မစရန် တတ်နိုင်တော်မူသည်
ကပ်ဘေးဆိုက်ရောက်ချိန်၌ နယူးယောက်မြို့အသင်းတော်တစ်ခုတွင် အရေးပေါ် ကူညီသူ အဖြစ်ပါဝင်လုပ်ကိုင်ခဲ့သူ ဂျိုး၏ရှစ်ပတ်တာအချိန်သည် သူ့အတွက် အပန်းဖြေအားလပ် ရက် မဟုတ်ခဲ့ပါ။ သူ့စကားများအရ “ထိုအိမ်ရာမဲ့များကြား အိမ်ရာမဲ့တစ်ဦးကဲ့သို့ နေထိုင်လျက်၊ ဆာလောင်ခြင်း၊ ပင်ပန်းခြင်းနှင့် မေ့ပျောက် ခံရခြင်းစသည့် ခံစားချက်များကို ပြန်လည်သတိရခံစားရရန် ဖြစ်သည်” ဟုဆိုပါသည်။ ဂျိုး၏ပထမဦးဆုံးလမ်းပေါ်မှဘဝအတွေ့အကြုံမှာ လွန်ခဲ့သောကိုးနှစ်ခန့်က အလုပ်အကိုင်မဲ့နေစရာမဲ့လျက် Pittsburgh မှ စတင် ပြောင်းရွှေ့လာချိန်ဖြစ်သည်။ ဆယ်သုံးရက်ကြာ လမ်းပေါ်၌ အစာရေစာမရှိ၊ အိပ်မရနိုင်ဘဲ နေခဲ့ရသည်။ ၎င်းအဖြစ်အပျက်အားဖြင့် ဆင်းရဲမွဲတေသူများကိုကူညီမစရန် သူ့အမှုတော်မြတ်တွင် ဂျိုးကိုအသုံးပြုရန်အတွက် ဘုရားရှင်ပြင်ဆင်ခဲ့သည်။
သခင်ယေရှု ဤလောကသို့ဆင်းကြွလာစဉ်က သူလာကယ်တင်သည့်လူများ၏ ခံစားချက်အတွေ့အကြုံများကို ဝေမျှခံစားခဲ့သည်။ "ထိုသူငယ်တို့သည် အသွေး အသားနှင့်ဆက်ဆံကြသောကြောင့် ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီး ခြင်းငှာ၊ ... ထိုသူတို့၏နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏" (ဟေဗြဲ ၂ :၁၄)။…
ဘုရားသခင်ကို ဆာငတ်ခြင်း
သခင်ယေရှုကို ယုံကြည်ခါစခရစ်ယာန်တစ်ဉီးသည် ကျမ်းစာဖတ်ရန် အလွန် စိတ်အားထက်သန်နေသည်။ သို့သော် သူသည် ပေါက်ကွဲမှုတစ်ခုကြောင့် အမြင်အာရုံကွယ်ပြီး လက်နှစ်ဖက်မရှိတော့သူဖြစ်သည်။ ထို့နောက် မျက်မမြင်များလက်ဖြင့်စမ်း၍ ဖတ်သော ဘရေးစာကို အမျိုးသမီးတစ်ဦးက နှုတ်ခမ်းဖြင့်စမ်း၍ဖတ်ကြောင်း သတင်း ကြားသဖြင့် သူလည်းစမ်းကြည့်ရာ သူ့နှုတ်ခမ်းမှနာ့ဗ်ကြောများလည်း ပျက်စီးနေ ကြောင်းသိလိုက်ရသည်။ နောက်ပိုင်းတွင် မျက်မမြင်စာကို သူ့လျှာဖြင့် စမ်း၍ဖတ်နိုင် ကြောင်းသူသိရသောအခါ သူအလွန်ဝမ်းမြောက်သွားသည်။ ကျမ်းစာဖတ်နိုင်မည့် နည်းလမ်းကို ယခုသူရှာတွေ့လေပြီ။
