အမျိုးအစား  |  odb

ကယ်ဆယ်ရန်လိုအပ်သည်

ဆယ်ကျော်သက်လေး အယ်ဒီသည် အင်ဒိုနီးရှားနိုင်ငံမှ ၁၂၅ ကီလို (၇၈ မိုင်ခန့်) အရှည်ရှိ ဆူလာဝီကျွန်းကမ်းခြေတွင် ငါးဖမ်းလှေကိုကျောက်ချပြီး လှေ၏တဲလေး ထဲတွင် တစ်‌ယောက်တည်း အလုပ်လုပ်နေစဥ် လေပြင်းတိုက်ခတ်သဖြင့် တဲလေးပြိုပြီး ကျောက်ဆူးလွတ်သွားကာ ငါးဖမ်းလှေမှာ ပင်လယ်ထဲသို့ လေနှင့်ပါ သွားသည်။ အယ်ဒီသည် ပင်လယ်ထဲတွင် ၄၉ ရက်တိုင် မျောနေခဲ့ရသည်။ သင်္ဘော တစ်စင်းစင်းကို သူမြင်တိုင်း သူ့ကို သင်္ဘောသားများမြင်အောင် သူ၏မီးခွက်ကို ထွန်းညှိသော်လည်း စိတ်ပျက်စရာသာဖြစ်ခဲ့ရသည်။ အားလျော့နေသော အယ်ဒီအား မကယ်ဆယ်နိုင်မီတွင် သင်္ဘော ၁၀ စီးခန့် သူ့ကို ဖြတ်ကျော်သွားခဲ့သည်။

သခင်ယေရှုက “ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဉီး” (လု ၁၀:၂၅) အား ကယ်ဆယ်ရန် လိုအပ်နေသူတစ်ဉီးအကြောင်းဉပမာကို ပြောပြသည်။ ယဇ်ပုရောဟိတ်နှင့်လေဝိလူ -လူနှစ်ဦးတို့သည် ခရီးသွားစဉ် ရိုက်နှက်ခံရပြီးဒဏ်ရာနှင့်လဲနေသူတစ်ဉီးကို တွေ့ခဲ့ သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ထိုသူကို မကူညီဘဲ…

အစွန်ဘက်၌ တွေ့ရှိသည်

မော်တော်ဆိုင်ကယ်ပြပွဲတစ်ခု၏ ပရိတ်သတ်များအလယ်တွင် ရင်ခုန်စရာပြကွက်များကို ရင်တစ်မမဖြင့် ခြေဖျားထောက်လျက် ကျွန်မကြည့်မိနေသည်ကို မိမိကိုယ်ကို သတိထားမိသည်။ ဘေးဘီသို့ လှမ်းကြည့်လိုက်သည့်အခါ ကလေးသုံးယောက်လည်း ပရိတ်သတ်ရှေ့သို့ မတိုးနိုင်သဖြင့် အနီးရှိ သစ်ပင် ပေါ်သို့ တက်၍ ထိုင်ကြည့်နေသည်ကို သတိထားမိလိုက်သည်။

အပေါ်စီးမှကြည့်နေသည့်ထိုကလေးများကိုကြည့်ရင်း ရှင်လုကာ ဖော်ပြ သည့် ချမ်းသာကြွယ်ဝသော အခွန်ခံဇက္ခဲအကြောင်းကို သတိမရဘဲမနေနိုင်ပါ (လု ၁၉:၂)။ ယုဒလူမျိုးများက ရောမအစိုးရအတွက် ကိုယ့်လူမျိုးအချင်းချင်း အပေါ် အခွန်ကောက်ပေးခြင်း၊ မကြာခဏဆိုသလို မတရားသဖြင့် အပိုအခွန်ကောက်ခံပြီး သူတို့အိတ်ထဲထည့်သည့် အခွန်ခံများကို သစ္စာဖောက် အဖြစ် မြင်ကြသည်။ ထို့ကြောင့် ဇက္ခဲအား လူမှုအသိုင်းအဝိုင်းမှ ကြဉ်ထားကြသည်။

