အမျိုးအစား  |  odb

သခင်ယေရှုရှိသည်

ကျွန်ုပ်အဖေ၏သက်ကြီးရွယ်အို အဒေါ်ဖြစ်သူ(ဘွားလေး)သည် နေထိုင်မကောင်း ဖြစ်ပြီး သူ့အိပ်ယာပေါ်တွင် အပြုံးမျက်နှာဖြင့် လှဲနေသည်။ သူမ၏ မီးခိုးရောင်ဆံပင်ကို နဖူးမှအပြောင်ဖြီးထားပြီး သူမ၏ပါးပေါ်တွင် ပါးရေတွန့်များက ဖုံးနေ သည်။ သူမစကားသိပ်မပြောသော်လည်း သူမထံသို့ မိဘများနှင့်အတူ ကျွန်ုပ်တို့ သွားရောက်လည်ပတ်သောအခါ သူမပြောခဲ့သော စကားအနည်းငယ်ကို ကျွန်ုပ်မှတ်မိနေဆဲဖြစ်သည်။ “ငါအထီးမကျန်ဘူး။ သခင်ယေရှု ငါနဲ့အတူရှိတယ်” ဟု သူမတီးတိုးရေရွတ်ကာဆိုသည်။

ထိုစဥ်က ဘွားလေးသည် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး၊ သူ့စကားကြောင့် ကျွန်ုပ် အံ့အားသင့်မိသည်။ သူမ၏ခင်ပွန်းသေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။ သားသမီးများက အဝေးတွင် နေထိုင်ကြပြီး အသက် ၉၀ နား နီးပြီဖြစ်သောသူမသည် မလှုပ်ရှားနိုင်ဘဲ အိပ်ရာထဲ၌သာ နေရသည်။ ယခုထိ သူမ အထီးမကျန်ဘူးဟုပြောနိုင်သည်။

သခင်ယေရှုက တပည့်တော်များအား ပြောခဲ့သော “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့် အတူအစဥ်မပြတ် ရှိသည်” (မ၂၈:၂၀)ဟူသောစကားကို ဘွားလေး…

အရှိအတိုင်းထောက်ပြသော ကြင်နာမှု

“ချစ်သူငယ်ချင်း၊ တစ်ခါတစ်လေ မင်းက မင်းရဲ့တကယ့်ဖြစ်တည်မှုထက်ကိုပိုပြီး ပြည့်စုံသန့်ရှင်းတယ်လို့ ထင်ရတယ်။”

ကျွန်ုပ်၏မျက်နှာကို တည့်တည့်ကြည့်ပြီး နူးညံ့သောအပြုံးနှင့် ဤစကားလုံးများကို ပြောခြင်းဖြစ်ပါသည်။ ဤစကားများကို ရင်းနှီးသောမိတ်ဆွေဖြစ်ရုံမျှမက အမြော်အမြင်ကြီးပြီး ကျွန်ုပ်အလွန်တန်ဖိုးထား လေးစားရသူ ဆရာသမားထံမှ မဟုတ်ဘဲ အခြားသူထံမှ ကြားရပါက ကျွန်ုပ်အတော်ခံစားရမည်ဖြစ်သည်။ ဆရာ့စကားများက “အရှိုက်ကိုထိပြီး” သူပြောတာလည်း မှန်တာပဲဟု သိလျက် တစ်ချိန်တည်းမှာပင် စိတ်မသက်မသာနှင့် ကျွန်ုပ်ရယ်မောမိသည်။ တစ်ခါတစ်ရံ မိမိ၏ ယုံကြည်ခြင်းအကြောင်း ပြောရာ၌ သဘာဝမကျသော ဗန်းစကားကို ကျွန်ုပ်သုံးလေ့ရှိခြင်းကြောင့် မရိုးသားဟု အထင်ခံရသည်။ ကျွန်ုပ်စစ်မှန်စွာ ယုံကြည်သည့်အရာကို အခြားသူအား ပို၍အကျိုးထိရောက်စွာဝေမျှနိုင်ရန် ကျွန်ုပ်ကိုချစ်သောမိတ်ဆွေက ကြိုးစားကူညီခြင်းဖြစ်သည်။ ပြန်ပြောင်းဆင်ခြင်တွေးသောအခါ၊ ၎င်းသည် ကျွန်ုပ်ရရှိသော အကောင်းဆုံးအကြံဉာဏ်အချို့ထဲမှ တစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။

“အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏။ ရန်သူ မူကား နမ်းသောအခါ လှည့်စားတတ်၏” (သု ၂၇:၆) ဟု…

ဘုရားသခင်၌ စိတ်ချမှုရှိသည်

၂၀၁၈ ခုနှစ်က ဗြိတိန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူများကို လေ့လာမှုတစ်ခုအရ ပျမ်းမျှအားဖြင့် တစ်နေ့တာလုံးတွင် ၁၂ မိနစ်တိုင်း သူတို့၏စမတ်ဖုန်းကို စစ်ဆေးကြကြောင်း တွေ့ရှိခဲ့ရသည်။ ရိုးသားစွာပြောရလျှင် မကြာခဏ ဂူဂဲလ်(Google)မှ မေးခွန်းတစ်ခု၏အဖြေကိုရှာရခြင်း၊ တစ်နေ့တာလုံးတွင် ဖုန်းထဲသို့ မဆုံးနိုင်အောင် ဝင်လာသောမက်ဆေ့ဂျ်စာများ၊ ခေါ်ဆိုမှုများနှင့် အီးမေးလ်များ ဖြေကြားရခြင်းကို တွေးမိသောအခါ ဤစစ်တမ်းက လက်တွေ့နှင့် အလွန်ကွာဟနေပုံပေါ်သည်။ ဖုန်းများက မိမိလိုအပ်သောအရာများကို စုစည်းပေးသည်၊ အသိပေးသည်၊ ချိတ်ဆက်ပံ့ပိုးပေးမည်ဟု ယုံကြည်လျက် ကျွန်ုပ်တို့အများစုသည် မိမိတို့၏ဖုန်းများကို အမြဲ ပုံမှန် စစ်ကြည့်ကြသည်။

ယေရှုကိုယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့တွင် စမတ်ဖုန်းတစ်လုံးထက် အတိုင်းအဆမရှိ သာလွန်သော အရင်းအမြစ် ရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရင်းနှီးကျွမ်းဝင်စွာ ချစ်မြတ်နိုးပြီး ကျွန်ုပ်တို့၏လိုအပ်ချက်များနှင့်အတူ သူ့ထံလာရန် အလိုရှိသည်။ “ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ”ကြောင်း (၁ ယော ၅:၁၄)…

ဘုရားသခင်ကို အာရုံပြုပါ

စေ့စပ်လက်စွပ်ဝယ်စဥ်က မှန်ကန်သည့်စိန်ကိုရရှိရေးအတွက် နာရီပေါင်းများစွာ အချိန်ပေးကာ ကျွန်ုပ်ရှာဖွေခဲ့ပြီး “အကောင်းဆုံးစိန်နဲ့ လွဲသွားရင် ဘယ်လိုလုပ်မလဲ” ဟူသည့် အတွေးနှင့် ကြာမြင့်စွာ နပန်းလုံးခဲ့ရသည်။

