အမျိုးအစား  |  odb

ကောင်းချီးမင်္ဂလာကိုစောင့်ဆိုင်းခြင်း

ဘန်ကောက်မြို့၏နာမည်ကြီးစားသောက်ဆိုင်တစ်ခု၌ ရောင်းချသည့် စွပ်ပြုတ်ကို နှစ်ပေါင်း ၄၅ နှစ်တိုင် ချက်ပြုတ်ထားသော အသားပြုတ်ရည်နှင့် ပြုလုပ်ထားပြီး၊ တစ်နေ့နည်းနည်းစီ ထိုအသားပြုတ်ရည်ကို ပြန်ဖြည့်ရသည်။ လက်ကျန်ဟင်းရည်သည် နောက်ရက်အနည်းငယ်အကြာတွင် အရသာပိုမို ကောင်းလာခြင်းကြောင့် ချက်ပြုတ်ချိန်ကို ထပ်မံတိုးမြှင့်လိုက်သောအခါ ရောနှောသွားသည့် ဟင်းရည် ၂မျိုးမှာ ထူးကဲသောအရသာကို ဖန်တီးပေးသည်။ ထိုင်းနိုင်ငံ၏အရသာအရှိဆုံး စွပ်ပြုတ်ဖြစ်ခြင်းကြောင့် ဤစားသောက်ဆိုင်သည် ဆုများစွာ ရရှိခဲ့သည်။

တစ်ခါတစ်ရံ ကောင်းသောအရာဖြစ်လာရန် အချိန်ယူရသည်။ သို့သော် လူ့သဘာဝက စိတ်ရှည်နိုင်ဖို့ ခက်ခဲလှသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် “ဘယ်လောက်ကြာမှာလဲ”ဆိုသည့် မေးခွန်းကို တွေ့ရသည်။ သနားစဖွယ် ဥပမာ ပြရလျှင် ပရောဖက်ဟဗက္ကုတ်က “အို ထာ၀ရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း” (ဟဗ ၁:၂)
ဟု သူ၏အနာဂတ္တိကျမ်းကို အစပြုခဲ့သည်။ ဟဗက္ကုတ် (အဓိပ္ပာယ်မှာ နပန်းလုံး သတ်ပုတ်သူ)သည် ရက်စက်သော…

ကြီးထွားသန်မာရန်အလို့ငှာ ခုတ်ချိုင်ပစ်ခြင်း

ခရမ်းပြာပန်းချုံပေါ်သို့ ပျားမျိုးနွယ်အင်းဆက်လေး ညင်သာစွာ သက်ဆင်းသည်ကို ကြည့်ရင်း သန်စွမ်းသောအကိုင်းအခက်များကိုတွေ့ရ၍ ကျွန်တော် အံ့ဩမှင်သက်ခဲ့ရသည်။ တောက်ပသောအပြာရောင်ပန်းပွင့်များသည် ပျားများနှင့် အမြင်အာရုံကို ဆွဲဆောင်လှသည်။ မနှစ်က ဆောင်းရာသီ၌ ကျွန်တော့်ယောက္ခမများက အပင်ကို အငုတ်မျှသာကျန်သည်အထိ ရိတ်ဖြတ်ပစ်ရာ၊ ဤအပင်ကို ဖယ်ရှားရန် ခုတ်ပစ်ခြင်းဟု ကျွန်တော်ထင်မှတ်ခဲ့သည်။ ခရမ်းပြာပန်းများ မပွင့်နိုင်တော့ဟုလည်းတွေးခဲ့မိသည်။ သို့သော် ရက်စက်သည့်သုတ်သင်ခြင်းဟု ကျွန်တော် ထင်ခဲ့သည့်အရာ၏ တောက်ပသောရလဒ်ကို ယခု မျက်ဝါးထင်ထင် တွေ့မြင်ရပါပြီ။

