အမြဲရှိသူ၏ တည်ရှိတော်မူခြင်း
၂၀၁၈ ကမ္ဘာ့ဖလားတွင် ကိုလံဘီယာကိုယ်စားပြု ရာဒါမယ်ဖယ်ကို သည် ကျန်ရှိသော ၁၇ မိနစ်အတွင်း ပိုလန်ကို အနိုင်ရရှိကာ အောင်မြင်မှုရရှိခဲ့သည်။ ထိုဂိုးသည် ဖယ်ကို အတွက် နိုင်ငံတကာအားကစားပွဲ၏ ၁၃ကြိမ်မြောက် ဂိုးဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲတွင် ကိုလံဘီယာအားကစားသမားမှ ဂိုးအများဆုံးသွင်းယူခြင်းဂုဏ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
ဖယ်ကိုသည် ဘောလုံးကွင်းမှ သူ၏အောင်မြင်မှု ကို အကြောင်းပြုပြီး သူ့ယုံကြည်ခြင်းကို ဝေမျှသည်။ ဂိုးတစ်ခါ သွင်းပြီးတိုင်း အားကစားအင်္ကျီအောက်မှ "Con Jesusnunca estara solo" (သခင်ယေရှုနှင့်ဆိုလျှင် သင်ဘယ်သောအခါမှ တစ်ယောက်တည်း မဖြစ်ပါ) စာသားပါရှိသောအင်္ကျီကို လှန်ပြလေ့ရှိသည်။
ဖယ်ကို၏ စာသားေလေးက သခင်ယေရှုထံမှ လာသော “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” (မ ၂၈:၂၀)၊ ဟူသည့် ကတိစကားကို ပြန်လည်သတိပေးနေသည်။ ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွတော့မည် ဖြစ်သော်လည်း သခင်ယေရှုသည် တပည့်တော်များအား…
ချစ်ခြင်းအားဖြင့် ကွဲပြားခြင်း
အငြင်းပွားဖွယ်ဖြစ်နေသော စင်္ကာပူဥပဒေတစ်ခုနှင့်စပ်လျဥ်း၍ ပြည်သူလူထုတို့ ငြင်းခုံကြရာ မတူညီသောအမြင်များကြောင့် ယုံကြည်သူများကြား ကွဲပြားမှု ဖြစ်ပေါ်ခဲ့သည်။ အခြားသူများအား အမြင်ကျဉ်းမြောင်းသူဟုခေါ်လိုခေါ်၊ သို့မဟုတ် မိမိယုံကြည်ခြင်းကို အပေးအယူလုပ်သည်ဟု အပြစ်တင်လိုတင်နှင့် ပြောဆိုကြသည်။
အငြင်းပွားမှုများသည် ဘုရားရှင်၏မိသားစုအတွင်း တင်းမာသောစိတ်ဝမ်းကွဲမှုများကို ဖြစ်စေသည်၊ လူတို့ကို နာကျင်စေသည်၊ စိတ်ဓာတ်ကျစေသည်။ နှုတ်ကပတ်တော်၏သွန်သင်မှုအတိုင်း အသက်တာတွင် လိုက်လျှောက်မည်ဟူသော မိမိကိုယ်ပိုင်ယုံကြည်မှုအတွက် တစ်ခါတစ်ရံ စိတ်အားငယ်မှုကို ခံစားရပါသည်။ ကျွန်တော်နှင့် သဘောထားကွဲလွဲသူများကို ဝေဖန်ပြောဆိုမိသောအခါ ထပ်တူညီစွာ အပြစ်ရှိသကဲ့သို့ ခံစားရပါသည်။
မိမိ၏အမြင်မည်သို့ရှိရှိ၊ မိမိ၏သဘောထားကို မည်သို့မည်ပုံ ဖော်ပြဖော်ပြ ၎င်းသည် ပြဿနာ မဟုတ်ဘဲ၊ မိမိအမြင်ကို ဖော်ပြရာ၌ မိမိ၏စိတ်နေစိတ်ထားက ပြဿနာ ဖြစ်နေသည် ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။ ကျွန်ုပ်တို့သည် သဘောထားအမြင် ကွဲပြားခြင်း သက်သက်လား၊ တစ်ဖက်သားနောက်ကွယ်ရှိ လူများကို ပျက်စီးစေချင်သောအကြံနှင့်လားဆိုသည်ကို ဆင်ခြင်ရန် လိုသည်။