စီးပွားရေးစိတ်ပညာရှင် Barry Schwartz (ဘယ်ရီရှဝဒ်)၏အဆိုအရ ထိုသို့အချိန်ကြာမြင့်လည်း မဆုံးဖြတ်နိုင်ခြင်းက ကျွန်ုပ်သည် “ကျေနပ်အားရသူ”နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် “ရနိုင်သမျှယူသောသူ” ဖြစ်ကြောင်း ပြနေသည်။ “ကျေနပ် အားရသူ”သည် သူတို့၏လိုအပ်ချက်များအတွက် လုံလောက်မှု ရှိခြင်း၊ မရှိခြင်းအပေါ်မူတည်၍ ရွေးချယ်မှုများပြုလုပ်သည်။ “ရနိုင်သမျှယူသောသူ”ဆိုလျှင်ကော။ လိပ်ပြာမသန့်စွာနှင့် အကောင်းဆုံးရွေးချယ်မှုကို အမြဲလုပ်ရန် လိုသည်ဟု ထင်ကြသည်။ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းများသည် ရွေးချယ်မှုများစွာ ကြုံတွေ့ရချိန်တွင် မိမိမဆုံးဖြတ်နိုင်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဖြစ်နိုင်ခြေရလဒ်များဖြစ်သည်။ စင်စစ် လူမှုဗေဒပညာရှင်များက ဤဖြစ်စဉ်အတွက် “လွဲချော်မည်ကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားစုကို တီထွင်ခဲ့သည်။

သမ္မာကျမ်းစာတွင် “ရနိုင်သမျှယူသောသူ” (သို့) “ကျေနပ်အားရသူ” ဟူသောစကားလုံးမျိုး မတွေ့ရသော်လည်း အလားတူအမြင်တစ်ခုကိုဖြင့်…

မျှော်လင့်ခြင်းသက်တန့်များ တွေ့ရှိခြင်း

အောက်တိုဘာအားလပ်ရက်တစ်ခုတွင် နာတာရှည်ရောဂါကြောင့် နာကျင်ခံစားရမှုမှ ပြန်လည်နာလန်ထူနိုင်ရန် ကျွန်မအခန်းအောင်းပြီး ရက်အနည်းငယ် အချိန်ယူ အနားယူခဲ့ရသည်။ ကျွန်မ၏ခံစားချက်မှာလည်း ကောင်းကင်ပြင်ကဲ့သို့ အုံ့မှိုင်းနောက်ကျိနေခဲ့သည်။ နောက်ဆုံး ကျွန်မခင်ပွန်းနှင့် အနီးအနားရှိမီးပြတိုက်၌ ရှုခင်းကြည့်ရန် ထွက်ခဲ့သော်လည်း မီးခိုးရောင်တိမ်များက မြင်ကွင်းအတော်များများကို ပိတ်နေခဲ့သည်။ ထိုသို့ဖြစ်သည့်တိုင် အရိပ်ကျနေသည့်တောင်တန်းများနှင့် မှိုင်းမှုန်နေသည့် မိုးကုတ်စက်ဝိုင်းကို ကျွန်မ ဓာတ်ပုံအချို့ ရိုက်ယူခဲ့သည်။

နောက်ပိုင်းတွင် တစ်ညလုံးမိုးရွာသွန်းမှုကြောင့် စိတ်ပျက်ခဲ့ရပြီး ဒစ်ဂျစ်တယ်ကင်မရာမှ ဓာတ်ပုံများကို သာမန်ကာလျံကာ ကြည့်ဖြစ်သည်။ ပြီးနောက် ပင့်သက်ရှိုက်ရင်း ကျွန်မခင်ပွန်းကို ကင်မရာ ပေးလိုက်သည်။ “သက်တန့်!”။ စောစောက စိတ်ညှိုးငယ်မှုကိုသာ အာရုံစိုက်ခဲ့သဖြင့် ဘုရားသခင်က ပင်ပန်းနွမ်းနယ်နေသည့် ကျွန်မစိတ်ကို မျှော်လင့်မထားသည့် မျှော်လင့်ချက်ဖြင့် လန်းဆန်းစေခဲ့သည့်အရာကို မမြင်ဘဲ လွတ်သွားခဲ့ပါသည် (က ၉:၁၃-၁၆)။

ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာဝေဒနာများသည် ကျွန်မတို့ကို စိတ်ပျက်အားငယ်မှုဆီသို့ မကြာခဏ ဆွဲခေါ်သွားနိုင်သည်။ ပြန်လည်လန်းဆန်းမှုကို…

