ရိုးရိုးလေးမေးပါ
ကွာနေသော မျက်ကြောလွှာကို ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဆရာဝန်က ပြောသည်။ သို့နှင့် မွန်တာနာ ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် အလင်းရောင်ကို မမြင်ရဘဲ (၁၅) နှစ်တိုင် မျက်မမြင်စာများကို လေ့လာ၊ ခွေးနှင့်လမ်းလျှောက်တုတ် အကူအညီသုံးလျက် နေထိုင်ခဲ့ပြီးနောက်၊ သူ၏ခင်ပွန်းက အခြားမျက်စိဆရာဝန် တစ်ဉီးအား "ကူညီနိုင်မလား” ဟုရိုးရှင်းသည့်မေးခွန်းကို မေးခဲ့သည့်အချိန်မှစ၍ သူမဘဝ ပြောင်းလဲခဲ့တော့သည်။ ကူညီနိုင်ခဲ့ပါသည်။ ထိုဆရာဝန်၏တွေ့ရှိချက် အရ သူမမျက်လုံးအခြေအနေသည် သာမန်ဖြစ်ပြီး ယာဘက်မျက်လုံးရှိ တိမ်များ ကို ဖယ်ရှားပေးခဲ့သည်။ နောက်နေ့ မျက်လုံးအကာကို ဖယ်လိုက်ချိန်တွင် သူမ၏ အမြင်သည် ၂၀/၂၀ ပုံမှန်ဖြစ်သည်။ ဘယ်ဘက်မျက်လုံးခွဲစိတ်မှုသည်လည်း တူညီသော အောင်မြင်မှုကို ရရှိခဲ့သည်။
မေးခွန်းရိုးရိုးလေးသည် နူနာစွဲနေသော ခွန်အားတန်ခိုးကြီးမားသည့် ဗိုလ်ချုပ်ကြီး နေမန်ဘဝကို ပြောင်းလဲပေးခဲ့သည်။ သို့သော် ပရောဖက်ဧလိရှဲက “သင်သည် သွား၍ ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်တိုင်အောင် ရေချိုးလော့။…
ရွေးနှုတ်ခြင်း၏မျှော်လင့်ရာ
ထိုလူသည် ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်ရသည်။ သူ၏ပြစ်မှုများမှာ (လူ ၆ယောက်သေခဲ့သည့်) လူ ၈ ယောက်ကို သေနတ်ဖြင့်ပစ်ခြင်း၊ ၁၉၇၀ ခုနှစ် နယူးယောက်မြို့ အကြမ်းဖက်မှုတွင် ရှို့မီး ၁၅၀၀ နီးပါးကို စတင်ခြင်းတို့ ပါဝင်သည်။ သူက အမှုဖြစ်သည့်နေရာများတွင် ရဲများကိုခနဲ့သည့်စာများထားခဲ့ပြီး နောက်ဆုံး အဖမ်းခံခဲ့ရသည်။ လူသတ်မှုတစ်ခုလျှင် ၂၅ နှစ် ဆက်တိုက် ပြစ်ဒဏ်ပြန်ပေးဆပ်ရန် စီရင်ချက်ကျခဲ့သည်။
သို့သော် သူ့ထံသို့ ဘုရားသခင် ကြွရောက်ခဲ့သည်။ ယနေ့ သူသည် နေ့ရက်တိုင်း သမ္မာကျမ်းစာဖြင့်သာ အချိန်ကုန်နေသည့် ခရစ်တော်ကိုယုံကြည်သောသူ ဖြစ်လာ သည်။ သူ့ပြစ်မှု၏ဓားစာခံမိသားစုဝင်များကို အလွန်ဝမ်းနည်းကြောင်းဖော်ပြပြီး သူတို့အတွက် ဆက်ဆုတောင်းပေးသည်။ နှစ်ပေါင်း ၄၀ ကျော်မျှ ထောင်ကျခဲ့ပြီး ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်မှတ်ရလည်း ဤသူသည် ဘုရားသခင်ထံ၌ မျှော်လင့်ခြင်းကို ရှာတွေ့ခဲ့ပြီး၊ “ကျွန်ုပ်၏လွတ်မြောက်ခြင်းသည် ယေရှုဟူသော စကားတစ်လုံး၌သာ တွေ့ခဲ့တယ်” ဟု ပြောခဲ့သည်။…
ချစ်ခြင်းမေတ္တာကို လက်ဆင့်ကမ်းခြင်း
