ရှင်သန်သောယုံကြည်ခြင်း
ဆမ်၏အဖေသည် စစ်တပ်အာဏာသိမ်းစဥ်တွင် အသက်လုကာ ထွက်ပြေးခဲ့ရ သည်။ ရုတ်ခြည်း ဝင်ငွေပြတ်လပ်သွား၍ ဆမ်၏မိသားစုသည် သူ့ညီကို အသက် ဆက်ပေးနေသည့် အရေးကြီးသောဆေးဝါးများကို မဝယ်ယူနိုင်တော့ပါ။ ဆမ်သည် ဘုရားရှင်ကို အလွန်ဒေါသထွက်ကာ "ဤအဖြစ်မျိုးခံစားရလောက် အောင် ကျွန်တော်တို့ ဘာများလုပ်ခဲ့မိသလဲ"ဟု တွေးခဲ့မိသည်။
ယေရှုကိုယုံကြည်သူတစ်ဦးက ဆမ်မိသားစု၏ပြဿနာများကို ကြားသိသွားပြီး သူ၌ ဆေးဝယ်ရန် လုံလောက်သောငွေရှိသောကြောင့် သူသည် ဆေးဝယ်ပြီး ဆမ်၏မိသားစုထံသို့ ယူသွားပေးခဲ့သည်။ သူစိမ်းတစ်ဦးထံမှရရှိသော အသက်ကယ် လက်ဆောင်သည် လေးနက်စွာ အကျိုးသက်ရောက်ခဲ့သည်။ "ဒီတနင်္ဂနွေနေ့ကျရင် ဒီလူရဲ့ဘုရားကျောင်းကို သွားတက်ကြရအောင်" ဟု သူ့အမေက အတိအလင်း ပြောခဲ့သည်။ ဆမ်၏ဒေါသလည်း လျော့ပါးလာခဲ့ပြီး နောက်ဆုံးတွင် မိသားစုဝင် အားလုံး တစ်ယောက်ပြီးတစ်ယောက် ယေရှုကိုယုံကြည်လာခဲ့ကြသည်။
ယေရှုခရစ်ကို ယုံကြည်ကြောင်းဝန်ခံမှုနှင်အတူ သိက္ခာသမာဓိရှိသော ဘဝ ရှင်သန်မှုသည် လိုအပ်ကြောင်း ရှင်ယာကုပ်ရေးသားရာ၌ အခြားသူအား ဂရုပြု စောင်မရန်လိုအပ်မှုကို…
အခြားသူများထံ ကျေးဇူးတော်ကို ကမ်းလှမ်းခြင်း
ကျွန်မတို့မမွေးစားမီက ကျွန်မတို့၏သားသည် သူ့ဘဝအစောပိုင်းကို ကလေး ဂေဟာတွင် ကုန်ဆုံးခဲ့သည်။ အပေါ့စားအုတ်များဖြင့် ဆောက်လုပ်ထားသော အဆောင်မှထွက်ခွာပြီး အိမ်သို့အတူမပြန်မီ သူ့ပစ္စည်းများကို သိမ်းရန်ပြောရာ၊ ဝမ်းနည်းစရာပါ။ သူ၌ ပိုင်ဆိုင်ရာတစ်ခုမှမရှိပါ။ သူ့အတွက် ဝယ်လာသော အဝတ်အစားအသစ်များနှင့် သူ့ကို အင်္ကျီလဲဝတ်ပေးလိုက်ပြီး အခြားကလေးများ အတွက်လည်း အဝတ်အစားအချို့ကို ချန်ထားပေးခဲ့သည်။ သူ၌ ဘာမှမရှိ သလောက်ဖြစ်သောကြောင့် ကျွန်မစိတ်မကောင်းဖြစ်ရသော်လည်း ယခုအခါ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေး နိုင်သည့်အတွက် ဝမ်းမြောက်မိပါသည်။