သခင်ယေရှု ယေရိခေါမြို့ကိုဖြတ်သွားစဉ် ဇက္ခဲသည် ကိုယ်တော်ကို ဖူးမြော်လိုသော်လည်း အရပ်ပုသဖြင့် လူထုကြီးကို ကျော်၍မမြင်နိုင်ခဲ့ပါ။ ထို့ကြောင့် အထီးကျန်စွာဖြင့် ကြံမိကြံရာ အနီးရှိ သဖန်းပင်ပေါ်တက်၍ ကြည့်ရခြင်း ဖြစ်ကောင်းဖြစ်မည်…

အကျိုးရှိသောသွေးဆောင်မှု

၁၅-ရာစုနှစ်မှ ဘုန်းတော်ကြီးThomas à Kempis ၏ The Imitation of Christ - “ခရစ်တော်အားအတုယူခြင်း” ဂန္ဓဝင်စာအုပ်တွင် သွေးဆောင်ဖြားယောင်းမှုနှင့် ပတ်သက်သည့်သူ၏အမြင်ကိုဖော်ပြထားရာ ၎င်းသည် မထင်မှတ်ပဲ အံ့သြစရာ ဖြစ်ကောင်းဖြစ်မည်။ သွေးဆောင်ဖြားယောင်းမှုကြောင့်ကြုံရမည့် နာကျင်မှုနှင့် အခက်အခဲများအပေါ် အာရုံစိုက်ခြင်းထက် “သွေးဆောင်ဖျားယောင်းခြင်းသည် အကျိုးရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် ကျွန်ုပ်တို့ကို နှိမ့်ချ စေသည်၊ သန့်ရှင်းစေသည်၊ သွန်သင်ပေးသည်။ အောင်မြင်ခြင်း၏သော့ချက်သည် စစ်မှန်သော နှိမ့်ချခြင်းနှင့် သည်းခံခြင်းတို့ဖြစ်ပြီး ထိုအရာများအားဖြင့် ရန်သူကို အောင်နိုင်မည် ဖြစ်သည်”ဟု Kempis ရှင်းပြသည်။

နှိမ့်ချခြင်းနှင့်သည်းခံခြင်း။ အပြစ်သွေးဆောင်မှုများကို သူ့အလိုလို နှိမ့်ချ ခြင်း၊ သည်းခံခြင်းဖြင့်တုံ့ပြန်လျှင် ခရစ်တော်နှင့်အတူလျှောက်လှမ်းသည့်ဘဝ အသက်တာက ခြားနားသွားလိမ့်မည်။ သို့သော်အများအားဖြင့် အခက်အခဲ များမှ ရုန်းထွက်နိုင်ရန် ကြိုးစားလျက် ရှက်ကြောက်မှု၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်မရှည်ခြင်းများဖြင့်သာ ကျွန်ုပ်တုံ့ပြန်မိသည်။

သို့ရာတွင်…

အဖေ့သား

ကျွန်တော့်ကလေးများသည် မှုန်ဝါးနေသောဓာတ်ပုံကို ငုံ့ကြည့်လိုက်၊ ကျွန်တော့်အားမော့ကြည့်လိုက်၊ ထို့နောက် ကျွန်တော်၏အဖေအားကြည့်လိုက်၊ ကျွန်တော်အားပြန်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ သူတို့၏မျက်လုံးများ သည် ပန်ကန်ပြားကဲ့သို့ဝိုင်းစက်ပြူးကျယ်လျက် “ဖေဖေက ဖိုးဖိုးငယ်ငယ်တုံးကပုံနဲ့ တော်တော်တူတာဘဲ။” ကျွန်တော်နှင့်ဖေဖေပြုံးမိကြသည်။ ကလေးများက ယခုမှသတိထားမိသော်လည်း ကျွန်တော်တို့ သတိထားမိသည်မှာ ကြာပြီးဖြစ်သည်။ ကျွန်တော်နှင့် ဖေဖေသည် တစ်ဦးစီဖြစ်သော်လည်း ကျွန်တော်၏ပိန်ရှည်ရှည်ခန္ဓာ၊ နက်မှောင်သော ဆံပင်၊ ချွန်နေသောနှာခေါင်းနှင့် ကားနေသောနားရွက်တို့ကြောင့် အဖေငယ်စဉ်ကရုပ်နှင့်အလွန်တူသည်။ ကျွန်တော်သည် ကျွန်တော့်အဖေမဟုတ်။ သို့သော် သေချာသည်မှာ ကျွန်တော်သည် ကျွန်တော့်အဖေ၏သားဖြစ်သည်။

