ဘယ်သူ့အတွက်လဲ
ကျွန်တော်အသံထွက်အောင် ရယ်မိပါသည်။ ဓာတ်ပုံတွင် လူအုပ်ကြီးသည် မက္ကစီကန်လမ်းမပေါ်တွင် စီတန်းကာ၊ အလံများကိုဝေ့ယမ်းလျက်၊ ရောင်စုံ စက္ကူစ အမှုန်များကျဲကာ၊ ပုပ်ရဟန်းမင်းကြီးအား စောင့်ကြိုနေခဲ့ကြသည်။ လမ်းအလယ်၌ လေလွင့်ခွေးလေးတစ်ကောင်သည် လမ်းလျှောက်လာကာ၊ သူ့အား သောင်းသောင်းဖျဖျကြိုဆိုကြသည့်နှယ် ပျော်မြူးနေသည်။ ဟုတ်ပါသည်။ ဤကဲ့သို့ ပျော်စရာကောင်းသောနေ့ကို ခွေးတိုင်း ပိုင်ဆိုင်သင့်ပါသည်။
ခွေးလေးတစ်ကောင်က ဤပွဲ၏အာရုံကို ဖမ်းစားသွားခဲ့သည်မှာ ချစ်စရာ ကောင်းပါသည်။ သို့သော် အခြားသူတစ်ယောက်၏ချီးမွမ်းခြင်းကို လုယူခြင်း သည် ကျွန်တော်တို့ကို ပျက်စီးစေနိုင်သည်။ ဤအချက်ကို ဒါဝိဒ်သိသည်။ ထို့ကြောင့် သူ၏စစ်သူရဲတို့ အသက်စွန့်ကာ ခပ်လာခဲ့သောရေကိုသောက်ရန် သူငြင်းဆန်ခဲ့သည်။ တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်၍ပေးလျှင် ကောင်းလိမ့်မည်ဟု တောင့်တစိတ်နှင့် သူဆိုမိရာ၊ စစ်သူရဲသုံးယောက်တို့သည် ရန်သူ့တပ်ကို ဖျက်ဝင်ကာ ရေခပ်ပြီး သူ့ထံယူဆောင်လာခဲ့သည်။ ဒါဝိဒ်သည် သူတို့၏ စွန့်လွှတ်မှုကြောင့် စိတ်ထိခိုက်ကာ၊ ရေကိုသောက်ရန် ငြင်းဆန်ပြီး၊ ဘုရား…
မျှော်လင့်ခြင်းကို ရွေးချယ်ခြင်း
ကမ္ဘာအနှံ့အပြား နေ့တာတိုသောဆောင်းရာသီ၌ နေရောင်ခြည်ရရှိမှု အကန့်အသတ်ရှိသော ဒေသများတွင်ဖြစ်လေ့ရှိသည့် ရာသီအလိုက်စိတ်ပိုင်းဆိုင်ရာ ရောဂါ SAD စိတ်ကျဝေဒနာခံစားရသူ သန်းပေါင်းများစွာအနက် ကျွန်မသည် တစ်ဦးအပါအဝင်ဖြစ်သည်။ ရေခဲတစ်မျှ အေးခဲလှသော ဆောင်းတွင်းကျိန်စာ ဘယ်တော့မှအဆုံးမသတ်နိုင်ဟု ကြောက်စိတ်စတင်ဝင်လာစဉ် နေ့တာရှည်ပြီး ပူနွေးသောအချိန်ရောက်လာမည့် လက္ခဏာများကို အလွန်တောင့်တမိသည်။
တအိအိကျနေသောနှင်းမှုံများကိုဖောက်ပြီး ပန်းလေးများ အောင်မြင်စွာ ပွင့်လန်းနေခြင်းက နွေဦးရာသီ၏ပထမဆုံးလက္ခဏာဖြစ်သည်။ ၎င်းသည် အမှောင်မိုက်ဆုံးရာသီ၌ပင် ဘုရားသခင်၏မျှော်လင့်ခြင်းသည်လည်း ထိုးဖောက်ဝင်ရောက်လာနိုင်ကြောင်း ကျွန်မကို အစွမ်းကုန်သတိပေးနေသည်။ ဣသရေလ လူတို့ ဘုရားသခင်ကို ကျောခိုင်းသွားခဲ့စဉ်၊ ဤသို့ရှည်လျားသော၊ စိတ်ကြေကွဲဖွယ် ဆောင်းရာသီဝေဒနာကို ပရောဖက် မိက္ခာခံစားခဲ့ရသည်။ သူသည် ဤမှောင်မိုက်သော အခြေအနေကို ကြုံတွေ့ခံစားရစဉ်၊ “ဖြောင့်မတ်သောသူ တစ်ယောက်မျှ မကျန်ရစ်တော့” ဟုမြည်တမ်းခဲ့သည် (မိ ၇:၂)။
