အမျိုးအစား  |  odb

ပြည့်စုံသော ဘဝအသက်တာ

၁၇ ရာစု ဒဿနိကပညာရှင် သောမတ်ဟိုဘီစ်၏ လူ့ဘဝနှင့် ပတ်သက်သည့် ထင်ရှားသော စကားရှိသည်။ “လူ့ဘဝသည် သူ့သဘာဝကိုက အထီးကျန်သည်၊ ဆင်းရဲသည်၊ ရုန်းရင်းကြမ်းတမ်းသည်၊ ရိုင်းစိုင်းသည်။ တိုတောင်းသည်” ဟု သူ ရေးသားခဲ့သည်။ လူ၏ပင်ကိုယ်ဗီဇစရိုက်သဘောသည် ရုန်းကန်ပြိုင်ဆိုင်ခြင်း သဘော၊ တစ်ပါးသူအပေါ် လွှမ်းမိုးအောင်နိုင်လိုသည့်သဘောသို့ ယိမ်းပါနေ သည်။ ထို့ကြောင့် တရားဉပဒေစိုးမိုးရေးအတွက် အစိုးရအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ရန် လိုအပ်ပါသည်။

လူသားနှင့်ပတ်သက်သည့်စိတ်ပျက်ဖွယ်အမြင်သည် သခင်ယေရှုမိန့်ကြား သည့် အခြေအနေနှင့်တူနေသည်။ “ငါ့ရှေ့၌ ပေါ်လာသောသူရှိသမျှသည် သူခိုး၊ ထားပြ ဖြစ်ကြ၏”(:၈)။ သို့သော် စိတ်ပျက်အားလျော့ဖွယ်များကြားတွင် သခင်ယေရှုက မျှော်လင့်ခြင်းကို ပေးနေသည်။ “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်စီးခြင်း ငှာသာလာတတ်၏။” သို့သော် သတင်းကောင်းမှာ “ငါမူကား သိုးတို့သည် အသက်လွတ်ရုံမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသတည်း”(:၁၀) ဟု သခင်မိန့်မြွက်သည်။…

တည့်တည့်မတ်မတ်

ယခင်က လယ်သမားတစ်ဉီးအတွက် ထွန်စက် (သို့) ကောက်ရိတ်ကောက်ခြွေစက် ကို တည့်တည့်မောင်းနှင်နိုင်ရေး အမြင်တည်ငြိမ်ရန်နှင့် လက်မြဲရန် လိုသည်။ သို့သော် မျက်လုံးကောင်းသည်ဆိုသည့်တိုင် အတန်းကျော်သွားခြင်းများရှိပြီး လက်အမြဲဆုံးသူပင် တစ်နေ့တာအလုပ်ပြီးချိန်တွင် ပင်ပန်းညောင်းချိပြီး ကိုက်ခဲ ကျန်ခဲ့သည်။ ယခုခေတ်တွင်မူ GPS နည်းပညာကို အခြေခံသည့် အော်တိုစတီယာ စက်များ ပေါ်လာပြီ ဖြစ်၍ အတန်းလိုက်စိုက်ပျိုးခြင်း၊ ကောက်စိုက်၊ ဆေးဖြန်း စသည့် လုပ်ငန်းများ လုပ်ဆောင်ရာ၌ တစ်တန်းနှင့်တစ်တန်းကွာခြားမှု ၁ လက်မ ဝန်းကျင်မျှသာ ရှိသည် အထိ စက်က တိကျမှုရှိသည်။ လက်နှင့်လုပ်စရာမလိုဘဲ စွမ်းဆောင်ရည်က အံ့မခမ်း ဖြစ်သည်။ စတီယာဘီးခွေကိုထိန်းကိုင်ရမည့်အစား ထွန်၊စိုက်၊ရိတ်ဘက်စုံသုံး စက်ကြီးပေါ်၌ အမဲကင်ပေါင်မုန့်အသားညှပ်ကို ဇိမ်နှင့် စားနေသည့်အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ အံ့မခန်းသောစက်ကိရိယာက တည့်တည့်မတ်မတ် သွားနိုင်အောင် အထောက်အကူပြုသည်။

