အမျိုးအစား  |  odb

ချီးမွမ်းကြပါစို့

နေ့စဉ် နေ့လည် ၃:၁၆နာရီအချိန်တွင် ဖုန်းမှသတိပေးသံမြည်လျှင် ရှယ်လီသည် ချီးမွမ်းခြင်းအမှုကိုပြုရန် ခေတ္တအချိန်ပေးသည်။ ဘုရားသခင်ကို ကျေးဇူးတင်လျက် သူ၏ကောင်းမြတ်ခြင်းကို သိမှတ်ဝန်ခံသည်။ တစ်နေ့လုံး ဘုရားသခင်နှင့် မိတ်သဟာယပြုသော်လည်း ထိုခဏတာအချိန်ကို သတ်သတ်မှတ်မှတ် ထားရှိ ခြင်းဖြင့် ကိုယ်တော်နှင့်ပို၍နီးကပ်အကျွမ်းဝင်စေသည်ဟုသူခံစားရသည်။

သူမ၏ဆက်ကပ်မှုကို အားကျ၍ ကျွန်လည်းအချိန်တစ်ချိန်ကိုသတ်မှတ်ပြီး ကားတိုင်ပေါ်တွင်အသက်ပေးခဲ့သော သခင်ခရစ်တော်၏အနစ်နာခံခြင်းကို ကျေးဇူး တင်လျက် ကယ်တင်ခြင်းမရသေးသူများအတွက် ဆုတောင်းပေးသည်။ ထိုကဲ့သို့ပင်သခင်ယေရှုကိုယုံကြည်သူများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခေတ္တခဏရပ်လျက် ကိုယ်တော်ကို ချီးမွမ်းကြမည်ဆိုပါက မည်မျှအံ့သြဘွယ်ကောင်းလိမ့်မည်နည်း။

လူအပေါင်းတို့၏ဝတ်ပြုခြင်းသည် လှိုင်းလုံးသဖွယ်ကြီးမားစွာ ကမ္ဘာအဆုံးစွန်းတိုင် အောင် ရိုက်ခတ်မြည်ဟီးနေမည်ကို ၆၇ ခု မြောက်သောဆာလံတွင် ပုံဖော်ထားပါသည်။ ဘုရားရှင်၏နာမတော်သည် လူမျိုးမျိုးတို့အပေါ်တွင် ကြီးမြတ်စေမည်အကြောင်း ဘုရားသခင်၏ကျေးဇူးတော်ကိုပေးသနားရန် ဆာလံဆရာ အသနားခံ တောင်းလျှောက်ခဲ့သည် (:၁-၂)။ “အိုဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများ အပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော” ဟုသီဆိုခဲ့သည်(:၃)။…

ရေကိုလျှောက်သွားသောအခါ

“The Free State of Jones” ရုပ်ရှင်ဇာတ်လမ်းသည် အမေရိကန်ပြည်တွင်းစစ် ကာလ၌ မြင်းစီးသူရဲ နယူတန်၊ တောင်ပိုင်းခွဲထွက်ရေးဝါဒီစစ်ပြေးများနှင့် တပ်ပေါင်းစုကို အားပေးကူညီသည့်ကျွန်များအကြောင်းဖြစ်ပြီး စစ်ပြီးသောအခါ ကျွန်များသည် ကျွန်ပိုင်ရှင်များကို ဆန့်ကျင်သည့် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်သည်။ မြင်းစီးသူရဲကောင်းများစွာ ရှိသော်လည်း တပ်ပေါင်းစုမှထွက်ပြေးလာသော နယူတန် အား ကျွန်နှစ်ဦးက ကယ်တင် ခဲ့သည်။ ထိုကျွန်နှစ်ဦးသည် သူ့အားလူသူကင်းမဲ့သော ရေဖုံးလွှမ်းသည့်ရွံ့နွံမြေသို့ သယ်ဆောင်လာပြီး ခြေထောက်ဒဏ်ရာကို ဆေးကုသပေးသည်။ သူတို့သာ ပစ်ထားခဲ့လျှင် သူအသက်ရှင်နိုင်မည် မဟုတ်။

