ခေါင်းဆောင်နည်းတူ ကျင့်ပါ
စကားလုံး မပါ။ ဂီတနှင့်လှုပ်ရှားမှုသာရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြုလုပ်သည့် ၂၄ နာရီကြာ ဇွန်းဘားမာရသွန်ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝှမ်းလုံးမှ ထောင်နှင့်ချီသောလူများသည် အတူတကွလေ့ကျင့်ခန်းလုပ်ကြပြီး ဖန်သားပြင်မှ တစ်ဆင့် အိန္ဒိယ၊ တရုတ်၊ မက္ကဆီကို၊ အမေရိက၊ တောင်အာဖရိက၊ ဥရောပဒေသအချို့နှင့်အခြားဒေသများမှနည်းပြများနည်းတူ လိုက်လုပ်ခဲ့ကြသည်။ ဤကွဲပြားခြားနား သောပုဂ္ဂိုလ်များသည် ဘာသာစကား အဟန့်အတား မရှိဘဲ အတူလှုပ်ရှားခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ထိုနည်းပြများ အရူးအမူးဖြစ်နေသည့် ဇွန်းဘားကို ၁၉၉၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် ကိုလံဘီယာနိုင်ငံမှ အေရိုးဗစ်နည်းပြတစ်ဦးက စတင်တီထွင်ခဲ့ပြီး အချင်းချင်း ဆက်သွယ်ရာတွင် နှုတ်ဖြင့်မပြောဘဲ အချက်ပေးမှုများကို အသုံးပြုသောကြောင့် ဖြစ်သည်။ နည်းပြများက လှုပ်ရှား၍ဦးဆောင်သည်ကို သင်တန်းသားများက စကားလုံးတစ်လုံးမျှ မရွတ်ဘဲ၊ မအော်ဘဲ လိုက်လုပ်ကြသည်။
စကားလုံးများသည် တစ်ခါတစ်ရံတွင် အတားအဆီးများ ဖြစ်စေနိုင်သည်။ ကောရိန္သုအသင်းသားများထံသို့ ပေးပို့သည့် ပထမစာစောင်တွင် ပေါလုရေးထားသည့်အတိုင်း စကားများကြောင့် သူတို့ဇဝေဇဝါဖြစ်ပြီး…
ကြယ်များကို စိန်ခေါ်ခြင်း
အီတလီကဗျာဆရာ F. T. Marinetti (အက်ဖ် တီ မာရီနက်တီ)သည် အတိတ်ကိုပစ်ပယ်သော၊ အလှအပဆိုင်ရာ အစဥ်အလာအမြင်များကို သရော်သော၊ စက် ယန္တရားများကို အမွှမ်းတင်သော အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်သည့် အနာဂတ်ဝါဒကို ၂၀ ရာစုနှစ်အစောပိုင်းတွင် စတင်ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် မာရီနက်တီက သူ၏ ‘Manifesto of Futurism’ (အနာဂတ်ဝါဒကြေညာစာတမ်း)ကို ရေးခဲ့ပြီး ၄င်းတွင် သူသည် “အမျိုးသမီးများအား အထင်သေးခြင်း”ကို ဖော်ပြကာ “လက်သီးဖြင့် ထိုးနှက်ခြင်း”ကို ချီးကျူးပြောဆိုပြီး“ကျွန်ုပ်တို့က စစ်ကို အမွှမ်းတင်ချင်တယ်”ဟု အခိုင်အမာပြောဆိုခဲ့သည်။ “ကမ္ဘာကြီး၏အထွတ်အထိပ်၌ ရပ်နေလျက် ကျွန်ုပ်တို့ သည် ကြယ်တာရာများဆီသို့ ကျွန်ုပ်တို့၏မောက်မာသောစိန်ခေါ်မှုကို နောက်တစ်ဖန် ပစ်လွှတ်လိုက်သည်” ဟူသောစာကြောင်းဖြင့် ထိုစာတမ်းကို အဆုံးသတ်ခဲ့သည်။
