အမျိုးအစား  |  odb

ကျေးဇူးတင်တယ်၊ ဒါပေမဲ့ ကျေးဇူးမတင်နိုင်ပါ

အိန္ဒိယနိုင်ငံရှိ အော်တစ်ဇင် (အထီးကျန်စိတ်ဝေဒနာရှင်) ကလေးများအတွက် တည်ထောင်ထားသော ခရစ်ယာန်ကျောင်းသည် အဖွဲ့အစည်းတစ်ခုမှ မြောက်များ စွာသောအလှူငွေကို လက်ခံရရှိခဲ့သည်။ အရှုပ်အရှင်းကင်းကြောင်း စုံစမ်းသိရှိရပြီးနောက် အလှူငွေကို လက်ခံခဲ့ကြသည်။ ထို့နောက် ယင်းအဖွဲ့အစည်းက ကျောင်းဘုတ်အဖွဲ့တွင် ပါဝင်ခွင့်ပေးရန် တောင်းဆိုလာရာ ကျောင်းတာဝန်ခံက ငွေများကို ပြန်ပေးလိုက်သည်။ ကျောင်း၏တန်ဖိုးထားမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းအပေးအယူ လုပ်ရန် သူမလက်မခံခဲ့ပါ။ “ဘုရားသခင်အလုပ်ကို ဘုရားနည်းလမ်းအတိုင်း လုပ်ဖို့က ပိုအရေးကြီးတယ်”ဟု သူမ ပြောခဲ့သည်။

အကူအညီပေးမည်ကို ငြင်းရသည့် အကြောင်းရင်းများစွာရှိပြီး ဖော်ပြပါ အကြောင်းရင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ကျမ်းစာ၌ အခြားအကြောင်းရင်းကို တွေ့ရသေးသည်။ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဣသရေလလူမျိုးများ ယေရုရှလင်မြို့သို့ပြန်ကြသောအခါ ဗိမာန်တော်ပြန်ဆောက်ရန် ကုရုမင်း စေခိုင်းခဲ့သည် (ဧဇ ၃)။ သူတို့၏အိမ်နီးချင်းများက “သင်တို့၏ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်းရှာကြ၏” (ဧဇ ၄:၂)ဟုဆိုကာ လာကူဆောက်ပေးလိုကြောင်းပြောကြသည်။ ဣသရေလခေါင်းဆောင်များက ငြင်းဆိုခဲ့ကြသည်။ အကူအညီကို…

ပုံသေနည်းမလိုပါ

ဂျန် ငယ်စဉ်က စိတ်စေတနာကောင်းသော သူမ၏ဥပုဒ်စာသင်ကျောင်းဆရာက အတန်းသားများကို ကျမ်းချက်များ အလွတ်ကျက်မှတ်ခြင်းနှင့် ဧဝံဂေလိဝေငှနည်းတို့ ပါဝင်သော ဧဝံဂေလိသင်ခန်းစာကို သင်ကြားပေးခဲ့သည်။ သူမနှင့် သူငယ်ချင်းတစ်ဦးသည် အခြားသူငယ်ချင်းတစ်ဦးအား လက်တွေ့ပြောကြားခဲ့ပြီး အရေးကြီးသောအဆင့် (သို့) ကျမ်းပိုဒ်မေ့သွားမည်ကို စိုးရိမ်ခဲ့သည်။ ထိုညနေက သူငယ်ချင်း၏ အသက်တာပြောင်းလဲခဲ့လား ဆိုသည်ကို ဂျန် မမှတ်မိပါ။ မပြောင်းလဲခဲ့ဟု ထင်ပါသည်။ ချဉ်းကပ်နည်းသည် ပုဂ္ဂိုလ်ရေးထက် ပုံသေနည်းနှင့် ပိုတူပုံရသည်။

