အမျိုးအစား  |  odb

စစ်မှန်သောပြောင်းလဲမှု

လန်ဒန်မြို့တောင်ပိုင်းရှိ ခိုက်ရန်ပွားသောအိမ်၌ကြီးပြင်းခဲ့သည့် ကလောက်ဒ် သည် အသက် (၁၅) နှစ်၌ ဆေးခြောက် စတင်ရောင်းချခဲ့ပြီး၊ (၂၅) နှစ်၌ ဘိန်းဖြူ စတင်ရောင်းချခဲ့သည်။ သူ့လုပ်ငန်းအတွက် ဟန်ပြအဖြစ် သူသည် လူငယ်များအတွက် လမ်းပြဆရာဖြစ်ခဲ့သည်။ မကြာမီပင် ယေရှုခရစ်ကိုယုံကြည်သူ သူ့မန်နေဂျာနှင့်ပတ်သက်၍ သူစိတ်ဝင်စားလာပြီး စူးစမ်းသိချင်စိတ်များလာသည်။ ခရစ်ယာန်ယုံကြည်မှုကို လေ့လာသည့်သင်တန်းသို့ တက်ရောက်ခဲ့ပြီးနောက် သူသည် သခင်ယေရှုအား သူ့အသက်တာသို့ဝင်ရောက်ရန် ‘စိန်ခေါ်’ ခဲ့သည်။ “ကျွန်တော်လှိုက်လှိုက်လှဲလှဲ ဝမ်းသာခဲ့ရတယ်။ ကျွန်တော်ချက်ချင်းပြောင်းလဲလာတာကို လူတွေ သတိထားမိကြတယ်။ ကျွန်တော်က ကမ္ဘာမှာ အပျော်ဆုံး မူးယစ်ဆေးရောင်းဝယ်သူ ဖြစ်ခဲ့တာ” ဟု သူက ဆိုသည်။

သခင်ယေရှုက ထိုမျှနှင့်မရပ်တန့်ခဲ့ပါ။ နောက်တစ်နေ့တွင် ကလောက်ဒ်သည် ကိုကင်းတစ်အိတ်ကို အလေးချိန်ချိန်နေစဥ် “ဒါရူးမိုက်မှုပဲ။ ငါလူတွေကို အဆိပ်ခတ်နေတာပါလား” ဟုတွေးမိသည်။ မူးယစ်ဆေးမရောင်းတော့ဘဲ အလုပ်ရှာရတော့မည်ဟု သူသဘောပေါက်သွားခဲ့သည်။ သန့်ရှင်းသောဝိညာဥ်တော်၏ ကူညီမှုဖြင့် သူသည်…

အမျက်ထွက်သောစိတ်နှလုံး

Pablo Picasso (ပါဘလိုပီကာဆို)၏ အရေးပါဆုံး နိုင်ငံရေးပန်းချီကားဖြစ်သော ‘Guernica’ (ဂါနီခါ)သည် ၁၉၃၇ ခုနှစ်၌ စပိန်မြို့ငယ်လေး ဂါနီခါ ဖျက်ဆီးခံခဲ့ရပုံကို ရေးဆွဲထားသော မော်ဒန်ပန်းချီကားဖြစ်သည်။ စပိန်တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ်မီး တောက်လောင်သည့် ကာလများတစ်လျှောက်လုံးတွင် စပိန်လက်ယာစွန်းတပ်များက နာဇီ ဂျာမနီ၏လေယာဥ်များအား ထိုမြို့ငယ်လေးကို ဗုံးကြဲပစ်မှတ်အဖြစ် အသုံးပြုခွင့်ပေးခဲ့သည်။ လူထုအတွင်း အငြင်းပွားဖွယ်ဖြစ်ခဲ့သည့် ဤဗုံးကြဲမှုများကြောင့် လူများစွာ သေဆုံးခဲ့ရပြီး အရပ်သားများအား ပစ်မှတ်ထားဗုံးကြဲခြင်း၏ ကျင့်ဝတ်မညီမှုကို စိုးရိမ်နေကြသောကမ္ဘာ့လူထုမှ အာရုံစိုက်လာစေခဲ့သည်။ ပီကာဆို၏ပန်းချီကားက စောင့်ကြည့်နေသည့်လောကကြီး၏ပုံရိပ်ကို အမိအရဖော်ကျူးလျက် လူသားတို့၏ အချင်းချင်းအပေါ် ဖျက်ဆီးနိုင်စွမ်းနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများကို ပေါ်ပေါက်လာစေခဲ့သည်။

