လက်ဝါးကပ်တိုင်သင်္ကေတကို ကျော်၍
၂၀ စုနှစ်အလယ်ခန့်တွင် အိန္ဒိယနိုင်ငံအလယ်ပိုင်းဒေသ၌ ခရစ်ယာန် မဟုတ်သူများနှင့် ခရစ်ယာန်များကြားတွင် ကြီးမားသော တင်းအားရှိခဲ့သည်။ လူငယ်တစ်ဦးသည် သုံးထပ်တိုက်ပေါ်တက်ပြီး ခေါင်မိုးပေါ်မှ ကားတိုင်ကို အရင်းမှဆွဲနှုတ်ကာ ဖျက်ဆီးပစ်ရန် စေခိုင်းခြင်းခံရသည်။ ထိုသို့သူပြုသော်လည်း မအောင်မြင်ဘဲ သူသည် ခေါင်မိုးပေါ်မှ အောက်သို့ပြုတ်ကျပြီးဒဏ်ရာအကြီးအကျယ်ရခဲ့သည်။ သူ့အား ဆေးရုံသို့ ခေါ်ဆောင်သွားပြီး သခင်ယေရှုကို ယုံကြည်သည့် လူနာတစ်ဦး၏ အနီးရှိ ကုတင်တွင် နေရာရခဲ့သည်။
ထိုယုံကြည်သူက ဒဏ်ရာရသူအား ကားတိုင်သည် မည်သည့်အရာကို ကိုယ်စားပြုကြောင်းနှင့် ကားတိုင်ပေါ်တွင် သခင်ခရစ်တော် သူ့အတွက် ဘာပြုပေးသည်ကို ပြောပြသောအခါ သူ့နှလုံးသား တို့ထိခြင်းခံရသည်။ “သခင်ယေရှု၊ ကျွန်တော့်ကိုခွင့်လွှတ်ပါ။ ကျွန်တော်ဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူတို့ခိုင်းတာပါ”ဟု သူအော်ငိုခဲ့သည်။
ခရစ်ယာန်ဘာသာ၏သင်္ကေတကို လူတို့မည်သို့ပင် ဖျောက်ဖျက်ပစ်ရန် ကြိုးစားလုပ်ဆောင်လည်း ကားတိုင်တော်၏သတင်းစကားကို မတားဆီးနိုင်ပါ။ “လက်ဝါးကပ်တိုင်တော်တရားသည် ... ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏” (၁ ကော ၁:၁၈)ဟူ၍ ရှင်ပေါလု…
ပြင်းထန်သော ပြောင်းလဲမှုအစီအမံများ
အခမ်းအနားများ၌ ခင်းကျင်းလေ့ရှိသော တန်ဆာဆင်ထားသည့် လေးနှင့်မြှား ကျည်တောက်ကို အမေရိကန်နိုင်ငံ၊ မီရှီကန်ပြည်နယ်ရှိ ကျွန်ုပ်တို့၏အိမ်နံရံပေါ်တွင် နှစ်ပေါင်းများစွာ ချိတ်ဆွဲထားခဲ့သည်။ ထိုအမှတ်တရပစ္စည်းများကို အာဖရိကတိုက်ရှိ ဂါနာနိုင်ငံတွင် သာသနာပြုအဖြစ် အမှုတော်ဆောင်ခဲ့စဉ်က အဖေရရှိခဲ့ပြီး၊ သူ့ထံမှ ကျွန်ုပ်အမွေရခဲ့ခြင်း ဖြစ်သည်။
တစ်နေ့တွင် ဂါနာလူမျိုး သူငယ်ချင်းတစ်ဦး အိမ်လာလည်ခိုက် ထိုလေးကိုမြင်သောအခါ သူ့မျက်နှာ၌ ထူးဆန်းသောအသွင်အပြင် ဖြစ်သွားသည်။ ထိုလေးတွင် ချည်ထားသော ထူးဆန်းသည့် ပစ္စည်းလေးတစ်ခုကိုညွှန်ပြပြီး “ဒါက အဆောင်တစ်ခုပဲ၊ မှော်မန္တန်ပဲ။ အဲ့မှာ တန်ခိုးအစွမ်း မရှိတာ ငါသိပေမဲ့ ငါသာဆို ငါ့အိမ်မှာ မထားဘူး” ဟုပြောသည်။ ကျွန်ုပ်တို့လည်း လျင်မြန်စွာ ထိုအဆောင်ကို လေးမှဖြတ်ထုတ်ပြီး လွှင့်ပစ်လိုက်သည်။ ထာဝရဘုရားသခင်မှလွဲ၍ အခြားသောအရာများကို ကိုးကွယ်ရန် ရည်ရွယ်သည့် မည်သည့်အရာကိုမျှ ကျွန်ုပ်တို့အိမ်တွင် မရှိစေချင်ပါ။
