စုံစမ်းခြင်းများအတွက် ကျေးဇူးတော်
Annie Johnson Flint (အယ်နီဂျွန်ဆန်ဖလင့်)သည် အထက်တန်းကျောင်းအောင်ပြီး မကြာမီ အဆစ်မြစ်ရောင်ရောဂါ ပြင်းထန်မှုကြောင့် မသန်စွမ်းဖြစ်ခဲ့သည်။ သူမသည် ဘယ်တော့မှ လမ်းမလျှောက်နိုင်တော့ဘဲ သူ့လိုအပ်မှုကို ကူညီလုပ်ဆောင်ပေးရန် အခြားသူအပေါ် မှီခိုခဲ့ရသည်။ သူမစပ်ဆိုရေးသားသည့် ကဗျာနှင့်ဓမ္မတေးများကြောင့် ဧည့်သည်များစွာကို သူမတွေ့ဆုံရပြီး၊ ၎င်းတို့အနက် အမှုတော်လုပ်ငန်း၌ စိတ်ဓာတ်ကျနေသည့် အမှုတော်ဆောင်ဆရာမတစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုဆရာမ အိမ်ပြန်ရောက်သော် ဘဝတွင် ဤမျှခက်ခဲသောအရာများကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုထားသနည်းဟု အယ်နီ့ ထံ စာရေးပေးပို့ခဲ့သည်။
ထိုစာကို တုံ့ပြန်သည့်အနေဖြင့် အယ်နီက ကဗျာတစ်ပုဒ်ကို ပေးပို့ခဲ့သည်။ “ကောင်းကင်ကြီး အမြဲပြာပြီးသာယာနေမယ်၊ ဒို့ဘဝများလည်း အမြဲပန်းခင်းလမ်းဖြစ်မယ်လို့ ဘုရားသခင် ကတိမပေးထားပါ။ ၎င်းအစား စုံစမ်းခြင်းများအတွက် ကျေးဇူးတော်နှင့် အထက်အရပ်မှမစမှု၊ မကုန်ခန်းသောကရုဏာတော်နှင့် မကုန်ဆုံးသောမေတ္တာတော်ကို ပေးမည်ဟု ကိုယ်တော်ကတိပြုခဲ့သည်။” ဆင်းရဲဒုက္ခကို သူမ မကြာခဏကြုံတွေ့ရသော်လည်း ဘုရားရှင်သည် သူချစ်သောသူများကို ဘယ်တော့…
ရွှေငါးလေး မွန်စထရို
လေစီစကော့သည် သူ့မြို့ရှိ အိမ်မွေးတိရစ္ဆာန်ဆိုင်တွင် သနားစရာကောင်းသော ငါးလေးတစ်ကောင်ကို ကန်အောက်ခြေတွင် ရုတ်တရက်တွေ့လိုက်သည်။ ငါးလေး၏အကြေးခွံများမှာ မည်းနေပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာ ရှိနေ သည်။ အသက် (၁၀)နှစ် ရှိပြီဖြစ်သော ထိုငါးလေးကို လေစီ ကယ်တင်ခဲ့ပြီး “Pinocchio” (ပင်နိုချီယို) ပုံပြင်လေးထဲမှ ဝေလငါးကို အစွဲပြုကာ “မွန်စထရို”ဟုနာမည်ပေးလျက် ၎င်းကို “ဆေးကု”ကန်လေး၌ ထည့်ထားပြီး နေ့စဉ်ရေလဲပေး သည်။ မွန်စထရို၏အခြေအနေက တဖြည်းဖြည်းတိုးတက်လာပြီး ရေကူးနိုင်ကာ အရွယ်အစားလည်း ကြီးလာသည်။ သူ၏အမည်းရောင် အကြေးခွံများသည်လည်း ရွှေရောင်သို့ ပြောင်းလဲသွားသည်။ လေစီ၏ ကောင်းစွာဂရုစိုက်မှုနှင့်အတူ မွန်စထရိုသည် အသစ်ပြုပြင်ခြင်းသို့ ရောက်ခဲ့ရသည်။
