နှေးသော်လည်း သေချာသည်
ကျွန်ုပ်၏မိတ်ဆွေဟောင်းတစ်ဉီးနှင့် မမျှော်လင့်ဘဲဆံုမိပြီး သူက သူအောင်မြင် နေပြီဖြစ်ကြောင်း ပြောပါသည်။ သို့သော် ကျွန်ုပ်မယံုနိုင်ခဲ့ကြောင်းကို ဝန်ခံရ ပါမည်။ ထိုသို့ပြောပြီး လအနည်းငယ်အတွင်း ရေဒီယို၌ အကြိမ်ကြိမ် တောင်းဆိုခံရခြင်းမှ အစ၊ ရုပ်သံကြော်ငြာတွင် နာမည်ကြီးသီချင်းအဖြစ် စာတန်းထိုးဖော်ပြခံရခြင်းအဆံုး သူ၏တီးဝိုင်းကို နေရာတကာတွင် တွေ့ခဲ့ရ သည်။ သူသည် တစ်ရှိန်ထိုး၍ အောင်မြင်မှုရခဲ့သည်။
ထူးခြားကြီးမားစွာ လျင်မြန်စွာ ရုပ်ခြည်းအောင်မြင်မှုရလိုသည့်အတွေးက ကျွန်ုပ်တို့ကို လွှမ်းမိုးစိုးမိုးနေနိုင်ပါသည်။ သို့သော်မုန်ညှင်းစေ့နှင့်တဆေးဉပမာက ၎င်းတို့၏သေးငယ်လျက်၊ မထင်မရှားရှိလျက် နှေးကွေးစွာဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပေါ်လာမှုနှင့် နိုင်ငံတော် (လောက၌ ဘုရားသခင်၏အုပ်စိုးမှု) ဖြစ်ပေါ်လှုပ်ရှားနေပံုကို နှိုင်းယှဉ်ဖော်ပြသည်။
နိုင်ငံတော်သည် သူ၏မင်းကြီးနှင့်တူသည်။ ခရစ်တော်၏အမှုတော်တာဝန် တွင် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခုပါရှိသည်။ သစ်စေ့ကဲ့သို့ မြေ၌မြှုပ်နှံခံရသည်။ တဆေးကဲ့သို့ မပေါ်လွင်ဘဲ ဂျုံမုန့်ညက်ထဲရှိနေသည်။ သို့သော် ခရစ်တော် ထိုးဖောက်အောင်မြင်ခဲ့သည်။ မြေအမှိုက်သရိုက်ကို ထိုးဖောက်ရှင်သန်သည့် သစ်ပင်ကဲ့သို့၊ အပူပေးခံရပြီးမှကြွလာသည့် ပေါင်မုန့်ကဲ့သို့…
ဟောပြောမလား၊ ထွန်ယက်မလား
မိသားစုဒဏ္ဍာရီအရ ဘီလီနှင့်မာဗင်ညီအစ်ကိုနှစ်ဦးတို့သည် တစ်နေ့၌ မိသားစုပိုင် နို့စားနွားမွေးမြူရေးခြံ၌ ရပ်နေစဉ် စာတန်းထိုးလေယာဉ်တစ်စီး ပျံသန်းလာပြီး ကောင်းကင်၌ “GP” ဟု စာလုံးနှစ်လုံးကို ရေးထိုးသွားသည်ကို တွေ့လိုက်ရသည်။
သူတို့မြင်ခဲ့သည့်စာလုံးများ၌ သူတို့အတွက် အဓိပ္ပာယ်သီးသန့်ရှိသည်ဟု ညီအစ်ကိုနှစ်ဦးလုံး ဆုံးဖြတ်ခဲ့၏။ တစ်ဦးက “သွားပြီး ဟောပြော” (Go preach)ဟု အဓိပ္ပာယ်ဖွင့်ပြီး တစ်ဦးကမူ “သွားပြီးထွန်ယက်” (Go plow) ဟု အဓိပ္ပာယ် ကောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီအစ်ကိုနှစ်ဦးအနက် ဘီလီ ဂရေဟမ်မှာ ဧဝံဂေလိတရားဟောပြောရန် သူ့ကိုယ်သူ ဆက်ကပ်ခဲ့ပြီး စံနမူနာယူရသည့် ဧဝံဂေလိဟောပြောသည့်ဆရာတော်ဖြစ်လာခဲ့သည်။ သူ့ညီမှာမူ မိသားစုပိုင် နို့စားနွား မွေးမြူရေးခြံကို နှစ်ပေါင်းများစွာ ဆက်လက်ပြီး သစ္စာရှိရှိ ဦးစီးလုပ်ဆောင်ခဲ့သည်။