ဘုရားစကားကို ပရောဖက်ယေရမိလက်ခံရရှိချိန်တွင် ခံစားရသော စိတ်ခံစားမှုမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်း ဖြစ်သည်။ “အကျွန်ုပ်တွေ့သော နှုတ်ကပတ် စကားတော်ကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏” (ယေ ၁၅:၁၆)။ ဘုရားစကားကို ရွံရှာခဲ့သော ယုဒလူမျိုးများနှင့် မတူဘဲ (၈:၉)၊ ယေရမိသည် နှုတ်ကပတ်တော်ကို နာခံမှုရှိပြီး နှုတ်ကပတ်တော်၌ ဝမ်းမြောက်သူဖြစ်သည်။ သူ၏နာခံခြင်းကြောင့် သူ့လူမျိုးများ ငြင်းပယ်သော ပရောဖက်၊…
သနားစရာအဖြစ်မှ ချီးမွမ်းခြင်းဆီသို့
ကလေးသူများအတွက် ကုတ်အင်္ကျီရွေးချယ်ပွဲတွင် စိတ်လှုပ်ရှားတက်ကြွနေသော ကလေးများက သူတို့အနှစ်သက်ဆုံးအရောင်နှင့် သင့်တော်သောအရွယ်အစားများကို ဂရုတစိုက် ရွေးချယ်ကြသည်။ ပွဲစီစဉ်ကွပ်ကဲသူက သူတို့သည် မိမိကိုယ်ကို ယုံကြည်မှု မြင့်တက်လာပြီး အင်္ကျီသစ်သည် သူတို့ရွယ်တူချင်းသူငယ်ချင်းများ၏လက်ခံမှုကို မြှင့်တင်ပေးပြီး ဆောင်းရာသီကျောင်းခေါ်ချိန်ကိုပါ မြင့်တက်စေခဲ့သည်ဟုဆိုသည်။
တမန်တော်ကြီးရှင်ပေါလုကိုယ်တိုင်လည်း နွေးထွေးမှုနှင့်တူသောအားပေးမှုမျိုးကို လိုအပ်ခဲ့ဖူးသည်။ တိမောသေဩဝါဒစာကို သူရေးသားခဲ့စဉ်က "တရောမြို့တွင် ကာပုလက်၌ ငါထားခဲ့သောဝတ်လုံကိုလည်းကောင်း၊ စာစောင်ကိုလည်းကောင်း၊ အထူးသဖြင့် သားရေစာကိုလည်းကောင်း၊ သင်သည် လာသောအခါ ယူခဲ့လော့"
(၂တိ ၄:၁၃) ဟု ရေးသားခဲ့သည်။ အေးစက်နေသောရောမထောင်ထဲတွင် ပေါလု အတွက် အနွေးဓာတ်လိုသကဲ့သို့ သူနှင့်အတူရှိပြီးအားပေးမည့်အဖော်ကို သူတောင့်တ ခဲ့သည်။ (:၁၆) "ငါ့ဘက်၌ ဘယ်သူမျှမနေ၊ လူအပေါင်းတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ"ဟုသူ မြည်တမ်းသည်။ သူခံစားရသော နာကျင်ခံစားမှုကြီးကို ရိုးသားစွာ ဝန်ခံဖော်ပြမှုက ကျွန်ုပ်တို့ နှလုံးသားအား စူးနစ်စွာ ထိုးဖေါက်ဝင်ရောက်ခဲ့သည်။
ယင်းကဲ့သို့ပြောဆိုခဲ့သော်လည်း၊ သူနောက်ဆုံးရေးသားသောစာစောင်အဆုံးတွင် သနားစရာအဖြစ်မှချီးမွမ်းခြင်းသို့…
သက်သာစေသောစကားလုံးများ