မာရီနက်တီ၏ကြေညာစာတမ်း ထုတ်ဝေပြီး ၅ နှစ်အကြာတွင် ခေတ်သစ် စစ်ပွဲသည် အပြင်းအထန်စတင်ပါတော့သည်။ ပထမကမ္ဘာစစ်သည် ဂုဏ်အသရေ မရှိခဲ့ပါ။…
သင်ချစ်ရသူများကိုချစ်ပါ
အာမုတ်သည် မိမိမှန်သည်ဟု တစ်ထစ်ချယုံသည့် အပေါင်းအသင်းခုံမင်သူဖြစ်ပြီး ဒန်နီသည် မိမိကိုယ်ကိုမယုံကြည်မှုများနှင့် ဖိစီးမှုခံစားနေရသော တစ်ကိုယ်တည်း သမားဖြစ်သည်။ ဘာကြောင့်မှန်းမသိ၊ ဤတစ်မူထူးခြားသောအကျင့်စရိုက်ရှိသူ နှစ်ဦးသည် အချစ်ဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။ သူတို့သည် အတူတကွ ရယ်မောလျက်၊ သင်ယူလျက်ဖြင့် ဆယ်စုနှစ်တစ်ခုကို ကုန်လွန်စေခဲ့သည်။ သူတို့ လုပ်ခဲ့သောအလုပ်သည် တစ်နေ့တွင်နိုဘယ်ဆုရပါလိမ့်မည်။ သို့သော် အာမုတ်၏ တစ်ကိုယ်ကောင်းဆန်သော စရိုက်များကို သည်းမခံနိုင်တော့သော ဒန်နီက သူ့အား သူတို့သည် မိတ်ဆွေများမဟုတ်တော့ကြောင်း ပြောလိုက်သည်။
သုံးရက်ကြာပြီးနောက် အာမုတ်သည် ဖုန်းဆက်ကာ သတင်းဆိုးကို ပေးသိခဲ့သည်။ ဆရာဝန်များက သူ၌ ကင်ဆာရှိကြောင်းကို တွေ့ခဲ့ပြီး ၆ လသာအသက်ရှင်တော့မည်ဟုဆိုခဲ့သည်။ ဒန်နီသည် ကြေကွဲဝမ်းနည်းခဲ့ရသည်။ “ငါတို့ကဘာတွေလို့ မင်းဘယ်လိုပဲ ထင်ထင်၊ ငါတို့က သူငယ်ချင်းတွေပဲ”ဟု အာမုတ် ပြောခဲ့သည်။
ပေါလုသည် ခိုင်မာပြတ်သားသော အမြော်အမြင်ရှိသူဖြစ်ပြီး၊ ဗာနဗက စိတ်နူးညံ့၍ တိုက်တွန်းခွန်အားပေးတတ်သူဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်တော်သည်…
“မလုပ်နိုင်”ဟု လုံးဝမပြောပါနှင့်
ဂျန်သည် ခြေထောက်မပါပဲ မွေးဖွားလာခဲ့ပြီး ဆေးရုံ၌ စွန့်ပစ်ခံခဲ့ရသည်။ သို့ဖြစ်လျက်ပင် သူမက မွေးစားခံမည့်သူ စာရင်းသွင်းခံခဲ့ရခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်သည်ဟုဆိုသည်။ “ကျွန်မဒီလိုရပ်တည်နေနိုင်တာ ကျွန်မကို အားပေးခဲ့ကြတဲ့ သူတွေကြောင့်”ဟု သူမက