ယေရုရှလင်မြို့ရှိ ယောရှိမင်းသည် ဘုရားသခင်က သူ၏လူများအပေါ်ထားသော အကြံအစည်တော်များကို မသိဘဲ…
ကြွယ်ဝမှုက လိုအပ်မှုကို ပြည့်စေမည်
ကျောင်းစားသောက်ဆိုင်များသည် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့ စားစရာများ မည်မျှလိုအပ်မည်ကို မခန့်မှန်းနိုင်သဖြင့် အစားအသောက်ကို လိုအပ်သည်ထက် ပိုပြင်ဆင်ထားလေ့ရှိသဖြင့် အစားအသောက်အကျန်များသည် အလကားဖြစ်ရသည်။ တစ်ချိန်တည်းမှာပင် အိမ်၌စားစရာလောက်ငစွာ မရှိသဖြင့် ပိတ်ရက်များတွင် ဆာလောင်နေသည့် ကျောင်းသားများရှိနေသည်။ အမေရိကန်နိုင်ငံရှိ ခရိုင်တစ်ခုမှ ကျောင်းတစ်ကျောင်းသည် ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းတစ်ခုနှင့် လက်တွဲကာ ဤပြဿနာအတွက် အဖြေရှာခဲ့သည်။ ၎င်းတို့သည် အစားအသောက်အကျန်များကို ထုပ်ပိုးပြီး ကျောင်းသားများအား ပေးလိုက်ခြင်းဖြင့် အစားအသောက်များ အလဟဿဖြစ်ခြင်းနှင့် ငတ်မွတ်သည့်ပြဿနာကို တစ်ပြိုင်နက်တည်းတွင် ဖြေရှင်းလိုက်နိုင်သည်။
ငွေကြေးပိုလျှံနေခြင်းသည် စားစရာများ ပိုလျှံနေခြင်းကဲ့သို့ ပြဿနာတစ်ရပ်ဖြစ်သည်ဟု လူအများက မယူဆကြသော်လည်း၊ ထိုကျောင်း၏လုပ်ဆောင်မှု၏ နောက်ခံ အခြေခံသဘောတရားသည် တမန်တော်ရှင်ပေါလုက ကောရိန္သုအသင်းတော်ထံသို့ ပေးပို့သောစာတွင် ဖော်ပြသကဲ့သို့ပင် ဖြစ်သည်။ မာကေဒေါနိရှိ အသင်းတော်များသည် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းကို ရှင်ပေါလုသိသဖြင့် ကောရိန္သုရှိအသင်းတော်အား ၎င်းတို့၏စည်းစိမ်ဖြင့် လိုအပ်နေသူများအား မစရန် ပြောကြားသည် (၂…
ကျွန်ုပ်တို့အတွက် တိုက်ပွဲဝင်သော ဘုရား
