အမျိုးအစား  |  odb

ကြင်နာခြင်းအမွေ

မာသာ သည် မူလတန်းကျောင်းတွင် လက်ထောက်ဆရာမအဖြစ် အနှစ်(၃၀)ကျော် လုပ်ကိုင်ခဲ့သည်။ နှစ်စဥ် သူမသည် နွမ်းပါးသည့်ကျောင်းသူကျောင်းသားများအတွက် ကုတ်အင်္ကျီ၊ လည်စီး၊ လက်အိတ် အသစ်များ ဝယ်ပေးနိုင်ရန် ငွေစုခဲ့သည်။ သွေးကင်ဆာနှင့်တိုက်ပွဲဝင်ရင်း သူမရှုံးနိမ့် ကွယ်လွန်သွားသောအခါ သူမ အတွက် စျာပနအခမ်းအနားကို ကျွန်မတို့ကျင်းပပေးခဲ့သည်။ လူတို့သည် ပန်းများအစား အသစ်စက်စက် ဆောင်းတွင်းကုတ်အင်္ကျီများကို သူမချစ်သော၊ ဆယ်စုနှစ်ချီ၍ သူမထောက်ပံ့ခဲ့သောကလေးများအတွက် ပေးလှူခဲ့သည်။ လူအများက မာသာ သည် အခြားသူကို ကြင်နာသောစကားလုံးများနှင့် အမြော်အမြင်ရှိသော လုပ်ဆောင်ချက်တို့ဖြင့် နှစ်သိမ့်အားပေးခြင်းအကြောင်း များစွာကို ပြောကြသည်။ သူ၏လုပ်ဖော်ဆောင်ဖက်ဆရာမများက ဤလောကမှ သူထွက်ခွာပြီးနောက် သုံးနှစ်တိုင်တိုင် နှစ်ပတ်လည်နေ့တွင် ကုတ်အင်္ကျီများကို စုဆောင်းကောက်ခံခြင်းဖြင့် သူမကိုအောက်မေ့သတိရကြသည်။ သူမ၏ ကြင်နာမှုအမွေသည် လိုအပ်သူများကို ရက်ရောစွာ ကူညီရန် အခြားသူများ အတွက် ယခုတိုင် တွန်းအားဖြစ်စေခဲ့သည်။

တမန်တော်ဝတ္ထု အခန်းကြီး ၉…

ကျွန်ုပ်တို့ကို သူကြားတယ်

အမေရိကန်သမ္မတ Franklin D. Roosevelt (ဖရန့်ကလင်ဒီရုစဗဲ့)သည် အိမ်ဖြူတော်၌ သူနှုတ်ဆက်ရမည့် ရှည်လျားလှသော ဧည့်သည်တန်းကြီးကို မကြာခဏသည်းခံရလေ့ရှိသည်။ ကြားရသည့်စကားများအရ၊ ပြောလိုက်သည့် စကားများကို မည်သူကမှ အာရုံမစိုက်ကြကြောင်း သူမကျေမနပ်ပြောလေ့ရှိသည်။ ထို့ကြောင့် ဧည့်ခံပွဲတစ်ခုတွင် စမ်းသပ်မှုပြုလုပ်ရန် သူဆုံးဖြတ်ခဲ့သည်။ တန်းစီနေသူတိုင်းကို လက်ဆွဲနှုတ်ဆက်ရင်း သူက "ကျွန်တော် ဒီမနက်မှာ ကျွန်တော့်အဖွားကိုသတ်ခဲ့တယ်" ဟုပြောရာ၊ ဧည့်သည်များက "အံ့ဩစရာပဲ။ ကောင်းတဲ့အလုပ်ကို ဆက်လုပ်ပါ။ ဆရာ့ကို ဘုရားသခင်ကောင်းချီးပေးပါစေ" ဟုတုံ့ပြန်ခဲ့သည်။ ဧည့်တန်း အဆုံးရှိ Bolivia (ဗိုလီဗီယာ) သံအမတ်ကို နှုတ်ဆက်ချိန်၌ သူ့စကားကို နားထောင်နေကြောင်း သိလိုက်ရသည်။ မှင်သက်စွာဖြင့် သံအမတ်ကြီးက "သူမကို ဒီလိုလုပ်သင့်လို့ဆိုတာ ကျွန်တော်သေချာတယ်” ဟုတီးတိုးပြောလိုက်သည်။