ရှင်လုကာခရစ်ဝင် ၁၀ တွင် သေလုမြောပါး အရိုက်ခံရပြီး လုယက်ခံရသော ခရီးသွား တစ်ယောက်အကြောင်းကို သခင်ယေရှု ပြောပြသည်။ ယဇ်ပရောဟိတ်နှင့် လေဝိလူသည် ထိုသူ၏ဒုက္ခကို လျစ်လျူရှူ၍ ကျော်သွားကြသည်။ သို့သော်…
ကပ်ဘေးအားဖြင့် ခေါ်ယူတော်မူခြင်း
၁၇၁၇ ခုနှစ်၊ အလွန်ပြင်းထန်သောမုန်တိုင်းက ရက်အတန်ကြာတိုက်ခတ်ခဲ့သဖြင့် မြောက်ပိုင်းဥရောပတလွှားတွင် ရေကြီးမှုဖြစ်ပွားစေခဲ့သည်။ နယ်သာလန်၊ ဂျာမနီနှင့် ဒိန်းမတ်နိုင်ငံတို့တွင် လူထောင်ပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးခဲ့ကြသည်။ သမိုင်းကိုပြန်ကြည့်လျှင် ထိုအချိန်က ပြည်နယ်အစိုးရတစ်ဖွဲ့၏ အလွန်ထူးခြားသော လုပ်ဆောင်ချက်ကို တွေ့ရသည်။ နယ်သာလန်နိုင်ငံ၊ ဒတ်ချ် မြို့တော် ဂရိုနင်ဂန်မြို့အစိုးရ၏ ကပ်ဘေးအပေါ်တုံ့ပြန်ချက်မှာ “ဆုတောင်းရာနေ့” သတ်မှတ်လိုက်ခြင်း ပင်ဖြစ်သည်။ မြို့သူမြို့သားများက ဘုရားကျောင်းတွင် စုဝေးကြကာ တရားဟောချက်များ နားထောင်၊ ဆာလံသီချင်းများဆို၍ နာရီများစွာ ဆုတောင်းခဲ့သည်။
ယုဒလူမျိုးတို့ကြုံရသော အလွန်ဆိုးဝါးသည့်ကပ်ဘေးက သူတို့ဆုတောင်း ရန် ပို့ဆောင်ခဲ့ကြောင်း ပရောဖက်ယောလလည်း ဖော်ပြခဲ့သည်။ မြောက်များစွာသော ကျိုင်းကောင်များက မြေပြင်ကို ဖုံးလွှမ်းလျက် “စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ... သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ” (ယောလ ၁:၇)။ သူနှင့် သူ့လူများ ကပ်ဘေးနှင့် လုံးပန်းနေရစဉ် “ဘုရားရှင် ကယ်မရန်” ယောလဆုတောင်းခဲ့သည် (:၁၉)။ မြောက်ပိုင်းဥရောပတိုက်နှင့်…
မဖွင့်ပြသေးသောကြွယ်ဝမှုများ
မားစ်နှင့် ဂျူပီတာဂြိုဟ်ကြားရှိ ဂြိုဟ်ပတ်လမ်းတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ဂြိုဟ်ငယ်တစ်ခုကို တွေ့ရှိခဲ့သည်။ ‘16 Psyche’ (၁၆ ဆိုင်ခီ)ဟု အမည်ရသည် ထိုဂြိုဟ်ငယ်တွင် စဥ်းစားမရနိုင်လောက်အောင် တန်ဖိုးရှိသည့် ရွှေ၊ သံ၊ နီကယ်နှင့် ပလက်တီနမ်တို့ တည်ရှိနေကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ ယခုထိတော့ လူသားများက ထိုသံယံဇာတများကို ရယူနိုင်ရန် မကြိုးစားသေးပါ။ သို့သော် အမေရိကန်နိုင်ငံကမူ ထိုတန်ဖိုးကြီးလှသည့် ဂြိုဟ်ကိုလေ့လာရန် အာကာသယာဥ်လွှတ်တင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