နှစ်အနည်းငယ်အကြာတွင် လိုအပ်နေသောမိသားစုများအတွက် အလှူခံနေသူတစ်ဦးကို ကျွန်မတို့တွေ့ခဲ့သည်။ သားက သူတို့ကိုကူညီရန် သူ၏တိရစ္ဆာန်အရုပ် များနှင့် ငွေအကြွေအနည်းငယ်ကိုလှူဖို့ စိတ်အားထက်သန်နေသည်။ သူ၏ နောက်ကြောင်းအရဆိုလျှင် သူပိုင်ဆိုင်သောပစ္စည်းများကို တင်းကြပ်စွာဆုပ်ကိုင် ထားမည့် သဘောရှိနေနိုင်သည် (ထိုသို့ရှိနေလျှင် သူ့ကို နားလည်ပေးနိုင်ပါသည်)။
သူ၏ရက်ရောစွာတုံ့ပြန်မှု၏အကြောင်းရင်းသည် ကနဦးအသင်းတော် ကဲ့သို့ပင်ဖြစ်သည်ဟု ကျွန်မယူဆချင်ပါသည်။ “ထိုသူအပေါင်းတို့သည် ကြီးသော…
ကျွန်ုပ်တို့ နားမလည်သောအခါ
"ဘုရားရဲ့အကြံအစည်ကိုကျွန်တော်နားမလည်တော့ဘူးဗျာ။ ကျွန်တော့်တစ်ဘဝ လုံးကို သူ့လက်ထဲအပ်နှံခဲ့တယ်။ ပြီးတော့ ဒီလိုတွေဖြစ်နေတယ်" ဟု ကြေးစားအားကစားသမားတစ်ဦးအနေနှင့် အောင်မြင်မှုအိပ်မက် လွဲချော်သွားသောသားက သူ့မိခင်ကို ပြောသောစကားဖြစ်သည်။ ကျွန်ုပ်တို့ထဲတွင် မျှော်လင့်မထားသော စိတ်ပျက်စရာအတွေ့အကြံုများကြောင့် အတွေးထဲ၌ အံ့သြထိတ်လန့်မှုများ၊ မေးခွန်းများနှင့် မကြုံခဲ့ဘူးသူ မည်သူရှိသနည်း။ မိသားစုဝင်တစ်ဦးက မည်သည့် အကြောင်းပြချက်မှမပေးဘဲ အဆက်အသွယ်ဖြတ်ခြင်း၊ ကျန်းမာရေးချို့တဲ့လာ ခြင်း၊ ရုတ်တရက်ကုမ္ပဏီပြောင်းရွှေ့ရခြင်း၊ ဘဝအပြောင်းအလဲဖြစ်စေသော မတော်တဆမှုများ စသည်ဖြင့် ဖြစ်ပျက်နေသည်။
ယောဘဝတ္ထု ၁-၂ တွင် ယောဘအသက်တာ၌ ကြုံတွေ့ခဲ့ရသောအဖြစ်ဆိုးများနှင့် ဆုတ်ယုတ်မှုများအကြောင်းကို မှတ်တမ်းတင်ထားသည်။ လူ့စိတ်ဖြင့် ပြောရလျှင် အခက်အခဲကင်းသောဘဝကို ခံစားရရန် အရည်အချင်းပြည့်မီသူတစ်စုံ တစ်ဦးရှိခဲ့လျှင် ထိုသူမှာ ယောဘပင်ဖြစ်သည်။ "ထိုသူသည် စုံလင် ဖြောင့်မတ်ခြင်း ရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏"(ယောဘ ၁:၁)။ သို့သော် ဘဝသည် မိမိဖြစ်စေချင်သလို အမြဲမဖြစ်ပါ။ ယောဘအသက်တာ၌…
ချစ်ခြင်းမေတ္တာ၏စစ်မှန်သောသဘာဝ