"လူတွေတကယ် နားထောင်နေရဲ့လား" ဟုသင်စဉ်းစားဖူးပါသလား။ ပိုဆိုး သည်မှာ ဘုရားသခင်နားမထောင်မှာကို စိုးကြောက်ပါသလား။ လူတို့၏တုံ့ပြန်မှု (သို့) မျက်လုံးချင်းဆုံမှုတို့အပေါ် အခြေခံပြီး…

ဘုရားသခင်၏သားသမီးများ

တစ်ခါက လောကီရေးရာဆွေးနွေးပွဲတစ်ခု၌ ကလေးမရှိသောစုံတွဲများအတွက် ကျွန်ုပ်ဟောပြောခဲ့သည်။ ဆွေးနွေးပွဲလာတက်သူများစွာမှာ အမြုံ ဖြစ်သည့်အတွက် သူတို့အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့နေကြသည်။ ကျွန်ုပ်ကိုယ်၌က ကလေးမရခဲ့သည့်အတွက် "ခင်ဗျားတို့ကို ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသော လက္ခဏာတွေနဲ့ဖန်ဆင်းထားတယ်ဆိုတာကို ကျွန်ုပ်ယုံကြည်တယ်။ ရည်ရွယ်ချက် အသစ်တစ်ခု ရှာဖွေရပါမယ်။ မိဘ မဖြစ်ရပေမယ့်လည်း အခြားအဓိပ္ပာယ်ရှိတဲ့ ဖြစ်တည်မှုတစ်ခုခုရရှိနိုင်ပါတယ်"ဟု သူတို့ကို ကြိုးစားပြီး ခွန်အားပေးခဲ့သည်။

နောက်ပိုင်း၌ အမျိုးသမီးတစ်ဦးက မျက်ရည်များဖြင့် ကျွန်ုပ်အနား ရောက်လာပြီး "ရှင့်ကိုကျေးဇူးတင်ပါတယ်။ ကလေးမရနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမဲ့တယ်လို့ခံစားနေရတာ။ ကျွန်မကို ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာနဲ့ ဖန်ဆင်းထားတယ်ဆိုတဲ့စကားကို ကြားဖို့လိုအပ်နေ တာပါ" ဟုဆိုသည်။ "မမက ယေရှုကို ယုံကြည်သူလား"ဟု ကျွန်ုပ်မေးလိုက်ရာ "ကျွန်မက ဘုရားသခင်ကို ကျောခိုင်းခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ဘုရားရှင်နဲ့ နောက်တစ်ဖန်ပြန်ဆက်သွယ်ဖို့ လိုအပ်နေပြီ"ဟု ပြန်ဖြေခဲ့သည်။

ဤကဲ့သို့သောအချိန်မျိုးတွင် ဧဝံဂေလိတရား၏လေးနက်မှုကို ကျွန်ုပ် ပြန်ပြီး အမှတ်ရမိသည်။ လူအချို့အတွက်…

သင့်ယုံကြည်ခြင်းကို မျှဝေခြင်း

စာရေးဆရာမနှင့် ဧဝံဂေလိဆရာမဖြစ်သူ Becky Pippert (ဘက်ကီ ဖစ်ပတ်) သည် အိုင်ယာလန်၌ နေထိုင်စဉ် ၂ နှစ်တာမျှ သူ့အား လက်သည်းအလှပြင်ပေးသည့်ဟဲသာ အား ယေရှုအကြောင်းသတင်းကောင်းကို ဝေငှရန် ဆန္ဒရှိခဲ့၏။ သို့သော် ဟဲသာမှာ ရေးရေးမျှပင်စိတ်ဝင်စားပုံ မပေါ်ပါ။ ယေရှုအကြောင်း စကားစမြည် စပြောရန် မဖြစ်နိုင်ဟုခံစားမိ၍ ချိန်းဆိုမှု မတိုင်မီတွင် ဘက်ကီ ဆုတောင်းခဲ့သည်။

