ပျက်ကွက်ပြန်ပြီ
ယခင် တရားဟောချက်ပြင်ဆင်ချိန်များတွင် တနင်္ဂနွေနေ့မနက် ဘုရားကျောင်း သွားလျှင် ကျွန်ုပ်ခံစားချက် မကောင်းလှပါ။ ထိုအပတ်မတိုင်မီက ကျွန်ုပ်သည် မိသားစုအတွက် ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ မိတ်ဆွေကောင်း မဖြစ် သောကြောင့်ပါ။ နောက်တစ်ကြိမ် ဘုရားသခင် ကျွန်ုပ်ကို အသံုးပြုနိုင်အောင် မှန်ကန်ကောင်းမွန်စွာ အသက်ရှင်ရန် လိုသည်ဟု ခံစားထင်မြင်မိသောကြောင့် မိမိ၏ဒေသနာအတိုင်း ကောင်းစွာ ကြိုးစားအသက်ရှင်ရန် ကျွန်ုပ်သစ္စာပြုသည်။
၎င်းသည် နည်းလမ်းမှန် မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စဉ်ဆက်မပြတ် သူ၏ဝိညာဉ်ကို အခမဲ့ဆုကျေးဇူးအဖြစ်ပေးထားပြီး၊ကျွန်ုပ်တို့အားဖြင့် အရှိန်တန်ခိုးဖြင့် အလုပ်လုပ်နေသည်(ဂလာ ၃)။ တစ်စံုတစ်ရာ လုပ်ဆောင် ခြင်းကြောင့် (သို့) ကျွန်ုပ်တို့နှင့် ထိုက်တန်ခြင်းကြောင့် မဟုတ်ပါ။
အာဗြံဟံ၏အသက်တာ၌ ခင်ပွန်းအနေဖြင့် သူ့ဘက်မှ ပျက်ကွက်မှုများရှိခဲ့သည်။ ဉပမာ- သူ့အသက်ကိုကာကွယ်ရန် လှည့်စားလျက် စာရာ၏ အသက်ကို အန္တရာယ်တွင်းထဲသို့ ၂ ကြိမ်တိုင် တွန်းပို့ခဲ့သည် (က ၁၂:၁၀-၂၀၊…
ဘုရားသခင် သိနားလည်သည်
နေရာသစ်သို့ ပြောင်းရွေ့ပြီးသည်နောက် မေဘယ်၏၇ နှစ်အရွယ် သားငယ် ရိုင်းယံ သည် သူ၏ကျောင်းသစ်၌ နွေရာသီသင်တန်းတက်ရန် ပြင်ဆင်ရင်း စိတ်တိုင်းမကျဖြစ်နေသည်။ သားကိုအားပေးရင်း အပြောင်းအလဲက ခက်ခဲသည်ကို သူမနားလည်ကြောင်း ဖျောင်းဖျပြောဆိုရသည်။ တစ်မနက်တွင် ရိုင်းယံ၏ပုံမှန်မဟုတ်သောဒေါသစိတ်က ချုပ်ထိန်းမရဖြစ်သွားရာ ကိုယ်ချင်းစာလျက် “ဘာကိုအလိုမကျဖြစ်နေတာလဲသား” ဟု မေဘယ် မေးလိုက်သည်။
ပြတင်းပေါက်အပြင်သို့ ငေးကြည့်လျက် “ကျွန်တော်မသိဘူးအမေ၊ ကျွန်တော့် ခံစားချက်တွေ များနေတယ်” ဟု ပခုံးတွန့်လျက် သူတုံ့ပြန်သည်။
သားကို နှစ်သိမ့်ရင်း မေဘယ် စိတ်မကောင်းဖြစ်ရသည်။ ရိုင်းယံအား မည်သို့ မစရမည်ကိုမသိဘဲ နေရာသစ်သို့ ပြောင်းရွေ့ခြင်းက သူအတွက်လည်း ခက်ခဲကြောင်း၊ သူတို့၏စိတ်တိုင်းမကျဖြစ်မှုကို မိမိဘာသာနားမလည်သော်လည်း ဘုရားရှင်သည် အနီး၌ရှိပြီး အားလုံးကိုသိကြောင်း ပြောပြကာ “ကျောင်းမတက်ခင် သူငယ်ချင်းတွေဆီ အရင်သွားလည်ကြည့်တာပေါ့သားရယ်” ဟု ပြောလိုက်သည်။ သူ၏သားသမီးများတွင် “ခံစားချက်များစွာ” ရှိသော်လည်း သိနားလည်သည့် ဘုရားသခင်ကို…
