သေဒဏ်ပေးခံရခြင်းမှဝမ်းမြောက်ခြင်း
၁၉၈၅ ခုနှစ်တွင် ရေးဟင်တန်သည် စားသောက်ဆိုင် မန်နေဂျာနှစ်ဦးကိုသတ်ဖြတ်မှုဖြင့် တရားစွဲခံခဲ့ရသည်။ သူသည် မတရားချောက်ချခံရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားစဉ် သူသည် မိုင်ပေါင်းများစွာကွာဝေးသောနေရာတွင်ရှိနေသော်လည်း အပြစ်ရှိကြောင်း ထင်ရှားပြီး သေဒဏ်ပေးခံခဲ့ရသည်။ တရားခွင်တွင် ရေး သည် သူ့အကြောင်း လိမ်လည်ပြောဆိုသူများကို ခွင့်လွှတ်ပြီး မတရားမှုကိုမမှုဘဲ သူ၌ ဝမ်းမြောက်ခြင်း ပြည့်နေကြောင်းဖြည့်စွက်ပြောဆိုခဲ့သည်။ သူက “ကျွန်တော်သေသွားပြီးနောက် ကောင်းကင်ကိုသွားရမှာဖြစ်တယ်။ သင်ရော ဘယ်ကိုသွားမှာလဲ” ဟုပြောခဲ့သည်။
သေဒဏ်ပေးခံရသည့်ဘဝသည် ရေး အတွက် မလွယ်ပါ။ လျှပ်စစ်ကုလားထိုင်ဖြင့် အပြစ်ဒဏ်စီရင်ရာ၌ ထောင်မီးများက မှိတ်တုတ်မှိတ်တုတ်လင်းလျက် ထိုမီးရောင်က ရှေ့ဆက်ဘာဖြစ်မည်ကို အသိပေးနေသည်။ မုသားဖော်စက်ဖြင့် စစ်ဆေးခြင်းကို ရေး အောင်မြင်ခဲ့သော်လည်း ထိုရလဒ်မှာ လျစ်လျူရှုခံခဲ့ရသည်။ ၎င်းသည် သူ့အမှုကို ပြန်လည်စစ်ဆေးကြားနာစဉ်တွင် တွေ့ကြုံခဲ့ရသောမတရားမှုများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။
နောက်ဆုံး၌ ၂၀၁၅ သောကြာနေ့ကြီးတွင် အမေရိကန် အထက်လွတ်တော် တရားရုံးမှ…
သင်မမေးခင်ကတည်းကပင်
ကျွန်မသူငယ်ချင်းဖြစ်သော ရောဘတ်နှင့် ကောလင်းတို့သည် သာယာသော အိမ်ထောင်ကို ရာစုနှစ်အတော်တော်များခံစားခဲ့ရပြီး ကျွန်မလည်း သူတို့၏ဆက်ဆံ ပြုမူပုံများကိုကြည့်ပြီး နှစ်သက်ကြည်နူးမိသည်။ ထမင်းစားပွဲတွင် မမေးရဘဲ တစ်ယောက်က ထောပတ်လှမ်းပေးသည်။ နောက်တစ်ယောက်ကလည်း အချိန်ကိုက်ပင် ဖန်ခွက်ထဲ ရေဖြည့်ပေးသည်။ အဖြစ်အပျက်ဇာတ်လမ်းများကို သူတို့ေပြောကြသောအခါ တစ်ယောက်စကားကို အခြားတစ်ယောက်က အဆုံးသတ်ပေး သည်။ တစ်ခါတစ်ရံ အချင်းချင်း၏စိတ်ကိုပင် သူတို့ဖတ်နိုင်သည်ဟုပင် ထင်ရသည်။
