အမျိုးအစား  |  odb

ဖြစ်နိုင်လျှင်...

အလက်စကား မိုးမခပင်ကြီးမှာ မိုးသက်မုန်တိုင်းကြား ဟိုဒီယိမ်းထိုးနေသည်။ နွေရာသီ၌အရိပ်ကိုပေးရုံမကာ မိသားစုအတွက် သီးသန့်ဆိတ်ငြိမ်ရာနေရာ ဖြစ်ပေးသည့်အပင်ကြီးကို ရယ်ဂျီချစ်သည်။ ယခုတွင် ကြောက်မက်ဖွယ် လေပြင်းက အပင်ကြီးကို အမြစ်မှဆွဲလှန်နေသည်။ ရယ်ဂျီနှင့် ၁၅ နှစ် အရွယ် သူ့သားတို့ အမြန်ပြေးထွက်လာကာ အပင်ကြီးလဲမသွားအောင် ကျားကန် ထားသော ပေါင် ၉၀ လေးသည့် ထောက်တိုင်ကို တွန်းထားသော်လည်း သူတို့အားနှင့် မတတ်နိုင်ခဲ့ပါ။

အခြားသောမုန်တိုင်းတစ်ခုတွင် ဒါဝိဒ်ဟစ်ခေါ်ချိန်၌ ဘုရားသခင်သည် သူ၏ခွန်အားအစွမ်းဖြစ်ခဲ့သည် (ဆာ ၂၈:၈)။ ဓမ္မပညာရှင်အချို့က ဒါဝိဒ်သည် သူ့ဘဝတစ်စစီပြိုပျက်ချိန်၌ ထိုဆာလံကျမ်းကို ရေးခဲ့သည်ဟု ဆိုကြသည်။ သူ၏ သားရင်းက သူ့ကိုပုန်ကန်ပြီး ထီးနန်းသိမ်းရန် ကြိုးပမ်းခဲ့သည် (၂ ရာ ၁၅)။ အကာအကွယ်မဲ့စွာ အားနည်းစွာ ခံစားရလျက် ဘုရားသခင် နှုတ်ဆိတ်နေပြီး သူသေသွားမည်လားဟု ဒါဝိဒ်မင်းစိုးကြောက်ခဲ့သည် (ဆာ ၂၈:၁)။ “ကိုယ်တော်ကို…

ငှားစီးခဲ့သော ရှူးဖိနပ်

၂၀၁၈ ခုနှစ် ကယ်လီဖိုးနီးယားတောမီးကြောင့် အိုးအိမ်စွန့်ပြေးခဲ့ရသဖြင့် နှစ်ကြီး အထက်ကျောင်းသားဂေ့ဘ်သည် တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲအတွက် လေ့ကျင့်ခဲ့ပြီးမှ အရည်အချင်းစစ်အပြေးပြိုင်ပွဲကို မဝင်ခဲ့ရပါ။ အရည်အချင်း မပြည့်မီခြင်းက သူ၏ ၄ နှစ်တာ အပြေးသမားဘဝ၏အမြင့်ဆုံးပွဲဖြစ်သည့် ပြည်နယ်အဆင့်ပြိုင်ပွဲဝင်ရန် အခွင့်မရှိတော့ခြင်းပင်ဖြစ်သည်။ အခြေအနေ အရပ်ရပ်ကို ထောက်ထားလျက် ပြည်နယ်အပြေးအားကစားသမားများ ဘုတ်အဖွဲ့က ဂေ့ဘ်အား နောက်ထပ်အခွင့်အရေးတစ်ခုပေးခဲ့သည်။ ပြိုင်ဘက် အထက်တန်းကျောင်း၏ အပြေးလေ့ကျင့်ကွင်းတွင် သတ်မှတ်ထားသည့် လေ့ကျင့်ချိန်ပြည့်မီအောင် သူ့ဘာသာသူ ပြေးရန်ဖြစ်သည်။ သူ့အားကစား ဖိနပ်က မီးထဲပါသွားသည့်အတွက် အားကစားရှူးဖိနပ်ဖြင့်မဟုတ်ဘဲ သာမန် ရှူးဖိနပ်ဖြင့်သာ သူပြေးရပါမည်။ သို့နှင့် ပြိုင်ပွဲကွင်းသို့ ရောက်လာသောအခါ သူ့ပြိုင်ဘက်အပြေးသမားများက သူ့အတွက် သင့်တော်သည့် အားကစား ဖိနပ်ကို ပြင်ဆင်ပေးထားပြီး ပြည်နယ်အဆင့်အရည်အချင်းမီ သူ၏အမြန်နှုန်းအတိုင်းပြေးနိုင်အောင် သူနှင့်အတူပြေးခဲ့သဖြင့် ဂေ့ဘ် အံ့အားသင့်ခဲ့ရသည်။