ပြောပါ
စားသောက်ဆိုင်မှ သူ၏ လုပ်ဖော်ဆောင်ဖက်များအား ယခင်အခြေအနေတွင် သူနှင့်ပထမဆုံးတွေ့ဆုံခဲ့သူ မဲလ်ဗင်း ကို ရည်ညွှန်းလျက် “အဲဒီလူ၊ အဲဒီလူ”ဟု ဘရစ်တနီ အော်ပြောလိုက်သည်။ မဲလ်ဗင်းသည် ဘုရားကျောင်းမြက်ခင်းကို ပြုပြင်နေစဉ် ပြည့်တန်ဆာဟုယူဆရသည့် အမျိုးသမီးအား စကားစမြည် ပြောရန် ဝိညာဉ်တော်က သူ့အား နှိုးဆော်သည်။ သို့နှင့် ဘုရားကျောင်း၌ လာရောက်ပါဝင်ရန် သူမကိုဖိတ်ခေါ်ရာ သူမက “ကျွန်မဘာလုပ်လဲဆိုတာ ရှင်သိလား။ ကျွန်မကို လူတွေလက်ခံမှာ မဟုတ်ဘူး” ဟု တုံ့ပြန်ခဲ့သည်။ မဲလ်ဗင်းသည် သခင်ယေရှု၏မေတ္တာတော်ကို ပြောပြပြီး ထိုအရှင်၏ တန်ခိုးတော် သည် သူ့ဘဝကို ပြောင်းလဲစေနိုင်ကြောင်းပြောရာ၊ သူမ၏ ပါးပြင်မှ မျက်ရည်များ စီးကျခဲ့သည်။ ထို့နောက် ရက်သတ္တပတ်အတန်ကြာပြီးနောက် အသက်တာကို ပြောင်းလဲစေသော သခင်ယေရှု၏တန်ခိုးတော်သက်သေ၊ ရှင်သန်သောသက်သေ အဖြစ် ဘရစ်တနီ သည် ဝန်းကျင်အသစ်တွင် အလုပ်လုပ်နေပြီဖြစ်သည်။
တမန်တော်ပေါလုသည် ယုံကြည်သူများအား ဆုတောင်းခြင်းအမှု၌…
ယုတ္တိမရှိသောကြောက်ရွံ့မှုများ
ကျွန်မ၏မိဘနှစ်ပါးစလုံး သုံးလအတွင်း ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားချိန်တွင် သဘာ၀မကျသော်လည်း သူတို့ ကျွန်မကိုမေ့သွားမည်လားဟု စိုးရိမ်ခဲ့သည်။ လောကတွင် သူတို့မရှိတော့၍ ကျွန်မမှာ မသေမချာမရေမရာမှုများစွာကို ခံစားရသည်။ ငယ်ရွယ်၍ အိမ်ထောင်မပြုရသေးသော လူငယ်တစ်ဉီးဖြစ် သဖြင့် မိဘများမရှိဘဲ မည်ကဲ့သို့ဘဝရှင်သန်ရမည်နည်းဟု ကျွန်မအတွေးဝင် မိသည်။ တစ်ကိုယ်တည်းဖြစ်မှုနှင့် အထီးကျန်မှုကို အကြီးအကျယ်ခံစားရပြီး ဘုရားကို ရှာဖွေခဲ့သည်။
မနက်ခင်းတစ်ခုတွင် ကျွန်မ၏ယုတ္တိမတန် ခံစားနေရသော ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုများကို(ကိုယ်တော်သိပြီးဖြစ်သော်လည်း) ဘုရားသခင်အား ပြောပြခဲ့ သည်။ ထိုနေ့ဝတ်ပြုခြင်း၌ ကျွန်မဖတ်မိသောကျမ်းပိုဒ်မှာ ဟေရှာယ ၄၉:၁၅ ဖြစ်သည်။ “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့ သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့ လျော့။” ဘုရားသခင်သည် ဟေရှာယအားဖြင့် သူ၏လူများကို မမေ့လျော့ကြောင်း အာမခံခဲ့ပြီး၊ နောက်ပိုင်းတွင် သူ၏သားတော်ယေရှုကို စေလွှတ်၍ ပြန်လည် တည်ဆောက်မည်ဟု ကတိပေးခဲ့သည်။…
