အမျိုးအစား  |  odb

သူ့သေခြင်းက အသက်ကိုယူဆောင်ပေးသည်

တောင်အာဖရိက၏အရက်စက်ဆုံးအကျဉ်းထောင်ထဲရှိ အမျိုးသားအကျဉ်းသား များအတွက် အမှုတော်လုပ်ငန်းတွင် ဂျိုအန်းနာ ဖလန်းဒါးစ်-သောမတ်စ်သည် နှလုံးသားများကို ပြောင်းလဲပေးသော ခရစ်တော်၏တန်ခိုးတော်ကို ကိုယ်တိုင်မြင်ခဲ့ ရသည်။ ဆရာကြီး ဖိလစ်ယန်စေ၏ Vanishing Grace စာအုပ်တွင် သူမ၏ အတွေ့အကြုံကို ဖော်ပြထားသည်။ “ဂျိုအန်းနာ သည် ထောင်သို့နေ့တိုင်း သွားရောက်ပြီး ရိုးရှင်းသည့် ခွင့်လွှတ်ခြင်းနှင့်ရန်ငြိမ်းခြင်း ဧဝံဂလိတရားစကားကို သူတို့ထံ ယူဆောင်ပေးခဲ့သည်။ သို့နှင့် သူတို့၏ယုံကြည်မှုကိုရပြီး ၎င်းတို့ကလေး ဘဝက ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည့်အကြောင်းများကို ဖွင့်ဟပြောပြလာသည်။ သူက နားထောင်ပေးပြီး ပို၍ကောင်းသောနည်းလမ်းဖြင့် ပဋိပက္ခများကို ဖြေရှင်းရန် လမ်းပြခဲ့သည်။ သူထောင်သို့ မသွားရောက်မီ ယခင်နှစ်က ထောင်၌ ထောင်သားနှင့် ထောင်မှူးများအပေါ်အကြမ်းဖက်မှု ၂၇၉ ခု မှတ်တမ်းရှိခဲ့ပြီး နောက်နှစ်တွင် ၂ ခုသာ ရှိတော့သည်" ဟု ဖော်ပြထားသည်။

ရှင်ပေါလုကလည်း “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင် သောသတ္တဝါဖြစ်၏။…

လက်လွတ်လိုက်ခြင်း

အိမ်စောင့်သူနာပြုက "အစ်မအဖေက အချိန်မရွေး ဆုံးသွားနိုင်တယ်"ဟုပြော သည်။ “Actively dying” ဟူသောစကားသည် သေဆုံးခြင်းဖြစ်စဉ်၏ နောက်ဆုံး ဖြစ်စဉ် ဖြစ်ပြီး ပြန်လမ်းမရှိသော တစ်လမ်းမောင်းလမ်းတွင် တစ်ယောက်တည်း ထူးဆန်းစွာ ခရီးနှင်နေရသလို ခံစားရစေပါသည်။ အဖေ့၏နောက်ဆုံးနေ့တွင် အဖေကြားမကြား မသေချာသော်လည်း ကျွန်မနှင့်ညီမလေးတို့သည် အဖေ့ကုတင် အနီးတွင် ထိုင်ကြသည်။ ခန့်ညားသောသူ့နဖူးပြောင်ပြောင်ကြီးကို နမ်းသည်။ ဘုရားရှင်၏ကတိတော်များကို သူကြားအောင် တိုးတိုးလေးရွတ်ပေးသည်။ “Great is Thy Faithfulness” သီချင်းကိုဆိုပြီး ဆာလံ ၂၃ ကို ရွတ်ကြသည်။ သူ့ကို ကျွန်မတို့ချစ်ကြောင်းနှင့် ဖခင်အဖြစ်ရပ်တည်ပေးခဲ့သောကြောင့် ကျေးဇူးတင် ကြောင်း ပြောကြသည်။ သူ၏နှလုံးသားသည် သခင်ယေရှုနှင့်အတူရှိနေလိုပြီဟု သိသောကြောင့် "အဖေသွားလို့ရပြီနော်"ဟုပြောလိုက်သည်။ လူတစ်ယောက်ကို လက်လွတ်လိုက်ချိန်တွင်ထိုစကားကိုပြောရခြင်းသည် ပထမအဆင့်အနာကျင်ဆုံး ဖြစ်သည်။ မိနစ်အနည်းငယ်အကြာတွင် အဖေသည် သူ၏ထာဝရအိမ်တော်သို့ ဝမ်းမြောက်စွာဖြင့် ကြိုဆိုပို့ဆောင်ခံရပါတော့သည်။