ဆိုသည်။ “ဤကဲ့သို့မွေးဖွားလာခြင်းသည် အကြောင်းမဲ့ အကျိုးမဲ့ မဟုတ်ကြောင်း” သူမသဘောပေါက်လာစေရန် သူမ ၏မွေးစားမိသားစုက ကူညီပေးခဲ့သည်။ သူတို့က သူမအား “‘မလုပ်နိုင်’ ဟု လုံးဝ မပြောရန်” ပြုစုပျိုးထောင်ခဲ့ပြီး ကျွမ်းကျင်သောကျွမ်းဘားနှင့် ကောင်းကင်ဘားမယ် ဖြစ်လာခြင်းအပါအဝင် သူမ၏ဝါသနာများကို အားပေးခဲ့သည်။ သူမသည် စိန်ခေါ်မှုများအား “ငါဒါကို ဘယ်လိုဖြေရှင်းရမလဲ” ဟူသောအမြင်ဖြင့် ရင်ဆိုင်၍ အခြားသူများကိုလည်း ထိုကဲ့သို့ပြုရန် တိုက်တွန်းသည်။
ဘုရားသခင်က ပေးအပ်သောတာဝန်များကို ထမ်းဆောင်နိုင်စွမ်းမရှိဟုထင်ရ သူ (သို့) ထမ်းဆောင်ရန်မသင့်တော်ဟု ထင်ရသူများအကြောင်းကို သမ္မာကျမ်းစာထဲတွင် တွေ့ရသည်။ သို့သော် ဘုရားသခင်က သူတို့ကို အသုံးပြုလိုက်သည်သာ။ မောရှေသည် အကောင်းဆုံးပုံသက်သေဖြစ်သည်။…
ဘုရားသခင်ထံ တိုးဝင်ခြင်း
Harriet Tubman (ဟဲရီယက် တာ့မန်)သည် စာမရေးတတ် မဖတ်တတ်ပါ။ ဆယ်ကျော်သက်အရွယ်တွင် ကြမ်းကြုတ်သည့် ကျွန်ပိုင်ရှင်၏လက်ချက်ကြောင့် သူမဉီးခေါင်းတွင်ဒဏ်ရာရခဲ့ပြီး၊ ထိုဒဏ်ရာကြောင့် သူမဘဝတစ်လျှောက်လုံး (ဝက်ရူးပြန်) အတက်ရောဂါရပြီး အာရုံခံစားမှုကင်းမဲ့ခဲ့ရသည်။ သို့သော် ကျွန်ဘဝမှ သူလွတ်မြောက်လာသောအခါ အခြားလူသုံးရာခန့်ကို ကယ်တင်ရန် ဘုရားသခင် သူ့ကို အသုံးပြုခဲ့သည်။
လွတ်မြောက်သူများက သူမကို ‘မောရှေ’ ဟု ချစ်စနိုးခေါ်ခဲ့ကြသည်။ သူမသည် ပြည်တွင်းစစ်မဖြစ်မီ အခြားသူများကိုကယ်ရန် တောင်ပိုင်းဒေသသို့ ရဲရင့်စွာ ၁၉ ကြိမ် ခရီးနှင်ခဲ့သည်။ သူမ၏ခေါင်းမှဒဏ်ရာနှင့် အသက်အန္တရာယ် ရှိနေချိန်၌ပင် လုပ်ရမည့်အလုပ်ကို သူဆက်လုပ်ခဲ့သည်။ သစ္စာရှိသော သခင်ယေရှုကိုယုံကြည်သူတစ်ယောက်အနေဖြင့် သူမသည် ခရီးသွားတိုင်း ဓမ္မတေးစာအုပ်နှင့် ကျမ်းစာအုပ်ကို ယူသွားပြီး သူမအလွတ်ကျက်မှတ်ရန်နှင့် ကိုးကားပြောနိုင်ရန်ကျမ်းပိုဒ်များကို အခြားသူများက ဖတ်ပြခဲ့ရသည်။ “ကျွန်မအလုပ်အတွက် အချိန်တိုင်း ဆုတောင်းတယ်။ နေရာတိုင်းမှာ ကျွန်မအမြဲတမ်း သခင်နဲ့စကား ပြောတယ်” ဟု…
ဟန်ချက်ထိန်းသော ဘုရား