တစ်ခါက သခင်ယေရှု၏နောက်လိုက်တပည့်တော် ဖိလိပ္ပုသည် “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ”(ယော ၁၄:၈) ဟုမေးခွန်းထုတ် ခဲ့သည်။ ထိုသို့မေးမြန်းခြင်းသည် သခင်ယေရှုအတွက် ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် ကိုယ်တော်က “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏”(:၉) ဟူသော ဖြေဆိုမှုကြောင့် အားလုံးတွေဝေငေးငိုင်သွားကြသည်။ ကျွန်တော်နှင့်အဖေတို့၏ အပြင်ပန်းအဆင်းသဏ္ဌာန်ချင်း တူညီသကဲ့သို့မဟုတ်ဘဲ သခင်ယေရှု၏အဖြေသည်…

အလေးထားအပ်သော စုရုံးတွေ့ဆံုမှု

ကျွန်မတို့သူငယ်ချင်းတစ်စုသည် လှပသောရေကန်ကမ်းစပ်ပေါ်တွင် စနေ၊တနင်္ဂနွေ ၂ရက်တာ ပြန်လည်တွေ့ဆုံကြသည်။ ရေကစားခြင်း၊ အစားသောက်များ မျှဝေ စားသုံးကြခြင်းဖြင့် အချိန်ကိုကုန်လွန်စေသည်။ သို့သော် ညနေပိုင်းစကားဝိုင်းသည် ကျွန်မ အတွက် တန်ဖိုးအရှိဆုံးအစီအစဉ်ဖြစ်သည်။ ညမှောင်လာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး၏ မတူညီသောခံစားချက်များ၊ ခံနိုင်ရည်မဲ့မှုများကို ဖွင့်ဟကြ သည်။ နာကျင်ရသည့် အိမ်ထောင်ရေးအဆင်အပြေမှုများ၊ စိတ်ဒဏ်ရာရနေသည့် သားသမီးများ၏ခံစားချက်များကို ပွင့်လင်းစွာဝေငှကြသည်။ အမှန်တကယ် နာကျင်စွာခံစားနေရသည့် လက်တွေ့ဘဝကို ဝေဖန်သုံးသပ်မနေတော့ပဲ ပြင်းထန် သော အခက်အခဲကြားမှ ဘုရားသခင်၏သစ္စာတော်ကိုသာ တစ်ဦးနှင့်တစ်ဦး ညွှန်ပြလျက် အားပေးခဲ့ကြသည်။ ထိုညနေခင်းများသည် ကျွန်မ၏အသက်တာ၌ အကောင်းဆုံးသောအချိန်ဖြစ်ခဲ့သည်။

ထိုညများသည် ဘုရားသခင်ကသူ၏လူမျိုးတော်တို့အား သကေနေပွဲ(တဲတော် ပွဲ)ကို နှစ်စဉ်ကျင်းပရန် ညွှန်ကြားခြင်းနှင့် အလားတူပါသည်။ ဤပွဲတော်သည် အခြားပွဲများနည်းတူ ဣသရေလလူမျိုးတို့ ယေရုရှလင်မြို့သို့ ခရီးဦးပြုကြရသည်။ မြို့သို့ ရောက်သည့်ပထမနေ့၌ပင် ဓမ္မစည်းဝေးခြင်းအမှုကို ရက်သတ္တတစ်ပတ်ကြာမျှ ပြုလုပ် ရန်နှင့် ထိုအတောအတွင်း “အလုပ်မလုပ်ကြရန်”…

