အမျိုးအစား  |  odb

ကောင်းသောပမာဏ

တစ်နေ့ ဓာတ်ဆီဆိုင်တွင် Staci သည် ဘဏ်ကတ်မပါဘဲအိမ်မှထွက်လာသည့် အမျိုးသမီး တစ်ဉီးနှင့် မမျှော်လင့်ဘဲ တွေ့ဆံုခဲ့သည်။ သူမ၏ကလေးနှင့်မတ်တပ်ရပ်ပြီး ဖြတ်သွားဖြတ်လာသူများကို အကူညီတောင်းနေသည်။ ထိုအချိန်မှာ Staci သည် အလုပ်လက်မဲ့ဖြစ်နေသော်လည်း သူစိမ်းတစ်ဦးအတွက် ၁၅ ဒေါ်လာဖိုး ဓာတ်ဆီ ဖြည့်ပေးခဲ့သည်။ နောက်နေ့တွင် Staci အိမ်ပြန်လာသောအခါ အိမ်ရှေ့ဆင်ဝင်၌ ကလေးကစားစရာများထည့်ထားသော လက်ဆောင်ခြင်းတောင်းနှင့် အခြားသော လက်ဆောင်များက စောင့်ကြိုနေသည်ကို တွေ့ခဲ့သည်။ သူစိမ်း၏သူငယ်ချင်းများက Staci ၏ကြင်နာမှုအတွက် အပြန်အလှန်အားဖြင့် သူမ၏ ကောင်းချီး ၁၅ ဒေါ်လာ ကို သူမ၏မိသားစုအတွက် အမှတ်ရစရာ ခရစ္စမတ်အဖြစ်ပြောင်းလဲပေးခဲ့သည်။

ကျေနပ်နှစ်သက်ဖွယ်အကြောင်းလေးပါ။ “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရံုမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်အချိန်တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား…

ဘာကြောင့် ကျွန်ုပ်မှဖြစ်ရတာလဲ

ထူးဆန်းထွေလာစာအုပ်တွင် လူသန်းပေါင်းများစွာထဲမှ တစ်ဉီးသည် မိုးကြိုးပစ်ခံရသည်။ လူပေါင်း ၂၅,၀၀၀ အနက် တစ်ဉီးသည် အလွန်အမင်းထိတ်လန့်ခြင်း (သို့) ဆံုးရှံုးမှု ရင်ဆိုင်ရချိန်တွင် “နှလံုးကြေကွဲသောရောဂါလက္ခဏာ”ကို ခံစားကြရသည်ဟု ဖော်ပြထားသည်။ စာမျက်နှာတစ်ရွက်ပြီးတစ်ရွက်ဖတ်ရင်း ထူးဆန်းသည့် ပြဿနာ များ ကြံုတွေ့ရသည့် ထူးဆန်းထွေလာအမှုများက အကယ်၍ကျွန်ုပ်တို့သာ ထိုသို့ ရင်ဆိုင်ကြုံရခဲ့သော် မည်သို့ဖြစ်မည်နည်းဟူသည့်အမေးအတွက် အဖြေမရှိခဲ့ပါ။

ယောဘသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောအရာများကိုကြုံတွေ့ခံစားခဲ့ရသည်။ ဘုရားသခင်က သူ့ကို “မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ၊ စံုလင် ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်” (ယောဘ ၁:၈)ဟု ပြောထားသည်။ သို့သော် ယောဘသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ဆံုးရှုံးခြင်းများစွာကို ရင်ဆိုင်ခံစားရရန် ရွေးချယ်ခံခဲ့ရ သည်။ ကမ္ဘာပေါ်ရှိလူများစွာထက် ယောဘအနေဖြင့် အဖြေတစ်ခုခုကို တောင်းခံရန် အခွင့်ရှိသည်။ “ဘာကြောင့် ကျွန်ုပ်မှဖြစ်ရတာလဲ” ဆိုသည့်အရာကို နားလည်ရန် ယောဘ၏မလူးသာ မလွန့်သာရုန်းကန်ရမှုများကို…