တီးတိုးသံပြခန်း
လန်ဒန်မြို့၊ စိန့်ပေါလ်ဘုရားကျောင်း၏အမိုးခုံးတာဝါရှိ တီးတိုးသံပြခန်း (The Whispering Gallery) သို့ ခြေလှမ်း ၂၅၉ လှမ်း တက်ရသည်။ ထိုနေရာတွင် စက်ဝိုင်းပံုစံ လူသွားလမ်းတစ်လျှောက်မှ အခြားသူတစ်ဉီး တီးတိုးပြောသောအသံကို ကြားနိုင်ပြီး ပေ ၁၀၀ အကွာရှိ အလွန်နက်သော နေရာမှအသံကိုပင် ကြားနိုင်သည်။ ထိုကဲ့သို့ ထူးခြားရခြင်းမှာ ထုလုံးရှည်ပုံသဏ္ဌာန် အမိုးခုံးနှင့် အသံလှိုင်း သိပ်သည်းဆ နည်းသော တီးတိုးစကားသံကြောင့်ဟု အင်ဂျင်နီယာများက ရှင်းပြသည်။
ကျွန်ုပ်တို့၏ဝေဒနာနှင့်တီးတိုးဆုတောင်းသံကို ဘုရားသခင်ကြားကြောင်း ကျွန်ုပ်တို့ သေချာသိချင်သည်။ ဆာလံကျမ်းတွင် ကျွန်ုပ်တို့၏ညည်းတွားသံ၊ ဆုတောင်းသံနှင့် တီးတိုးတောင်းလျှောက်သံများကို ဘုရားရှင်ကြားတော်မူကြောင်း သက်သေခံချက်များဖြင့် ပြည့်နေသည်။ ဒါဝိဒ်က “ငါသည် ဆင်းရဲငြိုငြင်သော အခါ ထာဝရဘုရားကို ခေါ်စဉ်၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏” (ဆာ ၁၈:၆) ဟု ရေးသားထားသည်။ သူနှင့်အခြားဆာလံဆရာများက “ကျွန်ုပ်၏ ပတ္ထနာ...” (၄:၁)၊…
မျှဝေခံစားခြင်း
အသက် ၇၀ အရွယ်ရှိ ဗြိတိန်တော်ဝင်ရေတပ်သားဟောင်းဖြစ်သူ ဂျိမ်းစ် မက်ကောနယ် သည် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ မက်ကောနယ် ၌ မိသားစုမရှိသဖြင့်ပြုစုစောင့်ရှောက်ရေးဂေဟာမှဝန်ထမ်းများက သူ၏စျာပနသို့ မည်သူမျှ မလာမည်ကို စိုးရိမ်နေသည်။ မက်ကောနယ် ၏အောက်မေ့ဖွယ် အခမ်းအနားကို တာဝန်ယူရသူက ဖေ့စ်ဘွတ်စာမျက်နှာတွင် “ဤခေတ် ကာလတွင် နှုတ်ဆက်အသိအမှတ်ပြုမည့်သူ မည်သူမျှမရှိဘဲ ဤလောကမှ ထွက်ခွာရခြင်းသည် ဝမ်းနည်းစရာပါ။ သို့သော် ဤပုဂ္ဂိုလ်၌ မိသားစုရှိသည်။ ယခင် ရဲဘော်ရဲဘက်ဟောင်းအား အရိုအသေပေးသည့်အနေဖြင့် မြေမြှုပ် သင်္ဂြိုလ်ချိန်၌ လာနိုင်ပါက လာရောက်ကြပါ”ဟု ရေးသားခဲ့သည်။ ထို့ကြောင့် စျာပနဝတ်သို့ တော်ဝင်ရေတပ်သား နှစ်ရာကျော် စုဝေးရောက်ရှိခဲ့ကြသည်။
ကျွန်ုပ်တို့ တစ်ဉီးနှင့်တစ်ဉီး ဆက်နွယ်ပတ်သက်နေကြောင်း သမ္မာကျမ်းစာမှ အမှန်တရားကို ဤဗြိတိသျှရေတပ်သားက ဖော်ပြနေသည်။ “ကိုယ်သည် အင်္ဂါ တစ်ခုတည်းရှိသည်မဟုတ်၊ အများရှိသည်” ဟု ရှင်ပေါလုက ပြောထားသည် (၁…
ကိုယ်တော်ကျွန် ကြားပါသည်
