မြေအိုးအဟောင်းတစ်လုံး
နှစ်အတန်ကြာမျှ မြေအိုးအဟောင်းတော်တော်များများကို ကျွန်တော်စုဆောင်းခဲ့သည်။ ကျွန်တော် အနှစ်သက်ဆုံးအိုးမှာ အာဗြံဟံခေတ် နေရာတစ်ခု၌ ရှာဖွေတူးဖော်ခဲ့ရသည့်အိုးဖြစ်သည်။ ၎င်းသည် အိမ်ရှိ ကျွန်တော့်ထက် အသက်ပိုကြီးသည့် တစ်ခုတည်းသော ပစ္စည်းဖြစ်ပြီး၊ အစွန်းအထင်း၊ အက်ကွဲကြောင်းများနှင့်ပဲ့နေပြီး ကောင်းကောင်း တိုက်ချွတ် သင့်သည့်ပစ္စည်းဖြစ်ပြီး စိတ်ဝင်စားစရာ မကောင်းပါ။ ကျွန်ုပ်သည် မြေမှုန့်မှလာသော လူသားတစ်ယောက် ဖြစ်ကြောင်း မိမိကိုယ်ကိုသတိပေးရန် ဤပစ္စည်းကို ကျွန်တော် သိမ်းထားခဲ့သည်။ ကျွန်ုပ်သည် အားနည်းပြီး ထိခိုက်ပျက်စီး လွယ်သူဖြစ်သော်ငြားလည်း တိုင်းတာ၍မရသည့် အဖိုးတန် ဘဏ္ဍာ - ယေရှုကို သယ်ဆောင်နေသူဖြစ်သည်။ ကျွန်ုပ်တို့၏ မြေအိုးထဲတွင် (ယေရှု)ဟူသည့် ဘဏ္ဍာရှိသည် (၂ ကော ၄:၇)။
ရှင်ပေါလုက “ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း အကျိုးနည်းခြင်းသို့ မရောက်၊ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်၊ ညှဥ်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ၊ အောက်သို့ လှဲခြင်းကို…
ခင်မင်ရင်းနှီးမှု ခုံတန်းလျား
အာဖရိကန်နိုင်ငံဖြစ်သည့် ဇင်ဘာဘွေနိုင်ငံ၌ စစ်မက်ဖိစီးမှုဒဏ်နှင့် အလုပ်လက်မဲ့ဉီးရေ မြင့်တက်လာသည့်အခြေအနေများက ပြည်သူများအတွက် စိတ်အားငယ်မှုကိုဖြစ်စေ သည်။ ထို့နောက်တွင် “ခင်မင်ရင်းနှီးမှုခုံတန်းလျား” မှ မျှော်လင့်ခြင်းကို လူတို့တွေ့ရှိခဲ့ကြ သည်။ ထိုနိုင်ငံသုံး Shona ဘာသာစကားအရ “kufungisisa” “အတွေးလွန်နေသူများ” တစ်နည်းအားဖြင့် စိတ်ဓာတ်ကျနေသူ၏ ရုန်းကန်ရမှုများကို နားထောင်ပေးရန် သက်ကြီးအမျိုးသမီးများကို လေ့ကျင့် သင်ပေးသည်။ မျှော်လင့်ချက်မဲ့သူများသည် ထိုနေရာတွင် “သင်တန်းဆင်းဘွားဘွားများ”နှင့် စကားပြောနိုင်သည်။
“ခင်မင်ရင်းနှီးမှု ခုံတန်းလျား”စီမံချက်ကို ဇမ်ဇီဘာ၊ လန်ဒန်နှင့် နယူးယောက် အပါအဝင် အခြားနေရာများတွင်လည်း စတင်မိတ်ဆက်လုပ်ဆောင်ခဲ့သည်။ လန်ဒန်မှ သုတေသီတစ်ဉီးက “တွေ့မြင်ရတဲ့ရလဒ်တွေက ကျွန်ုပ်တို့ကို ပီတိဖြစ်စေတယ်” ဟုဆိုသည်။ နယူးယောက်မြို့မှ အကြံပေး ပုဂ္ဂိုလ်တစ်ဉီးက ထိုစကားကိုထောက်ခံလျက် “ကိုယ်ဟာ ခုံတန်းလျားပေါ် ထိုင်နေရုံသက်သက် မဟုတ်ဘဲ ကိုယ့်ကိုဂရုစိုက်တဲ့သူနဲ့ နွေးထွေးစွာ စကားပြောနေရတယ်ဆိုတာ သတိမထားမိလိုက်ဘူး”ဟု ဆိုခဲ့သည်။
