ဝေငှကြားပြောရန် အစဥ် ထိုက်တန်သည်
ကျွန်မယုံကြည်သူဖြစ်လာပြီးနောက်၊ ကျွန်မ၏မိခင်ကို ကယ်တင်ခြင်းသတင်း စကား ပြောပြသည်။ ကျွန်မမျှော်လင့်ထားသလို ယေရှုခရစ်တော်ကို ယုံကြည်လာခြင်းထက် အမေ ကျွန်မကို တစ်နှစ်စကားမပြောဘဲ နေခဲ့သည်။ ယေရှုနောက်လိုက်ဟု ကြွေးကြော်သူများနှင့် ဆိုးဝါးသောအတွေ့အကြုံများ ရှိခဲ့ခြင်းကြောင့် ခရစ်တော်ကို ယုံကြည်သူများအား အမေ မယုံကြည်ရဲတော့ပါ။ အမေ့အတွက် ဆုတောင်းလျက် အပတ်စဥ် သူ့အား ဆက်သွယ်သည်။ အမေ ကျွန်မကို စကားမပြောသည့်ကာလအတွင်း သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မ၏စိတ်နှလုံးကို ပြုပြင်ပြီး ကျွန်မကိုနှစ်သိမ့်ပေးသည်။ နောက်ဆုံးတွင် သူမ ကျွန်မ၏ဖုန်းကို ကိုင်သောအခါ သူ့ကိုမေတ္တာပြလျက် ဘုရားသခင်၏သမ္မာတရားကို အခွင့်အခါရတိုင်း ပြောပြရန် ဆက်ကပ်ခဲ့သည်။ အမေနှင့်ကျွန်မ ပြန်လည်သင့်မြတ်ပြီးနောက်တွင် အမေက ကျွန်မကို အတော်ပြောင်းလဲသွားသည်ဟု ပြောလာသည်။ တစ်နှစ်ခန့်ကြာပြီးနောက်တွင် အမေက ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလာပြီး ရလဒ်အားဖြင့် ကျွန်မနှင့်အမေ၏ဆက်ဆံရေး ပိုနက်ရှိုင်းလာသည်။
ရှင်ယေရှုကိုယုံကြည်သူတို့သည် လူသားတို့အတွက် အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သည့် ခရစ်တော်ထံသို့…
အက္ခရာတင်ထားသည့် ဝမ်းနည်းကြေကွဲမှု
ဖြစ်တောင့်ဖြစ်ခဲပြီး ကုသ၍မရနိုင်သော ဉီးနှောက်အကြိတ်ကင်ဆာဖြစ်နေပြီ ဟူသည့်ဆေးစစ်ချက်ရလဒ် ထွက်လာပြီးနောက်တွင် ကယ်ရိုလိုင်းသည် အသည်းအသန် ဖျားနာသည့် ကလေးလူနာနှင့် ၎င်းတို့၏မိသားစုများအတွက် ဓာတ်ပုံရိုက်ပေးသည့် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ပေးခြင်းဖြင့် ဘဝမျှော်လင့်ချက်အသစ်၊ ဘဝရည်မှန်းချက်အသစ်ကို ပြန်လည်ရရှိခဲ့သည်။ ဤလုပ်ငန်းအားဖြင့် “ဝမ်းနည်းကြေကွဲချိန်နှင့် ရောဂါအသည်းအသန်ဖြစ်နေချိန်များ၌ ရှိမည်မဟုတ်ဟု ခံစားရသည့် လှပသောအချိန်များ”တွင်ပါ ကလေးလူနာနှင့် မျှဝေခံစားသည့် အဖိုးတန်အချိန်လေးကို မိသားစုအတွက် မှတ်တမ်းတင်ပေးနိုင်ခဲ့သည်။ “အဆိုးဆုံး မြင်ယောင်ကြည့်နိုင်တဲ့အတိုင်းအတာအထိ ခက်ခဲနေချိန်မှာ အဲဒီမိသားစုတွေက ဖြစ်နေတဲ့အခြေအနေကို လျစ်လျူရှုပြီး မေတ္တာပြချစ်ကြင်နာဖို့ ရွေးချယ်ခဲ့တယ်” ဟု သူတွေ့ရှိရသည်။
