သခင်ယေရှုအကြောင်း မျှဝေခြင်း
Dwight Moody (ဒွိုက်မူးဒီ) (၁၈၃၇-၉၉)သည် သခင်ခရစ်တော်ကို ယုံကြည်ခဲ့ပြီး မကြာမီမှာပင် ဘုရားသခင်၏သတင်းကောင်းကို မပြောဘဲ တစ်နေ့တာ မကုန်မလွန်စေရ၊ အနည်းဆုံး လူတစ်ဦးကိုသတင်းကောင်းပြောရန် စိတ်ပိုင်းဖြတ် ခဲ့သည်။ သူအလုပ်ရှုပ်သည့်နေ့များတွင် တစ်ခါတစ်ရံ သူသံန္နိဌာန်ကို အချိန် နောက်ကျမှ သတိရသည်။ တစ်ညတွင် သူ့အိပ်ယာထဲရောက်မှသတိရပြီး ထကာအိမ်အပြင်သို့ ထွက်လိုက်သည်။ မိုးရွာချိန်ဖြစ်၍ 'အပြင်၌ မည်သူမျှ ရှိမည် မဟုတ်' ဟု သူတွေးမိသည်။ ထိုအခိုက်တွင် လူတစ်ယောက်သည် လမ်းမအတိုင်း ဆင်းလာသည်ကို တွေ့လိုက်သဖြင့် သူ့ထံအပြေးသွားပြီး ထီးအတူဆောင်းခွင့် ပေးရန် ပြောလိုက်သည်။ ထီးအတူဆောင်းခွင့်ရသည်နှင့် "ဒီလိုမုန်တိုင်းတိုက်နေ ချိန်မှာ မိုးခိုစရာနေရာ တစ်နေရာရာ မရှိဘူးလားဗျာ၊ ပြီးတော့ မိတ်ဆွေကို သခင်ယေရှုအကြောင်း ပြောပြရမလား" ဟု မေးလိုက်တော့သည်။
အပြစ်၏အကျိုးဆက်မှ ဘုရားသခင် ကျွန်ုပ်တို့ကို မည်သို့ ကယ်တင်ခဲ့သည်ကို မျှဝေပြောပြရန် မူးဒီအဆင်သင့်ပြင်ဆင်ရှိနေခဲ့သည်။…
ကရုဏာတော်နှင့် ကျေးဇူးတော်
အဝေးပြေးလမ်းမဘေး အမြန်လမ်းကြောနှင့် ပေအနည်းငယ်အကွာတွင် နေကြာပန်းပင်တစ်ပင်သည် တစ်ပင်တည်းတည်း ငွားငွားစွင့်စွင့် ပွင့်လန်းနေ သည်။ ထိုနေရာကိုကားဖြတ်မောင်းသွားစဉ် ၎င်းအနီးဝန်းကျင်၌ မည်သည့် နေကြာပင်မှ မရှိပါဘဲလျက် မည်သို့ပေါက်နေပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ရှင်သန်ရန်ခဲယဉ်းသည့်နေရာ၊ ကျောက်စရစ်လွှမ်းသော ကားလမ်းနှင့်နီးလွန်းသည့်နေရာတွင် ရှင်သန်နေသည့်အပင်ကို ဘုရားသခင်သာ ဖန်ဆင်းပေးနိုင်မည်။ နေကြာပင်လေးက လေးပြေညင်းတွင် ယိမ်းနွဲ့လျက် အလျင်အမြန်သွားလာ နေသည့် ခရီးသွားများကို ရွှင်လန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်နေသည်။