ဂေ့ဘ်၏ပြိုင်ဘက်အနေဖြင့် ထိုသို့လုပ်စရာအကြောင်းမရှိပါ။ လူ့သဘာဝ အတိုင်းတွက်ပြီး ကိုယ်အကျိုးကိုသာ ကြည့်မည်ဆိုလျှင် ကြည့်နိုင်ပါသည်…

မကျော်ဖြတ်နိုင်သော အတားအဆီးမရှိ

သက်လတ်ပိုင်းအဖွဲ့၏ခေါင်းဆောင်အနေဖြင့် ကျောင်းသားများ အခက်အခဲကို ကျော်ပြီး သွားရမည့် လုံခြုံရေးဂီယာခါးပတ်များ ပတ်၍ ၈ ပေမြင့် နံရံကို တက်ပြီး ကျော်လွှားရမည့် အစီအစဥ်ကို ကျွန်မစီစဉ်ခဲ့သည်။ ဆိုင်းကြိုး၏ခိုင်ခံ့မှုကိုစိတ်ချရန်၊ အောက်သို့မကြည့်ဘဲ ရှေ့ဆက်တက်ရန် ရှေ့မှသွားပြီးသူများက နောက်မှ လိုက်လာ သူများကို အားပေးကြသည်။ သိုင်းကြိုး၊ ခါးပတ်များ ဝတ်ဆင်ပေးချိန်တွင် ကျောင်းသူတစ်ယောက်က အတားအဆီးများကို ကြည့်ပြီး “ဒါကို ကျွန်မ လုံးဝ ကျော်လွှားနိုင်မှာ မဟုတ်ဘူး” ဟု ဆိုရှာသည်။ သိုင်းကြိုးများက ခိုင်ခံ့ပါကြောင်း သူ့ကိုအားပေးပြီး နံရံကို တွယ်တက်စဉ်တစ်လျှောက်လုံးနှင့် နောက်ဆုံး အပေါ်သို့ ရောက်သွားသည်အထိ သူ့ကို အားပေး မစခဲ့ရသည်။

မအောင်နိုင်၊ မရင်ဆိုင်နိုင်ပုံပေါ်နေသည့် ပြဿနာကိုရင်ဆိုင်ရစဉ် ကြောက်ရွံ့စိုးရိမ်မှု၊ စိတ်မလုံခြုံမှုခံစားချက်များကြောင့် သံသယစိတ်ဝင်လာနိုင်ရာ၊ ဘုရားသခင်၏မပြောင်းလဲသောတန်ခိုး၊ ကောင်းမြတ်ခြင်းနှင့်သစ္စာတော်အပေါ် စိတ်ချမှုက ခိုင်မာသော ကိုးစားရာသိုင်းကြိုးဖြစ်သည်။ ဤစိတ်ချမှုက ဓမ္မဟောင်း ခေတ်မှ…