မိမိကိုသိပြီးချစ်သောသူ မည်သူထက်မဆိုပင် ဘုရားရှင်သည် ကျွန်မတို့ကိုသိပြီး ဂရုစိုက်နေသောကြောင့် နှစ်သိမ့်သက်သာရာရပါသည်။ လာမည့်အနာဂတ် နိုင်ငံတော် တွင် ဘုရားနှင့်သူ့လူမျိုးတော်အကြားတွင်ရှိမည့် ဆက်ဆံရေးအကြောင်းကို ပရောဖက် ဟေရှာယ ဖော်ပြရာတွင် နူးညံ့ပြီးရင်းနှီးမှုရှိသောဆက်ဆံရေးအကြောင်းကို ဖော်ပြ ထားသည်။ ဘုရားရှင်က သူ့လူမျိုးတော်များအား “ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်” ဟု မိန့်ကြားခဲ့သည် (ဟေ ၆၅:၂၄)။
သို့သော် ၎င်းသည် မည်သို့မှန်ကန်နိုင်မည်နည်း။ နှစ်ရှည်လများဆုတောင်းပြီး…
အံ့သြဖွယ်ကောင်းသောပင်ကိုယ်အရည်အသွေး
ကျွန်တော်တို့၏ကောလိပ်သံစုံအဖွဲ့ခေါင်းဆောင်သည် အဖွဲ့ကိုစီမံကွပ်ကဲပြီး တစ်ချိန် တည်းမှာပင် စန္ဒယားတီးလျက် ကျွန်တော်တို့နှင့် တွဲဖက်ဆိုပေးတီးပေးကာ သူ့တာဝန်များ ကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဟန်ချက်ညီညီထမ်းဆောင်ခဲ့သည်။ တေးဂီတပွဲတစ်ခုအပြီးတွင် သူ့ကိုကြည့်ရသည်မှာ အလွန်စိုးရိမ်ပင်ပန်းနေပုံပေါက်နေသောကြောင့် သူ့ကို "အဆင်ပြေရဲ့လား"ဟု ကျွန်တော်မေးလိုက်သည်။ သူက “ငါတစ်ခါမှ ဒီလိုမလုပ်ဖူးဘူးကွာ။ စန္ဒယားအသံက ကီးလွဲနေလို့ ပွဲတစ်လျောက်လုံး ကီး ၂မျိုးနဲ့ တီးခဲ့ရတယ်။ ဘယ်လက်က ကီးတစ်မျိုးကိုတီးပြီး ညာလက်က နောက်ကီး တစ်မျိုးကို တီးခဲ့ရတယ်” ဟုသူရှင်းပြခဲ့သည်။ အံ့မခန်းသောသူ့အရည်အချင်းကြောင့် ကျွန်တော်မှင်သက်ခဲ့ရပြီး ထိုသို့လုပ်ဆောင်နိုင် သော လူသားများကို ဖန်ဆင်းခဲ့သော ဖန်ဆင်းရှင်ကိုလည်း အံ့သြမိသည်။
ဒါဝိဒ်မင်းသည် ပိုပြီးနက်နဲသောအံ့သြမှုကို ဆာလံ ၁၃၉:၁၄ တွင် ဖော်ပြခဲ့သည်။ “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံ သည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ် ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဥ်သည် အမှန်သိပါ၏။” လူသား၏တတ်စွမ်းနိုင်မှု ဖြစ်စေ၊…
အကြွေးများ ဆပ်ပြီးပြီ
