အမျိုးအစား  |  odb

ငြိမ်သက်ခြင်းဆုကျေးဇူး

အမေရိကန်သမ္မတဟောင်း George H.W.Bush ၏ ၏ဇနီးဖြစ်သူဘာဘရာဘွရှ်သည် “ကျွန်မသခင်ယေရှုကိုယုံကြည်တယ်။ သူက ကျွန်မရဲ့ကယ်တင်ရှင်ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မသေရမှာကို မကြောက်ဘူး” ဟုသူမသေမီ သူ့သားကို ပြောခဲ့သည်။ အံ့သြဖွယ်ကောင်းပြီး ယုံကြည်မှုအပြည့်ရှိသောထိုစကားက ကြီးမားပြီးနက်နဲစွာ အမြစ်တွယ်နေသော သူမ၏ယုံကြည်ခြင်းကို ဖော်ပြနေသည်။ သေခြင်းကို ရင်ဆိုင်ရချိန် ၌ပင် သခင်ယေရှုကို သိကျွမ်းခြင်းမှလာသော ဘုရားရှင်ပေးသနားတော်မူသော ငြိမ်သက်ခြင်းကို သူမခံစားခဲ့ရသည်။

ပထမရာစုနှစ်ခန့်က ယေရုရှလင်မြို့၌နေထိုင်သူ ရှုမောင်သည်လည်း ထိုထူးခြား လေးနက်သောငြိမ်သက်ခြင်းကို သခင်ယေရှုအားဖြင့် ခံစားခဲ့ရသည်။ မာရိနှင့် ယောသပ်တို့သည် ယေရှုလေးကို ပညတ်တရားထုံးတမ်းအတိုင်း စင်ကြယ်ခြင်းကိုပြုရန်​ ဗိမာန်တော်သို့ဆောင်ယူလာချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရှုမောင်နှင့် ဆုံမိသည်။ ရှုမောင်အကြောင်း ကျွန်ုပ်တို့သိပ်မသိသော်ငြားလည်း လုကာရေးသားချက် အရ သူသည် ထူးမြတ်သောဘုရားသခင်၏လူ၊ ဖြောင့်မတ်ပြီးဘုရားဝတ်၌ မွေ့လျော်သူ၊ မေရှိယကြွလာမည့်အချိန်ကို သစ္စာရှိရှိနှင့်စောင့်ဆိုင်းနေသူ၊ သန့်ရှင်းသောဝိညာဉ်တော် သည် သူ့အပေါ်၌တည်ကြောင်းကိုလည်း လုကာ ၂:၂၅ တွင်…

နာမည်တစ်ခု၏ရာဇဝင်

ဘုရားရှင်ချိန်းချက်သောအချိန်တွင် ကျွန်တော်တို့၏သားလေး Kofi ကို ဖိုးသောကြာ ဟူသည့် သူ့နာမည်၏အဓိပ္ပာယ်အတိုင်း သောကြာနေ့တွင် မွေးဖွားခဲ့သည်။ ထိုနာမည်သည် တစ်ဦးတည်းသောသားကိုဆုံးရှုံးခဲ့ရသော၊ ကျွန်တော်တို့၏ဂါနာလူမျိုးမိတ်ဆွေ သင်းအုပ်ဆရာ၏နာမည်ကို ပေးထားခြင်းဖြစ်သည်။ သူသည် Kofi လေးအတွက် အစဉ်ဆုတောင်းပေးသောကြောင့် ကျွန်တော်တို့အလွန်ဝမ်းသာဂုဏ်ယူမိသည်။

နာမည်တစ်ခု၏နောက်ခံရာဇဝင်ကိုမသိပါက ထူးခြားအရေးပါသည့်အကြောင်းကို ကျွန်ုပ်တို့ အလွယ်တကူ ကျော်သွားတတ်ကြသည်။ လုကာ ၃ တွင် ယောသပ်၏ဘိုးဘေး စဥ်ဆက်စာရင်းကို အံ့သြဖွယ်အ​သေးစိတ်​ဖော်ပြထားသည်။ ထိုနာမည်စာရင်းတွင် ယောသပ်၏မျိုးဆက်ကို နောက်ပြန်လိုက်ကာ အာဒံနှင့်ဧဝအထိပါ ရောက်သွားသည် (:၃၈)။ အခန်းငယ် ၃၁ တွင် နာသန်၏အဘဒါဝိဒ်ဟု ဆိုထားသည်။ နာသန်! စိတ်ဝင်စား စရာပါ။ ၅ရာ ၃:၅ တွင် နာသန်ကို ဗာသရှေဘက ဖွားမြင်ခဲ့ကြောင်း သိရသည်။

