ဘေးကင်းရာသို့ ဆွဲခေါ်ခဲ့သည်
ကလေးမလေးသည် ရေတိမ်သောချောင်းငယ်အတွင်း ဆော့ကစားနေချိန် အဖေဖြစ်သူက စောင့်ကြည့်နေခဲ့သည်။ သူမ၏ရာဘာဘွတ်ဖိနပ်သည် သူ့ဒူးခေါင်းထိရှည်သည်။ သူမ၏ဘွတ်ဖိနပ် မြှုပ်သည့်အနက်အထိ သူရေထဲဆင်းသွားပြီး နောက်ခြေတစ်လှမ်း လှမ်း၍မရတော့သည့်အခါတွင် “ဖေဖေ၊ သမီး နစ်နေပြီ”ဟု အော်ခေါ်ခဲ့သည်။ သုံးလှမ်းမျှနှင့် အဖေဖြစ်သူက သူမ ဘေးနားရောက်ရှိခဲ့ပြီး မြက်ထူသည့် ကမ်းဘောင်စပ်သို့ ဆွဲတင်ပေးခဲ့သည်။ သူမလေးသည် ဘွတ်ဖိနပ်ကို ဆွဲချွတ်လိုက်ပြီး ရေများထွက်ကျလာသည့်အခါ သဘောကျစွာ ရယ်ခဲ့သည်။
ဆာလံဆရာဒါဝိဒ်သည် ရန်သူများလက်မှ ဘုရားသခင် သူ့ကို ကယ်တင်ခဲ့ပြီးနောက် သူသည် ခဏထိုင်ချလိုက်ပြီး “ဖိနပ်များကို ချွတ်လိုက်ကာ” စိတ်အေးသွားရမှုကို အတွင်းစိတ်ထဲထိ လွှမ်းမိုးခံစားလိုက်သည်။ သူ၏ခံစားချက်များကို ဖော်ပြရန် ဒါဝိဒ်သည် သီချင်းတစ်ပုဒ်စပ်ဆိုခဲ့သည်။ “ချီးမွမ်းအပ်သော ထာ၀ရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှကယ်တင်ခြင်းသို့ရောက်၏” (၂ ရာ ၂၂:၄)။ ဘုရားသခင်ကို သူ၏ကျောက်၊ မြို့ရိုး၊ အကွယ်အကာ၊ ရဲတိုက်အဖြစ် သူချီးမွမ်းခဲ့သည်(:၂-၃)။ ထို့နောက် ဘုရားရှင်၏တုံ့ပြန်မှုကို…
ဖုန်တက်နေသည်ဟု ခံစားရခြင်း
ကျွန်ုပ်တို့၏အပတ်စဉ် အမှုဆောင်အဖွဲ့၏အစည်းအဝေးတွင် Warren (ဝေါရန်)က “ကျွန်တော်ဖုန်တက်နေပြီလို့ ခံစားနေရတယ်” ဟုပြောလိုက်ချိန်တွင် ၎င်းသည် အသက်ရလာခြင်း၊ ကျန်းမာရေးချို့တဲ့လာခြင်းတို့နှင့် သက်ဆိုင်သည့် ရုပ်ပိုင်းဆိုင်ရာပြဿနာများကို သူဆိုလိုချင်ကြောင်း ကျွန်တော်သဘောပေါက်လိုက်သည်။ အသက် (၆၀) နှောင်းပိုင်းထဲ ရောက်နေပြီဖြစ်သော ဝေါရန်နှင့်ဇနီးသည်တို့အတွက် ၂၀၂၀ ခုနှစ်သည် ဆရာ၀န်လာကြည့်ရခြင်း၊ လိုအပ်သည့်ခွဲစိတ်မှုများပြုလုပ်ရခြင်း၊ အိမ်တိုင်ရာရောက် စောင့်ရှောက်မှုအတွက် ပြန်လည်စီစဥ်ရခြင်းတို့ ပါဝင်သည့်နှစ်ဖြစ်သည်။ ဘဝ၏အကောင်းဆုံးအချိန်ကို လွန်ပြီး ဘဝနေဝင်ချိန်သို့ ရောက်ရှိနေပြီဟု သူတို့ခံစားမိကြသည်။
ခန္ဓာပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာ ချို့တဲ့မှု၊ မပြည့်စုံမှုနှင့် အားနည်းမှုများကို အသက်ရှည်ရှည်နေရမှ ကျွန်ုပ်တို့ ခံစားသိရသည် မဟုတ်ပါ။ သားတော် သခင်ယေရှုအားဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ကျွန်ုပ်တို့၏ ပျက်စီးသောကမ္ဘာမြေသို့ လာရောက်ကာ လူဖြစ်ရသည့်ဒုက္ခကို ခံစားနေရသူများအား ဂရုစိုက်ခဲ့သည် (ဆာ ၁၀၃:၁၃)။ ထပ်မံပြီး ဒါဝိဒ်က “အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။…
ဘာတွေလိုအပ်လဲ
