အမျိုးအစား  |  odb

သီးသန့်ခွဲခြားထားခြင်း

သီရိလင်္ကာနိုင်ငံမှ သုံးဘီးအငှားယာဉ် "တွတ်တွတ်" (မြန်မာအခေါ်အဝေါ်အရ "တုတ်တုတ်")သည် ခရီးသွားများအတွက် အလွန်အဆင်ပြေသည်။ ကိုလံဘိုမြို့ တော်၌နေထိုင်သူ လော်ရိန်းက ၎င်းတို့သည် သာသနာကွင်းများဖြစ်သည်ကို သိသည်။ တစ်နေ့တွင် သူမသည် အလွန်ဖော်ရွေသော "တွတ်တွတ်"ယာဉ်မောင်းတစ်ဦးနှင့် ဘာသာတရားအကြောင်း ဝမ်းမြောက်စွာဆွေးနွေးခွင့်ရခဲ့သည်။ နောင်တွင် "တွတ်တွတ်"ဆရာအား သတင်းကောင်းပြောရန် သူ့ကိုယ်သူတိုက်တွန်းမိသည်။

ရှင်ပေါလုက သူသည် "ဧဝံဂေလိတရားကို ဟောစေခြင်းငှာ ရွေးချယ်ခွဲထား"သူ (ရော၁:၄)ဖြစ်ကြောင်း ရောမသြဝါဒစာအဖွင့်တွင် ကြေညာခဲ့သည်။ ဂရိဘာသာစကားတွင် "ဧဝံဂေလိ"၏အဓိပ္ပာယ်မှာ "သတင်းကောင်း" ဖြစ်သည်။ ဘုရားသခင်၏သတင်းကောင်းကို ဟောကြားခြင်းသည် သူ၏အဓိက ရည်ရွယ်ချက်ဖြစ်သည်ဟု ရှင်ပေါလုက အခြေခံအားဖြင့် ဖော်ပြခြင်းဖြစ်သည်။

သတင်းကောင်းဆိုသည်မှာ အဘယ်နည်း။ ရောမသြဝါဒစာ ၁:၄ အရ ဘုရား သခင်၏ဧဝံဂေလိတရားသည် "သူ၏သားတော်နှင့် ပတ်သက်သောအကြောင်း" ဖြစ်သည်။ သတင်းကောင်းသည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းမှ ကယ်တင်ရန် ကြွလာကြောင်းသတင်းကို ပြောလိုသူမှာ…

စုံစမ်းစစ်ဆေးမှု

အမြင့်ပေ ၁၄,၀၀၀ ရှိ အမေရိကန်နိုင်ငံ၏ ကော်လိုရာဒိုအမှတ် (၁၄) တောင်သို့ ခြေလျင်တောင်တက်ရန် ကျွန်တော့်သားများကို ပထမဆုံးအကြိမ်ခေါ်သွားစဥ်က "သူတို့ တက်နိုင်ပါ့မလား၊ ထိုစိန်ခေါ်မှုကိုလုပ်နိုင်ပါ့မလား" ဟုသူတို့စိုးရိမ်ခဲ့ကြသည်။ သားထွေးက တောလမ်းတွင် ရပ်ရပ်ပစ်လိုက်ပြီး လိုအပ်သည်ထက် ပိုကြာအောင် နားသည်။ "အဖေ၊ သားဆက်မသွားနိုင်တော့ဘူး" ဟု ထပ်ခါထပ်ခါပြောသည်။ သို့သော်လည်း ဤစစ်ဆေးမှုသည် သူတို့အတွက်အကျိုးရှိမည်ဟု ကျွန်တော်ယုံပြီး သူတို့ကျွန်တော့်အပေါ် ယုံကြည်စိတ်ချစေလိုသည်။ ဆက်မသွားနိုင်တော့ဟု ဂျီကျသောသားငယ်သည် တောင်ထိပ်မရောက်မီ တစ်မိုင်အလိုတွင် အမောပြေသွားပြီး ကျွန်တော်တို့ကို ကျော်တက်ကာ တောင်ထိပ်ရောက်သွားပါသည်။ စိုးကြောက်သည့်ကြားမှပင် အဖေ့အပေါ်ယုံကြည်ခဲ့ခြင်းအတွက် သူအလွန်ဝမ်းသာခဲ့သည်။