ဤစီမံချက်သည် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်…
ကလေးသူငယ်များကို ဘုရားသခင်ထံသို့ လမ်းညွှန်ပေးခြင်း
အရှိအတိုင်းပြောတတ်သည့် ဘုရားမဲ့ဝါဒီသမားတစ်ဉီးက မိဘများ သူ၏သားသမီး များကို မှန်ကန်သည့်ဘာသာရေးအကြောင်းကို သွန်သင်ခြင်းသည် မှားယွင်းသော ကျင့်၀တ်ဟု ယုံကြည်သည်။ ထိုသူက သားသမီးများအား သူတို့၏ယုံကြည်ခြင်းကို လက်ဆင့်ကမ်းကြသည့်မိဘများသည် ကလေးသူငယ်များကို မတရားပြုသူများဟုပင် ဆိုသည်။ ဤအမြင် ရှုထောင့်များက အစွန်းရောက်သော်လည်း ယုံကြည်ခြင်းအကြောင်းကို မိမိသားသမီးများအား ရဲဝံ့စွာ သွန်သင်ရန် ဝန်လေးကြသည့် မိဘများကို ကျွန်ုပ်တွေ့ဖူးသည်။ ကျွန်ုပ်တို့အများစုက အားကစား၊ အာဟာရပြည့်မီစွာ စားသောက်မှုပုံစံ၊ နိုင်ငံရေးစသည့်အမြင်များဖြင့် သားသမီး အပေါ်လွှမ်းမိုးရန် မျှော်လင့်ကြပြီး၊ ဘုရားသခင်နှင့် ပတ်သက်သည့် ခံယူချက်ယုံကြည်ချက်များကို တစ်မျိုး တစ်ဘာသာ သွန်သင်ကြသည်။
သို့သော် ၂ တိ ၃:၁၅ ၌ “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်”ဟု တိမောသေ မည်သို့ပြုစု ပျိုးထောင်သွန်သင်ခံရသည်ကို ရှင်ပေါလုက ဖော်ပြထားသည်။ တိမောသေသည် သူ၏ကိုယ်ပိုင်အစွမ်းအစ၊…
အကြီးမားဆုံး လျှို့ဝှက်ဆန်းကြယ်
သခင်ယေရှုကို မယုံကြည်မီ ဧဝံဂေလိတရားကို ကြားခဲ့ပြီးဖြစ်သော်လည်း ဘုရား၏ ဖြစ်တည်မှုသဏ္ဌာန်နှင့်စပ်လျဉ်း၍ နားမလည်မှုနှင့် ကျွန်မရုန်းကန်ခဲ့ရသည်။ ဘုရားသခင် တစ်ပါးတည်းသာ အပြစ်ကိုခွင့်လွှတ်နိုင်သည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားခြင်းကြောင့် သခင်ယေရှုသည် ကျွန်မအပြစ်အတွက် မည်သို့ခွင့်လွှတ်ခြင်းကို ပေးကမ်းသနည်း။ ဆရာကြီး ဂျေအိုင် ပက်ကာ ရေးသည့် ‘Knowing God - ဘုရားကို သိကျွမ်းခြင်း’ စာအုပ်ကို ဖတ်ရှုပြီးနောက် ကျွန်မသာ ထိုသို့တွေးသည် မဟုတ်ကြောင်း သိခဲ့ရသည်။ မယုံကြည်သူ များစွာတို့အတွက် ကြက်သေသေပြီး အံ့ဩရလောက်အောင် ဖြစ်စေသည့် “နာဇရက်မြို့သားယေရှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်သည်၊ သူသည် စစ်မှန်ပြီး စုံလင်သည့် ဘုရားဇာတိရှိသည့်လူသားဖြစ်သည်” ဟူသည့် ခရစ်ယာန် တို့၏ ကြွေးကြော်ချက်သည် ကယ်တင်ခြင်းကိုဖြစ်စေနိုင်သည့် သမ္မာတရားဖြစ်သည်။
