ယနေ့မှစ နှစ်တစ်ရာတိုင်
၁၉၇၅ ခုနှစ်က ဇာတ်ညွှန်းရေးဆရာ ရော့ဒ်စာလင်း က ‘ကျွန်တော့်ကို ယနေ့မှစ နောင်နှစ်ပေါင်းတစ်ရာတိုင် လူတွေ အမှတ်ရစေချင်တယ်’ ဟုပြောခဲ့သည်။ သူသည် The twilight Zone တီဗီဇာတ်လမ်းတွဲကို ဖန်တီးသူဖြစ်ပြီး၊ သူ့အား စာရေးဆရာ တစ်ဦးအဖြစ် လူတို့ပြောစမှတ်ပြုရန် သူလိုလားသည်။ ကိုယ့်ဘ၀အတွက် အဓိပ္ပာယ်ရှိပြီး တည်မြဲသောအရာ တစ်စုံတစ်ရာကို အမွေအနှစ်အဖြစ် ပေးလို သည့် စာလင်း၏ဆန္ဒမျိုး ကျွန်ုပ်တို့တွင်လည်းရှိကြောင်း သိနိုင် ပါသည်။
ယောဘ၏ဇာတ်လမ်းသည် တိုတောင်းသောဘဝ တွင် ဘဝ၏အဓိပ္ပာယ်နှင့်ရုန်းကန်နေရသူ တစ်ယောက် အကြောင်းကို ဖော်ပြသည်။ အချိန်တစ်ခဏအတွင်း သူ့ပိုင်ဆိုင်မှု စည်းစိမ်များသာမက သူတန်ဖိုးအထားရဆုံးသော သားသမီးများကိုပါ ဆုံးရှုံးခဲ့ရသည်။ သူ့မိတ်ဆွေများက သူထိုက်နှင့်သူ့ကံကြောင့် ဤသို့ခံစားရခြင်းဖြစ်သည်ဟု ယိုးစွပ် ပြောဆိုကြသည်။ “ငါ့စကားကို ယခုရေးမှတ်ပါစေသော။ စာရင်း၌ သွင်းထားပါစေသော။ ခဲပြားပေါ်မှာ ကညစ်နှင့်အက္ခရာတင်လျက် ကျောက်စာထိုးလျက်မြဲပါစေသော” (၁၉:၂၃-၂၄) ဟု…
လျှို့ဝှက်ပို့ဆောင်မှု
အိမ်ရှေ့တွင်ရောက်နေသည့် ကြည်လင်သော ဖန်ပန်းအိုးထဲမှခေါင်းလောင်းပုံ လီလီပန်း၊ ပန်းနုရောင် ချူးလစ်ပန်း၊ အဝါရောင် ဒယ်ဖိုဒေးပန်းများက ကင်မ်အား ကြိုဆိုနေပါသည်။ အမည်အဖော်လိုသူ ယုံကြည်သူတစ်ဦးက ရပ်ကွက်ပန်းဆိုင်မှ လှပသောပန်းစည်းများကို ကင့်မ်ထံသို့ (၇)လတိုင်အောင် ပို့ပေးခဲ့သည်။ လစဉ်ရောက်လာသော လက်ဆောင်တွင် ခွန်အားပေးစာများနှင့်အတူ ‘ချစ်တဲ့ယေရှု’ ဟု ရေးထိုးထား သော စာတိုလေးလည်း ပါရှိသည်။
ကင့်မ်က ထိုလျှို့ဝှက်လက်ဆောင်ပို့မှုအကြောင်းကို ဖေ့စ်ဘွတ်ပေါ်၌ ဝေမျှသည်။ ထိုပန်းစည်းများက တစ်စုံ တစ်ယောက်၏ကြင်နာပြမှုကို ခံစားရစေပြီး ဘုရားရှင်သည် သူ၏လူများမှတစ်ဆင့် သူ့မေတ္တာကို ဖော်ပြနေကြောင်း သူသိရှိနားလည်ခဲ့ရသည်။ ရောဂါနှင့်တိုက်ပွဲဝင်လျက် နောက်ဆုံးအချိန်ရောက်နေသည့် ကင့်မ်သည် ဘုရားရှင်အပေါ် ကိုးစားအပ်နှံလျက် အရောင်အသွေးစုံလင်သည့် ပန်းများနှင့် စာတိုများက ဘုရားရှင် သူမအပေါ်ထားရှိသော ကြင်နာမှုကို စိတ်ချစေပါသည်။
ပေးပို့သူ၏ အမည်မဖော်လိုခြင်းသဘောသည် ပေးကမ်းခြင်းအမှုကို မည်သည့် စိတ်ထားဖြင့် ပြုသင့်ကြောင်း သူ့လူမျိုးတော်အား သခင်ယေရှုတိုက်တွန်းပုံကို ထင်ဟပ်…
ထူးဆန်းသောကူညီသူများ
