အမျိုးအစား  |  odb

သစ်ခုတ်သမား

ကျွန်ုပ်ကောလိပ်ကျောင်းတတ်စဉ်က ထင်းခုတ်၊ ထင်းစီ၊ ထင်းရောင်း၊ ထင်းပို့ စသည့် အလုပ်ကို တစ်နှစ်လုပ်ကိုင်ခဲ့ရသည်။ အလွန်ပင်ပန်းပါသည်။ ထိုကြောင့် ၄ ရာ ၆ မှ ကံဆိုးသည့် သစ်ခုတ်သမားတစ်ဦးအပေါ် ကျွန်ုပ်စာနာကရုဏာသက်မိပါသည်။

ပရောဖက်ဧလိရှဲထံတပည့်ခံသူ ပရောဖက်များ တိုးပွားများပြားလာသဖြင့် ၎င်းတို့ ဆံုနေကျနေရာက ကျဉ်းသွားသည်။ သို့နှင့် တောထဲသွားပြီး သစ်ခုတ်ကာ နေရာဆောက်လုပ်ရန် တစ်ယောက်က အဆိုပြုသည်။ ဧလိရှဲလည်း သဘောတူပြီး ကမ်းနားသို့ အတူဆင်းသွားကြသည်။ အားလံုးအဆင်ပြေစွာရှိနေပြီးမှ လူတစ်ဉီး၏ ပုဆိန်ကျွတ်ပြီး ရေထဲကျသွားသည် (:၅)။

အချို့က ဧလိရှဲသည် တုတ်ဖြင့် ပုဆိန်ရှိမည့်နေရာကိုစမ်း၍ ရေပေါ် ပေါ်စေသည်ဟု ဆိုကြသည်။ ထိုသို့ မဟုတ်ပါ။ ၎င်းသည် အံ့ဖွယ်နိမိတ်လက္ခဏာဖြစ်သည်။ ပုဆိန်သည် ဘုရားသခင်၏လက်တော်အားဖြင့် ရေပေါ်ပေါလောပေါ်လာမှ သွားရောက်ဆယ်ယူရခြင်းဖြစ်သည် (:၆-၇)။

ဤရိုးစင်းသောအံ့သြဖွယ်ရာလေးက ဘုရားသခင်သည် ပုဆိန်ပျောက်၊ သော့ပျောက်၊ မျက်မှန်ပျောက်၊ ဖုန်းပျောက်…

အဖိုးတန်ခွဲခွာမှု

ပန်းပုပညာရှင် Liz Shepherd၏ ၂၀၁၈ ခုနှစ် ပြပွဲတွင် “The Wait - စောင့်စားရချိန်” ပန်းပုရုပ်သည် ဘဝ၌ပေါ်လွင်သော အဖိုးတန်သော အလွန်ထူးကဲမှုကို ပေါ်ထွက်စေ သည်ဟု Boston Globe သတင်းစာမှ ရေးသားခဲ့သည်။ နောက်ဆံုးအချိန် ရောက်နေသည့်ဖခင်ကြီး၏အနီးအပါး၌ အချိန်ကုန်လွန်ခဲ့ရခြင်းကြောင့် သူ့ပြပွဲက တမ်းတစိတ်၊ ဆံုးရှုံးမှု၊ ချစ်ခင်ရသူများက လက်လှမ်းမမီနိုင်သောအရပ်သို့ ရောက်သွားပြီဟူသည့် ထိရှလွယ်သည့်ခံစားချက်အငွေ့အသက်များကို ပေးနေသည်။

သေခြင်းသည် အဖိုးကြီးကြောင်း အယူအဆက ဗီဇသဘာဝအသိနှင့် ဆန့်ကျင် ကောင်း ဆန့်ကျင်နေမည်။ သို့သော် ဆာလံဆရာက “ထာဝရဘုရားရှေ့တော်၌ မိမိ သန့်ရှင်းသောသူတို့၏သေခြင်းအရာသည် အဖိုးကြီးလှ၏” (ဆာ ၁၁၆:၁၅) ဟု ဆိုထားသည်။ ဘုရားသခင်သည် သူ့လူများ၏သေခြင်းကို တန်ဖိုးထားသည်။ ၎င်းတို့ ခွဲခွာသွားစဉ် ဘုရားရှင်က သူတို့ကို ကြိုဆိုသည်။