တမန်တော်ရှင်ပေါလုက သခင်ခရစ်တော်ကို “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်” ဟု ရည်ညွှန်းသည်။ သခင်ယေရှုသည် အကြွင်းမဲ့ပြီးပြည့်စုံသည့် ဘုရားသခင်၊ ဖန်ဆင်းရှင်၊…
ချစ်ခြင်းအတွက် စောင့်ဆိုင်းစရာမလို
ကျွန်တော်၏ခွေးလေး မက်စ်သည် တစ်ခါတစ်ရံ ဂရုစိုက်ခံချင်သည့်အခါ ကျွန်တော့်ပစ္စည်း တစ်ခုခုကိုယူလာပြီး ကျွန်တော့်ရှေ့၌ လမ်းလျှောက်ပြတတ်သည်။ တစ်မနက်တွင် ကျွန်တော်က ကျောပေးပြီး စားပွဲ၌ စာရေးနေစဉ် မက်စ်သည် ကျွန်တော့် ပိုက်ဆံအိတ်ကို ကိုက်ချီပြီး ထွက်ပြေးသွားသည်။ သို့သော် ကျွန်တော်မတွေ့ဟု သူသိပြီး ပြန်လာကာ ကျွန်တော့်ကို သူ့နှာခေါင်းနှင့် ပွတ်သီးပွတ်သပ်လုပ်သည်။ ပိုက်ဆံအိတ်ကို ကိုက်လျက်သား၊ မျက်လုံးက မြူးဟန် ပေါက်လျက် အမြီးနှံ့လျက် ကျွန်တော့်ကို လာစသည်။
မက်စ်၏ကိုးယို့ကားယားပုံစံကို ကျွန်တော် ရယ်မိ သည်။ သို့သော် အခြားသူများကို ဂရုစိုက်ရန် အကြောင်း ပေါ်လျှင် ကျွန်တော့်၏ပျက်ကွက်မှုကို ၎င်းအဖြစ်က သတိပေး လာသည်။ မိသားစု၊ မိတ်ဆွေများနှင့် အချိန်ယူရန် ကျွန်တော် မကြာခဏ ကြံရွယ်သော်လည်း၊ အခြားသောအမှုအရေးက ကျွန်တော့်အချိန်နှင့်အသိကို လွှမ်းမိုးထားသည်။ ထိုကြောင့် သတိမမူ အမှတ်တမဲ့ဖြစ်ပြီး၊ မေတ္တာပြရန် ပျက်ကွက်ပြန်တော့သည်။…
လိပ်ကလေးနှင့်အတူ စောင့်ဆိုင်းခြင်း
ဆောင်းရာသီရောက်တိုင်း ဆောင်းဝင်တော့မည်ကိုသိသည့် ဖိုးရွှေလိပ်သည် အိုင်ကြမ်းပြင် အနက်သို့ ငုတ်ဆင်းသွားပြီး သူ့ကိုယ်ကို အညစ်အကြေးများ၊ ရွံ့များနှင့် ဖုံးပစ်လိုက်သည်။ သူ့အခွံထဲဝင်ပြီး ငြိမ်သက်စွာနေသည်။ သူနှလုံးရပ်လုနီပါးအထိ နှလုံးခုန်နှေးသွားသည်။ မအေးခဲသွားယုံတမယ် ခန္ဓာကိုယ်အပူချိန် ကျဆင်းသွားသည်။ အသက်လည်း မရှူတော့ဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းသည်။ ၆လကြာမျှ ထိုသို့နေပြီးမှ သူ့အရိုးထဲမှ ကယ်စီယံဓာတ်ထွက်လာပြီး သွေးကြောထဲ ပို့ပေးသည်။ သို့ဖြင့် သူ၏ပုံသဏ္ဌာန် စတင် ပြောင်းလဲလာသည်။
သို့သော် ရေခဲအရည်ပျော်သွားချိန်တွင် ရေပေါ်၊ ကုန်းပေါ်တက်ပြီး အသက်ရှူသည်။ သူ့အခွံများ ပြန်လည် ဖွဲ့စည်းပြီးသည့်နောက် နွေးထွေးသော နေရောင်ခြည်ကို သူခံစားရတော့မည်။
ဆာလံဆရာ၏ ဘုရားသခင်ကို မျှော်လင့် စောင့်စားခြင်းအကြောင်း ဖော်ကျူးချက်ကို ဖတ်ရင်း ဖိုးရွှေလိပ်ကို ကျွန်ုပ်သတိရမိသည်။ ဆာလံဆရာသည် “ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွံ့ထဲ ရောက်နေသော်လည်း” (ဆာ ၄၀:၂) သူ၏အော်ဟစ်သံကို ဘုရားသခင်ကြားသည်။ ဘုရားရှင်သည် သူ့ကိုကယ်နုတ်ပြီး…