‘Pirouette’ (ပီရူအက် - ခြေဖျားထောက်၍လှည့်ခြင်း)သည် ဘဲလေးကချေသည်နှင့် ဘဲလေးအခြေခံ ခေတ်ပေါ်အက ကသူများ ကနိုင်သည့် ကြော့မော့သော ပတ်ချာ လည် လှည့်ခြင်းဖြစ်သည်။ ကျွန်မကလေးဘဝက အကသင်တန်းတွင် ထိုသို့လှည့်ရခြင်းကို နှစ်သက်ခဲ့သည်။ ခေါင်းမူးပြီး မြေပေါ်လဲကျသည်အထိ ချာချာလည် လှည့်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ကျွန်မ၏ဟန်ချက်ကို မပျက်စေဘဲ ထိန်းထားနိုင်သည့်နည်း ‘spotting’ (စပေါ့တင်း)ကို သင်ယူခဲ့သည်။ တစ်ပတ်ပြည့်သည်အထိ တစ်ခါလှည့်ပြီးတိုင်း ကျွန်မမျက်လုံးက ပြန်ရောက်ရမည့် အမှတ်တစ်ခုကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။ လှပကြော့မော့သည့် အဆုံးသတ်နှင့်ကျွမ်းကျင်စွာ လှည့်နိုင်ရန် ကျွန်မလိုအပ်သည့်အရာမှာ အာရုံစိုက်ရမည့် အမှတ်တစ်ခုရှိခြင်းပင်ဖြစ်သည်။
ဘဝ၌ ကျွန်မတို့အားလုံး အလှည့်အပြောင်းနှင့် ရင်ဆိုင်ကြရသည်။ ပြဿနာများကို အာရုံစိုက်နေသောအခါ မိမိတွေ့ကြုံနေရသည့်အရာများ ထိန်းမနိုင်ဖြစ်ကာ ခေါင်းချာရမ်းလျက် ဆိုးဝါးသည့်အရှုံးများသို့သာ ဦးတည်သွားခဲ့သည်။ ကျွန်မတို့၏စိတ်နှလုံးများ တည်ကြည်ပါက (သို့) ဘုရားကိုသာ ဗဟိုပြုထားပါက ‘ပြီးပြည့်စုံသော ငြိမ်သက်ခြင်း’ကို ပေးမည်ဖြစ်ကြောင်း ကျမ်းစာမှသတိပေးသည်…
လေပင့်အား
လေယာဉ်တင်သင်္ဘောကို ကျွန်ုပ်တို့သွားရောက်လေ့လာခဲ့စဉ် ဂျက်တိုက်လေယာဉ်မှူးက ယခုကဲ့သို့ တိုတောင်းသည့်လမ်းကြောင်းမှ လေယာဉ်များထွက်ခွာပျံသန်းနိုင်ရန် တစ်နာရီ ၅၆ ကီလိုမီတာ လေတိုက်နှုန်းကို လိုအပ်ကြောင်းရှင်းပြခဲ့သည်။တည်ငြိမ်သည့်လေကိုရရှိရန် ကပ္ပတိန်က သင်္ဘောကို လေလာရာဘက်သို့လှည့်ပြီးမောင်းရသည်။ “လေက လေယာဉ်ရဲ့အနောက်ကနေ လာသင့်တာမဟုတ်ဘူးလား” ဟုကျွန်ုပ်မေးရာ၊ လေယာဉ်မှူးက “မဟုတ်ဘူး။ ဂျက်လေယာဉ်တွေက လေထဲကို ပျံသန်းရမယ်။ ဒါဟာ လေပင့်အားကို ရရှိနိုင်မဲ့တစ်ခုတည်းသော နည်းလမ်းပဲ”ဟု ပြန်ဖြေခဲ့သည်။