မိမိချစ်ရသောသူကို နောက်ဆုံးလက်လွတ်လိုက်ရခြင်းသည်…

ဘုရားရှင်၏နည်းလမ်းထဲတွင်

၁၉၆၀ ဝန်းကျင်က ချီကာဂိုအနောက်ဘက်ရှိ ပျားပန်းခတ်နေသော နော့သ် လောန်‌ဒေး ရပ်ကွက်သည် လူမျိုးခြားများစုပေါင်းနေထိုင်သော စံပြဝန်းကျင်တစ်ခု ဖြစ်သည်။ လက်တစ်ဆုပ်စာမျှသော အလယ်အလတ်တန်းစား အာဖရိကန်-အမေရိကန်လူမျိုးများသည် ထိုနေရာတွင် အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဥ်း၍နစ်နာမှုများ သည့်ဝယ်ငှားစာချုပ်ဖြင့် အိမ်များဝယ်ယူကြပြီး စာချုပ်ပါအချက်များကိုလည်း တာဝန်ခံရသည်။ စာချုပ်သည် ဝယ်ယူသူအတွက် မျှတမှုမရှိပါ။ အကယ်၍ အရစ်ကျငွေပေးချေရန် တစ်ကြိမ်ပျက်ကွက်က လက်ငင်းပေးချေထားသောငွေ၊ လစဉ်ပေးချေသောငွေများအပါအဝင် အိမ်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။ မတရားသော ရောင်းသူများက ငွေကြေးဖောင်းပွသည့်နှုန်းဖြင့် အဆမတန်စျေးဖြင့်ရောင်းချပြီး၊ တစ်ကြိမ်ငွေပေးချေရန်ပျက်ကွက်သည်နှင့် မိသားစုများကို မောင်းထုတ်နှင်ချ ကြသည်။ ထိုနောက် အခြားမိသားစုကို ထိုစာချုပ်ဖြင့်ထပ်ရောင်းနှင့်၊ လောဘဇော အတောမသတ်စွာဖြင့် သံသရာလည်နေပါတော့သည်။

ရှမွေလသည် သူ့သားများကို ဣသရေလလူတို့အပေါ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် သူတို့၌ လောဘစိတ်လွှမ်းမိုးလျက် "အဘလမ်းသို့မလိုက်" (၁ရာ ၈:၃)။ အဘ၏အကျင့်သမာဓိနှင့်ဆန့်ကျင်ဘက် - သူ့သားများသည် "ငွေကို တပ်မက်သောစိတ်နှင့်လွဲသွား၍တံစိုးစားလျက်" သူတို့၏ရာထူးများကို…

အချစ်ခံရသူ၊လှပသူ၊ ဆုကျေးဇူးခံရသောသူ

မဲလ်ကမ်း သည် မိမိကိုယ်ကိုစိတ်ချယုံကြည်မှုရှိသည့် ဆယ်ကျော်သက်တစ်ဦးဖြစ်သည်။ သို့သော် ထိုယုံကြည်မှုသည် အပေါ်ယံမျက်နှာဖုံးတစ်ခုသာဖြစ်သည်။ စင်စစ် တည်ငြိမ်မှုမရှိသောမိသားစုဘဝကြောင့် သူ၌စိုးရွံ့ကြောက်စိတ်များရှိသည်။ အသိအမှတ်ပြုခံရရန် တောင့်တသည်။ သူ့မိသားစုပြဿနာများအတွက် သူ၌ တာဝန်ရှိသည်ဟု မှားယွင်းစွာ ခံစားရသည်။ သူက "ကျွန်တော်မှတ်မိသလောက် ရေချိုးခန်းထဲသွား၊ မှန်ကိုကြည့်ပြီး နင်ဟာ အရူး၊ နင်ဟာ အကျည်းတန်သူ၊ အားလံုး နင့်အမှားကြောင့်လို့ မနက်တိုင်း ကိုယ့်ကိုယ်ကို အော်ပြောခဲ့တယ်" ဟုပြောပြသည်။