ဟဲသာ က သူ့လက်သည်းများကို ပြင်ပေးနေစဉ် ဘက်ကီ က မဂ္ဂဇင်းဟောင်းတစ်အုပ်ကိုလှန်လှောကြည့်ရာ မော်ဒယ်တစ်ဦး၏ပုံအရောက်တွင် အတန်ကြာ ကြည့်နေသဖြင့် ဟဲသာ က "ဘာတွေဒီလောက်စိုက်ကြည့်တာလဲ" ဟုမေးရာ ဘက်ကီ က ၎င်းသည် လွန်ခဲ့သောနှစ်များက Vogue မဂ္ဂဇင်း မျက်နှာဖုံးမော်ဒယ် ဖြစ်ခဲ့သည့် သူမ၏ ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်ကြောင်း ပြောပြရင်း၊ ဘုရားသခင်အား ယုံကြည်လာသည့် သူ့မိတ်ဆွေများအကြောင်းကို ဆက်ပြီးပြောပြရာ ဟဲသာ က…

စိတ်ကူးမြင်ယောင်ကြည့်လိုက်ပါ

လူကြိုက်များသည့် နေအိမ်ပြင်ဆင်မွမ်းမံခြင်း ရုပ်မြင်သံကြားအစီအစဉ်ထုတ်လွှင့် နေစဉ် အစီအစဉ်တင်ဆက်သူ၏ "စိတ်ကူးမြင်ယောင်ကြည့်လိုက်" ဆိုသော စကားကို ကြည့်ရှုသူများ မကြာခဏကြားရသည်။ ထို့နောက် ပစ္စည်းဟောင်းကို ပြန်လည်မွမ်းမံခြင်း၊ အရောင်လွင့်နေသော နံရံနှင့် ကြမ်းပြင်များကို ဆေးသုတ်ခြင်း (သို့) အရောင်တင်ခြင်းတို့ လုပ်ဆောင်ပြီးနောက်ပိုင်း ဘာဖြစ်သွားသည်ကို ဖွင့်ပြလိုက်သည်။ ထုတ်လွှင့်မှုအစီအစဉ်တစ်ခု၌ အိမ်ကိုပြုပြင်မွမ်းမံပြီးနောက် အိမ်ရှင်မှာ ဝမ်းသာလွန်းလှ၍ ပီတိဖြစ်လျက် “လှလိုက်တာ” ဟု သူ့နှုတ်ခမ်းမှ သုံးကြိမ် ရွှန်းရွှန်းဝေအောင်ပြောလာသည်။

သမ္မာကျမ်းရှိကျမ်းပိုဒ်များအနက် ဟေရှာယ ၆၅:၁၇-၂၅ သည် ရင်သပ် ရှုမောဖွယ် "မြင်ယောင်ကြည့်လိုက်" ဆိုသည့်ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ အနာဂတ် ၌ အသစ်ပြင်ဆင်တည်ထောင်သည့် ကောင်းကင်နှင့်မြေကြီးကို မြင်ရပြီး (:၁၇)၊ ၎င်းသည် အပေါ်ယံခြယ်မှုန်းထားခြင်းမျှသာ မဟုတ်။ နက်နဲပြီး စစ်မှန်သည်၊ ဘဝ ပြောင်းလဲပြီး ထာဝရတည်သည့်ဘဝဖြစ်သည်။ "ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်" (:၂၁)။…