ဤဖြောင့်မတ်သော ဘုရားလူများ၊ သစ္စာရှိသောအစေခံများကား မည်သူနည်း။…

ကယ်တင်ခြင်းကို မြင်ရခြင်း

အသက် ၅၃နှစ်အရွယ်တွင် ဆိုးနီးယားသည် သူ၏စီးပွားရေးလုပ်ငန်းနှင့် သူ့နိုင်ငံကို စွန့်ပြီး နယ်မြေသစ်၌ နိုင်ငံရေးခိုလှံုခွင့်တောင်းခံသည့်ဂိုဏ်းတစ်ဂိုဏ်းနှင့် ပူးပေါင်း ခဲ့သည်။ ထိုဂိုဏ်းက သူ့တူကိုသတ်ပစ်ပြီး ၁၇ နှစ်အရွယ်သူ့သားကိုလည်း သူတို့ ဂိုဏ်းထဲထည့်ရန် ဖိအားပေးလာရာ ဆိုးနီးယားသည် တစ်ခုတည်းသော လွတ်လမ်းကို ရွေးချယ်ခဲ့သည်။ “ကျွန်မ ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်။ ဘာဘဲလုပ်ရလုပ်ရ ကျွန်မလုပ်မယ်...။ ကျွန်မတို့သားအမိ ငတ်ပြတ်မသေအောင် ဘယ်အလုပ်မဆို လုပ်မယ်...။ အသတ်ခံရပြီး အိပ်ထဲထည့်၊ မြောင်းထဲစွန့်ပစ်ခံရပြီး ဘဝဆံုးသွားတာထက်... ဒုက္ခဆင်းရဲခံတာကမှ ပိုကောင်းမယ်” ဟု သူပြောပြသည်။

ဆိုးနီးယားတို့သားအမိအတွက်၊ မတရားမှုနှင့် ဖျက်ဆီးနှောင့်ယှက်မှုခံရသူတို့အတွက် သမ္မာကျမ်းစာမှ မည်သည့်အားပေးစကားရှိသနည်း။ ဗတ္တိဇံဆရာယောဟန်မှ သခင်ယေရှု ပေါ်ထွန်းခြင်းကို ကြွေးကြော်သည်တွင် ဆိုးနီးယားအတွက်ရော၊ ကျွန်ုပ်တို့ အတွက်ရော၊ လောကသားတို့အတွက်ရော သတင်းကောင်းကို ကြေညာပေးခဲ့သည်။ “ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့”(လု ၃:၃)ဟု ကြွေးကြော်သည်တွင် သခင်ယေရှုကြွလာ သောအခါ…

