သဘာဝဝန်းကျင်ကို ဂရုပြုခံစားခြင်း
ကျွန်တော်နှစ်သက်သော ခြေလျင်လမ်းလျှောက်သွားရသည့် နေရာတစ်ခုသို့ သူငယ်ချင်း ဂျေးဆန်နှင့်အတူ မကြာမီက သွားလည်ခဲ့သည်။ လေသင့်သော တောင်ကုန်းလေးကိုတက်၊ ပန်းရိုင်းများပေါက်ရောက်သည့်လွင်ပြင်ကို ဖြတ်ကျော် ပြီး ထင်းရှူးတောမှတစ်ဆင့် တောင်ကြားထဲသို့ဆင်းသွားပြီး ကျွန်တော်တို့ ခေတ္တ နားသည်။ အိစက်ညက်ညောသောတိမ်လိပ်များက ကျွန်တော်တို့အပေါ်၌ လွင့်ပျံ့ လျက်၊ အနီး၌စမ်းချောင်းလေးစီးဆင်းနေပြီး ငှက်ကလေးများ၏ ကျူးအေးသံ ကိုသာ ကြားရသည်။ ၎င်းအသံလေးများကို ၁၅ မိနစ်ခန့် ခံစားနားထောင်ခဲ့ကြသည်။
ထိုတစ်နေ့တာလှုပ်ရှားမှုများက ကျွန်တော်တို့အတွက် ထိရောက်သောကုထုံးကောင်းဖြစ်ခဲ့သည်။ ဒါဘီတက္ကသိုလ်မှ သုတေသနပြုချက်အရ သဘာဝဝန်းကျင်ကို ခံစားဆင်ခြင်သူများသည် ပျော်ရွှင်မှုကို ပို၍ရရှိမည်၊ စိတ်သောကအနည်းငယ်သာ ခံစားရမည်၊ ကမ္ဘာကြီးကိုစောင့်ထိန်းချင်စိတ် ပွားများလာမည်ဟုဆိုသည်။ သစ်တောထဲဖြတ်သွားရုံနှင့် မလုံလောက်ပါ။ တိမ်လွှာတိမ်လိပ်များကို "မော့ကြည့်"၊ ငှက်ကလေးများ၏ ကျူးအေးသံကို "နားထောင်"ရမည်။ သဘာဝဝန်းကျင်ထဲ၌ "ရှိနေခြင်း"ထက် သဘာဝဝန်းကျင်ကို ဂရုပြုခံစားတတ်ရန် အရေးကြီးပါသည်။
သဘာဝပတ်ဝန်းကျင်မှ ဝိညာဉ်ရေးအတွက် မည်သည့်အကျိုးရနိုင်သနည်း။ ဖန်ဆင်းခြင်းအရာများသည် ဘုရားသခင်၏…
ဘုရားရှင် တရားဝင် ပိုင်ဆိုင်သည်
လစ်ဇ်နှင့် သူမ၏ခင်ပွန်းတို့ တရားဝင်မွေးစားမည့် ကလေး၏မွေးစာရင်းနှင့် နိုင်ငံကူးလက်မှတ်ကို လက်ခံရရှိသောအခါ လစ်ဇ်သည် ဝမ်းသာလွန်း၍ မျက်ရည် ကျခဲ့ရသည်။ မီလမ်ဒါ သည် ယခုအခါ သူတို့၏မိသားစုဝင် သမီးတစ်ဦးဖြစ်လာပြီး အစဥ်အမြဲ အတူတကွ နေထိုင်သွားရတော့မည်ဖြစ်သည်။ တရားဝင်လုပ်ဆောင်မှု အဆင့်ဆင့်ကို သုံးသပ်ကြည့်ရင်း၊ သူမလည်း သခင်ယေရှု၏မိသားစုဝင်တစ်ဦး ဖြစ်လာချိန်က "မှန်ကန်သော လဲလှယ်ခြင်းအမှု" ဖြစ်ခဲ့သည်ကို လစ်ဇ် ဆင်ခြင်မိ သည်။ "မွေးရာပါအပြစ်နှင့် ဘုရားနှင့်ကွဲကွာခြင်း" က ကျွန်ုပ်တို့ကို ချုပ်မထားနိုင် တော့ပါ။ ဘုရားသခင်၏ တရားဝင်မွေးစားခြင်းခံရသော သမီးတစ်ဦးဖြစ်သည့် အတွက် စုံလင်သော ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ပြီဟု သူဆိုသည်။