ယူကျုံးမရ စိတ်ထိခိုက်ရသည့်အဖြစ်မှန်နှင့် ထိုအခြေအနေကြားမှ တင့်တယ်လှပမှုနှင့် မျှော်လင့်ခြင်းကို ခံစားရခြင်းဟူသည့် ဝမ်းနည်းကြေကွဲမှု၏အမှန်တရားကို ဆုပ်ကိုင်နားလည်ရေးက မပြောပြနိုင်လောက်သောစွမ်းအားတစ်ခု ရှိနေပါသည်။
ယောဘဝတ္ထု၏အပိုင်းများစွာသည် ယူကျုံးမရဖြစ်စေသည့် ဆုံးရှုံးမှုများအားဖြင့် ယောဘ၏ဘဝခရီးကို အရှိအတိုင်း ရိုးသားစွာ အမိအရဖော်ပြလျက် ဝမ်းနည်းကြေကွဲမှုကို ချပြသည့် ဓာတ်ပုံနှင့် တူပါသည် (၁:၁၈-၁၉)။ ယောဘနှင့်…
နေကြာတိုက်ပွဲ
ကျွန်ုပ်အိမ်အနီးဝန်းကျင်ရှိ သမင်များနှင့်ကျွန်ုပ်အကြား နေကြာပန်းနှင့် ပတ်သက်၍ ကွဲပြားသောအမြင် (၂) မျိုးရှိခဲ့သည်။ နွေကူးရာသီတိုင်း၌ နေကြာပင်ကို ကျွန်ုပ်စိုက်သောအခါ နေကြာပန်းများပွင့်လန်းလာရန် မျှော်လင့်သည်။ သို့သော် မိတ်ဆွေသမင်များကမူ အဆုံး၌ထွက်ပေါ်လာသည့်ပန်းကို ဂရုမစိုက်ဘဲ ဘာမှမကျန်တော့သည့်အထိ အပင်ကို ကိုက်ဝါးလိုကြသည်။ ခွာကွဲခြေ (၄) ချောင်း သတ္တဝါမိတ်ဆွေများ အပင်ကိုမကိုက်စားမီ အပင်အရွယ်ရောက်ပြီး ဖူးငုံပွင့်လန်းလာမည့်နေကြာပန်းများကို စောင့်ကြည့်ရန်မှာ နှစ်စဉ် နွေရာသီတိုက်ပွဲပင်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်နိုင်ပြီး၊ တစ်ခါတစ်ရံ သမင်များ နိုင်ကြပါသည်။
သခင်ယေရှုအား ယုံကြည်သူအဖြစ် မိမိအသက်တာကို တွေးကြည့်လျှင် ကျွန်ုပ်တို့နှင့် ရန်သူစာတန်ကြား ရင်ဆိုင်ရသည့်တိုက်ပွဲကို အလွယ်တကူမြင်နိုင်ပါ သည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ဝိညာဉ်ရေးရာရင့်ကျက်မှုသို့ ဉီးတည်သွားမည့် စဥ်ဆက်မပြတ် ကြီးထွားတိုးတက်ရန်ဖြစ်ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေနိုင်မည့် အသက်တာဖြစ်အောင် မစမည်ဖြစ်သည်။ မာရ်နတ်က ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပြီး မတိုးတက်အောင် ဆီးတားလိုသည်။ သို့သော် သခင်ယေရှုသည်…
ကျွန်ုပ်တို့၏ဘုရားသခင်သည် ကြီးမြတ်တော်မူ၏
