တစ်မူထူးစွာ ဆင်ခြင်တွေးခြင်း
ကောလိပ်တက်စဉ်က ကျွန်ုပ်သည် ဗင်နီဇွဲလားနိုင်ငံ၌ ပျော်ရွှင်ဖွယ်နွေရာသီကို ဖြတ်သန်းခဲ့ရသည်။ အစားအသောက်များက အံ့မခမ်း၊ လူတို့ကလည်း ဖော်ရွေပြီး ဧည့်ဝတ်ကျေသည်။ ရာသီဉတုသာယာသည်။ သို့သော် တစ်ရက်နှစ်ရက်အတွင်းတွင် ကျွန်ုပ်၏အချိန်စီမံခန့်ခွဲမှုသည် ထိုဒေသမှမိတ်ဆွေသစ်များနှင့်မတူညီကြောင်း လက်ခံခဲ့ရသည်။ နေ့လည်စာစားချိန်ဟု စီစဉ်လိုက်လျှင် ၁၂ နာရီနှင့် ၁ နာရီ ကြားဟူသည့်သဘော။ ခရီးသွားခြင်း၊ အစည်းအဝေးကျင်းပခြင်း၌လည်း ထိုနည်းအတိုင်းပင်။ အချိန်သတ်မှတ်ခြင်းက ခန့်မှန်းခြေမျှသာဖြစ်ပြီး အတိအကျ မသတ်မှတ်နိုင်ပါ။ ကျွန်ုပ်၏အချိန်မှန်ခြင်းသဘောသည် ယဉ်ကျေးမှုထုံးစံများ၏ပျိုးထောင်မှု၌ ဖြစ်တည်လာကြောင်း သဘောပေါက်ခဲ့ရသည်။
ကျွန်ုပ်တို့အားလုံးသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏စံတန်ဖိုးထားမှုဖြင့် ပုံသွင်းခံရသည်။ ၎င်းကို များသောအားဖြင့် ကျွန်ုပ်တို့သတိမပြုမိတတ်ပါ။ ဤယဉ်ကျေးမှုများကို ရှင်ပေါလုက “လောကီပုံသဏ္ဌာန်” ဟု ခေါ်ဆိုသည် (ရောမ ၁၂:၂)။ ဤနေရာ၌ လောကကမ္ဘာမြေကို မဆိုလိုပါ။ ကျွန်ုပ်တို့၏တည်ရှိမှုသို့ ပျံ့နှံ့စိမ့်ဝင်လာသည့် တွေးခေါ်ဆင်ခြင်ပုံနည်းလမ်းများကို ဆိုလိုပါသည်။ ကျွန်ုပ်တို့ ရှင်သန်နေထိုင်သည့်နေရာဒေသနှင့် ခေတ်အလိုက် ကျွန်ုပ်တို့ထံ လက်ဆင့်ကမ်းလာသည့် ဘဝအတွက်…
ပုံသဏ္ဌာန်တူ
ကျွန်မတို့အပြင်ထွက်လည်စဉ် ငယ်စဉ်ကပင် ကျွန်မခင်ပွန်း၏မိသားစုဝင်များကိုသိသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမသည် အယ်လင်နှင့် သားလေး ဇေဗီယာကို အပြန်အလှန် သေချာစွာစိုက်ကြည့်ပြီး “သူ့အဖေနဲ့ တစ်ထေရာတည်း၊ ပုံသဏ္ဌာန်တူတယ်”ဟု မှတ်ချက်ပေးသည်။ “သူ့မျက်လုံး၊ သူ့အပြုံးက သူ့အဖေနဲ့ တစ်ပုံတည်းပဲ”ဟု ပြောသည်။ အဖေနှင့်သား တစ်ယောက်နှင့်တစ်ယောက် အလွန်တူရုံမက အကျင့်ကအစ တူနေသည်ကို သတိပြုမိသဖြင့် သူသဘောကျ နေသည်။ သားအဖနှစ်ဉီးက နေရာတော်တော်များများတွင် တူညီသည့်တိုင် သားသည် သူ့အဖေနှင့် လုံးဝဥဿုံတော့ မတူညီပါ။