ကြမ်းတမ်းစွာ ခုတ်ဖြတ်ခံရခြင်းမှထွက်ပေါ်လာသည့် အံ့ဖွယ်အလှ။ ၎င်းသည် ယုံကြည်သူတို့ကြား ဘုရားသခင်၏လုပ်ဆောင်ပေးမှုကို ဖော်ပြရန် အပင်ချိုင်ခြင်းပုံပမာကို ‌သခင်ယေရှုပေးစေခဲ့သည့် အကြောင်းရင်းတစ်ခု ဖြစ်ပေလိမ့်မည်။ “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏” (:၁-၂) ဟု သခင်မိန့်မြွက်သည်။

ကျွန်တော်တို့အထဲ၌ ဝိညာဉ်ရေးရာအားသစ်လောင်းလျက် ပြောင်းလဲမှုနှင့်…

ကျောက်ပေါ်ကအိမ်လေးတလုံး

အမေရိကန်ပြည်ထောင်စုမှ ပြည်နယ်တစ်ခုတွင် ၃၄၀၀၀ ကျော်မျှသော အိုးအိမ်များသည် ညံဖျင်းသောအုတ်မြစ်ကြောင့် ပြိုကျပျက်စီးမည့်အန္တရာယ်နှင့် ကြုံနေသည်။ ၎င်းကိုသတိမထားမိဘဲ ဘိလပ်မြေကုမ္ပဏီသည် ကျောက်ကျင်းမှ ကျောက်တုံးကိုတူးဖော်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဘိလပ်မြေများကျိုးပဲ့ပျက်စီးကုန်သည်။ အိမ် ၆၀၀ နီးပါး၏အုတ်မြစ်များကြွေမွခဲ့ပြီး ကြာလေပျက်စီးမှုက တစ်ရှိန်ထိုးမြင့်တက်လေဖြစ်လိမ့်မည်။

ကျွန်ုပ်တို့၏အသက်တာကို မတည်မြဲသည့်မြေပေါ်၌ တည်ဆောက်ခြင်းသည် အလွန်အန္တရာယ်ရှိကြောင်းကိုရှင်းပြရန် သခင်ယေရှုက ညံ့ဖျင်းသော အုတ်မြစ်ပေါ် အိမ်ဆောက်ခြင်းပုံပမာကိုပေးခဲ့သည်။ ခိုင်မာသောကျောက်ပေါ်၌ အသက်တာကိုတည်ဆောက်သူများက ပြင်းထန်သောမုန်တိုင်းနှင့် ရင်ဆိုင်ရသည့်အခါ မပြိုလဲဘဲ တည်ရှိနေမည်။ သဲပေါ်၌ အသက်တာကို တည်ဆောက်သူများမှာမူ လေပြင်းမုန်တိုင်းတိုက်ခတ်သော် ကြီးစွာသောပြိုလဲခြင်းနှင့်ကြုံရလိမ့်မည်ဟု သခင်မိန့်တော်မူသည်(မ ၇:၂၇)။ မြဲသည့်အုတ်မြစ်ပေါ်တည်ဆောက်ခြင်းနှင့် ခနော်ခနဲ့အုတ်မြစ်ပေါ်တည်ဆောက်ခြင်းကြား ကွာခြားချက်မှာ ခရစ်တော်၏ စကားတော်ကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးလား၊ မကျင့်သုံးဘူးလားဆိုသည့် အချက်ပင်ဖြစ်သည်(:၂၆)။ သခင်၏စကားတော်ကို ကျွန်ုပ်တို့ကြား မကြား ဟူသည့်အချက်က အဓိကမဟုတ်ဘဲ၊ ကျွန်ုပ်တို့ကို သခင်တတ်စွမ်းစေသည့်အတိုင်း ကျွန်ုပ်တို့လက်တွေ့လုပ်မလုပ်က မေးစရာဖြစ်သည်။