နှစ်အတန်ကြာခဲ့ပြီး၊ ယခုတွင် ဂျန်နှင့်သူမ၏ခင်ပွန်းတို့သည် ဘုရားသခင်ကိုချစ်ခြင်းနှင့် ပို၍ ပျူငှာသည့်ပုံပေါ်သည့် နည်းလမ်းဖြင့် သူတို့၏ယုံကြည်ခြင်းကို သူတို့၏သားသမီးများအား စံနမူနာပြလျက် ဝေမျှနေပါသည်။ သားသမီးများကိုဘုရားသခင်အကြောင်း၊ သမ္မာကျမ်းစာအကြောင်း၊ သခင်ယေရှုနှင့်ကိုယ်တိုင် ဆက်သွယ်မှုအကြောင်းများ သင်ကြားပေးရန်အရေးကြီးကြောင်း သူတို့နားလည်ကြသည်။ သို့သော် ဘုရားသခင်နှင့်သမ္မာကျမ်းစာကို ချစ်မြတ်နိုးကြောင်း နေ့စဉ် စံနမူနာပြ အသက်ရှင်မှုဖြင့် သူတို့ပြသနေထိုင်သည်။ သူတို့သည် “လောက၏အလင်း” ဖြစ်ခြင်း၏အဓိပ္ပာယ် (မ ၅:၁၄)၊…

တရားမျှတခြင်းနှင့်ယေရှု

ရောမ၏ပထမဆုံးဧကရာဇ် Caesar Augustus (ဆီဇာအောဂတ်စတပ် - ကဲသာဘုရင်) (ဘီစီ ၆၃ မှ အေဒီ ၁၄)သည် တရားဥပဒေနှင့်အညီ အုပ်ချုပ်သူအဖြစ်ကျော်ကြားလိုခဲ့သည်။ သူသည် ကျွန်လုပ်အား၊ စစ်ရေးဖြင့် အောင်မြင်သိမ်းပိုက်ခြင်းနှင့် ငွေကြေးလာဘ်ပေးခြင်းဖြင့် သူ၏အင်ပါယာကို တည်ထောင်ခဲ့သော်လည်း တရားစီရင်‌ရေးဆိုင်ရာ ဆီလျော်ကောင်းမွန်သည့် နည်းနာများကို တရားဝင်အတည် ပြုသည်။ ယနေ့ကျင့်သုံးနေသည့် တရားမျှတမှုဖွဲ့စည်းပုံကိုရည်ညွှန်းသော တရား မျှတသောအမျိုးသမီးဖြစ်သည့် Iustitia (အိုင်ရက်စ်စတေးရှီးရား) နတ်ဘုရားမကို သူ့နိုင်ငံသားများအား ပေးခဲ့သည်။ မြေကြီးစွန်းတိုင်လွှမ်းမိုးမည့် ကြီးမြတ်သော၊ ကြာမြင့်စွာစောင့်ဆိုင်းရသော ဘုရင်မွေးဖွားလာမည့် ဗက်လင်မြို့သို့ မာရိနှင့်ယောသပ်ကို ပို့ဆောင်ခဲ့သည့် သန်းခေါင်စာရင်းကောက်ခြင်းကိုလည်း သူမိန့်မှာခဲ့သည် (မိ ၅:၂-၄)။

စစ်မှန်သောတရားမျှတမှုသည် မည်သို့မည်ပုံဖြစ်သည်ကို ပြသရန် ပို၍ကြီးမြတ် သောရှင်ဘုရင်တစ်ပါးက မည်သို့ရှင်သန်ပြီး မည်သို့အသေခံခဲ့မည်ကို သြဂတ်စတပ်နှင့် တစ်လောကလုံးက မမျှော်မှန်းနိုင်ခဲ့ပါ။ ရှေးရာစုနှစ်အစောပိုင်း၊ ပရောဖက်မိက္ခာ ပေါ်ထွန်းသည့်ခေတ်က ဘုရားသခင်၏လူများသည် အနိုင်အထက်ပြုကာ…

