ဘောင်အပြင်ဘက်မှ ကျေးဇူးတော်
ဘော့၏ကုမ္ပဏီအတွက် အကြံဉာဏ်ပေးသည့် ဉပဒေအဖွဲ့အစည်းတစ်ခုတွင် တွမ်အလုပ် လုပ်သည်။ သူတို့နှစ်ဉီးမိတ်ဆွေဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် တွမ်က ကုမ္ပဏီ၏ဒေါ်လာငွေ များစွာကို အလွဲသုံးစားလုပ်ခဲ့သည်။ အဖြစ်မှန်ကို ဘော့ သိရှိချိန်တွင် စိတ်မကောင်းဖြစ်လျက် ဒေါသဖြစ်ရသည်။ သို့နှင့် ခရစ်တော်၌ ယုံကြည်သူ သူ့ကုမ္ပဏီ၏ဒုဉက္ကဌထံမှ အမြော်အမြင် နှင့် ပြည့်စုံသည့်အကြံဉာဏ်ကို ရရှိခဲ့သည်။ ဒုဉက္ကဌက နောင်တနှင့်ရှက်ရွံ့မှုကို တွမ် နက်နက်နဲနဲ ခံစားနေရသည်ကို သတိပြုမိပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းကာ သူ့ကို ငှားရမ်းရန် ဘော့ကို အကြံပေး ခဲ့သည်။ “နဂိုအတိုင်းဘဝပြန်စနိုင်အောင် သူ့ကို လစာ အသင့်အတင့်ပေးပြီးငှား လိုက်၊ ပိုပြီးကျေးဇူးသိတဲ့သူ၊ သစ္စာတည်တဲ့ဝန်ထမ်းတစ်ယောက်ကို မင်းရလိမ့် မယ်” ဟု ဆိုသည်။ ထိုအကြံကို ဘော့နာခံခဲ့ပြီး တွမ်လည်း သူပြောသည့်အတိုင်း ဖြစ်လာခဲ့သည်။
ရှောလုမင်း၏မြေး မေဖိဗောရှက်သည် မည်သည့်အမှားမျှ မပြုခဲ့ပါ။ သို့သော် ဒါဝိဒ် ဘုရင်ဖြစ်လာချိန်တွင်…
ဝမ်းနည်းကြေကွဲချိန်၌ ဘုရားသခင်ကို ကိုးစားခြင်း
ပါပါဂျွန် သည် သူ၌ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီဟု သိရချိန်တွင် သူနှင့် သူ့ဇနီး ကယ်ရယ်တို့သည် ၎င်းတို့၏ရောဂါဝေဒနာခရီးကို အွန်လိုင်း၌မျှဝေရန် ဘုရားသခင် စေခိုင်းသည်ဟု ခံစားရသည်။ သူတို့၏အားနည်းခြင်း၌ ဘုရားသခင် စောင်မမည်ဟု ယုံကြည်လျက် သူတို့၏ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းများကို အွန်လိုင်းတွင် ၂ နှစ်နီးပါး မျှဝေခဲ့သည်။
“ကျွန်မအမျိုးသားသည် ဆန့်တန်းကြိုနေသော သခင်ယေရှု၏လက်တော်သို့ ရောက်ရှိသွားပြီ” ဟု ကယ်ရယ်ရေးသားသောအခါ ရာနှင့်ချီသောလူများစွာက ကယ်ရယ်တို့၏ပွင့်လင်းမှုအတွက် ကျေးဇူးတင်ကြောင်း တုံ့ပြန်ကြသည်။ လူတစ်ဉီး က “သေခြင်းတရားကို ခရစ်ယာန်ရှုထောင့်မှ မြင်ရကြားရတာကောင်းပါတယ်။ တစ်နေ့ကျရင် တို့တွေအားလုံး သေရမှာပဲလေ”ဟု မှတ်ချက်ပေးခဲ့သည်။ အခြား အမျိုးသမီးတစ်ဉီးကလည်း “လူချင်းမတွေ့ဖူးပေမဲ့၊ ဘုရားသခင်ကိုကိုးစားခြင်း သက်သေအားဖြင့် ဘယ်လောက်တောင်မှ အားပေးမစမှုတွေရခဲ့သလဲဆိုတာ ပြောမပြတတ်တော့ပါဘူး” ဟု ဆိုပြန်သည်။