သီးခြားခွဲထုတ်ထားသည်

၁၇၄၂ ခုနှစ်၊ နိုဝင်ဘာလတွင် Charles Wesley (ချားလ်စ်ဝက်စလေ) ဟောပြောနေသည့် ဧဝံဂေလိသတင်းစကားကို ဆန့်ကျင်ရန် အင်္ဂလန်နိုင်ငံ Staffordshire (စတာ့ဖော့ဒ်ရှိုင်းယား)၌ အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ချားလ်စ်နှင့် သူ့အစ်ကိုဂျွန်တို့သည် နှစ်ရှည်လများ ဘုရားရှိခိုးကျောင်းဓလေ့ထုံးတမ်းများကို ပြောင်းလဲနေပုံပေါ်ခြင်းကြောင့် ထိုအမှုအရာသည် မြို့နေလူထုအဖို့ သည်းခံရန် အလွန်ခက်နေပါသည်။

အဓိကရုဏ်းအကြောင်းကို ဂျွန်ဝက်စလေ ကြားသောအခါ သူ့ညီကို ကူညီရန် စတာ့ဖော့ဒ်ရှိုင်းယားသို့ သူအလျင်အမြန်သွားခဲ့သည်။ မကြာမီမှာပင် ဂျွန် ရှိသည့်နေရာကို ကြမ်းရမ်းသည့်လူအုပ်ကြီးက ဝိုင်းထားလိုက်သည်။ ရဲဝံ့စွာပင် ဂျွန်သည် ထိုလူစု၏ခေါင်းဆောင်များနှင့် ရင်ဆိုင်တွေ့ဆုံပြီး အေးဆေးတည်ငြိမ်စွာ စကားပြောသဖြင့် တစ်ယောက်ပြီးတစ်ယောက် ဒေါသများပြေလျှော့သွားသည်။

ဂျွန်ဝက်စလေ၏ နူးညံ့သိမ်မွေ့သောစိတ်ထားက လူအုပ်ကြီးကို ငြိမ်သက်စေခဲ့သည်။ ၎င်းသည် သူ့အလိုလိုဖြစ်ပေါ်လာသည့် နူးညံ့သိမ်မွေ့မှုသဘောထက် သူအလွန်နီးကပ်စွာ လိုက်လျှောက်ခဲ့သော ကယ်တင်ရှင်သခင်၏စိတ်နှလုံးသာ ဖြစ်သည်။ သခင်ယေရှုက “ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့…

မေတ္တာဖြင့် ပေးကမ်းခြင်း

ဂလန်း(န်)သည် အနီးအနားရှိ လူမဆင်းဘဲ ကားရပ်၍ လှမ်းမှာယူနိုင်သောဆိုင်မှတစ်ဆင့် သူ၏နံနက်ခင်းကော်ဖီကို နေ့စဉ်၀ယ်သည်။ နေ့စဥ်ပင် သူ့ကားနောက်၌ တန်းစီနေသောကားမှပုဂ္ဂိုလ်အတွက် ငွေကြိုချေပေးပြီး ငွေကိုင်မှတစ်ဆင့် “ကောင်းသောနေ့”ဟု နှုတ်ဆက်ဆန္ဒပြုပေးရန် မှာခဲ့သည်။ ဂလန်း(န်) သည် ထိုသူများနှင့် အသိလည်းမဟုတ်၊ အဆက်အသွယ်လည်း မရှိပါ။ သူတို့မည်သို့ တုံ့ပြန်မည်ကိုလည်း သူအလေးမထားပါ။ ဤအပြုအမူလေးက “သူအနည်းဆုံးလုပ်နိုင်သောအရာ”ဟု သူရိုးရှင်းစွာ ယုံကြည်သည်။ သို့သော် တစ်ကြိမ်တွင် သူ၏ ဒေသခံသတင်းစာ၏ အယ်ဒီတာထံပေးစာကဏ္ဍ၌ ရေးသားသူအမည်မသိသည့် စာတစ်စောင်ကို ဖတ်လိုက်ရသောအခါ သူ့လုပ်ရပ်၏သက်ရောက်မှုကို သူသိလာရသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် နေ့တွင် သူပြခဲ့သည့် ကြင်နာမှု လက်ဆောင်ကြောင့် သူ့ကားနောက်မှလိုက်ပါလာသူသည် ထိုနေ့နှောင်းပိုင်းတွင် သေကြောင်းကြံစည်မည့် အစီအစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်စရာ ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဂလန်း(န်)သည် နောက်ကားမှလူများ၏အသိအမှတ်ပြုမှု မရရှိပါဘဲ သူနေ့စဉ်ပြုနေကျအတိုင်း ပြုခဲ့ပြီး၊ ဖော်ပြပါတစ်ခုတည်းသော…