တစ်ပါးတည်းသောသားတော် သခင်ယေရှုသည် ခမည်းတော်နှင့် လုံးဝဥဿုံ ပုံသဏ္ဌာန်တူပါသည်။ သားတော်ခရစ်တော်သည် “မျက်မြင်မရသော ဘုရား၏ သဏ္ဌာန်တော်ဖြစ်ပြီး ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦး ဖြစ်တော်မူ၏”(ကော ၁:၁၅)။ “ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏” (:၁၆)။ “သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ…
အသက်ကယ်ပါဟု အကူအညီတောင်းခံခြင်း
တောင်ထူထပ်သည့် အမေရိကန်နိုင်ငံ၏ အအေးဆုံးပြည်နယ် အလက်စကာတွင် အလွန်အေးစိမ့်သောဆောင်းကာလ၌ ဒေသခံတစ်ဦး၏တဲ မီးလောင်သွားသဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ သူ၌စားစရာအနည်းငယ်သာကျန်တော့သည်။ အချိန်သုံးပတ် ကြာပြီးနောက် ဆီးနှင်းထဲတွင် မီးလောင်သွားသည့်တဲမှအိုးမဲများဖြင့် SOS ဟု အသက်ကယ်ရန် ပို့လိုက်သောသတင်းကို အပေါ်မှဖြတ်၍ပျံသန်းသွားသော လေယာဉ်ပျံတစ်စီးက တွေ့ပြီး လိုက်လံရှာဖွေကာ ထိုသူကို ကယ်တင်ခဲ့သည်။
ဆာလံဆရာဒါဝိဒ်သည်လည်း အမှန်ပင် ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည်။ မနာလိုစိတ်ရှိသည့် ရှောလုမင်းက သူ့ကိုသတ်ရန် လိုက်လံရှာဖွေနေသဖြင့် ဂါသမြို့သို့ သူရှောင်ပြေးစဉ် သူ့အသက်လွတ်အောင် စိတ်မနှံ့သူတစ်ဦးကဲ့သို့ ဟန်ဆောင်နေခဲ့ ရသည် (၁ ရာ ၂၁)။ ထိုအဖြစ်အပျက်မှ ထွက်ပေါ်လာသော ဆာလံ ၃၄ အရ ဒါဝိဒ်သည် ဘုရားသခင်ထံ အော်ဟစ်ဆုတောင်းပြီး ငြိမ်သက်မှုကို ရရှိခဲ့သည် (:၄၊ ၆)။ ဘုရားသခင်သည် သူ၏ တောင်းပန်သံကိုကြားပြီး သူ့အား ကူညီမစခဲ့သည်။
သင်လည်း ထိုကဲ့သို့အကျပ်အတည်းတွေ့ပြီး အကူအညီတောင်းခံဘူးပါ သလား။…
အသစ်သောအရာ
ရေချိုမရှိသည့်ဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်ရန် မလွယ်ပေ။ ထိုပြဿနာကို ဖြေရှင်းရန် “Seawater Greenhouse(ပင်လယ်ရေ အစိမ်းရောင်အိမ်)” ကုမ္ပဏီက အာဖရိကရှိ ဆိုမာလီ နိုင်ငံနှင့် အခြားရာသီဥတုတူညီသောနိုင်ငံများတွင် “အအေးခံအိမ်များ”ကို တီထွင်တည်ဆောက်ခဲ့သည်။ ထိုအိမ်များတွင် အတွန့်အခေါက်များပါသည့်ဘုတ်ပြားဖြင့် ပြုလုပ်ထားသောနံရံပေါ်သို့ နေရောင်ခြည်သုံး ရေပန့်များဖြင့် ဆားငန်ရေကို ပက်ဖြန်းသည်။ ရေများစီးကျလာစဉ် နံရံမှဆားများကို စုတ်ယူလိုက်ပြီး ကျန်ရှိသည့် ရေသန့်မှာ အငွေ့ပျံပြီး အဆောက်အအုံအတွင်းပိုင်းကို စိုထိုင်းစေသဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို လန်းဆန်းသီးပွင့်စေသည်။