ရံဖန်ရံခါ ပါပါဂျွန်သည် မချိမဆန့် နာကျင်ခံစားရလည်း သူတို့သည် ဘုရားသခင် ၎င်းတို့ကို…
ဘုရားသခင်၏ကမ္ဘာကို ပြုစုပျိုးထောင်ခြင်း
“အဖေ၊ အဖေက ဘာလို့အလုပ်သွားရတာလဲ” ကျွန်ုပ်နှင့်အတူ ကစားလိုခြင်းကြောင့် သမီးငယ်ထံမှ ထိုမေးခွန်းထွက်လာသည်။ အလုပ်လစ်ပြီး သမီးနှင့် ကစားချင်ပါ သည်။ သို့သော် လုပ်ရမည့်အလုပ်များက တစ်သီတစ်တန်းကြီး ရှိနေပါသည်။ သို့သော် ထိုမေးခွန်းက မေးခွန်းကောင်းဖြစ်သည်။ ကျွန်ုပ်တို့ဘာကြောင့် အလုပ်လုပ်ရ သနည်း။ မိမိအတွက်နှင့်ချစ်ရသူများကို ထောက်ပံ့ဖြည့်ဆည်းပေးရန်ပင် မဟုတ်ပါ လား။ အဖိုးအခ/လုပ်ခမရသည့်အလုပ်များကိုရော အဘယ်ကြောင့် လုပ်ကြသနည်း။
ဘုရားသခင်သည် သူဖန်ဆင်းသည့် ပထမဆုံးသောလူသားအား “ဧဒင် ဉယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ” ထားတော်မူကြောင်း(:၁၅) ဖော်ပြထား ပါသည်။ ကျွန်ုပ်၏ ယောက္ခမသည် လယ်သမားတစ်ဉီးဖြစ်ပြီး သူသည် မြေယာနှင့် ကြက်ငှက်များကို ချစ်သည့်စိတ်ဖြင့် စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ခဲ့ကြောင်း မကြာမကြာပြောလေ့ရှိသည်။ လှပနှစ်သက်ဖွယ်သောစိတ်ထားဖြစ်ပါသည်။ သို့သော် ထိုသို့လယ်ယာကို ချစ်မြတ်နိုးစိတ် မရှိသူများဆိုလျှင် မည်သို့ ဖြစ်အံ့နည်း။ တွေးစရာမေးခွန်းဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သတ်သတ်မှတ်မှတ် နေရာတစ်နေရာတွင် တာဝန်တိတိကျကျပေးခြင်းက…
သစ္စာဖောက်ခံရသည်
၂၀၁၉ ခုနှစ်တွင် လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်သည့် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ် အနုပညာပြပွဲကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပကြသည်။ များစွာသော သူရေးဆွဲသည့် ပုံများနှင့် သိပ္ပံနည်းကျရှာဖွေတွေ့ရှိမှုများကို မှန်လုံခန်း၌ ခင်းကျင်းပြသထား သော်လည်း ဗင်ချီရေးဆွဲသည့် “နောက်ဆုံးညစာ” ပန်းချီကား အပါအ၀င် သူ့လက်ရာ ပန်းချီကား ၅ ချပ်သာ စကြဝဠာတစ်ခုလုံး၌ အသိအမှတ်ပြုခံရသည်။