မီးလျှံအတွင်းမှာ

စပိန်နိုင်ငံ၊ အန်ဒီလာတောမီးကြောင့် သစ်တောဧရိယာ ဧက ၅၀,၀၀၀ မီးလောင် ကျွမ်းခဲ့သည်။ သို့သော် အပျက်အစီးများအလယ်တွင် အပင် ၁,၀၀၀ ခန့်မျှသော စိမ်းလန်းသည့်သစ်မာထင်းရှူးတောမှာ မပျက်မစီးရှိနေသည်။ ထိုအပင်များ၏ ရေဓာတ်ထိန်းသိမ်းနိုင်မှုကြောင့် မီးဒဏ်ကို ခံရပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗာဗုလုန်ပြည်၊ နေဗုခနေဇာမင်းကြီးလက်ထက်တွင် ဘုရင်၏အမျက်တော် မီးဒဏ်မှ လက်တစ်ဆုပ်စာ မိတ်ဆွေသုံးဉီးတို့ ခံရပ်ရှင်သန်ခဲ့ကြသည်။ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် နေဗုခနေဇာမင်းကြီး၏ရုပ်တုကို ကိုးကွယ်ရန် ငြင်းဆိုခဲ့ပြီး၊ “အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည် မီးလောင်လျက် ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွတ်နိုင်တော်မူသည်”(၃:၁၇) ဟု ပြောခဲ့သည်။ မင်းကြီးသည် ပြင်းစွာအမျက်ထွက်လျက် မီးအပူကို ခုနှစ်ဆ အထိ တိုးလိုက်ရန် မိန့်လိုက်သည် (:၁၉)။

ဘုရင့်အမိန့်ကို နာခံပြီး ထိုမိတ်ဆွေသုံးဉီးကို မီးထဲချပစ်သည့် စစ်သားများမှာ မီးလျှံအရှိန်ကြောင့် သေကြ၏။ သို့သော် ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ သုံးဉီးမှာ “မတုတ်နှောင်ဘဲ…

ဘုရားသခင် မိန့်တော်မူသောအခါ

သမ္မာကျမ်းစာဘာသာပြန်သူ လီလီသည် သူ့နိုင်ငံသို့ ပြန်လာသောအခါ လေဆိပ်၌ အဖမ်းခံရသည်။ သူ၏မိုလ်ဘိုင်းဖုန်းကို စစ်ဆေးပြီး ဓမ္မသစ်ကျမ်း အသံဖိုင်ကို တွေ့သောအခါ ဖုန်းအသိမ်းခံရသည်။ သူ့ကိုလည်း ၂ နာရီနီးပါး မေးမြန်းစစ်ကြောသည်။ တဖန် App ကို ဖွင့်ပြခိုင်းရာ ဖွင့်မိသောကျမ်းပိုဒ်မှာ မဿဲ ၇:၁-၂ ဖြစ်နေသည်။ “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြု ကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏။ ထိုတရား အတိုင်း စီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန်တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်”။ ထိုကျမ်းချက်ကို ၎င်း၏ မိခင်ဘာသာစကားဖြင့် ကြားလိုက်ရ၍ အရာရှိတစ်ဉီးမှာ ထိတ်လန့်သွားသည်။ နောက်ပိုင်းတွင် လီလီ့ကို လွတ်လိုက်ပြီး၊ ရှေ့ဆက်အရေးယူမှု မရှိတော့ပါ။

လေဆိပ်မှာအရာရှိကြီး၏စိတ်၌ မည်သို့ဖြစ်သွားသည်ကို ကျွန်ုပ်တို့မသိ သော်လည်း ထာဝရဘုရား၏နှုတ်ကပတ်စကားသည် သူ့အလိုကို ပြည့်စုံစေ…

ခရီးရှည်

သူနှင့်ရွယ်တူလုပ်ဖော်ကိုင်ဖက်များ တစ်ယောက်ပြီးတစ်ယောက် ရာထူးတိုးသွား ချိန်တွင် ဘင်ဂျမင်တစ်ယောက် နည်းနည်းမနာလိုဖြစ်ခဲ့ပါသည်။ “မင်းဘာလို့ ခုထိ မန်နေဂျာမဖြစ်သေးတာလဲ၊ မင်းဖြစ်သင့်ပြီ”ဟု သူငယ်ချင်းများကလည်း ပြောကြသည်။ သို့သော် သူ့အလုပ်အကိုင်နှင့်စပ်လျဉ်း၍ ဘုရားသခင်လက်ထဲ အပ်နှံရန် သူဆုံးဖြတ်ခဲ့သည်။ “ဒါဟာ ငါ့အတွက် ဘုရားသခင်ရဲ့ အကြံအစည် ဆိုရင် ငါ့အလုပ်ကို ငါကောင်းကောင်းလုပ်ရမယ်” ဟု သူပြန်တုံ့ပြန်ခဲ့သည်။