မှားယွင်းသောသွန်သင်မှုကို…
ဟောက်သော ကြွက်
လွန်ခဲ့သောနှစ်များစွာက ကျွန်ုပ်၏သားများနှင့်အတူ အိုင်ဒါဟိုပြည်နယ်မြောက်ပိုင်းရှိ Selway - Bitterroot တောအတွင်း ရက်အနည်းငယ်ခန့် ညအိပ်စခန်းချသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသောမြောက်အမေရိကဝက်ဝံများ နေထိုင်ကျက်စားရာအရပ် ဖြစ်သဖြင့် ကျွန်တော်တို့ ဝက်ဝံခြောက်လှန့်ရန် စပရေးဆေးဗူးများ ယူဆောင်သွားသလို စခန်းချသည့်နေရာကို သန့်ရှင်းစွာထားကာ ဝက်ဝံများနှင့် မတွေ့ရန် မျှော်လင့်ခဲ့ကြသည်။
ညလယ်တစ်ညတွင်မူ ရဲန်ဒီ၏အော်သံကို ကြားလိုက်ရပြီး သူ၏ညအိပ်အိတ် (sleeping bag)အတွင်းမှ ထွက်ရန် ကြိုးစားနေသောအသံကို ကြားလိုက်သည်။ လက်နှိပ်မီးသီးကို ယူ၍ မီးထိုးလိုက်ကာ ဒေါသထွက်နေမည့် ဝက်ဝံကြီးကို တွေ့ရ မည်ဟု ထင်မိသည်။
သို့သော် နောက်ခြေဖြင့်ရပ်ပြီး ရှေ့ခြေများက လေထဲမြောက်နေသော ၄လက်မ အရွယ် လယ်ကြွက်တစ်ကောင်ကို တွေ့လိုက်ရသည်။ သကောင့်သားက ရဲန်ဒီ၏ လျှာထိုးဦးထုပ်လေးကို သူ့သွားလေးများဖြင့် ကျစ်ကျစ်ပါအောင် ကိုက်ထားပြီး ရဲန်ဒီဦးခေါင်းမှ ဦးထုပ်မကျွတ်မချင်း ဆွဲနေခဲ့သည်။ ကျွန်တော်လည်း ရယ်လိုက်ရာ ကြွက်လေးက ဦးထုပ်ကိုလွတ်ကာ ပြေးသွားတော့သည်။…
ဘဝခက်ခဲသောအခါ
လူရော၊ စိတ်ရော ပင်ပန်းနွမ်းလျစွာဖြင့် ပက်လက်ကုလားထိုင်ပေါ် ကျွန်မထိုင်ချလိုက် သည်။ ဘုရားရှင်၏ဦးဆောင်မှုဖြင့် ကယ်လီဖိုးနီးယား မှ ဝစ်ကွန်စင်းသို့ ကျွန်မတို့မိသားစု ပြောင်းရွေ့ခဲ့ကြသည်။ ထိုနေရာသို့ရောက်ရှိပြီးနောက် ကားပျက်သွားသဖြင့် ၂ လခန့် ကားမရှိဘဲ နေခဲ့ရသည်။ ထိုအတောအတွင်း ကျွန်မခင်ပွန်းမှာ မမျှော်လင့်ဘဲ ခါးခွဲစိတ်ခဲ့ရ သောကြောင့် ကောင်းမွန်စွာ မလှုပ်ရှားနိုင်သည့်အထဲ ကျွန်မ၏ နာတာရှည် နာကျင်ခြင်းဝေဒနာပြန်ထသဖြင့် ပစ္စည်းနေရာ ချသည့်အလုပ်အတွက် ကသိကအောက်ဖြစ်ရသည်။ ကျွန်မတို့ အတွက် နေရာသစ်ဖြစ်သော အိမ်ဟောင်းပြင်ဆင်မှုက ကုန်ကျမှုများခဲ့သည်။ ကျွန်မတို့၏ခွေးအိုကြီးလည်း ရောဂါခံစားနေရ သည်။ ခွေးပေါက်အသစ်လေးက ပျော်ရွှင်မှုများ ပေးသော်လည်း ၎င်းကို ကျွေးမွေးစောင့်ရှောက်ရခြင်းမှာ ထင်ထားသည်ထက်ပင် ပိုပြီး အလုပ်ရှုပ်သည်။ ကျွန်မ အလွန် စိတ်ပျက်ခဲ့သည်။ ဤကဲ့သို့ ခက်ခဲလှသည့်ဘ၀လမ်းတွင် ခရီးနှင်နေရစဥ် မယိုင်လဲသော ယုံကြည်ခြင်းမျိုးကို မည်သို့ ရရှိနိုင်မည်နည်း။