"နောက်ဆုံးညစာ" ပန်းချီကားမှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှ သခင်ယေရှု နှင့် တပည့်တော်တို့၏နောက်ဆုံးညစာကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ “သင်တို့ တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်”(ယော ၁၃:၂၁) ဟူသည့် သခင်၏စကားကို တပည့်တော်တို့ နားမလည်ဘဲ ရှုပ်ထွေးခံစားနေရမှုကို အမိအရ ဖော်ကျူးထားသည်။ သစ္စာဖောက်မည်သူဖြစ်သနည်းဟု ဇဝေဇဝါနှင့် တပည့်တော် တို့ မေးမြန်းကြစဉ် ယုဒသည် အမှောင်သို့အသာထွက်သွားပြီး သူ့ဆရာသခင်နှင့် မိတ်ဆွေတို့ရှိနေမည့်နေရာကို အခွင့်အာဏာရှိသူတို့ထံ သတင်းပေးခဲ့သည်။
သစ္စာဖောက်ခံရပါသည်။…
လေးလံနှေးကွေးလည်း ခရီးဆက်ဆဲ
ထာဝရဘုရားသည် လူတို့မျက်စိလျှမ်းသွားသူများကို အသံုးပြုလိုသည်။ ဝီလီယမ် ကယ်ရီ သည် ၁၇၀၀ ပြည့်နှစ်အစောပိုင်းက သေးငယ်သော ရွာလေးတစ်ရွာတွင် မွေးဖွားကြီးပြင်းလာခဲ့ပြီး ပညာလည်း အနည်းငယ်သာတတ်သည်။ သူရွေးချယ်ခဲ့ သည့် ကုန်သည်အလုပ်ကလည်း မအောင်မြင်သလောက်ဖြစ်ပြီး ဆင်းရဲစွာ နေထိုင် ခဲ့ရသည်။ သို့သော် ဘုရားသခင်သည် သတင်းကောင်းဝေငှလိုသည့်စိတ်ဇောကို သူ့အားပေးခဲ့ပြီး သာသနာပြုတစ်ဉီးဖြစ်စေခဲ့သည်။ ကယ်ရီသည် ဂရိဘာသာ၊ ဟေဗြဲဘာသာနှင့် လက်တင်ဘာသာ စကားများ လေ့လာခဲ့ပြီး ဘင်္ဂါလီ ဘာသာသို့ ဓမ္မသစ်ကျမ်းကို ပထမဉီးဆံုး ဘာသာပြန်ဆိုခဲ့သည်။ ယနေ့ခေတ်တွင် သူသည် မျက်မှောက်ခေတ်သာသနာဖခင်ကြီးဟု သတ်မှတ်ခြင်းခံရသည်။ သူ့တူထံ ရေးသောစာတွင် "နှေးပေမဲ့ ငါဆက်လုပ်နိုင်တယ်။ အခက်အခဲရှိလည်း ငါဇွဲနဲ့ ဆက်လုပ်နိုင်တယ်" ဟု သူ၏စွမ်းရည်အပေါ်စိတ်နှိမ့်ချမှုသဘောကိုတွေ့ရသည်။
ထာဝရဘုရားသခင်သည် အလုပ်တာဝန်တစ်ခုပေးအပ်ပါက မိမိ၌မည်သည့် အားနည်းချို့ယွင်းချက်ရှိနေပါစေ စွမ်းဆောင်နိုင်သည့်ထက်သာလွန်သော ခွန်အား အစွမ်းကိုပါပေးသည်။ တရားသူကြီးမှတ်စာ ၆:၁၂ တွင် “ထာဝရဘုရား၏…