မဖွင့်ပြ မသိရသေးသောဥစ္စာများက ကျွန်ုပ်တို့လက်လှမ်းမမီသည့်အရပ်၌ ရှိနေသည်ဆိုသည့်စကားက မချင့်မရဲဖြစ်စေသလို အတော်စိတ်မသက်မသာဖြစ်စေပါသည်။ သေချာသည်မှာ တစ်ချိန်၌ ထိုအဖိုးတန်သယံဇာတများအတွက် ‘16 Psyche’သို့ သွားသင့်ကြောင်း အခိုင်အမာပြောဆိုသူများ ရှိလာဦးမည်ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့လက်တစ်ကမ်း၌ ရှိနေသည့်ကြွယ်ဝမှုများအတွက်ဆိုလျှင် ထိုအရာများကိုရရန် လူတိုင်းကြိုးစားမည် မဟုတ်ပါလား။ တမန်တော် ရှင်ပေါလုက ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးတွင် တွေ့ရသည့် ကျွန်ုပ်တို့လက်လှမ်းမီသော ကြွယ်ဝမှုအကြောင်းကို…
ရဲ့ရင့်စွာ ရပ်တည်ခြင်း
အမေရိကန်နိုင်ငံ၊ အီလီနွိုက်မြို့ငယ်လေးတွင် ရပ်ရွာအတွင်း ရာဇ၀တ်မှုအားလုံး၏ (၄၀) ရာခိုင်နှုန်းသည် အိမ်တွင်းအကြမ်းဖက်မှုဖြစ်သည်။ ဒေသခံသင်းအုပ်ဆရာ တစ်ဦး၏ ပြောကြားချက်အရ၊ ဤပြဿနာကို ပြောဆိုရခြင်းက အဆင်မပြေသောကြောင့် ယုံကြည်သူအသိုင်းအဝိုင်းတွင် မကြာခဏဖုံးကွယ်ထားကြသည်။ ထို့ကြောင့်ပြဿနာကြောင့် ရှက်ရွံ့နေမည့်အစား အကြမ်းဖက်မှုလက္ခဏာများကို သိရှိရရန် အမှုတော်ဆောင်များသည် သင်တန်းများတက်ခြင်းနှင့် ဤပြဿနာများကို ဖြေရှင်းပေးသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းများကို ပံ့ပိုးကူညီခြင်းဖြင့် ပြဿနာကို သတ္တိရှိရှိဖြေရှင်းရန်နှင့် ယုံကြည်ခြင်းကို လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။ ဒေသခံ အမှုတော်ဆောင်တစ်ဦးက ယုံကြည်ခြင်းနှင့် အရေးယူလုပ်ဆောင်ခြင်း၏အစွမ်းကို အသိအမှတ်ပြုဝန်ခံလျက် “ကျွန်တော်တို့ရဲ့ဆုတောင်းခြင်း၊ သနားကြင်နာခြင်းနှင့် တကွ မြင်သာထင်ရှားတဲ့ ထောက်ပံ့မှုက အရေးကြီးတဲ့ ခြားနားမှုတစ်ခုကို ဖန်တီးနိုင် ပါတယ်”ဟု ပြောသည်။
ပါးရှားဘုရင်မ ဧသတာသည် သူ့လူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ခွင့်ပေးထားသော ဥပဒေကို ဆန့်ကျင်ပြီး ထုတ်ဖော်ပြောကြားရန် ချီတုံချတုံ ဖြစ်နေသော အခါ သူမ နှုတ်ဆိတ်နေပါက သူနှင့်သူ့မိသားစုလည်း မလွတ်ဘဲ…
နှိမ့်ချခြင်းသည် အမှန်တရားဖြစ်သည်