ဘုရားသခင်သည် သူ၏လူမျိုးများကို ကတိတော်ပြည်ရှိ “လေ”ထဲသို့ ခေါ်ဆောင်သွားရန် ယောရှုအား ရွေးနှုတ်ခဲ့သည်တွင် သူလိုအပ်သည့်အရာနှစ်ခုရှိသည်။ သူ့အတွင်း၌ စိတ်ဓာတ်ခိုင်မာပြီး “အားယူ၍အလွန်ရဲရင့်ခြင်းရှိ”ရန် (ယောရှု ၁:၇)နှင့် အပြင်ပန်းတွင် စိန်ခေါ်မှုများကို သူလိုအပ်ခဲ့သည်။ ထိုစိန်ခေါ်မှုတွင် နေ့စဉ် ထောင်နှင့်ချီသော ဣသရေလလူများကို ဦးဆောင်ရခြင်း၊ မြို့ရိုး အခိုင်အခံ့နှင့် မြို့များကို ရင်ဆိုင်ရခြင်း (၆:၁-၅)၊ စိတ်ဓာတ်ကျစေသည့် ရှုံးနိမ့်မှုများ (၇:၃-၅)၊ အာခန်၏ခိုးမှု (:၁၆-၂၆)နှင့် အဆက်မပြတ်သောတိုက်ပွဲများ…
ကြည့်ရှုခံရသည်
ဦးဆောင်လမ်းပြခြင်းနှင့်ပတ်သက်သည့် ဆောင်းပါးတွင် ခေါင်းဆောင်များသည် ပံ့ပိုးရန်၊ စိန်ခေါ်ရန်နှင့် လှုံ့ဆော်မှုပေးရန် လိုအပ်ကြောင်း Hannah Schell (ဟယ်နာရှဲလ်) ရှင်းပြခဲ့သည်။ သို့သော် “အဓိကအားဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက် သည် သင့်ကိုကြည့်ပြီး မြင်ခြင်းဖြစ်သည်။ ... ဆုလာဘ်နှင့် ကျော်ကြားမှုကြောင့် အသိအမှတ်ပြုခြင်း မဟုတ်ဘဲ ရိုးရှင်းစွာ ‘အကြည့်ခံရ’ပြီး အသိအမှတ်ပြုခံရခြင်းသည် အခြေခံကျသည့် လူသားတိုင်း၏လိုအပ်ချက်ဖြစ်သည်။ “အသိအမှတ်ပြုခံရခြင်း၊ သိကျွမ်းခြင်း၊ ယုံကြည်စိတ်ချမှုခံရခြင်း”ကို လူသားများလိုအပ်ပါသည်။
ဓမ္မသစ်ကျမ်းတွင် “သက်သာစေခြင်း၏သား”ဟု အဓိပ္ပာယ်ရသည့် ဗာနဗ သည် သူ့ပတ်ဝန်းကျင်ရှိ လူများကိုကြည့်တတ်သည့် အမြင်ရှိသည်။ တမန်တော်ဝတ္ထု ၉ တွင် အခြားသောတပည့်တော်တို့ကြောက်သည့် (:၂၆) ရှောလုကို ဗာနဗက အခွင့်အရေး ပေးချင်ခဲ့သည်။ ပေါလုဟုလည်းခေါ်သည့် (၁၃:၉) ရှောလုသည် ယုံကြည်သူများကို နှိပ်စက်ညှဥ်းဆဲသည့် ရာဇဝင်ရှိခဲ့သည် (၈:၃)။ ထို့ကြောင့် ပေါလုသည် တပည့်တော်အမှန်ဖြစ်သည်ဟု သူတို့မထင်ခဲ့ပါ…
ဉာဏ်ကြွယ်သော အကြံပေးချက်
၂၀၁၉ ခုနှစ် ဧပြီလတွင် ပဲရစ်မြို့ရှိ Notre-Dame (နော်ထရီဒမ်) ဘုရားကျောင်း၏ ခေါင်မိုးမီးလောင်စဉ် သက်တမ်းရင့်သစ်သားချပ်များကို မီးကူးပြီး မီးဖိုကြီးသဖွယ် ဖြစ်ကာ ပူလွန်း၍ မီးကိုမထိန်းနိုင်ခဲ့ပါ။ ဘုရားကျောင်းကြီး၏ခေါင်မိုးချွန် ပြိုကျသွားပြီးနောက် ခေါင်းလောင်းစင်ကြီးများသို့ လူတို့အာရုံရောက်သွားသည်။ ကြီးမား သော စတီးခေါင်းလောင်းကြီး၏ သစ်သားအကာအရံများမီးလောင်ပြီး ပြိုကျသွားလျှင် တာဝါနှစ်ခုလုံးပါပြိုကာ ဘုရားကျောင်းကြီး တစ်ခုလုံးပျက်စီးသွားမည်။