နှစ်အတန်ကြာမှ ဘင်တစ်ယောက် ရာထူးတိုးခဲ့ပါပြီ။ သူ၏အတွေ့အကြုံက သူ့အလုပ်ကို ယံုကြည်စိတ်ချမှုဖြင့် လုပ်ဆောင်နိုင်အောင်မစလျက် လက်အောက် ငယ်သားများ၏လေးစားမှုကိုပါ ရရှိခဲ့သည်။ အဆင်သင့်မဖြစ်သေးချိန်၌ ရာထူးတိုး ခဲ့သူအချို့မှာမူ ကြီးကြပ် စီမံမှုတာဝန်များနှင့် ရုန်းကန်လုံးပမ်းရလျက်ရှိပါသေးသည်။ သူထမ်းဆောင်ရမည့်ကဏ္ဍအတွက် သာ၍ကောင်းမွန်ထူးချွန်စွာ ပြင်ဆင်ရန် ဘုရားသခင်သည် သူ့ကို ‘ခရီးရှည်’သွားစေခဲ့ကြောင်း ဘင် သိနားလည်ခဲ့သည်။

ဣသရေလလူတို့အား အဲဂုတ္တုပြည်မှထုတ်ဆောင်စဉ်(ထွက် ၁၃:၁၇-၁၈) ခါနန်ပြည်သို့ အမြန်ရောက်မည့်ဖြတ်လမ်းမှာ အန္တရာယ်လွှမ်းသောလမ်းဖြစ် သဖြင့် ဘုရားသခင်က ခရီးရှည်ကို ရွေးချယ်ခဲ့သည်။…

အိမ်အပြန်ခရီး

ဝေါလ်တာဒစ်ဆင်သည် ကိုရီးယားစစ်ပွဲသို့ မထွက်ခွာရမီ ပျားရည်ဆမ်းခရီး ထွက်ရန် ခွင့် ၅ ရက်ရခဲ့သည်။ တစ်နှစ်ပင် မပြည့်ပါ။ အင်္ကျီအိတ်ကပ်တွင် သူ့ဇနီး၏စာများထိုးထည့်ထားသည့် ဒစ်ဆင်၏ဂျက်ကက်အင်္ကျီကို စစ်မြေပြင်၌ သူ့တပ်ဖွဲ့မှရှာတွေ့ခဲ့သည်။ သို့နှင့် စစ်ဘက်ဆိုင်ရာအရာရှိများက တိုက်ပွဲ၌ ဒစ်ဆင် ကျဆုံးသွားပြီးဟု ငယ်ရွယ်သောဇနီးသည်ကို အကြောင်းကြားခဲ့သည်။ အမှန်မှာ ဒစ်ဆင်သည် စစ်သုံ့ပန်းအဖြစ် ၂ နှစ်ခွဲကြာ ဆက်လက်အသက်ရှင်နေပြီး အိမ်ပြန်နိုင်အောင် ထောင်ဖောက်ပြေးရန် ကြံစည်ခဲ့သည်။ ၅ ကြိမ်တိုင် ထွက်ပြေး ခဲ့ပြီး ပြန်အဖမ်းခံရသည်ချည်းသာဖြစ်သည်။ နောက်ဆုံး သူလွတ်လာချိန်တွင် သူ့အိမ်အပြန်က မည်မျှတုန်လှုပ်အံ့သြဖွယ်ဖြစ်မည်ကို သင်မြင်ယောင်ကြည့်နိုင်ပါသည်။