နိုင်ဂျီးရီးယန်း စီးပွားရေးလုပ်ငန်းရှင် ဇီးလ်က Lagos ဆေးရုံကုတင်ပေါ်ရှိလူနာကို ငုံ့ကြည့်ပြီး "ဘာဖြစ်တာလဲ"ဟုမေးလိုက်သည်။ ပေါင်တွင် ပတ်တီးစီးထားသည့် လူငယ်လေးက သေနတ်ဖြင့်အပစ်ခံခဲ့ရကြောင်းပြန်ဖြေသည်။ ထိုလူနာမှာဒဏ်ရာ သက်သာပြီး အိမ်သို့ပြန်နိုင်ပြီဖြစ်သော်လည်း ထိုဒေသ၏နိုင်ငံတော်ဥပဒေအရ ဆေးရုံစရိတ် မပေးချေမချင်း ဆေးရုံဆင်းခွင့် မရှိပါ။ လူမှုကူညီရေးအသင်းအဖွဲ့မှ ဝန်ထမ်းနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ဇီးလ် သည် သူ၏ခရစ်ယာန်ယုံကြည်ခြင်းကိုဖော်ပြရန်အတွက် သူထူထောင်မတည်ထားသောရံပုံငွေမှတစ်ဆင့် အမည်မဖော်ဘဲ ဆေးရုံစရိတ် ရှင်းပေးခဲ့သည်။ အပြန်အလှန်အားဖြင့် ထိုသို့ဆေးရုံဆင်းခွင့် လက်ဆောင်ကို ရရှိခံစားခဲ့သူတို့သည် တစ်နေ့တွင် အခြားသူများကို ထိုနည်းတူ ပြန်လည်ဝေငှရန် သူမျှော်လင့်မိပါသည်။
သမ္မာကျမ်းစာတစ်လျှောက်လုံးတွင် ဘုရားရှင်၏ကြွယ်ဝခြင်းမှ ထုတ်နှုတ် ပေးကမ်းခြင်း အကြောင်းများကို ဖော်ပြထားပါသည်။ ဥပမာအားဖြင့် မောရှေသည် ဣသရေလလူမျိုးများအား ကတိတော်နယ်မြေတွင် မည်သို့အသက်ရှင်ရမည်ကို သွန်သင်ရာ၌ ဦးစွာ ဘုရားရှင်ထံ အဦးသီးများယူဆောင်လာရန် (တရား ၂၆:၁-၃) နှင့် လိုအပ်သောသူများဖြစ်သော ဧည့်သည်၊ မိဘမဲ့နှင့် မုဆိုးမများကို…
အသက်ထက်ပိုကောင်းသော
မေရီသည် သခင်ယေရှုကိုချစ်သော်လည်း သူ့ဘဝမှာခက်ခဲသည်။ အမှန်ပင်ခက်ခဲ ပါသည်။ သူ့သားနှစ်ယောက်သည် သူမထက် အရင်သေဆုံးခဲ့ပြီး မြေးနှစ်ယောက်မှာလည်း နှစ်ယောက်စလုံး သေနတ်သမား၏ဒါးစာခံများ ဖြစ်ခဲ့ရသည်။ မေရီကိုယ်တိုင်လည်း လေဖြတ်ကာ ကိုယ်တစ်ခြမ်းသေခဲ့သည်။ သို့တိုင် သူနလန်ထူစမှာပင် ဘုရားကျောင်း သို့သွားပြီး “ကျွန်မဝိညာဉ်သည် ကိုယ်တော့်ကိုချစ်ပါ၏။ နာမတော်ကို ကောင်းချီးပေး ပါ၏” ဟူသော ကြေကွဲစွာဖြင့် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။
မေရီ၏ဘုရားသခင်ကို ချီးမွမ်းခြင်းမတိုင်မီ ရှေးကတည်းကပင် ဒါဝိဒ်သည် ဆာလံ ၆၃ကို ရေးစပ်ခဲ့သည်။ ဆာလံသီချင်းအစတွင် ဒါဝိဒ်သည် သူယုဒတော၌ ရှိသောအခါစပ်ဆိုသောဆာလံဟု ဖော်ပြထားသည်။ နှစ်သက်စရာကျေနပ်စရာ မကောင်းရုံမက စိတ်ဓါတ်ကျဖွယ်အခြေအနေအချိန်မျိုးတွင်ပင် သူစိတ်မပျက်ခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် သူ့မျှော်လင့်ခြင်းသည် ဘုရားရှင်ထံ၌ တည်ရှိနေသောကြောင့် ဖြစ်သည်။ "အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ ဝိညာဉ်သည်ကိုယ်တော်ကိုငတ်ပါ၏"(:၁)။…