မုန်တိုင်းကို ဖောက်ထွက်သည့် မျှော်လင့်ခြင်း

၂၀၂၁ ခုနှစ် နွေကူးရာသီ၌ မုန်တိုင်းနောက်လိုက်သူများက အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ လေဆင်နှာမောင်းမုန်တိုင်းအနီးမှ သက်တံပေါ်နေပုံကို ဗီဒီယိုနှင့်ဓာတ်ပုံများဖြင့် မှတ်တမ်းတင်နိုင်ခဲ့ကြသည်။ ဗီဒီယိုတစ်ခုတွင် လယ်ကွင်းထဲမှ ဂျုံပင်များသည် ပတ်ချာလည်နေသည့် လေဝဲဖိအားအောက်၌ ကွေးညွတ်လျက် မီးခိုရောင် ကောင်းကင်အနားသတ်၌ လေးကိုင်းသဏ္ဌာန်တောက်ပသော သက်တံပေါ်နေသည်။ အခြားဗီဒီယိုတစ်ခုတွင် လမ်းသွားလမ်းလာများက ကားလမ်းဘေး၌ရပ်ပြီး လည်ပတ်နေသည့် ကတော့ပုံ တိမ်စိုင်အနီး၌ ခိုင်မာစွာတည်ရှိနေသည့် မျှော်လင့်ခြင်းနိမိတ်ကို စောင့်ကြည့်ခဲ့ကြသည်။

ဆာလံကျမ်း ၁၀၇ တွင် ဆာလံဆရာက ခက်ခဲသောအချိန်များတွင် ဘုရားသခင်ထံသို့ ဉီးလှည့်ရန် အားပေးလျက် မျှော်လင့်ခြင်းကို ပေးသည်။ မုန်တိုင်းအလယ်၌ ရောက်နေသူတို့အား “တိမ်းယိမ်းလျက်နေ၍ ဉာဏ်တိမ်မြှုပ်ခြင်းရှိကြ၏” (:၂၇)ဟု သရုပ်ဖော်ထားသည်။ သူတို့သည် “ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏” (:၂၈)။

ဘဝလောကဓံကို မုန်တိုင်းပမာခံစားရသောအခါ သူ၏သားသမီးတို့သည် မျှော်လင့်ခြင်းကိုရှာဖွေလျက် ရုန်းကန်ရမည်ကို ဘုရားသခင်သိနားလည်သည်။ အထူးသဖြင့် မိုးကုတ်စက်ဝိုင်း၌…

တစ်လောကလုံး၏အနာငြိမ်းခြင်း

စလိုဗီးနီးယားနိုင်ငံအနောက်ပိုင်း ချောင်ကျပြီး ဝေလံခေါင်သီသည့် ကျဉ်းမြောင်းသော လျှိုမြောင်ရှိ Franja Partisan (ဖရန်ဂျာ ပါတီစန်)ဆေးရုံ၏ လျှို့ဝှက်ဆေးဝါးထောက်ပံ့ရေးဌာနသည် နာဇီတို့လက်မှလွတ်အောင် ပုန်းရှောင်နေရသည့် ဆေးဝန်ထမ်းများအား နေရာထိုင်ခင်းပေးလျက် ဖွက်ထားပေးပြီး၊ ထိုဝန်ထမ်းများက ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရ စစ်သားထောင်ပေါင်းများစွာကို ကြည့်ရှုပြုစုခဲ့ရသည်။ ထိုဌာနကို စုံစမ်းဖော်ထုတ်ရန် နာဇီတို့၏ကြိုးပမ်းမှုအတော်များများကို ခြေရာဖျောက်ရှောင်လွဲနိုင်ခြင်းက မှတ်သားလောက်သည့် အောင်မြင်မှုဖြစ်သော်လည်း ပိုထူးခြားသည်မှာ စလိုဗီးနီးယား တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့က တည်ထောင်ပြီး လှုပ်ရှားလည်ပတ်နေသည့် ထိုဆေးရုံသည် မဟာမိတ်တပ်များသာမက နာဇီစစ်သားများကိုပါ လက်ခံကုသပေးခဲ့သည်။ ဆေးရုံမှ လူတိုင်းကို လက်ခံကြိုဆိုခဲ့သည်။