ခရစ်တော်၏ဒဏ်ချက်တော်
ဂရက်ဒီနှင့် စကားပြောပြီးသွားသောအခါ ဂရက်ဒီသည် အဘယ်ကြောင့် လက်ဆွဲ နှုတ်ဆက်ခြင်းထက် လက်သီးတိုက်ကာနှုတ်ဆက်ရခြင်းကို ပိုကြိုက်သနည်းဟု ကျွန်ုပ် တွေးမိသည်။ လက်ဆွဲနှုတ်ဆက်ခြင်းသည် ဂရက်ဒီ သူ့ကိုယ်သူထိခိုက်အောင် လုပ်ခဲ့စဉ်က ကျန်ခဲ့သောလက်ကောက်ဝတ်မှအမာရွတ်ပေါ်သွားမည်ကိုစိုးသောကြောင့်ဟု ယူဆမိသည်။ (သူတစ်ပါးကြောင့်ရသည်ဖြစ်စေ၊ မိမိကြောင့်ရသည် ဖြစ်စေ) အပြင်ပိုင်းဒဏ်ရာသာမက စိတ်ဒဏ်ရာအပါအဝင် ဒဏ်ရာအနာတရများကို အများမမြင်အောင် ကျွန်ုပ်တို့ဖံုးကွယ်တတ်ကြသည်။
ဂရက်ဒီနှင့်ကျွန်တော် စကားပြောအပြီးတွင် ခြေနှင့်လက်ဖဝါးပေါ်တွင် သံမှိုရိုက်ခံရသောဒဏ်ချက်၊ နံဘေးတွင် လှံထိုးခံရသောဒဏ်ချက်စသည့် ခရစ်တော်၏ဒဏ်ချက်တော် အကြောင်းကို ကျွန်တော်တွေးမိသည်။ ခရစ်တော် သည် သူ့အမာရွတ်များကို ဖံုးကွယ် မည့်အစား တပည့်တော်များအား ပြသခဲ့သည်။
ခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်လာသည်ကို သောမ ယံုမှားသံသယ ဖြစ်သောအခါ ခရစ်တော်က “သင်၏လက်ညိုးကိုဆန့်၍ ငါ့ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယံုမှားခြင်းမရှိနှင့်။ ယံုလော့” (ယော ၂၀: ၂၇) ဟု ပြောခဲ့သည်။…
ပင်လယ်ထဲမှ မျှော်လင့်ချက်မီး
“ခုတင်ထက်မှာ သက်တမ်းရင့် အရက်တစ်ပုလင်းနဲ့၊ စိတ်ဓာတ်ကျမျှော်လင့်ချက်မဲ့ မှုတွေနဲ့ လဲလျောင်းနေတယ်။ ဒီစကြဝဠာထဲမှာတော့ တစ်ယောက်တည်း အထီးကျန် လို့၊ ထာဝရကာလမှာတော့ အလင်းမြူမှုန်တစ်မှုန်တောင်မရှိတဲ့ဘဝ” ဟု ဂျာနယ်လစ် သတင်းထောက် မဲလ်ကမ်း မတ်ဂရစ်(ချ်)သည် ဒုတိယကမ္ဘာစစ်အတွင်း သူလျှိုအဖြစ် သူလုပ်ကိုင်စဥ် ရေးသားခဲ့သည့်စာဖြစ်သည်။
ထိုသို့သောအခြေအနေတွင် သူမှန်သည်ဟု သူထင်သည့်အရာကို သူလုပ်ခဲ့ သည်။ သူ့ကိုယ်သူ ရေနှစ်သတ်သေရန်ဖြစ်သည်။ မက်ဒါဂတ်စကာကမ်းခြေသို့ ကားမောင်းလာပြီးပင်လယ်ထဲသို့ မမောမချင်းကူးခတ်ခဲ့သည်။ ထိုနောက် နောက်ပြန် လှည့်ကြည့်မိရာ ခပ်လှမ်းလှမ်းမှ မီးရောင်တစ်ခုကို မြင်သည်။ ထိုအခါ ဘာကြောင့်မှန်း မသိ ထိုအလင်းရောင်ရှိရာနေရာသို့ ပြန်လည်ကူးခတ်လာခဲ့သည်။ မောပန်းနေရမည့်အစား စိတ်နှလုံး၌ “အံ့မခန်းဝမ်းမြောက်မှုခံစားရသည်” ဟု သူပြန်ပြောင်းပြောသည်။