ခွင့်လွှတ်ဖို့ရန်အတွက် ရွေးချယ်ခံရခြင်း

တစ်စုံတစ်ရာအတွက်ကြောင့် ဘုရားသခင် သူ့အားရွေးချယ်သည်ဟု အလယ်တန်း ကျောင်းသား ပက်ထရစ် အိုင်ယာလန် ဦးစွာခံစားမိသည်။ မည်သည့်အရာ ဖြစ် မည်နည်း။ လူ ၁၃ ဉီး သေဆုံးပြီး ပက်ထရစ် အပါအဝင် လူ ၂၄ ဉီး ဒဏ်ရာရသည့် ထိတ်လန့်ဖွယ် (ကိုလာရာဒိုပြည်နယ်) ကိုလံဘိုင်းမှ အထက်တန်းကျောင်း ကျောင်းတွင်း အစုလိုက်အပြုံလိုက် သေနတ်ဖြင့်အပစ်ခံရသည့်အမှုတွင် အသက်ရှင်ကျန်သည့်အခါမှသာ အဖြေကို သူနားလည်လာသည်။

ကြာမြင့်စွာဆေးကုသမှုခံယူရစဉ် ခါးသီးမုန်းတီးမှု၌စိတ်စွဲနေခြင်းက နာကျင်မှု ဒဏ်ရာကိုပိုတိုးစေကြောင်း ပက်ထရစ် သိလာသည်။ အခြားသူများ မိမိအပေါ် ကျူးလွန်သည့်အမှု၌ အာရုံစိုက်ခြင်းကိုရပ်ပြီး သခင်ယေရှု ကျွန်ုပ်တို့အတွက် ပြုသည့် အမှု၌သာမျက်မှောက်ပြုခြင်းက ခွင့်လွှတ်ခြင်း၏သော့ချက်ဖြစ်ကြောင်း သူ့ကို ဘုရားရှင်သွန်သင်ခဲ့သည်။ “အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ”ဟု သူ့အားညှဥ်းပန်းသူများကို ခွင့်လွှတ်ကြောင်း (လု ၂၃ :၃၄) မြွက်ဆိုသည့် ကားတိုင်ပေါ်မှစကားတော်သည်…

ကိုယ်တော်၏ဦးဆောင်မှုကိုလိုအပ်သည်

အန်ကယ်ဇာခီသည် ပညာတော်သင် ကဲနက်ဘေးလီကို ဆက်ဆံရာတွင် သူငယ်ချင်း ထက်ပင်ပိုပါသည်။ ကျယ်ပြန့်ပြီးလေ့လာစရာများသည့်ဆာဟာရသဲကန္တာရထဲတွင် လေ့လာရေးခရီးထွက်စဉ်အခါက သူယုံကြည်အားကိုးရဆုံးသောလမ်းညွှန် ဖြစ်သည်။ သူနှင့်သူ့အဖွဲ့သားများ အန်ကယ်ဇာခီနောက်သို့လိုက်ပါသည့် အခါ သူ့အပေါ်ယုံကြည် အားကိုး၍လုံးဝပုံအပ်ထားသည်ဟု ဘေးလီက ပြောပြ သည်။ “ဘယ်သွားရမယ်ဆိုတာ လမ်းကြောင်းမသိတဲ့အတွက် ကျွန်တော်တို့မျက်ခြေ ပြတ်သွားရင်တော့ ကျွန်တော်တို့သေမှာပဲ။ ကျွန်တော်တို့ ခင်ဗျားရဲ့ခေါင်းဆောင်မှု ကို လုံးဝယုံကြည်အားကိုးပြီး ပုံအပ်ပါတယ်” ဟု အတည်ပြုသည်။