မဲလ်ကမ်း သည် အသက် ၂၁ နှစ်အရွယ်ထိ မိမိကိုယ်ကိုကျိန်ဆဲခဲ့သည်။ ထို့ နောက် ယေရှု၌ရှိသော သူ၏ဖြစ်တည်မှုအစစ်အမှန်ကို သိလာရသည်။ "ဘယ် အခြေအနေမှာမဆို ဘုရားရှင်က ကျွန်တော့်ကို ချစ်တယ်။ ဒါကို ဘယ်အရာကမှ မပြောင်းလဲစေနိုင်ဘူး။... ဘုရားရှင်ကိုအရှက်ရစရာအကြောင်း ကျွန်တော် ဘယ်တော့မှ မလုပ်တော့သလို သူလည်း ကျွန်တော့်ကို ဘယ်တော့မှပစ်ပယ်မှာ မဟုတ်ဘူး"ဟု ပြန်ပြောင်းပြောပြသည်။ ယခုတွင်…

ဘုရားသခင်၏ကရုဏာတော်လှုပ်ရှားခြင်း

အမျိုးသမီးတစ်ဦးသည် ကျွန်မအပေါ် မှားယွင်းစွာပြုမူလျက်၊ အပြစ်တင်ပြောဆိုကာ နောက်ကွယ်၌ ကျွန်မအကြောင်းကိုအတင်းပြောလေရာ ကျွန်မဒေါသ တလိမ့်လိမ့် တက်လာသည်။ သူ့လုပ်ပုံကို သူတိုင်းအား ပြောပြလိုက်ချင်သည်။ သူ့အပြုအမူကြောင့် ကျွန်မခံစားရသလို သူ့ကိုပြန်ခံစားစေချင်သည်။ ခေါင်းကိုက် ဝေဒနာ ခံစားခဲ့ရသည်အထိ ဒေါသက ငယ်ထိပ်ရောက်ခဲ့သည်။ ကျွန်မ၏နာကျင်မှု ဝေဒနာသက်သာရန်ဆုတောင်းရင်း ဝိညာဉ်တော်က ကျွန်မကို စကားပြောပါသည်။ ကလဲ့စားချေရန် အစီအစဉ်ချနေရင်းမှ မည်သို့ဘုရားသခင်ထံမှ သက်သာရာကို တောင်းလျှောက်နေပါသနည်း။ ဘုရားရှင်သည် ကျွန်မကိုဂရုစိုက်ကြောင်း ယုံကြည် ပါက ထိုအခြေအနေကို ဘုရားရှင်ကိုင်တွယ်နိုင်ကြောင်း အဘယ်ကြောင့် မယုံကြည် နိုင်သနည်း။ နာကျင်ခံစားနေရသူများသည် သူတစ်ပါးကို နာကျင်အောင်လုပ် တတ်ကြောင်းကျွန်မသိမှတ်လျက် ထိုအမျိုးသမီးကို ခွင့်လွတ်နိုင်ရန်နှင့် ပြန်လည် သင့်မြတ်ရန်အတွက် မည်သို့ ပြုရမည်ကို ဘုရားရှင်ထံတောင်းခံခဲ့ပါသည်။

မတရားမှုကို သည်းခံရင်ဆိုင်နေရချိန်တွင် ဘုရားရှင်ကို ယုံကြည်ရန်ခက်ခဲ လှကြောင်း ဆာလံဆရာဒါဝိဒ်နားလည်ပါသည်။ နှစ်လိုဖွယ် အစေခံအဖြစ် ဒါဝိဒ် အစွမ်းကုန်…