လူးဝစ် သည် ကြွက်သားများ မူမမှန်ပျက်စီးသည့်ရောဂါကို ခံစားနေရ၍ လမ်းလျှောက် အတက်အဆင်းပြုရသည်မှာ အဆင်မပြေ၊ တစ်နေ့တွင် ရထားဘူတာအပြင်သို့ထွက်ရန် ကြိုးစားနေချိန်၌ ဓာတ်လှေကားရော စက်လှေကားပါ မရှိဘဲ လှေကားထစ်များကိုသာ တွေ့လိုက်ရသည်။ မျက်ရည်ကျလုမတတ် ဖြစ်နေချိန်တွင် ရုတ်တရက် လူကြီးတစ်ယောက် ပေါ်လာပြီး သူမအိတ်ကို ကောက်ယူလိုက်ကာ သူလှေကား တက်နိုင်အောင် ညင်သာစွာဖြင့် ကူညီပေးခဲ့သည်။ ကျေးဇူးတင်
စကားပြောရန် သူလှည့်ကြည့်လိုက်သော် ထိုသူမရှိတော့ပေ။
မိုက်ကယ် သည် အစည်းအဝေးအတွက် နောက်ကျ နေသည်။ မိသားစုဆက်ဆံရေး အဆင်မပြေ၍ စိတ်ဓာတ် ကျရသည့်အထဲ ကားပိတ်နေသည်။ အရေးထဲ ကားဘီးပါ ထပ်ပေါက်ပြန်သည်။ မိုးရေထဲ၌ မျှော်လင့်ချက်မဲ့စွာ ရပ်နေစဥ် လူအုပ်ကြားမှ လူတစ်ယောက်ထွက်လာပြီး ကားနောက်ခန်းမှ ဂျိုက်ဖြင့် ကားကိုထောက်မကာ ကားဘီး အသစ်လဲပေးခဲ့သည်။ ကျေးဇူးတင်စကားပြောရန် လှည့်ကြည့် လိုက်သောအခါ ထိုသူမရှိတော့ပေ။
ထိုထူးဆန်းသောကူညီမစသူများကား အဘယ်သူနည်း။…
ထွန်းလင်းနေသောအလင်းရောင်
စတီဖဲန်သည် နံနက်တိုင်း ကျောင်းသို့ စောစောကြီးသွားရမည်ဟု မိဘများကို ခွင့်တောင်း သော်လည်း မည်သည့်အရေးကြီးကိစ္စရှိသည်ကို မရှင်းပြခဲ့ပါ။ သို့သော် မိဘများက နော့သ်ဗျူးအထက်တန်းကျောင်းသို့ မနက်တိုင်း ၇:၁၅ အရောက် ပို့ပေးခဲ့သည်။
သူအလယ်တန်းတက်သည့်နှစ် ဆောင်းရာသီတွင် ယာဥ်မတော်တဆမှုဖြင့် စတီဖဲန် သေဆုံးသွားသည်။ ထိုနောက်တွင်မှ သူ့မိခင်နှင့် ဖခင်သည် ကျောင်းသို့ သူစောစောသွားရသည့်အကြောင်းကို သိလိုက်ရသည်။ မနက်တိုင်း သူနှင့်အတူ သူ့သူငယ်ချင်းအချို့တို့သည် ကျောင်းဂိတ်ပေါက်ဝတွင် စုကာ အခြားကျောင်းသား များကို အပြုံးဖြင့်ဖြစ်စေ၊ လက်ဝှေ့ယမ်းပြခြင်းဖြင့်ဖြစ်စေ၊ ကြင်နာသောစကားများဖြင့်ဖြစ်စေ ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုအပြုအမူသည် ထင်ပေါ်မှုမရှိသောသူများ အပါအဝင် ကျောင်းသားအားလုံးအား သူတို့ကို ကြိုဆိုလက်ခံသည်ဟု ခံစားရစေသည်။
သခင်ယေရှု၌ ယုံကြည်သူတစ်ဦးဖြစ်သည့်အလျောက် စတီဖဲန် သည် သခင်၏ ဝမ်းမြောက်ခြင်းကို အလွန်လိုအပ်နေသူများထံသို့ ဝေငှလိုခဲ့သည်။ သူ့အသက်တာ စံနမူနာလေးက ကြင်နာသောဟန်အမူအရာနှင့် ကြိုဆိုပြူငှာသောစိတ်ထားသည် သခင်ယေရှု၏ချစ်ခြင်း အလင်းတော်ကို ထွန်းလင်းနိုင်သော…
နေရာတကျစီမံထားသော
ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သည် နေမှအပူကိုရရှိရန်အတွက် နေရာအကွာအဝေး အတိအကျတွင် ရှိနေကြောင်း သိပ္ပံပညာရှင်များက သိကြပါသည်။ နေနှင့်နည်းနည်းလေးများ နီးသွားခဲ့လျှင် ဗီးနပ်စ်ဂြိုဟ်ကဲ့သို့ ရှိသမျှရေများအားလုံး အငွေ့ပျံသွားမည်။ နည်းနည်းလေးများဝေးသွား ခဲ့လျှင်လည်း မားစ်ဂြိုဟ်ကဲ့သို့ အရာအားလုံး အေးခဲသွားပေလိမ့်မည်။ ကမ္ဘာကြီးသည် လုံလောက်သော ကမ္ဘာမြေဆွဲအားကို ဖြစ်ပေါ်စေရန်အတွက် မှန်ကန်သောအရွယ်အစား ရှိနေပါသည်။ အနည်းငယ်ပေါ့သွား ခဲ့လျှင် လပေါ်မှာကဲ့သို့ အလေးချိန်မရှိ လွင့်နေပေလိမ့်မည်။ ဆွဲအားပိုများခဲ့မည်ဆိုလျှင် ဂျူပီတာဂြိုဟ်ကဲ့သို့ အဆိပ်သင့် ဓါတ်ငွေ့များကြားတွင် လှောင်ပိတ်ခံရပြီး အသက်ရှူကြပ် သေဆုံးကြရမည်ဖြစ်သည်။
ရှုပ်ထွေးနက်နဲသော ရူပအရာ၊ ဓာတ်ငွေ့များ၊ ဇီ၀များဓာတ်ပြုခြင်း စသည့်အရာများက ကမ္ဘာကြီးသည် အလွန်အဆင့်မြင့်သော ဖန်တီးရှင်၏လက်ရာဖြစ်ကြောင်းကို ဖော်ပြနေသည်။ ဘုရားသခင်က ယောဘအား လူ့ဉာဏ်ဖြင့်လိုက်မမှီနိုင်သော အကြောင်းအရာများကို မိန့်ကြားစဥ်တွင် ဤမျှရှုပ်ထွေးစွာ ပုံဖော်တည်ဆောက်ထားသည့် အမှုအရာအကြောင်း တစ်စေ့တစ်စောင်းကို ကျွန်ုပ်တို့သိခွင့်ရပါသည်။ ဘုရားသခင်က “မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ မြေကြီးအတိုင်းအရှည်…
ဘုရားသခင်စောင့်ဆိုင်းနေခဲ့သည်
Denise Levertov သည် နာမည်ကြီးကဗျာဆရာမ မဖြစ်မီ သူ့အသက် ၁၂ နှစ်အရွယ် က သူလုပ်ချင်ရာကို ဖြစ်အောင်လုပ်တတ်သည့်ဇရှိသူပီပီ နာမည်ကြီး ကဗျာဆရာ T.S Eliot ထံသို့ သူရေးသည့်ကဗျာ အထုပ်လိုက်ကို ပို့ပေးခဲ့သည်။ ထို့နောက် ပြန်စာကို စောင့်နေခဲ့သည်။ အံ့သြစရာမှာ ဆရာ Eliot သည် သူ့လက်ရေးဖြင့် စာမျက်နှာ ၂မျက်နှာရှိသော အားပေးစာကို ပြန်ပို့ခဲ့သည်။ သူမ၏ “The Stream and the Saphire” ကဗျာစာအုပ်၏နိဒါန်းတွင် ကဗျာများက သူမကို ဘုရားရှိကြောင်း မယုံကြည်သော အခြေအနေမှ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းသို့ ပို့ဆောင် ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် ဘုရားသခင်ကို မာရိဝန်ခံအပ်နှံခဲ့ပုံအကြောင်း ရေးသားသည့် Annunciation ဟူသော ကဗျာမှာ တန်ခိုးအရှိန်နှင့်ပြည့်စုံ သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏လွှမ်းမိုးမှုမဟုတ်ဘဲ ဘုရားသခင်၏သားတော်…
သင့်အတွက်ကောင်းပေ၏