ဓမ္မဟောင်းကျမ်းတွင် မထင်မှတ်ဘဲ အံ့ဖွယ်သစ္စာတည်သည့် ယုဒဘုရင် တစ်ပါးအကြောင်း ဖော်ပြထားသည်။ သူ၏ဘိုးတော်နှင့်ခမည်းတော်သည် အခြားတစ်ပါးသောဘုရားကို စိတ်အားကြီးစွာ ကိုးကွယ်ခဲ့သူများ ဖြစ်သည်။ သို့သော် ယောရှိမင်းသည် သူနန်းထိုင်ပြီး "အသက်တော်ငယ်စဉ် နန်းစံ ၈ နှစ် တွင် အဘဒါဝိဒ်၏ဘုရားသခင်ကိုဆည်းကပ်စပြု၏"(၆ ရာ ၃၄:၃)။ ထာဝရ ဘုရား၏အိမ်တော်ကိုပြုပြင်ရန် လုပ်ဆောင်မည့်သူများအား စေလွှတ်ပြီး(:၈) ၎င်းတို့ ဗိမာန်တော်ကိုပြုပြင်စဥ် မောရှေရေးသည့်ပညတ္တိကျမ်း (ဓမ္မဟောင်းမှ ပထမငါးကျမ်း)ကို…
ဧဝံဂေလိတရား၏တန်ခိုး
ရှေးခေတ်ရောမလူတို့၌ ၎င်းတို့၏ကိုယ်ပိုင် ဧဝံဂေလိသတင်းကောင်းရှိသည်။ ကဗျာစာဆို Virgil (ဗာဂျယ်လ်)၏အဆိုအရ နတ်ဘုရားများ၏ဘုရင် Zeus (ဇီးယက်စ်)သည် ရောမသားတို့အတွက် အကန့်အသတ်နယ်နိမိတ်အဆုံးမရှိသည့် နိုင်ငံတော်ကို ထုတ်ပြန်ခဲ့သည်။ နတ်ဘုရားများက ငြိမ်းချမ်းသာယာဝပြောသည့် ရွှေခေတ်ကို ဆောင်ကြဉ်းလျက် Augustus (သြဂတ်စတတ်)အား ဘုရားသား၊ လောက၏ ကယ်တင်ရှင်အဖြစ် ရွေးချယ်ခဲ့ကြသည်။
သို့သော် ၎င်းကို သတင်းကောင်းဟု လူတိုင်းမခံယူပါ။ လူများစွာတို့အတွက် ၎င်းသည် ဧကရာဇ်မင်း၏စစ်တပ်နှင့် လက်မရွံ့တပ်သားများ၏ ပြင်းထန်သော ဖိနှိပ်မှုကိုသာ အခိုင်အမာဖြစ်စေသည့် လူတို့မလိုလား၊ မကြိုဆိုသော အဖြစ်မှန် တည်း။ လူဟု တရားဝင် အသိအမှတ်ပြုမခံရသူ၊ မည်သည့်ပိုင်ဆိုင်မှုမှမရှိသူ၊ ၎င်းတို့ကို အုပ်စိုးသည့်သခင်များအလိုကျ ကျွန်ပြု အစေခံနေရသူတို့ကိုနှိမ်နင်းပြီး ဧကရာဇ်နိုင်ငံတော်၏ ဘုန်းဂုဏ်ကို တည်ဆောက်သည်။
ထိုသို့သော ရောမတို့၏ကမ္ဘာသို့ ရှင်ပေါလုက သူ့ကိုယ်သူ ခရစ်တော်၏ကျွန် (ရော ၁:၁) ဟုမိတ်ဆက်ခဲ့သည်။ တစ်ချိန်က "ယေရှု" ဟူသည့်…
ကောင်းလွန်းလှသောနိဂုံး
ကျွန်မ၏ခင်ပွန်းနှင့်သားသည် သူတို့ကြည့်မည့် ရုပ်ရှင်ကိုရွေးရာ သူတို့အကြိုက် ဇာတ်ကားများ ထုတ်လွှင့်မည်ကို တွေ့ရှိခဲ့သည်။ ဇာတ်သိမ်းခန်းကို ကြိုကြည့် ရခြင်းကလည်း သူတို့ဝါသနာ၊ သို့နှင့် ထိုသို့ဇာတ်ကားရွေးခြင်းက အပျော်တမ်း ဂိမ်းကစားသကဲ့သို့ ဖြစ်လာသည်။ နောက်ဆုံးဇာတ်ကား ၈ ကားကို သူတို့ တွေ့ခဲ့ သည်။ စိတ်ကသိအအောင့်နှင့် "ရုပ်ရှင်တစ်ကားကိုရွေးပြီး အစကနေ ဘာလို့ စမကြည့်တာလဲ" ဟု ကျွန်မမေးရာ ခင်ပွန်းသည်က "ကောင်းလွန်းလှတဲ့ ဇတ်သိမ်းခန်းကို မကြိုက်တဲ့သူ ရှိလားကွာ" ဟု ရယ်လျက် ပြန်ဖြေခဲ့သည်။