ရေဒီယိုဖွင့်ထားခဲ့ပါက တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်နေပြီဖြစ်ကြောင်း Cyril Evans နှင့် Jack Phillips တို့သိခဲ့ရလိမ့်မည်။ အခြားသင်္ဘောမှ ရေဒီယို အော်ပရေတာ Cyril Evans က တိုင်တဲနစ်သင်္ဘောသည် ရေခဲပြင်ကြား၌ ခုတ်မောင်းနေကြောင်း တိုင်တဲနစ်သင်္ဘောမှ ရေဒီယိုအော်ပရေတာ Jack Phillips ထံ အသိပေးသတင်းပို့ သည်။ သို့သော် Phillips က ခရီးသည်များ၏သတင်းများပေးပို့လျက် အလုပ်ရှုပ်နေသဖြင့် Evans အား တိတ်ဆိတ်စွာနေရန် ရိုင်းပြစွာ တုံ့ပြန်ခဲ့သည်။ သို့နှင့် Evans ခမျာ ရေဒီယိုပိတ်ပြီး အိပ်ယာဝင်သွားသည်။ ၁၀ မိနစ်အကြာတွင် တိုင်တဲနစ် သင်္ဘောသည် ရေခဲတုံးကြီးနှင့်တိုက်မိသွားပါတော့သည်။ မည်သူမျှ နားမထောင်ခြင်းကြောင့် အချက်ပြပေးပို့သောသတင်းကို မည်သူမျှ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါ။
ဓမ္မရာဇဝင်ပဌမစောင်တွင် ဣသရေလယဇ်ပရောဟိတ်များ၏အကျင့်ယိုယွင်း ပျက်စီးလျက် ဝိညာဉ်ရေး၌ အမြင်အကြားမရှိသဖြင့် လူမျိုးတစ်ခုလုံး အန္တရာယ်သို့ သက်ဆင်းနေကြောင်း ဖတ်ရှုရသည်။…
မိမိကိုယ်ကို စစ်ဆေးခြင်း
ဒုတိယကမ္ဘာစစ်အတွင်း ကျွန်ုပ်အဖေက အမေ့ထံပို့သည့်စာများကို မကြာမီက ကျွန်ုပ် ပြန်ဖတ်ဖြစ်သည်။ အဖေက အာဖရိကမြောက်ပိုင်းတွင်ရောက်နေပြီး အမေက အနောက်ဗာဂျီးနီးယား၌ ရှိနေသည်။ အဖေက အမေရိကန်စစ်တပ်၌ ဒုဗိုလ်ဖြစ်ပြီး သူ့တာဝန်မှာ ရန်သူများအမြင်၌ သင်္ကာမကင်းဖြစ်သွားမည့် အချက်အလက်များကို ထိန်းသိမ်းလျက် စစ်သားများ၏စာကို စစ်ကြောရန် ဖြစ်သည်။ ထို့ကြောင့် သူ့ဇနီးထံသို့ ရေးသားသောစာတွင် “ဒုဗိုလ်ဘရန်နန်မှ စစ်ဆေးပြီး” ဟု တံဆိပ်တုံးထုထားသည်ကို တွေ့ရသဖြင့် ရယ်စရာဟာသ ဖြစ်ခဲ့သည်။ သူ့စာမှ စာကြောင်းအချို့ကို သူပယ်ခဲ့ရသည်။
မိမိကိုယ်ကို စစ်ကြောခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် ကောင်းသော အကြံ ဖြစ်သည်။ မိမိအသက်တာ၌ မမှန်ကန်သော၊ ဘုရားဘုန်းမထင်ရှားသော အရာရှိမရှိ သေချာစွာ ကြည့်ရှုစစ်ဆေးရန် အရေးကြီးကြောင်း သမ္မာကျမ်းစာ၌ ကျမ်းရေးသူများ၏ ဖော်ပြချက်များစွာ ရှိသည်။ ဉပမာ - ဆာလံဆရာက “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်…
အန္တိမလှိုင်း