ဣဇက်နှင့်သူ့ဖခင်တို့ တောင်တက်စဥ်က သူ့ဖခင်အပေါ် သူ၏ယုံကြည်မှုကို ကျွန်တော်လက်ဖျားခါမိပါသည်။ အာဗြံဟံက သူ့သားအပေါ်တွင် ဓားကိုမြှောက် လိုက်ချိန်တွင် ဘုရားသခင်အပေါ် အာဗြံဟံ၏ယုံကြည်ခြင်းက ကျွန်တော့်ကို ပို၍ပင် နှလုံးကြေကွဲရပါ၏ (က ၂၂:၁၀)။ အာဗြံဟံသည် စိတ်ရှုပ်ထွေးပြီး နှလုံးအညှစ်ခံထားရသကဲ့သို့…

ပြောပါ၊ ယုံပါ၊ ခံစားပါ

Frederick Buechner (ဖရက်ဒရစ်ဘုချ်နာ)က သူ၏နာမည်ကျော် ကိုယ်တွေ့မှတ်တမ်း Telling Secrets (လျှို့ဝှက်ချက်များကိုဖွင့်ဟပြောဆိုခြင်း) စာအုပ်တွင် "မပြောနဲ့၊ မယုံနဲ့၊ မခံစားနဲ့ဆိုတဲ့ ပညတ်ကို ကျွန်တော်တို့လိုက်နာကြတယ်။ ပြီးတော့ အဲ့ဒီပညတ်ကို ချိုးဖောက်တဲ့သူတွေ ဒုက္ခရောက်ကြပါစေ" ဟုဆိုသည်။ ဤသည်မှာမိသားစု၌ စိတ်ပျက်စရာဖြစ်စေသူတစ်ဦးဦးနှင့် ပတ်သက်၍ ဖွင့်ဟမပြောသော်လည်း အခြားမိသားစုဝင်များ လိုက်နာရသည့် "စည်းမျဥ်းဥပဒေ" ဖြစ်သည်။ ဘုချ်နာ့မိသားစု၌လည်း သူ့ဖခင်၏ မိမိကိုယ်ကို သတ်သေမှုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း၊ ဝမ်းနည်းပူဆွေးခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။ ထို့ကြောင့် သူ့နာကျင်မှုကို ဝေမျှရန် ယုံကြည်နိုင်သူတစ်ဦးမျှ မရှိတော့ပေ။

သင်လည်း ထပ်တူခံစားရပါသလား။ ကျွန်မတို့သည် မူမမှန်သောအချစ်မျိုးဖြင့် ရှင်သန်နေထိုင်တတ်ရန် တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် သင်ယူခဲ့ကြရသည်။ ထိုအချစ်က မိမိကိုထိခိုက်နိုင်စေသည့် အရာနှင့်ပတ်သက်ပြီး လိမ်ညာရန် (သို့) ရေငုံနှုတ်ပိတ်နေရန် လိုအပ်သောအချစ်မျိုးဖြစ်သည်။ ထိုအချစ်မျိုးသည် တစ်ဦးကိုတစ်ဦးထိန်းချုပ်ရန် အကြောက်တရားပေါ် တည်မှီနေပြီး ကျွန်စနစ်တစ်မျိုးပင်ဖြစ်သည်။…

အမြော်အမြင်ရှိသောခရစ်ယာန်များ

ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိကျောင်းများ ပိတ်လိုက်ရသည်။ တရုတ်ပြည်တွင်မူ ကျောင်းဆရာများက အွန်လိုင်းမှတစ်ဆင့် DingTalk App ဖြင့် စာသင်ခဲ့ကြသည်။ အကယ်၍ DingTalk ၏ အဆင့်သတ်မှတ်ချက်သည် အလွန်နိမ့်ကျသွားပါက ၎င်းသည် App Store မှ ဖယ်ရှားခံရနိုင်သည်ကို ကျောင်းသားများ သိရှိ သွားကြသည်။ ထောင်နှင့်ချီသော သုံးသပ်ချက်များ‌တွင် ကြယ်တစ်ပွင့်သာပေး သဖြင့် ညတွင်းချင်းပင် DingTalk ၏ အဆင့်သတ်မှတ်ချက် ကျဆင်းသွားသည်။