အခြားသူများအား သွေးထွက်သံယိုဖြစ်အောင် မည်သည့်အခါမျှမလုပ်ဟု ယူဆထားသူ ကျွန်ုပ်တို့သည် “လူ့အသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌…

ကရုဏာကို ရွေးချယ်ခြင်း

နှင်းနှင့်ပတ်သက်သည့် မတော်တဆ အလွဲအချော်များအကြောင်း (၅) မိနစ် ဗီဒီယိုတွဲသည် တီဗီအစီအစဥ်တစ်ခု၏ အဓိကအပိုင်းတစ်ခုဖြစ်သည်။ ခေါင်မိုးပေါ်မှ နှင်းလျှောစီးခြင်းများ၊ ရာဘာကွင်းစီးရင်း အရာဝတ္ထုများနှင့်တိုက်မိခြင်းများ၊ ရေခဲပြင်ပေါ်တွင်ခြေချော်ခြင်း စသည့် မိသားစုဗီဒီယိုများသည် စတူဒီယိုပရိသတ်များနှင့် အိမ်မှကြည့်နေသူများ၏ ရယ်မောအားပေးမှုကို ရရှိခဲ့သည်။ ထိုသို့ ထိခိုက်မိသူများသည် ၎င်းတို့၏ မိုက်မဲသောအပြုအမူများကြောင့် ထိခိုက်ရသောအခါ အရယ်ရဆုံးဖြစ်သည်ကို တွေ့ရသည်။

ရယ်စရာကောင်းသော မိသားစုဗီဒီယိုများသည် မကောင်းသောအရာ မဟုတ်ပါ။ သို့သော်လည်း ၎င်းတို့သည် ကျွန်မတို့က အခြားသူများ၏အခက်အခဲကို ရယ်တတ်၊ အခွင့်အရေးယူတတ်ကြောင်းကို ဖော်ပြနေသည်။ ဩဗဒိဗျာဒိတ်ရူပါရုံ၌ ပြိုင်ဘက်ပြည် (၂) ခုဖြစ်သော ဣသရေလပြည်နှင့် ဧဒုံပြည်တို့ကြားတွင် ထိုကဲ့သို့အဖြစ်အပျက်တစ်ခုကို တွေ့ရသည်။ ဘုရားသခင်သည် ဣသရေလပြည်အား ၎င်းတို့၏အပြစ်များအတွက် အပြစ်ပေးသောအခါ ဧဒုံပြည်သည် ဝမ်းမြောက်ခဲ့သည်။ သူတို့သည် ဣသရေလပြည်သားများအပေါ် အခွင့်ကောင်းယူကာ ၎င်းတို့၏ ပစ္စည်းဥစ္စာများကိုလုယူသည်။ သူတို့ထွက်ပြေးရာလမ်းကိုပိတ်ပြီး သူတို့ကို ရန်သူများလက်သို့အပ်ခဲ့သည် (ဩ…

အသေးစိတ်ကို ဂရုပြုတော်မူသောဘုရားသခင်

ကယ်ဗင် နှင့် ကင်ဘာလီ တို့အတွက် စိတ်ပျက်စရာ ရက်သတ္တပတ်ဖြစ်သည်။ ကယ်ဗင်၏ အတက်ရောဂါအခြေအနေ ရုတ်တရက်ပိုမိုဆိုးရွားလာခဲ့ပြီး သူ့ကို ဆေးရုံတင်လိုက်ရသည်။ ကပ်ရောဂါဆိုးကြားတွင် ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာမှ ခေါ်ယူမွေးစားထားသည့် သူတို့၏သားသမီး မောင်နှမလေးဦးမှာလည်း အိမ်တွင်း၌ ကြာရှည်စွာနေရသောကြောင့် အဆုံးစွန်ငြီးငွေ့နေကြသည်။ ထို့ပြင် ရေခဲသေတ္တာ၌ သင့်တော်သောအစားအသောက်ကို ကင်ဘာလီ မတွေ့ပြန်။ ထူးထူးဆန်းဆန်း ထိုအချိန်၌ သူမသည် မုန်လာဥနီစားချင်စိတ်ပေါ်ခဲ့သည်။