Whack-a-mole ကစားနည်း
ခွဲစိတ်ကုသမှုအပြီးတွင် မေ့ဆေးဆရာဝန်ခ၊ ခွဲစိတ်ဆရာဝန်ခ၊ ခွဲစိတ်ခန်းခနှင့် ကိရိယာတန်ဆာ ပလာဖိုးတောင်းခံသည့်ပြေစာများ အဆက်မပြတ်ရောက်ရှိလာပါတော့သည်။ အရေးပေါ် ခွဲစိတ်ခန်းဝင်ခဲ့ရပြီးနောက် ဤအရာများကို ဂျေးဆန်ရင်ဆိုင်နေရသည်။ ထိုအခြေအနေကို သင်လည်း နားလည်ကောင်းနားလည်ပါလိမ့်မည်။ သူက ‘အာမခံကြေးပေးပြီးနောက် ဒေါ်လာထောင်ချီပြီး အကြွေးတင်ခဲ့တယ်။ ဒီအကြွေးတွေ ကျေသွားတဲ့နေ့ကတော့ ဘဝကြီး သာယာပြီး ကျွန်တော်လည်း စိတ်အေးကျေနပ်နိုင်မယ်။ ကစားကွင်းက ပလတ်စတစ်မှဲ့ကောင် လေးတွေ အပေါက်က ထွက်လာတဲ့အခါ တုတ်နဲ့ အားပါးတရ ရိုက်ရတဲ့ Whack-a-mole ကစားနည်း ကစားနေရသလို ကျွန်တော် ခံစားနေရတယ်” ဟုသူညည်းမိသည်။
အချို့အချိန်များတွင် ဘဝကြီးသည် ထိုအတိုင်းဖြစ်နေတတ်ပါသည်။ တမန်တော်ကြီး ရှင်ပေါလုသည်လည်း ၎င်းကိုနားလည်သဘောပေါက်ခဲ့သည်။ သူက “ရှုတ်ချခြင်းကို လည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း ခံတတ်၏။ ဝစွာစားခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ” ဟုဆိုခဲ့သည် (ဖိ ၄:၁၂)။ သူ့ လျှို့ဝှက် ချက်ကားအဘယ်နည်း။…
အခွင့်အရေးတိုင်း
နဂါးဖမ်းဖူးပါသလား။ ကျွန်တော့်သားလေး ဂိမ်းတစ်ခုကို ဖုန်းထဲဒေါင်းလုပ် မလုပ်ခိုင်းမီအထိ မဖမ်းဖူးခဲ့ပါ။ ထိုဂိမ်းမှဒစ်ဂျစ်တယ်မြေပုံဖြင့် သင့်အနီးအနားရှိ ရောင်စုံအကောင်လေးများကို ဖမ်းနိုင်ပါသည်။
အခြားဖုန်းဂိမ်းများနှင့်မတူဘဲ ဤဂိမ်းတွင် လှုပ်ရှားမှုလိုအပ်သည်။ မိမိသွားလေရာ နေရာတိုင်းသည် ဂိမ်းတွင် ပါဝင်သော နေရာများပင်ဖြစ်သည်။ ရလဒ်မှာ ကျွန်တော် လမ်းပို လျှောက်ဖြစ်သည်။ ကျွန်တော်တို့သားအဖ ထိုဂိမ်းကစားတိုင်း အနားမှာ ပေါ်ပေါ်လာသော အကောင်လေးများကို အခွင့်အရေးရလျှင်ရသလို ရအောင်ဖမ်းကြသည်။