လက်ဗွေဖြင့် မည်သူမည်ဝါဖြစ်သည်ဟု သတ်မှတ်ခွဲခြားခြင်းကို ကြာမြင့်စွာ အသုံးပြုခဲ့သော်လည်း လက်ဗွေပွားပြီး အတုလုပ်၍ရသည်။ ထိုနည်းတူ မျက်ဝန်းအတွင်း မျက်စိသူငယ်အိမ်ကို ဝန်းရံထားသော စက်ဝိုင်းပုံစံကိုမူတည်ပြီး “အိုင်ဒီ” အမှတ်အသားပြုလုပ်ခြင်းက စိတ်ချရနိုင်သော်လည်း မျက်ကပ်မှန်က ရလဒ်အဖြေကို တိုက်ရိုက်ပြောင်းပေးနိုင်သည်။ ဇီဝဖြစ်စဉ်ဖြင့် သတ်မှတ်ခွဲခြားမှုကလည်း စိတ်မချရပါ။ ထို့ကြောင့် မည်သည့်အရာက မည်သူမည်ဝါဖြစ်သည်ကို သတ်မှတ်ခွဲခြားခြင်းအတွက် အကောင်းဆုံးစံဖြစ်မည်နည်း။ လေ့လာတွေ့ရှိချက်များအရ လူ၏သွေးကြောဖွဲ့စည်းမှုပုံစံသည် ထူးခြားပြီး၊ အတုအပပြုလုပ်ရန်လည်း မဖြစ်နိုင်ပါ။ လူတစ်ဉီးချင်းစီ၏ “သွေးကြောမြေပုံ” သည် အနှိုင်းမဲ့သော၊ အစားထိုး၍ မရသော ကမ္ဘာပေါ်ရှိ အခြားသူများနှင့် သင့်ကို ခွဲခြားပေးသည့်အရာဖြစ်သည်။
နက်နဲရှုပ်ထွေးသည့် လူသားရုပ်ခန္ဓာဖွဲ့စည်းမှုကိုဆင်ခြင်ခြင်းက ကျွန်ုပ်တို့ကိုပြုလုပ်သည့် ဖန်ဆင်းရှင်အပေါ် အံ့သြမှုဖြင့်ကိုးကွယ်ဝတ်ပြုခြင်းကို နိုးဆွပေးသင့်သည်။ ကျွန်ုပ်တို့သည် “ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာ”နှင့် ဖန်ဆင်းခံရကြောင်း (ဆာ ၁၃၉:၁၄) ဒါဝိဒ်က သတိပေးထားပြီး ဤအချက်အတွက် ကျွန်ုပ်တို့အမှန်ပင် ချီးမွမ်းသင့်သည်။ ဆာလံ ၁၁၁:၂…
မိခင်ကဲ့သို့ ချစ်ပါ
ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်သည့် ကာလအတွင်း ကြီးပြင်းလာခဲ့ရပုံအကြောင်းကို Juanita (ဝါနီတာ)က သူ့တူအား ပြောပြသည်။ ဆင်းရဲလှသည့်သူတို့မိသားစု၌ စားစရာမှာ ပန်းသီးနှင့် အဖေအမဲလိုက်၍ရသည့် ဟင်းစားမျှသာရှိသည်။ ညစာစားချိန်၌ အမေ့အား ရှဉ့်ခေါင်းတောင်းစားတိုင်း အမေက “ရှဉ့်ခေါင်းကို အမေပဲစားမယ်။ အမေအစားချင်ဆုံးက ခေါင်းပဲ၊ ရှဉ့်တစ်ကောင်လုံးမှာ ခေါင်းက အကောင်းဆုံးပဲ” ဟု ပြောသည်။ နှစ်ပေါင်းများစွာကြာမှ ရှဉ့်ခေါင်း၌ မည်သည့်အသားမျှ မရှိကြောင်း ဝါနီတာ သိခဲ့သည်။ အမေက ရှဉ့်ခေါင်းကို မစားပါ။ သူ့အတွက် မထည့်တွက်ဘဲ “ဒေါ်လေးတို့တွေ များများစားအောင် အဖွားက ရှဉ့်ခေါင်းကောင်းတဲ့ပုံ ဟန်ဆောင်ခဲ့တာပဲဖြစ်တယ်” ဟုရှင်းပြသည်။