ကောင်းကင်မှစာတန်းကို အသာထား၊ ဘုရားရှင်သည် ဘီလီကို ဟောပြောရန်ခေါ်ပြီး မာဗင်ကို ထွန်ယက်ရန် ရွေးခေါ်ခဲ့ပါလျှင် ဤအမှု၌ သူတို့ နှစ်ဦးစလုံးသည်…
အတူတကွ ရှင်သန်ခြင်း
ပြိုင်ဘက်အသင်းမှကစားသမားက လေထဲသို့ဘောလုံးကိုရိုက်လိုက်စဉ် ကစားကွင်း၏ မီးရောင်အောက်တွင် ရပ်နေသည့် ကျွန်မ ခင်ပွန်းအယ်လန်သည် ဘောလုံးမှအကြည့်လုံးဝမခွာဘဲ ကွင်း၏အမှောင်ဆုံးနေရာထောင့်ဆီသို့ အရှိန်ဖြင့် ပြေးလိုက်ရာ သံဇကာခတ်ထားသော ခြံစည်းရိုးကို ဝင်ဆောင့်တော့သည်။
ထိုနေ့ညနောက်ပိုင်း ကျွန်မက သူ့ကိုရေခဲအိတ်ကပ်ပေးရင် “နေသာရဲ့လား” ဟု မေးရာ၊ သူ့ပုခုံးကို ပွတ်ရင်း “ခြံစည်းရိုးနဲ့နီးလာပြီလို့ ငါ့အသင်းသားတွေသာ ငါ့ကိုသတိပေးခဲ့ရင် ပိုပြီးနေသာမှာပဲ”ဟု ပြန်ပြောခဲ့သည်။
အတူတကွအလုပ်လုပ်မှသာ အသင်းအဖွဲ့က အကောင်းဆုံး လုပ်ဆောင်နိုင် မည်။ အယ်လန်၏အသင်းသားတစ်ဦးဦးကသာ ခြံစည်းရိုးနဲ့နီးလာပြီဟု သတိပေး အော်ပြောခဲ့ပါလျှင် သူဒဏ်ရာမရအောင် ရှောင်ရှားနိုင်မည်ဖြစ်သည်။
အသင်းတော်၌ အသင်းသားများ ပူးပေါင်းလုပ်ဆောင်ရန်၊ အသင်းအဖွဲ့ကဲ့သို့ တစ်ဦးနှင့်တစ်ဦး ကြည့်ရှုစောင့်ရှောက်ရန် ပုံစံပြု ဒီဇိုင်းရေးဆွဲထားကြောင်း သမ္မာကျမ်းစာမှ သတိပေးထားပါသည်။ လူတစ်ဦး၏အပြုအမူက ယုံကြည်သူ များ၏အသိုင်းအဝန်းတစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိနိုင်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ကျွန်ုပ်တို့မည်သို့အပြန်အလှန်တုံ့ပြန်သည်ကို ဘုရားသခင် သတိပြုနေကြောင်း တမန်တော် ရှင်ပေါလုက ကျွန်ုပ်တို့ကိုပြောထားပါသည် (ကော…
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆွဲကိုင်မူ၏