သမ္မာကျမ်းစာက လောကသားအပေါင်းတို့၏ ဝိညာဉ်ရေးရာ အနာငြိမ်းရေး အတွက် ကူညီပေးရန် ကျွန်ုပ်တို့ကို စေစားခေါ်ယူသည်။ ဆိုလိုရင်းမှာ လူတို့၏အမြင် မည်သို့ပင်ရှိနေကွဲပြားနေလည်း သူတို့အပေါ် ကရုဏာထားရန် ဖြစ်သည်။ လူတို့၏ အတွေးအမြင် မည်သို့ပင်ရှိရှိ၊ လူတိုင်းသည် ခရစ်တော်၏ မေတ္တာနှင့်ကရုဏာတော်ကို ခံယူထိုက်သည်။ ရှင်ပေါလုက…

ဆုတောင်းရန် ခေတ္တရပ်ပါ

လမ်းထဲရှိ မီးသတ်ဘုံပိုင်ခေါင်းမှ ပန်းထွက်လာသောရေများကို မြင်ရသည့်အခိုက် အခွင့်အရေးတစ်ခုကို ကျွန်ုပ်မြင်ပါသည်။ ကျွန်ုပ်ရှေ့မှကားများပေါ်သို့ ရေဖြန်းသကဲ့သို့ ရေစင်သည်ကို တွေ့ရသဖြင့် “အို၊ ကားကို အလကား ရေဆေးခွင့်ရတော့မယ်”ဟု တွေးမိသည်။ ကားရေမဆေးရသည်မှာ တစ်လခန့်ရှိပြီဖြစ်၍ ဖုန်ထူနေပါသည်။ ရေပန်းအောက်သို့ ကားကို ကျွန်ုပ်မောင်းချလိုက်သည်။

အဖြစ်အပျက်က မြန်ဆန်သည်။ ထိုမနက်က ကျွန်ုပ်၏အနက်ရောင်ကားလေးမှာ နေထိခဲ့သဖြင့် ကားမှန်ရော၊ ကားအတွင်း၌ ပူနေပါသည်။ မီးသတ်ရေပိုက်ခေါင်းမှ ရေများ ကားရှေ့မှန်ပေါ်သို့ ကျလာသည်နှင့် လျှပ်စီးပြက်သကဲ့သို့ ကားမှန်က အထက်မှ အောက်သို့ အက်သွားတော့သည်။ ကားအလကား ဆေးရမလား မှတ်တယ်။ ငွေများစွာ ကုန်ကျသည့်အဖြစ်၌ ကျွန်ုပ်ဂိတ်ဆုံးသွားသည်။

စဉ်းစားရန် (သို့) ဆုတောင်းရန် ကျွန်ုပ်ခေတ္တမျှ ရပ်မိခဲ့လျှင် အကောင်းသား။ ထိုအချိန်မျိုး အမြဲဖြစ်နေပါသလား။ ဣသရေလလူမျိုးတို့သည် သာ၍လေးလံဖိစီး သည့် အခြေအနေများ၌ ထိုသို့ဖြစ်သည်။ ဘုရားသခင်ပေးသောပြည်သို့ ၎င်းတို့ ဝင်ရောက်စဉ်…