လောကမှကျွန်ုပ်တို့ရရှိနိုင်သည့် အသိပညာများ များစွာရှိသည်။…

ခွင့်လွှတ်ခြင်းရှိသော အနာဂတ်

၁၉၉၄ ခုနှစ် တောင်အာဖရိကနိုင်ငံတွင် လူမျိုးရေးခွဲခြားသည့်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းချိန်တွင် ယခင်လူမျိုးရေးခွဲခြားသည့်စနစ်အောက်တွင် ကျူးလွန် ခဲ့သည့် ပြစ်မှုများကို မည်သို့ဖြေရှင်းမည်နည်းဆိုသည့် ဖြေရခက်သောမေးခွန်းတစ်ခု ‌ပေါ်လာခဲ့သည်။ အာဏာပိုင်များအနေနှင့် အတိတ်ကို ပစ်ပယ်၍မရသလို ကြီးလေး သည့် အပြစ်ဒဏ်ပေးမည်ဆိုပါကလည်း တိုင်းပြည်၏အနာဟောင်းကို ထိုးဆွရာ ရောက်မည့်အခြေအနေနှင့် ကြံုခဲ့ရသည်။ တောင်အာဖရိကနိုင်ငံ၏ ပထမဆံုးသောအင်္ဂလီကန်လူမည်းသာသနာပိုင်ချုပ်ကြီး ဒက်စမွန်တူတူ ရေးသားခဲ့သည့် “ခွင့်လွှတ် ခြင်းမရှိ၊ အနာဂတ်မရှိ” စာအုပ်တွင် သူက “ကျွန်ုပ်တို့သည် အပြစ်ရှိသည့်အတိုင်း တရားစီရင်ပြီး တောင်အာဖရိကကို ပြာနှင့်ဖံုးလွှမ်းပစ်၍ရသည်”ဟု ဆိုထားသည်။

ဒီမိုကရေစီအစိုးရသည် အမှန်တရားနှင့် ရင်ကြားစေ့ရေးကော်မတီကို ထူ ထောင်ကာ အမှန်တရားဖော်ထုတ်ရေး၊ တရားမျှတရေးနှင့်သက်ညှာမှုကို ဉီးတည် သည့်လမ်းစဉ်ကို အကောင်အထည်ဖော်လိုက်သည်။ အပြစ်ရှိသူများက သူတို့အမှား ကို ဝန်ခံပြီး ပြန်ပြုပြင်မည်ဆိုလျှင် ပြန်ပြုပြင်ရန် အခွင့်အရေးပေးခဲ့သည်။ ဤသို့ အမှန်တရားကို သတ္တိရှိစွာ ရင်ဆိုင်လိုက်ခြင်းအားဖြင့်သာ…

ရဲရင့်စိတ်ကို ဝတ်ဆင်ပါ

အန်ဒရူးသည် ဧဝံဂေလိတရားကို ပိတ်ပင်သည့်တိုင်းပြည်တွင် နေထိုင်သည်။ သူ၏ယံုကြည်ခြင်းကို မည်သို့လျှို့ဝှက်ထားသနည်းဟု ကျွန်ုပ်မေးသောအခါ သူက မလျှို့ဝှက်ထားပါဟု ဖြေသည်။ သူက သူ့ဘုရားကျောင်းကို ကြော်ငြာသည့် တံဆိပ်နှင့် အင်္ကျီကို အမြဲဝတ်ပြီး သူအဖမ်းခံရတိုင်း ရဲများအား သူတို့လည်း ဘုရားသခင်ကို လိုအပ်တယ် ဟု အမြဲပြောသည်။ အန်ဒရူးသည် သူ့ဘက်၌ မည်သူရှိသည်ကို သိသောကြောင့် သူ၌ ရဲရင့်ခြင်းစိတ်ရှိသည်။

ပရောဖက်ဧလိယသည်လည်း အာခဇိမင်းက သူ့ကို ဖမ်းရန် စစ်သားငါးကျိပ် စေလွှတ်ခဲ့စဉ်က ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိခဲ့ပါ (၄ ရာ ၁:၉)။ သူ့ဘက်၌ ဘုရားသခင်ရှိကြောင်း သူသိသဖြင့် ကောင်းကင်မှ မီးကျစေ၍ ထိုလူငါးကျိပ်ကို လောင်စေခဲ့သည်။ ရှင်ဘုရင်က ထပ်ပြီး စစ်သားများစေလွှတ်ရာ ဧလိယသည် ရှေးနည်းအတိုင်းပြုပြန်သည်။ ဘုရင်က တတိယအကြိမ်စေလွှတ်ပြန်ရာ တတိယမြောက်တပ်မှူးသည် ရှေ့ကအဖြစ်အပျက်များကို ကြားသိထားသည့် အတွက် သူတို့ကို မသတ်ရန်…