မည်သို့မည်ပုံဖြစ်သွားသည်ကို မတ်ဂရစ်(ချ်) တစ်ယောက် မသိပါ။ သို့သော် ဘုရားသခင်သည် သူ့ကို ထိုအမှောင်မိုက်မှဆွဲခေါ်ကာ မျှော်လင့်ခြင်းကို ပေးခြင်းက သဘာဝလွန်သာဖြစ်ကြောင်း မတ်ဂရစ်(ချ်) သိသည်။…
ကြီးမားကျယ်ပြန့်လှသော ကျေးဇူးတော်
အဲလက်စာ အမည်ရှိ အသံထိန်းချုပ်နိုင်သောစနစ်ရှိသည့် စက်ပစ္စည်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော စွမ်းဆောင်ရည်ရှိသည်။ ၎င်းသည် ကျွန်တော်တို့ ပြောခဲ့သမျှအရာအားလုံးကို ဖျက်ပစ်နိုင်သောအစွမ်းရှိသည်။ အဲလက်စာအား စေခိုင်းသမျှအရာအားလုံး၊ သင်မေးမြန်းသည့် သတင်းအချက်အလက်အားလုံး တို့ကို တစ်ခါမှမပြောဖူးခဲ့သလို၊ တစ်ခါမှ မဖြစ်ဖူးခဲ့သလို “ဒီနေ့ပြောခဲ့သမျှအရာ အားလုံးကို ဖျက်လိုက်ပါ” ဟု ရိုးရှင်းသောစကား တစ်ခွန်းနှင့်ပင် ချေဖျက်ပစ်လိုက် နိုင်သည်။ ကျွန်ုပ်တို့ဘဝတွင် ထိုကဲ့သို့အစွမ်းမရှိသည်မှာ နှမြောစရာကောင်းလှသည်။ ပြောမှားဆိုမှားစကားလုံးများ၊ အပြုအမူအမှားများ၊ မေ့ပျောက်ဖျက်ပစ်ချင်သောအချိန်များအားလုံးကို အမိန့်လေးတစ်ချက်ပေးရုံဖြင့် ရှုပ်ယှက်ခတ်နေသော အရာအားလုံး ယူပစ်သလို ပျောက်သွားနိုင်သည်။
သို့သော် သတင်းကောင်းတစ်ခုရှိပါသေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အသစ်သော၊ သန့်ရှင်းသောအစပြုမှုကို ပေးထားသည်။ ကျွန်ုပ်တို့၏အမှား၊ မှားယွင်းသော အပြုအမူများအားလံုးကိုချေဖျက်ပစ်ယုံမက ကျွန်ုပ်တို့အား ပြုပြင် ပြောင်းလဲ၍ အသစ်ဖြစ်စေသည့် ရွေးနုတ်ကယ်တင်ခြင်းအမှုကိုလည်း ပြုတော်မူ သည်။ ဟေရှာယ ၄၄:၂၂ တွင်“ငါ့ထံသို့ပြန်လာသောသင့်ကို ငါရွေးနုတ်ပြီ”ဟု ဘုရားရှင်မိန့်မြွက်သည်။ ဣသရေလလူတို့သည်…
တော်ဝင်အရိုက်အရာ