မနက်ဖြန် မိခင်များနေ့ကို ဆင်နွဲသောအခါ အမေများ၏အဖြစ်အပျက်ကို ပြန်ပြောင်းပြောကြပါစို့။ မိခင်များအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီး မိခင်ကဲ့သို့ ချစ်နိုင်အောင် ကြိုးစားကြပါစို့။
“နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့” (၁ သက် ၂:၇) ရှင်ပေါလုသည်…
ကိုယ်တော်သိတယ်
Lea (လီရာ)သည် သူနာပြုအဖြစ် ထိုင်ဝမ်နိုင်ငံ၌ သွားရောက်လုပ်ကိုင်မည်ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်း အကန့်အသတ်ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ လုပ်ကိုင်ခြင်းထက်စာလျှင် သူ့မိသားစုကို ပို၍ကောင်းစွာ ထောက်ပံ့နိုင်လိမ့်မည်။ အိမ်မှမထွက်ခွာမီည၌ သူမ၏ (၅) နှစ်သမီးလေးကို စောင့်ရှောက်မည့် သူ့ညီမအား “မြေပဲထောပတ်တစ်ဇွန်းကျွေးရင် သမီးက အားဆေးသောက်လိမ့်မယ်။ နောက်ပြီး သူက ရှက်တတ်တာမမေ့နဲ့နော်။ ဝမ်းကွဲမောင်နှမတွေနဲ့ တဖြည်းဖြည်းချင်း ပေးကစား၊ သူက အမှောင်ကြောက်တယ်နော်” စသည်ဖြင့် မှာကြားသည်။
နောက်တစ်နေ့ လေယာဉ်ပေါ်တွင် ပြူတင်းပေါက်မှ လှမ်းကြည့်ရင်း “ဘုရားသခင်၊ ကျွန်မသမီးလေးကို ကျွန်မလိုမျိုး ဘယ်သူမှ သိမှာ၊ နားလည်မှာ မဟုတ်ဘူး၊ ကျွန်မက အခုသမီးနဲ့အတူ ရှိမနေနိုင်ပေမဲ့ ကိုယ်တော်ရှိနေပါ တယ်”ဟု လီရာ ဆုတောင်းခဲ့သည်။
မိမိချစ်ရသူများကို ကျွန်ုပ်တို့ကောင်းကောင်းသိကျွမ်းသည်။ ၎င်းတို့သည် ကျွန်ုပ်တို့အတွက် အဖိုးတန်သူများဖြစ်သောကြောင့် သူတို့အကြောင်း အသေးစိတ်ကို ကျွန်ုပ်တို့သိသည်။ အခြေအနေ…
အကျွန်ုပ်တို့အဘ
အများအားဖြင့် မနက်ပိုင်းတွင် ကျွန်တော်ပတ္ထနာတော်ကို ဆုတောင်းလေ့ရှိသည်။ ပတ္ထနာတော်၏စာသားများ၌ ကိုယ့်ကိုကိုယ် အထိုင်မချမချင်း ကျွန်တော်သည် နေ့သစ်နှင့်မထိုက်တန်ပါ။ တစ်လောက “အကျွန်ုပ်တို့အဘ” ဟုသာ စရသေးသည်၊ ကျွန်တော့်ဖုန်းမြည်လာသဖြင့် အံ့သြသွားသည်။ မနက် (၅) နာရီ (၄၃) မိနစ်သာ ရှိသေးသဖြင့် မည်သူဖုန်းဆက်သနည်း။ ဖုန်းဖန်သားပြင်တွင်တော့ အဖေဟုပြနေပြီး ကျွန်တော် ဖုန်းမကိုင်မီ ဖုန်းကျသွားပါသည်။ အဖေ ဖုန်းမှားခေါ်ခြင်းဖြစ်လိမ့်မည်ဟု ထင်သည့်အတိုင်း သူကျွန်တော့်ကို မှားခေါ်ခြင်းဖြစ်သည်။ မတော်တဆတိုက်ဆိုင်မှုလား။ ဖြစ်နိုင်ပါသည်။ သို့သော် ဘုရားသခင်၏ ကရုဏာတော်နှင့် ပြည့်လျှံသည့်ကမ္ဘာကြီး၌ ကျွန်တော်တို့ နေထိုင်ရှင်သန်ရသည်ဟု ကျွန်တော်ယုံပါသည်။ ထိုနေ့က အဘဘုရားသခင်၏ အတူရှိကြောင်းစိတ်ချမှုကို ကျွန်တော်လိုအပ်နေခဲ့ပါသည်။