ယောရှိမင်းအကြောင်း ဆင်ခြင်ကြည့်ပါ။ သူသည် အသက် ၈…

ထာဝရဘုရားရှေ့၌ ကခုန်ခြင်း

လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျွန်ုပ်တို့ ဇနီးမောင်နှံသည် အသင်းတော်လေးတစ်ပါး သို့ သွားရောက် ဝတ်ပြုခဲ့ကြသည်။ ဝတ်ပြုစည်းဝေးချိန်တွင် အမျိုးသမီးတစ်ဉီး လူသွားလမ်း၌ ထွက်ပြီး ကခုန်သည်။ ခဏအကြာတွင် လူအချို့တို့လည်း ထွက်က ကြသည်။ ကျွန်ုပ်တို့ဇနီးမောင်နှံမှာ မတိုင်ပင်ရဘဲ တစ်ဉီးမျက်နှာတစ်ဉီးကြည့်မိပြီး “ငါတို့မကဘူး” ဟု မပြောရဘဲ တစ်သဘောတည်းဖြစ်သွားသည်။ ကျွန်ုပ်တို့က ရိုကျိုး ငြိမ်ဝပ်မှုဖြင့်ကိုးကွယ်ခြင်းကိုနှစ်သက်သည့် ရှေးရိုးအစဉ်အလာနှင့် ကြီးပြင်း လာခဲ့သဖြင့် ထိုဝတ်ပြုခြင်းပုံစံက ကျွန်ုပ်တို့နှင့် အံဝင်ခွင်ကျမဖြစ်ပါ။

ရှင်မာကု ခရစ်ဝင်ကျမ်းမှ မာရိ၏ဖြုန်းတီးမှုအကြောင်းက လုံးဝအဓိပ္ပာယ်မရှိ ဟု ဆိုပါလျှင် ၎င်းသည် သခင်ယေရှုအပေါ်ထားသည့် ချစ်ခြင်းကို အခြားသူ အတွက် အဆင်မပြေသည့်တိုင် မိမိစိတ်ကြိုက်ဖော်ပြနိုင်ကြောင်းကို အကြံပြုဖော်ပြ နေပါသည်(၁၄:၁-၉)။ မာရိဆီလောင်းခြင်းကိစ္စ၌ တစ်နှစ်စာ လုပ်အားခပါဝင်သည်။ ပညာမဲ့သော လုပ်ရပ်ဖြစ်ခြင်းကြောင့် တပည့်တော်တို့၏ကဲ့ရဲ့ဝေဖန်မှုကို ခံရသည်။ ရှင်မာကု သုံးနှုန်းသောစကားလုံးက သရော်ကဲ့ရဲ့ခြင်း၊ အထင်အမြင်သေးစက်ဆုပ် ခြင်း၊ ပျက်ရယ်ပြုခြင်းသဘောကို…

“လိုရမယ်ရ” ရုပ်တုများ

ဆမ်သည် သူ၏ပင်စင်ဘဏ်စာရင်းကို တစ်ရက်နှစ်ကြိမ် စစ်ဆေးသည်။ ၎င်းကို သူ နှစ်ပေါင်း ၃၀ စုဆောင်းခဲ့ပြီး စတော့စျေးကွက်မြင့်တက်လာခြင်းကြောင့်လည်း နောက်ဆုံး၌ ပင်စင်ခံစားချိန်အတွက်ပင် လုံလောက်သွားသည်။ စတော့စျေးကွက် မကျဘူး ဆိုလျှင်ပေါ့။ ဤစိုးရိမ်မှုကြောင့် ဆမ်အမြဲပင် စိတ်ပူပန်နေရသည်။

ပရောဖက်ယေရမိက “အိုယုဒပြည်၊ သင်သည် မြို့များအရေအတွက်ရှိသည် အတိုင်း သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေအတွက် ရှိသည်အတိုင်း ရှက်ဖွယ်သောရုပ်တုအဖို့၊ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်များကို တည်ကြပြီ” (၁၁:၁၃) ဟုသတိပေးပါသည်။

ယုဒပြည်၏ရုပ်တုကိုးကွယ်မှုက ပြောစမှတ်ပြုရသည်။ ဘုရားသခင်သည် ထာဝရဘုရားသခင်ဖြစ်တော်မူကြောင်းသိလျက်နှင့် အခြားဘုရားများကို သူတို့ အဘယ့်ကြောင့်ကိုးကွယ်နိုင်ကြသနည်း။ သူတို့ နှစ်ဖက်ခွထားကြသည်။ မှန်သော ဘုရားသာ သူတို့ကိုသေခြင်းမှ ရှင်ပြန်စေမည်ဖြစ်သောကြောင့် နောင်တမလွန် အတွက် ထာဝရဘုရားကိုသူတို့လိုအပ်သည်။ သို့သော် ယခုဘဝအတွက်ရော မလိုသလော။ အခြားသောဘုရားများက ကျန်းမာခြင်း၊ စည်းစိမ်၊ မြေသြဇာလွှမ်းသောမြေဆီတို့ပေးမည်ဟု…