နောက်တစ်ဖန် ဆုတောင်းရန် အချိန်ကျပြီ

ကျွန်မ၏အိမ်နီးချင်း မေရီယန်နှင့် သူ့သမီးလေး အဲလစ်ဇဘက်တို့ကို လက်ပြ နှုတ်ဆက်ရင်း ကျွန်မအိမ်ဘက်သို့ ကားကိုကွေ့ဝင်လိုက်သည်။ ဤနှစ်များအတွင်း “ခဏ စကားပြောရန်” ကတိပြုထားသည့်အချိန်ထက် ကြာသွားပြီးနောက် ဆုတောင်းခြင်းဖြင့် အဆံုးသတ်သည့် ကျွန်မနှင့် မေရီယန်တို့၏ မိတ်သဟာယနှင့် အဲလစ်ဇဘက်လေး အကျွမ်းဝင်ခဲ့ပြီဖြစ်သည်။ ကျွန်မတို့စကားပြောနေစဉ် သူက သူတို့ခြံရှေ့သစ်ပင်ပေါ်တက်ပြီး သစ်ကိုင်းကို ခြေဖြင့် ချိတ်၍ တွဲလောင်းခိုလျက် ဆော့ကစားသည်။ ခဏအကြာတွင် သစ်ပင်ပေါ်မှဆင်းလာပြီး ကျွန်မတို့ထံ ခြေတစ်ပေါင်ကျိုးခုန်လျက် ရောက်လာပြီးနောက် ကျွန်မတို့လက်ကို ဆုပ်ကိုင်ကာ အပြံုးနှင့် “နောက်တစ်ဖန် ဆုတောင်းရန် အချိန်ကျပြီ” ဟု သီချင်းလုပ်ဆိုကာ ပြောသည်။ ကျွန်မတို့၏မိတ်သဟာယ၌ ဆုတောင်းခြင်းသည် အရေးကြီးကြောင်း ဤငယ်သောအရွယ်မှာပင် သူသဘောပေါက်နားလည်ပံုရပါသည်။

ရှင်ပေါလု ယံုကြည်သူများအား “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့” (ဧ ၆:၁၀)ဟု တိုက်တွန်းပြီးနောက် အစဉ်မပြတ်ဆုတောင်းရန်အရေးကြီးကြောင်း အထူးသဖြင့် တိုက်တွန်းခဲ့သည်။ အကာအကွယ်၊ ပိုင်းခြားသောဉာဏ်နှင့်…

ခေါင်းလောင်းသံ

ကလေးဘဝကတည်းက ဂျက်ဆင်၏အိမ်မက်ပန်းတိုင်မှာ အမေရိကန်ရေတပ်မှ တပ်သားတစ်ဦးဖြစ်ချင်ခဲ့သည်။ ထိုရည်မှန်းချက်ကြောင့် နှစ်ပေါင်းများစွာ ခန္ဓာပိုင်း ကြပ်မတ်လေ့ကျင့်ခဲ့ရသည်။ စိတ်အလိုကိုမလိုက်၊ သူလုပ်ချင်သည့်အရာများကို မလုပ်ဘဲ ခြိုးခြံစွာကျင့်ခဲ့ရသည်။ နောက်ဆံုးတွင် ရေတပ်သင်တန်းသားများက “တစ်ပတ်တာငရဲစခန်း” ဟု ခေါ်သည့် အလွန်ပင်ပန်းခက်ခဲသည့် ခံနိုင်ရည်စွမ်းနှင့် ခွန်အားစစ်ဆေးမှုကို သူခံယူရင်ဆိုင်ခဲ့သည်။

ပင်ပန်းခက်ခဲလှသည့် သင်တန်းကို ပြီးစီးအောင် ဂျက်ဆင်မတတ်နိုင်၊ သူ့ခန္ဓာက ခံနိုင်ရည်မပြည့်ပါ။ တုံ့ဆိုင်းလျက်နှင့် ထိုသင်တန်းမှနှုတ်ထွက်မည့်အကြောင်း သူ့အထက် အရာရှိနှင့် အခြားသော သင်တန်းသားများကို သူအချက်ပြခေါင်းလောင်းထိုးခဲ့သည်။ လူ အများစုအတွက် ၎င်းသည်အရှံုးဟု ခံစားရမည်။ သို့သော် အလွန်စိတ်ပျက်အားလျော့မည့် အစား စစ်ဘက်ဆိုင်ရာစစ်ကြောမှု မအောင်မြင်ခြင်းအား သူ့ဘဝ အသက်အမွေးမှုအလုပ် အကိုင်အတွက် ပြင်ဆင်ပေးသည့်အရာအဖြစ် နောက်ပိုင်းတွင် သူရှုမြင်လာနိုင်ခဲ့သည်။