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ မိခင်တစ်ဦးသည် သူမ၏ကလေးငယ်ကို ကာကွယ်ရန် မည်သည့်အရာကိုမဆို လုပ်နိုင်ကြောင်း သက်သေပြခဲ့သည်။ သူမ၏ (၅)နှစ်အရွယ် သားလေးသည် အိမ်အပြင်၌ကစားနေစဉ် ကလေးငယ်၏ ကျယ်လောင်စွာအော်ဟစ်သံကို သူမ ကြားလိုက်ရ၍ အိမ်အပြင်သို့ အလျင်အမြန် ထွက်ကြည့်ရာ၊ သားလေး၏ မထင်မှတ်ထားသည့် “ကစားဖော်”မှာ ခြင်္သေ့တစ်ကောင် ဖြစ်နေသဖြင့် သူမ အလွန်ထိတ်လန့်သွားသည်။ ခြင်္သေ့ကြီးသည် ကလေးအပေါ်သို့ ရောက်နေပြီး ကလေး၏ခေါင်းမှာ ခြင်္သေ့၏ပါးစပ်အတွင်းသို့ ရောက်နေသည်။ ထိုအခါ မိခင်ဖြစ်သူသည် ဝံမကြီးကဲ့သို့ သူ့အတွင်းမှ ရှိသမျှအားအင်ကို စုစည်းကာ ခြင်္သေ့၏ပါးစပ်ကို ခက်ခက်ခဲခဲ ဆွဲဖြဲကာ သားကိုကယ်ရန် ကြိုးစားသည်။ ထိုမိခင်၏ သူရဲကောင်းဆန်သောလုပ်ရပ်သည် နှုတ်ကပတ်တော်၌ ဖော်ပြပါရှိသည့် ဘုရား သခင်သည် မိခင်တစ်ဦးကဲ့သို့ပင် သူ၏သားသမီးများပေါ် ခိုင်မြဲသော ချစ်ခြင်းမေတ္တာရှိပြီး ကာကွယ်ပေးနေကြောင်း ကျွန်ုပ်တို့အား သတိပေးအမှတ်ရစေသည်။
မိခင်လင်းယုန်က သားပေါက်ကလေးများကို ဂရုစိုက်သကဲ့သို့ ဘုရားရှင်သည်…
ယုံကြည်စိတ်ချရသော ချစ်ခြင်းမေတ္တာ
“ဒီအကြောင်းကို ဘာလို့မတွေးဘဲ မနေနိုင်တာလဲ”ဟု ဝမ်းနည်းမှု၊ အပြစ်ရှိသည်ဟုခံစားရမှု၊ ဒေါသစိတ်၊ နားမလည်နိုင်မှုများနှင့် ခံစားချက်က ရှုပ်ထွေးနေသည်။
လွန်ခဲ့သောနှစ်များစွာက နက်နဲပြီးနာကျင်ခံစားခဲ့ရသည့် အပြုအမူကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အရေးမထားဘဲ ငြင်းပယ်ခံရသည့် နောက်တွင် ကျွန်မနှင့်ရင်းနှီးသူတစ်ဦးနှင့် အဆက်အသွယ်ဖြတ်ရန် နာကျင်စွာ ဆုံးဖြတ်ခဲ့သည်။ ယနေ့တွင် သူမသည် မြို့သို့ပြန်ရောက်နေသည်ဟု ကြားပြီးနောက် ကျွန်မ၏ အတွေး၌ အတိတ်မှအဖြစ်အပျက်အဟောင်းများ ပြန်လည်အသစ်ဖြစ်လာသည်။
အတွေးများ တည်ငြိမ်ရန် ကျွန်မရုန်းကန်လျက်ရှိစဥ် ရေဒီယိုမှ သီချင်းတစ်ပုဒ်ကြားလိုက်ရသည်။ ထိုသီချင်းက သစ္စာဖောက်မှုအတွက် နာကျင်ခံစားရမှုကို ဖော်ကျူးထားသည်သာမက သစ္စာဖောက်သူ၌ ပြောင်းလဲမှုဖြစ်ပေါ်ပြီး၊ နာကျင်မှုပျောက်ကင်းပါစေဟု အလေးအနက် တောင့်တမှုကိုလည်း ဖော်ပြထားသည်။ ငြိမ့်ညောင်းသောအချစ်အလွမ်းသီချင်းက ကျွန်မ၏အနက်ရှိုင်းဆုံး တမ်းတမှုဆန္ဒစိတ်ကို ထင်ဟပ်နေသဖြင့် ခံစားရကာ ငိုမိပါသည်။
“မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့” ဟု ရှင်ပေါလုက ရောမသြဝါဒစာ ၁၂:၉ တွင် ရေးသားထားပြီး၊ မေတ္တာသည်…
မိဘမဲ့ မဟုတ်တော့ပါ