မည်သို့ ပြန်လည်တည်ဆောက်မည်နည်း

ရှေ့ဆက်ရမည့်လုပ်ငန်းကို စစ်ဆေးကြည့်ရှုရန် ခေါင်းဆောင်က ညအချိန်၌ မြင်းစီးပြီး ထွက်သွားသည်။ သူ့ပတ်လည်ရှိ အပျက်အစီးများကို လှည့်လည် ကြည့်ရှုရင်း မြို့ရိုး ပြိုပျက်လျက်ရှိခြင်း၊ မြို့တံခါးမီးလောင်ပျက်စီးခြင်းကို သူမြင်ခဲ့ သည်။ အချို့နေရာများတွင် အပျက်အစီးများက များလွန်း၍ မြင်းသွားရန်ပင် အခက်အခဲဖြစ်သည်။ ဝမ်းနည်းမှုဖြင့် သူအိမ်သို့လှည့်ပြန်ခဲ့သည်။

မြို့မှတာဝန်ရှိသူများထံ အပျက်အစီးများတင်ပြရန် အချိန်ကျသောအခါ “ငါတို့ ခံရသော ဆင်းရဲခြင်းကို ... သင်တို့သိမြင်ကြ၏” (နေဟမိ ၂:၁၇)ဟု အစချီကာ မြို့တစ်မြို့လုံးပျက်စီးလျက် မြို့၏အကွယ်အကာဖြစ်သည့်မြို့ရိုးမှာလည်း အသုံးမဝင် ဖြစ်နေကြောင်း ဆိုခဲ့သည်။

ထိုနောက် ဒုက္ခရောက်နေသည့်မြို့သားများအား “ငါ၏ဘုရားသခင်သည် ငါ့အား ပြုတော်မူသောကျေးဇူးကိုလည်းကောင်း၊ ရှင်ဘုရင်မိန့်တော်မူသော စကားကို လည်းကောင်း ကြားပြောလျက်” အားပေးရာ၊ “သူတို့က ငါတို့သည် ထ၍တည်ကြ ကုန်အံ့”ဟု ဆိုကြသည် (:၁၈)။ တကယ်လည်း ထ၍တည်ကြသည်။

ရန်သူများက ဆီးတားလည်း၊ မဖြစ်နိုင်သော အမှုဟု…

တစ်ဉီးကို တစ်ဉီးအတွက်

“ကျွန်မသူ့ကို ဂရုစိုက်တယ်။ သူပျော်နေရင် ကျွန်မပျော်တယ်”ဟု စတယ်လာ ပြောရာ၊ “သူကျွန်တော့်အနားမှာ ရှိနေရင် ကျွန်တော်ပျော်တယ်”ဟု မားလ် ကလည်း ဆိုသည်။ မားလ်နှင့် စတယ်လာ တို့သည် အိမ်ထောင်သက် ၇၉ နှစ်ရှိပြီ ဖြစ်သည်။ မကြာမီကမှ မားလ် ကို ဘိုးဘွားရိပ်သာသို့ပို့ခဲ့ပြီး ထိုနေရာ၌ သူမပျော် ကြောင်းပြောသဖြင့် စတယ်လာ မှာ ဝမ်းပန်းတသာ သူ့ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ မားလ် ၏အသက်မှာ ၁၀၁ နှစ် ရှိပြီး စတယ်လာ က ၉၅ နှစ် ဖြစ်သည်။ စတယ်လာ သည် တုတ်ကောက်ကို အမှီပြုပြီးသွားလာနေရသော်လည်း ခင်ပွန်းအကြိုက် အစားအစာကို ပြင်ဆင်စီမံခြင်း စသည့် သူလုပ်ပေးနိုင်သောအရာကို အမြတ်တနိုးလုပ်ပေးသည်။ သူဘာသာသူ လုပ်ပေးခြင်းတော့မဟုတ်ပါ။ မြေးများနှင့် အိမ်နီးချင်းများက သူ့ကို ကူညီ လုပ်ပေးရသည်။