(၁၆) ရာစုနှစ် ယုံကြည်သူ စပိန်နိုင်ငံ၊ အဗီလာမြို့မှ ထရီဇာ (Teresa of Avila)သည် တစ်နေ့၌ ဘုရားသခင်သည် အဘယ့်ကြောင့် နှိမ့်ချခြင်းကို လွန်စွာတန်ဖိုးထားသနည်းဟု ဆင်ခြင်ရင်း ရုတ်တရက် အဖြေကို သိရှိခဲ့သည်။ “အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အမြင့်မြတ်ဆုံးသော သမ္မာတရားဖြစ်ပြီး နှိမ့်ချခြင်းသည် အမှန်တရားဖြစ်သည်။ ကျွန်ုပ်တို့ထံမှ မည်သည့်ကောင်းသောအရာမျှ မစီးဆင်းပါ။ကောင်းသောအရာသည် မြစ်နားမှာစိုက်သောအပင်ကဲ့သို့ စိတ်ဝိညာဥ်တည်ရှိအမှီပြုနေသော ကျေးဇူးတော်မြစ်ရေမှ စီးဆင်းလာပြီး တရားတော်နေမင်းသည် ကျွန်ုပ်တို့၏ကျင့်ကြံပြုမူမှုများကို ရှင်သန်စေသည်။” ထရီဇာက “ဆုတောင်းခြင်းသည် နှိမ့်ချခြင်း၏အလုံးစုံ အုတ်မြစ်ဖြစ်သောကြောင့် ဆုတောင်းခြင်း၌ ကျွန်ုပ်တို့ ပို၍နှိမ့်ချလေလေ ဘုရားသခင်သည် ကျွန်ပ်တို့ကို ပို၍ ချီးမြောက်လိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းအားဖြင့် လက်တွေ့ဘဝ၌ မိမိကိုယ်ကို ကျောက်ချအခြေပြု ရှင်သန်ကြ၏”ဟု နိဂုံးချုပ်ခဲ့သည်။
နှိမ့်ချခြင်းနှင့်ပတ်သက်သော ထရီဇာ၏စကားများက ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၄ ရှိ ကျမ်းစကားကို…
မှန်ကန်သောလမ်းများအား ပိုင်းခြားခြင်း
(၁၆)နှစ်အရွယ် ဘရာဇီး စကိတ်ဘုတ်ကစားသမား Felipe Gustavo (ဖိလစ် ဂူစတာဗို)သည် “ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး စကိတ်ဘုတ်ကစားသမားများ အနက် တစ်ယောက်ဖြစ်လာမည်” ဟု မည်သူမျှ ယုံမည် မဟုတ်ပါ။ ဂူစတာဗို၏ဖခင်က သူ့သား၏ ကျွမ်းကျင်စွာစကိတ်စီးနိုင်ခြင်း အိပ်မက်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ယုံကြည်သော်လည်း သူတို့ ငွေကြေးမတတ်နိုင်ပါ။ ထို့ကြောင့် သူ၏ဖခင်က သူတို့၏ကားကိုရောင်းပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရေဒါပြည်နယ်၏ နာမည်ကြီး Tampa Am စကိတ်စီး ပြိုင်ပွဲသို့ သားကို ခေါ်ဆောင်ခဲ့သည်။ ဂူစတာဗို အနိုင်မရရှိမီအထိ မည်သူမျှ သူ့ကို မသိပါ။ သို့နှင့် ထိုအောင်မြင်မှုသည် သူ့အား အံ့ဩဖွယ်ကောင်းသော အသက်မွေးမှုလမ်းကြောင်းသို့ ပို့ဆောင်ပေးခဲ့သည်။