အခြေအနေများ ဆိုးရွားနေပုံပေါ်သော်လည်း၊ သူသည် မျှော်လင့်ချက်ကို မစွန့်ခဲ့ပါ။ သက်သေကို မမြင်နိုင်လည်း၊ စိတ်ပျက်ဖွယ်အခြေအနေဖြစ်လည်း ဘုရားသခင်သည်…
‘လာပလာယာ’ကမ်းခြေမှ ဆုတောင်းများ
ကျွန်မတို့၏ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အဖြစ် လာပလာယာ ကမ်းခြေသို့ ခရီးထွက်ခဲ့ရာ ကမ်းခြေ၌ ကျွန်မတို့ဇနီးမောင်နှံ ကျမ်းစာဖတ်နေခိုက် ဈေးသည် များက ပစ္စည်းဈေးနှုန်းများကို အော်လျက် ဖြတ်သွားကြသည်။ ၎င်းတို့ အယောက်စီတိုင်းကို ကျေးဇူးတင်သော်လည်း၊ ကျွန်မတို့ဘာမျှမဝယ်ခဲ့ကြပါ။ ဖာနန်ဒိုဆိုသော ဈေးသည်က ပြုံးလျက်၊ မိတ်ဆွေများအတွက် လက်ဆောင်ဝယ်သွားရန် တိုက်တွန်း သည်။ ကျွန်မ မဝယ်သဖြင့် သူ့ပစ္စည်းများထုပ်ပိုးပြီးပြုံးလျက် ထွက်သွားစဥ် “မင်းရဲ့တစ်နေ့တာကို ဘုရားသခင် ကောင်းချီးပေးပါစေ”ဟု သူ့ကို ပြောလိုက်သည်။
ဖာနန်ဒိုသည် လှည့်ပြန်လာပြီး “ကိုယ်တော်ကောင်းချီးပေးပါတယ်။ ယေရှုက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တယ်”ဟုဆိုကာ ကျွန်မတို့၏ ခုံနှစ်ခုံကြားတွင် ဒူးထောက်လျက် “ဒီနေရာမှာ ကိုယ်တော်ရှိတယ်လို့ ကျွန်တော် ခံစားမိတယ်” ဟု ပြောသည်။ ထို့နောက် ဘုရားသခင်သည် လွန်ခဲ့သည့် ၁၄ နှစ် ကျော်က သူ့အား မူးယစ်ဆေးဝါးနှင့် အရက်ကျေးကျွန်ဘဝမှ ကယ်တင်ခဲ့ပုံကို…
ခွန်အားသတ္တိနှင့်ပြည့်ဝသော
လူငယ်လေး ကာလက် သည် မျက်စိမှိတ်ထားစဥ် အမှောင်ထုသည် သူ့ကို ပိတ်လှောင်နေသကဲ့သို့ ညစဉ် သူခံစားရသည်။ ကော့စတာရီကာရှိ သူ၏ အခန်းသည် အလွန်တိတ်ဆိတ်သော်လည်း သစ်သားအိမ်ဖြစ်သည့်အတွက် တကျွိကျွိနှင့် အမြဲအသံမြည်သည်။ ထို့ပြင် ထပ်ခိုးပေါ်ရှိ လင်းနို့များက ပိုဆိုးသည်။ သူ့မိခင်က သူ့အခန်းထဲတွင် ညကြည့်မီးလုံးတစ်လုံး တပ်ဆင်ထားပေးသော်လည်း အမှောင်ထုကို ကြောက်ရွံ့ဆဲပင်ဖြစ်နေသည်။ တစ်ညတွင် သူ့ဖခင်က သူ၏ ခုတင်ခြေရင်းရှိ ပျဥ်ချပ်တွင် ကျမ်းပိုဒ်တစ်ပိုဒ်ကို ရေးလိုက်သည်။ ထိုကျမ်းပိုဒ်မှာ (ယောရှု ၁:၉) ဖြစ်သည်။ “အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်။” ကာလက်သည် ညစဉ် ထိုကျမ်းပိုဒ်ကိုရွတ်ပြီး ကောလိပ်ကျောင်းသို့သွားသည့်တိုင်အောင် ဘုရားရှင်၏ ကတိတော်ကျမ်းပိုဒ်ကို မဖျက်ဘဲ ပျဥ်ချပ်ပေါ်၌ ထိုအတိုင်းထားခဲ့သည်။
ယောရှုမှတ်စာအခန်းကြီး ၁ တွင် မောရှေသေဆုံးပြီးနောက် ယောရှုအား ခေါင်းဆောင်မှုတာဝန်ကို လွှဲပြောင်းသည်ကို ဖတ်ရှုရပါသည်။…