အကောင်းအဆိုးအားလုံး

(၁၇) ရာစုက Oliver Cromwell (အော်လီဗာကော(မ်)ဝဲလ်)သည် “အင်္ဂလန်ကို ကာကွယ်သူ”ဟု လူသိထင်ရှားသော စစ်သေနာပတိဖြစ်သည်။ ထိုခေတ်အခါက အရေးကြီးပုဂ္ဂိုလ်များအတွက် သူတို့၏ပုံတူပန်းချီများ ရေးဆွဲလေ့ရှိကြသည်။ ထို့ပြင် လူတစ်ဉီး၏မျက်နှာရှိ ဆွဲဆောင်မှုအားနည်းသောရှုထောင့်ကို ရေးဆွဲရန် ရှောင်ရှားခြင်းသည် အနုပညာရှင်တစ်ဉီးအတွက် အဆန်းမဟုတ်ပါ။ သို့သော် ကော(မ်)ဝဲလ်က သူ့အား မြှောက်ပင့်မှုမျိုးကို မလိုချင်ခဲ့ပါ။ သူက ပန်းချီဆရာအား “မင်းက ငါ့အရှိအတိုင်းကိုပဲ ဆွဲရမယ်။ အကောင်းရောအဆိုးပါ အားလုံးနော်၊ မဟုတ်ရင် ငါမင်းကို အခကြေးငွေမပေးဘူး” ဟုသတိပေးခဲ့သည်။

ပန်းချီဆရာက လိုက်လျောခဲ့ပုံရပါသည်။ ကော(မ်)ဝဲလ်၏ပုံတူ ရေးဆွဲပြီး ချိန်တွင် မျက်နှာပေါ်မှ သိသာထင်ရှားသောကြွက်နို့များပါရှိပြီး၊ ယနေ့ခေတ် ဆိုလျှင် လူမှုမီဒီယာတွင် မတင်မီ ပုံပြင်မည် (သို့) ပိုလှအောင်ပြုလုပ်မည်မှာ အသေအချာပင်ဖြစ်သည်။

“အကောင်းအဆိုးအားလုံး” ဟူသောအသုံးအနှုန်းသည် လူတို့အား စိတ် အနှောင့်အယှက်ဖြစ်ရသည့် ၎င်းတို့၏ချို့ယွင်းချက်များ၊ သဘောထားများနှင့် ပြဿနာများစသည်ဖြင့် သူတို့၏အရှိကိုအရှိတိုင်း…

အချစ်သီချင်း

စနေနေ့မွန်းလွဲပိုင်းတွင် ငြိမ်သက်သောကမ်းနားပန်းခြံ၌ အပြေးသမားများ ဖြတ်ပြေးသွားသည်၊ ငါးမျှားတံများပတ်ချာလည်နေသည်၊ ပင်လယ်ဇင်ယော်များသည် ငါးကြွပ်၊ အာလူးကြော်အိတ်ခွံများကို ထိုးဆိတ်လုကာ လုံးထွေးနေပြီး ကျွန်ုပ်တို့ဇနီးမောင်နှံမှာ ထိုင်၍စုံတွဲတစ်တွဲကိုကြည့်နေသည်။ သူတို့က အသက် (၄၀) နှောင်းပိုင်းခန့် ဖြစ်မည်ဖြစ်ပြီး ကျွန်ုပ်နားမလည်သော ဘာသာ စကားဖြင့် စကားပြောဆိုနေကြသည်။ ထိုအမျိုးသမီးသည် စိတ်လေလွင့်ခြင်းမရှိဘဲ ၎င်းတို့၏ဘာသာစကားဖြင့် သူမအတွက် အချစ်သီချင်းသီဆိုနေသော အမျိုးသား၏မျက်လုံးများကို ငေးကြည့်နေသည်။ လေပြေများက ကျွန်ုပ်တို့ကြားနိုင်ရန် ထိုသံစဥ်ကို သယ်ဆောင်လာသည်။

ကြည်နူးစရာမြင်ကွင်းကြောင့် ဇေဖနိအနာဂတ္တိကျမ်းအကြောင်းကို ကျွန်ုပ်တွေးမိသည်။ အဘယ့်ကြောင့်နည်းဟု ပထမ သင်အံ့သြမိမည်။ ဇေဖနိခေတ်တွင် ဘုရားသခင်၏လူမျိုးသည် မှားယွင်းသောဘုရားများကို ကိုးကွယ်ဦးညွှတ်ခြင်းဖြင့် စတင်ပျက်စီးခဲ့သည် (၁:၄-၅)။ ဣသရေလလူမျိုး ပရောဖက်နှင့် ယဇ်ပုရောဟိတ်များသည် မောက်မာပြီး ဘုရားကို စော်ကားကြသည် (၃:၄)။ ဤကျမ်းအများစုတွင် ဣသရေလလူမျိုးအပေါ်သာမက ကမ္ဘာပေါ်ရှိ လူမျိုးများအားလုံးအပေါ်တွင် ဘုရားသခင်၏စီရင်ခြင်း လာတော့မည်ဖြစ်ကြောင်း ကြေညာထားသည် (:၈)။