စာမသင်ရအောင် DingTalk App ကို ဖယ်ရှားရန် ထိုကျောင်းသားများ၏ ကြိုးစားမှုကို သခင်ယေရှု သဘောကျမည်မဟုတ်ပါ။ သို့သော်သူတို့၏ ထွင်ဉာဏ်ကိုဖြင့် သခင်ယေရှု ချီးမွမ်းလျှင် ချီးမွမ်းပေမည်။ အလုပ်ဖြုတ်ခံရသော ဘဏ္ဍာစိုးတစ်ဦးသည် သူ၏နောက်ဆုံးနေ့တွင် သူ့သခင်အား အကြွေးပေးရန်ရှိသူတို့၏ အကြွေးစာရင်းကို လျှော့ချခဲ့သည့် ထူးခြားသောပုံပြင်ကို သခင်ယေရှုပြောခဲ့ပါ၏။ ထိုဘဏ္ဍာစိုး၏မရိုးသားမှုကို သခင်ချီးမွမ်းခြင်းမဟုတ်ပါ။ သို့သော် ထိုဘဏ္ဍာစိုး ၏ကျွမ်းကျင်လိမ္မာမှုကို…

အစေခံရန်အတွက် အသက်ရှင်ပါ

၁၀ နှစ်သမီးလေး ချယ်လ်ဆီသည် လက်ဆောင်အဖြစ် ပန်းချီဆွဲရန်ပစ္စည်းစံုကို လက်ခံရရှိခဲ့ပြီးနောက် သူမဝမ်းနည်းနေလျှင် ဘုရားရှင်သည် အနုပညာအားဖြင့် သူမကို စိတ်သက်သာရာရစေကြောင်း သူမသိရှိခဲ့ရသည်။ ထို့နောက် ကလေး အချို့သည် ပန်းချီပစ္စည်းများကို မဝယ်နိုင်ကြောင်း သူမသိခဲ့ရပြီး ထိုကလေးငယ် များကို ကူညီချင်ခဲ့သည်။ ထို့ကြောင့် သူမ၏မွေးနေ့ရောက်သောအခါ သူမ၏ သူငယ်ချင်းများအား သူမအတွက်လက်ဆောင် ယူမလာဘဲ လိုအပ်နေသော ကလေးများအတွက် ပန်းချီပစ္စည်းများပေးလှူရန် ဖိတ်ခေါ်တောင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် သူ့မိသားစု၏အကူအညီဖြင့် "ချယ်လ်ဆီအလှူဒါနအသင်း" ကို သူမစတင်တည်ထောင်ခဲ့သည်။ သူမသည် ကလေးငယ်များကို ပိုမိုကူညီနိုင်ရေးသူ့နည်းတူ ပါဝင်လှူဒါန်းကြရန် အခြားလူများထံမှ အကူအညီတောင်းခံခဲ့သည်။ သူမလှူဒါန်းသောပစ္စည်းကို ရရှိသည့်ကလေးများအား ပန်းချီသင်ပေးသေးသည်။ နယ်ခံသတင်းတင်ဆက်သူက ချယ်လ်ဆီနှင့် တွေ့ဆုံမေးမြန်းမှုကို ထုတ်လွှင့်အပြီး တွင် တစ်နိုင်ငံလုံးမှပြည်သူများက ပန်းချီပစ္စည်းများ စတင်လှူဒါန်းလာကြတော့ သည်။ ချယ်လ်ဆီအလှူဒါနအသင်းသည် ပန်းချီပစ္စည်းများကို ကမ္ဘာအနှံ့သို့ ဆက်လက်ပေးပို့လျက် ရှိသည်။ အခြားသူကို…