မောပန်းခြင်း

ကျွန်ုပ်၏အိမ်အနီးရှိ အိမ်အသုံးဆောင်ပစ္စည်းအရောင်းဆိုင်၏ ကောင်တာတစ်ခု တွင် အစိမ်းရောင်ခလုတ်တစ်ခုရှိသည်။ ဝန်ဆောင်ပေးမည့်သူ မရှိပါက ထိုခလုတ်ကို နှိပ်လိုက်လျှင် အချိန်မှတ်စက် စတင်မြည်လာပြီး တစ်မိနစ်အတွင်း ဝန်ဆောင်မှုမရပါက သင်ဝယ်ယူသောပစ္စည်းအတွက် လျှော့စျေးရရှိမည် ဖြစ်သည်။

ဤဖြစ်စဥ်တွင် ကျွန်ုပ်တို့သည် မြန်ဆန်သောဝန်ဆောင်မှုမျိုးကို နှစ်သက်သောစျေးဝယ်သူနှင့်တူသည်။ သို့သော် အမြန်ချောဝန်ဆောင်မှုကို တောင်းဆိုချက်သည် ဝန်ဆောင်သူအတွက် ဒုက္ခဖြစ်စေပါသည်။ ကျွန်ုပ်တို့ အများစုသည် အလုပ်ကို သွက်သွက်လုပ်၊ နာရီပေါင်းများစွာလုပ်၊ တစ်နေ့တည်းတွင် အီးမေးလ်ကို အကြိမ်ကြိမ်စစ်နှင့်၊ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးအောင် လုပ်ရမည့် အလုပ်များ၏ဖိအားကို ခံစားရသည်။ စျေးဝယ်သူကို ဝန်ဆောင်မှု ပေးသည့်နည်းလမ်းများက ကျွန်ုပ်တို့၏ဘဝအသက်တာများသို့ပါ စိမ့်ဝင်လျက် အလျင်လိုသောယဥ်ကျေးမှုကို ဖန်တီးနေတော့သည်။

ဘုရားသခင်သည် ဣသရေလလူမျိုးများအား ဥပုသ်နေ့ကို စောင့်ရှောက်ရန် မိန့်ကြားသောအခါ “အဲဂုတ္တပြည်၌ ကျွန်ခံခဲ့ကြောင်းကို အောက်မေ့ရန်” (တရား ၅:၁၅) ဟူသည့် အရေးကြီးသောအကြောင်းပြချက်ကို ထည့်သွင်းခဲ့သည်။ ထိုအရပ်တွင် သူတို့သည်…

အားကြီးသောရေ

ဝါရှင်တန်ဒီစီမြို့တော်ရှိ အာဖရိကန်-အမေရိကန် သမိုင်းနှင့်ယဥ်ကျေးမှု အမျိုးသားပြတိုက်တွင် ပြသထားသည့် ရက်စက်ပြင်းထန်သော ကျွန်စနစ်၏ အဖြစ်မှန်နှင့် ဆိုးကျိုးများကို လေ့လာကြည့်ရှုပြီးနောက် Contemplative Court ရေတံခွန်ရေပန်းကို တွေ့လိုက်ရ၍ ကျွန်မကျေးဇူးတင်မိသည်။ ငြိမ်သက်သော အခန်းတွင် အလင်းဖောက်ဝင်နိုင်သော ကြေးဝါမှန်မျက်နှာပြင်ကို တပ်ဆင် ထားပြီး ရေများက ထိုမျက်နှာကြက်မှ အောက်ရှိ ရေကန်ငယ်သို့ စီးကျသည်။