မကြာသေးမီက သုတေသနပြုချက်တစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်သူများသည် လူနာများအား အားပေးစကားပြောပေးပါက ဖျားနာမှုမှ ပိုပြီးမြန်မြန်ကျန်းမာလာကြောင်းကို တွေ့ရှိခဲ့ကြသည်။ ရိုးစင်းသောလက်တွေ့စမ်းသပ်မှုတစ်ခုတွင် အရေပြား ယားယံသည့်လူနာများအား ၎င်းတို့၏စိတ်ဆန္ဒအလျောက် စမ်းသပ်မှု၌ပါဝင်ေစေပြီး ဆရာ၀န်၏အားပေးနှစ်သိမ့်မှုရရှိသောလူနာနှင့် မရရှိသောလူနာများ၏ တုံ့ပြန်မှုကို နှိုင်းယှဥ်လေ့လာရာ၊ ဆရာဝန်များထံမှ အားပေးစကားကြားရသော လူနာများသည် အပြောမခံရသောလူနာများထက် ယားယံမှုလျော့ပါးသက်သာကြောင်းတွေ့ရှိသည်။
သုတ္တံကျမ်းရေးသူသည် အားပေးစကားများ မည်မျှအရေးကြီးကြောင်း သိသည်။ သာယာသောစကားများသည် ကိုယ်အရိုးကိုပင် ကျန်းမာစေနိုင်သည့်အကြောင်း သုတ္တံ ၁၆:၂၄ တွင် ဖော်ပြထားသည်။ ထိုအပေါင်းလက္ခဏာဆောင်သောစကားများသည် ကျွန်ုပ်တို့ကျန်းမာရေးအတွက် အကန့်အသတ်မရှိကောင်းသလို ပညာနှင့် အမှုစောင့်သော သူသည်လည်း အကျိုးကိုရလိမ့်မည် (:၂၀)။ ထို့အတူပင် အားပေးနှစ်သိမ့်သော စကားများ သည်လည်း ယခုကြုံတွေ့နေသော စိန်ခေါ်မှုများနှင့် အနာဂတ်တွင် တွေ့ကြုံလာရမည့် အရာများအတွက် အထောက်အပံ့ဖြစ်စေပါသည်။
ဉာဏ်ပညာနှင့်အားပေးစကားများက မိမိ၏နေ့ဓဒူဝအသက်တာတွင် ခွန်အားများ မည်သို့ဆောင်ကြဉ်းပေးသည့်ကို ကျွန်ုပ်တို့ရှင်းရှင်းနားလည်ချင်မှ နားလည်မည်။ သို့တိုင် မိဘဆရာနှင့်လုပ်ဖော်ဆောင်ဖက်များ၏ အားပေးလမ်းပြမှုများက…
ဘုရားသခင်ကို ရှာခြင်း
လောကတွင် အားထုတ်လျက် မိမိအိမ်မက်ကို အကောင်အထည်ဖော်သူများကိုကြည့်ပြီး စိတ်၌လှုံ့ဆော်မှုဖြစ်ရသည်။ သုံးနှစ်အတွင်း ဘွဲ့ရအောင်စိတ်ပိုင်းဖြတ်လျက် အားထုတ်ခဲ့သည့် အသိအမျိုးသမီးငယ်တစ်ဦးသည် မကြာမီက သူဘွဲ့ရခဲ့သည်။ အခြား မိတ်ဆွေတစ်ဦးကလည်း ကိတ်မုန့်ဖုတ်ရောင်းပြီး သူလိုချင်သည့်ကားဝယ်နိုင်အောင်လုံ့လစိုက်၍ အလုပ်လုပ်ခဲ့သည်။ အရောင်းဝန်ထမ်းမိတ်ဆွေတစ်ဦးကလည်း အပတ်စဥ် ဖောက်သည် အယောက် ၁၀၀ ရအောင် ကြိုးစားသည်။
တန်ဖိုးရှိသောလောကအရာများကို တစိုက်မတ်မတ်ကြိုးစားရှာခြင်းမှာ ကောင်းသော် လည်း ထိုအရာများထက်ပိုအရေးကြီးသောအရာကိုရှာရန် ကျွန်ုပ်တို့ ဆင်ခြင်သင့်သည်။
ကန္တာရထဲတွင် ဒါဝိဒ်မင်းကြီး ဆောက်တည်ရာမရဖြစ်လျက် “အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏” (ဆာ ၆၃:၁) ဟုဆိုခဲ့သည်။ ထိုသို့ဟစ်ခေါ်ရာ ဘုရားရှင်သည် ပူဆွေးနေ သော ဒါဝိဒ်မင်းထံပါးချဥ်းလာသည်။ သူ့စိတ်ဝိညာဉ်၌ ဘုရားရှင်ကို နက်နဲစွာ ဆာငတ် နေမှုအတွက် ဘုရားရှင်၏မျက်မှောက်တော်၌သာ ကျေနပ်နှစ်သိမ့်မှု ရနိုင်ပါသည်။