သမ္မာကျမ်းစာ လေ့လာခြင်း

J. I. Packer (ဂျေအိုင်ပက်ကာ) (၁၉၂၆-၂၀၂၀) ရေးသားသည့် Knowing God (ဘုရားသခင်ကို သိကျွမ်းခြင်း) စာအုပ်တွင် သမ္မာကျမ်းကို 'ထုံးလိုချေ ရေလိုနှောက်ကျမ်းကျေသူများ'ဟု သူသတ်မှတ်ထားသည့် ယုံကြည်သူ (၄) ဦးအကြောင်း ဖော်ပြထားသည်။ သူတို့သည် ဓမ္မပညာရှင်များ မဟုတ်ကြသော်လည်း ဘုရားသခင်ကို သိကျွမ်းရန် သစ်ကိုက်ပိုးဗီဗာကဲ့သို့ နှုတ်ကပတ်တော်ကို ထဲထဲဝင်ဝင် အားထုတ်လေ့လာသည်။ Packer က "ကျမ်းစာလေ့လာခြင်းအားဖြင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဓမ္မပညာရှင်များအတွက်သာ မဟုတ်ပါ။ ဓမ္မကြောင်းအရ မတိမ်းမစောင်းမှန်ကန်မှုအပေါ် ကျေနပ်နေသည့် ဓမ္မပညာရှင်ထက်စာလျှင် သန့်ရှင်းသောဝိညာဥ်တော်ပြည့်ဝပြီး ကျမ်းစာဖတ်လျက် တရားဒေသနာခံယူသူသည် သူ၏ဘုရား၊ သူ၏ကယ်တင်ရှင်နှင့် ပို၍နက်ရှိုင်းစွာရင်းနှီးအကျွမ်းဝင်လိမ့်မည်" ဟု ကောက်ချက်ချသည်။

ဝမ်းနည်းဖွယ်ရာမှာ သမ္မာကျမ်းစာကိုလေ့လာသူတိုင်းက နှိမ့်ချသောနှလုံးသား များဖြင့် ကယ်တင်ရှင်အား တိုး၍သိကျွမ်းရန်၊ ဘုရားသခင်နှင့်တိုး၍ မိတ်ဿဟာယ ဖွဲ့ရန်၊ ကိုယ်တော်နှင့် တိုး၍တူလာရန်ဆိုသည့်စိတ်ဖြင့် လေ့လာခြင်း မရှိပါ။…

အတွင်းမှ လှိုက်ပြိုပျက်စီးနေခြင်း

ကျွန်မ ဆယ်ကျော်သက်အရွယ်က အမေသည် ဧည့်ခန်းနံရံပေါ်၌ နှစ်အတော်တန်ကြာအောင် စွဲထင်နေသော နံရံဆေးပန်းချီတစ်ခု ရေးဆွဲခဲ့သည်။ ဘေးတစ်ဘက် တစ်ချက်တွင် ပြိုလဲနေသော ကျောက်တိုင်များ၊ ကြွေမွနေသော အုတ်မြစ်များ၊ ကျိုးပဲ့နေသောရုပ်တုများနှင့် ပျက်စီးနေသော ဂရိဘုရားကျောင်းပုံဖြစ်သည်။ တစ်ချိန်က ခမ်းနားထည်ဝါစွာ လှပခဲ့သော Hellenistic (ဘီစီ ၄ရာစုမှ ၁ရာစုနှစ်က ဂရိစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ) ဗိသုကာလက်ရာများကို ကြည့်ရင်း ၎င်းတို့ကိုအဘယ်အရာက ဖျက်ဆီးပစ်သနည်းဟု မြင်ယောင်တွေးကြည့်မိသည်။ အထူးသဖြင့် တစ်ခေတ်တစ်ခါက အရှိန်အဝါဖြင့် ကြီးကျယ်ခမ်းနားခဲ့သော ယဥ်ကျေးမှု၏ပြိုကျပျက်စီးမှုအဖြစ်ဆိုးသည် 'အတွင်းမှလှိုက်စားခြင်းကြောင့်' ဟု စတင်လေ့လာရသောအခါ ကျွန်မ၏သိချင်စိတ်ပိုတိုးလာတော့သည်။