ငြိမ်သက်သောထိုနေရာ၌ ထိုင်ရင်း “တရားမျှတခြင်းက မိုးရေလို ကျလာတဲ့ အထိ၊ ဖြောင့်မတ်ခြင်းက မြစ်ရေလို စီးလာတဲ့အထိ လုပ်ဆောင်မယ်၊ တိုက်ပွဲဝင် မယ်လို့ ကျုပ်တို့စိတ်ပိုင်းဖြတ်ပြီးသား” ဟူသည့် ဒေါက်တာ မာတင်လူသာ ကင်း ဂျူနီယာ၏စကားကို နံရံ၌ရေးထိုးထားသည်ကို တွေ့ရသည်။ တန်ခိုးပါသော ဤစာသားသည် အာမုတ်အနာဂတ္တိကျမ်းမှ မှီငြမ်းထားခြင်း ဖြစ်သည်။

အာမုတ်သည် ပွဲတော်များကျင်းပခြင်း၊ ယဇ်ပူဇော်ခြင်းစသည့် ဘာသာရေး လှုပ်ရှားမှုများ၌ ပါဝင်ကြသော်လည်း စိတ်နှလုံး၌ ဘုရားနှင့်ဝေးသည့်လူများကြား၌ နေထိုင်သည့်…

နောက်ဆုံးတွင် လွတ်မြောက်ခဲ့ပြီ

လစ်ဘနွန်နိုင်ငံ၏ ပြည်တွင်းစစ်အတွင်း ၅ နှစ်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံရသူ ဗြိတိသျှဂျာနယ်လစ် ဂျွန်မက္ကာသီ သည် သူလွတ်မြောက်ရန်အတွက် ညှိနှိုင်း ပေးသူနှင့် တွေ့ဆုံရန် အနှစ် ၂၀ ကြာမြင့်ခဲ့သည်။ နောက်ဆုံး ကုလသမဂ္ဂသံအမတ် ဂဲန်ဒေါမနီကို ပီကို နှင့် သူတွေ့ဆုံချိန်တွင် “ကျွန်တော့်ရဲ့ လွတ်မြောက်ခြင်းအတွက် ကျေးဇူးတင်ပါတယ်” ဟု ရိုးရှင်းစွာ ပြောခဲ့သည်။ သူ၏နှလုံးသားမှလာသော စကားလုံးက အလေးအနက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပီကိုသည် မက္ကာသီ နှင့်အခြားသူများ လွတ်မြောက်ရေးအတွက် အန္တရာယ်ကြီးသော ညှိနှိုင်းမှု များကြားတွင် သူ၏အသက်ကိုပင် စွန့်စားခဲ့ရသည်။

ယုံကြည်သူများအနေဖြင့် ခက်ခဲစွာအနိုင်ယူရရှိခဲ့သည့် လွတ်လပ်ခွင့်ကို ကျွန်ုပ်တို့ သိနားလည်နိုင်ပါသည်။ လူသားတိုင်း၏ ဝိညာဥ်လွတ်မြောက်ခြင်းအတွက် သခင်ယေရှုသည် ရောမကားတိုင်ထက် သူ့အသက်ကို စတေးလျက် အသေခံခဲ့သည်။ ရှင်ပေါလုကလည်း ရဲရင့်စွာ ကြွေးကြော်ထားသည့်အတိုင်း ယခု သူ၏သားသမီးများအနေဖြင့် “ခရစ်တော်သည်…

အတွင်း၌ရှိသော ပြဿနာ

လွန်ခဲ့သောနှစ်အနည်းငယ်တွင် ကျွန်ုပ်တို့၏အိမ်အပြင်နံရံကို သစ်တောက်ငှက် တစ်ကောင် စတင်ခေါက်နေခဲ့သည်။ ဤပြဿနာက အပြင်ဘက်၌သာ ရှိနေ သည်ဟု ကျွန်ုပ်တို့ထင်ခဲ့သည်။ ဤသို့ဖြင့် တစ်နေ့တွင် ကျွန်တော်တို့သားအဖ အမိုးအောက် ထပ်ခိုးပေါ်သို့ လှေကားဖြင့်တက်ကြည့်ရာ ကျွန်တော်တို့၏မျက်နှာအနားမှ ငှက်ဖြတ်ပျံသွားသဖြင့် လန့်ဖျပ်သွားသည်။ ပြဿနာသည် အိမ်အတွင်းတွင် ဖြစ်နေခြင်းကြောင့် ကျွန်တော်တို့ ထင်ထားသည်ထက် ပိုဆိုးရွားနေပါသည်။