ပျားရည်ထက်ချိုသော

ပြောနေသည့်အကြောင်းအရာက လူမျိုးရေးဆန့်ကျင်မှုဖြစ်သည်။ သို့သော် ဟောပြော သူသည် တည်ငြိမ်အေးဆေးစွာရှိနေသည်။ ပရိသတ်ကြီးရှေ့ စင်ပေါ်တွင်ရပ်ပြီး ကျက်သရေရှိရှိ၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ ဟာသများဖြင့် သတ္တိရှိရှိ ဟောပြောခဲ့သည်။ မကြာမီမှာပင် ပရိသတ်ကြီး၏တင်းမာသောခံစားချက်နှင့်စကားများ လျော့ကျလျက် စိတ်သက်သာရာရစေခဲ့သည်။ ထိုနောက် သူတို့ရင်ဆိုင်နေရသည့် အကြပ်အတည်း - လတ်တလော ရေပန်းစားနေသည့်ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို ပြောပြသည့် ဟောပြောသူပုဂ္ဂိုလ်နှင့်အတူ လိုက်ရယ်မောခဲ့ကြသည်။ ၎င်းသည် ချိုမြိန်သော ကျေးဇူး မေတ္တာပြလျက် ချဉ်တူးသောပြဿနာတစ်ခုကို ကိုင်တွယ်ပုံနည်းလမ်းပေတည်း။

ရှောလမုန်မင်းကြီးက ကျွန်ုပ်တို့အားလံုးအတွက် တူညီသောနည်းလမ်းကို အကြံပေးခဲ့သည်။ “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍ စိတ်ဝိညာဉ်ကို ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏” (သု ၁၆:၂၄)။ ထို့နည်းတူ “ပညာရှိသောသူ၏ နှလံုးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာ အတတ်ကို ထပ်လောင်းတတ်၏”(:၂၃)။

ကျွန်ုပ်တို့မည်ကဲ့သို့ စကားပြောရမည်ကို ရှောလမုန်ကဲ့သို့သော အာဏာရှိမင်းတစ်ပါး…

သတိရအောက်မေ့ခြင်း

သတိရအောက်မေ့ဖွယ်နေ့တွင် ယခင်စစ်မှုထမ်းဟောင်းများ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း တပ်မတော်တွင်အမှုထမ်းခဲ့သော ကျွန်မအဖေနှင့်ဉီးလေးတို့၏ အကြောင်းကို စဉ်းစားမိသည်။ သူတို့က အိမ်ပြန်ရောက်ခဲ့သော်လည်း ထောင်ပေါင်း များစွာသော မိသားစုများတွင် တိုင်းပြည်အတွက် အမှုထမ်းသော သူတို့ချစ်ရသူများကို ကြေကွဲစွာ ဆံုးရှုံးခဲ့ကြရသည်။ သို့သော် အဖေနှင့်ထိုခေတ်က စစ်သားအများစုကို မေးမြန်းသောအခါ မှန်ကန်ရာအတွက်၊ သူတို့ယံုကြည်ရာအတွက် ရပ်တည်ပြီး သူတို့ ချစ်ရသူများကို ကာကွယ်ရန် အသက်ကို စွန့်လွှတ်ဝံ့သည်ဟုဖြေကြသည်။

တိုင်းပြည်ကို ကာကွယ်ရင်းနှင့် တစ်စံုတစ်ယောက်သေဆံုးသွားသည့်အခါ ၎င်း၏စွန့်လွှတ်စွန့်စားမှုကို ဂုဏ်ပြုသည့်အနေဖြင့် “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှ မရှိ” ဟူသည့် (ယော ၁၅:၁၃) ကျမ်းပိုဒ်ကို စျာပနဝတ်ပြုကိုးကွယ်ခြင်းတွင် ရွတ်ဖတ် လေ့ရှိသည်။ သို့သော် ဤကျမ်းပိုဒ်၏နောက်ခံအခြေအနေမည်သို့ရှိပါသနည်း။

နောက်ဆံုးညစာစားပွဲ၌ ဤစကားကို တပည့်တော်များအား သခင်ယေရှု မိန့်ကြားသည့်အချိန်သည် သူကားတိုင်ပေါ်တက်ခါနီးအချိန်ဖြစ်ပြီး သူ့တပည့်တော် ထဲမှ တစ်ဉီးဖြစ်သူ ယုဒရှကာယုတ်သည်…