တောင်အာဖရိကလူမျိုး ဖရက်ဒီ ဘလွန်း သည် ၂၀၁၈ ခုနှစ်က အသက် ၁၁၄ နှစ် ပြည့်ခဲ့ပြီး အသက်အကြီးဆုံး အမျိုးသားအဖြစ် တစ်မူထူးစွာ အသိမှတ်ပြုခံရသည်။ ရိုက်ညီအစ်ကိုတို့ သူတို့၏လေယာဉ် Flyer II ကို တည်ဆောက်သည့်နှစ်၊ ၁၉၀၄ ခုနှစ်တွင် ဘလွန်း မွေးဖွားခဲ့ပြီး ကမ္ဘာစစ်နှစ်ခုလုံး၊ တောင်အာဖရိက လူမျိုးရေး ခွဲခြားမှုနှင့် စီးပွားရေးကပ်ဆိုက်သည့်ကာလတစ်လျှောက် အသက်ရှင်ခဲ့ပါသည်။ အသက်ရှည်ရခြင်း၏လျှို့ဝှက်ချက်ကို မေးသော် ဘလွန်းကပုခုံးကိုသာတွန့်ပြ သည်။ အများနည်းတူ ကျန်းမာရေးအတွက်အစားအသောက် ရွေးချယ်စားသုံး ခြင်း၊ အလေ့အကျင့်ကောင်း လုပ်ဆောင်ခြင်းလည်း မရှိပါ။ သို့သော် ဘလွန်းက “တစ်ခုတော့ရှိတယ်။ အဲဒါ ဘုရားသခင်ပဲ။ သူ့မှာ အနန္တတန်ခိုး ရှိတယ်။ ... သူက ကျုပ်ကို ကိုင်ဆွဲမူတယ်”ဟုမှတ်သားစရာ အချက်တစ်ချက်ကို ပြောပြသည်။
ဘလွန်း ၏စကားက ရက်စက်သည့်ရန်သူများ၏ ဖိနှိပ်မှုအောက်၌ နိုင်ငံတော်…
သူစိမ်းတစ်ရံဆံများကို ချစ်ခြင်း
ကျွန်မသည် အခြားနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွေ့ခဲ့ချိန်က ပထမဆုံးကြုံတွေ့ရသည့် အရာများအနက်တစ်ခုမှာ ကျွန်မကို မကြိုဆို မလက်ခံလိုသကဲ့သို့ခံစားရချက် ဖြစ်သည်။ ထိုနေ့က ကျွန်မ၏ခင်ပွန်း တရားဟောရသည့် ဘုရားကျောင်းလေး၌ နေရာတစ်နေရာရပြီးချိန်တွင် သက်ကြွယ်လူကြီးတစ်ဦးက “ဟိုဖက်ရွေ့ပေး” ဟု ပြောလိုက်ရာ ကျွန်မမှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထိုသူ၏ဇနီးက သူတို့ အမြဲထိုင်သည့်ခုံတန်း၌ ကျွန်မထိုင်နေခြင်းဖြစ်ကြောင်း ရှင်းပြပြီး တောင်းပန်စကား ဆိုသည်။ အသင်းတော်ရံပုံငွေရှာရန်အတွက် ခုံတန်းကို အသင်းသားများအား ငှားရမ်းလေ့ရှိကြောင်း၊ သူများငှားပြီးသားထိုင်ခုံကို မည်သူမှ မထိုင်မိအောင် သေချာဂရုစိုက်ကြကြောင်း နှစ်များစွာကြာမှ ကျွန်မသိခဲ့ရသည်။ ဆယ်စုနှစ် တစ်လျှောက်လုံး ထိုသဘောထားကို ကျင့်သုံးခဲ့ကြောင်း ထင်ရှားပါသည်။
နောက်ပိုင်းတွင် ကျွန်မကြုံခဲ့ရသည့်အဖြစ်နှင့် တစ်ခြားစီဖြစ်သည့် နိုင်ငံခြားသား/တစ်ပါးအမျိုးသားများကို ကြိုဆိုလက်ခံရန် ဘုရားသခင်က ဣသရေလလူတို့ကို ညွှန်ကြားထားသည့်အကြောင်းကို ကျွန်မ ပြန်ဆင်ခြင်ခဲ့ သည်။ လူမျိုးတော်တို့ ကြီးပွားတိုးတက်စေမည့် နည်းဥပဒေများကို ချမှတ်ရာတွင် ဣသရေလတို့ကိုယ်၌က တိုင်းတစ်ပါးတွင် ဧည့်သည်ဖြစ်ခဲ့ဖူးသည့်အတွက်…