ကျွန်မနှစ်သက်သောစာအုပ် (သို့) ရုပ်ရှင်၏ နိဂံုးပိုင်းကို မျှော်တလင့်လင့် ဖြစ်ရကြောင်း ကျွန်မလည်း ဝန်ခံရပါသည်။ ကျမ်းစာဖတ်ရာ၌လည်း ပိုကောင်း ပိုနားလည်လွယ်ပုံရသည့် ကျွန်မကြိုက်သည့်အပိုင်း၊ ဇာတ်လမ်းများကို သဲ့ပြီး ဖတ်ရှုသည်။ သို့သော် ကျွန်မတို့ကို ပြုပြင်ပြောင်းလဲရန်နှင့် သခင်ယေရှုကို ယုံကြည်သူတို့အတွက် ဘုရားသခင်၏ဇာတ်လမ်းသည် ကောင်းစွာအဆုံးသတ် မည်ကို…
အကောင်းဆုံးသောအနာငြိမ်းစေသူ
ပြင်းထန်သော အစားအသောက်ဓာတ်မတည့်မှု ခံစားရသူ မိသားစုဝင်တစ်ဦးအား ဆေးကုသပေးပြီး ရောဂါသက်သာလာသောအခါ ထိုအကြောင်းကို စိတ်လှုပ်ရှားမှု ဖြင့် ကျွန်မ တစ်ချိန်လုံး ပြောမိသည်။ ကုသမှုဖြစ်စဉ်နှင့်တကွ ထိုကုသမှုအစီအစဉ်ကို တီထွင်ဉီးဆောင်ခဲ့သည့်ဆရာဝန်ကိုလည်း အလွန်အမင်း ချီးကျူးခဲ့သည်။ နောက်ဆုံးတွင် မိတ်ဆွေအချို့က "အနာငြိမ်းခြင်းအတွက် ဘုရားသခင်ကပဲ ဘုန်းအသရေ ခံရသင့်တယ်" ဟုပင် ဝေဖန်ကြသည်။ ထိုအချက်က ကျွန်မကို ခေတ္တရပ်ဆိုင်းစဥ်းစားစေသည်။ အကောင်းဆုံးသော အနာငြိမ်းစေသူကို ကျွန်မ မျက်ခြေပြတ်ပြီး အနာငြိမ်းခြင်းရုပ်ထုကို ထူထောင်မိနေပါသလား။
ဣသရေလနိုင်ငံသည်လည်း သူတို့ကို အနာငြိမ်းပေးရန် ဘုရားရှင်သုံးခဲ့သည့် ကြေးဝါမြွေရုပ်တုရှေ့၌ နံ့သာပေါင်းကို မီးရှို့ခဲ့စဉ်က ထိုထောင်ချောက်သို့ကျခဲ့ သည်။ ဟေဇကိမင်းက ၎င်းကို ရုပ်တုကိုးကွယ်မှုဟု သတ်မှတ်ပြီး "မောရှေ လုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်"၍ မဖျက်ဆီးချိန်အထိ (၄ ရာ ၁၈:၄) ထိုအစဉ်အလာ ကိုးကွယ်မှုကို ဣသရေလလူတို့ ပြုခဲ့သည်။
ရှေးရာစုနှစ်များစွာက…
သတိပေးချက်များကို အလေးထားခြင်း
နိုင်ငံခြားသို့ အလည်အပတ်ခရီးထွက်ခဲ့စဉ်က ခါးပိုက်နှိုက်သမားတစ်ဉီးက ကျွန်ုပ် ပစ္စည်းကို အလစ်သုတ်ရန်ကြိုးစားသည်။ ခရီးသွားစဥ် မြေအောက်ရထားမှ သူခိုးအလစ်သမားများ၏ အန္တရာယ်သတိပေးချက်များကို ကျွန်ုပ်ဖတ်ထား၍ ပိုက်ဆံအိတ် ပါမသွားအောင် မည်သို့ကာကွယ်ရမည်ကို သိသည်။ သို့သော် ၎င်းကို ကြုံရမည်ဟု လုံးဝ မျှော်လင့်မထားပါ။