ပဲရစ်မီးသတ်ဌာန၏ခေါင်းဆောင် ဗိုလ်ချုပ် Gallet (ဂါးလဒ်)သည် သူ၏ မီးသတ်သမားများကို ဘေးကင်းရာသို့ ဆွဲခေါ်ပြီး ဘာဆက်လုပ်ရမည်ကို စဉ်းစားခဲ့သည်။ မီးသတ်သမားတစ်ဦးဖြစ်သူ Remi (ရယ်မီ)က “တာဝါတွေရဲ့အပြင်ဘက်ကို မီးငြိမ်းဖို့ ဗိုလ်ချုပ်ကို လေးစားစွာနှင့် ကျွန်တော် အကြံပြုချင်ပါတယ်”ဟု သူ့ကိုပြောသည်။ မခိုင်ခံ့တော့သောအဆောက်အအုံ၏အခြေအနေကြောင့် ထိုအကြံကို ပယ်ချခဲ့သော်လည်း ရယ်မီက တတွင်တွင် ထပ်ပြောသည်။ မကြာမီ ဂါးလဒ်သည် ကိုယ့်ငယ်သားမီးသတ်သမား၏အကြံဉာဏ်ကို လက်ခံမလား။ (သို့) ဘုရားကျောင်း ကြီး ပြိုကျသည်အထိ…
တစ်လုံးတစ်ဝတည်း
သေးငယ်လှသော စိုက်ပျိုးမွေးမြူရေးအသိုင်းအဝိုင်းတွင် သတင်းပျံ့နှံ့မှုသည် လျင်မြန်လှသည်။ ဒေးဗစ်တို့မိသားစု ဆယ်စုနှစ်များစွာ ပိုင်ဆိုင်ခဲ့သည့် လယ်ခြံမြေကို ဘဏ်မှရောင်းထုတ်ခဲ့ပြီး နှစ်ပေါင်းများစွာအကြာတွင် ၎င်းခြံကို ပြန်ရောင်းမည်ဟု သူသိခဲ့ရသည်။ များစွာစွန့်လွှတ်အနစ်နာခံပြီး ချွေတာစုဆောင်းပြီးနောက် ဒေးဗစ်သည် ဒေသခံ တောင်သူနှစ်ရာနီးပါးရှိသော လူအုပ်နှင့်အတူ လေလံပွဲသို့ရောက်ရှိခဲ့သည်။ ဒေးဗစ်၏မဆိုစလောက်သော လေလံစျေးက အောင်ပါမည်လော။ သူသည် ပထမဆုံးလေလံစျေးကို ခေါ်လိုက်ပြီး လေလံတာဝန်ခံက စျေးပိုပေးမည့်သူကိုခေါ်သောအခါ သူအသက်ပြင်းပြင်းရှုမိသည်။ လူအုပ်ကြီးမှာ လေလံတူထုသံ မကြားရမချင်း ငြိမ်သက်နေသည်။ လယ်သမားများသည် သူတို့၏ငွေကြေးအကျိုးရရေးထက် ဒေးဗစ်တို့မိသားစု၏လိုအပ်ချက်ကို ဦးစားပေးခဲ့သည်။
ဤလယ်သမားများ၏ အနစ်နာခံသော ကြင်နာမှုလုပ်ရပ်သည် တမန်တော်ရှင်ပေါလုသွန်သင်သည့် ခရစ်တော်နောက်လိုက်သူများ အသက်ရှင်နေထိုင်ရမည့်နည်းလမ်းကို ပြသနေသည်။ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် မိမိကိုယ်ကို ကာကွယ်ရန် ရုန်းကန်နေမှုတို့ထက် တစ်ပါးသူ၏လိုအပ်ချက်ကို ဦးစားပေးပြီး “လောကီပုံသဏ္ဌာန် မဆောင်ကြ”ရန် (ရော ၁၂:၂) ရှင်ပေါလုက သတိပေးသည်။ ၎င်းအစား အခြားသူကို အစေခံရင်း…