တမန်တော်ရှင်ပေတရုသည်လည်း အရှုံးနှင့်ရင်ဆိုင်ခဲ့ရဖူးပါသည်။ ထောင်ပဲ ကျကျ၊ သေလျှင်သေပါစေ သခင်ယေရှုအပေါ်သစ္စာစောင့်သိပါမည်ဟု ရဲရဲကြီး သူ ကြွေးကြော်ခဲ့သည်(လု ၂၂:၃၃)။ သို့သော်…

ပြန်လည်ဆံုတွေ့ရချိန်တွင်

စစ်မှုထမ်းသွားနေသည့် ဖေဖေ့ထံမှ လက်ဆောင်ဘူးကို သူငယ်လေးက ဖွင့်လိုက်သည်။ ဖေဖေသည် သူ့မွေးနေ့အမီပြန်မရောက်နိုင်ဟု သူသိထားသည်။ ဘူးထဲ၌ နောက်ထပ် ထုတ်ပိုးထားသည့်လက်ဆောင်ကို သူထပ်ဖြည်ကြည့်ပြန်ရာ “အံ့ဩသွားလား” ဟူသည့် စာရွက်ကိုတွေ့ရ၍ ဘာမှန်းမသိနားမလည်နိုင်ဖြစ်သွားသည်။ သူ့ခေါင်းကို ပြန်မော့ လိုက်စဉ် အခန်းထဲဝင်လာသည့် ဖေဖေ့ကို တွေ့လိုက်ရသည်။ မျက်ရည်နှင့် ဖေဖေ့ လက်ပေါ်ခုန်တက်ရင်း “ဖေဖေ့ကိုသားလွမ်းလိုက်တာ၊ ဖေဖေ့ကို သားချစ်လိုက်တာ” ဟု သူငယ်လေးအော်ပြောလိုက်တော့သည်။

မျက်ရည်ဝဲရသော်လည်း ဝမ်းမြောက်ဖွယ်ပြန်လည်တွေ့ဆံုမှုလေးက အသစ်သော ဖန်ဆင်းခြင်းအချိန်တွင် ဘုရားသားသမီးများ အဘခမည်းတော်နှင့် ပြန်လည်တွေ့ရမည့် ဘုန်းအသရေနှင့် ပြည့်သောအချိန်ကို မြင်ယောင်မိစေသည်။ ၎င်းကို ဗျာဒိတ် ၂၁ တွင် အဓိကဖော်ပြထားသည်။ “ဘုရားသခင်သည်”(ကျွန်ုပ်တို့) မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်ပေးမည်။ ကောင်းကင်ဘံုရှင်အဘနှင့်အတူရှိရမည်ဖြစ်၍ နာကျင်ကြေကွဲမှု များကို ကျွန်ုပ်တို့ မခံစားရတော့ပါ။ ဗျာဒိတ် ၂၁ တွင် “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ…

စိတ်ပျက်အားလျော့ခြင်း သရုပ်

ကမ္ဘာစီးပွားပျက်ကပ်ဆိုက်ခဲ့စဉ်က အမေရိကန်ပြည်ထောင်စု၌ နံမည်ကျော်ဓာတ်ပံု ပညာရှင် Dorothea Lange သည် ဖလော်ရင့် အိုဝင်စ် သွန်မဆင်နှင့် သူ့သားသမီးများ၏ ဓာတ်ပံုကို အမှတ်တမဲ့ ရိုက်ယူခဲ့သည်။ ထိုဓာတ်ပံုက Migrant Mother အမည်ဖြင့် ထင်ရှားခဲ့ပြီး၊ ထိုပံုမှာ ပဲအထွက်မကောင်းသဖြင့် မိခင်တစ်ဉီး၏စိတ်ပျက်အားလျော့မှုကို ဖော်ကျူးသည်။ Lange သည် လယ်ယာစိုက်ပျိုးရေးရံုး၌ အလုပ်လုပ်နေစဉ်အတွင်း ထိုဓာတ်ပံုကို ကယ်လီဖိုးနီးယားပြည်နယ် နီပိုမို ဒေသ၌ ရိုက်ယူခဲ့ခြင်းဖြစ်ပြီး ရာသီအလိုက် သီးနှံစိုက်ပျိုးသူ တောင်သူများ၏ကယ်ရာမဲ့အခြေအနေကို တာဝန်ရှိသူများ သိရှိရန် သူမျှော်လင့်ခဲ့သည်။