ကျေးဇူးတော်ကို သရုပ်ပြခြင်း
မကြာသေးမီကမှ ဇနီးဆုံးသွား၍ ဝမ်းနည်းနေသူတစ်ဉီးက “ဝမ်းနည်းကြေကွဲစရာ ကြုံလာတဲ့အချိန်၊ ဒါမှမဟုတ် နာကျင်ခံစားရတဲ့အချိန်မှာ ရန်တုံ့မမူဘဲ ကျေးဇူးတော်ကို ပြနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ... ကျွန်တော်ကတော့ ကျေးဇူးတော်ကိုပြဖို့ ရွေးချယ်ခဲ့ ပါတယ်” ဟု ဆိုသည်။ သင်းအုပ်ဆရာ အဲရစ်ဖစ်ဇ်ဂျဲရယ်၏ဇနီးမှာ ယာဉ်တိုက်မှုဖြင့် ဆုံးပါးသွားသည်။ အမှုက မောပန်းနွမ်းလျနေသည့် မီးသတ်ဝန်ထမ်းတစ်ဉီးသည် အိမ်အပြန်လမ်းတွင် တစ်ချက်ငိုက်သွားပြီး ဝင်တိုက်မိခြင်း ဖြစ်သည်။ အစိုးရ ရှေ့နေများက ခင်ပွန်းဖြစ်သူအနေဖြင့် အမြင့်ဆုံး အပြစ်ဒဏ်စီရင်ချက်ကို လျှောက်ထားမည်လားဟု သိလိုကြသည်။ သို့သော် သူက သူမကြာခဏဟောကြားသည့် ခွင့်လွှတ်ခြင်းဒေသနာကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ခဲ့သည်။ ဆရာနှင့် မီးသတ်ဝန်ထမ်းတို့သည် နောက်ဆုံး မိတ်ဆွေများဖြစ်သွားကြ သည်။ ထိုအဖြစ်ကိုလည်း ၎င်းတို့ နှစ်ဉီးသား အံ့ဩမိသည်။
ဆရာအဲရစ်သည် သူ့အပြစ်အားလုံးကို ခွင့်လွှတ် ခဲ့သူ ဘုရားသခင်ထံမှ ရရှိခံစားရသည့် ကျေးဇူးတော်ကို လက်တွေ့ပြခဲ့သည်။ သူ၏လုပ်ရပ်က…
မည်သည့်အရပ်သို့ ဉီးတည်သွားနေသနည်း
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် Wild Boars လူငယ် ဘောလုံးအသင်းသည် ဂူတစ်ဂူသို့ ဝင်ရောက်လည်ပတ်ခဲ့ကြသည်။ ဂူအတွင်း ၁ နာရီခန့်မျှ ကြာခဲ့ပြီးနောက် ပြန်ထွက်မည် အပြုတွင် ဂူဝမှာ ရေဖုံးလွှမ်းနေပြီဖြစ်သည်။ ရေတက်လာခြင်းကြောင့် ဂူအတွင်းပိုင်းသို့ တစ်ရက်ပြီးတစ်ရက် ဆုတ်ဆုတ်သွားရသဖြင့် ဂူအတွင်းပိုင်း၌ ၂ မိုင် (၄ ကီလိုမီတာ) အကွာအဝေးထိတိုင် ပိတ်မိနေခဲ့သည်။ ရက်သတ္တ ၂ပတ် အကြာမှ ၎င်းတို့ကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။ အဘယ်မျှ မျှော်လင့်ချက်မဲ့ ဖြစ်နေလိမ့်မည်နည်းဟု လူများစွာတို့ စာနာခံစားခဲ့ကြသည်။ စင်စစ် ၎င်းတို့သည် လုံး၀မျှော်လင့်ချက် ပျက်သုန်းသွားခြင်းမဟုတ်ဘဲ တစ်နေ့နည်းနည်းချင်းသာ မျှော်လင့်ချက် လျော့သွားခြင်းဖြစ်သည်။
ဣသရေလပြည်တွင် သစ္စာရှိရဲမက် ဉရိယကို သေစေခြင်းအမှုနှင့်စပ်လျဉ်း၍ ဒါဝိဒ်မင်းကို ပရောဖက်နာသန် ရင်ဆိုင်ခဲ့သည်။ “ထာဝရဘုရား၏ စိတ်နှလုံးတော်နှင့် ညီညွတ် သောသူ”က (၁ရာ ၁၃:၁၄) မည်သို့ လူသတ်မှုကျူးလွန်ခဲ့ရသနည်း။ ဒါဝိဒ်သည်လည်း တစ်ထစ်ချင်း…