ခြောက်သွေ့အရပ်၌ ရှင်သန်နိုင်သည်
၂၀၁၉ ခုနှစ် ဧပြီလက ကယ်လီဖိုးနီးယားပြည်နယ် ဗစ်တာဗီးလ်မြို့အနီးရှိ ဆင်ခြေဖံုးရပ်ကွက်တွင် ဆူးခြုံပင်အလုံးအထွေးများ ပြည့်နှက်လျက်ရှိသည်။ ထိုဆူးခြုံများ ပေါက်ရောက်သည့် မိုဟာဗီးသဲကန္တာရမှ လေပြင်းတွန်းအားကြောင့် တစ်လိမ့်လိမ့်လွှင့်ကာ ရောက်လာခြင်းဖြစ်သည်။ ထိုဒုက္ခပေးသည့် အရွယ်ရောက် ဆူးခြုံပင်သည် အမြင့် ၆ ပေထိရှိနိုင်ပြီး သန်စွမ်းခိုင်မာသော်လည်း အပင်ခြောက် သည့်အခါ အမြစ်မှကျွတ်ထွက်ပြီး လေတိုက်မှုကြောင့် အလုံးအထွေးအဖြစ် မြေပြင်ပေါ်လိမ့်သွားကာ ၎င်း၏အစေ့များကို နေရာအနှံ့ပြန့်ကျဲစေတော့သည်။
ယေရမိအနာဂတ္တိကျမ်း၌ဖတ်ရှုရသည့် “စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက်သွားသောသူ” (ယေ ၁ရး၅) သည် ထိုဆူးခြုံလုံးများကဲ့သို့ပင် ဖြစ်ကြောင်း ကျွန်ုပ်ပုံဖော်မိသည်။ “ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍ ကောင်းကျိုးရောက်ကြောင်းမသိရ။ အဘယ်သူမျှမနေသောဆားမြေ၊ သွေ့ခြောက်သောလွင်ပြင်၌ နေရလိမ့်မည်” (:၅-၆) ဟု ယေရမိက မိန့်ကြားသည်။ လူကို ကိုးစားခြင်းမပြုဘဲ ထာဝရဘုရားကိုကိုးစားသောသူနှင့်နှိုင်းယှဉ်လျှင် သိသိ သာသာကွာခြားမှုရှိသည်။ ထာဝရဘုရားထံမှ ခွန်အားပြည့်ဝစွာ ရရှိသူသည်…
ကောင်းလိုက်တဲ့ပစ်ချက်လား
ဝေါ့ထ်ဒစ္စနေး ကာတွန်းဇာတ်ကောင် ဘမ်ဘီကို ပြန်လည်အသက်သွင်းပြီး ထုတ်လွှင့်သည့်အခါ သားသမီးများနှင့်အတူ ဖေဖေ၊ မေမေတို့၏ ငယ်ဘဝများ ပြန်လည်ရှင်သန်လာသည်။ ရုပ်ရှင်လာကြည့်သူမိဘများတွင် အမဲလိုက်ခြင်း အပါအဝင် ပြင်ပလှုပ်ရှားမှုများကို ဝါသနာပါပြီး အထင်ကြီးစရာ ဆုဖလားများ ဆွတ်ခူးထားသည့် ခင်ပွန်းသည်တစ်ယောက်၏ ငယ်ရွယ်သောဇနီးဖြစ်သူလည်း ပါဝင်သည်။ အမဲလိုက်သူများလက်ထဲသို့ ဘမ်ဘီလေး၏မိခင် ပါသွားသည့် အခန်းကို ရင်တမမနှင့် ပါးစပ်အဟောင်းသားနှင့် နာကျင်ခံစားစွာ ကြည့်နေစဥ် သူ့သားလေးက “ကောင်းလိုက်တဲ့ပစ်ချက်” ဟု လူကြားထဲ ထအော်သဖြင့် အရှက်ကွဲခဲ့ရသည်ဟု မိသားစုတွေ့ဆုံပွဲတွင် သူပြန်ပြောင်း ပြောပြသည်။
ကျွန်ုပ်တို့၏သားသမီးများပြောဆိုခဲ့သည် အရှက်ရစရာ အကြောင်းအရာများ ကို ပြန်လည်သတိရမိသည့်အခါတိုင်း ကျွန်ုပ်တို့ရယ်မောမိသည်။ ဆာ ၁၃၆ မှ လူများ ထိုသို့ပြောဆိုပါက ကျွန်ုပ်တို့မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း။ ဘုရားသခင် ရွေးချယ် ကယ်နှုတ်ခဲ့သော ဣသရေလလူတို့သည် သူတို့အပါအဝင် ဖန်ဆင်းသောအရာများအပေါ် တည်မြဲသည့် ဘုရားရှင်၏မေတ္တာတော်ကို ချီးမွမ်းကြသည်။…