အလွန်ခက်ခဲသောပြဿနာနှင့်ကြုံတွေ့ပြီး ခေါင်းခဲနေသည့်အချိန်တွင် ဒါဝိဒ် သည် လူ၏လမ်းညွှန်မှုထက်သာလွန်သော သူကိုးကွယ်သည့်ဘုရားသခင်၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူသည်။ ဆာလံ ၆၁:၂ တွင် “မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သောကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ” ဟုဖတ်ရှုရမည် ဖြစ်ပါသည်။ ဘုရားသခင်ရှိနေသည့် သာ၍ စိတ်ချရသောနေရာ၊ စိတ်ဖြေနိုင်မည့်နေရာကို သူတမ်းတမျှော်လင့်ခဲ့ပါသည်(:၃-၄)။

နှုတ်ကပတ်တော်တွင် ဖော်ပြသည့်အတိုင်း “လမ်းလွဲသောသိုးများ”(ဟေရှာ ၅၃:၆) ကဲ့သို့သောလူသားများသည်…

ပေါ့ပေါ့ပါးပါး လုပ်ဆောင်ပါ

ကျွန်တော်နှင့် ကျွန်တော်အဖေသည် သစ်ပင်များကို ခုတ်လှဲပြီး နှစ်ဘက်ဆွဲလွှဖြင့် အတံုးအသေးဖြစ်အောင် ဖြတ်လေ့ရှိသည်။ ငယ်ရွယ်ပြီး အားအင်ပြည့်သည့်အတွက် ကျွန်တော်က လွှကို အတင်းဖိတွန်းဖိဆွဲရာ အဖေက " ပေါ့ပေါ့ပါးပါးပဲ လုပ်ပါ။ လွှက သူ့အလုပ် သူလုပ်လိမ့်မယ်"ဟု ပြောသည်။

ဖိလိပ္ပိသြဝါဒစာ၌ ရှင်ပေါလုပြောသည့် "သင်တို့အထဲ၌ ပြုပြင်တော်မူသော သူကား ဘုရားသခင်ပေတည်း" (၂:၁၃)ဟူသည့်စကားကို ကျွန်တော်စဉ်းစားမိသည်။ ပေါ့ပေါ့ပါးပါးပဲနေပါ။ ကျွန်တော်တို့ကို ပြုပြင်ပြောင်းလဲပေးသည့်အမှုကို ဘုရားသခင်အား ပြုလုပ်ခွင့်ပေးရန်ဖြစ်သည်။

C. S. Lewis က ကြီးထွားရင့်ကျက်ခြင်းသည် ခရစ်တော်၏စကားကို ဖတ်ရှုခြင်း နှင့် နာခံလုပ်ဆောင်ခြင်းထက်များစွာပိုသည်ဟု ဆိုသည်။ “အဓိကပုဂ္ဂိုလ် ခရစ်တော်က သင့်အတွက် လုပ်ဆောင်ပေးနေသည်။ တဖြည်းဖြည်းနှင့် သင့်ကို သူ၏တန်ခိုးတော်၊ ဝမ်းမြောက်ခြင်း၊ ဉာဏ်တော်နှင့်ထာဝရတည်ရှိခြင်းကို အတူခံစားရရှိသည့်လူသစ် ခရစ်တော်လေး ဖြစ်လာရန် ပြောင်းလဲပေးနေသည်” ဟု ရှင်းပြထားသည်။

ယနေ့ ဘုရားသခင်သည်…

ဘာမဆိုလုပ်ခြင်း

မကြာမီကမှရုံတင်သော ရုပ်ရှင်ကားတစ်ကားတွင် မိမိကိုယ်ကို “ပါရမီရှင်” ဟု ကြွေးကြော်သူက ကမ္ဘာကြီး၏ကြောက်မက်ဖွယ် အကျင့်ပျက်ခြစားမှု၊ ပညာမဲ့မှုနှင့် ဆင်းရဲနွမ်းပါးမှုအကြောင်းကို ကြီးကြီးကျယ်ကျယ်ပြောဆိုလျက် မိုက်မဲရူးသွပ်သော ဘုရားမဲ့ဘဝဖြင့် ရှင်သန်ရန် ကြွေးကြော်သည်။ ယနေ့ခေတ် ရုပ်ရှင်ဇာတ်ညွှန်းများတွင် ထိုအတွေးအခေါ်သည် မထူးဆန်းသော်ငြား၊ ထိုအတွေးအခေါ်၏ဉီးတည်ရာက စိတ်ဝင်စားစရာပါ။ အဆံုးတွင် ဇာတ်ဆောင်မင်းသားက ပရိသတ်ဘက်လှည့်ပြီး အနည်းငယ်သော ပျော်ရွှင်မှုကို ရှာတွေ့ရန်အတွက် ဘာမဆိုလုပ်ရန် တောင်းဆိုသွား သည်။ သူ့အတွက်မူ မိရိုးဖလာစောင့်ထိန်းခဲ့သည့်အကျင့်အကြံများကို စွန့်ခဲ့တော့သည်။