ယုဒလူမျိုးများသည် ရန်သူများနှင့်ထိပ်တိုက်ရင်ဆိုင်ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ ကာ အကူအညီကင်းမဲ့စွာ ကစဉ့်ကလျားပြေးလွှားနေကြရသည်။ ထိုအချိန်က ဣသရေလ တို့သည် အာရှုရိတို့လက်အောက်တွင် ကျရောက်နေပြီး ပရောဖက်ဟေရှာယက တစ်နေ့ သောအခါ ၎င်းတို့သည် ဗာဗုလုန်လက်အောက်သို့ ကျရောက်လိမ့်မည်ဟု ကြိုတင်နိမိတ် ဖတ်ခဲ့သည်။ ယုဒတို့သည် သူတို့အား ကူညီမစနိုင်မည့်ဘုရား၊ ကယ်တင်နိုင်မည့်ဘုရား၊…

အဘဘုရား သီချင်းဆိုသည်

ဒန်ဒီ သည် အခြားသူများအား သီချင်းသီဆိုပြီးခွန်အားပေးရခြင်းကိုနှစ်သက်သည်။ တစ်နေ့သောအခါ သူနှစ်သက်သည့်စားသောက်ဆိုင်တွင် နေ့လည်စာသွားစားကြရာ စားပွဲထိုးမလေးတစ်ယောက်မှာ အဆင်မပြေဖြစ်နေသည်ကို သူသတိပြုမိလိုက်သည်။ သူမအား မေးခွန်းအနည်းငယ်မေးစမ်းပြီး တိုးညင်းစွာသီချင်းဆိုကာ သူမအား နှစ်သိမ့် အားပေးလိုက်သည်။ “သဘောကောင်းတဲ့ဆရာရယ်။ ကျွန်မရဲ့ခက်ခဲတဲ့နေ့ရက်ကို ကောင်းတဲ့နေ့တစ်နေ့ဖြစ်စေတယ်။ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ကျွန်ုပ်တို့ မှာကြားသောအစားအစာများကို ရေးမှတ်ရင်းပြုံးရွှင်စွာနှင့် ပြောပါသည်။

ဇေဖနိအနာဂတ္တိကျမ်းကိုဖွင့်ဖတ်သောအခါ ဘုရားသခင်သည် သီချင်းဆိုခြင်းကို နှစ်သက်ကြောင်းတွေ့ရသည်။ ပရောဖက်ကြီးရေးသောစာအားဖြင့် ဘုရားရှင်ကို သူ၏သားသမီးများအတွက်၊ သူ၏သားသမီးများနှင့်အတူ သီချင်းသီဆိုခြင်းကို နှစ်သက်သည့် ဂီတပညာရှင်ကြီးတစ်ဦးအဖြစ် ဖော်ညွှန်းထားသည်ကိုတွေ့ရသည်။ ဘုရားသခင်သည် “သင်၌အားရ၍ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍ သီချင်းဆိုခြင်းနှင့်တကွ သင်၌ဝမ်းမြောက်တော်မူလိမ့်မည်” (၃:၁၇) ဟု ရေးသားခဲ့သည်။ သူ၏သနားခြင်းကရုဏာဖြင့် အသက်တာပြောင်းလဲလာသူ တို့နှင့်အတူ အမြဲရှိတော်မူမည်ဟု ဘုရားသခင်ကတိတော်ရှိသည်။ ထိုမျှနှင့်မပြီးပါ။ ကိုယ်တော်က သူ၏လူမျိုးတော်တို့နှင့်အတူတကွ “စိတ်နှလုံးအကြွင်းမဲ့ဝမ်းမြောက် ရွှင်လန်းကြ” ရန် ဖိတ်ခေါ်လျက် ရှိပါသည် (:၁၄)။…