အဲဒီမှာ ဘုရားသခင်ရှိတယ်

သြဗရီ သည် သက်ကြွယ်အရွယ်ဖခင်ကြီးအတွက် သားမွေးကုတ်အင်္ကျီတစ်ထည် ဝယ်ယူခဲ့သော်လည်း ၎င်းကို မဝတ်လိုက်ရမီမှာပင် ဖခင်ကွယ်လွန်သွားသည်။ ထို့ကြောင့် သူသည် ခွန်အားပေးစာတိုလေးတစ်စောင်နှင့် ဒေါ်လာ ၂၀ တန် တစ်ရွက်ကို အင်္ကျီအိတ်ထဲထည့်ကာ လူမှုရေးအဖွဲ့သို့ ပေးလှူခဲ့သည်။

မိုင် ၉၀ ကွာဝေးသည့်အရပ်တွင် သူ့မိသားစု၏ အဆင်မပြေမှုဒဏ်ကို မခံနိုင်တော့၍ ၁၉ နှစ်အရွယ် ကယ်လီ သည် ကုတ်အင်္ကျီကိုပင် ကောက်မဝတ်နိုင်တော့ဘဲ အိမ်မှထွက်လာခဲ့သည်။ သူသွားနိုင်သည့်တစ်ခုတည်းသောနေရာမှာ သူ့အတွက် ဆုတောင်းပေးနေသည့် အဘွား၏အိမ်သည်သာ ဖြစ်ကြောင်းကို သူသိထားသည်။ နာရီပေါင်းများစွာ ကားစီးခဲ့ပြီးနောက် ဘတ်စ်ကားပေါ်မှအဆင်း အဘွား၏ရင်ခွင်ထဲ ပြေးဝင်ခဲ့သည်။ ဆောင်းလေအေးဒဏ်မှ သူ့ကိုကာပေးရင်း "သားအတွက် ကုတ်အင်္ကျီတစ်ထည်ဝယ်ရအောင်"ဟု အဖွားက ပြောသည်။ သာသနာပြု စတိုးဆိုင်တွင် သူကြိုက်သည့်ကုတ်အင်္ကျီကို ကယ်လီ စမ်းဝတ်ကြည့် လိုက်သည်။ အင်္ကျီအိတ်ထဲလက်နှိုက်လိုက်ရာ ဒေါ်လာ ၂၀ တန် ငွေစက္ကူတစ်ရွက်နှင့် သြဗရီ…

ဘုရားသခင်သည် သင့်အတွက် တိုက်ခိုက်ပေးမည်

နာမည်ကျော် Charge of the Light Brigade (အလင်းရောင်တပ်မဟာ၏ တစ်ဟုန်ထိုးတိုက်ခိုက်ခြင်း) တိုက်ပွဲအတွင်း ဗြိတိသျှစစ်သည်များကို စစ်မြေပြင်သို့ ပို့ဆောင်ပေးသော စစ်မြင်း ၁၁၂ ကောင် အနက် ဒဏ်ရာရသွားသည့်မြင်းကို ဒရမ်မာ ဘွိုင်း (ဒရမ်သမားလေး) ဟု အမည်မှည့်ခေါ်သည်။ အဆိုပါမြင်း၏ရဲရင့်မှု၊ သက်လုံ ကောင်းမှုကြောင့် ၎င်းကို စီးနင်းသည့် ဗိုလ်မှူးချုပ် Colonel de Salis (ကိုလိုနယ်ဒီ စာလစ်)က ရဲစွမ်းသတ္တိရှိသောစစ်သည်များနှင့်အတူ သူ့မြင်းလည်း ဆုတံဆိပ်နှင့်ထိုက်တန်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ရန်သူတပ်များနှင့် တိုက်ခိုက်ရှုံးနိမ့်သွားသည့်တိုင် မြင်းတပ်၏ရဲစွမ်းသတ္တိကို သူတို့၏မြင်းများနှင့်အတူ ဗြိတိသျှတပ်မတော်၏ အကြီးမြတ်ဆုံးသောဂုဏ်ပြုပွဲအဖြစ် ယနေ့ထိတိုင်ကျင်းပဆဲဖြစ်သည်။