ကျွန်မ၏သမီးသည် နန်စီဒရူး ကို သဘောကျနှစ်သက်နေသည်။ လွန်ခဲ့သော သုံးပတ်က အမျိုးသမီးစုံထောက် နန်စီဒရူးဝတ္ထုများကို အနည်းဆုံး စာအုပ် တစ်ဒါဇင်ခန့် သူမဖတ်ခဲ့သည်။ စုံထောက်ဝတ္ထုများကို သူမနှစ်သက်သည်။ ကျွန်မလည်း နန်စီဒရူးကို ကြိုက်ပါသည်။ ၁၉၆၀ ခုနှစ်ခန့် ကျွန်မအမေ ဖတ်ခဲ့သော အဖုံးအပြာရောင်နှင့်စာအုပ်သည် ယခုထိတိုင် အိမ်က စာအုပ်စင်မှာ ရှိသေးသည်။
ဤနှစ်သက်မှုက လက်ဆင့်ကမ်းသွားနေခြင်းကို မြင်တွေ့ရ၍ "ကျွန်မသည် နောက်ထပ် ဘာတွေကိုများ လက်ဆင့်ကမ်းနေသလဲ"ဟု အတွေးဝင်မိသည်။ တိမောသေထံပေးပို့သော ဒုတိယစာစောင်တွင် တိမောသေအကြောင်းကို စဉ်းစား သောအခါ သူ၏အမေနှင့်အဖွား၌တည်သော “ယုံကြည်ခြင်းစစ်”ကို သတိရမိ ကြောင်း ရှင်ပေါလုရေးသားခဲ့သည်။ ကျွန်မသမီးသည် လျှို့ဝှက်သည်းဖိုစုံထောက် ဝတ္ထုများကို သဘောကျသလို အဘိုးအဘွားများကဲ့သို့အစေခံရန်၊ ဆုတောင်းရန်၊ “ယေရှုခရစ်၌ တည်သောအသက်ကို ပေးမည်ဟူသော ကတိတော်” (၂ တိ ၁:၁) ကို စွဲကိုင်ရန် စသည့်…
ထပ်မံခုန်လိုက်ပါ
၂၀၁၂ ခုနှစ်တွင် Philips, Craig နှင့် Dean သည် “Tell Your Heart to Beat Again” ဟူသည့် သူတို့၏သီချင်းကို ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းသည် နှလံုးခွဲစိတ် ဆရာဝန်တစ်ဉီး၏ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရေးစပ်ထားသည်။ လူနာ၏နှလံုးကို ခွဲစိတ်ပြုပြင်ပြီးနောက် ခွဲစိတ်ဆရာဝန်သည် နှလံုးကို ရင်ဘတ်ထဲပြန်ထည့်ပြီး အသက်ပြန်ဝင်လာစေရန် ဖြေးညှင်းစွာ စတင်ဖိနှိပ်ပေးသည်။ သို့သော် နှလံုးသည် ပြန်လည်အလုပ်မလုပ်ပါ။ ပိုမို ပြင်းထန်စွာဖိနှိပ်ပေးပြီးနောက်တွင်လည်း နှလံုးသည် ပြန်လည်မခုန်သေးပါ။ နောက်ဆံုးတွင် ခွဲစိတ်ဆရာဝန်က သတိမေ့နေသောလူနာ အနီး၌ ဒူးထောက်လိုက်ပြီး သူမကို “မစ်ဂျွန်ဆင်၊ အခု မင်းကို ခွဲစိတ်ပေးတဲ့ ဆရာဝန် စကားပြောနေတာပါ။ ခွဲစိတ်မှု ကောင်းစွာ ပြီးဆံုးသွားပါပြီ။ မင်းရဲ့ နှလံုးသားကို လည်း ခွဲစိတ်ကုသပြီးပါပြီ။ အခု မင်းနှလံုးကို ခုန်ဖို့ပြောလိုက်ပါ” ဟု ပြောခဲ့သည်။ ထိုနောက်…
နက်နဲစွာအမြစ်တွယ်နေသောယုံကြည်ခြင်း
နယူးဂျာစီ ပြည်နယ်ရှိ Basking Ridge ပရက်ဘီတေးရီးယန်းအသင်းတော်နှင့်ကပ်လျက် ဝက်သစ်ချပင်သည် ဖယ်ရှားခြင်းမခံရမီအချိန်ထိ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိခဲ့သည်။ ၎င်း၏ကြီးထွားမှုအကောင်းဆုံးအချိန်က လိမ်နေသော အကိုင်းအခက်များသည် မြင့်မားကျယ်ပြန့်စွာဖြန့်ကျက်ခဲ့သည်။ စိမ်းစိုသော