ဒါဝိဒ်က ဗာသရှေဘနှင့်ရသောသားကို နာသန်ဟုမှည့်ခြင်းမှာ တိုက်ဆိုင်မှု တစ်ခုလား။ ထိုအဖြစ်ကိုနောက်ပြန်ကြည့်ကြပါစို့။ ဗာသရှေဘသည် ဘယ်သောအခါမျှ ဒါဝိဒ်၏မိဖုရားဖြစ်နိုင်စရာအကြောင်း…

ပုံပြင်ပြောပြပါ

“ဟိုးရှေးရှေးတုန်းကပေါ့” ဆိုသည့် စကားလုံးလေးသည် တစ်လောကလုံးတွင် အလွန် တန်ခိုးကြီးသောစကားလုံးများထဲတွင် တစ်ခုအပါအဝင်ဖြစ်လိမ့်မည်။ သူငယ်ဘဝက ကျွန်တော့်မှတ်ဉာဏ်၌ အဦးဆုံးမှတ်မိသောအရာများတွင် ထိုစာသားလေးမှာ မကြာခဏ ပါဝင်ခဲ့သည်။ တစ်နေ့တွင် ကျွန်တော့်အမေသည် ကျမ်းစာမှပုံပြင်များကို သရုပ်ဖော်ရေးသားထားသောအဖုံးအမာနှင့် ထူထဲလှသည့် “My Good Shepard Bible Story” စာအုပ် လေးကိုင်ပြီး အိမ်ပြန်လာသည်။ ညတိုင်းမီးမပိတ်မီတွင် ကျွန်တော်နှင့်ညီလေးသည် မျှော် တလင့်လင့်နှင့် ထူးခြားပြီးစိတ်ဝင်စားစရာကောင်းသည့် လူများအကြောင်းနှင့် ထိုသူများကို ဘုရားသခင်ချစ်ကြောင်း ရေးထားသည့် ဟိုးရှေးရှေးကပုံပြင်များကို အမေဖတ်ပြမည့်အချိန် ကို စောင့်မျှော်နေတတ်သည်။ ထိုပုံပြင်များသည် ကြီးမားကျယ်ပြန့်သောလောကကြီးကို မည်သို့ကြည့်ရမည်ကို သင်ပေးခဲ့သည့် မှန်ဘီလူးတစ်ခုပမာ ဖြစ်သည်။

လူတိုင်းလက်ခံပြီး အပြောအဟောကောင်းသည့် ပုံပြောကောင်းသူမှာ နာဇရက်မြို့ သား သခင်ယေရှုဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး၏အတွင်းစိတ်၌ ပုံပြင်များကို အလိုလို နှစ်သက်တတ်သည်ကို ကိုယ်တော်သိသောကြောင့် ကြားခံအဖြစ်ဝင်ရောက်ကာ သူ့ သတင်းကောင်းကို ဆီလျော်စွာ…