ဉာဏ်အမြော်အမြင် မရှိခြင်း
၂ နှစ်အရွယ် ကဲနက်လေး ပျောက်နေသည်။ သို့သော် သုံးမိနစ်အတွင်း၌ပင် သူ့မိခင်က ၉-၁-၁ ကို ခေါ်ပြီး အရေးပေါ်ကယ်ဆယ်ရေးသမားများက သူ့အိမ် နှစ်လမ်းကျော်ရှိ ပွဲဈေးတွင် သူ့ကို ရှာတွေ့ခဲ့သည်။ ထိုညနေပိုင်းတွင် အဖိုးနှင့်အတူ ပွဲသို့သွားနိုင်သည်ဟု သူ့အမေက ကတိပေးခဲ့သည်။ သို့သော် သူက သူ့ကစားစရာ ထွန်စက်ကားကို မောင်းသွားပြီး သူကြိုက်သည့် အပျော်စီးချားရဟတ်နေရာ၌ ဆိုက်ထားလိုက်သည်။ ကဲနက်လေး အိမ်သို့ ဘေးကင်းစွာ ပြန်ရောက်ပြီးနောက် သူ့ဖခင်က ကားထဲမှ ဘက်ထရီကို အမြော်အမြင်ဖြင့် ဖယ်လိုက်သည်။
သူသွားလိုသည့်နေရာသို့ ကဲနက်လေးသွားနိုင်ခြင်းက သူအတော် ထက်မြက်သည်ဟုဆိုနိုင်သည်။ သို့သော် ၂ နှစ်အရွယ်ကလေး၌ မရှိသေးသည့် အရေးကြီး သည့်အရာမှာ ဉာဏ်အမြော်အမြင်ဖြစ်ပါသည်။ အရွယ်ရောက်သူများ၌လည်း တစ်ခါတစ်ရံ ဉာဏ်အမြော်အမြင်မရှိကြပါ။ ခမည်းတော်ဒါဝိဒ်၏ အရိုက်အရာကို ဆက်ခံသူရှောလမုန် (၃ ရာ ၂) က သူသည်…
ဘဝ၏နဂါးများနှင့် တိုက်ခိုက်ခြင်း
သင် နဂါးနှင့်တိုက်ခိုက်ခဲ့ဖူးပါသလား။ မတိုက်ခဲ့ဖူးပါဟုသင်ဖြေပါက စာရေးဆရာ ယူဂျင်းပီတာဆင်က သင့်အဖြေကို သဘောတူမည်မဟုတ်ပါ။ သူရေးခဲ့သော “A Long Obedience in the Same Direction” (တူညီသောဦးတည်ချက်၌ ကြာရှည်စွာ နာခံမှု) စာအုပ်တွင် “နဂါးများသည် ကျွန်ုပ်တို့၏ကြောက်ရွံ့မှု၊ ကျွန်ုပ်တို့ကို နာကျင်စေမည့် ကြောက်မက်ဖွယ် စကားလုံးများဖြစ်သည်။ ... ဧရာမ နဂါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသောလယ်သမား တစ်ဉီးအဖို့ လံုးဝမယှဥ်နိုင်ပါ”ဟု ရေးသားထားသည်။ ဆရာကြီး ဘာကိုဆိုလိုချင်သနည်း။ ဘဝသည် အသက်ကိုခြိမ်းခြောက်နေသော ကျန်းမာရေးဒုက္ခ၊ ရုတ်တရက် အလုပ်ပြုတ်မှု၊ ကျရှုံးနေသောအိမ်ထောင်ရေး၊ ထင်ရာစိုင်းသောသားသမီး အစရှိသည့်နဂါးများနှင့် ပြည့်နှက်နေပါသည်။ ထိုနဂါးများ၏အန္တရာယ်ကကြီးမားပြီး ကျွန်ုပ်တို့တစ်ဉီးတည်း တိုက်ခိုက်ရန် လုံလောက်သောအင်အားမရှိခြင်းသည် ဘဝ၏အားနည်းချက်ဖြစ်သည်။