ယနေ့ ကျွန်မတို့၏ဝန်းကျင်၌ တွေ့မြင်နေရသော ညစ်ညမ်းသောအပြစ်ဒုစရိုက်များ၊ အပျက်အစီးများက စိတ်ပျက်စရာ ကောင်းလှသည်။ ဘုရားသခင်ကိုငြင်းပယ်နေသောလူမျိုးနှင့် တိုင်းနိုင်ငံများကြောင့် ထိုသို့ ဖြစ်နေရကြောင်း လက်ညိုးထိုးကာ ကြိုးစားပြီး ရှင်းပြနေခြင်းက သဘာဝကျပါသည်။ သို့သော် မိမိအတွင်းပိုင်းကို ကျွန်ုပ်တို့စစ်ဆေးရန် မလိုအပ်ပေဘူးလား။ မိမိ၏နှလုံးသားကို…

စွန့်လွှတ်အနစ်နာခံရမည့်အချိန်

၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ၊ ကိုဗစ်-၁၉ ကပ်ရောဂါစစဖြစ်ချင်းတွင် သတင်းရေးသူတစ်ဉီး၏စိုးရိမ်မှုက ကျွန်ုပ်ကိုလည်း ရိုက်ခတ်ခဲ့သည်။ အခြားသူများကို ရောဂါ မကူးစက်ရန် အခြားသူများနှင့်ခပ်ခွာခွာနေပြီး အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်း၊ စျေးဝယ်ထွက်ခြင်းပုံစံတို့ကို ပြောင်းလဲရန် ကျွန်ုပ်တို့လိုလိုလားလားရှိပါမည်လား။ "ဤအရာက ဆေးဝါးကုသမှုအတွက် စစ်တမ်းကောက်နေခြင်း မဟုတ်ဘဲ သူတစ်ပါးအကျိုးအတွက် မိမိကိုယ်ကိုငြင်းပယ်ကာ အနစ်နာခံလိုသောစိတ်ပင် ဖြစ်သည်" ဟုသူမ ရေးသားခဲ့သည်။ ရုတ်ခြည်းပင် စာနာတတ်သော အကျင့်တရားလိုအပ်မှုသည် သတင်းစာ၏ခေါင်းကြီးပိုင်း မျက်နှာဖုံးသတင်းဖြစ်လာပါတော့သည်။

မိမိ၏လိုအပ်မှုအတွက် စိုးရိမ်ကြောင့်ကြနေလျှင် အခြားသူ၏လိုအပ်မှုကို စဥ်းစားပေးရန် လွယ်ကူမည်မဟုတ်ပါ။ လိုအပ်မှုကို မစထောက်ပံ့ရန်အတွက် ကျွန်ုပ်တို့၌ စိတ်စွမ်းအားတစ်ခုတည်းသာ ရှိသည်မဟုတ်သောကြောင့် ကျေးဇူးတင်ရမည်။ ဥပက္ခာပြုသည့်စိတ်ကိုပြောင်းလဲပေးမည့် 'ချစ်ခြင်း'၊ ဝမ်းနည်းခြင်းကို တုံ့ပြန်ပေးမည့် 'ဝမ်းမြောက်ခြင်း'၊ စိုးရိမ်မှု၌ အစားထိုးဝင်လာမည့် 'ငြိမ်သက်ခြင်း'၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းကို တွန်းလှန်ပေးမည့်'သည်းခံစိတ်ရှည်ခြင်း'၊ တစ်ပါးသူကို 'ကရုဏာပြကျေးဇူးပြုခြင်း'၊ လိုအပ်မှုကိုမြင်သော 'ကောင်းမြတ်ခြင်း'၊ မိမိ၏ကတိကို တည်စေသော 'သစ္စာ'၊ ခက်ထန်တင်းမာမှုကို…