ဤတိုက်ပွဲက "စစ်တိုက်ရာကာလဖို့ မြင်းများကိုပြင်ဆင်သော်လည်း ထာဝရ ဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရာရပါ၏" (သု ၂၁:၃၁) ဟု ဓမ္မဟောင်းကျမ်းမှ သုတ္တံစကား၏အမြော်အမြင်ကို ဖော်ပြနေ၏။ ဤသဘောတရားကို ကျမ်းစာက ရှင်းလင်းစွာ အတည်ပြုပေး၏။…

ဘုရားသခင်နှင့် အချိန်ယူခြင်း

Norman Maclean (နော်မန် မက်ကလင်း)၏ လက်ရာမြောက်လှသော ‘A River Runs Through It’ (မြစ်တစ်ခု ဖြတ်သန်းစီးဆင်းသွားသည်) ဇာတ်လမ်း သည် အမေရိကန်နိုင်ငံ၊ မွန်တားနားပြည်နယ်အနောက်ပိုင်း၌ ပရက်ဘေ တေးရီးယန်းသင်းအုပ်ဖခင်နှင့်အတူ ကြီးပြင်းခဲ့ရသည့် လူငယ်နှစ်ဦးအကြောင်း ရေးသားထားသည်။ တနင်္ဂနွေနေ့မနက်တိုင်း နော်မန် နှင့် သူ့ညီအစ်ကို ပေါလ် တို့သည် ဘုရားကျောင်းသို့သွားပြီး ဖခင်၏တရားဒေသနာကို ခံယူရသည်။ ညနေပိုင်း၌ ဝတ်ပြုစည်းဝေးခြင်း တစ်ကြိမ်ထပ်ရှိပြီး သူတို့ဖခင်က နောက်တစ်ကြိမ် ဟောပြောသည်။ သို့သော် ထိုဝတ်ပြုချိန်နှစ်ကြိမ်ကြား အားလပ်ချိန်တွင် ဖခင်က "ဝတ်ပြုစည်းဝေးနှစ်ချိန်ကြား စိတ်ဖိစီးမှုကို ဖြေလျှော့"စဉ် သူတို့ မှာမူ ဖခင်နှင့်အတူ တောင်ကုန်းများပေါ်၊ စမ်းချောင်းဘေးတစ်လျှောက် လမ်းလျှောက်ထွက်ကြ သည်။ "ညနေခင်းတရားဟောချက်အတွက် သူ့ဝိညာဉ်ကို တစ်ဖန် အားပြန်ဖြည့်ရန်၊ အားပြည့်လျှံစေရန်"အလို့ငှာ ဖခင်က တမင်တောထဲသွားခြင်းဖြစ်သည်။

ခရစ်ဝင်ကျမ်းများတွင် ယေရှုသည် တောင်စောင်းပေါ်နှင့်…

ကျွန်ုပ်တို့၏ပြဿနာများထက် ကြီးမြတ်သော

အသက်ရှင်နေသော ဒိုင်နိုဆော၏အဆင်းသဏ္ဌာန်ကို မည်သို့ထင်မှတ်မိသနည်း။ ဧရာမသွား၊ အကြေးခွံနှင့် အမြီးရှည်ရှိသည့် သတ္တဝါလား။ ပန်းချီဆရာမ Karen Carr (ခယ်ယန်ခါး)က ဤမျိုးတုန်းသွားသည့်သတ္တဝါများကို နံရံဆေးရေးပန်းချီဖြင့် ပြန်လည်ဖန်တီးရေးဆွဲခဲ့သည်။ ပန်းချီကားတစ်ခုမှာ ပေ ၂၀ ကျော် အမြင့်ရှိပြီး ပေ ၆၀ ကျော် ရှည်သောကြောင့် Sam Noble Oklahoma သဘာဝသမိုင်းပြတိုက်၌ ပြသထားနိုင်ရန်အတွက် ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ပင် လိုအပ်ခဲ့သည်။