သန့်ရှင်းသော ဝိညာဉ်တော်နှင့် သဟဇာတရှိခြင်း

ကီးချိန်သူမှ လှပကျော့ရှင်းသော စန္ဒယားကြီးကို အသံညှိနေသည်ကို ကျွန်မ နားထောင်ရင်း ထိုစန္ဒယားကြီးဖြင့်ပင် တီးခတ်ခဲ့သော “Warsaw Concerto” အံ့မခန်းတေးသွားနှင့် “How Great Thou Art” သီချင်း၏ တေးသံစဉ်ကို ပြန်လည် ကြားယောင်တွေးမိသည်။ သို့သော် ထိုတူရိယာမှာ ယခုအချိန်တွင် ကီးညှိဖို့ လိုကိုလိုနေပြီ ဖြစ်သည်။ အချို့နုတ်များက ကီးအနိမ့်အမြင့်မှန်သော်လည်း အချို့အသံများမှာ မြင့်သည့်ကီးကမြင့်၊ ကျသည့်ကီးက ကျနှင့်ဖြစ်နေသည်။ စန္ဒယားညှိသူ၏တာဝန်မှာ ကီးတစ်ခုချင်းစီကို တစ်သံတည်း ထွက်အောင် ညှိရန်မဟုတ်ဘဲ သူ့အသံနှင့်သူ မှန်ကန်စွာရှိပြီး တီးလိုက်လျှင် ညီညွတ် လှပလျက် သာယာငြိမ့်ညောင်းသောတေးသံ ထွက်ပေါ်စေရန် ဖြစ်သည်။

အသင်းတော်ဝန်းကျင်တွင်လည်း မညီမညာဖြစ်နေသောအသံများကို ကြားရတတ် ပါသည်။ သူမတူသည့်ရည်မှန်းချက်ရှိသူ၊ အရည်ချင်းရှိသူများ ဆုံမိကြသောအခါ ကီးမကိုက် မညီမညာအမှုများ ဖြစ်ပေါ်လာတတ်သည်။ ဂလာတိ ၅ တွင် ရှင်ပေါလုက ယုံကြည်သူများအား အချင်းချင်းကွဲပြားခြင်း၊…

ဆောက်လုပ်ဆဲကာလ

ကားတန်းများဖြေးညင်းစွာ ရွေ့လျားနေခြင်းကြောင့် လမ်းခင်းနေခြင်းဖြစ်မည်ဟု ကျွန်တော်တွေးမိသည်။ "အခု လမ်းကိုပြန်တူးဆွကြပြန်ပြီ။ ဘယ်အချိန်ကျမှလမ်းတွေ ပြင်လို့ပြီးမှာလဲ" ဟု တွေးနေမိပြန်သည်။ အကြောင်းမှာ “လမ်းခင်းသည့်ကုမ္ပဏီမှ လုပ်ငန်းပြီးစီးသွားပြီဖြစ်သောကြောင့် လမ်းသစ်လေးတွင် ပျော်ရွှင်စွာ မောင်းနှင်နိုင်ပြီ” ဟုထိုကဲ့သို့သောဆိုင်းဘုတ်မျိုးကို ကျွန်တော်တစ်ခါမှမမြင်ခဲ့ဘူးသောကြောင့်ပါ။

သို့သော် ကျွန်တော်၏ဝိညာဉ်ရေးရာအသက်တာတွင် ၎င်းနှင့်အလားတူ ဖြစ်နေ သည်။ အရာအားလုံးကိုနားလည်လျက်၊ ပြီးပြည့်စုံလျက် ရင့်ကျက်သောဘဝအသက်တာကို ယုံကြည်ခြင်းအသက်တာအစပိုင်းတွင် ကျွန်တော်တွေးမြင်ယောင်ကြည့်ခဲ့ဖူးသည်။ နှစ်သုံးဆယ်ကြာပြီးနောက် ကျွန်ုပ်သည် ပြုပြင်ဆဲအခြေအနေတွင်သာ ရှိနေသေးကြောင်း ဝန်ခံလိုက်ရပါသည်။ ထပ်တလဲလဲပေါက်ပြဲနေသောလမ်းပေါ် မောင်းနေရသကဲ့ပင် ကျွန်တော့်အသက်တာသည်လည်း ဘယ်သောအခါမျှ ပြီးစီးသွားမည့်ပုံ မပေါ်ပါ။ တစ်ခါတစ်ရံ ၎င်းသည် စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။

ဟေဗြဲ ၁၀ တွင် အံ့သြဖွယ်ရာကတိတော်တစ်ခုကို ဖော်ပြထားသည်။ အငယ် ၁၄ တွင် “အကြောင်းမူကား စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှာ တစ်ခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏”ဟု ဖော်ပြထားပါသည်။ သခင်ယေရှုကားတိုင်ပေါ် ပြုပေးခဲ့သောအမှုကြောင့် ကျွန်တော်တို့…