ဂိမ်းကစားသူများကို ဖမ်းစားသောထိုဂိမ်းအပေါ် အာရုံစိုက်ရသည်မှာ လွယ်သလို ဂိမ်းလည်းစွဲသွားနိုင်သည်။ သို့သော် ထိုဂိမ်းကစားပြီး ကျွန်တော်အတွေးထဲ မေးခွန်းတစ်ခု ဝင်လာသည်။ ငါရော ကိုယ့်အနီးပတ်လည်မှာရှိတဲ့ ဝိညာဉ်ရေးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို ဖမ်းကိုင်ဖို့ ဂိမ်းလောက် စိတ်ထက်သန်မှုရှိရဲ့လား။
မိမိအနီးဝန်းကျင်တွင် ဘုရားပြုနေသောအမှုအရာများကိုသတိချပ်ရန် လိုအပ်ကြောင်း ရှင်ပေါလုသိရှိခဲ့ပါသည်။ ကောလောသဲ ၄ တွင် သတင်းကောင်းဝေငှရန် အခွင့်အရေး အတွက် ဆုတောင်းပေးရန် ပေါလုတောင်းပန်ခဲ့သည်(:၃)။ ထို့နောက် “ပြင်ပလူတို့၏…
ဘုရားသခင်သည် အရာအားလုံးကို သိတော်မူ၏
ထိုင်းတိုက်ငါး ဖင်း ကို ကျွန်မတို့အိမ်၌ ၂နှစ်ခန့်မွေးခဲ့သည်။ ကျွန်မသမီးငယ်သည် ငါးကန်ထဲသို့ အစာများပစ်ချလိုက်ပြီးနောက် ငုံ့ကာ စကားများပြောနေတတ်သည်။ သူငယ်တန်းတွင် အိမ်မွေးတိရစ္ဆာန်လေးများအကြောင်းပြောသောအခါ သူက ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ဖင်း ကို သူ၏ကိုယ်ပိုင်ငါးဖြစ်ကြောင်းပြောပါသည်။ နောက်ဆုံး ဖင်း လေးသေသွားသောအခါ သမီးလေးမှာ နှလုံးကြေကွဲခဲ့ရသည်။
ကျွန်မအမေက သမီးလေး၏ခံစားချက်များကို ဂရုတစိုက်ဖြင့် နားထောင်ပေးရန်နှင့် “ဘုရားရှင် အရာခပ်သိမ်းကိုသိတယ်” ဟု ပြောပြရန်အကြံပေးသည်။ ဘုရားရှင် အရာ ခပ်သိမ်းကိုသိကြောင်း ကျွန်မသိသော်လည်း ထိုအရာက မည်သို့ နှစ်သိမ့်မှု ပေးနိုင်မည်နည်း ဟု တွေးနေမိပါသည်။ ဘုရားရှင်သည် အသက်တာ၌ ရင်ဆိုင်နေရသော အဖြစ်အပျက်များ ကို သာမန်ကာလျှံကာမျှပင် မဟုတ်ဘဲ ကျွန်မတို့၏စိတ်ဝိညာဉ်ထဲထိတိုင် မြင်ပြီး ထိုအရာ များက မိမိအပေါ် မည်သို့သက်ရောက်မှုရှိနေကြောင်းထိပါ ဂရုတစိုက် ကြည့်ရှုပေးကြောင်း ကို ကျွန်မနားလည် လိုက်ရသည်။ မိမိ၏အသက်အရွယ်၊…
မျှဝေဖို့ရန် ချိုးဖဲ့ခံရသည်
ကားတိုက်ခံရ၍ ဇနီးသည်ကိုဆုံးရှုံးရသူတစ်ဦးနှင့် ကြာသပတေးနေ့တိုင်း ကျွန်ုပ်တို့ တွေ့ဆုံ ကြသည်။ တစ်ခါတစ်ရံတွင် အဖြေမရှိသည့်မေးခွန်းများဖြင့် သူရောက်လာတတ်ပြီး တစ်ခါတစ်ရံတွင် သူပြောပြလိုသည့် အမှတ်တရအကြောင်းအရာများနှင့် ရောက်လာ သည်။ အချိန်ကြာလာသည်နှင့်အမျှ မတော်တဆမှုသည် လောကကြီး၌ ကမောက်ကမ ဖြစ်ခြင်း၏ရလဒ်ဖြစ်သော်လည်း ဘုရားသခင်သည် ထိုအမှုအထဲတွင် အလုပ်လုပ်နိုင် ကြောင်း သူလက်ခံလာခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူသည် အသင်းတော်၌ ပူဆွေးဝမ်းနည်းမှုနှင့် ကောင်းသောကြေကွဲမြည်တမ်းမှုအကြောင်းကို သင်ကြားပေးသည်။ မကြာမီတွင် သူသည် ဆုံးရှုံးမှုကြုံရသူများထံသွားရောက်ပြီး မစလမ်းပြသူတစ်ဦး ဖြစ်လာသည်။ တစ်ခါတစ်ရံတွင် မိမိ၌ ဘုရားရှင်ထံ ဆက်ကပ်ပူဇော်စရာ ဘာမှမရှိ တော့ဟုခံစားရချိန်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏“မပြည့်၀မစုံလင်မှု”ကို ယူဆောင်သွားပြီး “လိုသည်ထက် ပိုလျှံ” သွားအောင် ပြုလုပ်ပေးသည်။
လူများကိုစားစရာတစ်ခုခုပေးရန် ရှင်ယေရှုက တပည့်တော်များအား မိန့်ကြားရာ သူတို့၌ပေးစရာ ဘာမှမရှိဟု ပြန်ပြောသည်။ ထိုအခါ ရှင်ယေရှုက သူတို့၏မစို့မပို့ အစာလေးကို ပွားများစေလျက်…
ဘုရားသခင် ကြည့်ရှုစောင့်ရှောက်၏
ကျွန်မတို့၏မြေးငယ်လေးက လက်ပြနှုတ်ဆက်ရင်း ပြန်လှည့်လာကာ “သားတို့ ထွက်သွား တဲ့အထိ ဘာဖြစ်လို့ဆင်ဝင်မှာရပ်ပြီး ကြည့်နေတာလဲဘွားဘွား”ဟု မေးလာသည်။ ကျွန်မ သူ့ကိုပြုံးပြလိုက်ပြီး သူသည် အသက်ငယ်သေးသည့်အတွက် သူ့မေးခွန်းကို “ချစ်စရာ လေး”ဟု ထင်မိသည်။ သူလေး၏ပူပန်စိတ်ကို မြင်ရသော်လည်း အကောင်းဆုံး ကြိုးစား ဖြေပေးသည်။ “ဒါဟာ ယဉ်ကျေးမှုလောကဝတ်ဧည့်၀တ် ပြုတာလေ။ သားက ဘွားဘွားရဲ့ ဧည့်သည်ဆိုရင် သားတို့ပြန်သွားတာကို စောင့်ကြည့်တာဟာ သားကိုဂရုစိုက်တာကို ပြတာပဲ” ဟု ကျွန်မ သူ့ကိုပြောပြသည်။ ကျွန်မ၏အဖြေကို ချင့်ချိန်ကြည့်ရင်း သူစိတ်ရှုပ် သွားပုံပေါ်သည်။ သို့နှင့် ကျွန်မက “ဘွားဘွား အဲဒီလိုကြည့်တာဟာ သားကိုချစ်လို့ပေါ့။ သားတို့ ကားမောင်းထွက်သွားတာကိုကြည့်ပြီး သားတို့အိမ်ကို အန္တရာယ်ကင်းကင်း ပြန်ရောက်မယ်ဆိုတာသိလို့ပဲ” ဟု ပြောမှ သူပြုံးလာပြီး ကျွန်မကို ဖွဖွလေးလာဖက်သည်။
ကလေးအတွေးနှင့်သဘောပေါက်သွားပုံက ကောင်းကင်ဘုံရှင်အဘသည် သူ၏ အဖိုးတန်သားသမီး တစ်ယောက်စီတိုင်းကို စဉ်ဆက်မပြတ်ကြည့်ရှုနေကြောင်း…