ကူးစက်ရောဂါကြောင့် အသွားအလာအကန့်အသတ်ကာလအတွင်း ဂျယ်ရီသည် သူ၏ကျန်းမာရေးလေ့ကျင့်ခန်းစင်တာကို ပိတ်ခဲ့ရပြီး လပေါင်းများစွာ ဝင်ငွေမဲ့ဖြစ်နေခဲ့သည်။ တစ်နေ့တွင် သူငယ်ချင်းတစ်ဦးက ညနေ ၆နာရီတွင် စင်တာ၌ တွေ့ဆုံရန် လာခဲ့ပါဟုစာပို့လာသည်။ အကြောင်းရင်းကို သေချာမသိသော်လည်း စင်တာဆီသို့ ဂျယ်ရီ ထွက်လာခဲ့သည်။ ခဏအကြာတွင် ယာဥ်ရပ်နားရာ နေရာသို့ ကားများဝင်လာသည်။ ပထမကားပေါ်မှ ယာဥ်မောင်းသည် အဆောက်အအံုအနီးရှိ လျှောက်လမ်းပေါ်တွင် ခြင်းတောင်းတစ်လုံး ချလိုက်သည်။ နောက်ထပ် ကားတစ်စီးပြီးတစ်စီး ၀င်လာသည်။ အစီးရေ ၅၀ ခန့်ရှိမည်ဟု ထင်ရသည်။ ကားထဲမှလူများက ဂျယ်ရီကို လက်ပြသူပြ၊ "ဟယ်လို"ဟု လှမ်း နှုတ်ဆက်သူက နှုတ်ဆက်နှင့် ခြင်းတောင်းအနီးတွင်ရပ်ကာ ငွေချေကဒ် (သို့) ငွေစက္ကူများ ထည့်သွားကြသည်။ အချို့က သူတို့ငွေကြေးကို စွန့်လွှတ်ပေးလှူကြသည်။ လူအားလုံးက ဂျယ်ရီကို အားပေးရန် သူတို့၏အချိန်ကို ပေးခဲ့ကြသည်။
ရှင်ပေါလု၏အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မေတ္တာ၏စစ်မှန်သောသဘောသည် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည်။ မာကေဒေါနိပြည်သားများသည်…
နားထောင်ခြင်းသည် အရေးကြီးသည်
"ရေခဲတောင်ကြီးနဲ့ တိုက်မိပြီ။ အခုချက်ခြင်းလာပါ။" ၎င်းသည် ၁၉၁၂ ခု၊ ဧပြီလ ၁၅ ရက်၊ နံနက် ၁၂:၂၅ နာရီတွင် RMS Carpathia (ခါဖေးသီရာ)သင်္ဘောမှ ကြိုးမဲ့ ဆက်သွယ်ရေးအော်ပရေတာ Harold Cottam (ဟဲရယ်ခေါ်တန်)သည် နှစ်မြှုပ် နေသည့် RMS Titanic (တိုင်တန်းနစ်)သင်္ဘောထံမှရရှိခဲ့သော ပထမဆုံးသတင်း ဖြစ်သည်။ Carpathia သည် အန္တရာယ်တွေ့နေသည့်နေရာသို့ ပထမဆုံးရောက်ရှိ ခဲ့သော သင်္ဘောဖြစ်ပြီး လူပေါင်း ၇၀၆ ဦး၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်။
ရက်အနည်းငယ်အကြာ အမေရိကန်ပြည် အထက်လွှတ်တော်ကြားနာမှုတွင် Carpathia သင်္ဘော၏ကပ္ပတိန် Arthur Rostron (အာသာ ရော့စထရွန်)က "အဖြစ်အပျက်တစ်ခုလုံးဟာ လုံးဝကို ကံကောင်းထောက်မမှုပဲ။... အဲဒီအချိန်မှာ ဒီဝန်ထမ်းဟာ တရားဝင်အလုပ်ချိန်မဟုတ်ဘဲ အခန်းထဲမှာ အင်္ကျီလဲနေရင်း ကြေးနန်းကို ဒီလိုပဲ နားထောင်နေတာ။ ၁၀ မိနစ်အတွင်းမှာ…
လူတိုင်းတိုးဝင်နိုင်သည်