ခေတ္တစဥ်းစားကြည့်ပါ။ တပည့်တော်များအား မည်သို့အစပြုဆုတောင်းရမည်ကို သွန်သင်ခဲ့သည်များအနက် သခင်ယေရှုက “ကျွန်ုပ်တို့အဘ” (မ ၆:၉) ဟူသည့် စကားဖြင့် အစပြုရန် ရွေးချယ်ခဲ့သည်။ ကြုံရာကျပန်းရွေးခဲ့ခြင်း မဟုတ်ပါ။ သခင်ယေရှုက…
အစေခံသောနှလုံးသား
အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်၊ ကားလ်ဘဒ်မြို့ရှိ သာသနာပြုအဖွဲ့တစ်ခုသည် ဒေသခံများထံသို့ အလေးချိန်ပေါင် ၂၄,၀၀၀ ကျော်ရှိသည့် အစားအသောက်များကို လစဥ် ဝေမျှထောက်ပံ့သည်။ အဖွဲ့ခေါင်းဆောင်က “လူတွေဒီကိုလာနိုင်တယ်။ ကျွန်ုပ်တို့က သူတို့ကိုလက်ခံပြီး သူတို့ရှိတဲ့နေရာမှာတင် ရှိတဲ့အတိုင်း သူတို့နဲ့တွေ့ဆုံပါတယ်။ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်က သူတို့ရဲ့ဝိညာဥ်ရေးရာလိုအပ်ချက်တွေကို ဖြည့်ဆည်းခွင့်ရဖို့ သူတို့ရဲ့လက်တွေ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပါ” ဟုဆိုသည်။ ကျွန်မတို့၏ရပ်ရွာဝန်းကျင်မှလူများ ကိုယ်တော်နှင့်သာ၍နီးစေရေး ဆွဲခေါ်လျက် ခရစ်တော်၏နောက်လိုက်များအနေဖြင့် မိမိကိုပေးအပ်ထားသည့်အရာများဖြင့် အခြားသူများကို အကျိုးပြုရန် ဘုရားရှင်အလိုရှိသည်။ ဘုရားဘုန်းတော်ထင်ရှားစေမည့် အစေခံနှလုံးသားကို မည်ကဲ့သို့ ပျိုးထောင်နိုင်မည်နည်း။
ကျွန်မတို့အား အပ်နှင်းထားသော ဆုကျေးဇူးများကို အခြားသူများအကျိုးအတွက် မည်ကဲ့သို့အသုံးပြုရမည်ကိုပြသရန် ဘုရားရှင်အား တောင်းလျှောက်ခြင်းဖြင့် ပျိုးထောင်နိုင်ပါသည် (၁ ပေ ၄:၁၀)။ ဤသို့ဖြင့် ကျွန်မတို့ကို သွန်းလောင်းပေး သည့် ကြွယ်ဝသောကောင်းချီးများအတွက် “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင့်ပြည့်စုံ” စေပါသည် (၂ ကော ၉:၁၂)။
သခင်ယေရှု၏သာသနာတွင်…
အိမ်ကို တောင့်တခြင်း