ဘုရားသခင်က ပရောဖက်ဟေရှာယမှတစ်ဆင့် ရှေးဣသရေလ လူမျိုးများ အတွက် “အမှုသစ်ကို ငါပြုမည်”ဟု ကတိပေးခဲ့ပြီး၊ “လွင်ပြင်၌ စီးသောရေ”ကို ပေးခဲ့သည်(ဟေရှာ ၄၃:၁၉)။ ထိုအမှုသစ်သည် လူမျိုးတော်ကို အဲဂုတ္တုစစ်တပ်ရန်မှ ကယ်တင်ခြင်းအမှုဟောင်းနှင့် ခြားနားသည်။ ပင်လယ်နီကိုဖြတ်ခဲ့သည့်အကြောင်းကို မှတ်မိပါသလား။ လူမျိုးတော်တို့အား အတိတ်မှအမှုကို မှတ်မိစေ လိုသော်လည်း လက်ရှိ သူတို့၏ဘဝတွင် ဘုရားရှင် ပြုပေးသည့်အမှုအရာအပေါ်…
ဝမ်းမြောက်ဖွယ်အခမ်းအနား
ကျွန်မ၏သူငယ်ချင်း ရှရွန်သည် သူငယ်ချင်း ဒေ့ဗ် ၏ဆယ်ကျော်သက်အရွယ် သမီးလေး မယ်လစ်စာ မကွယ်လွန်မီ တစ်နှစ်စောပြီး သေဆုံးသွားခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ယာဉ်မတော်တစ်ဆမှုကြောင့် ဝမ်းနည်းဖွယ်ရာ သေဆုံးသွားကြသည်။ တစ်ညတွင် ရှရွန် နှင့် မယ်လစ်စာတို့ ကျွန်မ၏အိပ်မက်ထဲသို့ ဝင်ရောက်လာသည်။ သူတို့နှစ်ဦးသည် အလွန်ခမ်းနားသောဧည့်ခံပွဲခန်းမ၌ ရောင်စုံစက္ကူများလိုက်လံချိတ်ဆွဲကာ ရယ်မောလျက် စကားပြောနေကြသည်။ ကျွန်မခန်းမထဲဝင်လာစဥ် သူတို့သတိမထားမိကြပါ။ အဖြူရောင်စားပွဲခင်းများ ခင်းထားသည့် စားပွဲရှည်ကြီးပေါ်တွင် ရွှေဖြင့် ပြုလုပ်ထားသော ပန်းကန် ခွက်ယောက်များကို ပြင်ဆင်ထားသည်။ ကျွန်မက အခမ်းအနားပြင်ဆင်မှုတွင် ကူညီရမည်လားဟု မေးသော်လည်း သူတို့ ကြားပုံမရ။ နောက်မှ ရှရွန်က “ဒီပွဲက မယ်လစ်စာရဲ့မင်္ဂလာဧည့်ခံပွဲလေ” ဟု ပြောသည်။
“ဒါဆို သတို့သားကဘယ်သူလဲ” ဟုကျွန်မကမေးလိုက်ရာ၊ မည်သူကမျှ ပြန်လည်ဖြေကြားခြင်းမရှိဘဲ တစ်ဦးကိုတစ်ဦးကြည့်ပြီး ပြုံးလျက်သာနေကြသည်။ နောက်ဆုံးတော့ ကျွန်မသိလိုက်ပြီ။ “သခင်ယေရှု၊ ယေရှုက သတို့သားပဲ” ဟု…
စည်းချက်ညီညီမြည်နေသောနာရီ
အလုပ်သမားအဖွဲ့တစ်ဖွဲ့သည် ရေခဲနေသောကန်မှ ရေခဲများကိုခုတ်ဖြတ်၍ ရေခဲသိုလှောင်ခန်းထဲသို့ ထည့်သွင်းနေစဉ် သူတို့အထဲမှတစ်ဦးက ပြူတင်းပေါက်မရှိသည့်သို့လှောင်ရုံထဲတွင် သူ၏လက်ပတ်နာရီပျောက်သွားသည်ကို သိလိုက်သည်။ သူတို့ဝိုင်း၍ရှာဖွေကြသော်လည်း ရှာမတွေ့ကြဘဲ အချည်းနှီးသာဖြစ်သည်။