ဂူစတာဗို၏ဖခင်သည် သူ့သား၏ဝါသနာနှင့် စိတ်ထက်သန်မှုကို မြင်နိုင်စွမ်းရှိခဲ့သည်။ ဂူစတာဗိုက “တစ်နေ့ ကျွန်တော်ဖခင်တစ်ဦးဖြစ်လာတဲ့အခါ အဖေ့ရဲ့ (၅) ရာခိုင်နှုန်းလောက်ပဲ ကျွန်တော်ဖြစ်ချင်တယ်” ဟုပြောခဲ့သည်။…
စွန့်လွှတ်ရန် ခွန်အား
တစ်ခါက ကမ္ဘာ့အသန်မာဆုံးလူသား ဟုလူထင်ရှားသော အမေရိကန်အလေးမသမား Paul Anderson (ပေါလ်အန်ဒါစန်)သည် ၁၉၆၅ ခုနှစ်၊ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ အိုလံပစ်ပွဲတော်၌ အဖျား (၁၀၃)ဒီဂရီနှင့် ပြင်းထန်သော နားအတွင်းပိုင်း ကူးစက်ဝေဒနာ ခံစားနေရသော်လည်း ကမ္ဘာ့စံချိန်တစ်ခုတင်နိုင်ခဲ့သည်။ သူသည် ရှေ့ပြေးနေသူ ပြိုင်ဖက်များကို မယှဥ်နိုင်ဘဲ သူ၏ ပထမ (၂) ကြိမ် အားထုတ်မှုမှာ ဆိုးရွားစွာရှုံးနိမ့်ခဲ့သဖြင့် ရွှေတံဆိပ်ဆုရရန်အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ သူ၏တတိယအကြိမ် နောက်ဆုံးအားထုတ်မှု၌ ကမ္ဘာ့အိုလံပစ်စံချိန်သစ်တင်ရန်ဖြစ်သည်။
သို့နှင့် လူသန်အားကစားသမားသည် အားအနည်းဆုံးသူပင် လုပ်နိုင်သည့် အရာကို လုပ်ခဲ့သည်။ သူ၏တတ်စွမ်းနိုင်မှုကို စွန့်လျက် ဘုရားသခင်ထံမှ အထူးခွန်အားကို တောင်းခဲ့သည်။ “ဒါဟာ အပေးအယူလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော် အကူအညီလိုအပ်တာလေ” ဟု နောက်ပိုင်း၌ သူပြောခဲ့သည်။ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုတွင် သူ၏ဦးခေါင်းထက်၌ ပေါင် ၄၁၃.၅ (၁၈၇.၅ ကီလို)ကို…
ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးခြင်း
ကြီးမားသော ဝက်သစ်ချပင်တစ်ပင်ကို မီးဖိုချောင်စားပွဲပေါ်၌ထားနိုင်မည့် သေးငယ်သောအရွယ်အပင်အဖြစ် မြင်ယောင်ကြည့်ပါ။ ၎င်းသည် တော၌ တွေ့ရသည့်အပင်ကို အလှစိုက်အပင်ငယ်အဖြစ် တွေ့ရသည့် သက်ကြီးပင်ပု ဘွန်ဆိုင်းပင် (bonsai)ဖြစ်သည်။ ဘွန်ဆိုင်းပင်နှင့် ၎င်း၏မူရင်း အရွယ်အစားရှိသည့်အပင်တို့ကြားတွင် မျိုးရိုးဗီဇ ကွာခြားမှု မရှိပါ။ ရိုးရိုးလေးပါ။ အိုးအသေး၊ အကိုင်းချိုင်ခြင်းနှင့် ကြီးထွားမှုကို ကန့်သတ်သော အမြစ်ညှိခြင်းတို့ကြောင့် အပင်သည် သေးငယ်စွာ ကျန်ခဲ့သည်။