လာမည့်ဘေး ပြေးတွေ့

တော်မ် သည် ဆင်းရဲသောသူ့သူငယ်ချင်း၏ စက်ဘီးကိုခိုးသွားသူများနောက်သို့ ပြေးလိုက်သည်။ သူကြိုတင်ရည်ရွယ်ထားခြင်းမရှိ။ စက်ဘီးကိုပြန်ရရန်တစ်ခုတည်းသာသူဆန္ဒရှိသည်။ သို့သော် အမှတ်မထင် သူခိုးသုံးဉီးသည် စက်ဘီးကိုထားခဲ့ပြီး လှည့်ပြန် ပြေးသွား၍ သူအံ့သြသွားသည်။ တော်မ် သည် စိတ်သက်သာရာရသည်သာမက စက်ဘီးကို ပြန်ရသည့်အတွက် သူ့ကိုယ်သူဂုဏ်ယူမိပြီး အိမ်ပြန်ရန် နောက်ပြန်အလှည့်တွင် သူ့နောက်မှကပ်လိုက်၍လာသူ ဗလကောင်းကောင်းနှင့် ဂျက်ဖ် ကို တွေ့လိုက်သည်။

ဧလိရှဲ၏ကျွန်သည် သူတို့၏မြို့ကိုရန်သူများဝိုင်းရံထားသည်ကို တွေ့သောအခါ ကြောက်ရွံ့လျက်၊ ဧလိရှဲထံသို့ပြေးသွားပြီး၊ “အိုသခင်၊ အဘယ်သို့ပြုရပါမည်နည်း” ဟု သခင်အားဆို၏။ ဧလိရှဲကမစိုးရိမ်ရန်ပြောပြီး “ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်” ဟုဆိုကာ “အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည့်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါ” ဟုဆုတောင်းသည့် အတိုင်း “ဧလိရှဲ ပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏” (:၁၅-၁၇)။

သခင်ယေရှုနောက်တော်သို့လိုက်လျှင် အန္တရာယ်အလွန်များသည်ဟု သင် ထင်မြင်မိလိမ့်မည်။ အမှန်တရားအတွက် သင်လုပ်ဆောင်နေသရွေ့…

စနစ်ကျစွာ ဘုရားစီရင်ထားသည်

အကြီးအကျယ်ပြဿနာတက်နေသဖြင့် ကျွန်တ​ော်အိပ်ယာမှထ၍ ကြမ်းပြင်ပေါ် ဒူးထောက်လျက် ဆုတောင်းမိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်တော် ဘုရားသခင်ထံ စိတ်ထားမှန်နှင့်တောင်းခံခြင်းမဟုတ်ဘဲ စိတ်တိုစွာဖြင့် မေးခွန်းများ မေးနေခြင်းသာဖြစ်သည်။ စိတ်ပြေပျောက်မှုမရရှိဘဲ ပြူတင်းပေါက်မှ ကောင်းကင်သို့သာ မော်ကြည့်နေမိသည်။ မမျှော်လင့်ဘဲ တောက်ပသော ကြယ်သုံးလုံးပါဝင်သည့် အိုရီအွန်ကြယ်စုကို တွေ့လိုက်ရသည်။ နက္ခတ်ဗေဒပညာ အရ ထိုကြယ်စု၏ အကွာဝေးသည် အလင်းနှစ် ရာနှင့်ချီ၍ဝေးကွာပါသည်။

ထိုကြယ်စုတွင် ပါဝင်သောကြယ်များနှင့်နီးလေ ၎င်းတို့သည် တစ်တန်းတည်း ဖြစ်မနေကြောင်း ထင်ရှားလေဖြစ်ကြောင်း ကျွန်တော်သဘောပေါက်ပါသည်။ ကျွန်တော်၏ အဝေးမှအမြင်အရ ထိုကြယ်တို့ကို ကောင်းကင်တွင် စနစ်တကျဖွဲ့စည်း နေရာချထားသည် ဟု ထင်ရသည်။ ထိုအခိုက်အတန့်တွင် ကျွန်တော်၏ဘဝကို ဘုရားသခင်မြင်သကဲ့သို့ ကျွန်တော်မမြင်၊ မနားလည်သေးဟု နားလည်ခဲ့ရသည်။ ကိုယ်တော်၏ ကြီးမားသော ရုပ်ပုံကားချက်တွင် အရာရာတိုင်းသည် စနစ်တကျ သူနေရာနှင့်သူ တည်ရှိနေပါသည်။