တစ်နာရီခန့်အကြာတွင် သူတို့၏မိတ်ဆွေများဖြစ်သော အမန်ဒါနှင့်အန်ဒီတို့သည် သူတို့မိသားစုအတွက် ပြင်ဆင်လာသည့် စားစရာ တစ်ပြုံတစ်ခေါင်းနှင့်အတူ တံခါးလာခေါက်ပြီးရပ်နေသည်။ စားစရာများတွင် မုန်လာဥနီလည်းပါသည်။

မာရ်နတ်သည် အသေးစိတ်ကြံစည်သည်ဟု လူတို့ပြောတတ်ကြသည်။ မဟုတ်ပါ။ ဂျူးလူမျိုးတို့၏သမိုင်းရှိ အံ့ဖွယ်ဇာတ်လမ်းတစ်ပုဒ်က ဘုရားသခင်သည် အသေးစိတ်ကို ဂရုစိုက်အလေးထားကြောင်းကို ဖော်ပြနေသည်။ “ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ” (ထွ ၁:၂၂)ဟု ဖာရောဘုရင်က မိန့်ကြားခဲ့သည်။ ထိုလူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စဥ်သည်…

ဝမ်းမြောက်ရသည့် အကြောင်းအရင်းများ

အသင်းတော်ရှိ လူအများ မိတ်သဟာယဖွဲ့ရာနေရာသို့ မစ္စ် ဂလန်းဒါ ဝင်လာတိုင်း အခန်းတစ်ခုလုံးသို့ သူမ၏ဝမ်းမြောက်ခြင်းများ ကူးစက်ပျံ့နှံ့သွားသည်။ ခက်ခဲသည့် ဆေးဝါးကုသမှုခံယူခဲ့ရာမှ သူမ ပြန်လည်သက်သာလာခါစဖြစ်ပြီး ပုံမှန်ပြုလုပ်နေကျ ဘုရားကျောင်းပြီးချိန် နှုတ်ဆက်ခြင်းအစီအစဥ်အတွက် သူမ ကျွန်မထံ ရောက်လာရာ၊ ပြီးခဲ့သည့်နှစ်များတစ်လျှောက် ကျွန်မနှင့်အတူ သူမငိုကြွေးခဲ့ခြင်း၊ နူးညံ့စွာ အမှားထောက်ပြပြုပြင်လျက် ခွန်အားပေးခဲ့သည့်အချိန်တိုင်းအတွက် ဘုရားသခင်အား ကျေးဇူးတင်မိသည်။ သူ့ကြောင့် ကျွန်မ၏ခံစားချက်များ နာကျင်ထိခိုက်ရသည်ဟု ယူဆသည့်အခါတိုင်း သူမကိုခွင့်လွှတ်ရန်ပင် ပြောခဲ့သည်။ မည်သည့် အခြေအနေမျိုးပင်ဖြစ်ဖြစ် ကျွန်မ၏ရုန်းကန်နေရမှုများကို သူမအား ရိုးသားပွင့်လင်းစွာ ဝေမျှရန်နှင့် ကျွန်မတို့၌ ဘုရားသခင်အား ချီးမွမ်းရန် အကြောင်းအရင်းများစွာ ရှိနေကြောင်းကို သူမက သတိပေးသည်။

အမေဂလန်းဒါသည် (သူမအား ထိုသို့ခေါ်ရန် ကျွန်မကို ခွင့်ပြုထားသည်) ကျွန်မအား နူးညံ့ညင်သာစွာ ပွေ့ဖက်ပြီး “ကလေးရေ” ဟုခေါ်သည်။ ကျွန်မတို့ ခဏမျှ စကားစမြည်ပြောပြီး အတူတူ…