သစ်ရွက်များနှင့် ဝက်သစ်ချသီးများကို လေပြေအေးက တိုက်ခတ်ဆော့ကစားစဥ် နေထိုးသောအခါ သစ်ကိုင်းသစ်ရွက်များ ကြားများမှ ဖြာထွက်လာသည့်အရိပ်က မြေပြင်၌ ယိမ်းထိုးလှုပ်ရှားနေသည်။ သို့သော် ၎င်း၏စစ်မှန်သောခမ်းနားမှု၊၎င်း၏အမြစ်ဖွဲ့စည်းပုံက မြေကြီးအောက်တွင်တည်ရှိသည်။ ဝက်သစ်ချပင်၏ အဓိကပင်မ အမြစ်သည် မြေကြီးထဲသို့ဒေါင်လိုက်တိုးဝင်ကြီးထွားပြီး အာဟာရများ ထောက်ပံ့ ပေးသည်။ ထိုပင်မအမြစ်မှအမြစ်များစွာသည် အလျားလိုက်ပြန့်ပြီး အပင်အတွက် တစ်သက်တာအစိုဓာတ်နှင့်အာဟာရများကို ဖြည့်ဆည်း ပေးသည်။ အနုစိပ်သော အမြစ်အဖွဲ့အစည်းသည် တစ်ခါတစ်ရံ အပင်ထက်ပင် ကြီးမားပြီး ပင်စည် ခိုင်ခံ့မှုအတွက် အသက်သွေးကြောနှင့် ကျောက်ဆူးသဖွယ် ပံ့ပိုးပေးသည်။
ကြီးမားသောဝက်သစ်ချပင်ကဲ့သို့ အသက်တာကို ကြီးထွားစေသောအရာ အများစုသည် မျက်နှာပြင်၏အောက်ဘက်တွင် ဖြစ်ပေါ်သည်။ တပည့်တော်များအား မျိုးကြဲသူပုံဥပမာကို…
အကြွေးချေဖျက်ပေးသူ
၂၀၁၉ ခုနှစ် ဂျော်ဂျီယာ ပြည်နယ် အက်တလန်တာ ဒေသရှိ မိုးဟောက်စ် ကောလိပ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဧည့်ပရိသတ်ကြီး၏တုံ့ပြန်မှုကို ဖော်ပြရလျှင် “အံ့သြမှင်သက်ခြင်း” ဆိုသည့်စကားလံုးက လုံလောက်ပါသည်။ အခမ်းအနားမှူးက သူနှင့်သူ့မိသားစုသည် ဘွဲ့ရကျောင်းသားအားလုံး၏အကြွေးကို ချေပေးရန် ဒေါ်လာ သန်းပေါင်းများစွာကို လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ သူတို့၏ပျော်ရွှင်မှုကို မျက်ရည်ကျလျက် အော်ဟစ်ဖော်ပြကြသည့် ဝမ်းသာကြည်နူးနေသော ဘွဲ့ရများတွင် ချေးငွေဒေါ်လာ ၁ သိန်း ရှိသော ကျောင်းသားတစ်ဉီးလည်းပါသည်။
ကျွန်ုပ်တို့အများစုသည် အိမ်အတွက်၊ ကား၊ ပညာရေး၊ ကျန်းမာရေးစရိတ် (သို့) အခြားသောအရာများအတွက် ပေးရန်ရှိသည့် အမျိုးမျိုးသော အကြွေးများကို ကြုံဖူး ကြပါသည်။ ထို့ပြင် ပြေစာတွင် “ရှင်းပြီး”ဟုရိုက်နှိပ်ထားပါက ထူးခြားသည့် သက်သာမှုမျိုးကို ကျွန်ုပ်တို့ခံစားရသည်။
ရှင်ယောဟန်သည် သခင်ယေရှုကို “သစ္စာစောင့်သောသက်သေခံ၊ သေခြင်းမှ ပထမဉီးဆုံးထမြောက်သောသူနှင့် လောကီဘုရင်တို့၏ အထွတ်”ဟု ကြွေးကြော်…
မိမိကိုယ်ကို လျှော့တွက်ခြင်း