စစ်ပွဲ အမှန်တကယ် ပြီးဆုံးသွားပြီ

ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ၂၉ နှစ်ကြာသည့်တိုင် ဟီရိုးအိုနိုဒါသည် တောထဲ၌ပုန်းအောင်းနေပြီး သူ့တိုင်းပြည်လက်နက်ချ အရှုံးပေးလိုက်ကြောင်းကို မယုံကြည် ခဲ့ပါ။ ဂျပန်စစ်တပ်ခေါင်းဆောင်သည် မဟာမိတ်တပ်ကိုလျှို့ဝှက်ထောက်လှမ်းရန် အိုနိုဒါ ကို ဖိလစ်ပိုင်နိုင်ငံရှိ ဝေးလံခေါင်သီသော လူးဘာကျွန်းသို့ အမိန့်နှင့် ပြောင်းရွေ့ခဲ့သည်။ ငြိမ်းချမ်းရေး ကတိဝန်ခံစာရေးထိုးပြီး အကြမ်းဖက်မှုများ ရပ်စဲသွားသည့်တိုင် အိုနိုဒါ သည် တောထဲ၌ပင် ရှိနေခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အိုနိုဒါကို အမိန့်ပေးခဲ့သော အရာရှိကိုယ်တိုင် ထိုကျွန်းသို့သွား၍သူ့ကိုရှာပြီး စစ်ပြီးသွားပြီဖြစ်ကြောင်း နားချခဲ့ရသည်။

ပဋိပက္ခများပြီးဆုံးသွားပြီး လက်နက်ချလိုက်သည်ကို မယုံကြည်ခဲ့သောကြောင့် ဆယ်စုနှစ် ၃ စုတိုင် အိုနိုဒါ သည် အထောက်အပံ့မဲ့ အထီးကျန်စွာဖြင့် နေထိုင်ခဲ့ရသည်။ ကျွုန်ုပ်တို့လည်း အလားတူအမှားကို ပြုမိနိုင်ပါသည်။ ပေါလုက "ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်" ဟူ သော အံ့ဖွယ်အမှန်တရားကို အတိအလင်းရေးသားကြွေးကြော်ခဲ့သည်(ရော ၆:၃)။လက်ဝါးကပ်တိုင်ပေါ်တွင် တန်ခိုးတော်ဖြင့်…

ကြင်နာသော အမှားပြင်ဆင်ပေးမှု

နွေဦးအစရာသီသည် လန်းဆန်းလွန်းလှသဖြင့် ကျွန်တော်၏ခရီးသွားဖော် ချစ်ဇနီး အတွက် သည့်ထက်ပို၍ဆိုဖွယ်မရှိတော့ပါ။ သို့သော် ကျွန်တော်လမ်းကြောင်းမှားနေခြင်းကို သတိပေးသည့် အနီအဖြူရောင်ဆိုင်းဘုတ် ပေါ်မလာလျှင် အတူရှိနေ ရသည့် လှပသောထိုအချိန်အခိုက်အတန့်လေးသည် မ‌နှေးအမြန် ပျက်စီးသွား မည်ပင်။ ယာဥ်ကြော၌ လွတ်လွတ်ကင်းကင်း မမောင်းသဖြင့် မဝင်ရဟူသည့် ဆိုင်းပုဒ်ကို နီးမှဘွားကနဲမြင်လိုက်ရသဖြင့် ယာဥ်ကြောအမှန်သို့ အမြန်ပြန်မောင်း ခဲ့ရသည်။ သို့သော်လည်း လမ်းမှားနေသည်ဟု သတိပေးချက်ကို လစ်လျူရှုခဲ့ပါက ကျွန်တော်ကိုယ်တိုင်နှင့် ဇနီးသည်အပါအဝင် အခြားသူများအပေါ် မည်မျှ အန္တရာယ်ရောက်စေနိုင်မည်ကို တွေးမိပြီး တုန်လှုပ်မိပါသည်။

