ချစ်ခြင်း၏အကြီးမြတ်ဆုံးလက်ဆောင်
ကျွန်တော့်သား Geoff (ဂျော့ဖ်)သည် စတိုးဆိုင်မှထွက်လာသောအခါ စွန့်ပစ်ထားသော လမ်းလျှောက်တုတ်ကို တွေ့ပြီး၊ “ဆိုင်အနောက်မှာ အကူအညီလိုနေတဲ့သူ ရှိနေတာ မဟုတ်ပါစေနဲ့”ဟု သူမျှော်လင့်တွေးမိသည်။ သူလှည့်ပတ်ကြည့်လိုက်သောအခါ အဆောက်အအုံ၏နောက်ဘက် လမ်းဘေးတွင် သတိလစ်နေသည့် အိမ်ခြေမဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ဂျော့ဖ် က သူ့ကိုလှုပ်နှိုးလိုက်ပြီး “အဆင်ပြေရဲ့လား”ဟု မေးလိုက်သည်။ “ငါသေအောင် အရက်သောက်နေတာ၊ မုန်တိုင်းကြောင့် ငါ့တဲပျက်စီးသွားပြီး အရာအားလုံးဆုံးရှုံးခဲ့တယ်။ ငါအသက်မရှင်ချင်ဘူး”ဟု သူက ပြန်ဖြေသည်။
ဂျော့ဖ်သည် ခရစ်ယာန် ပြန်လည်ထူထောင်ရေးအဖွဲ့သို့ ဖုန်းဆက်လိုက်ပြီး အကူအညီကို စောင့်နေစဥ် အိမ်သို့ပြန်ပြီး ထိုလူအတွက် သူ့ကိုယ်ပိုင်စခန်းချဖျင်တဲအထုပ်လေးယူလာပေးခဲ့သည်။ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ”ဟု မေးရာ “Geoffrey” (ဂျော့ဖရီ)ဟု အိမ်ခြေမဲ့အမျိုးသားက ပြန်ဖြေသည်။ ဂျော့ဖ်သည် သူ့နာမည် (သို့) သူ့နာမည်စာလုံးပေါင်းကို ပြန်မပြောရသေးပါ။ နောက်ပိုင်းမှ “အဖေ၊ အဲဒါ ကျွန်တော်လည်း ဖြစ်နိုင်တယ်” ဟုကျွန်တော့်အား ပြောခဲ့သည်။…
သင့်မုန်တိုင်းကို ရဲဝံ့စွာရင်ဆိုင်ပါ
၁၉၆၈ ခုနှစ်၊ ဧပြီလ ၃ ရက် ညနေပိုင်းတွင် အမေရိကန်နိုင်ငံ၊ တင်နစီပြည်နယ်၊ မန်ဖစ်စ်မြို့တွင် ပြင်းထန်သော မိုးကြိုးမုန်တိုင်းတိုက်ခတ်လျက်ရှိသည်။ ပင်ပန်းလျက် နာမကျန်းဖြစ်နေသော Rev. Dr. Martin Luther King Jr. (သင်းအုပ် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ) သည် ဘုရားကျောင်းခန်းမတွင် သပိတ်မှောက် သန့်ရှင်းရေးလုပ်သားများကို အားပေးမိန့်ခွန်းပြောရန် အစီအစဥ်မရှိခဲ့ပါ။ သို့ရာတွင် လူအုပ်ကြီးက သူ၏မိန့်ခွန်းကို ကြားနာရန် ရာသီဥတုကို ရဲရဲရင့်ရင့် အန်တုကာ စောင့်ဆိုင်းနေသည်ဟု အရေးပေါ်ဖုန်းခေါ်ဆိုမှုကြောင့် သူအံ့သြသွားခဲ့သည်။ ထို့ကြောင့် ခန်းမသို့ သူသွား၍ မိနစ် ၄၀ စကားပြောခဲ့ပြီး ၎င်းသည် “ငါ တောင်ထိပ်သို့ ရောက်ခဲ့ဖူးပြီ” ဟူသည့် ကျော်ကြားသော မိန့်ခွန်းဖြစ်လာသည်။