ကံကောင်းချင်တော့ အလစ်သုတ်သမားလေးက လက်ချော်ပြီး သူလုလိုက် သည့် ပိုက်ဆံအိတ်က ကြမ်းပြင်သို့ ပြုတ်ကျသွားသဖြင့် ကျွန်ုပ်ပိုက်ဆံအိတ် ပြန်ရခဲ့သည်။ သို့သော် ထိုအဖြစ်အပျက်က သတိပေးချက်ကို အလေးထားသင့် ကြောင်း ကျွန်ုပ်ကို သတိပေးနေတော့သည်။
ဘဝကို မပျော်မွေ့မခံစားရအောင် ဆီးတားသည်အထင်နှင့် သတိပေးချက် များကို အချိန်ရှိသရွေ့ ကျွန်ုပ်တို့ မတွေးချင်ကြပါ။ သို့သော် သတိပေးချက်များကို မဖြစ်မနေအလေးထားရန် အရေးကြီးပါသည်။ ဉပမာ - ဘုရားသခင်၏နိုင်ငံတော်တည်လုနီးပြီးဖြစ်ကြောင်း သတင်းကြားပြောရန် တပည့်တော်တို့ကို စေလွှတ်ရာ၌ သခင်ယေရှုသည် ရှင်းလင်းစွာ သတိပေးခဲ့ပါသည် (မ ၁၀:၇)။…
နှုတ်ကပတ်တော်ထံ လှည့်ပြန်ရမည့်အချိန်
လက်ရှိ ကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေသည့် အဖြစ်ပျက်များကို မီဒီယာများမှတဆင့် ကြားနေ၊ မြင်နေရသည့်အခါ အများစုမှာ သတင်းဆိုးများဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တစ်ကမ္ဘာလုံး ကြုံတွေ့လာရသည်မှာ တစ်နှစ်ကျော် နှစ်နှစ်အတွင်းရောက်ရှိလာပြီဖြစ်ကာ ထိုကပ်ဘေးကြောင့် ဘဝ၏ ပုံမှန်ရှင်သန်လည်ပတ်နေမှုများ၊ အနာဂတ်မျှော်လင့်ချက်အိပ်မက်များ အားလုံးနီးပါး ကသောင်းကနင်းဖြစ်ကုန်သည်။ နိုင်ငံရေးပဋိပက္ခများ၊ စစ်မက်များ ဖြစ်ပွားလျက်ရှိသည့် ထိလွယ် ရှလွယ်နိုင်ငံများတွင် နဂိုရှိနေသည့် အခက်အခဲဒုက္ခများကို ကိုရိုနာကပ်ဘေးက လောင်စာထပ် လောင်းထည့်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ အရာရာအားလုံး အထိန်းအကွပ် မဲ့နေသကဲ့သို့ပင်။
ကူရာကယ်ရာအဖြစ် ခေတ်မီနည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမင်းများနှင့် မိတ်ဆွေ သင်္ဂဟများ အစရှိသည်တို့ကို အားကိုးအားထားပြုရန် ကြိုးစားကြသည်။ သို့သော် အချို့သောဘဝများမှာ ကူရာကယ်ရာမဲ့ ကြွေလွင့်ကြရသည်။ မိမိချစ်ခင်ရသော အသိအကျွမ်းဆွေးမျိုးများ တစ်ဦးပြီးတစ်ဦး ဆုံးရှုံးလွင့်ပါးသွားသည့်သတင်များ ကြားရသည့်အခါ ရင်ထဲမချိတင်ကဲ ဖြစ်ရသည်။