သို့သော်…

မဆုံးဖြတ်နိုင်ခြင်းကိုကိုင်တွယ်ဖြေရှင်းခြင်း

စက္ကူလက်သုတ်ပဝါများမှသည် အသက်အာမခံကုမ္ပဏီအထိ ရွေးချယ်စရာ အမျိုးစုံ လှသည့်ကမ္ဘာကြီးတွင် ကျွန်ုပ်တို့နေထိုင်ကြသည်။ ၂၀၀၄ ခုနှစ်တွင် စိတ်ပညာရှင် Barry Schwartz (ဘယ်ရီရှဝဇ်)က ‘The Paradox of Choice’ (ရွေးချယ်မှု၏ ဝိရောဓိများ) ဟူသည့်စာအုပ်တွင် “လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်သည် ကျွန်ုပ်တို့၏ ကျန်းမာချမ်းသာရေးအတွက် အရေးကြီးသည်ဟု ငြင်းခုံစဥ်မှာပင် များစွာသောရွေးချယ်မှုက အလွန်အကျွံဝန်ပိခြင်းနှင့် မဆုံးဖြတ်နိုင်သည့် အခြေအနေသို့ တွန်းပို့သွားသည်” ဟုရေးသားခဲ့သည်။ မည်သည့်စက္ကူလက်သုတ်ပုဝါကို ဝယ်မည်ဟု ဆုံးဖြတ်ခြင်းက မပြောပလောက်သော်လည်း ဘဝ၌သက်ရောက်မှု ဖြစ်စေသည့် အဓိကဆုံးဖြတ်ချက်များချရန် ချီတုံချတုံဖြစ်ခြင်းသည် အားအင်ကုန်လျက် လူကိုချည့်နဲ့စေသည်။ ထို့ကြောင့် ရှေ့ဆက် သခင်ယေရှုအတွက် ယုံကြည်ချက်ရှိရှိ အသက်ရှင်ရန် ချီတုံချတုံဖြစ်လျက် မဆုံးဖြတ်နိုင်ခြင်းကို မည်သို့ကျော်လွှားနိုင်မည်နည်း။

ဆုံးဖြတ်ချက်ချရန်ခက်ခဲနေစဉ် ခရစ်တော်ကို ယုံကြည်သူများအနေနှင့် ဘုရားသခင်၏ဉာဏ်ပညာကို ရှာဖွေခြင်းက ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်စေပါသည်။ ဘဝ၌ အမှုကြီးငယ်မဟူအတွက် ဆုံးဖြတ်သည့်အခါ “ထာဝရဘုရားကို စိတ်နှလုံး…

ဖွင့်ပြခြင်းနှင့် ပြန်လည်သေချာစေခြင်း

၂၀၁၉ ခုနှစ်တွင် ကလေး ကျား/မ ကြေညာမှုများက ဇာတ်ဟန်ပါလှသည်။ ဇူလိုင်လတွင် ဗီဒီယိုတစ်ခု၌ ကားမှအပြာရောင်မီးခိုးများမှုတ်ထုတ်ပြီး ‘ယောက်ျားလေး’ဟု ဖော်ပြခဲ့သည်။ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ ပိုးသတ်ဆေးဖြန်းသည့်လေယာဥ်မှ ပန်းရောင်ရေများ ပက်ဖျန်းကာ ‘မိန်းကလေး’ဟုကြေညာသည်။ နောက်“ထုတ်ဖော်မှု”တစ်ခုမှာ ထိုကလေးများ ကြီးပြင်းလာမည့်ကမ္ဘာနှင့်ပတ်သက်ပြီး သိသာထင်ရှားသော အရာများကို ပြသခဲ့သည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ‘YouVersion’ မှ ၎င်း၏အွန်လိုင်းနှင့်ဖုန်းကျမ်းစာ app တွင် တစ်နှစ်တာလုံး မျှဝေမှု၊ အသားပေးဖော်ပြမှုနှင့် အမှတ်အသားပြုမှု အများဆုံး ကျမ်းချက်မှာ ဖိလိပ္ပိသြဝါဒစာ ၄:၆ ဟု ဆိုသည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့”။