နောက်တစ်နေ့တွင် ကင်းသည် လူသတ်သမား၏ ကျည်ဆံဖြင့် အသတ်ခံခဲ့ရသော်လည်း သူ၏မိန့်ခွန်းသည် ဖိနှိပ်ခံပြည်သူများကို “ကတိထားရာပြည်” ဟူသော မျှော်လင့်ချက်ဖြင့်…
အမှောင်နှင့်အလင်း
ကျွန်မသည် တရားရုံး၌ ထိုင်နေရင်း၊ ေလောကကြီး၏ကြေကွဲစရာဖြစ်ရပ်များကို မြင်တွေ့ခဲ့ရသည်။ မိခင်နှင့် ပဋိပက္ခဖြစ်ပြီး စိမ်းကားနေသောသမီး၊ တစ်ချိန်က ရှိခဲ့ဖူးသောမေတ္တာများ ပျောက်ဆုံးပြီး ယခုတွင် ခါးသီးမှုများကိုသာ တွေ့ကြုံခံစားရသည့် ဇနီးမောင်နှံ၊ ဇနီးနှင့်ပြန်လည်သင့်မြတ်ပြီး သားသမီး၊ မိသားစုနှင့်ပြန်လည် ပေါင်းစည်းလိုသောခင်ပွန်း စသည်ဖြင့် အမှုစုံလှသည်။ ပြောင်းလဲသည့်စိတ်နှလုံး၊ ဒဏ်ရာများကို ကုသပျောက်ကင်းလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလွှမ်းမိုးမှုကို သူတို့ခံစားရရန် မဖြစ်မနေ လိုအပ်လျက်ရှိသည်။
တစ်ခါတစ်ရံတွင် မိမိပတ်ဝန်းကျင်၌ အမှောင်ထုနှင့် စိတ်ပျက်ဖွယ်ရာများကို ကြုံရသောအခါ ကျွန်ုပ်တို့လည်း စိတ်ပျက်အားလျော့သွားရန် လွယ်လှသည်။ သို့သော် ထိုကြေကွဲခြင်းနှင့်နာကျင်မှုများကို ကြုံတွေ့နေရသူများအတွက် သခင်ယေရှုအသေခံခဲ့ကြောင်း ခရစ်တော်ကိုယုံကြည်သူများအထဲ၌ ကိန်းဝပ်သောဝိညာဥ်တော်က ကျွန်ုပ်တို့ကို သတိပေးနေသည် (ယော ၁၄:၁၇)။ ရှင်ယေရှုသည် လောကသို့ လူသားအဖြစ် ကြွလာသောအခါ မှောင်မိုက်ထဲသို့ အလင်းကို ဆောင်ယူပေးခဲ့သည် (၁:၄-၅၊ ၈:၁၂)။ အမှောင်ဖုံးချိန်၌ သခင်ယေရှုထံသို့ တိတ်တဆိတ် ရောက်လာပြီးနောက်…
သေခြင်းအားဖြင့် အသက်ရှင်ခြင်း
ခါးလ် သည် ကင်ဆာရောဂါကိုတွန်းလှန်နေရပြီး အဆုတ်အစားထိုးကုသရမည် ဖြစ်သည်။ အဆုတ်သစ်ပေးရန် ဘုရားရှင်ထံဆုတောင်းပြီးနောက် ထိုသို့ ဆုတောင်းရခြင်းကို သူကသိကအောင့် ခံစားခဲ့ရသည်။ “ကျွန်တော်အသက်ရှင်ဖို့ အခြားတစ်ယောက်က သေပေးရမှာဖြစ်လို့” ထိုသို့ဆုတောင်းရခြင်းက ထူးဆန်းကြောင်း သူဝန်ခံခဲ့သည်။