အမှားပြင်ဆင်ခြင်း၏အရေးကြီးပုံကို ရှင်ယာကုပ်က သူရေးသားသည့် စာစောင်၏အဆုံးတွင် ဖော်ပြထားသည်။ နာကျင်စေခံစားရစေမည့်လမ်း၊ အပြုအမူ၊ ဆုံးဖြတ်ချက်များနှင့် စိတ်အလိုဆန္ဒများမှမိမိကိုပြန်လည်ဆွဲခေါ်မည့် ဂရုစိုက်သူများကို မလိုအပ်သူ ကျွန်ုပ်တို့တွင် မည်သူရှိသနည်း။ ရဲရင့်စွာဖြင့် တစ်စုံတစ်ယောက်က မှန်သောအချိန်တွင် ကြားဝင်မကူညီခဲ့ပါက မိမိကိုယ်ကို (သို့) သူတစ်ပါးတို့အား မည်မျှအနာတရဖြစ်စေမည်ကို မည်သူသိပါသနည်း။

"အပြစ်ရှိသောသူကို…

ဘုရားရှင်နှင့်တီးခတ်သောနှစ်ယောက်သံစုံ

ကလေးငယ်များ ဂီတစွမ်းရည်ပြသည့်ပွဲတွင် စန္ဒယားရှေ့၌ နေရာယူထားသည့် ဆရာနှင့်ကျောင်းသားလေးတို့ကို ကျွန်မကြည့်နေမိသည်။ နှစ်ယောက်သံစုံ စတင် မတီးခတ်မီ ဆရာကငုံ့ပြီး နောက်ဆုံးလမ်းညွှန်မှုကို တီးတိုးပြောသည်။ ထိုနောက် စတင်တီးခတ်ရာ သံစဉ်ကိုနားထောင်ရင်း ကျောင်းသားလေးက လွယ်ကူရိုးရှင်း သော သံစဉ်များသာတီးနေပြီး ဆရာ၏ဖြည့်ကူတီးခတ်ပေးမှုက ပို၍နက်ရှိုင်း ကောင်းမွန်သောသီချင်းကို ဖြစ်စေကြောင်း ကျွန်မသတိပြုမိသည်။ သီချင်းဆုံး ကာနီးတွင် ဆရာက ခေါင်းငြိမ့်ပြီး ကောင်းတယ်ဟုအချက်ပြလိုက်သည်။

ယေရှု၌တည်သော ကျွန်မတို့အသက်တာများသည် တစ်ဉီးတည်း အစွမ်းပြ ခြင်းထက် နှစ်ယောက်သံစုံတီးခတ်ခြင်းနှင့်ပိုတူပါသည်။ တစ်ခါတစ်ရံ ဘုရားရှင် သည် မိမိအနားတွင် ထိုင်နေကြောင်း၊ ဘုရားရှင်၏တန်ခိုးနှင့် ပို့ဆောင်လမ်းပြမှု ကြောင့်သာ တီးခတ်ဖျော်ဖြေ နိုင်ကြောင်းကို ကျွန်မလုံးဝမေ့သွားသည်။ မိမိအစွမ်းဖြင့် ဘုရားရှင်ကို ကြိုးစားနာခံလျက် မိမိခွန်အားဖြင့် နုတ်များကိုမှန်ကန်စွာ တီးနိုင် ရန် ကြိုးစားနေမိသည်။ သို့သော်လည်း များသောအားဖြင့် အတုအယောင်၊ အပေါ်ယံများနှင့်သာ နိဂုံးချုပ်သွားသည်။ မိမိ၏…

တောက်ပသောအလင်း

ဒေသခံအသင်းတော်တစ်ခု၏ “ငါးပတ်တာ” ဆုတောင်းခြင်းသင်တန်းတွင် သင်ခန်းစာပို့ချပေးရန် သဘောတူလိုက်ပြီးကာမှ “သင်တန်းသားတွေ သဘောကျ ပါ့မလား။ ကျွန်မကိုရော သဘောကျပါ့မလား” ဟု ကျွန်မစိုးရိမ်မိသည်။ ကျွန်မ၏ စိုးရိမ်သောကက တလွဲအာရုံစိုက်သလိုဖြစ်ပြီး သင်ခန်းစာများ၊ ရုပ်ပုံဇယားများဖြင့် တင်ပြမှု၊ ဝေငှမည့်မှတ်စု စသည့်တို့ကို အလွန်အကျွံပြင်ဆင်မိတော့သည်။ သင်တန်းပေးရန် တစ်ပတ်အလိုရောက်သည့်တိုင် သင်တန်းလာတတ်ရန် လူများစွာကို ကျွန်မမတိုက်တွန်းခဲ့ပါ။