ဤနံရံဆေးရေးပန်းချီရှေ့ရပ်ပြီး ဒိုင်နိုဆောများကို ကြည့်သောအခါ သိမ်ငယ်စိတ် မခံစားရဘဲမနေ။ အင်အားကြီးသည့် ‘ဗေဟမုတ်’ ဟုခေါ်သည့် သတ္တဝါအကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်၌ ဖတ်ရသည့်အခါ ကျွန်ုပ် လည်း အလားတူခံစားမှုမျိုး ခံစားခဲ့ရသည် (ယောဘ ၄၀:၁၅)။ ဤသတ္တဝါကြီး သည် နွားကဲ့သို့ပင် တမြုံ့မြုံ့နှင့်မြက်စားပြီး သူ့အမြီးမှာ သစ်ပင်ပင်စည်အရွယ် ရှိသည်။ အရိုးများမှာမူ သံပိုက်များကဲ့သို့ဖြစ်၏။ တောင်ကုန်းစားကျက်မြေများပေါ် တရွှေ့ရွေ့ သွားလာပြီး…

ငြိမ်းချမ်းသောဘဝ

သြစတြေးလျနိုင်ငံ၊ ပါသ်မြို့၌ ရှာလုမ်ဂေဟာ ဟုခေါ်သော မူးယစ်ဆေးစွဲသူများ အကူအညီရယူနိုင်သည့်နေရာတစ်ခုရှိသည်။ ရှာလုမ် ဂေဟာ၌ သူတို့ကို ဘုရားသခင်၏ ငြိမ်သက်ခြင်း 'ရှာလုမ်' ('ငြိမ်းချမ်းရေး' ဟုအဓိပ္ပာယ်ရှိသည့် ဟေဗြဲစကားလုံး)နှင့် မိတ်ဆက်ပေးမည့် ဂရုပြုစောင်မသည့်ဝန်ထမ်းနှင့် တွေ့ဆုံ ကြသည်။ မူးယစ်ဆေး၊ အရက်၊ လောင်းကစားနှင့် အခြားသော မိမိကိုယ်ကို ဖျက်ဆီးသည့် အကျင့်စသည့် စွဲလန်းမှုဝန်အောက်၌ ပျက်စီးနေသောဘဝများသည် ဘုရားရှင်၏ မေတ္တာတော်အားဖြင့် ပြုပြင်ပြောင်းလဲကုန်သည်။

ဤပြောင်းလဲမှု၏အဓိကဗဟိုချက်မှာ ကားတိုင်၏သတင်းစကားဖြစ်သည်။ ရှာလုမ်ဂေဟာရှိ ဘဝပျက်ခဲ့သူများသည် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သူတို့၏ကိုယ်ပိုင်ဘဝများလည်း တစ်ဖန် ရှင်သန်လာမှုကို တွေ့ရှိနိုင်ကြသည်။ ခရစ်တော်၌ စစ်မှန်သောငြိမ်းချမ်းခြင်းနှင့် အနာငြိမ်းခြင်းကို ရရှိပါသည်။

ငြိမ်သက်ခြင်းဆိုသည်မှာ ပဋိပက္ခ မရှိခြင်းမျှသာ မဟုတ်၊ ဘုရားသခင်၏ စုံလင်ခြင်းတည်ရှိနေခြင်းဖြစ်သည်။ ဤငြိမ်သက်ခြင်းကို ကျွန်ုပ်တို့အားလုံးလိုအပ် ပြီး ၎င်းကို ခရစ်တော်နှင့် သူ၏ဝိညာဉ်တော်၌သာ တွေ့ရှိနိုင်သည်။ ထို့ကြောင့် ရှင်ပေါလုက ဂလာတိလူများအား…