ဘွန်ဆိုင်းပင်များသည် လှပသော ဆွဲဆောင်မှုရှိသည့်အပင်များဖြစ်ပြီး ၎င်းအပင်က တစ်စုံတစ်ရာ၏ထိန်းချုပ်မှုတန်ခိုးကိုလည်း ဖော်ပြနေသည်။ အပင်များ၏ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုကိုလိုက်ပြီး ၎င်းတို့၏ကြီးထွားမှုကို လိုသလို ချယ်လှယ်နိုင်သည်မှန်သော်လည်း စင်စစ် ဘုရားသခင်သည်သာ အပင်ကို ကြီးထွားစေသူဖြစ်သည်။
ပရောဖက်ယေဇကျေလအား “ငါထာဝရဘုရားသည် မြင့်သောအပင်ကို နှိမ့်၍ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း” (ယေ ၁၇:၂၄) ဘုရားသခင် မိန့်ကြားခဲ့သည်။ ဗာဗုလုန်လူမျိုးများ၏ ကျူးကျော်ဝင်ရောက်မှုကို ခွင့်ပြုခြင်းအားဖြင့် ဣသရေလပြည်ကို “အမြစ်မှနှုတ်ပစ်”မည့် အနာဂတ်အဖြစ်အပျက်ကို နမိတ်ပြခဲ့သည်။…
သခင်ယေရှု၏အကူအညီကို ကျွန်ုပ်တို့လိုအပ်သည်
နောက်ဆုံးတော့ ကျွန်တော်၏ဖခင်လည်း အိုမင်းယိုယွင်းနိုင်ကြောင်းကို သဘောပေါက်နားလည်ခဲ့ရသည့်နေ့ရက် ရောက်လာခဲ့ပြီ။ ကလေးဘဝကအဖေ၏သန်မာမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ပုံတို့ကို ကျွန်တော်သိမြင်ခဲ့သည်။သို့သော် ကျွန်တော်အရွယ်ရောက်စ အစောပိုင်းနှစ်များတွင် သူ၏နောက်ကျော၌ ထိခိုက်ဒဏ်ရာရပြီးနောက် အဖေသည် တစ်ချိန်ချိန်တွင် ဆုံးပါးသွားနိုင်ကြောင်းကို ကျွန်တော်သဘောပေါက်လိုက်သည်။ အဖေ့ကိုရေချိုးခန်းသို့ တွဲခေါ်ခြင်း၊ အ၀တ်အစားကူလဲပေးခြင်းနှင့် ရေခွက်ကို ပါးစပ်ထိရောက်အောင် တေ့တိုက်ပေးရခြင်း စသည်ဖြင့် ကူညီနိုင်ရန် မိဘများနှင့် ကျွန်ဝောာ်အတူနေထိုင်ခဲ့သည်။ ထိုအရာများသည် အဖေ့ကို နှိမ့်ချစေသည်။ အသေးအမွှားအရာလေးများကို သူကိုယ်တိုင်လုပ်ဆောင်ရန် ကြိုးပမ်းမှုအချို့ရှိခဲ့သော်လည်း “မင်းရဲ့အကူအညီ မပါဘဲနဲ့ ငါဘာမှမလုပ်နိုင်တော့ဘူး” ဟု သူ၀န်ခံခဲ့ရသည်။ တဖြည်းဖြည်းနှင့် သူပြန်လည်သန်စွမ်းလာသော်လည်း ဤအတွေ့အကြုံက ကျွန်တော်တို့နှစ်ဦးစလုံးကို ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် လိုအပ်ကြောင်း အရေးကြီးသည့်သင်ခန်းစာကို သင်ပေးခဲ့သည်။
ကျွန်တော်တို့ အချင်းချင်းကိုလိုအပ်နေစဥ်မှာပင် သခင်ယေရှုကို ပိုပြီးလိုအပ်သည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅ တွင် စပျစ်နွယ်ပင်နှင့်အကိုင်းခက်သရုပ်က ကျွန်တော်တို့ ဆက်လက်ခံယူနေရသည့် ဥပမာဖြစ်သည်။ အခြားကျမ်းတစ်ပိုဒ်ကမူ ကျွန်တော်တို့ကို နှစ်သိမ့်မှုပေးသလို ကိုယ့်ကိုကိုယ်…