ကျွန်မဆုတောင်းသောအခါ ဘုရားရှင်က အခြေအနေပေါ်တွင်…
လှောင်ချိုင့်ထဲမှလွတ်မြောက်ခြင်း
စာရေးဆရာ မာတင်လတ်ဒ် သည် လမ်းလျှောက်ထွက်စဥ် တယ်ရီယာခွေး ၄ ကောင်နှင့် လူကြီးတစ်ဦးကို မကြာမကြာဆုံသည်။ ခွေးသုံးကောင်မှာ ကွင်းပြင်ကျယ်ကြီးထဲတွင် မြူးတူးခုန်ပေါက်နေပြီး ကျန်တစ်ကောင်မှာ သခင့်အနား၌သာ လှည့်ပတ်ရှိနေတတ်သည်။ လတ်ဒ် က ထိုအခြေအနေကို သိလိုသောကြောင့် တစ်နေ့တွင် ထိုသခင်ကို မေးလိုက်ပါသည်။ ခွေးပိုင်ရှင်က ထိုခွေးလေးသည် အချိန်အတော်ကြာ လှောင်ချိုင့်ထဲ၌ နေခဲ့ရသည့်ဘ၀မှ ၎င်းကို ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။ ၎င်းအား အလုံပိတ်လှောင်ချိုင့်ထဲ ထည့်ထားသကဲ့သို့ပင် ထိုခွေးလေးသည် ဆက်လက်လှည့်ပတ်နေခြင်းဖြစ်သည်။
ဘုရားရှင်သာ မကယ်တင်ခဲ့ပါက ကျွန်ုပ်တို့လည်း မျှော်လင့်ချက်မဲ့ကာ လှောင်ပိတ်နေမည်ဖြစ်ကြောင်း နှုတ်ကပတ်တော်တွင် ဖော်ပြထားသည်။ ဆာလံဆရာကရန်သူများ၏ဖိစီးနှိပ်စက်မှု၊ သေခြင်းကြိုးတို့၏ဝိုင်းရံခံရမှုအကြားတွင် ကြောက်လန့်နေရ ကြောင်း (ဆာ ၁၈:၄-၅)၊ ပိတ်လှောင်ကာ ထိန်းချုပ်ခံနေရသောကြောင့် သူက ဘုရားသခင် ထံမှ ကူညီမစမှု တောင်းခံခဲ့သည်(:၆)။ ထိုအခါ အထက်အရပ်မှ လက်တော်ကိုဆန့်ပြီး “င့ါကို ဆယ်ယူတော်မူ၏”…
အံ့ဖွယ်နှင်းဖြူဖြူ
၁၇ ရာစုတွင် ဆာအိုင်းဇက်နယူတန်သည် သုံးမြှောင့်ဖန်တုံးကို အသုံးပြုပြီး မတူညီသော အရောင်များကို မြင်နိုင်အောင် အလင်းက မည်သို့အထောက်အကူပေးသည်ကို လေ့လာ ခဲ့သည်။ အရာဝတ္ထုတစ်ခုတွင် အလင်းဖြတ်သွားသောအခါ ထိုအရာဝတ္ထုတွင် တိကျသောအရောင်တစ်မျိုးမျိုးရှိကြောင်း သူတွေ့ရှိခဲ့သည်။ ခရစ္စတယ်ရေခဲတုံး (ရေခဲပုံဆောင်ခဲ)တစ်တုံးသည် အလင်းဖောက်နိုင်သောအရာတစ်ခုဖြစ်ပြီး နှင်းများသည် ခရစ္စတယ်ရေခဲတုံးများစွာဖြင့် စုပေါင်းဖွဲ့စည်း ထားသည်။ အလင်းသည် ထိုခရစ္စတယ်တုံးများကို ဖြတ်သွား သောအခါ နှင်းများကို အဖြူရောင်အဖြစ် မြင်တွေ့ရပါသည်။
သမ္မာကျမ်းစာတွင်လည်း အပြစ်သည် မည်သို့သောအရောင်ရှိကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်သည် ပရောဖက် ဟေရှာယအားဖြင့် ယုဒလူမျိုးများ၏အပြစ် အကြောင်းကို ပြောပြီး သူတို့၏အပြစ်များသည် နီသောအဆင်းအရောင်ရှိပြီး ကတ္တီပါနီ အရောင်နှင့်အမျှ နီကြောင်းကို ပြောထားသည်။ သို့သော် ဘုရားရှင်က မိုးပွင့်ကဲ့သို့ ဖြူစင် စေမည်ဟု ကတိတော် ပေးခဲ့သည် (ဟေရှာ ၁:၁၈)။ မည်ကဲ့သို့ ဖြူစင်စေမည်နည်း။ ယုဒလူ တို့သည်…