သခင်ယေရှုပံုကို ဖျက်ခြင်း

သင်းအုပ်ဆရာက သခင်ယေရှု၏အသက်တာနှင့်ပတ်သက်ပြီး ခက်ခဲသောမေးခွန်း တစ်ခု ကို အတန်းထဲတွင်မေးရာ ကျွန်ုပ်လက်ထောင်ရန်ပြင်လိုက်သည်။ ထိုအကြောင်းကို ကျွန်တော် ဖတ်ထားပြီးပြီဖြစ်သောကြောင့် အဖြေကိုသိနေပါသည်။ ထို့ပြင် အခန်းထဲမှ အတန်းဖော်များအားလည်း ကျွန်တော်သိကြောင်းကို သိစေချင်ခဲ့သည်။ သို့သော် ကျွန်တော်သည် ကျမ်းစာသင်ကြားသည့်ဆရာတစ်ဦးဖြစ်ပေရာ၊ ထိုအတန်းဖော်များရှေ့ တွင် ဆွံ့အလျက် မဖြေနိုင်ပါက ရှက်စရာပါ။ ကျွန်တော်သည် အရှက်ကွဲမှာကိုကြောက်သည့် စိုးကြောက်မှုကြောင့် ရှက်ရွံနေရပါသည်။ ထို့ကြောင့် ကျွန်တော့်လက်ကို ကျွန်တော်ပြန်ရုပ်လိုက်သည်။ ထိုမျှလောက် သိမ်ငယ်မှုကို ခံစားရပါသလား။

နှစ်ခြင်းဆရာယောဟန်သည်လည်းသာ၍ ကောင်းသောနည်းလမ်းကိုပြခဲ့ပါသည်။ သူ့တပည့်များက လူတို့သူ့ကိုပစ်ပြီး သခင်ယေရှုနောက်တော်သို့လိုက်နေကြပြီ ဟု သူ့အား မြည်တွန်ပြောဆိုကြရာ၊ ယောဟန်က ထိုသို့ကြားရသည့်အတွက် ဝမ်းသာကြောင်း၊ သူသည် သတင်းစကားကြားပြောသူမျှသာဖြစ်ကြောင်း၊ “ငါသည် ခရစ်တော်မဟုတ်၊ ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်။... ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်”(၃:၂၈-၃၀) ဟုပြန်ဖြေခဲ့သည်။ ယောဟန်သည် သူ၏ ဖြစ်တည်မှုသည် သခင်ယေရှုအတွက်…

လက်ဖွင့်ကြိုဆို

Saydee နှင့်သူ့မိသားစုသည် "လက်ကိုဖွင့်၊ အိမ်ကိုဖွင့်" ဟူသောဒဿနကို ကိုင်စွဲ ခံယူသည်။ လူတိုင်းကို အထူးသဖြင့် စိတ်ဓာတ်ကျစိတ်ပျက်သူများကို သူတို့အိမ်၌ နွေးထွေးပြူငှာစွာ ကြိုဆိုကြောင်း သူကပြောပြသည်။ လစ်ဗျားနိုင်ငံတွင် ထိုသို့သော အိမ်ထောင်၌ သူတို့မောင်နှမကိုးယောက် ကြီးပြင်းခဲ့ရသည်။ သူတို့မိဘများက အခြားသူများကို မိသားစုထဲအမြဲကြိုဆိုခဲ့သည်။ သူက “ကျွန်တော်တို့က အဲဒီလို အသိုင်းအဝန်းနဲ့ ကြီးပြင်းခဲ့ရတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ တစ်ဦးအပေါ်တစ်ဦးတာဝန်ယူတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တယောက်ချစ်ဖို့၊ဂရုစိုက်ဖို့၊ ကာကွယ်ပေးဖို့ အဖေသွန်သင်ခဲ့တယ်”ဟု သူပြောသည်။