ဘုရားသခင်၏ကြီးမြတ်သောရည်ရွယ်ချက်ကို အနှစ်ချုပ်ဖော်ပြပြီးသောအခါ တမန်တော်ကြီးရှင်ပေါလုက ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းမြွက်ဆိုသည်…

စိတ်ညစ်နေသောငန်း

ကားရပ်သည့်နေရာတွင် အဘယ်ကြောင့် ဘောလုံးတစ်လုံးရောက်နေပါလိမ့်။ ကျွန်တော် အံ့သြသွားသည်။ သို့သော် ၎င်းနှင့်နီးကပ်လာသည့်အခါ ထိုအရာသည် ဘောလုံးတစ်လုံး မဟုတ်ဘဲ ကျွန်တော် တစ်ခါမျှ မမြင်ဘူးသည့် စိတ်ညစ်နေသော ကနေဒါငန်းကြီးတစ်ကောင်ဖြစ်နေသည်။

နွေဦးရာသီနှင့်ဆောင်းရာသီတို့တွင် ကျွန်တော်အလုပ်လုပ်သောနေရာအနီးရှိ မြက်ခင်းပြင်၌ ထိုငန်းများကို မြင်ရလေ့ရှိသည်။ ယနေ့ တစ်ကောင်တည်းသာတွေ့ရပြီး လည်လိမ်လျက်ရှိပြီး သူ၏ခေါင်းကို အတောင်အောက်တွင်းသို့ ထိုးသွင်းထားသည်။ မင်းအဖော်တွေ ဘယ်ရောက်ကုန်လဲ။ တစ်ကောင်တည်းဖြစ်နေသည့် သနားစရာ ငန်းပါ။ သူ့ကို ကျွန်တော် ပွေ့ဖက်ပေးချင်သည်။ (မှတ်ချက်၊ မစမ်းကြည့်လိုက်ပါနှင့်)

ငန်းတစ်ကောင်တည်း သင်းကွဲနေခြင်းကို တွေ့ရခဲပါသည်။ များသောအားဖြင့် ငန်းများသည် အုပ်စုလိုက်နေတတ်ပြီး "V" ပုံသဏ္ဌာန်ဖြင့် လေကိုခွဲ၍ ပျံသန်းတတ်သည်။ ၎င်းတို့ကို အုပ်စုလိုက်နေထိုင်သောသဘာ၀ဖြင့် ဖန်ဆင်းခံရပါသည်။

လူသားများသည်လည်း ထိုနည်းတူ အဖွဲ့နှင့် အသိုက်အမြုံနှင့် နေထိုင်ရန် ဖန်ဆင်းခံရပါသည် (က ၂:၁၈ ကို ကြည့်ပါ)။ ထို့ပြင်…

ရိက္ခာပြည့်ဝစွာပေးသောကမ္ဘာကြီး

နံနက် ၂ နာရီ။ ပင်လယ်ခူမွေးမြူသူ နဒီယာ သည် မက်ဒါဂတ်စကာ ရွာအနီး သီးသန့် သတ်မှတ်ထားသော ပင်လယ်ကမ်းစပ်ရေတိမ်ပိုင်းတွင် သူမွေးမြူသည့် ပင်လယ်ခူများ ကောက်ရန်ထွက်သွားသည်။ စောစောထရလည်း သူ့အတွက်ပြဿနာ မရှိပါ။ “ဒီအလုပ် မလုပ်ခင်က ကျွန်မအရမ်း ဒုက္ခရောက်တယ်။ ဝင်ငွေလည်းမရှိဘူး” ဟု သူပြောပြသည်။ ယခုအခါ “ပင်လယ်နှင့်အတူယှဉ်တွဲနေထိုင်ခြင်း” ဟု အဓိပ္ပာယ်ရသော ဗလော်န်ဒရီအိခ် ပင်လယ်ပြင် ကာကွယ်ရေး စီမံကိန်း၏အဖွဲ့ဝင် ဖြစ်လာပြီးနောက်တွင် နဒီယာတစ်ယောက် ဝင်ငွေတိုးလာပြီး ဘဝတည်ငြိမ်လာသည်။ “ဒီစီမံကိန်းပေါ်ပေါက်လာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်” ဟု သူမက ဖြည့်စွက်ပြောပြသည်။