စကားလုံးများထက်ကျော်လွန်သော

Thomas Aquinas (သောမတ်(စ်)အကွိုင်းနတ်စ်) (၁၂၂၅-၁၂၇၄)သည် ခရစ်ယာန်ယုံကြည်ချက်ကို ကာကွယ်ရပ်တည်သည့် အသင်းတော်၏အချီးကျူးခံရဆုံး ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သို့ရာတွင် သူမသေဆုံးမီ (၃) လမျှအလို၌ သူ့ဘဝတစ်လျှောက်လုပ်ဆောင်မှုတွင် အလွန်ကြီးမားသောအမွေအနှစ်ဖြစ်သည့် ‘Summa Theologica’ (ဓမ္မပညာသွန်သင်ချက် ပေါင်းချုပ်)ကို အကြောင်းအရာတစ်ခုကြောင့် ပြီးပြတ်အောင် မရေးသားနိုင်ခဲ့ပေ။ ကယ်တင်ရှင်ဘုရား၏ ချိုးဖဲ့သောခန္ဓာနှင့် သွန်းလောင်းသောအသွေးတော်ကို ဆင်ခြင်အောက်မေ့စဥ် သူစကား မပြောနိုင်လောက်အောင် ဖြစ်စေသည့် ရူပါရုံတစ်ခုကို မြင်ခဲ့ရကြောင်း၊ “ကျွန်ုပ်ထပ်ပြီး စာရေးလို့မရတော့ဘူး။ ကျွန်ုပ်ရေးသားခဲ့သမျှကို ကောက်ရိုးကဲ့သို့သာ ဖြစ်စေသည့်အရာကို ကျွန်ုပ်မြင်တွေ့ခဲ့ရတယ်”ဟု သူပြောကြားခဲ့သည်။

အကွိုင်းနတ်စ် မတိုင်မီ ရှင်ပေါလုသည်လည်း ရူပါရုံတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ကောရိန္သုသြဝါဒစာဒုတိယစာစောင်တွင် ထိုအတွေ့အကြုံကို ရှင်ပေါလုက ဖော်ပြထားသည်။ “ထိုသူသည် (ငါသည်) ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည့်အကြောင်းကို ငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင်သိတော်မူ၏”…

ဘုရားသခင် အမိန့်တော်ရှိသည်

၁၈၇၆ ခုနှစ်တွင် တီထွင်ဖန်တီးသူ Alexander Graham Bell (အလက်ဇန်းဒါးဂရေဟမ်ဘဲလ်)သည် တယ်လီဖုန်းဖြင့် ပထမဦးဆုံး စကားပြောခဲ့သည်။ သူ၏ လက်ထောက်ဖြစ်သူ Thomas Watson (သောမတ်စ်ဝပ်ဆန်)အား “ဝပ်ဆန်ရေ၊ ဒီကိုလာခဲ့ပါ။ ငါ မင်းကို တွေ့ချင်တယ်”ဟု သူက ဖုန်းခေါ်ဆိုခဲ့သည်။ ပြတ်တောင်း ပြတ်တောင်းနှင့် သဲသဲကွဲကွဲ မကြားရသော်လည်း ဘဲလ်ပြောသည့်အရာကို ဝပ်ဆန်ကြားပြီး နားလည်သည်။ တယ်လီဖုန်းနှင့် ဘဲလ်ပြောခဲ့သည့် ပထမဆုံးစကားက လူတို့၏ဆက်သွယ်ရေးနေ့သစ် အရုဏ်တက်ခဲ့ပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။

“အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်”သော (က ၁:၂) ကမ္ဘာမြေကြီးတွင် ပထမနေ့ရက် အရုဏ်ဦးကို ဖန်ဆင်းသည့်အချိန်တွင် ဘုရားသခင်၏ပထမဉီးဆုံး မိန့်တော်မူချက်ကို သမ္မာကျမ်းစာ၌ “အလင်းဖြစ်စေ” (:၃)ဟု မိန့်တော်မူကြောင်းမှတ်တမ်းတင်ထားသည်။ ထိုစကားလုံးများသည် ဖန်ဆင်းခြင်းတန်ခိုးနှင့် ပြည့်လျက်ရှိသည်။ ဘုရားသခင်မြွက်ဆိုတော်မူသည့်အခါ ထိုမြွက်ဆိုတော်မူသည်အတိုင်း ဖြစ်တည်လာသည် (ဆာ ၃၃:၆၊ ၉)။ ဘုရားသခင်က “အလင်းဖြစ်စေ”…

ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသော ခရစ်တော်

အင်္ဂလိပ်တရားဟောဆရာ F. B. Meyer (အက်ဖ်ဘီမေယာ) (၁၈၄၇-၁၉၂၉)သည် “ကိန်းဝပ်တော်မူသောခရစ်တော်ဆိုင်ရာ နက်နဲသောဒဿန”ဟု သူခေါ်ဆိုသည့်အရာကို ပုံဖော်ရန် ကြက်ဥတစ်လုံးကို ဥပမာထား အသုံးပြုခဲ့သည်။ မျိုးဖောက်ထားသော ကြက်ဥအနှစ်သည် ဥခွံထဲတွင် ကြက်ကောင်ပေါက်လေးအဖြစ် မဖြစ်ထွန်းမီတိုင်အောင် တစ်နေ့ပြီးတစ်နေ့ ကြီးထွားလာသော ‘အသက်ပိုး’လေးဖြစ်ကြောင်း သူသတိပြုမိခဲ့သည်။ အလားတူပင် သခင်ယေရှုသည် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့၏အတွင်း၌ ကြွလာအသက်ရှင်ကာ ကျွန်ုပ်တို့ကို ပြောင်းလဲပေးနေသည်။ “ယခုမှစ၍ ခရစ်တော်သည် ရှင်သန်တိုးပွားကာ အရာခပ်သိမ်းကိုလွှမ်းမိုးလျက် သင့်အထဲ၌ ဖြစ်တည်နေလိမ့်မည်”ဟု မေယာက ဆိုသည်။

ယုံကြည်သူတို့အထဲ၌ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ခရစ်တော်ကိန်းဝပ်တော်မူခြင်း အံ့သြဖွယ်ဖြစ်ရပ်မှန်ကို သူ၏စကားလုံးများအားဖြင့် အပြည့် အဝပုံဖော်ရန် မဖြစ်နိုင်ကြောင်းကို သိရှိလျက် သခင်ယေရှု၏သမ္မာတရားများကို မပြည့်မစုံ ဖော်ပြခြင်းအတွက် သူက တောင်းပန်ခဲ့သည်။ “ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌…

ရှင်သန်ခြင်း လက္ခဏာများ

အလှမွေးဂဏန်းတစ်စုံကို ကျွန်မ၏သမီး လက်ဆောင်ရသောအခါ သူမသည် ထိုအကောင်လေးများ သဲတူးပြီးပုန်းနိုင်စေရန် ဖန်လုံးထဲသို့ သဲများဖြည့်ထားပေးသည်။ ၎င်းတို့ စားသောက်ရန်အတွက် ရေ၊ ပရိုတိန်းနှင့် အသီးအနှံအပိုင်းအစများကို ဖြည့်ဆည်းပေးထားသည်။ သူတို့သည် ပျော်ရွှင်နေပုံရပြီး တစ်နေ့တွင် သူတို့ပျောက်သွားရာ ကျွန်မတို့ထိတ်လန့်သွားခဲ့သည်။ ကျွန်မတို့ နေရာစုံတွင် ရှာဖွေခဲ့ကြပြီး နောက်ဆုံးတွင် သဲအောက်၌ သူတို့ရှိနေကြောင်းသိလိုက်ရသည်။ သူတို့၏အခွံမာများကို အသစ်လဲလှယ်ကြသည်ဖြစ်၍ ထိုနေရာ၌ နှစ်လခန့်မျှ ကြာဉီးမည်ဖြစ်သည်။