သူတို့သည် ရှာဖွေမှုကိုလက်လျော့လိုက်ပြီး အပြင်သို့ပြန်ထွက်သွားချိန်တွင် လူငယ်တစ်ဦးသည် သိုလှောင်ရုံထဲသို့ဝင်သွားသည်။ မကြာမီ သူသည် နာရီကိုင်ပြီး ပြန်ထွက်လာသည်။ မည်သို့ရှာတွေ့သနည်းဟုသူ့အား မေးမြန်းရာ “ကျွန်တော် ငြိမ်ငြိမ်လေးသွားထိုင်နေလိုက်တာပါ။ ခဏအကြာမှာ နာရီစည်းချက်သံ တစ်တောက်တစ်တောက်ကို ကြားလိုက်ရပါတယ်” ဟု သူပြန်ဖြေခဲ့သည်။
သမ္မာကျမ်းစာ၌လည်း ငြိမ်သက်စွာနေခြင်း၏တန်ဖိုးကိုအကြိမ်ပေါင်းများစွာဖော်ပြထားသည်။ ဖြည်းညင်းသောအသံနှင့် ဘုရားသခင်မိန့်မြွက်ခြင်းသည်လည်း အံ့သြစရာမဟုတ်ပါ (၃ ရာ ၁၉:၁၂)။ များမြှောင်လှသော အလုပ်များနှင့် ပြည့်နှက်နေသည့် လောကလူ့ဘဝထဲတွင် ကိုယ်တော်၏အသံကိုကြားရန် ခက်ခဲနိုင်သည်။ သို့သော် ပျားပန်းခတ်အလုပ်များကို ရပ်ပြီး၊ ဘုရားသခင်နှင့်၊ သမ္မာကျမ်းစာနှင့် ကျွန်ုပ်တို့ငြိမ်သက်စွာ အချိန်ယူမည်ဆိုပါက ကျွန်ုပ်တို့၏အတွေး၌ ကိုယ်တော်၏ ဖြည်းညင်းသောအသံကို ခံစားကြားရမည် ဖြစ်သည်။
ဆာလံ ၃၇:၁-၇ တွင်…
မျှော်လင့်လျက်စောင့်စားစဉ်
ဟာချီ ခွေးဇာတ်လမ်း ရုပ်ရှင်တွင် ကောလိပ်ကျောင်းမှပါမောက္ခ ဆရာကြီးတစ်ဦးသည် ဟာချီအမည်ရှိ စွန့်ပစ်ခံရသည့်ခွေးလေးတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ခွေးလေးသည် နေ့စဉ်ဘူတာရုံ၌ အလုပ်မှပြန်လာသည့်ဆရာကြီးကို စောင့်ကြိုခြင်းဖြင့် ၎င်း၏သစ္စာရှိမှုကို ပြခဲ့သည်။ တစ်နေ့တွင် ဆရာကြီးသည် လေဖြတ်ပြီးကွယ်လွန်သွားသဖြင့် ပြန်ရောက်မလာနိုင်တော့ပါ။ ဟာချီသည် သူချစ်သောသခင်အား နေ့စဉ် နောက် ၁၀ နှစ်တိုင် ဘူတာရုံ၌ စောင့်နေခဲ့သည်။
ရှင်လုကာကလည်း သူ့သခင်ကို စောင့်စားသည့် ရှုမောင်အမည်ရှိ လူတစ်ဦးအကြောင်းကိုလည်း ရေးသားခဲ့သည်(လု ၂:၂၅)။ သူသည် မေရှိယကို မမြင်မီ မသေရဟု(:၂၆) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကိုရခဲ့သည်။ သို့နှင့် လူအမျိုးမျိုးတို့အတွက် ကယ်တင်ခြင်းကို ပြင်ဆင်ပေးသနားမည့်သူကို (:၃၀) ရှုမောင်စောင့်စားခဲ့သည်။ သူငယ်တော်ယေရှုနှင့်အတူ မာရိနှင့်ယောသပ်တို့ ဗိမာန်တော်သို့ ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်က ထိုသူပင်ဖြစ်သည်ဟု ရှုမောင်အား ဖော်ပြခဲ့သည်။ စောင့်စားရသောအချိန် ပြီးဆုံးပြီ။ ရှုမောင်သည် လူသားတိုင်းအတွက် မျှော်လင့်ခြင်း၊ ကယ်တင်ခြင်း၊ နှစ်သိမ့်သက်သာခြင်း…