ခရီးသွားဧည့်သည်များသည် Caribbean (ကာရေဘီယံ)ဒေသရှိ သေးငယ်သော Eleuthera (အေလူသရာ)ကျွန်းတွင် လူလုပ်တံတားပေါ်မှ အတ္တလန္တိတ်သမုဒ္ဒရာ ၏ ကြမ်းတမ်းသော နက်ပြာရောင်ရေနှင့် ကာရေဘီယံပင်လယ်၏ တည်ငြိမ်သော စိမ်းပြာရောင်ရေတို့၏ သိသာသောကွာခြားမှုကို ရှုစားနိုင်သည်။ တစ်ချိန်က ပေါင်းမိုး သဏ္ဌာန် သဘာဝကျောက်တုံးအခုံးနေရာကို မုန်တိုင်းများက တိုက်စားသွားသည်။ ယခုအခါ နိုင်ငံတကာမှဧည့်သည်များကို ဆွဲဆောင်နေသော မှန်ပြတင်းတံတား အေလူသရာသည် "ကမ္ဘာ့အကျဥ်းဆုံး လူသွားလမ်း" ဟုလူသိများပါသည်။
သမ္မာကျမ်းစာတွင် "အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဥ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏" ဟု ဖော်ပြ ထားပါသည် (မ ၇:၁၄)။ ကျဥ်းမြောင်းသောတံခါးဟု သတ်မှတ်ရခြင်းမှာ ဘုရားသခင် ၏သားတော်သည် သန့်ရှင်းသောဝိညာဥ်တော်၏တန်ခိုးတော်အားဖြင့် အပြစ်သို့ ကျဆင်းသောလူသားများနှင့် ခမည်းတော်ဘုရားတို့ကို ပြန်လည်ပေါင်းစည်းပေးနိုင်သောတစ်ခုတည်းသောတံတား ဖြစ်သောကြောင့်တည်း (:၁၃-၁၄၊ယော ၁၀:၇-၉၊ ၁၆:၁၃)။ သို့သော် လူမျိုးတိုင်း၊ နိုင်ငံတိုင်းနှင့် လူမှုအဆင့်အတန်းမျိုးစုံမှ ယုံကြည်သူ များသည်…
ဆုံးမသောချစ်ခြင်းမေတ္တာ
တံခါးကို သူမဆောင့်ပိတ်လိုက်သည်။ နောက်တစ်ချက် ထပ်ပြီး ဆောင့်ပိတ်ပြန် သည်။ ကျွန်ုပ်လည်း ဂိုထောင်မှ တူနှင့်ဝက်အူလှည့်ကိုယူပြီး သမီးအခန်းသို့ သွားလိုက် သည်။ "သမီးရဲ့ဒေါသကို ထိန်းနိုင်အောင် သင်ယူရမယ်"ဟု သူမကို အေးဆေး တိုးညင်းစွာပြောပြီး ပတ္တာမှတံခါးရွက်ကိုဖြုတ်ကာ ဂိုထောင်သို့ သယ်သွားသည်။ တံခါးရွက်ကို ယာယီဖြုတ်ထားခြင်းဖြင့် မိမိစိတ်ကိုချုပ်ထိန်းခြင်း၏အရေးကြီးမှုကို သူမသတိရရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်မိပါသည်။