ဤအရာမှဖွင့်ပြမှုတစ်ခုရရှိခဲ့ပါသည်။ ယနေ့တွင် လူသားများသည် ကိစ္စများ စွာအတွက် စိုးရိမ်သောကရောက်နေကြသည်။ သားသမီးတို့၏ လိုအပ်ချက်မှအစ မရေမတွက်နိုင်သောနည်းလမ်းဖြင့် မိသားစုများနှင့်မိတ်ဆွေများ…

သတ္တဝါအကြီးအငယ်အားလုံး

မီရှဲဂရန့်သည် တင်ဘာအမည်ရှိ ဗီဗာဖျံပေါက်လေးတစ်ကောင်ကို သူ့သဘာဝ ဝန်းကျင်သို့ ပြန်ပို့နိုင်ရေး လေ့ကျင့်ပေးခဲ့သည်။ ထို့နောက် ၎င်းကို ရေအိုင်တစ်ခု၌ လွတ်ပေးရာ သူက ကယက်လှေသို့ပြန်လာပြီး နှာခေါင်းနှင့်တို့သည်။ သို့သော် တစ်မနက်တွင် သူပြန်မလာပါ။ မီရှဲက သူလက်မလျော့လိုက်မီ ရေကန်၌ တင်ဘာကို ခြောက်နာရီကြာအောင် ‌ပိုက်စိပ်တိုက်ရှာခဲ့သည်။ ရက်သတ္တပတ်များ အကြာမှာတော့ ဖျံဦးခေါင်းခွံကို တွေ့ခဲ့ပြီး တင်ဘာ၏ဦးခေါင်းခွံဟု ယူဆရသောကြောင့် သူမ ငိုပါတော့သည်။

မီရှဲနှင့် တင်ဘာအတွက် ကျွန်တော့်စိတ်နှလုံးနာကျင်ရပါသည်။ “တော်တော့၊ မေ့ပစ်လိုက်တော့။ အဲ့အကောင်က ရေမှာနေတဲ့ ဖျံကြီးတစ်ကောင်ပဲ” ဟုကိုယ့်ကိုယ်ကိုယ်ပြောခဲ့လည်း ၎င်းကို ကျွန်တော်ဂရုစိုက်သလို ဘုရားသခင်လည်း ဂရုစိုက်ပါသည်။ ဘုရား၏ချစ်ခြင်းမေတ္တာသည် ကောင်းကင်အမြင့်ထိမီပြီး အသေးငယ်ဆုံး သတ္တဝါအထိ နက်နဲပါသည်။ ဖန်ဆင်းခြင်း၏တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ကျွန်ုပ်တို့အားလည်း ထိုတိရစ္ဆာန်များကို အုပ်စိုးစောင့်ထိန်းရန် မိန့်မှာ ထားပါသည် (က ၁: ၂၈)။ ဘုရားရှင်သည်…