သခင်ယေရှု ယေရုရှလင်မြို့သို့ ရောက်လာချိန်တွင် လူအုပ်ကြီးက သူ့အား သူတို့၏အပြင်ပန်း ပြဿနာဖြစ်သော ရောမများ၏ဖိနှိပ်ချုပ်ချယ်မှုကို ဖြေရှင်း ပေးမည့်သူအဖြစ် မျှော်လင့်နေကြသည်။ သူတို့သည် စိတ်အားကြီးစွာဖြင့် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရားအခွင့်နှင့် ကြွလာ တော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်း” ဟုကြွေးကြော်ကြသည် (မ ၂၁:၉)။ သူတို့စောင့်မျှော်နေသော ဘုရားသခင်ခန့်အပ်သောဘုရင် ကြွလာပြီဖြစ်သည်။ ဘုရားသခင် ရွေးချယ် စေလွှတ်သူကယ်တင်ရှင်သည် ပြုပြင်ပြောင်းလဲမှုကို လုပ်မည်ဆိုပါက ဤမှားယွင်းနေသောအရာအားလုံးမှ စတင်မလုပ်ဆောင်သင့်သလော။ သို့သော်…

ဂယက်ထသော သက်ရောက်မှု

ဂါနာနိုင်ငံမြောက်ပိုင်းရှိ ကျမ်းစာကျောင်းငယ်လေးသည် အထင်ကြီးစရာ မရှိပါ။ သွပ်မိုး၊ ဘိလပ်မြေအုတ်တိုင်ကျောင်းဖြစ်ပြီး ကျောင်းသားလက်တစ်ဆုပ်စာမျှသာရှိသည်။ သည့်တိုင် ဘော့ဟေးစ် သည် ကျောင်းသားများအတွက် သူ့ဘဝကို ပုံအပ်ခဲ့သည်။ သူတို့ကို ခေါင်းဆောင်မှုတာဝန်များပေးအပ်ခဲ့ပြီး တစ်ခါတစ်ရံ ၎င်းတို့ တွန့်ဆုတ်သည့်ကြားမှပင် ဟောပြောရန်နှင့် သွန်သင်ရန် တိုက်တွန်းအားပေး ခဲ့သည်။ ဘော့ ကွယ်လွန်ခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်လည်း နှိမ့်ကျသော ထိုကျောင်းလေးမှ ကျောင်းဆင်းသွားသည့် ကျောင်းသူကျောင်းသားများအားဖြင့် အောင်မြင်သော အသင်းတော်များစွာ၊ စာသင်ကျောင်းများနှင့် ကျမ်းစာကျောင်း အသစ် နှစ်ကျောင်းတို့ ဂါနာနိုင်ငံတစ်ဝန်း၌ ပေါ်ပေါက်ခဲ့သည်။

အာတဇေရဇ်မင်း(၄၆၅-၄၂၄ ဘီစီ)အုပ်စိုးစဉ်ကာလ ပရောဖက်ဧဇရသည် ဣသရေလအကြီးအကဲများကို စုဝေးလျက် ယေရုရှလင်သို့ပြန်ခဲ့သည်။ သို့သော် ၎င်းတို့တွင် လေဝိသားတစ်ယောက်ကိုမျှ မတွေ့(ဧဇ ၈:၁၅)။ ယဇ်ပရောဟိတ်များ အဖြစ်အစေခံမည့် လေဝိသားများကို သူလိုအပ်သည်။ ထို့ကြောင့် သူသည် ခေါင်းဆောင်များအား “ငါတို့ဘုရားသခင့်အိမ်တော် အမှုစောင့်များကို ပေးစေခြင်း ငှာ” (:၁၇)…