၂၀၁၆ခုနှစ်၌ ဤကမ္ဘာမှလူများသည် ခန့်မှန်းခြေ ၉၈.၂ ဘီလီယံရှိသော ငွေများကို ချော့ကလက်အတွက်သုံးခဲ့ကြောင်း တွေ့ရှိရပြီး ထိုကိန်းဂဏန်းပမာဏက အံ့အားသင့်ဖွယ် ဖြစ်သော်လည်း အံ့သြစရာ မဟုတ်ပါ။ ချော့ကလက်မှာ အရသာရှိပြီး စား၍ကောင်းသည်။ ထို့မျှမက ထိုအချိုကုထုံးသည် ကျန်းမာရေးအတွက် အကျိုးရှိကြောင်း တွေ့ရှိပြန်သောအခါ တလောကလုံးက ဝမ်းမြောက်စွာဖြင့် စားသုံးကြသည်။ ချော့ကလက်တွင် ပါဝင်သော အရသာရှိစေသောအရာသည် ခန္ဓာကိုယ် အိုမင်းခြင်းနှင့် နှလုံးရောဂါကို တားဆီးပေးသည်။ စားလျှင် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ဆေးပညာဆိုင်ရာ သတိပေးချက်မရှိပါ။ (သို့သော် ပမာဏအသင့်အတင့် ချင့်ချိန် စားသုံးအပ်သည်)။
ရှောလမုန်မင်းကြီးက ပညာတည်းဟူသော အချိုတွင် ရင်းနှီးမြှုပ်နှံထိုက်ကြောင်း အကြံပြုသည်။ သူ့သားကို ပျားရည်ကောင်းသောကြောင့် စားသုံးရန် အဆိုပြု လျက် ၎င်း၏အချိုကို ဉာဏ်ပညာနှင့် နှိုင်းယှဉ်ပြထားသည်။ (သု ၂၄:၁၃)။ နှုတ်ကပတ်တော်မှဉာဏ်ပညာတော်ကို ရှာဖွေသိုမှီးခြင်းသည် အသက်နှင့် စိတ်ဝိညာဉ်အတွက်ကောင်းသည်သာမက အသက်တာ…
ဆုတောင်းရန် နှိုးဆော်ခံရခြင်း
“လွန်ခဲ့တဲ့နှစ်အတော်ကြာကြာက ရှင့်အတွက်ဆုတောင်းပေးဖို့ မကြာခဏ နှိုးဆော်ခံခဲ့ရလို့ ဘာကြောင့်ပါလိမ့်လို့တွေးမိတယ်” ဟုမိတ်ဆွေဟောင်းတစ်ဦးက စာပို့လာသည်။
“ဂျိမ်းစ် အတွက်ဆုတောင်းပေးပါ။ သူ့စိတ်ထား၊ အတွေးနဲ့အပြောအဆိုအတွက်” ဟု ရေးထားပြီး ကျွန်ေတော့်နာမည်အနီးတွင် ခုနှစ်သက္ကရာဇ် သုံးခုကို ရေးထားပြီး သူ့ကျမ်းစာအုပ်ထဲ ညှပ်ထားသည့်စာရွက်ကို ဓာတ်ပုံရိုက်ပို့ပေးသည်။
ထိုခုနှစ်များကိုကြည့်ပြီး ကျွန်တော်အသက်ရှူပင် မှားသွားသည်။ “ဘယ်လလောက်ကစပြီး ဆုတောင်းဖြစ်ခဲ့ တာလဲ” ဟု သူ့ကိုပြန်မေးကြည့်ရာ သူမက “ဇူလိုင်လ လောက်က”ဟု စာပြန်သည်။
ထိုလသည် ကျွန်တော် နိုင်ငံရပ်ခြားတွင် ဆက်လက်ပညာသင်ယူရန်အတွက် ထွက်ခွာရန် ပြင်ဆင်နေသောလ ဖြစ်သည်။ မတူညီသော ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ယုံကြည်ခြင်းကိုစိန်ခေါ်မည့် ယခင်ကနှင့် မတူသည့် အခြေအနေများကို ကျွန်တော်ရင်ဆိုင် ရတော့မည်ဖြစ်သည်။ စာတိုလေးကိုကြည့်ရင်း စေတနာဖြင့် လှိုက်လှဲစွာဆုတောင်းပေး ခဲ့သော တန်ဖိုးကြီးလက်ဆောင်မွန်ကို ကျွန်တော်ရရှိခဲ့ကြောင်း သိလိုက်ရသည်။