သန့်ရှင်းရာဌာနတော်၌(:၂) ကိုယ်တော်၏မေတ္တာလွှမ်းခြုံလျက်၊ ကိုယ်တော်ကို နေ့ရက်အစဥ်…
ဝမ်းနည်းပူဆွေးမှုကို မှောက်လှန်ပစ်ခြင်း
ရုပ်ရှင်ထုတ်လုပ်သူ Jim နှင့် Jamie Dutcher တို့သည် ဝံပုလွေအကြောင်းကို နှံ့နှံ့စပ်စပ် သိသောဗဟုသုတကြွယ်သူများအဖြစ့် ထင်ရှားသည်။ ၎င်းတို့အဆိုအရ ဝံပုလွေများ ပျော်ရွှင်နေသောအခါ ၎င်းတို့၏အမြီးများမြောက်ပြီး ခုန်ပေါက်မြူးတူးနေတတ်ကြသည်။ သို့သော် ဝံပုလွေအုပ်ထဲမှ တစ်ကောင်ကောင်သေသောအခါ ရက်သတ္တပတ် အတန်ကြာပူဆွေးတတ်ကြကြောင်း၊ ထိုဝံပုလွေသေသည့်နေရာတွင် အမြီးကိုချကာ ပူဆွေးမှုဖြင့်ဆွဲဆွဲငင်ငင်အူလျက် ဝမ်းနည်းမှုကို ဖော်ပြတတ်ကြသည်။
ပူဆွေးဝမ်းနည်းခြင်းသည် အလွန်ပြင်းထန်သည့်ခံစားမှုဖြစ်ပြီးလူတိုင်း ခံစားဖူးသည်။ အထူးသဖြင့် မိမိချစ်ရသူဆုံးပါးခြင်း (သို့) မိမိတန်ဖိုးထားသော မျှော်လင့်ခြင်း ပျက်သုဉ်း သောအခါတွင် ပိုခံစားရသည်။ မာဂဒလမာရိလည်း ခံစားခဲ့ဖူးသည်။ သူသည် ခရစ်တော်ကို ဝန်းရံသောအဖွဲ့ဝင်တစ်ဉီးဖြစ်ပြီး တပည့်တော်တို့နှင့်အတူ ခရစ်တော် နယ်လှည့်တရား ဟောရာနောက်သို့ လိုက်ပါခဲ့သည်(လု ၈:၁-၃)။ သို့သော် သခင်၏ကားတိုင်ပေါ် အသေခံ ခြင်းက သူတို့ကို ကိုယ်တော်နှင့်ဝေးကွာစေခဲ့ပြီ။ သခင်ယေရှုအတွက် မာရိလုပ်ပေးနိုင်သော တစ်ခုတည်းသောအရာကား အလောင်းကို သင်္ဂြိုလ်ရန်အတွက် သခင့်ခန္ဓာတော်ကို အမွှေး…
ကန့်လန့်ကာကို ဖယ်လိုက်ပြီ
လေယာဉ်ပျံသန်းနေချိန်တွင် လေယာဉ်မယ်က ပထမတန်းနှင့်ရိုးရိုးတန်းကို ကန့်လန့်ကာဖြင့် ပိုင်းခြားကာလိုက်သည်။ လေယာဉ်ပေါ်မှ သိသာလွန်းသည့် ပိုင်းခြား ခွဲခြားမှုကို ကျွန်မလည်း အံ့သြတုန်လှုပ်သွားခဲ့ရသည်။ အချို့ခရီးသွားများက လေယာဥ်ပေါ်သို့ အရင်တက်ရပြီး ပိုကောင်းသည့်ထိုင်ခုံ၌ ခြေချစရာနေရာကျယ်ကျယ်ဖြင့် သီးသန့် ဝန်ဆောင်မှုများကို ရရှိကြသည်။ ထိုကန့်လန့်ကာသည် ထိုအခွင့်အရေးကို ကျွန်မ မရအောင် ပိုင်းခြားထားသည့်အရာဖြစ်ကြောင်း ကျွန်မ သိနားလည်လိုက်ရသည်။