အဝတ်လျှော်ဖွပ်သောနေ့
ကိုလိုရာဒို ဘုရားကျောင်းအနီးရှိ ဝင်ငွေနည်းရပ်ကွက်ကိုဖြတ်၍ ကားမောင်းသွားစဉ် သင်းအုပ် ချတ်ဒ် ဂရေဟမ်သည် သူနှင့်စပ်ဆိုင်သူများ အတွက် ဆုတောင်းပေးသည်။ထိုနောက် အများသုံးအဝတ်လျှော်ဆိုင်ကိုတွေ့ပြီး ဆင်းကြည့်ရာ အသုံးပြုသူများပြည့်လျက်ရှိသည်ကို တွေ့ရသည်။ လူတစ်ယောက်က အဝတ် အခြောက်ခံစက် သုံးလိုသဖြင့် ဂရေဟမ် ထံမှ ငွေအကြွေတောင်းခဲ့သည်။ ၎င်းသည် ဂရေဟမ်၏ စိတ်ကို ထိတွေ့ခဲ့ပြီး အသင်းတော်၏ “အဝတ်လျှော်သောနေ့” အစီအစဥ်လေး ဖြစ်လာသည်။ အဝတ်လျှော်စက်၌သုံးမည့် ငွေအကြွေနှင့် ဆပ်ပြာကိုအသင်းတော်မှ အသင်းသားများက အပတ်စဥ် ထောက်ပံ့ပေးပြီး အဝတ်လာလျှော် သူများနှင့်အတူဆုတောင်းသည်။ စက်ပိုင်ရှင်ကိုလည်း လိုအပ်သောစက်ပစ္စည်းများ ပံ့ပိုးပေးသည်။
အသင်းတော်၏ ကိုယ်နှင့်စပ်ဆိုင်သူများသို့ဧဝံဂေလိပြုခြင်းတွင် 'အဝတ် လျှော်သောနေ့' အစီအစဥ်ပါဝင်လာခြင်းက သခင်ယေရှု၏ မဟာစေစားချက်ကို ထင်ဟပ်ပြသည်။ “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏…
ကမ္ဘာကြီးဘာမှားနေသလဲ
၂၀ ရာစုသို့ဝင်ရောက်လာချိန်တွင် “The London Times” မှ စာဖတ်သူများအား “ကမ္ဘာကြီးဘာမှားနေသလဲ”ဟူသည့် မေးခွန်းကို မေးခဲ့သည်။
သမားရိုးကျမေးခွန်းဖြစ်သော်လည်း “သင့်ကိုအဖြေပေးရန် အချိန်မည်မျှ ပေးမည်နည်း” ဟု တစ်ဦးဦးက တုံ့ပြန်လိမ့်မည်။ ထိုတုံ့ပြန်ချက်သည် တရားမျှတ ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာကြီးမှားနေသည့် အကြောင်းရင်းများစွာ ရှိသောကြောင့် အချိန်ယူ၍အဖြေပေးရပါမည်။ The Times မှတုံ့ပြန်ချက်များစွာကို လက်ခံရရှိသည့်အနက် တုံ့ပြန်ချက်တစ်ခုမှာ တိုတိုတုတ်တုတ်နှင့် ထူးခြား လေးနက်သည်။ တုံ့ပြန်သူမှာ အင်္ဂလိပ်စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ် ပညာရှင် ဂျီကေ ချက်စ်တာတန် ဖြစ်ပြီး တုံ့ပြန်ထားသောသူ၏စာမှာ “ဆရာ၊ အမှားက ကျွန်တော်ဖြစ်ပါသည်” ဟူ၍ဖြစ်သည်။
ထိုအကြောင်းအရာသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ငြင်းခုံစရာ အချက်တစ်ခုဖြစ်လာသည်။ ထိုတုံ့ပြန်မှုက ဘာမျှမဟုတ်သော်လည်း မှန်ကန်မှု ရှိသည်။ ချက်စ်တာတန် မတိုင်မီကပင် ရှင်ပေါလု အမည်ရှိသည့် တမန်တော်ကြီးတစ်ဦးရှိခဲ့သည်။…