သို့သော် “ဘာမဆိုလုပ်ခြင်း” က အလုပ်ဖြစ်နိုင်မလား။ ကြောက်မက်ဖွယ် ဘဝ၏ စိတ်ပျက်အားငယ်မှုနှင့် ရင်ဆိုင်နေရစဉ် ဓမ္မဟောင်းကျမ်းမှ ဒေသနာဆရာက ရှေးကတည်းကပင် သာယာမှုအလိုဆန္ဒနောက်လိုက်လျက် (ဒေ ၂:၁၊ ၁၀)၊ ကြီးကျယ် သောအလုပ်များလုပ်လျက် (:၄-၆)၊ ချမ်းသာကြွယ်ဝခြင်းကို ရှာဖွေလျက်(:၇-၉)၊ ဒဿနိကအတွေးအခေါ်များစူးစမ်းလျက် (:၁၂-၁၆) ပျော်ရွှင်ခြင်းကို ရှာဖွေခဲ့သည်။ သို့သော် ရလဒ်မှာ လေကို…

လကို ဖန်ဆင်းသောအရှင်

လမျက်နှာပြင်ပေါ်သို့ Eagle အာကာသယာဉ် ဆင်းသက်ပြီးနောက် အာကာသ ယာဥ်မှူး နေးလ် အမ်းစထရောင်း က “ဒီအရာဟာ လူတစ်ဉီးအတွက် သေးငယ်တဲ့ ခြေလှမ်းဖြစ်ပြီး လူသားမျိုးနွယ်စုအတွက်ကတော့ ကြီးမားသောခုန်လွှားခြင်းတစ်ခုဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ သူသည် လမျက်နှာပြင်ပေါ်၌လမ်းလျှောက်ခဲ့သည့် ပထမဆံုးလူသား ဖြစ်သည်။ သူ့နောက်တွင် နောက်ဆုံးသောအပိုလိုမစ်ရှင်၏ ကွန်မန်ဒို ဂျီးစာနန် အပါအ၀င် အာကာသယာဥ်မှူးများပေါ်ထွန်းခဲ့သည်။ စာနန်က “ကျွန်တော်က လပေါ်မှာ၊ ခင်ဗျားက ကမ္ဘာမြေမှာ၊ အံ့မခန်းပဲဗျာ။... အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ကျွန်တော်ခံစားရ တယ်။ ဒါက မတော်တဆ ဖြစ်လာဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”... “ခင်ဗျားနဲ့ကျွန်တော် ထက် ပိုကြီးတဲ့သူ တစ်ယောက်တော့ ရှိလိမ့်မယ်” ဟုပြောခဲ့သည်။ ထူးခြားသည့်အမြင်ဖြင့် အာကာသကို ကြည့်မြင်ခဲ့ရသည့်တိုင် အပြောကျယ်သည့်စကြဝဠာကြီးနှင့်နှိုင်းယှဥ်သောအခါ မိမိ၏‌ေသေးနုတ်သေးသိမ်မှုကို ၎င်းတို့သဘောပေါက် နားလည်ခဲ့သည်။

ပရောဖက်ယေရမိသည်လည်း ကမ္ဘာကြီးနှင့် ကမ္ဘာမြေကိုလွန်ပြီး ထိန်းကျောင်း ပဲ့ကိုင်သူနှင့် ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်ကို…