တမန်တော်ကြီးရှင်ပေါလုတို့ခေတ်က ရောမမိသားစုမှ သားတစ်ဦးကို မွေးစားပါက ထိုသူ၏ တရားဝင် ရပိုင်ခွင့်အလုံးစုံတို့ လုံးဝပြောင်းလဲသွားသည်။ ဘဝဟောင်းတွင် တင်ခဲ့သော ကြွေးမြီမှန်သမျှကို ပယ်ဖျက်ပြီး မိသားစုအသစ်၏ ရပိုင်ခွင့်အားလုံးကို ပိုင်ဆိုင်ခွင့်ရှိသည်။ ရှင်ပေါလုက…
မှန်ကန်သောစကားလုံးများ
မကြာမီနှစ်များက ယုံကြည်သူများသည် ယုံကြည်ခြင်းဆိုင်ရာ“ဝေါဟာရ”ကို ဆန်းသစ်သောအမြင်ဖြင့် ရှုမြင်သုံးသပ်ရန် စာရေးဆရာအချို့က တိုက်တွန်း နှိုးဆော်သည်။ ဥပမာ- ဓမ္မအတွေးအခေါ်နှင့် ပြည့်ဝနေသော ယုံကြည်ခြင်း ဝေါဟာရများနှင့် အလွန်ရင်းနှီးခြင်း၊ အသုံးပြုမှု များလွန်းခြင်းကြောင့် ကယ်တင်ခြင်းသတင်းကောင်း၏နက်နဲမှုနှင့် ဘုရားသခင်ကို လိုအပ်ခြင်းအချက်ကို လစ်လျူရှုလာမည်ဟု စာရေးသူတစ်ဦးက ထောက်ပြသည်။ ထိုသို့ဖြစ်လာပါက ယုံကြည်ခြင်းဟူသောဘာသာရပ်ကို "အစမှပြန်လည် လေ့လာသုံးသပ်ရန်" လိုအပ်ကြောင်းနှင့် သတင်းကောင်းပြောကြားခြင်းနှင့် ပတ်သက်၍ ခန့်မှန်း ယူဆချက်များကို မေ့ပစ်ပြီး မူလအနှစ်သာရကို ပြန်လည်ရရှိရန်လိုအပ် ကြောင်း ထိုစာရေးဆရာက အကြံပြုထားသည်။
"ကနဦးအစ ဘုရားသခင်အကြောင်း" ပြောကြားရာတွင် လူအများထံသို့ မှန်ကန်သော ဧဝံဂေလိတရားရောက်ရှိစေရန် မိမိအသက်ကိုပင် စွန့်လွှတ်ခဲ့သည့် တိုင်အောင် ဟောကြားခဲ့သော ရှင်ပေါလုကို အမှတ်ရမိသည် (၁ ကော ၉:၂၂-၂၃)။ သူသည် သခင်ခရစ်တော်ပြုခဲ့သည့်အမှုကို မည်သို့ဟောပြောရမည်ကို ကောင်းစွာသိရှိပြီး မည်သည့်အခါမျှ ခန့်မှန်းခြေနှင့် ပြောဆိုခြင်းမရှိပါ။ သူသိသည့်…
လေးလံသော်လည်း မျှော်လင့်ချက်အပြည့်နှင့်
"မြေပဲ"ရုပ်ပြကာတွန်းတွင် ကြံရည်ဖန်ရည်ရှိသောဇာတ်ကောင် လူစီသည် "စိတ်ရောဂါ ခံစားနေရသူများအား အကူအညီပေးခြင်း" ကို ငွေငါးပြားတည်းနှင့် ဝန်ဆောင်မှု ပေးနေသည်ဟု ကြော်ငြာသည်။ လင်းနက်စ် ဆိုသူက သူခံစား နေရသော "အလွန်ပြင်းထန်သည့် စိတ်ဓာတ်ကျဆင်းခြင်း" ကို ပြသရန် သူမ၏ ရုံးခန်းသို့သွားသည်။ သူ၏အခြေအနေကိုမည်သို့ ကုစားရမည်ကို မေးမြန်းသော အခါ လူစီ က "သင်ယခုတွေးနေသောအရာများကို ဆက်မတွေးဘဲ ရပ်လိုက်။ ကျေးဇူးပြု၍ ငွေငါးပြားပေးပါ" ဟုအလျင်အမြန်ဖြေဆိုလိုက်သည်။
စိတ်ညစ်ညူးမှုများကို ထိုမျှလွယ်ကူစွာ မဖယ်ထုတ်နိုင်သည်မို့ စိတ်ကို ပေါ့ပါး စေမည့် ထိုဟာသဇာတ်လမ်းတိုလေးက ခဏတာမျှ လူကိုပြုံးပျော် ရွှင်လန်းစေ သည်။ ဤလောကတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ စိတ်ပျက်နွမ်းနယ်ခြင်းများကအမှန်တစ်ကယ် ဖြစ်ပေါ်ရှိနေပေရာ၊ ထိုကဲ့သို့ခံစားရပါက တစ်ခါတစ်ရံတွင် ကျွမ်းကျင်သော ပညာရှင်များနှင့် တွေ့ဆုံရန် လိုအပ်ပါသည်။