စကားပြောသော စားပွဲများ

အထီးကျန်ခြင်းသည် ကောင်းမွန်သောဘဝရှင်မှုအတွက် အကြီးမားဆံုး ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ လူမှုမီဒီယာ၊ အစားအစာ စားသံုးခြင်းနှင့် မိမိအကြိုက်စသည်တို့အပေါ် ကျွန်ုပ်တို့၏အပြုအမူစိတ်သဘောထားကိုလိုက်ပြီး ကျန်းမာရေးကို ထိခိုက်စေသည်။ လေ့လာမှုတစ်ခုအရ လူသားအားလံုး၏သံုးပံုတစ်ပုံနီးပါးသည် အသက်အရွယ် ကျား/မ မရွေး အနည်းဆံုး တစ်ချိန်ချိန်တွင် အထီးကျန်သည်ဟု ခံစားရသည်။ ဗြိတိသျှ စူပါမားကတ် တစ်ခုမှ သူတို့၏ကော်ဖီဆိုင်များတွင် လူများအကြားဆက်သွယ်ရေးကို မြှင့်တင်ရန်အတွက် “စကားပြောစားပွဲများ"ကို ဖန်တီးခဲ့သည်။ အပြန်အလှန်တုန့်ပြန်မှုကို ရှာဖွေနေသူများ သည် ထိုရည်ရွယ်ချက်အတိုင်း သတ်မှတ်ထားသော စားပွဲတွင်ထိုင်ကာ အခြားသူများနှင့် ပူးပေါင်းခြင်း (သို့)ပူးပေါင်းလိုသည့်ဆန္ဒကို ဖော်ပြခြင်းဖြစ်သည်။ စကားစမြည်ပြောခြင်း သည် လူမှုအသိုင်းအဝိုင်းနှင့် ဆက်သွယ်ခြင်းကို ဖြစ်ပေါ်စေသည်။

ကနဉီးအသင်းတော်မှလူများသည် အဆက်အသွယ်ပြုလုပ်ရန် ကတိကဝတ် ပြုထားကြသည်။ တစ်ဉီးနှင့်တစ်ဉီး အဆက်အသွယ်မရှိပါက လောကသားများ အတွက် အသစ်အဆန်းဖြစ်နေသေးသော သူတို့၏ယံုကြည်ခြင်းကို လေ့ကျက်ရာ၌ အထီးကျန်မှုကို ခံစားရလိမ့်မည်။ ခရစ်တော်နောက်တော်လိုက်ခြင်း၏အဓိပ္ပာယ်ကို သိရှိရန် တမန်တော်များ၏သွန်သင်မှုကိုခံယူခြင်း…

အလင်းထိန်းသိမ်းသူများ

“အလင်းထိန်းသိမ်းသူများ”။ အမေရိကန်ပြည်ထောင်စု ကာရိုလိုင်းနား မြောက်ဘက် ကမ်းရိုးတန်း၏ မလှမ်းမကမ်းရှိ Hatteras ကျွန်းအငူရှိ မီးပြတိုက်၌ ၁၈၀၃ ခုနှစ် ကတည်း က မီးတိုင်များ စတင်ပြုလုပ်ခဲ့သူများအတွက် အမှတ်တရ အထိမ်းအမှတ် မှတ်တိုင်တစ်ခု ရှိသည်။ ကမ်းရိုးတန်းတိုက်စားခံရခြင်းကြောင့် ကျန်ရှိသော မှတ်တိုင်အပိုင်းကို အတွင်းပိုင်း ဒေသ နေရာသစ်သို့ပြောင်းရွှေ့ခဲ့ပြီး​နောက် အလင်းထိန်းသိမ်းသူများ၏အမည်များကို မှတ်တိုင်၏အုတ်မြစ်ဟောင်းကျောက်တုံးများတွင် ထွင်းလျက် ထိုကျောက်တံုးများကို နေရာသစ်သို့မျက်နှာမူပြီး ပွဲကြည့်စင်အဝိုင်းပံုသဏ္ဌာန် စီထားခဲ့သည်။ ယနေ့တွင် လာရောက်လည်ပတ်သူများသည် သမိုင်းဝင် အလင်းထိန်းသိမ်းသူများ၏ ခြေရာအတိုင်း လိုက်ပြီး ဆိုင်းဘုတ်တစ်ခု၌ ဖော်ပြထားသည့်အတိုင်း မီးပြတိုက်ကို "စောင့်ကြည့်နိုင်ပါပြီ။"

သခင်ယေရှုသည် အန္တိမအလင်းပေးသူဖြစ်သည်။ “ငါသည် ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်” ဟု မိန့်တော်မူ၏ (ယော ၈:၁၂)။ ၎င်းသည် လူတိုင်းရရှိနိုင်သော အခွင့်အရေးဖြစ်သည်။…