ကျွန်တော့်သူငယ်ချင်း၏ ကြင်နာမှုအားဖြင့် ရှင်ပေါလုမှ သူနှင့်ဧဝံဂေလိ လုပ်ဖော်ဆောင်ဖက်ဖြစ်သည့်…
လှပသောအသီး
City Blossoms အဖွဲ့ကို တည်ထောင်ခဲ့သူ Rebecca Lemos-Otero က “ကလေးတွေ ဉယျာဉ်ထဲမှာ အစေ့တွေကို ပစ်ချင်တဲ့နေရာမှာ ပစ်လိုက်၊ ပြီးရင် ဘာဖြစ်လာသလဲ ကြည့်ပါ” ဟု အကြံပြုသည်။ ၎င်းသည် ဂရုတစိုက်နှင့် အပင်ပျိုးစိုက်နည်းပုံစံ မဟုတ်သော်လည်း ထိုအစေ့တစ်စေ့ချင်းစီ၌ အပင်ပေါက်ရှင်သန်နိုင်သော အလားအလာရှိကြောင်းကို ထင်ဟပ်ပြသည်။ City Blossoms အဖွဲ့သည် ၂၀၀၄ ခုနှစ်ကတည်း ကပင် ဝင်ငွေနှိမ့်သောဝန်းကျင်ရှိ ကျောင်းများနှင့် အနီးအနား ပတ်ဝန်းကျင်အတွက် ဉယျာဉ်ပန်းခြံများ ဖန်တီးပေးခဲ့သည်။ ကလေးများသည် အပင်များကို ပြုစုပျိုးထောင်လျက် အာဟာရအကြောင်းနှင့် အလုပ်လုပ်တတ်ကိုင်တတ်အောင် သင်ယူလေ့လာခဲ့ကြသည်။ “မြို့ပြနေရာမှာ စိမ်းလန်းစိုပြေတဲ့ နေရာလေးရှိခြင်းက ကလေးတွေအတွက် အိမ်အပြင်မှာ ဖြစ်ထွန်းပြီး လှပတဲ့တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ နည်းလမ်းဖန်တီးထားပေးခြင်း ဖြစ်တယ်” ဟု Rebecca က ဆိုသည်။
သခင်ယေရှုသည် အဆတစ်ရာပွားများနိုင်သည့် အလားအလာရှိသော…
ကြိုတင်ဖန်တီးထားသော ချို့ယွင်းချက်
ယေရုရှလင်မြို့အရှေ့ဘက်တွင် သဘာဝစမ်းရေတွင်းလေးတစ်ခုရှိသည်။ ရှေးကာလက ၎င်းသည် ထိုမြို့၏တစ်ခုတည်းသော ရေအထောက်အပံ့ဖြစ်ပြီး တံတိုင်းအပြင်ဘက်တွင် တည်ရှိသဖြင့် ယေရုရှလင်မြို့၏ အကြီးမားဆုံးအားနည်းချက်နေရာ ဖြစ်ခဲ့သည်။ ထိုစမ်းချောင်းလေးကို ရေလမ်းကြောင်းလွှဲခြင်း သို့မဟုတ် ရေကာတာ ဖို့လိုက်ခြင်းဖြင့် ရန်သူများက အလွယ်တကူထိုးဖောက်နိုင်ပြီး လက်နက်ချ အညံ့ခံရန် ဖိအားပေးနိုင်သည်။
ဟေဇကိမင်းသည် စမ်းရေတွင်းမှ ပေ ၁၇၅၀ တစ်လျှောက် မြောင်းတူးလိုက်ပြီး မြို့ထဲရှိ ကန်အနိမ့်လေးထဲသို့ စီးဆင်းစေခြင်းဖြင့် ထိုအားနည်းချက်ကို ဖြေရှင်းလိုက်သည် (၄ ရာ ၂၀:၂၀၊ ၅ ရာ ၃၂:၂-၄)။ သို့သော် ဟေဇကိမင်းသည် ထိုအမှုကို စီရင်တော်မူသောသူကို မကြည့်မမှတ်ခဲ့၊ ရှေးက ဖန်ဆင်းတော်မူသောသူကို ပမာဏမပြုခဲ့ပါ (ဟေရှာ ၂၂:၁၁)။ မည်သည့်အမှုကို စီရင်ခဲ့ခြင်းဖြစ်ပါသနည်း။
ယေရုရှလင်မြို့သို့ ရေအထောက်အပံ့ပေးသော စမ်းရေတွင်းကို အကာအကွယ်မဲ့စေသောနေရာအဖြစ် ဘုရားသခင်ကိုယ်တိုင် စီရင်ခဲ့ခြင်း ဖြစ်သည်။ မြို့တွင်းနေထိုင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှု၌သာ…