မချိတင်ကဲခံစားနေရသည့်အချိန်တွင် လူစီ၏အကြံပြုချက်သည် အသုံးမဝင် ပါ။ သို့ရာတွင် ဆာလံကျမ်း…
သင်သိသောသူ
၂၀၁၉ ခုနှစ် အစောပိုင်းက ချာလီ ဗန်ဒါမီယာ (Charlie VanderMeer)သည် အသက် ၈၄ နှစ်တွင် ကွယ်လွန်ခဲ့သည်။ "ကလေးငယ်များအတွက် သမ္မာကျမ်းစာ အချိန်" (Children's Bible Hour) ရေဒီယို ထုတ်လွှင့်မှု အစီအစဉ်တွင် အစီအစဉ် တင်ဆက်သူအနေနှင့် ဆယ်စုနှစ်များစွာကြာအောင် လုပ်ဆောင်ခဲ့ပြီး သူ့ကို လူများစွာက အန်ကယ်ချာလီအဖြစ် သိကြသည်။ အန်ကယ်ချာလီ မဆုံးမီ တစ်ရက် အလိုတွင် "မင်းသိတဲ့အရာမဟုတ်ဘူး၊ မင်းသိတဲ့သူ။ ဟုတ်တယ်၊ ငါသခင်ယေရှု ခရစ်တော်အကြောင်းပြောနေတာ” ဟု သူ၏သူငယ်ချင်းကို ပြောခဲ့သည်။
ဘဝ၏နောက်ဆုံးအချိန်ကာလရောက်နေသော်လည်း၊ အန်ကယ်ချာလီ သည် လူတိုင်း ခရစ်တော်ကို မိမိ၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် လက်ခံရန် လိုအပ်ကြောင်း၊ ခရစ်တော်အကြောင်းကို မပြောဘဲ မနေနိုင်ခဲ့ပါ။
တမန်တော် ရှင်ပေါလုက ယေရှုခရစ်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံးဟု သူမြင်သည်။ "ထိုမျှမက ငါ၏သခင်ယေရှုကိုသိသောပညာသည် အဘယ်မျှ…
မီးဖြင့် လောင်မြိုက်စေသည်
ပင်ပန်းနွမ်းနယ်ပြီး အိုးမဲပေကျံနေသည့် မီးသတ်သမားနှစ်ဉီးသည် စားသောက်ဆိုင် တစ်ခု၌ မနက်စာလာစားရာ စားပွဲထိုးမိန်းကလေးက ၎င်းတို့နှစ်ဉီးမှာ မနေ့က ကုန်ကြမ်းစက်ရုံမီးလောင်ပြင်၌ တစ်ညလုံး မီးငြိမ်းသတ်ခဲ့သူများဖြစ်ကြောင်း သတင်းတွင် တွေ့လိုက်ပြီး မှတ်မိသွားသည်။ ကျေးဇူးတင်စိတ်ကို ဖော်ပြသည့် အနေဖြင့် ပြေစာစာရွက်တွင် "မနက်စာကို ကျွန်မကျွေးပါရစေ၊ လူတွေကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ လူအများက ထွက်ပြေးကြပေမဲ့၊ အရာရှိကြီး တို့က မီးလောင်တဲ့နေရာကို ပြေးပြီး ကယ်တင်ပေးကြလို့ ကျေးဇူးအရမ်းတင် ပါတယ်။ အင်မတန်မှ သတ္တိကြီးပြီး သူရဲကောင်းစိတ်ဓာတ်ဖြစ်တယ်။ တကယ် စံထားရမယ့် ပုဂ္ဂိုလ်များဖြစ်ပါတယ်" ဟု ရေးသားခဲ့သည်။
ဓမ္မဟောင်းတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ အမည်ရှိသော လူငယ်သုံးဦး၏သတ္တိကို သာဓကအနေဖြင့် ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၃ ၌ တွေ့မြင်နိုင်သည်။ ဗာဗုလုန်ဘုရင် တည်ထားသော ရွှေရုပ်ထုကြီးကို ဘုရင်၏အမိန့်တော်ကို နာခံပြီး ပြပ်ဝပ်ကိုးကွယ်မည့်အစား ဘုရင့်အမိန့်ကို…