အချိန်နှစ်လကုန်သွားပြီး နောက်ထပ်တစ်လ ထပ်ကြာနေသောအခါ သူတို့သေသွားမည်ကို ကျွန်မတို့စိုးရိမ်ခဲ့ကြသည်။ ကျွန်မတို့ကြာကြာစောင့်ဆိုင်းရလေ ပို၍စိတ်မရှည်လေဖြစ်လာသည်။ နောက်ဆုံးတွင် ၎င်းတို့အသက်ရှင်နေသောလက္ခဏာကို ကျွန်မတို့တွေ့လာပြီး ဂဏန်းလေးများ သဲထဲမှ ထွက်လာကြသည်။

ဣသရေလလူမျိုးများ ဗာဗုလုန်တွင် ပြည်နှင်ဒဏ်ခံရချိန်၌ သူတို့အတွက် ဘုရားသခင်၏ပရောဖက်ပြုချက် ပြည့်စုံလာပါဉီးမည်လားဟု ဣသရေလလူမျိုးများ သံသယဖြစ်မိနိုင်ကြောင်းကို ကျွန်မပြန်ဆင်ခြင်မိသည်။ သူတို့ စိတ်ပျက်အားငယ်ခဲ့ကြပါသလား။ သူတို့ ထိုနေရာတွင် ထာဝရနေသွားရမည်ကို စိုးရိမ်ခဲ့ကြပါသလား။ ဘုရားသခင်က “ငါထားသောကတိကောင်းကို…

ဘေဘီဘွိုင်း

အချိန်တစ်နှစ်ကျော်ကြာသည့်တိုင် သူ၏တရားဝင်နာမည်မှာ “ဘေဘီဘွိုင်း”ဖြစ်ခဲ့ သည်။ ဆေးရုံ၏ကားရပ်နားသည့် နေရာတစ်ခုတွင် ကလေးငိုသံကို ကြားသွားသော လုံခြုံရေးအစောင့်တစ်ဦးက သူ့ကိုရှာဖွေတွေ့ရှိခဲ့ပြီး ဘေဘီဘွိုင်းသည် နာရီပိုင်းအရွယ်သာရှိသေးသော၊ အိတ်တစ်လုံးနှင့် ထုပ်ပိုးစွန့်ပစ်ထားခြင်းခံခဲ့ရသူ ဖြစ်သည်။

သူ့ကိုတွေ့ရှိပြီး မကြာမီမှာပင် လူမှုကူညီရေးအဖွဲ့များက တစ်ချိန်ချိန်တွင် သူ့အတွက် အမြဲတမ်းမိသားစုဖြစ်လာမည့်သူများကို ဆက်သွယ်ခဲ့သည်။ လင်မယား နှစ်ဦးသည် သူ့ကို ခေါ်ယူမွေးစားပြီး ဂရေဆန် (အမည်ရင်းမဟုတ်) ဟုမှည့်ခေါ်ခဲ့ကြသည်။ နောက်ဆုံးတွင် မွေးစားခြင်းအမှု ပြီးမြောက်သွားပြီး ဂရေဆန်၏အမည်သည်လည်း တရားဝင်ဖြစ်လာခဲ့သည်။ ယနေ့တွင် စကားပြောဆိုရာတွင် စိတ်အားထက်သန်စွာ ပြောချင်နေသောကြောင့် အသံထွက်မပီကလာလေး ပြောနေသည့် ချစ်စဖွယ်ကလေးတစ်ဦးကို သင်တွေ့နိုင်သည်။ ထိုကလေးသည် တစ်ချိန်က အိတ်တစ်လုံးနှင့်စွန့်ပစ်ခံရသူဟု သင်မည်သို့မျှ ခန့်မှန်းမိမည်မဟုတ်ပေ။

မောရှေသည် သူ့ဘဝနှောင်းပိုင်းတွင် ဘုရားသခင်၏ ထူးခြားသောလက္ခဏာနှင့် ဣသရေလလူမျိုးများအတွက် ကိုယ်တော်ပြုပေးခဲ့သည့် အရာများကို ပြန်လည်ဆင်ခြင်သုံးသပ်လျက် “ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်ခင်မြတ်နိုး (သည် )”…