သို့သော် ထိုသင်တန်းသည် ဘုရားသခင်အပေါ် အလင်းထွန်းလင်းစေမည့် အစေခံမှုတစ်ခုဖြစ်ကြောင်း ဆုတောင်းရင်းမှ သတိပေးခံရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အား ကောင်းကင်ဘုံရှင်အဘဘုရားထံပြညွှန်မည့်သင်တန်း အဖြစ် အသုံးပြုမည်ဖြစ်သောကြောင့် လူရှေ့စကားပြောရန် စိုးကြောက်သည့်စိတ် ကို ဘေးဖယ်ထားနိုင်ခဲ့တော့သည်။ သခင်ယေရှုသည် တောင်ပေါ်ဒေသနာတွင် တပည့်တော်များကို သွန်သင်ရာ၌ “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထပ်၌တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ၊ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံ ပေါ်မှာ…

ဆင်းရဲသူကို တို့ထိခြင်း

မာသာထရီဇာ နိုဘယ်ဆုကို ဆွတ်ခူးသောအခါ အံ့သြစရာမဟုတ်ခဲ့ပါ။ အများက မျှော်လင့်ထားသည့်အတိုင်း သူလုပ်ဆောင်ခဲ့ခြင်းအတွက် “ဆာလောင်သူ၊ အဝတ် မဲ့သူ၊ အိမ်ယာမဲ့၊ မျက်မမြင်၊ နူနာစွဲသူ၊ လူ့အသိုင်းအဝိုင်းမှ မည်သူမျှမလိုချင်သူ၊ မည်သူမျှမချစ်သူ၊ မည်သူမျှ ဂရုမပြုသူများ” စသည့်လူများပေးသည့်ဆုကို သူရရှိ ခဲ့သည်။ ထိုသူများမှာ သူ့ဘဝတစ်သက်တာလုံး သူစောင်မပြုစုခဲ့သူများဖြစ်သည်။

အရေးမပါဟု သဘောထားခံရသူများအား အခြေအနေပေါ်မူမတည်ဘဲ မည်သို့ ဂရုပြုရမည်၊ မည်သို့ချစ်ရမည်ကို သခင်ယေရှု စံနမူနာပြခဲ့သည်။ လူနာထက် ဉပုသ်နေ့နှင့်ဆိုင်သည့်ပညတ်ကို အလေးထားသည့် တရားဇရပ်မှခေါင်းဆောင်များကဲသို့မဟုတ်ဘဲ(လု ၁၃:၁၄)၊ ဗိမာန်တော်၌ လူမမာအမျိုးသမီးတစ်ဉီးကို သခင်ယေရှုတွေ့သောအခါ သနားကရုဏာသက်ခဲ့သည်။ ရုပ်ခန္ဓာချို့ယွင်းမှုကိုကျော်ပြီး ချည်နှောင်ခံနေရသည့် ဘုရားသခင်ဖန်ဆင်းထားသောလူသားဟုသူ မြင်သည်။ ထိုမိန်းမကို အထံတော်သို့ခေါ်လျက် အနာငြိမ်းစေခဲ့သည်။ “သူ့အပေါ်မှာလက်တော်ကိုတင်တော်မူသဖြင့် သူသည် ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏”(:၁၃)။ ထိုမိန်းမကို တို့ထိခြင်း ကြောင့် တရားဇရပ်ရှိခေါင်းဆောင်များ စိတ်မသာယာဖြစ်ခဲ့သည်။ အကြောင်းမှာ…