လူကြိုက်မများသော ယေရှု၏အတွေးအခေါ်များ
မိုက်ဘာဒန်သည် သူနေထိုင်ရာ မြို့လေးတွင် အမှတ်တရပစ္စည်းဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး နာကြည်းမုန်းတီးမှုနှင့်ပြည့်သည့်အစည်းအဝေးများ ပြုလုပ်လာသည်မှာ ၁၅ နှစ်ခန့် ရှိပြီးဖြစ်သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် သူ၏ဇနီးသည်က ထိုလုပ်ရပ်များတွင် အဘယ်ကြောင့် ပါဝင်ပတ်သက်နေသည်ကို မေးခွန်းထုတ်ရာမှ သူ၏စိတ်နှလုံး ပျော့ပြောင်းသွားသည်။ ထိုမှတစ်ဆင့် သူ၏မှားယွင်းသော လူမျိုးရေး ခွဲခြားသောအမြင်များကို ဆင်ခြင်မိပြီး ထိုကဲ့သို့လူစားမျိုး လုံးဝမဖြစ်ချင် တော့ပေ။ ထိုအခါ စစ်သွေးကြွနေသူအဖွဲ့က ၎င်းတို့အဖွဲ့ဝင်တစ်ဦးထံမှငှားရမ်းထားသည့် ထိုဆိုင်ခန်းမှ သူတို့မိသားစုကို မောင်းထုတ်နှင်ချလိုက်တော့သည်။
ထိုသို့ ဒုက္ခရောက်သော် မည်သူ့ထံမှ သူအကူအညီတောင်းခဲ့သနည်း။ သူနှင့် ပြဿနာဖြစ်ဖူးသော ဒေသခံလူမည်းသင်းအုပ်ထံမှအကူအညီတောင်းခဲ့ခြင်းက အံ့သြစရာဖြစ်သည်။ သင်းအုပ်နှင့်အသင်းသားများသည် မိုက် ၏မိသားစုအတွက် နေရာထိုင်ခင်းနှင့် အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ ပေးခဲ့သည်။ မိုက် က သူ့ကို ဘာကြောင့်ကူညီခဲ့သလဲဟု မေးရာ "ယေရှုက အရမ်း မထင်ပေါ်တဲ့အရာတစ်ချို့ကို လုပ်ခဲ့တယ်။ သူတစ်ပါးကို…
မမြင်တွေ့နိုင်သောအရာ
မက်စီကိုနိုင်ငံ၏လွင်တီးခေါင်ကန္တာရတွင် ပထမဉီးဆံုး နျူကလီးယားလက်နက် ဖေါက်ခွဲခဲ့သည့် ၁၉၄၅ ခုနှစ်၊ ဇူလိုင် ၁၆ မှစ၍ အဏုမြူခေတ်စတင်ခဲ့သည်ဟု သမိုင်းပညာရှင်များက ဆိုသည်။ သို့သော် စကြဝဠာ၏ သေးငယ်သောအစိုင်အခဲ များကို မြင်နိုင်သောတီထွင်မှုများ မတိုင်မီကပင် ဂရိအတွေးအခေါ်ပညာရှင် ဒီမို ခရစ်တပ်စ် (Democritus) (၄၆၀-၃၇၀ ဘီစီခန့်) က အက်တမ်ခေါ် အဏုမြူ၏ တည်ရှိမှုနှင့်အစွမ်းကို ရှာဖွေနေခဲ့ပြီးဖြစ်သည်။ ဒီမိုခရစ်တပ်စ်သည် သူမြင်ရသော အရာ ထက်ကျော်လွန်ပြီး နားလည်ခဲ့ကြောင်း အဏုမြူသီအိုရီက သက်သေပင်။
ယံုကြည်ခြင်းသည် မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းဖြစ် ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ "ယုံကြည်ခြင်းသည် မျှော်လင့် သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏" (ဟေဗြဲ ၁၁:၁)။ ဤစိတ်ချမှုသည် မဖြစ်နိုင်သော ဆန္ဒ၊ စိတ်ကူးယဥ်မှု၏ရလဒ်မဟုတ်ပါ။ ကျွန်ုပ်တို့မမြင်ရသော်လည်း ဤစကြဝဠာ ၌ အမှန်တည်ရှိသည့် ဘုရားသခင်အပေါ် စိတ်ချယုံကြည်ခြင်း…
ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ ကိန်းဝပ်နေပါ
တစ်ခါတစ်ရံတွင် ကလေးများ၏စကားက ဘုရားသခင်၏စစ်မှန်မှုကို ပိုမို လေးနက်စွာ သဘောပေါက်စေသည်။ ကျွန်မသမီးငယ်စဥ်က သူမအား ဘုရား သခင်သည် ခရစ်တော်နှင့် ဝိညာဉ်တော်အားဖြင့် ယံုကြည်သူသားသမီးများ အထဲ တွင် ကိန်းဝပ်တော်မူသည်ဟု ဆန်းကြယ်သော ခရစ်ယာန်ယံုကြည်ခြင်းကို ပြောပြ ခဲ့သည်။ သမီးငယ်ကို အိပ်ယာ၌သိပ်ရင်း "သခင်ယေရှုက သမီးနဲ့အတူ ရှိတယ်။ သမီးရဲ့အထဲမှာလည်းရှိတယ်" ဟု ပြောလိုက်ရာ၊ သူမက "ယေရှုက သမီးရဲ့ ဗိုက် ထဲမှာ ရှိတာလား" ဟု မေးသည်။ ထိုအခါ ကျွန်မက "သမီးမှ သူ့ကို မမျိုချရ သေးတာ။ ဒါပေမဲ့ ယေရှုက သမီးဘေးနားမှာရှိတယ်” ဟု ပြန်ဖြေလိုက်သည်။
"ယေရှုက သူမ၏ဗိုက်ထဲမှာ ရှိနေသည်"ဟု သမီးလေး၏ တိုက်ရိုက် ဘာသာ ပြန်ဆိုမှုသည် ခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ကျွန်မဆုတောင်း ဖိတ်ခေါ် ခဲ့ခြင်းနှင့်…
နို့ရည်အရင်လာသည်
ယူနိုက်တက်ကင်းဒမ်း (United Kingdom)ဟု ယခုခေါ်တွင်သောနိုင်ငံသည် ၇ ရာစု အတွင်းက မကြာခဏ စစ်မက်ဖြစ်ပွားသည့် များစွာသော ပဒေသရာဇ် နိုင်ငံငယ်များဖြစ်သည်။ နော်သန်ဘရီးယား နယ်မှ ဘုရင်အော့စဝေါလ် (Oswald of Northumbria)သည် ခရစ်တော်ကို ယုံကြည်သူဖြစ်လာသောအခါ သူ၏ ဒေသ၌ ဧဝံဂေလိတရားဟောရန် သာသနာပြု ဆရာတစ်ဦးကို ဖိတ်ခေါ်ခဲ့သည်။ ကော်မန် (Corman)ဆိုသူအား စေလွှတ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။ အင်္ဂလိပ်လူမျိုးများသည် "ခေါင်းမာပြီး"၊"လူရိုင်းများ"ဖြစ်ပြီး သူ၏ဟောပြော ချက်ကို စိတ်မဝင်စားသဖြင့် စိတ်ညစ်ညူးလျက် သူ့နိုင်ငံသို့ပြန်သွားသည်။
အီဒန်အမည်ရှိသော ဘုန်းတော်ကြီးက "ကျွန်တော်တစ်ခုတွေးမိတယ်။ ခင်ဗျားက အလွန်စိတ်အားထက်သန်ပြီး ဘာမှမသိသေးတဲ့ နားထောင်သူတွေကို ပြောချင်ရာကိုပဲ ဇွတ်အတင်းသွင်းတာကိုးဗျ" ဟု ကော်မန်ကို ပြောသည်။ နော်သန်ဘရီးယားဒေသခံများအား "လွယ်ကူသောသွန်သင်ဆုံးမမှုနို့ တိုက်ကျွေး ရမည့်အစား" ကော်မန်က ထိုသူတို့ တစ်ခါမျှမတွေ့ထိ နားမလည်သောအရာကို သင်ကြားပို့ချခြင်းကြောင့် ဖြစ်သည်။…