ဖမ်းဆီးခံရပြီး တိုင်းတစ်ပါးသို့ ခေါ်ဆောင်ခံရခြင်း၊ အိမ်ကို လွမ်းဆွတ်ရခြင်း ခံစားချက်ကို ဘုရားသခင်၏လူမျိုးတော်တို့ ကောင်းကောင်းသိသည်။ ဘုရားကို မနာခံခြင်းကြောင့် သူတို့တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည်။ ဇာတိမြေ သို့ ပြန်ချင်သည့်ဆန္ဒဖြင့် မနက်တိုင်းနိုးထခဲ့သော်လည်း သူတို့ မလွတ်မြောက်နိုင်ပါ။ ဘုရားရှင်သည်…

ခွင့်လွှတ်ခြင်း၏အောင်ပွဲ

မူးယစ်ဆေး၊ လိင်မှုရမ္မက်အပြစ်များနှင့် ရုန်းကန်နေရသူ မက်ခ် တစ်‌ယောက် မျှော်လင့်ချက်မဲ့နေသည်။ သူတန်ဖိုးထားသည့် ဆက်ဆံရေးများမှာလည်း ဖရိုဖရဲဖြစ်နေပြီး သူ့သြတပ္ပစိတ်မှာ သူ့ကိုမညှာမတာပြစ်တင်နေသည်။ ဒုက္ခနွံထဲနစ်မွန်းနေစဉ် ကြိုတင်အသိမပေးဘဲ သင်းအုပ်ဆရာနှင့်စကားပြောခွင့်တောင်းခဲ့သည်။ သူ၏ရှုပ်ထွေးပွေလီလှသည့်ဇာတ်ကြောင်းကို ပြောပြခွင့်ရပြီး ဘုရားသခင်၏ ကရုဏာနှင့်ခွင့်လွှတ်ခြင်းကိုကြားရ၍ သူစိတ်သက်သာရာရခဲ့သည်။

ဒါဝိဒ်သည် ဆာလံ ၃၂ ကို လိင်ကိစ္စဖောက်ပြန်မှုနောက်ပိုင်းတွင် ရေးစပ်ခဲ့သည်ဟု ယူဆကြသည်။ သူပြစ်မှားသည့်အမျိုးသမီး၏ခင်ပွန်း အသက်ဆုံးပါးသွားရသည့် ရက်စက်သည့်ဗျူဟာက သူ၏အပြစ်ကို ပို၍ဆိုးဝါးစေခဲ့သည် (၂ ရာ ၁၁-၁၂)။ ဤအကျည်းတန်လှသည့်အဖြစ်အပျက်ကို သူ့နောက်ချန်ထားခဲ့သော်လည်း သူ့လုပ်ရပ်၏သက်ရောက်မှုက ရှိနေဆဲဖြစ်သည်။ အကျည်းတန်သော သူ့လုပ်ရပ်ကို သူဝန်မခံမီ၊ သူကြုံခဲ့ရသည့် ပြင်းထန်သည့်ရုန်းကန်ရမှုကို ဆာလံ ၃၂:၃-၄ က ဖော်ပြထားသည်။ အပြစ်မဝန်ချခြင်းကြောင့် သောကရောက်ရသည့် အကျိုးဆက်ကို သူရှောင်လွဲ၍မရပေ။ သို့သော် မည်သည်က သက်သာခြင်းကို ယူဆောင်ပေးသနည်း။ ဘုရားသခင်ထံ အပြစ်ဝန်ချပြီး အရှင်ပေးသနားသည့် ခွင့်လွှတ်ခြင်းကို လက်ခံရယူခြင်းက…

မိမိ၏အခန်းကဏ္ဍကို လုပ်ဆောင်ခြင်း

ကျွန်တော်၏မြေးနှစ်ယောက်သည် Alice in Wonderland Jr. ဂီတပြဇာတ်အတွက်အရွေးခံရာ သူတို့စိတ်ထဲ၌ ခေါင်းဆောင်နေရာ ရလိုကြသည်။ မဂ္ဂီက အဲလစ်ငယ်ဘဝကိုရရှိလိုပြီး ကေတီက မထေးဒါလ်နေရာရလျှင်ကောင်းမည်ဟု တွေးထားသည်။ သို့သော် သူတို့သည် ပန်းလေးများအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံရသည်။ ဘရော့ဒ်ဝေးသို့သွားမည့် လက်မှတ်ရမည့်အခွင့် လုံးဝမဟုတ်ပေ။