စတယ်လာ နှင့်…

သူ ကျွန်ုပ်ကို ပြောင်းလဲပေးခဲ့သည်။

လန်ဒန်မြို့၌ အကြီးဆုံးသောပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ ဂျွန် ထောင်ကျသွား သောအခါ သူသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဖြစ်သည်ဟု တစ်လွဲယုံကြည် ခဲ့သည်။ ထောင်ထဲတွင် ကိတ်မုန့်နှင့်ကော်ဖီစားရရန်အတွက် ကျမ်းစာသင်တန်း တက်ရန် သူဆုံးဖြတ်ခဲ့သည်။ သို့သော် အခြားအကျဉ်းသားများ၏ ပျော်ရွှင် ဝမ်းမြောက်မှုက သူ့ကို ရိုက်ခတ်လျက် ပထမသီချင်းတစ်ပုဒ်ဆိုနေစဉ်မှာပင် သူ စတင်ငိုကြွေးပြီးနောက် သမ္မာကျမ်းစာအုပ်ကို လက်ခံရယူခဲ့သည်။ ထိုနောက် ယေဇကျေလအနာဂတ္တိကျမ်းကို ဖတ်ရှုရာ၊ မိုးကြိုးထိမှန်သကဲ့သို့ တို့ထိခြင်းခံရပြီး သူပြောင်းလဲသွားသည်။ "မတရားသောသူသည် မိမိပြုသောအဓမ္မအမှုကို ရှောင်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြုလျှင် ... သေခြင်းနှင့်လွတ်၍ စင်စစ် အသက်ရှင်ရလိမ့်မည်"(၁၈:၂၇-၂၈)ဟူသည့် ဘုရားစကား သူ့ထံ ရောက်လာပြီး "ငါဟာ လူကောင်းမဟုတ်ဘူး၊ ဆိုးညစ်တဲ့သူဖြစ်ပြီး ပြောင်းလဲဖို့လိုတယ်"ဟုသိမြင်လာသည်။ သင်းအုပ်ဆရာနှင့်အတူဆုတောင်းလျက် "ယေရှုကို ကျွန်ုပ်တွေ့ပြီ။ သူကျွန်တော့်ကို ပြောင်းလဲ ပေးခဲ့တယ်"ဟုဆိုသည်။

ထိုကျမ်းစကားသည် ဘုရားသခင်၏လူမျိုးတော်များ တိုင်းတစ်ပါးသို့ ဖမ်းဆီးသိမ်းသွားခံရချိန်တွင် ပရောဖက်ယေဇကျေလမိန့်ကြားသောစကားဖြစ်သည်။ ဘုရားထံမှ…

အတူတကွ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်သည်

ညဥ့်သန်းခေါင်ယံအချိန်၌ အသင်းသားတစ်ယောက်မှသူ့အိမ်သို့လာရန် ခေါ်ဆိုသော ဖုန်းကို သင်းအုပ်ဆရာ Samuel Baggaga လက်ခံရရှိခဲ့သည်။ သူရောက်သွားသော အခါ ထိုအိမ်မီးလောင်နေသည်ကို တွေ့ရသည်။ ဖခင်ခမျာ မီးလောင်ဒဏ်ရာရ လျက်နှင့် သူ့ကလေးကိုကယ်ထုတ်ရန် အိမ်ထဲဝင်သွားပြီး သတိမေ့မျောနေသော သမီးကို ကယ်ထုတ်ခဲ့သည်။ ယူဂန်ဒါဒေသ၏မြို့ပြအနေအထားအရ ဆေးရုံမှာ ခြောက်မိုင် (၁၀ ကီလိုမီတာ) အကွာအဝေးတွင် တည်ရှိသည်။ ကားအသွားအလာ လည်းမရှိသဖြင့် သင်းအုပ်ဆရာနှင့် ဖခင်သည် ထိုကလေးကို သယ်ပိုးလျက် ဆေးရုံသို့ အပြေးနှင်ခဲ့သည်။ ဒဏ်ရာရနေသောကလေးမလေးကို သယ်ဆောင် ခရီးနှင်ရင်း တစ်ယောက်မောလျှင် ကျန်တစ်ယောက်က လက်ပြောင်းသယ်သည်။ ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆေးရုံရောက်သွားသည်။ သို့နှင့် ဖခင်နှင့် သမီးတို့ ဆေးကုသမှုခံယူပြီးနောက် အပြည့်အဝပြန်လည်ကျန်းမာလာသည်။

ထွက်မြောက်ရာကျမ်း ၁၇:၈-၁၃ မှ ကြီးမားသောအောင်ပွဲအတွက် ဘုရားသခင်စီမံကွပ်ကဲသည့်တိုက်ပွဲတွင် စစ်တလင်း၌ ဉီးဆောင်တိုက်ခိုက်ရသော ယောရှုနှင့် ဘုရားသခင်၏လှံံကိုကိုင်လျက် လက်ကိုမြောက်ထားသောမောရှေတို့ ၏…