အထက်သို့ မျှော်ကြည့်ခြင်း
မျက်စိစွေသောကင်းမွန်ငါးသည် နေရောင်ခြည်မထိုးဖောက်နိုင်သည့် သမုဒ္ဒရာရေနက်ပိုင်းမှောင်သောအပိုင်းတွင် နေထိုင်သည်။ ကင်းမွန်ငါး၏ အမည်ပြောင်သည် သိသိသာသာ ကွဲပြားခြားနားသည့် ၎င်း၏မျက်လုံးများကို ရည်ညွှန်းသည်။ ၎င်း၏ဘယ်ဘက်မျက်လုံးသည် တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီးနောက် ညာဘက် မျက်လုံးထက် နှစ်ဆနီးပါးမျှ ကြီးလာသည်။ သိပ္ပံပညာရှင်များက ခရုမျိုးစိတ်များကို လေ့လာပြီး ကင်းမွန်ငါးသည် ပို၍မှောင်မဲသည့် ရေနက်ပိုင်းကို ငုံ့ကြည့်ရန် ညာဘက်မျက်လုံးအသေးအား အသုံးပြုပြီး ပိုကြီးသော ဘယ်ဘက်မျက်လုံးဖြင့် နေရောင်ခြည်ရှိရာ အထက်သို့ မျှော်ကြည့်ကြသည်ဟု ကောက်ချက်ချခဲ့သည်။
လက်ရှိ ကမ္ဘာလောကထဲ သက်ရှင်နေထိုင်ခြင်းနှင့် “ခရစ်တော်နှင့်အတူ ထမြောက်ကြ”သူများအနေဖြင့်(ကောလောသဲ ၃:၁) ကျွန်ုပ်တို့စောင့်စား နေသော သေချာသည့် အနာဂတ်၌ အသက်ရှင်ခြင်းသဘောကို ကင်းမွန်ငါးက သရုပ်ဖော်ထားသည်။ ကောလောသဲမြို့သားများထံရေးသောစာ၌ ရှင်ပေါလုက ကျွန်ုပ်တို့၏ အသက်သည် “ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိခြင်းကြောင့်”၊ “အထက်အရာတို့ကိုသာ စိတ်စွဲလမ်း”ရန် (:၂-၃) အခိုင်အမာ ပြောကြားသည်။
ကောင်းကင်နိုင်ငံသားဘဝကို စောင့်ဆိုင်းနေသည့်…
အလင်းကို ယုံကြည်ကြလော့
မိုးလေဝသခန့်မှန်းချက်မှ ဆိုင်ကလုန်းဗုံးဟု ကြေညာခဲ့သည်။ ဆောင်းမုန်တိုင်းတစ်ဟုန်ထိုးအရှိန်မြင့်လာပြီး လေဖိအားကျဆင်းသွားသည့်အခါ ထိုသို့ဖြစ်တတ်သည်။ ညရောက်လာချိန်တွင် နှင်းမုန်တိုင်းကြောင့် ဒန်ဗာလေယာဉ်ကွင်းသို့ သွားသောအဝေးပြေးလမ်းမကို မမြင်ရတော့သလောက် ဖြစ်သွားသည်။ မြင်ကို မမြင်ရတော့ပါ။ သို့သော် သမီးက လေယာဉ်စီးပြီး အိမ်အလည်ပြန်လာချိန် ဖြစ်သောအခါ လုပ်စရာရှိသည်ကို လုပ်ရမည်ပင်။ အင်္ကျီအပိုနှင့်ရေတို့ကို ထုတ်ပိုးမည် (အဝေးပြေးလမ်းပေါ် ပိတ်မိခဲ့သော်ပေါ့)။ ကားကို ဖြေးဖြေးမောင်းကာ အဆက်မပြတ်ဆုတောင်းနေမည်၊ နောက်ဆုံးအနေနှင့် ကားရှေ့မီးကိုလည်း စိတ်ချထားရမည်။ တစ်ခါတစ်ရံ၌ မဖြစ်နိုင်တော့လုနီးပါးအခြေအနေကို ရင်ဆိုင်ရနိုင်သည်။