အကြပ်ရိုက်နေသည့် ခါးလ် ၏အဖြစ်က အသက်ကိုပေးရန် သေခြင်းကိုအသုံးပြုခဲ့သည့် သမ္မာကျမ်းစာ၏အခြေခံသမ္မာတရားကို မီးမောင်းထိုးပြနေသည်။ ၎င်းကို ထွက်မြောက်ရာကျမ်းတွင် တွေ့နိုင်သည်။ ကျွန်အဖြစ် မွေးဖွားခဲ့သည့် ဣသရေလလူမျိုးများသည် အဲဂုတ္တု၏ဖိနှိပ်မှုအောက်တွင် ပင်ပန်းဆင်းရဲခဲ့ရသည်။ ဘုရားသခင် ကိုယ်တော်တိုင် မထုတ်ဆောင်မချင်း သူတို့ကို ဖာရောမင်း မလွှတ်ပေးခဲ့ပါ။ အခါမလည်သောသိုးကို သတ်ပြီးအသွေးကို သူတို့၏အိမ်တံခါးဘောင်၌ မသုတ် လိမ်းထားပါက ထိုမိသားစု၏သားဦးတိုင်း သေဆုံးမည် ဖြစ်သည် (ထွ ၁၂:၅-၇)။
ယနေ့ သင်နှင့်ကျွန်ုပ်သည် အပြစ်၏ချည်နှောင်မှုဖြင့် မွေးဖွားလာသည်။အပြစ်နှင့်ကင်းစင်သော ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်၌ အသွေးသွန်း စတေးပြီး ကိုယ်တော်တိုင် မရွေးနုတ်မချင်း စာတန်သည် သူ၏…
ဟောပြောသည့်အတိုင်း လက်တွေ့လုပ်ပါ
ကျွန်မ၏သားအငယ်ဆုံးလေး Xavier (စေဗီယာ) မူကြိုကျောင်းတက်သည့်အရွယ် တွင် ကျွန်မ၏သားများကို နှုတ်ကပတ်တော် စတင်ဖတ်ပြခဲ့သည်။ ၎င်းတို့ သင်ယူနိုင်မည့် အခြအနေကိုရှာဖွေပြီး အသက်တာတွင် ပြန်လည်အသုံးချနိုင်မည့် ကျမ်းညွှန်းများကို ဝေငှလျက် ကျွန်မနှင့်အတူတကွဆုတောင်းရန် သူတို့ကို အားပေးခဲ့သည်။ စေဗီယာသည် အားထုတ်စရာမလိုဘဲ နှုတ်ကပတ်တော်များကို ကျက်မှတ်နိုင်ခဲ့သည်။ ကျွန်မတို့ဉာဏ်ပညာကို လိုအပ်သည့် ခက်ခဲချိန်များနှင့်တွေ့ကြုံရစဥ် စေဗီယာသည် ဘုရားသခင်၏သမ္မာတရားကို ထင်ဟပ်စေသည့် ကျမ်းပိုဒ်များကို ရွတ်ပြခဲ့သည်။
တစ်နေ့ ကျွန်မဒေါသထွက်ပြီး သူကြားနိုင်သည့်အကွာအဝေးတွင်း ကြမ်းတမ်းစွာ ပြောဆိုမိရာ သားကကျွန်မကိုဖက်ပြီး “မားမားဟောပြောတဲ့အတိုင်း လက်တွေ့လုပ်ဆောင်ပါ” ဟုပြောခဲ့သည်။
စေဗီယာ၏ နူးညံ့သော သတိပေးချက်သည် အရပ်ရပ်သို့ ကွဲပြားနေသည့် ဣသရေလလူမျိုး ယုံကြည်သူများအား ရည်ညွှန်းသည့် ရှင်ယာကုပ်၏ အမြော်အမြင်နှင့် အကြံပြုချက်ကို ထင်ဟပ်စေသည် (ယာ ၁:၁)။ ခရစ်တော်အတွက် သက်သေခံမှုတွင် နှောင့်ယှက်ဝင်ရောက်လာနိုင်သည့် ဒုစရိုက်နည်းလမ်းများစွာကို မီးမောင်းထိုးပြပြီး “အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို…
အဓိပ္ပာယ်မရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခု
၁၉၂၉ ခုနှစ်က အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းပြီး လူသန်းပေါင်းများစွာတို့မှာ အရာအားလုံးကို ဆုံးရှုံးခဲ့ကြသော်လည်း Floyd Odlum (ဖလွိုက်အော့လုမ်)တော့ မပါဝင်ခဲ့ပါ။ လူတိုင်းက ကြောက်ရွံ့ပြီး သူတို့၏စတော့ ရင်းနှီးမြှုပ်နှံမှုများကို လျှော့ဈေးဖြင့် ရောင်းချခဲ့ကြသည့် တိုင်းပြည်၏အနာဂတ်ပြိုလဲချိန်တွင် အော့လုမ် က စတော့များကို ဝယ်ယူခြင်းသည် မိုက်မဲသည့်ပုံပေါ်နေသည်။ သို့သော် အော့လုမ်၏ “မိုက်မဲသော”အမြင်သည် အကျိုးရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာသည်ထိ တောင့်ခံနိုင်သောကြံ့ခိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိခဲ့သည်။
ဘုရားသခင်သည် ယေရမိအား ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ရှိသောလယ်ကို ၀ယ်ခိုင်းခြင်းသည် (ယေ ၃၂:၈) လုံး၀အဓိပ္ပာယ်ရှိပုံမရသည့် ရင်းနှီးမြှုပ်နှံမှုပြုခိုင်းသလိုဖြစ်သည်။ တစ်နိုင်ငံလုံး သိမ်းပိုက်ခံရလုနီးနီးအချိန် ဖြစ်ခြင်းကြောင့် ထိုအချိန်သည် လယ်မြေ၀ယ်ရမည့်အချိန်မဟုတ်ပါ။ “ဗာဗုလုန်ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ” (:၂)။ ယေရမိဝယ်ယူသည့် မည်သည့်မြေမဆို မကြာမီ ဗာဗုလုန်တို့အပိုင် ဖြစ်သွားမည်။ မကြာမီ အရာအားလုံးကို ဆုံးရှုံးရတော့မည့်အချိန်တွင် မည်သည့်မိုက်မဲရူးသွတ်သူက ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်နည်း။…
ကောင်းကင်မှ ကျွန်ုပ်တို့ကို နားညောင်းခြင်း
၁၈ လ သားအရွယ် Maison (မင်းဇံု) လေးသည် သူ့မိခင်၏အသံကို တစ်ခါမှ မကြားဖူးပါ။ ဆရာဝန်များက သူ့အား ပထမဆုံး နားကြားကိရိယာ တပ်ဆင်ပေး ပြီးနောက် မိခင်ဖြစ်သူ Lauryn (လော်ရင်း)က “သားလေး၊ မေမေ့အသံ ကြားရလား” ဟုမေးရာ ကလေးလေး၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ “ဟေး၊ သားလေး” ဟု လော်ရင်း ထပ်မံအသံပြုလိုက်သောအခါ ပြုံးရယ်နေသော မင်းဇံုလေးသည် နူးညံ့သော တခစ်ခစ်အသံလေးနှင့် မိခင်ဖြစ်သူအား တုံ့ပြန်လိုက်သည်။ မျက်ရည်ကျလျက် လော်ရင်းသည် အံ့ဩဖွယ်ရာကို မြင်တွေ့ခဲ့ရကြောင်း သူမသိလိုက်သည်။ အိမ်ဖောက်ထွင်းခံရစဉ် လော်ရင်းသည် သေနတ်နှင့် သုံးချက်အပစ်ခံခဲ့ရပြီးနောက် မင်းဇံုလေးကို လမစေ့ဘဲ မွေးခဲ့ရခြင်းဖြစ်သည်။ တစ်ပေါင်မျှသာရှိသော မင်းဇံုလေးသည် အထူးကြပ်မတ်ဆောင်တွင် ၁၅၈ ရက် နေခဲ့ရပြီး နားကြားရန်မပြောနှင့်၊ အသက်ရှင်ရန်ပင် မျှော်လင့်ချက်မရှိခဲ့ပါ။