အနီးအပါးရှိ အိမ်နီးနားချင်းများ
အခြားသူများနည်းတူ ကျွန်မ၏အိမ်နီးချင်းများသည် အခြားအိမ်နီးချင်းများနှင့် အလွယ်တကူ ဆက်သွယ်နိုင်ရန်အတွက် ဝက်ဘ်ဆိုက်ကို အသုံးပြုကြသည်။ ကျွန်မ၏ ရပ်ကွက်ဝန်းကျင်တွင် အဖွဲ့ဝင်များက ခြင်္သေ့များကို တွေ့ကြောင်း အချင်းချင်းကို သတိပေး သည်။ တောမီးအန္တရာယ်မှလွတ်အောင် တိမ်းရှောင်ရမည့် အမိန့်စာများအကြောင်း သတင်း ပေးသည်။ လိုအပ်မှုရှိလျှင် ရှိသလို ကလေးကူထိန်းပေးသည်။ ယုတ်စွအဆုံး မိမိ၏အိမ်မွေးတိရိစ္ဆာန် ပျောက်လျှင်ပင် ကူညီ ရှာဖွေပေးကြသည်။ အင်တာနက်၏အစွမ်းကို မြှင့်တင် အသုံးပြုခြင်းဖြင့် မိမိ၏အနီးအနားဝန်းကျင်တွင် အတူ နေထိုင် ကြသူများသည် ယနေ့ အလျင်လိုသော လောကကြီးတွင် ပျောက်ဆုံးနေသည့် ဆက်သွယ်ချိတ်ဆက်မှုကို ပြန်လည် ရရှိခဲ့ ကြသည်။
ရှောလမုန်မင်းကြီးခေတ်ကတည်းကပင် အိမ်နီးနားချင်းများနှင့် ဆက်သွယ် ဆက်ဆံရေးသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ မိသားစုပေါက်ဖော်၏ ဆက်ဆံရေး သည် အမှန်တကယ်အရေးကြီးပြီး ကြီးမားသောအထောက်အပံ့ဖြစ်သည် မှန်သော်လည်း အဆွေခင်ပွန်းနှင့် ဆက်ဆံရေးသည် အထူးအဖြင့် အမှုရောက်သောအချိန်တွင် အရေးကြီး ကြောင်း…
ထိုအရာ၌ အတူတကွရှိနေခြင်း
၁၉၉၄ ခုနှစ်တွင် နှစ်လအတွင်း ရဝမ်ဒါနိုင်ငံ၌ ဟူတူလူမျိုးစုက တစ်နိုင်ငံသားချင်းဖြစ်သည့် တွတ်စီလူမျိုးစု တစ်သန်းထက်မနည်းကို သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ဘုန်းတော်ကြီး ဂျက်ဖရီ ဝူဘူစီစီသည် သူ၏ဇနီးအား မိမိချစ်ရသူများအသတ်ခံရသည့် အမျိုးသမီးထံသို့ သွားရောက်လည်ပတ်ပြီး အားပေးရန်ပြောသည်။ မေရီ က “ကျွန်မငိုပဲ ငိုချင်တော့တယ်” ဟုပြောသည်။ သူမသည် သူချစ်သော မိသားစုဝင်ကို ဆုံးရှုံးခံထားရသူ ဖြစ်သည်။ ထက်မြက်ပြီး
ဂရုတစိုက်ရှိသောခင်ပွန်းတစ်ဦးအနေဖြင့် “မေရီ၊ အမျိုးသမီးတွေကို စုစည်းပြီး အတူတကွ ငိုကြွေးကြပါလား” ဟု ဘုန်းတော်ကြီးက တိုက်တွန်းသည်။ သူ့ဇနီး၏နာကျင်ခံစားရ မှုသည် အခြား သူများ၏နာကျင်မှုကို မျှဝေခံစားနိုင်သည့်အကြောင်းဖြစ်သည်ကို ဘုန်းတော်ကြီးသိနေသည်။
အသင်းတော်သည် ကောင်းသည့်အရာဖြစ်စေ၊ မကောင်းတစ်ကောင်း အရာဖြစ်စေ အားလုံးကို ဘုရားသခင်၏ မိသားစုဝင်တို့နှင့် အတူတကွမျှဝေ ခံစားနိုင်သည့်နေရာ ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်ပါသည့် “တစ်ဦးကိုတစ်ဦး” ဟူသည့်စကားလုံးသည် ကျွန်ုပ်တို့ တစ်ဉီးနှင့်တစ်ဦးအပြန်အလှန် အမှီသဟဲပြုခြင်းကို…