မျက်ရည်များကို ဘုရားသခင်ထံ ဆောင်ယူ

မနှစ်က နွေရာသီ၌ Talequah အမည်ရှိ ဝေလငါးမ သားပေါက်ခဲ့သည်။ ထိုအကြီးမား ဆံုးသော လင်းပိုင်မျိုးစိတ်အုပ်စုသည် အန္တရာယ်ကျရောက်နေပြီး၊ ၎င်း၏သားလောင်း လေးသည် အနာဂတ်မျှော်လင့်ချက် ဖြစ်သည်။ သို့သော် သားပေါက်လေးသည် တစ်နာရီပင် အသက်မရှင်ခဲ့ပါ။ Talequah သည် သေဆံုးသွားသည့် သားပေါက်လေးကို မလွှတ်ချမီ ပစိဖိတ်သမုဒ္ဒရာ၏ အေးစက်သောရေထဲတွင် ၁၇ ရက်တိုင် တွန်းနေ ခဲ့သည်။ ဤကြေကွဲဖွယ်မြင်ကွင်းကို ကမ္ဘာတစ်ဝန်းမှ လူများကြည့်ရှုခဲ့ကြသည်။

တစ်ခါတစ်ရံ ယေရှုခရစ်ကိုယံုကြည်သူများသည် ကြေကွဲဝမ်းနည်းခြင်းနှင့် ဘာလုပ်ရမှန်းမသိ ခက်ခဲသည့်အချိန်များကို ရင်ဆိုင်ရသည်။ ကျွန်ုပ်တို့၏ ပူဆွေးခြင်းက မျှော်လင့်ခြင်းမဲ့သောအခြေအနေနှင့်တူမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ သို့သော် သမ္မာကျမ်းစာတွင် ကြေကွဲဝမ်းနည်းခြင်း၌ လူတို့ ဘုရားသခင်ထံဟစ်ခေါ်သည့် ဉပမာများစွာပါရှိသည်။ ငိုကြွေးမြည်တမ်းခြင်းနှင့် မျှော်လင့်ခြင်းနှစ်ခုစလံုးသည် သစ္စာရှိသောတုန့်ပြန်မှု၏အစိတ်အပိုင်းဖြစ်သည်။

“ယေရမိမြည်တမ်းစကား”သည် နေအိမ်များဆံုးရှံုးသွားသောလူများ၏ ဝမ်းနည်း ခြင်းကို ဖော်ကျူးထားသော ကဗျာ (၅)ပုဒ် ပါဝင်သောကျမ်းဖြစ်သည်။…

ဓားတမန်

ဗြိတိန်နိုင်ငံတစ်ဝှမ်းတွင် ဓားထိုးမှုရာဇဝတ်မှုများဖြစ်ပွားခဲ့ချိန်တွင် ဗြိတိသျှသံထည် လုပ်ငန်းပြခန်းဌာနသည် အကြံဉာဏ်တစ်ခုရရှိခဲ့သည်။ ပြခန်းဌာနသည် ဒေသခံ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး နိုင်ငံတစ်ဝန်းတွင် သေတ္တာပေါင်း အလံုး ၂၀၀ ကို ထားရှိကာ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကိုပြုလုပ်ခဲ့ရာ၊ ပိုင်ရှင်မဲ့ဓားပေါင်းတစ်သိန်းမျှ လက်နက်ချခဲ့ကြသည်။ အချို့ဓားသွားများတွင် သွေးစွန်းစပင် ရှိနေဆဲဖြစ်သည်။ ထိုဓားများကို အနုပညာရှင် Alfie Bradley ထံ ပေးပို့ပြီး သူက အသွားများကို တုံးစေပြီး ဓားဖြင့်အသတ်ခံရသည့် ဓားစာခံလူငယ်များ၏အမည်များနှင့်တကွ ပြစ်မှုကျူးလွန်သူ အကျဉ်းသားဟောင်းများ၏ နောင်တစာသားများ ရေးထိုးခဲ့သည်။ ထိုဓားလက်နက် တစ်သိန်းကို ဂဟေဆော်ပြီး (၂၇) ပေ အမြင့်ရှိတောက်ပသည့် သံမဏိ အတောင်ပံများနှင့် ကောင်းကင်တမန်ရုပ်ထု “ဓားတမန်” (Knife Angel) ကို ဖန်တီးပြုလုပ်ခဲ့သည်။

ဓားတမန်အရှေ့၌ရပ်ရင်း ဤရုပ်တုရှိခြင်းကြောင့် ဒဏ်ရာမည်မျှအတွက် အကာ အကွယ်ဖြစ်ခဲ့သနည်းဟု ကျွန်တော်စဉ်းစားမိသည်။ ဟေရှာယ၏ရူပါရံုဖြစ်သော ကောင်းကင်သစ်နှင့် မြေကြီးသစ် (ဟေရှာ ၆၅:၁၇)၊…

