စစ်မှန်နက်ရှိုင်းသော တောင့်တစိတ်ဆန္ဒ
The Chronicles of Narnia ဇာတ်ကားတွင် အသံစူးစူးနှင့် ရက်ပီချိကြွက်သည် အရဲရင့်ဆုံး သရုပ်ဆောင်ဖြစ်မည်။ သူ့ဓားသေးသေးလေးကို ဝှေ့ယမ်းပြီး တိုက်ပွဲသို့ တစ်ဟုန်ထိုး ပြေးဝင်သည်။ ‘‘အမှောင်ကျွန်း’’ဆီသို့ မကြောက်မရွံ့ချဉ်းကပ်သည်။ ရက်ပီချိ သတ္တိရှိရသည့် လျို့ဝှက်ချက်ကား အဘယ်နည်း။ ခြင်္သေ့ကြီး အာစလန်၏ နိုင်ငံထဲသို့ ဝင်လိုသည့် ဆန္ဒစိတ်က သူ့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ‘‘ဒါငါ့နှလုံးသားရဲ့ဆန္ဒပဲ’’ ဟု သူက ဆိုသည်။ သူဘာလိုချင်သည်ကို ရက်ပီချိ ကောင်းကောင်း သဘောပေါက်သည်။ ဤစိတ်ဆန္ဒက သူ့ကို ခြင်္သေ့မင်းထံ တွန်းပို့ခေါ်ဆောင်သွားခဲ့သည်။
ယေရိခေါမြို့မှ မျက်မမြင်ဗာတိမဲသည်လည်း သူထိုင်နေကျနေရာတွင် သူများ စွန့်ကြဲမည့် အကြွေစေ့ကို မျှော်ရင်း ခွက်ခေါက်နေစဉ် သခင်ယေရှုနှင့် လူအုပ်ကြီး ရောက်လာခြင်းကို သူကြားလိုက်ရသည်။ ‘‘ဒါဝိဒ်၏သားတော် ယေရှု၊ ကျွန်ုပ်ကို ကယ်မ သနားတော်မူပါ’’ (မာ ၁၀း၄၆) ဟု…
တစ်စိမ်းတစ်ရံများကို ချစ်ခြင်း
ကျွန်မ၏မိသားစုဝင်တစ်ဦးသည် အခြားဘာသာတစ်ခုသို့ ကူးပြောင်းသွားပြီးနောက် ခရစ်ယာန်မိတ်ဆွေများက သခင်ယေရှုထံ သူလှည့်ပြန်လာအောင် အားပေးရန် ကျွန်မကို တိုက်တွန်းသည်။ ကျွန်မအတွက်မူ သူ့ကို ခရစ်တော်ကဲ့သို့ ချစ်ရန် အရင်ဦးဆုံး ရှာကြံရသည်။ လူပုံအလယ်၌ ကျွန်မတို့နှင့် အကျွမ်းမဝင်သည့် ဝတ်စားပုံများကြောင့် သူ့ကို မျက်မှောင်ကုတ်ကြည့်သူကြည့်၊ အချို့ကလည်း ရိုင်းစိုင်းစွာ
ဝေဖန်ကြသည်။ လူတစ်ဦးဆိုလျှင် သူ့ကားပေါ်မှနေ၍ ‘‘ကိုယ့်တိုင်းပြည်ကိုယ်ပြန်’’ ဟု အော်ဟစ်သည်။ စင်စစ်သူက ဤနိုင်ငံသားစစ်စစ်ဖြစ်ကြောင်း မသိခြင်း (သို့) ဂရုမစိုက်ခြင်း ဖြစ်မည်။
မိမိနှင့်ဝတ်ပုံစားပုံ မတူညီသူ၊ ယုံကြည်သက်ဝင်မှု ကွဲပြားသူများအပေါ် ချစ်ကြင်နာစွာ ဆက်ဆံရန် မောရှေ သွန်သင်ခဲ့သည်။ တရားမျှတမှုနှင့်၊ သနားကရုဏာနှင့် ဆိုင်သည့် ပညတ်များကို သွန်သင်လျက် ဣသရေလတို့အား ‘‘တစ်ကျွန်းတစ်နိုင်ငံသားဖြစ်သောဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တု ပြည်၌ ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် ဧည့်သည်၏စိတ်သဘောကို သိကြ၏’’ (ထွက် ၂၃း၉) ဟု…