သုတ္တံကျမ်း ၃:၁၁-၁၂ တွင် ပညာရှိသုခမိန်ကြီးက ဘုရားရှင်၏ဆုံးမခြင်းကို ဝန်ခံရန် စာဖတ်သူများကို ဖိတ်ခေါ်သည်။ "ဆုံးမခြင်း" ဆိုသည့်ဝေါဟာရကို "အမှား ပြုပြင်ခြင်း" ဟု ဘာသာပြန်နိုင်သည်။ မိမိကိုယ်ကိုဖျက်ဆီးသည့် အမူအကျင့်များကို ပြုပြင်ရန် ဘုရားရှင်သည် ကောင်းမြတ်၍ချစ်ကြင်နာသောဖခင်အဖြစ် သူ၏ ဝိညာဉ် တော်နှင့် သမ္မာကျမ်းမှတစ်ဆင့် ကျွန်ုပ်တို့ကို စကားပြောသည်။ ဘုရား၏ ဆုံးမခြင်းသည် ကြောင်းကျိုးဆက်နွယ်မှုရှိပြီး သူ၏မေတ္တာနှင့် ကျွန်ုပ်တို့အတွက် အကောင်းဆုံး ဖြစ်စေလိုသောဆန္ဒ၌ အရင်းခံသည်။…
ကြောက်ရွံ့မှုကင်းသော ချစ်ခြင်း
ဓာတ်ပုံအချို့၏ထိရောက်မှုအစွမ်းက ကြီးလှ၍ ၎င်းတို့ကို ဘယ်ခါမှ မမေ့နိုင်ပေ။ ကွယ်လွန်သွားပြီဖြစ်သော ဝေလမင်းသမီးဒိုင်ယာနာ၏ နာမည်ကျော်ဓာတ်ပုံကို ကြည့်စဥ် ကျွန်မထိုသို့ခံစားခဲ့ရသည်။ နွေးထွေးသောအပြုံးနှင့်မင်းသမီးသည် အမည်မဖော်သူတစ်ဦးကို လက်ဆွဲနှုတ်ဆက်နေသည့်ဓာတ်ပုံမှာ ကြည့်ကြည့်ချင်း သာမန်မျှသာဖြစ်သော်လည်း ထိုဓာတ်ပုံ၏ရာဇဝင်က မှတ်သားဖွယ်ဖြစ်သည်။
၁၉၈၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်၊ လန်ဒန်မြို့ Middlesex (မစ်ဒယ်စက်)ဆေးရုံသို့ မင်းသမီး ဒိုင်ယာနာ သွားရောက်စဥ်က ယူနိုက်တက်ကင်းဒမ်းနိုင်ငံသည် AIDS ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည်။ ကြောက်လန့်စရာအမြန်နှုန်းနှင့် အသက်များကို ခြွေယူနေသည့်ရောဂါမှာ မည်သို့ကူးစက်ပျံ့နှံ့သည်ကို မသိကြ၍ ပြည်သူလူထု သည် ထိုအချိန်က AIDSရောဂါသည်များကို လူ့အသိုင်းအဝိုင်းမှ ပစ်ပယ်ထားသည်။
သို့ဖြစ်၍ ဒိုင်ယာနာက လက်အိတ်မပါဘဲ ရိုးသားသည့်အပြုံးဖြင့် AIDS ဝေဒနာရှင်အား တည်ငြိမ်စွာ လက်ဆွဲနှုတ်ဆက်သောအခါ ၄င်းသည် အံ့သြ တုန်လှုပ်ဖွယ် အခိုက်အတန့်ဖြစ်သွားသည်။ လေးစားမှုနှင့်ကြင်နာမှုကို ဖော်ပြသည့် ထိုဓာတ်ပုံက AIDS ဝေဒနာသည်များကို…
ကောင်းတဲ့ပြဿနာ
အမေရိကန်လွတ်တော်အမတ်နှင့် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် John Lewis (ဂျွန် လူးဝစ်)သည် ၂၀၂၀ ခုနှစ်တွင် ကွယ်လွန်သွားသည့်အတွက် နိုင်ငံရေးလောကမှလူများ ဝမ်းနည်းပူဆွေးကြသည်။ ၁၉၆၅ ခုနှစ်က လူမည်းနိုင်ငံသားများ မဲပေးခွင့် သေချာစေရေးအတွက် လူးဝစ်သည် မာတင်လူသာ ကင်း ဂျူနီယာ နှင့်အတူ ချီတက်လှုံ့ဆော်ခဲ့သည်။ ချီတက်ပွဲ၌ လူးဝစ်သည် ဦးခေါင်းခွံအက်ခဲ့ပြီး သူ့တစ်ဘဝလုံး အမာရွတ်ဖြစ်ကျန်ခဲ့သည်။ "မမှန်ကန်တဲ့၊ မတရားတဲ့၊ မမျှတတဲ့ အရာတစ်ခုခုကို သင်မြင်တဲ့အခါ လူ့ကျင့်ဝတ်ဝတ္တရားအရ သင်တစ်ခုခုပြောရမယ်။ တစ်ခုခုလုပ်ရမယ်။ ဆူညံပူညံလုပ်ဖို့နဲ့ ကောင်းတဲ့ လိုအပ်တဲ့ ပြဿနာလုပ်ဖို့ ဘယ်တော့မှ၊ ဘယ်ခါမှ မကြောက်နဲ့"ဟု လူးဝစ် ပြောခဲ့သည်။
မှန်ရာကိုလုပ်ရန်၊ သမ္မာတရား၌ သစ္စာတည်ရေးအတွက် "ကောင်းသော" ပြဿနာ ပြုလုပ်ရန် လိုအပ်ကြောင်း လူးဝစ် စောစီးစွာ သင်ယူခဲ့သည်။ လူအများ မနှစ်မြို့သည့်အရာများကို သူပြောရန်လိုအပ်မည်။ ပရောဖက်အာမုတ်သည်လည်း ဤအချက်ကိုသိသည်။ ဣသရေလလူတို့အပြစ်ပြုပြီး…
အရင်ဆုံး ခွင့်လွှတ်
ကျွန်မတို့အချင်းချင်း ကိုယ့်ကိုကိုယ် ‘ခရစ်တော်၌ညီအစ်မ’ဟုခေါ်ကြသော်လည်း ကျွန်မ၏လူဖြူသူငယ်ချင်းနှင့် ကျွန်မတို့သည် ရန်သူသဖွယ် စတင်ပြုမူကြသည်။ တစ်မနက်တွင် မနက်ခင်းကော်ဖီသောက်ရင်း ကျွန်မတို့၏ကွဲပြားသည့် လူမျိုးရေး အမြင်နှင့်ပတ်သက်ပြီး မညှာမတာငြင်းခုံစကားများကြသည်။ ထို့နောက် ကျွန်မတို့ လမ်းခွဲကြပြီး နောက်ထပ်သူနှင့် မျက်နှာချင်းမဆိုင်တော့ဟု စိတ်ဆုံးဖြတ်လိုက် သည်။ သို့သော် တစ်နှစ်ကြာပြီးနောက် ကျွန်မတို့နှစ်ဦးကို သာသနာလုပ်ငန်း တစ်ခုက အလုပ်ခန့်ကာ ဌာနတစ်ခုတည်း၌ အလုပ်လုပ်ကြရသဖြင့် မပတ်သက်ဘဲ နေ၍မရတော့ပါ။ ပထမ၌ ရှိုးတိုးရှိုးတန်းနှင့် ပဋိပက္ခအကြောင်းများပြောဖြစ်သည်။ ထို့နောက် အချိန်ကြာလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တောင်းပန် နိုင်အောင်၊ နာကျင်မှုကိုကုစားပေးလျက် သာသနာလုပ်ငန်းတွင် အကောင်းဆုံး အစေခံနိုင်အောင် ဘုရားသခင် မစခဲ့သည်။
ဘုရားသခင်သည် ဧသောနှင့်သူ၏အမွှာညီအစ်ကို ယာကုပ်တို့၏ ခါးသီး သည့် ကွဲကွာမှုကိုလည်းကုစားပေးခဲ့သည်။ တစ်ချိန်က အကြံသမားယာကုပ်သည် အဘ၏ကောင်းချီးကို ဧသောထံမှလုယူခဲ့သည်။ သို့သော် နှစ်ပေါင်း ၂၀ အကြာ တွင် ဘုရားသခင်က…