Guy Bryant (ဂိုင်းဘရိုင်ယန်)သည် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ပြီး ကိုယ်ပိုင်ကလေး မရှိပါ။ အမေရိကန်နိုင်ငံ၊ နယူးယော့မြို့တော်၏ ကလေးစောင့်ရှောက်ရေးဌာန၌ သူအလုပ်လုပ်သည်။ နေ့စဥ်နေ့တိုင်းတွင် ကလေးမွေးစား စောင့်ရှောက်ပေးနိုင်မည့်သူများ အလွန်အမင်းလိုအပ်နေမှုကို ကြုံတွေ့ရ၍ တစ်စုံတစ်ရာပြုလုပ်ရန် သူဆုံးဖြတ်လိုက်သည်။ ဆယ်စုနှစ်တစ်ခုကျော်မျှ ကလေး (၅၀)ခန့်ကို သူမွေးစားခဲ့ပြီး၊ တစ်ကြိမ်တွင် ကလေး (၉)ယောက်ကို တစ်ပြိုင်တည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။ “လှည့်ကြည့်လိုက်တိုင်း နေစရာလိုအပ်နေတဲ့ ကလေးတစ်ယောက်ကို အမြဲတွေ့တယ်။ သင့်ရဲ့နှလုံးသားနဲ့ သင့်အိမ်မှာ နေရာလေးပေးချင်တယ်ဆိုရင် သိပ်မစဥ်းစားနဲ့။ ပေးလိုက်ပါ။ လုပ်လိုက်ပါ”ဟု သူကရှင်းပြပြောပြသည်။ မွေးစားခံရပြီး အရွယ်ရောက်သွားကြသည့် ကလေးများ သူ့ဘဝနှင့်သူဖြစ်သွားသည့်တိုင် သူတို့၌ ဘရိုင်ယန်၏အိမ်သော့ ရှိနေဆဲဖြစ်သည်။ မကြာခဏဆိုသလို တနင်္ဂနွေနေ့များတွင် သူနှင့်နေ့လည်စာစားရန် သူတို့ပြန်လာကြသည်။ ဘရိုင်ယန်သည် ကလေးများစွာတို့အား ဖခင်မေတ္တာကို ပြသခဲ့သည်။
ဘုရားသခင်သည် မေ့လျော့ခံရသူများ၊ အပယ်ခံရသူများကို လိုက်လံရှာဖွေကြောင်း သမ္မာကျမ်းစာမှ ဖော်ပြထားသည်။ ယုံကြည်သူအချို့တို့အနေဖြင့် ၎င်းတို့ကိုယ်ကို…
ဘယ်လိုနေလဲ
မိမိဘဝ၏နောက်ဆုံးအချိန်၌ ရောက်ရှိနေသည်ကို ချာလာသိသည်။ ဆေးရုံကုတင်ထက် လဲလျောင်းနေစဥ် သူမ၏ခွဲစိတ်ဆရာဝန်နှင့် အလုပ်သင်ဆရာဝန်လေးများ အခန်းထဲသို့ ဝင်လာကြသည်။ နောက်ထပ်မိနစ်အတန်ကြာသည်အထိ ဆရာဝန်ကြီးက သူမကို ဂရုမစိုက်ဘဲ သူမ၏နောက်ဆုံးအခြေအနေကို အလုပ်သင်လေးများအား ရှင်းလင်းပြောပြသည်။ ပြီးမှ သူ့ဘက်လှည့်ကာ “ဘယ်လိုနေလဲ” ဟုမေးသည်။ ချာလာသည်အားနည်းစွာ ပြုံးလိုက်ပြီးမှ ဆရာဝန်အဖွဲ့အား သခင်ယေရှု၌ ရှိသည့် သူမ၏မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းကို နူးညံ့နွေးထွေးစွာ ပြောပြခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က သခင်ယေရှုသည် ကြည့်ရှုနေသည့် လူပရိသတ်၏ရှေ့မှောက်တွင် အဝတ်အချည်းစီးနှင့် ကားတိုင်ထက်တွင် ချိတ်ဆွဲခံရပြီး