လွယ်ကူစွာ ညှိတွယ်သွားသည်
လွန်လေသောနှစ်များစွာက ပူပြင်းသော တောနက်ထဲတွင် တိုက်ခိုက်နေသည့် စစ်သားများသည် စိတ်ရှုပ်ထွေးဖွယ် ပြဿနာတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ နေရာအနှံ့ ပျံ့နှံ့ပေါက်ရောက်နေသည့် ဆူးငယ်များဖြင့်ပွထနေသည့် ချုံနွယ်တစ်မျိုးသည် စစ်သားများ၏ခန္ဓာနှင့်အသုံးအဆောင်များပေါ် ကပ်ညှိသွားသဖြင့်၊ ၎င်းတို့မှာ ထောင်ချောက်ထဲ မိသွားသကဲ့သို့ ဖြစ်သွားသည်။ ၎င်းတို့ လွတ်မြောက်အောင် ကြိုးစားလေ နွယ်ပင်၏နှာမောင်းများက ပတ်ရစ်မိလေ ဖြစ်သည်။ ထိုသို့နွယ်ပင်နှင့် ပတ်ရစ်မိပြီး ရှေ့ဆက်မသွားနိုင် ဖြစ်နေချိန်တွင် အခြားရဲဘော်များအား ‘‘ဟေ့ တစ်မိနစ်စောင့်၊ ငါဒီမှာမိနေပြီ’’ ဟု အော်ပြောကြရသဖြင့် ထိုအပင်ကို ‘‘တစ်မိနစ်စောင့်’’ ဟု နံမည်ပေးလိုက်ကြသည်။
ထိုနည်းအတိုင်းပင် သခင်ယေရှု၏နောက်တော်လိုက် များသည်လည်း အပြစ်ကျော့ကွင်း၌ မိနေပါက ရှေ့ဆက် သွားရန် ခက်ခဲတတ်သည်။ ဟေဗြဲ ၁၂း၁ တွင် ‘‘ခပ်သိမ်းသော ဝန်တို့ကို လည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကို လည်းကောင်း၊ ပယ်ရှားရန်’’ ဖော်ပြထားသည်။ ကျွန်ုပ်တို့ကို ဝန်ပိလေးလံစေသည့်ဒုစရိုက်များကို မည်သို့…
ဖေဖေ ဘယ်မှာလဲ
ကျွန်တော့်အိမ်ဘက်သို့ ကားကို ချိုးကွေ့လိုက်စဉ် ဖုန်းဝင်လာ၍ ကိုင်လိုက်ရာ ‘‘ဖေဖေ ဘယ်မှာလဲ’’ ဟူသည့် ထိပ်ပြာနေသည့်သမီးအသံကို ကြားလိုက်ရသည်။ သမီးကို အားကစားလေ့ကျင့်ပေးရန် ည ၆ နာရီအရောက် အိမ်ပြန်ရောက်ရမည်။ ကျွန်တော် အချိန်မီ ပြန်ရောက်ပါသည်။ သို့သော် သူ့အသံက ကျွန်တော့်အပေါ် စိတ်ချမှုမရှိကြောင်း ပေါ်နေသည်။ ‘‘အဖေပြန်ရောက်ပြီလေ။ ဘာလို့ အဖေ့ကို မယုံတာလဲ’’ ဟု ကျွန်တော် ပြန်ပြောလိုက်တော့သည်။
ထိုစကားဖြင့် တုံ့ပြန်ပြီးမှ ‘‘ကောင်းကင်ဘုံရှင် အဘဘုရားသည် ကျွန်တော့်အား ထိုမေးခွန်းကို ဘယ်နှစ်ကြိမ်
မေးခဲ့သနည်း’’ ဟု အတွေးဝင်မိသည်။ စိတ်ဖိစီးချိန်များ၌ ကျွန်တော် စိတ်မရှည်နိုင်ဖြစ်လျက် ဘုရားသခင်သည် ကတိ တည်ကြောင်း ယုံကြည်စိတ်ချမှုရှိရန် ရုန်းကန်ခဲ့ရသည်။ ထိုအခါ ‘‘အဘဘုရား၊ ကိုယ်တော် ဘယ်မှာလဲ’’ ဟု ဟစ်အော်မိ သည်။
ဖိစီးမှုနှင့် မသေချာမရေရာမှုများကြားတွင် ဘုရားသခင်၏ တည်ရှိခြင်းကိုသာမက…