ယေရုရှလင်မြို့ရှိ ဘုရားသခင်၏ဗိမာန်တော်တွင်လည်း ငွေပိုပေးနိုင်သည့်တိုင် အခွင့်အရေးမရရှိနိုင်သည့်အဖြစ်အပျက်အပါအဝင် အခွင့်ထူးမရအောင် လူအစုအဖွဲ့ များကြား ကွာဟပိုင်းခြားထားမှုများကို သမိုင်းတစ်လျှောက် တွေ့ရသည်။ ဂျူးလူမျိုး မဟုတ်သော တစ်ပါးအမျိုးသားများသည် ဗိမာန်တော်၏အပြင်ကန္နားပြင်တွင်သာ ဝတ်ပြုကိုးကွယ်ခွင့် ရရှိကြသည်။ ထို့နောက် အမျိုးသမီးများအတွက် ကန္နားပြင် ရှိသည်။ ဗိမာန်တော်နှင့်ပိုနီးသည့်နေရာကိုမူ အမျိုးသားများအတွက် သတ်မှတ်ထား သည်။ ဘုရားသခင်က သူ့ကိုယ်ကို ထင်ရှားပြသောနေရာအဖြစ် သတ်မှတ်သည့် ဒုတိယတဲတော် ဟဂျာဟဂျုန် သန့်ရှင်းရာဌာနတော်ကို ကန့်လန့်ကာဖြင့် ကာထားပြီး ဘုန်းကြီးသော…
မြဲစွာတည်နေခြင်း
အစ်ဒရီယန်နှင့်သူ၏မိသားစုတို့နေထိုင်သောနိုင်ငံ၌ သခင်ယေရှုကို ယံုကြည်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရသည်။ ထိုတစ်လျှောက်လံုးတွင် ခရစ်တော်၏မေတ္တာကို သူတို့ပြခဲ့သည်။ အကြမ်းဖက်သူများက လေ့ကျင့်စခန်းအဖြစ် အသံုးပြုခဲ့သည့် ကျည်ဆန်ရာများ သင့်နေသည့် ဘုရားကျောင်းဝင်းတံတိုင်းအတွင်း ရပ်ရင်း “ဒီနေ့ဟာ သောကြာကြီးနေ့ဖြစ်တယ်။ သခင်ယေရှုဟာ ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်ပေါ် မှာ ဝေဒနာခံခဲ့တယ်ဆိုတာ ကျွန်ုပ်တို့ သတိရတယ်” ဟု ပြောလိုက်သည်။ ထို့နောက် ဝေဒနာခံခြင်းအကြောင်းကို ဆက်ပြောသည်။ ထိုအချက်ကို ထိုနေရာရှိ ယံုကြည်သူများ ကောင်းစွာနားလည်သည်။ သို့သော် သူ့မိသားစုက ထိုနေရာ၌ ဆက်လက်ရှိနေပြီး “ကျွန်ုပ်တို့ ဤနေရာ၌ မြဲစွာဆက်၍တည်နေပါသည်” ဟု ဆိုခဲ့သည်။
ဤယံုကြည်သူများသည် သခင်ယေရှုလက်ဝါးကပ်တိုင်း၌ အသေခံရစဉ် လှမ်းမျှော် ကြည့်နေသည့် အမျိုးသမီးတို့၏ စံနမူနာကို လိုက်လျှောက်ခဲ့ကြသည် (မာ ၁၅:၄၀)။ နိုင်ငံ၏ရန်သူဖြစ်သည့်ရာဇဝတ်သား၏မိသားစု၊ မိတ်ဆွေများအနေဖြင့် ကဲ့ရဲ့ခံရနိုင်သည်။ ရောယောင်အပြစ်ပေးခံရနိုင်သည်။ သို့သော် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ မိခင်မာရိနှင့်…
လမ်းကြောင်း၌ တည်နေပါ