ယေရမိမြည်တမ်းစကား၌လည်း စိတ်ပျက်အားလျော့ခြင်း ပံုရိပ်တစ်ခုပါရှိသည်။ ယေရုရှလင်မြို့ပျက်စီးချိန်၌ ယုဒ၏စိတ်ပျက်အားလျော့မှုပုံရိပ်ဖြစ်သည်။ နေဗုခနေဇာ မင်းကြီး၏စစ်တပ်က မြို့ကို ဝင်ရောက်မချေမှုန်းမီ၊ မြို့ကို ဝန်းရံပိတ်ဆို့ထားစဉ်ကပင် အစာရေစာခေါင်းပါးမှုနှင့် ပြည်သူတို့ရင်ဆိုင်ခဲ့ရသည် (၄ ရာ ၂၄:၁၀-၁၁)။ ထိုဆင်းရဲ ဒုက္ခသည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို မနာခံခြင်း၏ရလဒ်ဖြစ်သော်လည်း မြည်တမ်းခြင်းကျမ်းကိုရေးခဲ့သူက…

ချီပီ

ဇင်ယော်ငှက်ငယ် ချီပီလေးသည် သူ့ခြေထောက်ကျိုးသွားစဉ်က သူ့ကို ဆေးကုပေးခဲ့သူ ဂျွန်ထံ နေ့စဉ် ၁၂ နှစ်တိုင် သွားရောက်ခဲ့သည်။ ဂျွန်က သူ့ကို ဘီစကစ် မုန့်လေးများကျွေးပြီး သူ့ထံခေါ်လျက် ပြန်လည်နေကောင်းလာသည်အထိ ပြုစုပေး ခဲ့သည်။ ချီပီသည် အင်္ဂလန်နိုင်ငံဒီဗွန်ဒေသရှိ အင်စတိုကမ်းခြေ၌ နေထိုင်သော်လည်း စက်တင်ဘာလမှမတ်လအတွင်းတွင် သူတို့နှစ်ဉီးမှာ တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ ရှာတွေ့ကြသည်။ ဂျွန်ကမ်းခြေသို့ ရောက်လာသည်နှင့် ချီပီက သူ့ထံ တည့်တည့်ပျံသန်းဆင်းသက်လာသည်။ အခြားသူများထံကိုဖြင့် သူမချဉ်းကပ်ပါ။ ၎င်းတို့၏ဆက်ဆံရေးက သာမန်မဟုတ်သည်မှာ သေချာပါသည်။

၎င်းတို့နှစ်ဉီး၏ဆက်ဆံပတ်သက်နှောင်ဖွဲ့မှုက လူနှင့်ငှက်အကြား တစ်မူထူး သည့် အခြားသောဆက်ဆံရေးတစ်ခုကို သတိရစေသည်။ ဘုရားသခင်၏ ပရောဖက် ဧလိယသည် မိုးခေါင်စဉ်အတောအတွင်း ​ခေရိတ်ချောင်းသို့ သွားရောက်ပုန်းရှောင် ခိုနေရန် “သင်သည် ဤအရပ်မှထွက်သွားလော့။ ...ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍ နေလော့။ ...ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်…