စကားပြောရမည့်အချိန်

အာဖရိကန်-အမေရိကန်အမျိုးသမီးတစ်ဦးသည် ကမ္ဘာလုံးဆိုင်ရာအမှုတော် သာသနာလုပ်ငန်းတွင် နှစ်ပေါင်း-၃၀တိုင် သစ္စာရှိစွာ ပါဝင်အမှုတော်ဆောင်ခဲ့ သည်။ သို့သော် လူမျိုးရေးမတရားမှုနှင့်ပတ်သက်ပြီး လုပ်ဖော်ဆောင်ဘက်တို့နှင့် ဆွေးနွေးရန် ကြိုးစားတိုင်း တုံ့ပြန်မှုကို မရခဲ့ပါ။ နောက်ဆုံး လူမျိုးရေးခွဲခြားမှုဝါဒကို ပွင့်လင်း မြင်သာစွာ ဆွေးနွေးမှုများ ကမ္ဘာနှင့်အဝန်း ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသော ၂၀၂၀ နွေဦးတွင် သူမ၏သာသနာကွင်းမှ မိတ်ဆွေများသည် ပွင့်လင်းစွာ ဆွေးနွေးမှုအချို့ စတင်ပြုလုပ်လာတော့သည်။ ရှုပ်ထွေးနေသောခံစားမှု၊ နာကျင်မှုများဖြင့် ထိုစကားဝိုင်း အစပျိုးလာသည်ကို ကျေးဇူးတင်မိသော်လည်း သူမ၏ လုပ်ဖော်ေဆောင်ဘက်များသည် ထိုကိစ္စကို ထုတ်ဖော်ပြောကြားရန်၊ ရပ်တည်ပေးရန် အဘယ်ကြောင့် ထိုမျှအချိန်ကြာခဲ့ရသနည်းဟု အတွေးဝင်မိပါသည်။

အချို့သောအခြေအနေများတွင် နှုတ်ဆိတ်နေခြင်းက ဆောင်သင့်သောသီလတစ်ခုဖြစ်နိုင်ပါသည်။ ဒေသနာကျမ်းတွင် ရှောလမုန်မင်းကြီး ရေးသားသကဲ့သို့ "ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ .... တိတ်ဆိတ်စွာနေရသော အချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏" (ဒေ ၃:၁၊ ၇)။

သို့သော် တစ်ယူသန်သဘောထားနှင့် မတရားသောအမှုများကို…

ဝိညာဥ်တော်ပြသည့် ထိုးထွင်းအမြင်

ပြင်သစ်စစ်သားသည် သဲကန္တာရထဲတွင် အခြေချစခန်း ခံတပ်တည်ဆောက်ရန် မြေတူးနေစဥ် အရေးပါသောအရာကို ရှာဖွေတွေ့ရှိမည်ဟု မတွေးမိပါ။ သဲများကို ဂေါ်ဖြင့်တစ်ဂေါ်ပြီးတစ်ဂေါ် ကော်ပြီးနောက် ကျောက်တုံးတစ်တုံးကို တွေ့လိုက်သည်။ သာမန်ကျောက်တုံးတော့မဟုတ်ပါ။ ဘာသာစကားသုံးမျိုးဖြင့် ရေးထားသော King Ptolemy V (ပဥ္စမမြောက်ထောလမီဘုရင်)က သူ၏ဘုန်းတော်ကြီးများနှင့် လူများအတွက် ပြုသောကောင်းကျိုးများ၏ စာရင်းပါရှိသော Rosetta (ရိုဆက်တာ)ကျောက်တုံးကြီး ဖြစ်သည်။ ယခုအခါ ဗြိတိသျှပြတိုက်တွင် ပြသထားသော ယင်းကျောက်တုံးသည် ၁၉ ရာစု၏ ရှေးဟောင်းသုတေသနဆိုင်ရာ အရေးပါဆုံးသောတွေ့ရှိမှု တစ်ခုဖြစ်သည်။ ပုံဖြင့် သရုပ်ဖော်ရေးဆွဲသော Hieroglyphics (အရုပ်စာ)ဟုထင်ရှားသည့် ရှေးဟောင်းအီဂျစ်စာ အရေးအသား ၏ နက်နဲ ရှုပ်ထွေးမှုကို ဖော်ထုတ်ရာ၌ ထိုတွေ့ရှိမှုက အထောက်အကူဖြစ်ခဲ့သည်။

လူများစွာအတွက် နှုတ်ကပတ်ကျမ်းစာသည် နားမလည်နိုင်၊ လျှို့ဝှက်နက်နဲ သောအရာဖြစ်သည်။ သခင်ယေရှုကားတင်သတ်ခြင်းမခံရမီညကသူ့နောက်တော်လိုက်များအား သန့်ရှင်းသောဝိညာဥ်တော်ကိုစေလွှတ်ပေးမည်ဟု မိန့်ကြားခဲ့သည်။ယေရှုက"သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဥ်တော်သည်ရောက်လာသောအခါ၊သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။…