ဘုရားသခင်ဖန်ဆင်းထားသည့်ခူကောင်များသည် ပင်လယ်ထဲရှိ သက်ရှိများအတွက် လိုအပ်သော သဘာ၀အထောက်အပံ့များကို ကျယ်ပြန့်စွာ ထုတ်ပေးနိုင်ပြီး ၎င်းသည် ထို စီမံကိန်းအတွက်လိုအပ်သောအရာဖြစ်သည်။ “တိရစ္ဆာန်ဖို့ မြက်ပင်ကို လည်းကောင်း၊ လူသုံးဖို့ စပါးပင်ကိုလည်းကောင်း၊ ပေါက်စေတော်မူသဖြင့် ...” (ဆာ…

မိတ်ဆွေတစ်ဖန်ပြန်လည်ဖြစ်ရခြင်း

တစ်နေ့သောအခါ မိခင်တစ်ဦးနှင့်သူ၏သမီးငယ်တို့သည်ဘုရားကျောင်းတွင် ဝတ်ပြု နေကြစဥ် ဝတ်ပြုခြင်းအစီအစဉ်၌ လူများအတွက် အများရှေ့တွင် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံယူနိုင်သောအခွင့်ကိုပေးသည်။ လူတစ်ယောက် ပရိတ်သတ်ရှေ့သို့ ထွက်သွားတိုင်း ထိုကလေးမက လက်ခုပ်တီးသည်။ “တောင်းပန်ပါတယ်ရှင်။ နောင်တရခြင်းဟာ ဘုရားသခင်နှင့်မိတ်ဆွေပြန်လည်ဖြစ်ခွင့်ရတယ်လို့သမီးငယ်ကို ရှင်းပြပေမဲ့ သူကရှေ့ကိုထွက်သွားတဲ့သူအယောက်တိုင်းကို လက်ခုပ်တီးပြီး ချီးမွမ်း အားပေးချင်တာပါပဲ”ဟု သူ့မိခင်က အသင်းတော်လူကြီးအားပြောပြသည်။

မိခင်ရှင်းပြသည့်ရိုးရှင်းသောစကားများသည် ကလေးငယ်အတွက်ကောင်းမြတ်သော ဧဝံဂေလိတရားပင်။ တစ်ချိန်က ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန်သူ ဖြစ်သော်လည်း ခရစ်တော်၏အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းက ကျွန်ုပ်တို့အား ကိုယ်တော်နှင့်တစ်ဖန် ပြန်လည်ပေါင်းစည်းခွင့်ကိုပေးသည် (ရော ၅:၉-၁၀)။ ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏မိတ်ဆွေအမှန်အကန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိတ်ဆွေဖြစ်ခြင်းကို ချိုးဖောက်သူများဖြစ်လင့်ကစား(:၈) နောင်တသည် ဘုရားရှင်နှင့် သင့်မြတ်မှုကို ပြန်လည်ရရှိစေသည့်နည်းလမ်းပင် ဖြစ်သည်။ ကလေးမ၏ တုန့်ပြန်မှု ထက် ပိုဆီလျော်သင့်မြတ်သည့်အရာမရှိတော့ပါ။ကောင်းကင်တမန်တို့ပင် နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည် (လု ၁၅:၁၀)။ သူမသိ နားမလည်လည်း သူမ၏ချီးကျူးလက်ခုပ်သံက…