ကမ္ဘာတစ်ဝန်းရှိ အားကစားပွဲအခမ်းအနားနှင့် ပဒေသာကပွဲတွင် လူအချို့သည် မတ်တပ်ရပ်ပြီး သူတို့၏လက်ကို မြှောက်ကြသည်။ ခဏအကြာတွင် ၎င်းတို့အနီးရှိ လူများဆက်၍ လုပ်ကြသည့် ‘လှိုင်းပုံဖော်ခြင်း’လှုပ်ရှားမှုက ခေတ်စားပြီး လူတို့နှစ်သက်စွာလိုက်လုပ်ကြသည်။ ၎င်းသည် အဆက်မပြတ်လှုပ်ရှားရန်ဖြစ်ပြီး ခန်းမကို တစ်ပတ်ပတ်မိသည်အထိ ဆက်တိုက်ပါဝင်လုပ်ဆောင်ကြရန် ဖြစ်သည်။ တစ်ပတ်ပြည့်သွားလျှင် အစပြုခဲ့သူများမှာ ပြုံးလျက်အားရရွှင်လန်းသည်။ ထိုနောက် ဆက်ပြီး နောက်တစ်ကျော့ ပြုလုပ်ကြသည်။
မှတ်တမ်းများအရ ပထမဆုံးသော လှိုင်းပုံဖော်ခြင်းသည် ၁၉၈၁ ခုနှစ် Oakland Athletics နှင့် New York Yankees ဘေ့စ်ဘောအသင်းတို့၏ ပြိုင်ပွဲမှစတင်ခဲ့သည်ဟု ဆိုသည်။ ပျော်စရာကောင်းခြင်းကြောင့် ထိုသို့လှိုင်း ပုံဖော်ခြင်း၌ ပါဝင်ရသည်ကို ကျွန်ုပ်နှစ်သက်သည်။ ထိုသို့ လက်မြှောက် ‘လှိုင်း’ ဖော်ကြစဉ် ခံစားရသည့် ပျော်ရွှင်မှု၊ တစ်စိတ်တစ်ဝမ်းတည်းရှိမှုက ဧဝံဂေလိတရား ကို သတိရတွေးမိစေပါသည်။ ရှင်ယေရှုအားဖြင့်ဖြစ်သည့် ကယ်တင်ခြင်း သတင်းကောင်းသည် ချီးမွမ်းခြင်းနှင့်မျှော်လင့်ခြင်း၌တည်နေသည့်…
ကျွန်ုပ်တို့ကို ကယ်တင်သူ ဘုရားသခင်
ရေကူး၊ စက်ဘီးစီးနှင့်တာဝေးပြေး သုံးမျိုးစုံ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ များသည် ပင်လယ်ပြင်၌ ပြာယာခပ်နေကြသည်။ အသက်ကယ်လှေသမားက ၎င်းတို့ကို ကူညီရန် သူ့ကယက်လှေကို အသင့်ပြင်ထားသည်။ လှေမှောက်သွားမည် ဖြစ်၍ “လှေကိုအလယ်ပိုင်းမှာ မကိုင်နဲ့နော်”ဟု သူက လက်ပန်းကျနေသည့် ရေကူး သမားများအားပြောပြီး လှေဉီးပိုင်းသို့ပြညွှန်ကာ ထိုနေရာရှိကြိုးကွင်းကိုကိုင်ရန် ညွှန်ကြား သည်။ သို့မှာသာ ၎င်းတို့ကို ကယ်မည့် လှေသမားအတွက် လုံခြုံမှုရှိမည်။
ဘဝလောကဓံနှင့် လူများက မိမိကိုဆွဲချရန် ခြိမ်းခြောက်လာတိုင်း သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် မိမိ၌ ကယ်တင်မည့်သူရှိကြောင်း ကျွန်ုပ်တို့သိသည်။ “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် ကိုယ်တိုင် လိုက်၍ ငါ့သိုးတို့ကို ရှာမည်။ ... သူတို့ကွဲပြားသောအရပ်ရပ်တို့က ငါနှုတ်ဆောင် မည်” (ယေဇ ၃၄:၅-၁၂)။
၎င်းသည် တိုင်းတစ်ပါးသို့ ကျွန်ပြုခေါ်ဆောင်ခံရသည့် ဘုရားလူတို့အား စိတ်ချမှုကိုပေးသည့် ပရောဖက်ယေဇကျေလ၏စကားဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင်များက…