တိုက်ခတ်လာမည့်အလားအလာရှိသည့် မုန်တိုင်းအကြောင်းကို သခင်ယေရှုကြိုတင်ပြောခဲ့သည်။ သူ၏အသေခံခြင်းနှင့် (ယော ၁၂:၃၁-၃၃)၊ သူ့ နောက်လိုက်များအား သူ့အပေါ် သစ္စာရှိရှိ အစေခံရန် စိန်ခေါ်မှုတို့ ပါဝင်သည့် မုန်တိုင်းပင် (:၂၆)။ အမှောင်ထုဖုံးလွှမ်းလာပြီး ဘာမှမမြင်ရတော့လုနီးပါးဖြစ်လာမည်။ သို့နှင့် သခင်ယေရှုက သူတို့ကို ဘာလုပ်ရန် ပြောခဲ့သနည်း။ “အလင်းကို ယုံကြည်ကြလော့” (:၃၆)ဟု သခင်မိန့်တော်မူခဲ့သည်။…
ဆုံးရှုံးသွားသည့်အရာကို ပြန်ရခြင်း
ဖုန်းအရောင်းဆိုင်၌ ငယ်ရွယ်သောသင်းအုပ်ဆရာတစ်ပါးသည် သတင်းဆိုးအတွက် သူ့ကိုယ်သူအားတင်းထားသည်။ ကျမ်းစာသင်တန်း၌ သူ၏ စမတ်ဖုန်း မတော်တဆပြုတ်ကျသွားခြင်းက လုံးဝဆုံးရှုံးသွားခြင်း မဟုတ်ပါလား။ အမှန်တွင် ထိုသို့မဟုတ်ခဲ့ပါ။ အရောင်းစာရေးမလေးက ကျမ်းစာသင်တန်း ဗီဒီယိုများ၊ ဓာတ်ပုံများအပါအဝင် သူ၏ဖုန်းမှအချက်အလက်အားလုံးကို ပြန်ရယူနိုင်ခဲ့သည်။ “ကျွန်တော်ဖျက်ထားတဲ့ပုံတွေကိုလည်း သူပြန်ယူပေးခဲ့တယ်။ ဖုန်းဆိုင်က “ပျက်သွားတဲ့ ကျွန်တော့်ဖုန်းအစား အသစ်တစ်လုံးနဲ့ အစားထိုးပေးသေးတယ်။ ဆုံးရှုံးသွားတာတွေမက အပိုတောင်ထပ်ရသေးတယ်” ဟု ဆရာက ပြောပြသည်။”
ရက်စက်လှသည့် အာမလက်လူများ၏တိုက်ခိုက်မှု ခံရပြီးနောက် ဒါဝိဒ်သည် ပြန်လည်အနိုင်ယူရန် စစ်ဆင်ရေးကို တစ်ဖန်ဦးဆောင်ခဲ့သည်။ ဖိလိတ္တိဘုရင်များ၏ပစ်ပယ်မှုကိုခံရပြီးနောက် သူတို့၏ဇိကလက်မြို့ကို အာမလက်လူများက အငိုက်ဖမ်း ဝင်တိုက်ပြီးမီးရှို့ကာ သူတို့၏ဇနီးနှင့်သားသမီးများအပါအဝင် “မိန်းမ အကြီးအငယ်… ရှိသမျှတို့ကို သိမ်းသွားနှင့်”ကြကြောင်း ဒါဝိဒ်နှင့်သူ့စစ်တပ်တို့ တွေ့လိုက်ရသည်(၁ ရာ ၃၀:၂-၃)။ သို့ဖြစ်၍ ဒါဝိဒ်နှင့်သူ့လူများသည် “ငိုသံကိုလွှင့်၍ အားကုန်သည်တိုင်အောင် ငိုကြွေးကြ၏” (:၄)။ စစ်သားများ သည် သူတို့၏ခေါင်းဆောင်ဒါဝိဒ်ကို…