လူငယ်တစ်ဦးသည် သူ၏အသင်းတွင် ခေါင်းဆောင်ဖြစ်လာသည်။ ကျွမ်းကျင်အားကစားသမားများအဖွဲ့ကို လူပျိုဖြစ်ခါစ မွန်ရည်သော သူငယ်တစ်ယောက်က ဉီးဆောင်ခဲ့သည်။ သူ၏ပထမဆံုး သတင်းစာရှင်းလင်းပွဲက အားရကျေနပ်စရာ မရှိခဲ့ပါ။ သူသည် အသင်းသားများနှင့် နည်းပြတို့၏သဘောအတိုင်းဆောင်ရွက်ပြီး သူ့အလုပ်ကိုသာ ကြိုးစားပြီးလုပ်ဆောင်ကြောင်း တိုးတိုးလေး ရေရွတ်ပြောဆို ခဲ့သည်။ ထိုအားကစားရာသီတွင် အသင်း၏စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက် ရာသီအကုန်တွင် ဉီးဆောင်သူလူငယ်ကို ပြောင်းရွှေ့ခဲ့သည်။ သူက ဉီးဆောင်နိုင်စွမ်း ရှိသောကြောင့် သူ့ကိုယံုကြည်အပ်နှင်းခဲ့ခြင်းကို သူနားမလည်ခဲ့ပါ။ သို့မဟုတ် သူ့ကိုယ်သူ လုပ်နိုင်မည်ဟု စိုးစင်းမျှ မယံုကြည်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။
ရှောလုသည် သူ၏ကျရှုံးမှုများကြောင့် သူ့ကိုယ်သူ ငယ်သောသူအဖြစ်သာ မြင်သည်(၁ ရာ ၁၅:၁၇)။ အရပ်အမောင်းမြင့်မားသူကထိုသို့ပြောနေခြင်းသည် ဟာသတစ်ခုသာဖြစ်သည်။ သူသည် "အခြားသူထက် ပခံုးအထက်မှာ အရပ်သာ၍ မြင့်သူ"ဖြစ်သည် (၉:၂)။ သည့်တိုင် သူ့ကိုယ်သူ ထိုကဲ့သို့မမြင်ခဲ့ပါ။ ၁ ရာ ၁၅ တွင် သူ၏လုပ်ရပ်က လူများ၏ထောက်ခံမှုကိုရရန်သူကြိုးစားခဲ့ခြင်းကို…
ထာဝရတည်မြဲသောအမြင်
သူ၏သားသမီးနှင့်မြေးများအတွက် ကျွန်မမိတ်ဆွေမက်ဒလင်း၏ဆုတောင်းချက်မှာ “ထာဝရအမြင်”ရှိကြရန်ဖြစ်သည်။ သူမ၏မိသားစုသည် အလွန်ပင် ခက်ခဲ သည့်အချိန်ကို ဖြတ်သန်းခဲ့ရပြီး သူမ၏သမီးသေဆံုးခြင်းနှင့် အဆံုးသတ်ခဲ့သည်။ ဆိုးရွားလှသည့် ဤဆံုးရှုံးမှုကြောင့် မိသားစုဝင်များပူဆွေးနေသဖြင့် မက်ဒလင်းက လောကနာကျင်မှုများ၏လောင်မြှိုက်မှုကြောင့် သူတို့၏မျက်တောင်တစ်ဆုံးသာ မြင်သည့်အမြင် တစ်စစလျော့ပါးသွားရန် မျှော်လင့်မိသည်။ ချစ်တော်မူသော ဘုရားသခင်၌ မျှော်လင့်ခြင်းအပြည့်ဖြင့် ရေရှည်အမြင်ရှိရန်ကို သူလိုလားသည်။
ရှင်ပေါလုနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များသည် သူတို့ကို အရှက်ရအောင် လုပ်သည့် ယံုကြည်သူများနှင့် နှိပ်စက်ညှဉ်းပန်းသူတို့၏လက်၌ ဒုက္ခဝေဒနာကြီးစွာ ခံစားခဲ့ရသည်။ သို့သော် သူတို့၏အမြင်ကို ထာဝရအရာ၌သာ ခိုင်ခံ့တည်စေသည်။ “မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာတည်၍၊ မထင်ရှားသော အရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်၍ ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်သည်” ဟု ရှင်ပေါလုက ရဲဝံ့စွာ သိမှတ်ဝန်ခံသည် (၂ ကော ၄:၁၈)။
ဘုရားသခင်၏အမှုတော်ကို သူတို့ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် “အောက်သို့လှဲခြင်း”၊ “ညှဉ်းပန်းခြင်း”၊ “မကြံစည်နိုင်အောင်ဖြစ်ခြင်း၊”…
ထိုင်ခုံအမှတ် ၂-ဒီ မှလူ