သို့ရာတွင် ယခုအချိန်သည် ယုံကြည်သူများအနေဖြင့် နှုတ်ကပတ်တော်တည်းဟူသော သခင်ယေရှုထံ လှည့်ပြန်ရမည့်အချိန်ဖြစ်သည်။ GPS…
ဘုရားသခင်၏ဖြည့်ဆည်းထောက်ပံ့ပေးမှု
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွာလေးတစ်ရွာနှင့်ဝေးသည်ထက်ဝေးသည့် တောနက်ထဲသို့ ကျွန်မတို့တစ်စစတိုးဝင်ပြီး ခရီးသွားခဲ့သည်။ တစ်နာရီထက်မက ခြေလျင်သွားပြီးနောက် နားကွဲမတတ်မြည်ဟီးသည့်ရေသံကို ကြားရပြီး ကျွန်မတို့၏ခြေလှမ်းများမြန်လာသည်။ မကြာမီတွင် မီးခိုးရောင်ကျောက်ကြားမှ စီးကျ လာသည့် အဖြူရောင်ကန့်လန့်ကာပမာ လှပသောရေတံခွန်မြင်ကွင်းကြီးက ကျွန်မတို့ကို ဆီးကြိုနေတော့သည်။ အံ့မခမ်းလှလိုက်ပါဘိ။
ကျွန်မတို့နှင့်အတူ အဖော်လိုက်ပါလာသည့် တောင်တက်ဖော် ရွာသားများက ကျွန်မတို့အတွက် ပျော်ပွဲစားစီစဉ်ပေးရန် တစ်နာရီစော၍ သူတို့ထွက်သွားသည်။ အကြံကောင်းဖြစ်သော်လည်း အစားအသောက်များမရှိပါ။ ကျွန်မတို့ စားစရာများ မယူခဲ့ပါ။ သို့သော် ထိုမိတ်ဆွေများက အနီးအနားတောထဲသို့ အလျှိုလျှို တိုးဝင်လျက် ပျောက်သွားပြီး အမျိုးစုံလင်လှသည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ ငါးများနှင့် ပြန်ရောက်လာသည်။ Shuixiangcai (ရွေစရန်းချိုက်)ဟုခေါ်သည့် ခရမ်းရောင်အပွင့်နှင့် ဟင်းရွက်တစ်မျိုးမှာ ဆန်းပြားသော ပုံစံဖြစ်သော်လည်း အရသာမှာ ထူးကဲကောင်းမွန်လှသည်။
ဖန်ဆင်းထားသောအရာများက ဘုရားသခင်၏သူမတူအောင် ကြီးကျယ် ခန့်ညားသည့် မစထောက်ပံ့မှုကို ကြွေးကြော်နေကြောင်း ကျွန်မကို သတိပေးလာ…
ရန်သူကိုချစ်ခြင်း
ကျွန်တော့်ကို သူမမတွေ့မီ အခန်းတစ်ခုထဲသို့ ကျွန်တော်ရှောင်ဝင်လိုက်သည်။ ပုန်းနေရခြင်းကို ကျွန်တော်ရှက်သော်လည်း သူမနှင့်ထိပ်တိုက်မတွေ့လို၊ ဖြစ်နိုင်လျှင် တွေ့ပင်မတွေ့ချင်ပါ။ ကိုယ့်နေရာကိုယ်နေဟု သူမကို ပြောလိုက်ချင်ပါသည်။ အတိတ်မှ သူမ၏အပြုအမူကြောင့် ကျွန်တော်အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ကျွန်တော်က သူ့ကိုမခံချိမခံသာဖြစ်အောင် ပိုလုပ်ခဲ့မိပုံရသည်။