ပြုံးနေသောသခင်ယေရှု

သင်သည် သခင်ယေရှုအကြောင်း ရိုက်သောရုပ်ရှင်တွင် သူ့နေရာတွင် သရုပ်ဆောင်ရမည် ဆိုပါက ထိုဇာတ်ရုပ်အတွက် မည်သို့ပြင်ဆင်မှုပြုမည်နည်း။ ထိုစိန်ခေါ်မှုကို Bruce Marchiano သည် ၁၉၉၃ ခုနှစ် ရှင်မဿဲခရစ်ဝင်ကျမ်းကို ဇာတ်လမ်းပုံဖော်ရိုက်ကူး ရာတွင် တွေ့ကြုံခဲ့ရပါသည်။ သူသရုပ်ဖော်ပုံကိုကြည့်ပြီး သခင်ယေရှုအကြောင်းကို သန်းပေါင်းများစွာသောလူတို့ ကောက်ချက်ချမည်ဖြစ်ရာ၊ ထိုအပူကြီးသည် သူ့ရင်ကို လေးလံစေကာ ခရစ်တော်ကဲ့သို့ မည်သို့မှန်ကန်အောင် သရုပ်ဆောင်ရမည်နည်းဟု သူပူပင်သောကရောက်ခဲ့သည်။ သူသည် ဒူးထောက်ဆုတောင်းရင်း "သခင်ယေရှု၊ သခင့် အတွက်ပဲနော်"ဟု တောင်းလျှောက်ခဲ့သည်။

Bruce သည် ဟေဗြဲ အခန်းကြီး ၁ မှ ဘုရားသခင်သည် သားတော်ကို ချီးမြောက်ပြီး “ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိတ်ပေးတော်မူကြောင်း” ကိုဖတ်ရပြီး အမြင်တစ်ခုရရှိခဲ့သည်။ ထိုဝမ်းမြောက်ခြင်းသည် ခမည်းတော်ဘုရားနှင့်ဆက်သွယ်မှုရှိနေခြင်းကို စိတ်နှလုံး အကြွင်းမဲ့ ဖော်ပြနေသည့် ပျော်ရွှင်ဝမ်းမြောက်ခြင်းဖြစ်သည်။ ထိုသို့သော ဝမ်းမြောက်ခြင်း ကို သခင်ယေရှု၏အသက်တာတစ်လျှောက်၌ တွေ့ရသည်။ ဟေဗြဲ…

ရွေးချယ်မှုများ၏ ဦးတည်ရာ

ဧရိယာပြင်ပရောက်နေချိန် သို့မဟုတ် မြေပုံ၊ လမ်းပြဆိုင်းဘုတ်များ မရှိသည့်အချိန် တွင် မှတ်ဉာဏ်ထဲမှ အသေမှတ်ထားသောမြေပုံအတိုင်း ရှေ့ဆက်သွားရန်သာ ရှိသည်။ တစ်နာရီကျော်ကျော်ကြာမှ တောအုပ်ထဲမှ ကျွန်ုပ်တို့ထွက်မြောက်လာနိုင်ခဲ့ပြီး ကားရပ်နားရာနေရာသို့ ရောက်ရှိခဲ့သည်။ အကွေ့တစ်ခုကို လွတ်သွားသောကြောင့် မိုင်ဝက်ခန့် ပိုရှည်သည့်လမ်းကို လျှောက်ခဲ့ရသည်။

ဘဝအသက်တာသည်လည်း ထိုကဲ့သို့ဖြစ်နိုင်ပါသည်။ အချို့ကိစ္စများတွင် မှန်လား မှားလားဟုမေးမည့်အစား ဘယ်ကိုဦးတည်နေသလဲဟု မေးရမည် ဖြစ်သည်။ ဆာလံ ၁ တွင် ဘဝရှင်သန်ပုံနှစ်မျိုးကို တွေ့ရသည်။ ဘုရားရှင်ကိုချစ်ပြီး ဖြောင့်မတ်စွာ အသက်ရှင်သူနှင့် ဘုရားကိုချစ်သူများ၏ရန်သူဖြစ်သော မတရားသဖြင့် အသက်ရှင် သူတို့အကြောင်းကို ဖော်ပြထားသည်။ ဖြောင့်မတ်သောသူသည် မြစ်နား၌ ပေါက်သော အပင်ကဲ့သို့ ဝေဆာနေပြီး မတရားသောသူမူကား ဖွဲကဲ့သို့ လွင့်သွားမည်ဖြစ်သည်(:၃-၄)။ ဆာလံဆရာက သီးပွင့်ဝေဆာခြင်းဟူသည် မည်သို့ဖြစ်သည်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ ထိုသို့အသက်ရှင်သူသည် အသက်၏အရင်းအမြစ်နှင့် ပြန်လည် ရှင်သန်နိုင်ရေးအတွက် ဘုရားရှင်၌ အမှီပြုသူဖြစ်သည်။…