ထိုသို့သော တိုက်ပွဲများ၌ ကျွန်ုပ်တို့အတွက် ချန်ပီယံတစ်ဉီးရှိသည်။ ဒဏ္ဍာရီပုံပြင်ထဲမှ ချန်ပီယံမဟုတ်ပါ။ ကျွန်ုပ်တို့ကိုယ်စားတိုက်ပွဲဝင်ပြီး ကျွန်ုပ်တို့ကို ချောင်းမြောင်းနေသောနဂါးကို အနိုင်ယူပေးသည့် အန္တိမချန်ပီယံ ဖြစ်သည်။…
အရေးပါသောတုံ့ပြန်မှု
ကြမ်းတမ်းသောစကားသည် နာကျင်ရပါသည်။ ကျွန်မ၏သူငယ်ချင်း ဆုရ စာရေးဆရာသည် သူ့အပေါ်ဝေဖန်မှုများကို မည့်သို့တုံ့ပြန်ရမည်နည်းဟု တွေးရင်း ရုန်းကန်နေရသည်။ သူ့စာအုပ်အသစ်သည် အရည်အသွေးအကဲဖြတ်မှု အမြင့်ဆံုး စာရင်းနှင့် အထူးဆုရစာရင်းဝင်ခဲ့သည်။ သို့သော် လေးစားရသောမဂ္ဂဇင်း သုံးသပ်သူတစ်ဉီးက သူ့အား ပုတ်ခတ်နေလား၊ ချီးမွမ်းနေလား၊ မသဲကွဲသော အမွမ်းတင်စကားကို ပြောခဲ့သည်။ သူ့စာအုပ်ကို ကောင်းမွန်သောစာအုပ်ဟု ဆိုသော်လည်း ပြင်းထန်သောစကားလုံးဖြင့် ဝေဖန်ပြောဆိုထားသည်။ သို့နှင့် “မည်သို့တုံ့ပြန်သင့်သနည်း”ဟု သူငယ်ချင်းများထံမှ အကြံံတောင်းခံလိုက်သည်။
သူငယ်ချင်းတစ်ဉီးက “ထားလိုက်ပါ” ဟုပြောပါသည်။ ကျွန်မသည် သူ့အား လုပ်စရာရှိတာဆက်လုပ်၊ စာရေးစရာရှိတာဆက်ရေး၊ ဝေဖန်မှုကို လျစ်လျူရှု၊ သို့မဟုတ် သင်ခန်းစာယူစရာရှိတာယူ စသည့်အကြံများပေးဖြစ်ခဲ့သည်။
နောက်ဆုံး ပြင်းထန်သောဝေဖန်မှုအား မည်သို့တုံ့ပြန်ရန် သမ္မာကျမ်း၏ အကြံပြုချက်ကို ရှာကြည့်ရန် ကျွန်မဆုံးဖြတ်လိုက်သည်။ ယာကုပ်သြဝါဒစာ တွင် “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ”ဟု( ၁:၁၉) အကြံပြုထားပြီး၊…
ဇက် (Zax) သဘောသဘာ၀
ဒေါက်တာစူးစ်၏ စိတ်ကူးယဉ်ပုံပြင်ထဲတွင် မြောက်ဘက်သွားသောZaxနှင့် တောင်ဘက်သွားသောZaxတို့သည် ပရေရီ မြက်ခင်း(Prairie of Prax)လမ်းဆုံကို ဖြတ်သွားသော အကြောင်းကို ပြောပြထားသည်။ သူတို့နှစ်ဉီး ထိပ်တိုက်တွေ့သောအခါ တစ်ဦးမျှအလျော့မပေး။ ပထမ Zax က "တစ်လောကလုံး ရပ်တန့်လျှင်ပင် သူတုတ်တုတ်မလှုပ်"ဟု ဒေါသနှင့်ပြောသည်။ (မဖြံုပါ။ လောကကြီးက ပုံမှန် ရှေ့ဆက်လျက် သူတို့ပတ်လည်တွင် ကားလမ်းမကြီး ဆောက်လုပ်နေသည်)။