ဆုရရန် မျှော်ရည်မှန်း
၁၉၉၄ ခုနှစ်က ထုတ်လုပ်ခဲ့သော Forrest Gump ရုပ်ရှင်တွင် ဖောရက်စ်သည် သူပြေးသည့် ခရီးစဉ်ကြောင့် ထင်ရှားလာသည်။ အစ၌ “လမ်းဆုံးထိ” ဖြည်းဖြည်းမှန်မှန် ပြေးခြင်းဖြင့် အစပြုခဲ့သည့်ခရီးက ၃နှစ်၊ ၂ လ၊ ၁၄ ရက်နှင့် ၁၆ နာရီ ကြာမြင့်ခဲ့သည်။ သူချမှတ်သည့်ပန်းတိုင်တစ်ခုသို့ ရောက်ပြီးတိုင်း၊ နောက်ထပ်ပန်းတိုင်ချမှတ်ကာ အမေရိကန်ပြည်ထောင်စု တစ်လွှားသို့ အကွေ့အကောက် လမ်းများအတိုင်း ဆက်ပြေးသည်။ နောက်ဆုံးပြေးချင်စိတ် ကုန်သွားချိန်အထိ ဆက်ပြေးခဲ့သည်။ “ပြေးချင်စိတ်” ပေါ်လာလျှင် သူစပြေးတော့သည်။ “အဲဒီနေ့မှာ ဘာရည်ရွယ်ချက်မှ ထွေထွေထူးထူးမရှိပါဘူး။ နည်းနည်း ထပ်ပြေးဖို့ စိတ်ဆုံးဖြတ်လိုက်တာ” ဟု သူက ပြောပါသည်။
ရှင်ပေါလုက ဖောရက်စ်ကဲ့သို့ စိတ်ကူးယဉ်ဆန်ဆန်ပြေးခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သူ့စံနမူနာကို လိုက်လျှောက်အတုယူပြီး “ဆုကို ရမည့်အကြောင်း ပြေးကြ လော့” (၁ ကော ၉း၂၄)…
သတိရှိနိုးကြားသောအ၀န်းအ၀ိုင်း
အာဖရိကမျိုး ဂဇဲဆိတ်များသည် ဆာဗာနာသဲကန္တာရထဲ နားနေကြစဉ် ၎င်းတို့၏ ဗီဇသဘာဝအလျောက် အချက်ပေးအ၀န်းအ၀ိုင်းကို တည်ဆောက်သည်။ ဆိတ်တစ်ကောင်ချင်းစီသည် အပြင်ဘက်သို့မျက်နှာမူလျက် အရပ်ရှစ်မျက်နှာသို့ မသိမသာ ဦးတည်လျက် စုဝေးကြသည်။ ဤသို့ဖြင့် ၃၆၀ ဒီဂရီ ပတ်လည်ကို စစ်ဆေးကြည့် ပြီးသားဖြစ်ကာ ကျရောက်လာမည့် ဘေးအန္တရာယ် (သို့) အခွင့်အရေးကို ဆက်သွယ်ဖော်ပြနိုင်သည်။
မိမိကိုယ်ကိုသာ ဂရုစိုက်ခြင်းထက် မိမိအ၀န်းအဝိုင်း အတွင်းရှိ ဆိတ်အချင်းချင်း တစ်ကောင်နှင့်တစ်ကောင် စောင်မကြသည်။ ဤစံနမူနာသည် သူ့နောက်တော်လိုက်များအတွက် ဘုရားသခင်၏ ပညာအမြော်အမြင်ဖြစ်သည်။ “ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာ လည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွဲကြနှင့်” (ဟေဗြဲ ၁၀း၂၄-၂၅) ဟု သမ္မာကျမ်းမှ ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။
ခရစ်ယာန်ဟူသည် တစ်ဦးတည်း သင်းကွဲဘဝဖြင့် ရှင်သန်ရန် မဟုတ်ဟု…
မိတ်ဆွေစစ်