ဤကြည်နူးဖွယ်အဖြစ်အပျက်လေးသည် ကျွန်ုပ်တို့ကို နားညောင်းနေသည့် ဘုရားသခင်အား…
လွတ်မြောက်ခြင်းလား၊ ငြိမ်းချမ်းငြိမ်သက်ခြင်းလား
ကြော်ငြာဆိုင်းဘုတ်မှ “လွတ်မြောက်ခြင်း”ဟု ရေပူကန်တပ်ဆင်ခြင်း၏ အကျိုး ကျေးဇူးများကို ကြေညာသည်။ ၎င်းက ကျွန်တော့်အာရုံကိုဖမ်းစားလျက် အတွေးဝင်စေသည်။ တစ်နေ့နေ့တွင် ရေပူရေချိုးကန်ဝယ်မည်ဟု ကျွန်တော်တို့ဇနီးမောင်နှံ ပြောဖြစ်သည်။ ခြံအနောက်၌ ကန်ကို ဆင်လိုက်လျှင် အပန်းဖြေရသလိုမျိုး ဖြစ်နေမည်။ သန့်ရှင်းရေးပြန်လုပ်ရခြင်းကလွဲလို့ပေါ့။ ထို့နောက် တက်လာမည့်လျှပ်စစ်မီတာခက အတွေးထဲဝင်လာပြီး၊ ချက်ခြင်းဆိုသလို မျှော်လင့်ထားသည့် လွတ်မြောက်ခြင်း ခံစားချက်ထက် ထိုအရာမှလွတ်မြောက်ရန် လိုအပ်သကဲ့သို့ ဖြစ်လာခဲ့သည်။
သို့သော် ထိုစကားလုံးသည် ထိရောက်မှုရှိလှသည်။ အကြောင်းမှာ ကျွန်ုပ်တို့လိုချင်နေသည့် စိတ်သက်သာမှု၊ သက်သောင့် သက်သာရှိမှု၊ လုံခြုံမှုတို့ကို ရစေရမည်ဟု ကတိပေးနေ၍ ဖြစ်သည်။ ‘လွတ်မြောက်ခြင်း’ဆိုသည်မှာ ကျွန်ုပ်တို့၏ခေတ်ယဉ်ကျေးမှုက နည်းအမျိုးမျိုးနှင့် ကျွန်ုပ်တို့ကို ဖြားယောင်း ကျီစယ်နေသည့်အရာဖြစ်သည်။ အနားယူခြင်း (သို့) လှပသည့် တစ်နေရာရာသို့ သွားရောက်ခြင်းသည် အမှားမဟုတ်ပါ။ သို့သော် ဘ၀၏ခက်ခဲမှုများမှ ‘ထွက်ပြေးခြင်း’နှင့် ခက်ခဲမှုများကို ဘုရားရှင်ထံ ‘ယုံကြည် စိတ်ချစွာ…
ခွင့်လွှတ်ခြင်းကို ပုံဖော်ခြင်း
အနီရောင်စတုဂံပုံ ပုံကြမ်းရေးဆွဲကစားသည့် ပလက်စတစ် အော်တိုပုံဆွဲသင်ပုန်းသည် မျက်လှည့်အလားပင်။ ငယ်စဉ်က ထိုကစားစရာကို နာရီပေါင်းများစွာ ကျွန်ုပ်ကစားနိုင်သည်။ ခလုတ်တစ်ခုကို လှည့်လိုက်သည့်အခါ ဖန်သားမျက်နှာပြင်၌ အလျားလိုက်မျဉ်းကြောင်းကို ရေးဆွဲနိုင်သည်။ အခြားခလုတ်တစ်ခုကို လှည့်သော် ဒေါင်လိုက်မျဥ်းကြောင်းပေါ်လာသည်။ ခလုတ်နှစ်ခုကို တစ်ပြိုင်တည်းလှည့်သော အခါ ထောင့်ဖြတ်မျဉ်း၊ စက်ဝိုင်းနှင့် ဆန်းပြားသောဒီဇိုင်းများကို ပေါ်လာသည်။ “Etch A Sketch” (ပုံဖော်ခြင်း) ဟုခေါ်သည့် ထိုကစားစရာကို ဇောက်ထိုးလှန်ကာ အနည်းငယ်လှုပ်လိုက်ပြီး ပြန်တည့်လိုက်ချိန် ဒီဇိုင်းသစ်တစ်ခုဖန်တီးရန် ကျွန်ုပ်ကို အခွင့်အလမ်းပေးသည့် မျက်နှာပြင်အလွတ်တစ်ခု ပေါ်လာခြင်းသည် တကယ့်မျက်လှည့်ပင် ဖြစ်ပေသည်။
ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် ပုံကြမ်းဆွဲသောကစားစရာနှင့် တူသည်။ သခင်သည် ကျွန်ုပ်တို့အပြစ်များကို ချေဖျက်ပေးပြီး ကျွန်ုပ်တို့အတွက် အသစ်သော ပန်းချီကားမျက်နှာပြင်ကို ဖန်တီးပေးသည်။ မိမိကျူးလွန်ခဲ့သည့်အမှားများကို ကျွန်ုပ်တို့သတိရသည့်တိုင် ဘုရားသခင်က ခွင့်လွှတ်ပြီး မေ့လိုက်ရန် ရွေးချယ်သည်။ သူသည် အပြစ်များကို ချေဖျက်ခဲ့ပြီး ကျွန်ုပ်တို့အပေါ်ဗွေမယူပါ။…
ဆေးကြောခဲ့သည်
ကျွန်ုပ်၏သူငယ်ချင်း ဘီလ်က သူ့မိတ်ဆွေ ဂျဲရယ်အား “အလွန်ကြာမြင့်စွာ ဘုရားနှင့် ဝေးနေသူ” ဟုဖော်ပြခဲ့သည်။ သို့သော် တစ်နေ့တွင် ဘီလ်က ဂျဲရယ်အား ဘုရားသခင်၏ချစ်မေတ္တာသည် ကျွန်ုပ်တို့ကို ကယ်တင်ရန် လမ်းစပေးခဲ့ပုံကို ရှင်းပြခဲ့ပြီးနောက် ဂျဲရယ်သည် သခင်ယေရှုကို ယုံကြည်သူဖြစ်လာသည်။ မျက်ရည်များဖြင့် သူသည် အပြစ်မှနောင်တရခဲ့ပြီး သူ့အသက်တာကို ခရစ်တော်ထံ အပ်နှံခဲ့သည်။ အဲဒီနောက် ဘီလ်က မည်သို့ခံစားရသနည်းဟုမေးရာ၊ သူက မျက်ရည်များကိုသုတ်ရင်း “ဆေးကြောပေးပြီးပြီ” ဟု ရိုးရှင်းစွာ ဖြေခဲ့သည်။
တကယ့် အံ့သြဖွယ်တုံ့ပြန်မှုပါ။ ၎င်းသည် ကျွန်ုပ်တို့အတွက် သခင်ယေရှု ကားတိုင်ပေါ်အသေခံခြင်းကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သော ကယ်တင်ခြင်း၏ အနှစ်သာရ အတိအကျပင်ဖြစ်သည်။ ကောရိန္သုသြဝါဒစာပထမစောင် ၆ တွင် ဘုရားသခင်အား မနာခံမှုသည် သခင်နှင့်ကွဲကွာခြင်းသို့ မည်သို့ဦးတည်သွားသည်ကို ဥပမာပေးပြီးနောက် ရှင်ပေါလုက “ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဥ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြလေပြီ”…