နှိမ့်ချကဲ့ရဲ့ခံရလျက် ချိုးဖျက်ခံခဲ့ရသည်။ သူ့ကိုညှဥ်းဆဲသူများအား သူလက်တုံ့ပြန်ပါသလား။ မတုံ့ပြန်ပါ။ “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ” (လု ၂၃:၃၄) ဟုသာ သခင်မိန့်တော်မူ၏။ မှားယွင်းစွာ စွပ်စွဲစီရင်ခံရပြီး ကားတင်သတ်ခံရသော်လည်း သူ့ရန်သူများ အတွက် သခင်ဆုတောင်းပေးခဲ့သည်။ ထို့နောက်…
ဘုရားသခင်၌ စိုက်ပျိုးသည်
ကဗျာဆရာမ Sara Teasdale (စာရာတီးစ်ဒေးလ်)က “May” (မေလ)ဟူသည့် နွေရာသီချိန် ကဗျာအစကို “ခရမ်းဖျော့ဖျော့ ချုံပင်လေးကို လေပွေဆော့ကစားလှုပ်ခတ်သွားသည်” ဟူ၍ဖွဲ့နွဲ့ကာ ချုံပင်လေးများကို လေပြင်းတိုက်ခတ်သွားသည့် သရုပ်ကို ရေးဖွဲ့ခဲ့သည်။ သို့သော် တီးစ်ဒေးလ်သည် ဆုံးရှုံးသွားသော အချစ်အတွက် မြည်တမ်းကြေကွဲနေခြင်းဖြစ်ပြီး သူ့ကဗျာက လွမ်းချင်းတစ်ပုဒ်ဖြစ်သွားသည်။
ကျွန်မတို့အိမ် အနောက်ဘက်ရှိ ချုံပန်းလေးများလည်း ထိုစိန်ခေါ်မှုနှင့် ရင်ဆိုင်ရပါသည်။ အစွမ်းကုန်ပွင့်လန်းပြီး အလှဆုံးအချိန် ကျော်လွန်ပြီးနောက်၊ ချုံရှင်းအလုပ်ကြမ်းသမား၏ ပုဆိန်စာမိသွားပြီး ချုံမှန်သမျှ သစ်ငုတ်အတိုအစများ ဖြစ်သွားသည်။ ကျွန်မငိုမိသည်။ မှိုနှင့်ဖားဥများစွဲနေသည့် အကိုင်းခြောက်များဖြစ်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ယုံကြည်ခြင်းမဲ့လျက် ၎င်းတို့ကို တူးထုတ်ပစ်ရန် ကျွန်မကြံစည်ခဲ့သည်။ ထိုအခါ ကြာမြင့်စွာဒုက္ခခံခဲ့ရသည့် ချုံပင်လေး ပြန်ပေါက်လာသည်။ ၎င်းတို့အတွက် အချိန်လိုအပ်ရုံသာ ဖြစ်ပါသည်။ ကျွန်မအတွက်မူ မိမိ မမြင်နိုင် မသိနိုင်သည့်အရာကို စောင့်ဆိုင်းနေရုံသာလိုပါသည်။
သမ္မာကျမ်းစာ၌ လောကဓံဆင်းရဲဒုက္ခများကို မမှုဘဲ ယုံကြည်ခြင်းဖြင့်…
သခင်ယေရှု၌ အသစ်သော DNA မျိုးရိုးဗီဇ
ခရစ်သည် သူ့အသက်ဆက်ခွင့်ရခဲ့သည့် ရိုးတွင်းခြင်ဆီအစားထိုးကုသမှု ခံယူပြီး ၄နှစ် အကြာတွင် တစ်ဖန် သွေးပြန်စစ်ရသည်။ (အလှူရှင်တစ်ဦး ပေးလှူသည့်)ရိုးတွင်းခြင်ဆီအစားထိုးမှုကြောင့် အံ့ဩစရာကိစ္စတစ်ခုဖြစ်ခဲ့သည်။ ခရစ်၏သွေးအတွင်းမှ DNA သည် သူ၏ DNA မဟုတ်တော့ပဲ အလှူရှင်၏ DNA ဖြစ်နေသည်။ တကယ်လည်း ထိုသို့ဖြစ်သင့်ပါသည်။ ထိုကုထုံး၏သဘောတရားမှာ အားနည်းသောသွေးကို အလှူရှင်၏ ကျန်းမာကောင်းမွန်သောသွေးဖြင့် အစားထိုးခြင်း ဖြစ်သည်။ ခရစ်၏ ပါး၊ နှုတ်ခမ်း၊ လျှာတို့မှ သလိပ်နမူနာယူစစ်ဆေးရာ၌လည်း အဖြေက အလှူရှင်၏ DNA ကိုသာ ပြနေခဲ့သည်။ တစ်နည်းဆိုရလျှင် ခရစ်သည် သူ၏ကိုယ်ပိုင်မှတ်ဥာဏ်၊ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏မူလ DNA အချို့တို့ ရှိနေသေးသော်လည်း သူသည် အခြားသူတစ်ဦးဖြစ်သွားပါသည်။
ခရစ်၏အတွေ့အကြုံက သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းကို လက်ခံရရှိခဲ့သူ၏အသက်တာတွင် ဖြစ်ပျက်သည့်အရာနှင့် ထူးခြားစွာ တူညီနေပါသည်။ ရှင်ယေရှုကို ယုံကြည်သောအခါ ကျွန်ုပ်တို့၏ဝိညာဥ်ရေးရာ ပြောင်းလဲမှုအမှတ်တွင် ကျွန်ုပ်တို့သည်…
အခြားသူများထံ၌ ရင်းနှီးမြှုပ်နှံခြင်း
စီးပွားရေးလုပ်ငန်းကြီးတစ်ခုက ၎င်း၏ထုတ်ကုန်များအနက် ပစ္စည်း (၁၀)ခု ဝယ်ယူတိုင်း မိုင် (၁၀၀၀)စာ လေကြောင်းခရီးသွားခွင့်ရမည်ဟု ကမ်းလှမ်းသောအခါ ၎င်း၏ဈေးအပေါဆုံးထုတ်ကုန်မှာ ချောကလက်ပူတင်းခွက်လေးများဖြစ်ကြောင်း လူတစ်ဦးက တွေးမိသွားသည်။ သူသည် ပူတင်းခွက်ပေါင်း (၁၂၀၀၀)ကျော်ကိုဝယ်ယူခဲ့သည်။ ဒေါ်လာ (၃၀၀၀)ဖြင့် သူသည် ရွှေဖောက်သည်အဆင့်နှင့်တကွ သူနှင့်သူမိသားစုအတွက် တစ်သက်စာလုံလောက်သည့် လေကြောင်းခရီးမိုင်များ ရရှိခဲ့သည်။ သူသည် ပူတင်းများကိုလှူခဲ့ပြီး ထိုသို့လှူခဲ့ခြင်းကြောင့် အခွန်ဆောင် ရမည့်အထဲမှ ဒေါ်လာ (၈၀၀)ကင်းလွတ်ခွင့်ရခဲ့ပြန်သည်။ ဉာဏ်ကြီးရှင်ပင်။
ယေရှုသည်အငြင်းပွားဖွယ်ရာ ပုံဥပမာကိုပြောပြပါသည်။ ဉာဏ်နီဉာဏ်နက်များသော ဘဏ္ဍာစိုးသည် အလုပ်ဖြုတ်ခံရသောအခါ သူ့သခင်ထံ၌ အကြွေးတင်နေသူတို့၏အကြွေးစာရင်းကို လျှော့ချပေးခဲ့သည်။ သူတို့အား ယခုပေးသောအကူအညီကြောင့် နောင်တွင် သူတို့ကို အမှီပြုနိုင်မည်ဟု သူသိသည်။ ဘဏ္ဍာစိုး၏ ကျင့်ဝတ်မညီသော အလုပ်လုပ်ပုံကို သခင်ယေရှုချီးမွမ်းခြင်း မဟုတ်ပါ။ ထိုသူ၏ စဥ်းစားဉာဏ်ကို ကျွန်ုပ်တို့သင်ခန်းစာယူစရာရှိကြောင်း သခင်သိသည်။ ပါးနပ်လိမ္မာစွာ “လောကီစည်းစိမ်ချမ်းသာအားဖြင့် မိတ်ဆွေများရအောင်ပြု”ပြီး၊ “ထိုစည်းစိမ်ချမ်းသာကုန်ဆုံးသောအခါ သင်တို့အား…