ယုဒလူနှင့် ရှမာရိလူတို့သည် တစ်ဉီးနှင့်တစ်ဉီးအပြန်အလှန်မခံချိမခံသာဖြစ်အောင်လုပ်ကြသည်။ ကပြားသွေးနှောသူ ရှမာရိတို့က ၎င်းတို့၏ကိုယ်ပိုင် နတ်ဘုရား ကို ကိုးကွယ်သည်မှာ ယုဒတို့အမြင်၌ ယုဒအမျိုးနှင့်ယုံကြည်ခြင်းကို ဖျက်ဆီးသူ၊ ဂေရဇိန်တောင်ပေါ်၌ စစ်ပြိုင်ဘာသာရေးထူထောင်သူများဖြစ်သည် (ယော ၄:၂၀)။ ထို့ပြင် ရှမာရိတို့အပေါ် ယုဒတို့မထီမဲ့မြင်ပြုပုံကား ယေရုရှလင်သို့သွားလျှင် ရှမာရိ ပြည်ကို တိုက်ရိုက်မဖြတ်ဘဲ ခရီးဝေးသော်လည်း ကွေ့ပတ်ကာ သွားကြသည်။
သခင်ယေရှုသည် သာ၍ကောင်းသောလမ်းကို ဖော်ပြခဲ့သည်။ ရှမာရိလူတို့ အပါအဝင် လူအပေါင်းတို့အတွက် ကယ်တင်ခြင်းကို သခင်ဆောင်ယူခဲ့သည်။ ထို့ကြောင့် အပြစ်များသောအမျိုးသမီးနှင့် သူမ၏မြို့အတွက် အသက်ရေကိုပေးရန် ရှမာရိပြည်အလယ်၌ ဖြတ်လျှောက်သွားခဲ့သည် (:၄-၄၂)။ တပည့်တော်တို့အား…
ရန်တုံ့မမူဘဲ
လယ်သမားတစ်ဉီးသည် ကောက်နှံများကိုကြည့်ရှုစစ်ဆေးရန် လယ်တောသို့ သူ၏ထရပ်ကားလေးဖြင့် မနက်စောစောသွားခဲ့သည်။ သူ၏လယ်အစွန်ဆုံး ပိုင်းသို့ ရောက်သောအခါ သူ့ဒေါသများ ဆူပွက်သွားသည်။ လယ်မြေအစွန်ပိုင်း လူသူဝေးရာဖြစ်သည်ကို အခွင့်ကောင်းယူပြီး လူတစ်ဉီးက အမှိုက်သရိုက်များကို ထပ်ပြီး လာပုံထားခြင်းကြောင့်ဖြစ်သည်။
စားကြွင်းစားကျန်အမှိုက်အိတ်ကို သူကားပေါ်တင်လိုက်စဉ် စာအိတ် တစ်အိတ်ကိုတွေ့သဖြင့် ကြည့်လိုက်ရာ အမှိုက်လာပစ်သူ၏လိပ်စာကို တွေ့လိုက် ရသည်။ ထိုအခွင့်အရေးကို လက်လွတ်ရန် နှမျောစရာကောင်းလှပါဘိ။ ထိုညတွင် လယ်သမားကြီးသည် သူတင်လာသည့်အမှိုက်များသာမက သူ့အမှိုက်များကိုပါ ထိုသူ၏ခြံအတွင်းသို့ သွားပစ်ခဲ့တော့သည်။
လက်စားချေခြင်းက ချိုမြိန်သည်ဟု ဆိုကြသည်။ သို့သော် ၎င်းသည် မှန်ပါ သလား။ ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၂၄ တွင် ဒါဝိဒ်နှင့် သူ့လူများသည် ၎င်းတို့ကိုလိုက်သတ်နေသည့် ရှောလုမင်း၏ရန်မှ လွတ်အောင် ဂူတစ်ဂူ၌ ပုန်းအောင်း နေကြသည်။ ရှောလုမင်း ကလည်း ခေတ္တနားနေရန် ထိုဂူထဲသို့ပင် ဝင်လာခဲ့သည်။ ဒါဝိဒ်အနေနှင့် ရန်တုံ့ပြန်ရန်…