ကျွန်မအထက်တန်းကျောင်းသူဘဝက ‘‘တစ်ခါတစ်လေသာ မိတ်ဆွေ” ဖြစ်သည့် သူငယ်ချင်းတစ်ဦးရှိသည်။ ဘုရားကျောင်း၌ ကျွန်မတို့က ဘော်ဒါများဖြစ်ပြီး မကြာမခဏ အပြင်ထွက်လည်ပတ်လေ့ရှိသည်။ ကျောင်း၌မူ အနေအထားကတစ်မျိုးဖြစ်သည်။ ကျွန်မကိုတွေ့လျှင် အနီးအနား၌ မည်သူမျှမရှိမှ နှုတ်ဆက်ရုံ၊ မေးထူးခေါ်ပြောမျှသာ ဖြစ်သည်။ ကျွန်မကလည်း ထိုအနေအထားကို သဘောပေါက် သဖြင့် ကျောင်း၌ သူ ကျွန်မကို ခေါ်ပြောလာအောင် မကြိုးစားခဲ့ပါ။ ကျွန်မတို့၏မိတ်ဆွေဖြစ်ခြင်းအတိုင်းအတာ အကန့်အသတ်ကို ကျွန်မနားလည်ပါသည်။
စိတ်ပျက်စရာကောင်းသည့် တစ်ဖက်သတ် ဆက်ဆံရေး၊ အမြင်ကျဉ်းမြောင်းသော ဆက်ဆံရေးများကို ကျွန်မတို့အားလုံး ကြုံကောင်းကြုံဖူးကြလိမ့်မည်။ သို့သော် အတားအဆီးရှိသမျှကို ကျော်လွှားပစ်သည့် မိတ်ဆွေချင်း ပေါင်းသင်းဆက်ဆံရေးတစ်မျိုးရှိသည်။ ချစ်ခင် ကြင်နာသော စိတ်ထားရှိပြီး ဘဝခရီးလမ်းကို အတူမျှဝေလက်တွဲသွားရန် စိတ်ပိုင်း ဖြတ်ထားသူများနှင့် မိတ်ဆွေဖြစ်ရခြင်းကို ဆိုလိုပါသည်။
ဒါဝိဒ်နှင့်ယောနသန်သည် ထိုသို့သော မိတ်ဆွေမျိုးဖြစ်သည်။ ‘‘ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ၍၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်လေ၏’’…
ကျွန်ုပ်တို့၏ကောင်းချီးမင်္ဂလာ၊ ကိုယ်တော်၏မေတ္တာ
၂၀၁၅ ခုနှစ်က အမျိုးသမီးတစ်ဦးသည် ကွယ်လွန်သွားပြီဖြစ်သည့် ခင်ပွန်းဖြစ်သူ၏ ၁၉၇၆ ခုနှစ်ထုတ် ကွန်ပြူတာအဟောင်းကို ပြန်လည်ပြုပြင်အသုံးချရေးစင်တာသို့ ပေးအပ်ခဲ့သည်။ သို့သော် ၁၉၇၆ ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းထက် မည်သူကထုတ်လုပ်သည် ဆိုသည့်အချက်က ပို၍ အရေးပါနေသည်။ ၎င်းသည် Apple ကွန်ပြူတာကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့စ် ထုတ်လုပ်ခဲ့သည့် ကွန်ပြူတာ အလုံး ၂၀၀ အနက် တစ်လုံးဖြစ်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၂၅ သိန်းမျှ တန်ဖိုးရှိသည်။ တစ်ခါတစ်ရံ တစ်စုံတစ်ရာ၏ တန်ဖိုးအမှန်ကို သိရခြင်းက ထိုအရာကို ပြုလုပ်သူအား သိမှတ်ခြင်းသဘော သက်ရောက်ပါသည်။
ကျွန်ုပ်တို့ကို ဖန်ဆင်းသော ဘုရားရှင်သည် သူ့အတွက် ကျွန်ုပ်တို့ မည်မျှအဖိုးတန်ကြောင်းကို ဖော်ပြသည် (က ၁း၂၇)။ ဆာလံ ၁၃၆ တွင် သူ့လူမျိုးတော် ဣသရေလလူတို့၏ အီဂျစ်ပြည်ကျွန်ခံရာဘဝမှ လွတ်မြောက်ခဲ့ခြင်း (း၁၁-၁၂)၊ တောအရပ်၌…
ဘုရားသခင့်အလိုကျ