နှောင့်နှေးရသည့်အကြောင်းရင်း

BBC video ဇာတ်လမ်းတွဲ The Life of Mammals series တွင် အစီအစဥ် တင်ဆက်သူ David Attenborough သည် ခြေချောင်းသုံးချောင်းရှိသော မျောက်မောင်းမများ၏ ရယ်စရာကောင်းသောပုံကို ဓါတ်ပုံရိုက်ရန် သစ်ပင်ပေါ်သို့ တက်ခဲ့သည်။ ထိုကမ္ဘာ့အနှေးဆုံး နို့တိုက်သတ္တဝါနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရ သောအခါ ‘ဝါး’ ဟုနှုတ်ဆက်လိုက်သည်။ မည်သည့်တုံ့ပြန်မှုမှမရပါ။ ထို မျောက်များသည် ကြေခဲသော၊ အာဟာရမဖြစ်သောအရွက်များကို အဓိကစားသုံးပြီး ရှင်သန်နေခြင်းကြောင့် ထိုသို့နှေးနေရခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

ဣသရေလလူများ၏သမိုင်းတွင် နှောင့်နှေးရခြင်းအကြောင်းရင်းနှင့် ပတ်သက်သည့် အခြားဥပမာတစ်ခုကို နေဟမိရှင်းပြသည်(၉:၉-၂၁)။ သို့သော် ဤဥပမာမှာ ရယ်စရာ ဟာသ မဟုတ်ပါ။ နေဟမိ၏စကားများအရ ဘုရားသခင်သည် အမျက်ထွက်ရာ၌ နှေးတော်မူခြင်းကား သူမတူအောင်နှေးပါသည်။ ဘုရားရှင်၏ သူ့လူမျိုးများအပေါ်ဂရုပြု ခြင်း၊ အသက်ကိုပေးသောပညတ်တော်များကို သွန်သင်ကာ အီဂျစ်ပြည်မှထွက်ခွာလာသည့် ခရီးစဉ်တွင် စောင့်ထိန်းမစပို့ဆောင်လျက်…

စာအုပ်ထဲ၌ ပျော်မွေ့နစ်မျောခြင်း

Tsundoku။ ကျွန်မအမြဲလိုအပ်သောစကားလုံးလေးဖြစ်ပါသည်။ ဂျပန်ဝေါဟာရ ဖြစ်ပြီး ဖတ်မည့်သူကိုစောင့်နေသည့် ကုတင်ဘေးရှိစားပွဲတွင်တင်ထားသော စာအုပ် များကို ဆိုလိုပါသည်။ စာအုပ်စာပေများသည် သင်ယူရန်အခွင့်အလမ်း​ကိုပေးသည်။ စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်သည်။ စာမျက်နှာများမှရရှိသည့် ဝမ်းမြောက်မှုနှင့် အတွေးအမြင်များကို ကျွန်မတောင့်တသည်။ ထိုကြောင့် စာအုပ်ပုံကြီး ဆက်လက် ရှိနေခြင်းဖြစ်ပါသည်။

ဝမ်းမြောက်မှုနှင့်အကူအညီကို စာအုပ်များမှရနိုင်သည်ဟုဆိုလျှင် စာအုပ်ထိပ်ခေါင် သမ္မာကျမ်းစာမှဆိုလျှင် ပို၍ပင်မှန်နေတော့သည်။ လူမျိုးတော်ကို ကတိတော်ပြည်သို့ ပို့ဆောင်ရန်စေခိုင်းခံရသူ ဣသရေလလူတို့၏ခေါင်းဆောင်သစ်ယောရှုအား ဘုရားရှင် ပေးအပ်ခဲ့သော လမ်းညွှန်မှုများပါဝင်သောကျမ်းစာတွင် နစ်မျောပျော်ဝင်ရန် အားပေးနေမှု ကိုကျွန်မခံစားရသည် (ယောရှု ၁:၈)။

ရှေ့တွင်ရှိသောအခက်အခဲများကို သိသောကြောင့် ဘုရားရှင်က ယောရှုအား သင်နှင့် အတူရှိမည် (:၅) ဟုစိတ်ချမှုပေးခဲ့သည်။ ဘုရားသခင်၏ပညတ်တော်များကို ယောရှု နာခံခြင်းအားဖြင့် အထံတော်မှကူညီမစမှုများရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား “ထိုပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကိုမဖတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်”(:၈) ဟုမိန့်ကြား ခဲ့သည်။…