လွန်ခဲ့သောနှစ်များစွာက နက်နဲပြီးနာကျင်ခံစားခဲ့ရသည့် အပြုအမူကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အရေးမထားဘဲ ငြင်းပယ်ခံရသည့် နောက်တွင် ကျွန်မနှင့်ရင်းနှီးသူတစ်ဦးနှင့် အဆက်အသွယ်ဖြတ်ရန် နာကျင်စွာ ဆုံးဖြတ်ခဲ့သည်။ ယနေ့တွင် သူမသည် မြို့သို့ပြန်ရောက်နေသည်ဟု ကြားပြီးနောက် ကျွန်မ၏ အတွေး၌ အတိတ်မှအဖြစ်အပျက်အဟောင်းများ ပြန်လည်အသစ်ဖြစ်လာသည်။
အတွေးများ တည်ငြိမ်ရန် ကျွန်မရုန်းကန်လျက်ရှိစဥ် ရေဒီယိုမှ သီချင်းတစ်ပုဒ်ကြားလိုက်ရသည်။ ထိုသီချင်းက သစ္စာဖောက်မှုအတွက် နာကျင်ခံစားရမှုကို ဖော်ကျူးထားသည်သာမက သစ္စာဖောက်သူ၌ ပြောင်းလဲမှုဖြစ်ပေါ်ပြီး၊ နာကျင်မှုပျောက်ကင်းပါစေဟု အလေးအနက် တောင့်တမှုကိုလည်း ဖော်ပြထားသည်။ ငြိမ့်ညောင်းသောအချစ်အလွမ်းသီချင်းက ကျွန်မ၏အနက်ရှိုင်းဆုံး တမ်းတမှုဆန္ဒစိတ်ကို ထင်ဟပ်နေသဖြင့် ခံစားရကာ ငိုမိပါသည်။
“မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့” ဟု ရှင်ပေါလုက ရောမသြဝါဒစာ ၁၂:၉ တွင် ရေးသားထားပြီး၊ မေတ္တာသည်…
မိဘမဲ့ မဟုတ်တော့ပါ
Guy Bryant (ဂိုင်းဘရိုင်ယန်)သည် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ပြီး ကိုယ်ပိုင်ကလေး မရှိပါ။ အမေရိကန်နိုင်ငံ၊ နယူးယော့မြို့တော်၏ ကလေးစောင့်ရှောက်ရေးဌာန၌ သူအလုပ်လုပ်သည်။ နေ့စဥ်နေ့တိုင်းတွင် ကလေးမွေးစား စောင့်ရှောက်ပေးနိုင်မည့်သူများ အလွန်အမင်းလိုအပ်နေမှုကို ကြုံတွေ့ရ၍ တစ်စုံတစ်ရာပြုလုပ်ရန် သူဆုံးဖြတ်လိုက်သည်။ ဆယ်စုနှစ်တစ်ခုကျော်မျှ ကလေး (၅၀)ခန့်ကို သူမွေးစားခဲ့ပြီး၊ တစ်ကြိမ်တွင် ကလေး (၉)ယောက်ကို တစ်ပြိုင်တည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။ “လှည့်ကြည့်လိုက်တိုင်း နေစရာလိုအပ်နေတဲ့ ကလေးတစ်ယောက်ကို အမြဲတွေ့တယ်။ သင့်ရဲ့နှလုံးသားနဲ့ သင့်အိမ်မှာ နေရာလေးပေးချင်တယ်ဆိုရင် သိပ်မစဥ်းစားနဲ့။ ပေးလိုက်ပါ။ လုပ်လိုက်ပါ”ဟု သူကရှင်းပြပြောပြသည်။ မွေးစားခံရပြီး အရွယ်ရောက်သွားကြသည့် ကလေးများ သူ့ဘဝနှင့်သူဖြစ်သွားသည့်တိုင် သူတို့၌ ဘရိုင်ယန်၏အိမ်သော့ ရှိနေဆဲဖြစ်သည်။ မကြာခဏဆိုသလို တနင်္ဂနွေနေ့များတွင် သူနှင့်နေ့လည်စာစားရန် သူတို့ပြန်လာကြသည်။ ဘရိုင်ယန်သည် ကလေးများစွာတို့အား ဖခင်မေတ္တာကို ပြသခဲ့သည်။
ဘုရားသခင်သည် မေ့လျော့ခံရသူများ၊ အပယ်ခံရသူများကို လိုက်လံရှာဖွေကြောင်း သမ္မာကျမ်းစာမှ ဖော်ပြထားသည်။ ယုံကြည်သူအချို့တို့အနေဖြင့် ၎င်းတို့ကိုယ်ကို…
ဘယ်လိုနေလဲ
မိမိဘဝ၏နောက်ဆုံးအချိန်၌ ရောက်ရှိနေသည်ကို ချာလာသိသည်။ ဆေးရုံကုတင်ထက် လဲလျောင်းနေစဥ် သူမ၏ခွဲစိတ်ဆရာဝန်နှင့် အလုပ်သင်ဆရာဝန်လေးများ အခန်းထဲသို့ ဝင်လာကြသည်။ နောက်ထပ်မိနစ်အတန်ကြာသည်အထိ ဆရာဝန်ကြီးက သူမကို ဂရုမစိုက်ဘဲ သူမ၏နောက်ဆုံးအခြေအနေကို အလုပ်သင်လေးများအား ရှင်းလင်းပြောပြသည်။ ပြီးမှ သူ့ဘက်လှည့်ကာ “ဘယ်လိုနေလဲ” ဟုမေးသည်။ ချာလာသည်အားနည်းစွာ ပြုံးလိုက်ပြီးမှ ဆရာဝန်အဖွဲ့အား သခင်ယေရှု၌ ရှိသည့် သူမ၏မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းကို နူးညံ့နွေးထွေးစွာ ပြောပြခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က သခင်ယေရှုသည် ကြည့်ရှုနေသည့် လူပရိသတ်၏ရှေ့မှောက်တွင် အဝတ်အချည်းစီးနှင့် ကားတိုင်ထက်တွင် ချိတ်ဆွဲခံရပြီး နှိမ့်ချကဲ့ရဲ့ခံရလျက် ချိုးဖျက်ခံခဲ့ရသည်။ သူ့ကိုညှဥ်းဆဲသူများအား သူလက်တုံ့ပြန်ပါသလား။ မတုံ့ပြန်ပါ။ “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ” (လု ၂၃:၃၄) ဟုသာ သခင်မိန့်တော်မူ၏။ မှားယွင်းစွာ စွပ်စွဲစီရင်ခံရပြီး ကားတင်သတ်ခံရသော်လည်း သူ့ရန်သူများ အတွက် သခင်ဆုတောင်းပေးခဲ့သည်။ ထို့နောက်…