သည်ပုံပြင်လေးက ခေါင်းမာတတ်သော လူ့သဘာဝကို ကွက်တိပုံဖော်နေသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဒုက္ခရောက်စေသည့်တုံ့ပြန်မှုမျိုးပြုတတ်သည့် ဗီဇသဘောရှိပြီး ပျက်စီးရာလမ်းသို့ပို့သည့်လမ်းဖြစ်သည့်တိုင် ထိုစိတ်ကိုပင် ခေါင်းမာမာဖြင့် ဖက်တွယ်မိတတ်ကြပါသည်။
ဝမ်းမြောက်စရာမှာ ခိုင်မာခြင်းသဘောရှိသော လူ့နှလုံးသားကို ဘုရားသခင်က နူးညံ့ပေးရန် ရွေးချယ်ခဲ့သည်။ တမန်တော်ပေါလုသည် ဤအချက်ကို သိသောကြောင့် ဖိလိပ္ပိအသင်းတော်မှ အသင်းသားနှစ်ဦး အချင်းများသောအခါ မေတ္တာနှင့် ၎င်းတို့ကို နာမည်နှင့်တကွ ခေါ်လျက်(ဖိ ၄:၂)၊ မိမိကိုယ်ကိုစွန့်သော မေတ္တာရှိသည့် ခရစ်တော်၏စိတ်သဘောရှိရန်…
ကျွန်ုပ်တို့သည် အရေးပါပါသလား။
ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး နက်နက်နဲနဲတွေးသောလူငယ်လေးတစ်ဉီးနှင့် ကျွန်တော် စာအပြန်အလှန်ဆက်သွယ်ခဲ့သည်မှာ လအတန်ပင်ရှိခဲ့ပြီ။ တစ်နေ့တွင် သူက “ကျွန်တော်တို့ဟာ သမိုင်းတစ်လျှောက်တွင် အလွန်တရာမှ သေးငယ်သောအမှုန်အမွှားမျှသာဖြစ်တဲ့အတွက် အရေးရောပါကြရဲ့လား” ဟုရေးခဲ့ပါသည်။
“အသက်သည် မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် စုတေ့ကြ”ကြောင်းကို ဣသရေလလူမျိုးများ၏ပရောဖက်မောရှေလည်း သဘောတူလက်ခံလိမ့် မည်(ဆာ ၉၀:၁၀)။ တိုတောင်းလှသောဘဝသည် ကျွန်ုပ်တို့အား စိုးရိမ်ပူပန်မှု ဖြစ်စေပြီး မိမိသည် အရေးပါမပါကို စဉ်းစားမိစေသည်။
ကျွန်ုပ်တို့သည် အရေးပါကြပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ကို ဖန်ဆင်းသော ဘုရားရှင်၏နက်ရှိုင်းစွာဖြင့် ထာဝရအချစ်ခံနေရသောကြောင့် ဖြစ်ပါသည်။ ဤဆာလံ၌ “အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။” ဟု မောရှေတောင်းလျှောက်သည်(:၁၄)။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အရေးပါသူများဖြစ်သောကြောင့် အရေးပါပါသည်။
ကျွန်ုပ်တို့အရေးပါနေသည့် နောက်ထပ်အကြောင်းရင်းမှာ ဘုရားရှင်၏ မေတ္တာတော်ကို တစ်ပါးသူများအား ဝေငှနိုင်သောကြောင့်ဖြစ်သည်။ ဘဝသည် တိုတောင်းသော်လည်း ဘုရားမေတ္တာကို အမွေအနှစ်အဖြစ် ချန်ခဲ့မည်ဆိုပါက လူဘဝသည် အဓိပ္ပာယ်မဲ့မည်…