‘Anne of Green Gables’ (အစိမ်းရောင်အမိုးနှင့်အိမ်မှ အန်း) ပုံပြင်၏ အဓိကဇာတ်ဆောင် အန်းသည် မိသားစု ရရန် တောင့်တခဲ့သည်။ မိဘမဲ့ဖြစ်သောကြောင့် အိမ်ဟုခေါ်နိုင်မည့်နေရာမရှိတော့ ဟုသူထင်ခဲ့သည်။ သို့သော်လည်း မက်သရူးဟုခေါ်သည့် လူကြီးနှင့် သူ့ညီမ မာရီလာတို့က သူမအား မွေးစားမည်ဟု သိလိုက်ရသည်။ သူတို့အိမ်သို့ မြင်းလှည်းစီး၍သွားရာတွင် စကားများနေမိသောကြောင့် အန်းက တောင်းပန်သော်လည်း လူအေးကြီး မက်သရူးက “သမီးကြိုက်သလောက် စကားပြောနိုင်ပါတယ်။ ဦးလေး စိတ်မဆိုးပါဘူး” ဟုပြောလိုက်သည်။ သူ့စကားကို နားထောင်ဖို့နေနေသာသာ သူမကို မည်သူမျှမလိုချင်ဟု ယခင်က ခံစားခဲ့ရသောကြောင့် ဤစကားသည် သူမကို အလွန်ပျော်ရွှင်စေသည်။ အိမ်သို့ရောက်သောအခါ မက်သရူးတို့ မောင်နှမက သူတို့၏လယ်ယာမြေတွင် ကူညီလုပ်ကိုင်ရန် ယောက်ျားလေးတစ်ဦး မွေးစားရန် စဥ်းစားနေကြောင်း သိလိုက်ရ သည့်အခါ သူမ အားငယ်သွားရသည်။ ပြန်ပို့ခံရမည်လားဟု သူမစိုးရိမ်သွားသည်။ သို့သော် သူတို့က…
မုသာ၏အဘ
ဗစ်တာသည် ညစ်ညမ်းဗီဒီယိုများကို တဖြည်းဖြည်းစွဲလာသည်။ သူ့သူငယ်ချင်း အများစုကလည်း ကြည့်ကြပြီး သူကပါ ကြည့်ဖြစ်သွားသည်။ ၄င်းသည် လုံးဝမှားယွင်းကြောင်း၊ ဘုရားသခင်အား ပြစ်မှားရာရောက်ကြောင်း သူသဘောပေါက်လာသည်။ သူ့မိန်းမလည်း ကြေကွဲခံစားနေရသည်။ နောက်ထပ် မကြည့်ရန် သူ့အသက်တာကို ကွယ်ကာရန် သူသန္နိဌာန်ချလိုက်သည်။ သို့သော် အရမ်းနောက်ကျနေပြီလားဟု သူစိတ်ပူမိသည်။ ‘သူ့အိမ်ထောင်ရေးကို အဖတ်ဆည်၍ ရပါဦးမည်လား။ သူလွတ်မြောက်ပါမည်လား။ အကြွင်းမဲ့အပြစ်လွှတ်ခံရမည်လား။’
ကျွန်ုပ်တို့၏ရန်သူဖြစ်သော မာရ်နတ်သည် ဖြားယောင်းသွေးဆောင်မှုကို “လူတိုင်းလုပ်နေတာပဲ။ ဘာမှမဖြစ်ပါဘူး”ဟု အရေးမကြီးသကဲ့သို့ ပုံဖမ်းပြတတ်သည်။ သို့သော် ကျွန်ုပ်တို့ သူ့ထောင်ချောက်မိသွားသည်နှင့် “အရမ်းနောက်ကျသွားပြီ၊ မင်းလွန်သွားပြီ။ မင်းအခုမျှော်လင့်ချက်မရှိတော့ဘူး” ဟု သူက အချိုးပြောင်းတော့သည်။
ကျွန်ုပ်တို့ကို ဝိညာဥ်ရေးဆိုင်ရာတိုက်ပွဲ၌ ဖျက်ဆီးနိုင်ရန် ရန်သူသည် ဘာမဆို ပြောလိမ့်မည်။ ရှင်ယေရှုက “မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူ့အသက်ကို သတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည်…