ဒါဝိဒ်မင်းကြီးအကူအညီလိုအပ်ချိန်တွင် အထက်ပါ ချစ်ခြင်းကရုဏာမျိုးကို ဘုရားရှင်ထံ၌ သူတွေ့ရှိခဲ့သည်။ ရာဇဝင်ချုပ်ဒုတိယစောင်တွင် (ဆာလံ ၁၈ တွင်လည်း ပါသည်) သူ့အသက်တာတစ်လျှောက် ဘုရားရှင်ထံ၌ ခိုလှုံရာအဖြစ်တိုးဝင်ခဲ့သည့်အချိန် များအကြောင်းကို သီချင်းဖွဲ့ကာ မှတ်တမ်းတင်ထားသည်။ ဒါဝိဒ်မင်းက “ငါသည် ဆင်းရဲ ငြိုငြင်သောအခါ၊ ထာဝရဘုရားကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။…

သူငယ်များပေးသောသင်ခန်းစာ

ကင်ညာနိုင်ငံ နိုင်ရိုဘီဒေသရှိ ဆင်ခြေဖုံးရပ်ကွက်နားသို့ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းတို့ နှစ်ယောက်သား ကားအတူစီးလာစဥ် မြင်တွေ့ခဲ့ရသော ဆင်းရဲမှုအခြေအနေ ကြောင့် ကျွန်ုပ်တို့နှလုံးသားကြေကွဲခဲ့ရသည်။ သို့သော် ကလေးငယ်လေးများက ဆွာဟီလီ ဘာသာဖြင့် "သင်းအုပ်ဆရာ" ဟုအော်ခေါ်ပြီး ပြေးလာသည်ကို မြင်လိုက်ရသောအခါ စမ်းရေပမာ ရင်ထဲအေးမြကြည်လင်မှုကို ခံစားလိုက်ရသည်။ ကျွန်ုပ်တို့ကားပေါ်၌ ပါလာသော သူတို့၏ဝိညာဉ်ရေးခေါင်းဆောင်ကို မြင်ပြီး ပျော်ရွှင်မှုအပြည့်နှင့် တုံ့ပြန်နေ ခြင်းဖြစ်သည်။ ဤကဲ့သို့ ညင်သာသောအော်ခေါ်သံဖြင့် ကလေးငယ်များသည် သူတို့ကိုကာကွယ်စောင့်ရှောက်ပေးသူ၊ ဂရုစိုက်ပေးသူအား ကြိုဆိုနေခြင်းဖြစ်ပါသည်။

မြည်းစီးလျက် ယေရုရှလင်မြို့သို့ သခင်ယေရှုဝင်လာစဥ် “ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ … ဒါဝိဒ်၏သားတော် ဟောရှဏ္ဏ ဖြစ်စေသတည်း” (မ ၂၁:၉၊ ၁၅)ဟု သူ့ကို ကြိုဆိုသူများတွင် ဝမ်းမြောက်နေသည့် ကလေးသူငယ်များလည်းပါဝင်သည်။ လေထဲပျံ့နှံ့နေသည့်အသံများတွင် သခင်ယေရှုကိုချီးမွမ်းသည့်အသံတစ်ခုတည်း မဟုတ်ပါ။ လူများ၏ တိုးဝှေ့လမ်းလျှောက်သံ၊ သခင်ယေရှု…

ထာဝရမေတ္တာ

လွန်ခဲ့သောနှစ်များက ကျွန်မ၏လေးနှစ်အရွယ်သားလေးက ဘောင်ကွပ်ထားသော သစ်သားဖောင်းကြွအသည်းပုံနှင့် အလယ်တွင် "ထာဝရ" ဆိုသည့် စာသားလေးကို ဆေးခြယ် ထားသည့် သတ္တုပြားလေးကို လက်ဆောင်ပေးကာ "မေမေ့ကို သား ထာဝရချစ်တယ်"ဟု ဆိုသည်။ ကျွန်မ သူ့ကိုဖက်ပြီး "မေမေက ပိုပြီးချစ်တယ်"ဟု ကျေးဇူးတင်စကား ဆိုခဲ့သည်။

အဖိုးမဖြတ်နိုင်သည့်ဤလက်ဆောင်လေးက ကျွန်မအပေါ်ထားရှိသည့်သား၏ မဆုံးသောချစ်ခြင်းကို သေချာစေပါသည်။ ခက်ခဲသည့်နေ့ရက်များတွင် ကျွန်မကို နှစ်သိမ့်ရန်နှင့် ခွန်အားပေးရန် ဘုရားရှင်က ထိုချိုမြိန်သည့် လက်ဆောင်ကိုအသုံးပြုပြီး သူ ကျွန်မကို နက်ရှိုင်းစွာချစ်ကြောင်း အခိုင်အမာအတည်ပြုပေးသည်။

သမ္မာကျမ်းတစ်အုပ်လုံး၌ဖော်ပြပါရှိပြီး ဝိညာဉ်တော်က အတည်ပြုပေးသည့် ဘုရား သခင်၏ထာဝရမေတ္တာလက်ဆောင်ကို သား၏လက်ဆောင်က အမှတ်ရစေပါသည်။ ဘုရားသခင်၏မပြောင်းလဲသောကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပြီး ကိုယ်တော်၏တည်မြဲသည့် ချစ်ခြင်းမေတ္တာတော်ကို အတည်ပြုပေးသည့် ကျေးဇူးချီးမွမ်း သီချင်းကို ဆာလံဆရာနည်းတူ ကျွန်ုပ်တို့သီဆိုနိုင်ပါသည် (ဆာ ၁၃၆:၁)။ အဆုံးမရှိသော အံ့ဖွယ်ရာများနှင့် အကန့်အသတ်မဲ့သည့် ပညာတော်(:၄-၅) ကို…

သံသယနှင့် ယုံကြည်ခြင်း

မင်းတက် သည် ခေါင်းအလွန်ကိုက်ပြီးအိပ်ရာမှနိုးလာသည်။ ခေါင်းစိမ်းကိုက် ဝေဒနာ ထပ်ဖြစ်ပြီလားဟု သူတွေးမိသည်။ သူအိပ်ရာမှအထတွင် ကြမ်းပြင်ပေါ်သို့ လဲကျသွား သည်။ သူ့ကိုဆေးရုံတင်လိုက်ရပြီး ဆရာဝန်များက လေဖြတ်သွားခြင်းဖြစ်သည်ဟု ပြောသည်။ ပြန်လည်ထူထောင်ရေးအတွက် ၄လမျှ လေ့ကျင့်ခန်းယူပြီးသော် စဉ်းစား တွေးခေါ်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း ပြန်ရခဲ့သော်လည်း လမ်းလျှောက်လျှင်နာကျင်ပြီး ထော့နဲ့ထော့နဲ့ဖြစ်ဆဲပင်။ ရံဖန်ရံခါ စိတ်ပျက်အားငယ်မှုနှင့် ရုန်းကန်နေရ သော်လည်း ယောဘဝတ္တုမှကြီးစွာသောနှစ်သိမ့်မှုကို သူရှာတွေ့ခဲ့သည်။

ယောဘသည် သူ့ပစ္စည်းဥစ္စာများအားလုံးနှင့်သူ့သားသမီးများကို တမဟုတ်ချင်း ဆုံးရှုံးခဲ့ရသည်။ မချိမဆံ့ခံစားရသည့်သတင်းဖြစ်သော်လည်း ယောဘသည် ပထမဆုံး ဘုရားသခင်ထံမျှော်လင့်ခြင်းဖြင့်မျှော်ကြည့်ပြီး အရာခပ်သိမ်း၏အရင်းအမြစ် ဖြစ်သည့်အတွက် ဘုရားသခင်ကို ချီးမွမ်းသည်။ ဘေးဒုက္ခရောက်သည့်အချိန်၌ပင် ဘုရားသခင်၏ အချုပ်အခြာအာဏာပိုင်သောလက်တော်ကို သိမှတ်ဝန်ခံသည် (ယောဘ ၁:၂၁)။ သူ၏ ခိုင်မာလှသောယုံကြည်ခြင်းကို ကျွန်ုပ်တို့ အံ့သြကြသော်လည်း ယောဘသည်လည်း စိတ်ပျက်အားငယ်မှုနှင့်ရုန်းကန်ခဲ့ရသည်။ ရောဂါဝေဒနာခံစား ရသည့်နောက်(၂:၇) သူမွေးဖွားသောနေ့ကို သူကျိန်ဆဲခဲ့သည်(၃:၁)။ သူ၏နာကျင်မှုနှင့် ပတ်သက်ပြီး…