ကျွန်ုပ်တို့သည် မြေမှုန့်များဖြစ်ကြသည်
ငယ်ရွယ်သောဖခင်ခမျာ အကြပ်ရိုက်နေသည်။ “ရေခဲမုန့်၊ ရေခဲမုန့်” ဟု တော့တီး တော့တ လမ်းလျှောက်တတ်စ သူ့ကလေးငယ်က အော်လိုက်သည်။ လူများကြပ်ညှပ်လျက်ရှိသည့် ကုန်တိုက်ထဲတွင် ဈေးဝယ်နေသူများက ထိုကလေးငယ်၌ အာရုံစိုက်နေကြသည်။ “အေးပါ။ မေမေ့ကို အရင်ကူညီလိုက်အုံးမယ်။ ဟုတ်ပြီလား” ဟု ပြောသော်လည်း “မရဘူး။ မရဘူး။ ရေခဲမုန့်ဝယ်ပေး”ဟု ဂျီကျနေသည်။ ထိုအခိုက် စလင်းဘက်အိတ်နှင့် ရှုးဖိနပ်တို့ကို အရောင်လိုက်ဖက်စွာ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးက ကလေးကို ကူထိန်းပေးရာ “သူအရမ်းစိတ်ဆိုးနေတယ်” ဟု ကလေး၏ဖခင်က ပြောသည်။ “အမှန်တော့ ရှင့်ကလေးက စိတ်အရမ်းဆိုးနေတယ်လို့ ထင်ရတာပါ။ သူငယ်ငယ်လေးပဲ ရှိသေးတယ်ဆိုတာ မမေ့နဲ့လေ။ သူ့အနားမှာ စိတ်ရှည်ရှည်နဲ့ နီးနီးကပ်ကပ်နေဖို့ပဲ သူလိုချင်တာ” ဟု ပြောလိုက်သည်။ ထိုအခြေအနေကို မျက်လှည့်ပြသလို အခုချက်ချင်း ဖြေရှင်း၍ မရပါ။ ဖခင်နှင့်သားငယ်၏ကြားတွင် ခေတ္တခဏအချိန်ယူပြီး သွေးအေးအေးဖြင့် ပြေလည်စေရန်ဖြစ်သည်။…
ချီးမွမ်းခြင်းကိုမြှင့်တင်ပါ
မြေပုံတစ်ခုကိုဆွဲမည်ဆိုပါက အလည်ဗဟိုတွင်ရှိသည့်အရာကို အခြေခံ၍ ဆွဲရသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ ကျွန်ုပ်တို့၏အိမ်သည် ကမ္ဘာကြီး၏ဗဟိုတွင် ရှိသည်ဟု စိတ်ကူးပြီး ထိုနေရာတွင် အစက်တစ်စက်ချကာ ဘေးသို့ချဲ့ကားပြီး ဆွဲသွားပါ။ အနီးတွင် ရှိသောမြို့သည် မြောက်ဘက်မိုင် ၅၀ သို့မဟုတ် တောင်ဘက်သို့ ကားနှင့်သွားလျှင် နေ့တစ်ဝက်ခန့် မောင်းရသောခရီးရှိသည် စသည်ဖြင့် သတ်မှတ် ခြင်းသည် မိမိရှိသည့်နေရာကို အခြေခံ၍ သတ်မှတ်ခြင်းပင် ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ဖော်ပြပါရှိသော ကမ္ဘာမြေ ပေါ်ရှိ ဘုရားသခင်၏အိမ်တော်ကို ဗဟိုပြု၍ ဆာလံကျမ်း များကို စပ်ဆိုထားပေရာ၊ သမ္မာကျမ်းစာ၏ပထဝီဗဟိုချက်သည် ယေရုရှလင်မြို့ပင်ဖြစ်သည်။
ဆာလံ ၄၈ သည် ယေရုရှင်လင်မြို့ကို ချီးမွမ်း ထောမနာပြုထားသော ဆာလံကျမ်း ဖြစ်သည်။ “ထာဝရဘုရား သည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏မြို့တော်တွင် အထူးသဖြင့် ထောမနာ ချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။ မြေကြီးတစ်ပြင်လုံး…