အထက်ရှုထောင့်အမြင်များ

၁၉၇၀ ခုနှစ်က သတ္တုစမ်းသပ်ရှာဖွေသောကိရိယာကို အသုံးပြုခြင်းသည် ပီတာဝက်ချ် ၏ဝါသနာမျှသာ ဖြစ်သည်။ သို့သော် ၁၉၉၀ ခုနှစ်မှစ၍ သတ္တုစူးစမ်း ရှာဖွေခြင်းခရီးစဉ်များဖြင့် ကမ္ဘာတစ်ဝန်းမှ လူများကို သူဉီးဆောင်ခဲ့သည်။ ဓားများ၊ ရှေးဟောင်း ရတနာများ၊ အကြွေစေ့များ စသည်ဖြင့် ရှာဖွေတွေ့ရှိမှုထောင်ပေါင်းများစွာ ရရှိခဲ့သည်။ ဂြိုဟ်တုပံုရိပ်ကို အမှီပြုတီထွင်ထားသော Google Earth ကို အသုံးပြု၍ အင်္ဂလန်ရှိ လယ်မြေများကို စူးစမ်းရှာဖွေခဲ့သည်။ ထိုရှာဖွေမှုမှ ရှေးရာစုနှစ်များစွာကရှိခဲ့သည့် လမ်းများ၊ အဆောက်အဉီများနှင့် အခြားသော ရှေးမြို့ပြဖွဲ့စည်းတည်ဆောက်မှုကို တွေ့ရှိခဲ့သည်။ "အပေါ်စီးမှကြည့်သည့်အမြင် က ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်"ဟု ပီတာ က ပြောပြသည်။

ပရောဖက်ဟေရှာယခေတ်ရှိ ဘုရားလူများသည် အထက်မှအမြင်ကို ရရှိရန် လိုအပ်သည်။ ဘုရားသခင်၏လူမျိုးတော်ဟုဆိုလျက် သူတို့ဂုဏ်ယူဝင့်ကြွားနေစဉ် တစ်ဘက်တွင် နာခံခြင်းမရှိ၊ ရုပ်တုဆင်းတုများကိုလည်း မစွန့်လွှတ်နိုင်။ သို့သော် ဘုရားသခင်၌ အခြားသောအမြင်ရှိသည်။ သူတို့မနာခံသော်လည်း…

ဘုရားသခင်အကြောင်း

မိုက်ခ်၏သူငယ်ချင်းအများစုသည် ခရစ်ယာန်တရားတော်အကြောင်းကိုမသိ၊ ဂရုလည်း မစိုက်ကြပါ။ သို့သော် မိုက်ခ် သူတို့အပေါ် ဂရုတစိုက်ရှိသည်ကိုတော့ သူတို့သိသည်။ တစ်နေ့ “ရှင်ပြန်ထမြောက်ရာနေ့” နီးလာချိန်တွင် ရှင်ပြန်ထမြောက်ခြင်းနှင့် ပဿခါပွဲတို့ ဆက်နွယ်မှုရှိသည်ဟုကြားခဲ့ရကြောင်း၊ သို့သော် မည်သို့ဆက်စပ်သည်ကိုဖြင့် မတွေးတတ်ကြောင်း သူငယ်ချင်းတစ်ဦးက အမှတ်မထင်ထုတ်ဖော် ပြောပြီး “ဟေး... မိုက်ခ်၊ မင်းက ဘုရားတရားအ‌ကြောင်း သိတယ်ဆိုတော့ ပဿခါပွဲဆိုတာ ဘာလဲကွ၊ မင်းသိသလား” ဟုမေးသည်။

ထိုအခါ မိုက်ခ် က ဘုရားသခင်သည် ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ကယ်ထုတ်လာသည့်အကြောင်း၊ အိမ်တိုင်းတွင် သားဦးသေရသည့်ကပ်ဘေး အပါအဝင် ကပ်ဘေးကြီး ၁၀ ခု အကြောင်း၊ အိမ်အဝင်တံခါးဘောင်၌ ယဇ်ကောင် သိုးသူငယ်၏အသွေး သုတ်လိမ်းထားသောအိမ်များကို သေမင်းတမန်က ကျော်သွား ကြောင်းကို ရှင်းပြသည်။ နောက်ပိုင်းတွင် ပဿခါပွဲအတွင်း သခင်ယေရှု ခရစ်တော်သည် ယဇ်ပူဇော်ခြင်းခံရသောသိုးသူငယ်အဖြစ် တစ်ခါတည်း ကိုယ်ကို ပူဇော်ပြီးမှ…