ေတော်ဝင်မိသားစုတွင် ထီးနန်းအရိုက်အရာဆက်ခံမည့်သူအကြောင်းကိုသာ ကြားရ လေ့ရှိပြီး ကျန်သောတော်ဝင်မျိုးနွယ်များမှာ မေ့လျော့ခံရသည်။ ဗြိတိသျှတော်ဝင် မိသားစုတွင် ထီးနန်းအရိုက်အရာဆက်ခံရန် စာရင်းတွင် လူ ၆၀ ခန့်ပါဝင်သည်။ ယင်းတွင် လော့ဒ် ဖရက်ဒရစ်ဝင်ဆန် လည်း အပါအဝင်ဖြစ်သည်။ သူသည် ထီးနန်းဆက်ခံရန် နံပါတ် ၄၉ တွင် ရှိနေသော တော်ဝင်မျိုးနွယ်ဝင်တစ်ဉီးဖြစ်သည်။ သို့သော် သူသည် ထင်ပေါ်ကျော်ကြားမှုတွင် ရှင်သန်နေမည့်အစား သူ့ဘဝကို သူ တိတ်တဆိတ် ရှင်သန်သည်။ ဘဏ္ဍာရေးစိစစ်သူအဖြစ်လုပ်ကိုင်နေသော်ငြားလည်း တော်ဝင်မိသားစုအား ကိုယ်စားပြုခြင်းအတွက် အဖိုးအခရရှိသည့် အရေးပါသူ မိသားစုဝင် - အလုပ်လုပ်သော တော်ဝင်မျိုးနွယ်ဟု သတ်မှတ်ခြင်း မခံရပါ။
ဒါဝိဒ်၏သား နာသန် (၂ရာ ၅:၁၄)သည် ထင်ပေါ်ကျော်ကြားမှုပြင်ပတွင် နေထိုင် ရှင်သန်ခဲ့သူဖြစ်သည်။ သူ့အကြောင်းကို အနည်းအကျဉ်းသာ သိရသည်။ ရှင်မဿဲ၏ဖော်ပြချက်အရ ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းတွင် ဒါဝိဒ်၏သား ရှောလမုန်မှ ယောသပ်ဆင်းသက်လာသည် (မ…
မည်သို့စောင့်ဆိုင်းမည်နည်း
ဘုရားကျောင်းကို စိတ်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည့် ၁၇နှစ်သား ထြာဗို သည် ၁နှစ်ကြာမျှ အဖြေရှာခဲ့သည်။ သို့သော် သူ့မေးခွန်းအတွက် သူမျှော်လင့် တောင့်တသောအဖြေကို မည်သည့်အရာကမှ မပေးနိုင်ခဲ့ပါ။
ထိုသို့အဖြေရှာသည့်ကာလက သူ့အား သူမိဘများနှင့်ပိုပြီး ရင်းနှီးစေခဲ့သည်။ သို့တိုင် ခရစ်ယာန်တရားတော်နှင့်ပတ်သက်ပြီး ပြဿနာများရှိနေသေးသည်။ တစ်ကြိမ်တွင် မိဘများနှင့် ဆွေးနွေးရင်း ခါးသီးစွာဖြင့် "ကျမ်းစာထဲက ကတိတော်တွေ က အလကားပဲ။ ကျမ်းစာက ဒီကတိတော်တွေနဲ့ပဲ ပြည့်နေတာ"ဟု ပြောပါသည်။
အခြားလူတစ်ဦးသည်လည်း သူကြုံရသည့် စိတ်အနှောင့်အယှက်နှင့် အခက် အခဲများက သူ၏သံသယကို မီးထိုးပေးသည်။ သို့သော် သူ့ကိုသတ်မည့် ရန်သူများ လက်မှ ထွက်ပြေးနေရချိန်တွင် သူ့တုံ့ပြန်မှုက ဘုရားရှင်ကိုကျောခိုင်း ထွက်ပြေးရန် မဟုတ်ဘဲ ကိုယ်တော်အားချီးမွမ်းရန်ဖြစ်သည်။ “စစ်ချီ၍လာကြသော်လည်း ထိုအမှု တွင်ပင် တည်ကြည်သောစိတ်ရှိလိမ့်မည်” (ဆာလံ ၂၇:၃) ဟု ဒါဝိဒ်စပ်ဆိုခဲ့သည်။
ဒါဝိဒ်ရေးစပ်သောဆာလံတွင် သံသယများရှိနေသေးကြောင်း…