ရွှေအမာရွတ်
နယ်သာလန်နိုင်ငံ၌ ဖက်ရှင်ဒီဇိုင်းနာအဖွဲ့တစ်ဖွဲ့မှ “ရွှေကျည်းပေါင်” အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ကြွေထည်အကွဲများကို ရွှေဖြင့် ပေါ်လွင်စွာ ပြန်ဆက်သည့် “ကင်ဆူဂျီ”(Kintsugi) ဂျပန်နည်းပညာ၏လှုံ့ဆော်မှုဖြင့် ထို ဆွေးနွေးပွဲ၌ ပါဝင်သူများက အဝတ်အထည်များကို ပြုပြင်ဖာထေးရာ၌ ဖာထေးရာများကို ဖံုးကွယ်ခြင်းထက် ပြုပြင်သည့်နေရာကို ပေါ်လွင်အောင် စောင်းပေးဖော်ပြလျက် လက်တွေ့ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ ဖိတ်ကြားခံရသူတို့သည် “တန်ဖိုးကြီးသော်လည်း ပျက်စီးနေသည့် ဝတ်စံုကို ယူလာပြီး ရွှေဖြင့် ပြုပြင်ချုပ်လုပ်ကြသည်။” ထိုသို့ပြန်လည်ပြုပြင်ပြီး သောအခါ ၎င်းသည် ရွှေအမာရွတ်ဖြင့် အလှဆင်ထားသည့် အထည်ဖြစ်လာတော့သည်။
အဝတ်အထည်ရှိ စုတ်ပြဲပြီးဖွာနေသောနေရာကို ပေါ်လွင်အောင် ဖာထေး ပြုပြင်ခြင်းသည် “ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်” ဟူသည့် ရှင်ပေါလုစကား၏ဆိုလိုရင်း ဖြစ်နိုင်ပါသည်။ သူသည် “ထူးမြတ်သော ဗျာဒိတ်တော်”ကို ခံရသော်လည်း ထိုအတွက် သူမဝါကြွားပါ။ သူမာန်မာန မထောင်လွှားအောင်၊ မိမိကိုယ်ကိုစိတ်ချမှု မလွန်ကဲအောင် ကိုယ်၌ “စူးသောဆူး”…
မုန်းတီးစိတ်ထက် အားကြီးသော
သူ့မိခင်ရှာရွန်ဒါ သေဆံုးသွားသည့် ၂၄ နာရီအတွင်း ခရစ်သည် “ချစ်ခြင်းစိတ်သည် မုန်းတီးစိတ်ထက် အားကြီးပါ၏” ဟူသည့် တန်ခိုးပါသော ကျေးဇူးပြုသော စာသားကို ရေရွတ်နေမိသည်။ ကာရိုလိုင်းနား ပြည်နယ်တောင်ပိုင်း၊ ချာလစ်တန် ဒေသ ဗုဒ္ဓဟူးနေ့ညပိုင်း ကျမ်းစာသင်တန်း၌ သူ့မိခင်နှင့်အတူ အခြားလူရှစ်ဉီးတို့မှာ အသတ်ခံခဲ့ရသည်။ အထက်ပါ စကားလံုးများကို စိတ်ရင်းမှန်နှင့် နှုတ်မှပွင့်အံကျခဲ့သည်အထိ ဤဆယ်ကျော်သက်လူငယ်လေး၏ဘဝကို မည်သည့်အရာက ပံုသွင်းပေးခဲ့ သနည်း။ ခရစ်သည် သခင်ယေရှုကို ယံုကြည်သူဖြစ်ပြီး သူ့မိခင်မှာ “လူတိုင်းကို စိတ်နှလံုးအကြွင်းမဲ့နှင့် ချစ်ခင်သူ ဖြစ်သည်”။
လုကာ ၂၃:၂၆-၄၉ တွင် အပြစ်သားနှစ်ဉီးနှင့် အပြစ်ကင်းသူယေရှုတို့ကို ကားတင်သတ်သည့် မြင်ကွင်းကို ထင်ရှားစွာ မြင်တွေ့ရသည် (:၃၂-၃၃)။ သူတို့ သံုးဦးလံုး ကားတင်သတ်ခံရသည်(:၃၃)။ ၎င်းတို့၏ အသက်ရှူသံ၊ သက်ပြင်းချသံနှင့် ညည်းတွားသံများကြားမှ ယေရှု၏စကားသံကို အတိုင်းသား ကြားရ သည်။ “အိုအဘ၊…