သို့သော် ကျွန်တော့်သမီးက သူ့ကလေးများသည် “(ခေါင်းဆောင်နေရာ)ရသွားတဲ့ သူတို့သူငယ်ချင်းတွေအတွက် စိတ်လှုပ်ရှားနေကြတယ်” ဟု ပြောပြသည်။ သူငယ်ချင်းများကို အားပေးရခြင်းက သူတို့အတွက် ပို၍ပျော်ရွှင်စေပြီး သူတို့၏ စိတ်လှုပ်ရှားမှုကို မျှဝေကြသည်။

၎င်းသည် ခရစ်တော်၏ကိုယ်ခန္ဓာ၌ ကျွန်ုပ်တို့အချင်းချင်း အပြန်အလှန်အကျိုးပြုပုံ ပုံဥပမာပင်ဖြစ်သည်။ ဒေသန္တရအသင်းတော်တိုင်း၌ အဓိကကျသည်ဟု ယူဆထားသည့်အခန်းကဏ္ဍများရှိပါသည်။ သို့သော် ပန်းလေးများကဲ့သို့ အရေးပါသော်လည်း မထင်ရှားသည့်အလုပ်ကို လုပ်သူများကိုပါလိုအပ်သည်။ ဘုရားပေးတာဝန်ကို ကျွန်ုပ်တို့စိတ်ထက်သန်စွာ ကျေပွန်အောင်ထမ်းရွက်သကဲ့သို့ မိမိရယူလိုသောကဏ္ဍကို အခြားသူရသွားပါက ထိုသူတို့ကိုအားပေးရန် ရွေးချယ်ကြပါစို့။

စင်စစ် အခြားသူများကို မစခြင်း၊…

လူတို့ မေ့တတ်ကြသည်

တရားဒေသနာများကို ထပ်ခါတလဲလဲဟောပြောကြောင်း သတိထားမိသော အမျိုးသမီးက သူ့သင်းအုပ်ဆရာအား “ဘာလို့ အဲဒီလိုဟောရတာလဲ” ဟု မေးရာ ဆရာက “လူတွေက မေ့တတ်ကြလို့ပေါ့” ဟု ပြန်ဖြေခဲ့သည်။

အချိန်ကြာသွား၍၊ အသက်ကြီးသွား၍ (သို့) အလုပ်များလွန်း၍ စသဖြင့် မေ့ရသည့်အကြောင်းရင်းများစွာ ရှိပါသည်။ ကျွန်ုပ်တို့သည် စကားဝှက်၊ လူနာမည် (သို့) မည်သည့်နေရာ၌ ကားရပ်ထားသည်ကိုပင် မေ့တတ်ကြသည်။ ကျွန်မ၏ ခင်ပွန်းက “ငါ့ဦးနှောက်ထဲမှာ အများကြီးသိမ်းထားနိုင်တယ်။ အကြောင်းအရာ အသစ်တွေကို မမှတ်မိခင် အဟောင်းတွေကို အရင်ဖျက်ပစ်ရတယ်”ဟု ပြောသည်။

တရားဟောဆရာ၏စကားမှန်ပါသည်။ လူတို့သည် မေ့တတ်ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်လုပ်ဆောင်ပေးခဲ့သည့်အရာများကို အမှတ်ရအောင် သတိပေးမည့်သူများ ရံဖန်ရံခါလိုအပ်သည်။ ဣသရေလလူတို့လည်း အလားတူ မေ့တတ်ကြ၏။ အံ့သြဖွယ်ရာများစွာကို မြင်တွေ့ခဲ့သည့်တိုင် ဘုရားရှင် သူတို့ကို ဂရုစိုက်ကြောင်းအမှတ်ရအောင် သတိပေးမှုလိုသည်။ တရားဟောရာကျမ်း ၈ ၌ဘုရားသခင်က ဣသရေလလူတို့ကို…