နိတ်နှင့် ရှယ်လင်းတို့သည် နယူးယောက်မြို့တော်သို့ လာရောက်လည်ပတ်ကြသောအခါ အိုမာကာစီစားသောက်ဆိုင်၌ ခရီးတစ်ထောက်နားစဉ် ကျေနပ်ပျော်ရွှင်မှုကို ခံစားခဲ့ ရသည်။ ၎င်းသည် ဂျပန်စားသောက်ဆိုင်ဖြစ်ပြီး ‘‘သင့်စိတ်ကြိုက် ပြင်ဆင်ပေးပါ’’ ဟူ၍ အဓိပ္ပာယ်ရှိသည်။ ဆိုလိုရင်းမှာ ထိုဆိုင်တွင် လာရောက်စားသုံးသူများသည် ၎င်းတို့ စားသောက်မည့်အစားအစာကို စားဖိုမှူးအား ရွေးချယ်ခွင့် ပေးခြင်းဖြစ်သည်။ ထိုအစီအစဉ်ကို လက်ခံရန်မှာ ၎င်းတို့ အတွက် ပထမဆုံးအတွေ့အကြုံဖြစ်သလို အဆင်မပြေ ဖြစ်နိုင်ခြေရှိသော်လည်း စားဖိုမှူး ရွေးချယ်ချက်ပြုတ် ပေးသည့် ဟင်းလျာကို သူတို့နှစ်သက်ခဲ့သည်။
ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းရာ၌ ထိုသဘောအယူအဆကို ခံယူ ကျင့်သုံး နိုင်သည်။ သခင်ယေရှုသည် တောအရပ် ဆိတ်ငြိမ်ရာသို့ ကြွ၍ ဆုတောင်းလေ့ ရှိကြောင်း တပည့်တော်တို့မြင်သည် (လု ၅း၁၆)။ ထို့ကြောင့် တစ်နေ့တွင် မည်သို့ ဆုတောင်းရမည်ကို သင်ပေးရန် တောင်းပန်ကြသည်။ ထို့ကြောင့် သခင်က နေ့စဉ် လိုအပ်မှုများအတွက်၊…
ကောင်းကင်ဘုံမှ ချော်ရည်ပူ
ချော်ရည်ပူများက ရေဘဝဲလက်တံများပမာ သစ်တောစပ်သို့ လျင်မြန်စွာ စီးဆင်း လာသည့် အသံမှလွဲ၍ အားလုံးငြိမ်သက်နေကြသည်။ ဒေသခံများက သောကပူပန်စိတ်နှင့် ရပ်ကြည့်နေကြသည်။ ထိုမြင်ကွင်းကို များသောအားဖြင့် ‘‘ကောင်းကင်ဘုံ’’ဟု သူတို့ ခေါ်ဆိုကြသည်။ သို့သော် ယနေ့တွင်မူ ဟာဝိုင်အီကျွန်း ပုနဒေသမှ ချော်ရည်ပူ အက်ကြောင်းကြီးက ဘုရားသခင်သည် ထိန်းချုပ်မရသော မီးတောင်စွမ်းအားဖြင့် ဤကျွန်းကို ရွေ့နေကြောင်း လူတိုင်းကို သတိပေးနေသည်။
ဣသရေလလူတို့သည်လည်း ထိန်းချုပ်မရသော တန်ခိုးတော်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဒါဝိဒ်မင်းကြီးက ပဋိညာဉ်သေတ္တာတော်ကို ပြန်လည်သိမ်းယူသောအခါ (၂ ရာ ၆း၁-၄) ဝမ်းမြောက်စွာဖြင့် ဆင်နွဲကြသည် (း၅)။ ထိုအခိုက် သေတ္တာတော်စောင်းသွားသဖြင့် ထိန်းကိုင်လိုက်သူမှာ သေဆုံးသွားသည် (း၆-၇)။
ဘုရားသခင်သည် သူပဲဖန်ဆင်း၊ သူပဲဖျက်စီးနှင့် ခန့်မှန်းရခက်သည့် မီးတောင်ကဲ့သို့ဖြစ်သည်ဟု ကောက်ချက်ချလိုက်ရန် သွေးဆောင်ခံရနိုင်သည်။ သို့သော် သူ့ကို ကိုးကွယ်ခြင်းအမှု၌ အသုံးပြုမည့်ပစ္စည်းများကို မည်သို့သယ်ဆောင်ရမည်ကို ဣသရေလလူတို့အား…