သန့်ရှင်းသောတန်ဆာ
“အမုန်းတရားက သူ့ကို သယ်ဆောင်ထည့်ထားတဲ့ဘူးကို ပျက်စီးစေတယ်” ဟူသည့် စကားကို လွတ်တော်အမတ်ဟောင်း အဲလင်ဆင်းမ်ဆန်က သမ္မတကြီး ဂျော့ဂျ် ဒဗလျူ ဘုရှ် ၏ ဈာပနအခမ်းအနား၌ ပြောကြားခဲ့သည်။ သူ့မိတ်ဆွေသမ္မတကြီး၏ ကြင်နာမှုကိုဖော်ကျူးရန် လွတ်တော်အမတ်ဟောင်း ဆင်းမ်ဆန်က အမေရိကန်နိုင်ငံ၏ ၄၁ ယောက်မြောက် သမ္မတကြီးသည် သူဉီးဆောင်ဉီးရွက် ပြုရသည့် အလုပ်တာဝန်များ ထမ်းဆောင်ရာ၌ ပုဂ္ဂိုလ်ရေး ပေါင်းသင်းဆက်နွယ်မှု၌ အမုန်းတရားထက် ရယ်မောစရာများ၊ မေတ္တာများနှင့် လုပ်ဆောင်ခဲ့ကြောင်း ပြန်ပြောင်းပြောပြသည်။
လွတ်တော်အမတ်ကြီး၏စကားကို ကျွန်ုပ်နားလည် သည်။ သင်လည်း နားလည်သည် မဟုတ်ပါလား။ အမုန်းတရား၌ ကျောက်ချနေလျှင် ပျက်စီးမှုက ကျွန်ုပ်ထံသို့ ဉီးတည်လျက် ရုပ်ခန္ဓာကို ထိခိုက်ပျက်စီးစေပါသည်။
ဆေးသုတေသနအဖွဲ့မှလည်း အနုတ်လက္ခဏာ အတွေးများ၊ ဒေါသပေါက်ကွဲခြင်းများ စသည့်တို့၌ တည်နေပါက ခန္ဓာပိုင်းပျက်ယွင်းမှုများ ဖြစ်ပေါ်သည်။ သွေးတိုးစေသည်။ နှလုံးခုန်မြန်လာသည်။ စိတ်ဓာတ်ကျစေသည်ဟု တွေ့ရှိခဲ့သည်။ ကျွန်ုပ်တို့၏…
ဘုရားသခင်ကြားဝင်သောအခါ
“This Child Is Beloved - အချစ်ခံရသော ကလေး” ကဗျာတွင် ‘သင်းအုပ်အို’ ဟု အများက ချစ်မြတ်နိုးစွာ ခေါ်ဆိုသည့် ဆရာ Omawumi Efueye က သူ့အား ကိုယ်ဝန်ဆောင်ရစဉ် ကိုယ်ဝန်ဖျက်ချရန် ကြံစည်ခဲ့သည့် သူ့မိဘများအကြောင်းကို ရေးသားထားသည်။ ကလေးဖျက်ချမည့်စီစဉ်လိုက်တိုင်း အစီအစဉ်ပျက်ပျက်သွားသည့် အဖြစ်အပျက်များက ထူးခြားသဖြင့် နောက်ဆုံး ကလေးကိုမွေးရန် ဆုံးဖြတ်လိုက်ကြသည်။ သူ့အသက်ကို ဘုရားသခင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးကြောင်း အသိကြောင့် Omawumi သည် အကျိုးအမြတ်များစွာရသည့် အသက်မွေးမှုအလုပ်ကိုစွန့်ပြီး အချိန်ပြည့်အမှုတော်ေဆောင်ဘဝကို ရွေးချယ်ခဲ့သည်။ ယနေ့တွင် သူသည် လန်ဒန်၌ အသင်းတော်တစ်ပါးကို သစ္စာရှိစွာ ကြည့်ရှုနေသည်။
သင်းအုပ်အိုကဲ့သို့ပင် ဣသရေလလူတို့သည် ၎င်းတို့၏သမိုင်း၌ အားနည်းပြီး ခံနိုင်ရည်မရှိသည့်အချိန်တွင် ဘုရားသခင်၏ ကြားဝင်လာမှုကို တွေ့ကြုံခံစားခဲ့ရသည်။ တော၌လှည့်လည်ခဲ့ရစဉ် မောဘဘုရင် ဗာလက်မင်းနှင့် သူတို့ရင်ဆိုင်ခဲ့ရသည်။ ဣသရေလလူတို့၏…