သီချင်းတော်လှန်ရေး

မည်သည့်အရာက တော်လှန်ရေးကို စတင်စေပါသနည်း။ သေနတ်လား။ ဗုံးလား။ ပြောက်ကျားစစ်ဆင်ရေးလား။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်း အက်စတိုးနီးယားတွင် သီချင်း များအားဖြင့် တော်လှန်ရေးအစပြုခဲ့သည်။ ဆိုဗီယက်တို့၏သိမ်းပိုက်မှုအောက်တွင် နှစ်ပေါင်းများစွာနေခဲ့ရပြီးနောက် မျိုးချစ်သီချင်းများသီဆိုသောအမျိုးသားရေးလှုပ်ရှားမှု စတင်ခဲ့သည်။ ထိုသီချင်းများက သီချင်းတော်လှန်ရေးကို အစပြုမွေးဖွားပေးခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အက်စတိုးနီးယားနိုင်ငံ၏လွတ်လပ်ရေးကို ရရှိစေသည့် အဓိကသော့ချက်ဖြစ်သည်။

"ဤတော်လှန်ရေးသည် အကြမ်းဖက်မှုမပါဘဲ အလွန်ပြင်းထန်သည့် သိမ်းပိုက် အုပ်ချုပ်မှုကို ဖယ်ရှားပေးခဲ့သည်။ ... သို့သော် သီချင်းဆိုခြင်းသည် ဆိုဗီယက်တို့၏ နှစ် ၅၀ တိုင်အောင် သိမ်းပိုက်ထားမှုကိုခံရသည့်အတောအတွင်း အစ်စတိုးနီးယားပြည်သူတို့ကို ညီညွတ်ပေါင်းစည်းပေးခဲ့သော အဓိကကျသောအားတစ်ခုဖြစ်သည်" ဟု ဝက်ဘ်ဆိုက် တစ်ခုတွင် ထိုလှုပ်ရှားမှုအကြောင်းကို ဖော်ပြထားသည်။

ထို့ပြင် တေးဂီတသည် ခက်ခဲသောအချိန်များကိုဖြတ်သန်းရစဥ်တွင် ကျွန်ုပ်တို့ကို တစ်မူထူးစွာ ကူညီမစပေးနိုင်ပါသည်။ ထိုအကြောင်းကြောင့်များ ကျွန်ုပ်တို့သည် ဆာလံသီချင်းများကို အလွယ်တကူ ထပ်တူကျခံစားမိခြင်းလားဟု တွေးမိပါသည်။ စိတ်ဝိညာဉ် မှောင်မိုက်နေချိန်၌…

ခန့်မှန်းသူတစ်ယောက်၏အမှား

၁၉၃၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နေ့ခင်းတွင် ငယ်ရွယ်သော မိုးလေဝသ ခန့်မှန်းသူ ပညာရှင် Charles Pierce က နယူးအင်္ဂလန်ဆီသို့ မြောက်ဘက်မှ အင်အားနှစ်ဆရှိ သည့် ဟာရီကိန်းမုန်တိုင်းဝင်လာမည့်ဟု အမေရိကန်နိုင်ငံ မိုးလေဝသဌာနအား သတိပေးလိုက်သည်။ သို့သော် မိုးလေဝသခန့်မှန်းသည့်ဌာနအကြီးအကဲမှုးသည် Charles Pierce ၏ခန့်မှန်းချက်ကို သရော်လိုက်သည်။ အပူပိုင်းမုန်တိုင်းသည် မြောက်စွန်းဘက်မှဘယ်သောအခါမှ မတိုက်ခတ်သောကြောင့်ဖြစ်သည်။

နှစ်နာရီအကြာတွင် ဟာရီကိန်းမုန်တိုင်းကြီးဝင်ပြီး Long Island တွင် မြေပြိုခဲ့သည်။ ညနေ ၄ နာရီတွင် နယူးအင်္ဂလန်သို့ မုန်တိုင်းဝင်ရောက်ခဲ့ပြီး သင်္ဘောများ မြေပေါ်သို့မှောက်လှန်လျက်၊ အိမ်ခြေများလည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်တော့ သည်။ လူပေါင်း ခြောက်ရာကျော် သေဆုံးခဲ့ကြသည်။ ခိုင်လုံသော အချက်အလက်နှင့် စေ့စပ်သောမြေပုံကိုအခြေခံပြီး သတိပေးခဲ့သော Pierce ၏ သတိပေးမှုကို ရခဲ့မည် ဆိုပါက ၎င်းတို့အသက်ရှင်ကောင်းရှင်ကြလိမ့်မည်။…