ကယ်လ်စေးသည် သူမ၏ (၁၁)လ အရွယ်သမီးလေး လူစီနှင့် လူစီ၏ အောက်စီဂျင်စက်ကို ပွေ့ချီလျက် လေယာဉ်လျှောက်လမ်းကျဉ်းကျဉ်းလေး၌ လျှောက်လာသည်။ လူစီ၏ နာတာရှည်အဆုတ်ရောဂါကို သွားကုရန်ဖြစ်သည်။ သူ့နေရာထိုင်ခုံတွင် ထိုင်ပြီးရုံ ရှိသေးချိန်တွင် လေယာဉ်မယ်တစ်ဉီးက ကယ်လ်စေး အား အထူးတန်းမှခရီးသည်တစ်ဉီးက သူမနှင့် ထိုင်ခံုနေရာလဲချင်ကြောင်း ပြောသည်။ ကျေးဇူးတင်စွာဖြင့် မျက်ရည်ကျလျက် ကယ်လ်စေးသည် ပိုပြီးကျယ်ဝန်းသောထိုင်ခုံသို့ လျှောက်လမ်းအတိုင်း အရှေ့သို့ပြန်လျှောက်လာစဥ် အကြင်နာတရားရှိသော လူစိမ်းလည်း သူမထိုင်ခံုသို့ လျှောက်သွားတော့သည်။
ရှင်ပေါလုမှတိမောသေကိုအားပေးသောစာ၌ ပါရှိသည့် ရက်ရောခြင်း အကြောင်းကို ကယ်လ်စေး၏ကျေးဇူးရှင်လူစိမ်းမှ သရုပ်ဖော်ပြနေသည်။ တိမောသေအား သူကြည့်ရှုပြုစုနေသူများကို “သူတစ်ပါးအားကျေးဇူးပြုရန်၊ ကောင်း သောအကျင့်၌ ကြွယ်ဝပြည့်စံုရန်၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိရန်” (၁ တိ ၆:၁၈)၊ စသည်တို့ကို သွန်သင်လမ်းညွှန်ရန် ရှင်ပေါလုမှပြောကြားသည်။ လောကစည်းစိမ်ကြွယ်ဝမှုကြောင့် မောက်မာထောင်လွှားလာပြီး စည်းစိမ်ကို မျှော်လင့်ကိုးစားရန် သွေးဆောင်ခံရနိုင်ကြောင်း၊ ထိုသို့ဖြစ်မည့်အစား ထိုင်ခံုအမှတ်…
ဘုရားရှိသလား
ကင်ဆာရောဂါဖြင့် လီလာ၏နောက်ဆုံးအချိန်ရောက်နေပါပြီ။ သူ့ခင်ပွန်း တိမောသေ က ချစ်မေတ္တာရှင်ဘုရားသခင်သည် သူ့ဇနီးကို အဘယ်ကြောင့် ဝေဒနာ ခံစားရစေသနည်းဟု နားမလည်နိုင်ဖြစ်ရသည်။ လီလာသည် လူများစွာတို့အား သစ္စာရှိစွာ သမ္မာကျမ်းစာသင်ကြားပို့ချပေးပြီး ဝိညာဉ်ရေးကို လမ်းပြတည့်မတ်ပေး ခဲ့သည်။ “ဘုရားသခင်၊ ဘာလို့ဒီလိုဖြစ်ခွင့်ပေးတာလဲ”ဟု သူငိုကြွေးခဲ့သည်။ သို့သော် တိမောသေသည် ဘုရားသခင်နှင့် သစ္စာမပျက် ဆက်လက်လျှောက်လှမ်းခဲ့သည်။
“ဒါဆို ဘုရားသခင်ကို ဘာလို့ ဆက်ယုံကြည်နေသေးလဲ၊ ဘုရားသခင်ကို ကျောခိုင်းမသွားအောင် ဘယ်အရာက တားဆီးနေလဲ” ဟု ကျွန်ုပ်ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“ခုအဖြစ်အပျက် မတိုင်ခင်က အဖြစ်အပျက်တွေကြောင့်ပေါ့”ဟု သူ ဖြေသည်။ ဘုရားသခင်ကို မမြင်ရသော်လည်း သူ့အား ဘုရားသခင်မစခြင်း၊ ကွယ်ကာစောင့်ထိန်းခြင်းများကို သူပြန်ပြောင်းသတိရသည်။ ဤအရာများက သူ့မိသားစုကို ဘုရားသခင်စောင်မပို့ဆောင်နေသည့် လက္ခဏာသက်သေပင် ဖြစ်သည်။ “ကျွန်တော်ယုံကြည်တဲ့ဘုရားက သူ့နည်းလမ်း၊ သူအလိုတော်အတိုင်း လုပ်ဆောင်လာမယ်ဆိုတာ ကျွန်တော် သိတယ်” ဟု…