တရုတ်ပြည်အလယ်ပိုင်းရှိ တောင်နံရံကို ပတ်၍ဖောက်ထားသည့် လှေကားထစ် လမ်းကြောင်းအတိုင်း လီဘောင်၏နောက်သို့လိုက်ရင်း နေဝင်ရီတရောအချိန် ရောက်လာသည်။ ဤလမ်းကို ကျွန်ုပ်တစ်ခါမျှမသွားဖူးပါ။ ရှေ့ကို ခြေတစ်လှမ်းအပြင် ပိုမမြင်ရသလို ကျွန်ုပ်တို့ဖြတ်ကျော်လာခဲ့သည့်လမ်းက မည်မျှမတ်စောက်သည် ကိုလည်း မတွေ့ရပါ။ မည်သည့်နေရာကိုသွားသည်၊ မည်မျှကြာကြာသွားရမည်ကို ကျွန်တော်မသိပါ။ သို့သော် ကျွန်တော့်မိတ်ဆွေကို ယုံကြည်စိတ်ချလျက် လီဘောင် နောက်သို့ ထပ်ချပ်မကွာကျွန်တော်လိုက်ခဲ့သည်။
ထစ်ခနဲရှိ သေချာအောင်လုပ်တတ်သည့် တပည့်တော်သောမကဲ့သို့ ကျွန်ုပ်လည်း ထိုအခြေအနေထဲ ရောက်နေသည်။ သခင်ယေရှုက တပည့်တော်တို့အား သူတို့အတွက် နေရာကို ပြင်ဆင်ရန်သွားရမည်။ “ငါသည် အဘယ်အရပ်သို့သွား သည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း သင်တို့သိကြ၏” (ယော ၁၄:၄) ဟု မိန့်တော်မူသည်။ သို့သော် သောမက “သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍ လမ်းခရီးကို အဘယ်သို့သိနိုင်ပါ မည်နည်း” (:၅) ဟုပြန်မေးသည်။
သခင်ယေရှုက…
သာ၍ထိုက်တန်သော ဘုရားသခင်
အတိတ်က ယေရှုကို ယံုကြည်သူများကြောင့် နာကျင်ခံစားရသူ ကျွန်မ၏မိခင်သည် သခင်ယေရှုထံ ကျွန်မ၏အသက်တာကို ဆက်ကပ်အပ်နှံသောအခါ အလွန်ဒေါသ ထွက်ခဲ့သည်။ “ဟင်း ... အခုတော့ မင်းလည်း ငါ့ကိုမစီရင်ဖို့ မဝေဖန်ဖို့ ငါမျှော်လင့် ပါတယ်” ဟု ပြောပြီး ဖုန်းကိုချလိုက်သည်။ တစ်နှစ်ခန့်မျှ အမေ ကျွန်မနှင့်စကား မပြောပါ။ ကျွန်မဝမ်းနည်းရပါသည်။ သို့သော် ဘုရားသခင်နှင့်ဆက်ဆံရေးက ကျွန်မ တန်ဖိုးအထားဆံုးသော ဆက်ဆံရေးထက် ပိုအရေးကြီးကြောင်း နောက်ဆံုးတွင် ကျွန်မနားလည်လာသည်။ ကျွန်မဖုန်းခေါ်တိုင်း မကိုင်သည့် အမေ့အတွက် ဆုတောင်း ပေးသည်။ သူ့ကို ချစ်နိုင်ဖို့မစပါမည့်အကြောင်း ဘုရားရှင်ထံ ဆုတောင်းခဲ့သည်။
နောက်ဆံုးတွင် ကျွန်မတို့သားအမိပြန်လည်သင့်မြတ်ခဲ့သည်။ လအတန်ကြာ သည့်နောက် အမေက “မင်းပြောင်းလဲသွားတာပဲ။ ငါအခု သခင်ယေရှုအကြောင်း နားထောင်ဖို့ အဆင်သင့်ဖြစ်ပြီထင်တယ်” ဟုပြောပါသည်။ မကြာမီ အမေသည် သခင်ခရစ်တော်ကို ယံုကြည်လက်ခံခဲ့ပြီး ကျန်ရှိသည့်ဘဝအသက်တာကို ဘုရားသခင်ကို…