လှပသောခြေဖဝါး

၁၉၉၄ ခုနှစ်တွင် John Nash (ဂျွန်နက်ရှ်)၏ သင်္ချာဘာသာရပ်ဆိုင်ရာ စွန့်ဦးရှေ့ဆောင်သည့်အလုပ်တစ်ခုမှာ အသိအမှတ်ပြုခံရပြီး သူသည် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရသည်။ အားပြိုင်မှုနှင့် စီးပွားဘက်ချင်းပြိုင်ဆိုင်မှု၏ ‌လှုပ်ရှားမှုသိပ္ပံကို သိနားလည်လျက် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ထိုကတည်းကပင် သူ၏ညီမျှခြင်းဆိုင်ရာသဘောတရားများကို အသုံးပြုခဲ့ကြသည်။ သူ့ဘဝအကြောင်း ရေးသားထားသောစာအုပ်ရှိပြီး ရုပ်ရှင်လည်း ရိုက်ကူးခဲ့သည်။ သူ့အား “လှပသောစိတ်” ရှိသူအဖြစ် ရည်ညွှန်းထားပါသည်။ သူ့ဦးနှောက်ဉာဏ်ရည်၏ အားကျဖွယ် ဆွဲဆောင်မှုတစ်ခုခုရှိခြင်းကြောင့်မဟုတ်ဘဲ ဦးနှောက်က ထုတ်ဖော်ခဲ့သောအမှုအရာအတွက်ကြောင့် ထိုသို့ရည်ညွှန်းထားခြင်းဖြစ်သည်။

ဓမ္မဟောင်းကျမ်း၏ပရောဖက်တစ်ပါးဖြစ်သော ဟေရှာယသည် ခြေထောက် ကို ဖော်ပြရန်အတွက် “တင့်တယ်” ဟူသောစကားကို အသုံးပြုထားသည်။ မြင်ရသော ရုပ်ရည်သွင်ပြင်ကြောင့် မဟုတ်ဘဲ ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာ၌ လှပမှုကို သူတွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။ “ဝမ်းမြောက်စရာသတင်းကို ... ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား” (ဟေရှာ ၅၂:၇)။ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုမရှိခြင်းကြောင့် ဗာဗုလုန်တိုင်းပြည်တွင် အနှစ်…

စောင့်ဆိုင်းလိုသောဆန္ဒ

စောင့်စားခြင်းသည် ကျွန်ုပ်တို့၏ငြိမ်သက်ခြင်းကိုခိုးယူသည့် တရားခံဖြစ်သည်။ ကွန်ပျူတာသိပ္ပံပညာရှင် Ramesh Sitaraman (ရာမက်ရှ်စီတာရာမန်)က “နှေးကွေးသော ဝက်ဘ်ဆိုဒ်တစ်ခုကိုဖွင့်ရန် စောင့်ဆိုင်းရခြင်းသည် အင်တာနက်အသုံးပြုသူများအား အရာအားလုံးအပေါ် စိတ်ပျက်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ကို လှုံ့ဆော်ပေးနေသည်” ဟုဖော်ဆိုထားသည်။ သူ၏သုတေသနစာတမ်းအရ ကျွန်ုပ်တို့သည် အွန်လိုင်းမှ ဗွီဒီယို တစ်ခုကြည့်ရန်အတွက် ပျမ်းမျှအချိန် (၂) စက္ကန့်သာ စောင့်လိုကြောင်း၊ (၅) စက္ကန့်အကြာတွင် မကြည့်ဘဲကျော်သွားသည့် ရာခိုင်နှုန်းမှာ (၂၅)% ရှိပြီး၊ (၁၀) စက္ကန့်အကြာတွင် အသုံးပြုသူတစ်ဝက်ခန့်သည် ဆက်မကြိုးစား ကြတော့ပေ။ ကျွန်ုပ်တို့သည် စိတ်မရှည်သူများဖြစ်သည်မှာ အသေအချာပင်။

ရှင်ယာကုပ်သည် သခင်ယေရှုကို ယုံကြည်သူများအား သခင်ဒုတိယအကြိမ် ကြွလာမည့်အချိန်ကို စောင့်မျှော်စဥ် သခင့်အား မစွန့်လွှတ်ရန် တိုက်တွန်းထားသည်။ ခရစ်တော်ပြန်ကြွလာခြင်းက ဆင်းရဲဒုက္ခရင်ဆိုင်ရချိန်တွင် မြဲမြံစေရန်နှင့် အချင်းချင်း တစ်ဉီးကိုတစ်ဉီး ရိုသေလေးစားကာ ချစ်ကြရန် သူတို့အတွက် မစအားပေးမှု ဖြစ်စေလိမ့်မည် (ယာ ၅:၇-၁၀)။…