ကျွန်မ၏သူငယ်ချင်းက သူမအား မည်သည့်နိုင်ငံရေးပါတီဝင် ဖြစ်သနည်းဟု ယုံကြည်သူ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဘွင်းဘွင်းရှင်းရှင်းမေးခဲ့ပုံကို ပြန်ပြောပြသည်။ ဤသို့မေးသည့် သူ၏ရည်ရွယ်ချက်မှာ လူမှုအသိုင်းအဝန်း၌ ကွဲပြားမှုဖြစ်စေသည့် လက်တလော အမှုအရေးများနှင့်စပ်လျဥ်း၍ သူတို့နှစ်ဦးအနေဖြင့် သဘောထားတိုက်ဆိုင်မှု ရှိမရှိကို ခန့်မှန်းရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့နှစ်ဦးကြား တူညီသည့်အခြေခံကို ရှာတွေ့ရန် သူမက “ကျွန်မတို့နှစ်ယောက် လုံးက ယုံကြည်သူတွေဖြစ်တဲ့အတွက် ခရစ်တော်၌ ညီညွှတ်မှုကိုပဲ ကျွန်မအာရုံစိုက်မယ်” ဟု ရိုးရှင်းစွာ ဖြေကြားခဲ့သည်။
ရှင်ပေါလုလက်ထက်တွင်လည်း ယုံကြည်သူများသည် အမျိုးမျိုးသောကိစ္စ များကြောင့် ကွဲပြားခဲ့ကြသည်။ မည်သည့် အစားအသောက်များ စားခွင့်ရှိသည်၊ မည်သည့်နေ့များကို သန့်ရှင်းသောနေ့အဖြစ် သတ်မှတ်မည် စသည့်ခေါင်းစဉ်များကြောင့် ရောမမြို့ရှိခရစ်ယာန်များ သဘောထားကွဲလွဲခဲ့ကြသည်။ ‘မိမိစိတ်နှင့် မိမိကိုယ် မည်သည့် ခံယူချက်ကို စွဲကိုင်သည်’ ဖြစ်စေ၊ သခင်ယေရှုအတွက် အသက်ရှင်ခြင်းသည် သူတို့၏တူညီသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သူတို့အား ရှင်ပေါလု သတိပေးခဲ့သည် (ရော…
ကမ္ဘာမြေနေ့တွင် ကျေးဇူးတင်စရာ
ကမ္ဘာမြေနေ့သည် ဧပြီလ (၂၂) ရက်နေ့တိုင်း ပုံမှန်ကျင်းပလေ့ရှိသည့် လှုပ်ရှားမှု တစ်ခုဖြစ်သည်။ မကြာမီနှစ်များက နိုင်ငံပေါင်း (၂၀၀) ခန့်မှ လူဘီလီယံကျော်သည် ပညာရေးနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်။ ကျွန်မတို့၏အံ့ဖွယ်ကမ္ဘာကို ဂရုစိုက်ရန် အရေးကြီးကြောင်း ကမ္ဘာမြေနေ့က နှစ်စဥ် သတိပေးနေသည်။ သို့သော် ဤသို့နှစ်စဉ်လှုပ်ရှားမှုထက် များစွာရှေးကျသည့် ပတ်ဝန်းကျင်ကိုဂရုစိုက်ပိုင်ခွင့်သည် ကနဦး ဖန်ဆင်းခြင်း အစကပင် ရှိခဲ့ပါသည်။
ကမ္ဘာဦးကျမ်းတွင် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကိုဖန်ဆင်းပြီး လူသားများနေထိုင်ရန် ကမ္ဘာမြေကို ပြုလုပ်ပေးခဲ့ကြောင်း ကျွန်မတို့သိပြီးသား ဖြစ်သည်။ ဘုရားသခင်သည် တောင်ထိပ်များနှင့် စိမ်းလန်းသောလွင်ပြင်များကို ဖန်ဆင်းခဲ့ရုံသာမက နေထိုင်သူများအတွက် စားစရာ၊ နေစရာနှင့် အလှတရားတို့ကိုပေးသည့် ဧဒင်ဥယျာဉ်ကိုလည်း ဖန်ဆင်းခဲ့သည် (က ၂:၈-၉)။
သူ၏အရေးပါဆုံးသော ဖန်ဆင်းခံလူသားများထဲသို့ ဇီဝအသက်မှုတ်သွင်း ပြီးနောက် ဥယျာဉ်ထဲ၌ သူတို့ကိုနေရာချကာ (:၈၊ ၂၂) ဥယျာဥ်ကိုစောင့်ရှောက် ပြုစုရန် တာဝန်ပေးခဲ့သည်…
တကယ် အသက်ရှင်သည်
အီစတာပွဲတော်နေ့အပြီး ရက်သတ္တတစ်ပတ်အကြာဖြစ်၍ ကျွန်တော့်၏ငါးနှစ်အရွယ် သားလေး Wyatt (ဝါယဒ်)သည် ထမြောက်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို ကြားခဲ့ပြီးဖြစ်သည်။ သူ၌ မေးခွန်းအမြဲရှိပြီး ပုံမှန် အားဖြင့် အကျပ်ရိုက်စေမည့် မေးခွန်းမျိုးဖြစ်သည်။ ကျွန်တော်ကားမောင်းစဉ် ကျွန်တော့်နောက်ရှိ ကလေးထိုင်ခုံ၌ ထိုင်ကာလိုက်ပါလာသည့် ဝါယဒ် သည် ပြတင်းပေါက်အပြင်သို့ ကြည့်ပြီး အတွေးနက်နေသည်။ “ဖေဖေ”ဟု ခေါ်လိုက်ပြီး ကျွန်တော့်ကို ခက်ခဲသည့်မေးခွန်းမေးရန် ခေတ္တရပ်လိုက်သည်။ ပြီးမှ “သခင်ယေရှုက သားတို့ကို အသက်ပြန်ရှင်စေတဲ့အခါ တကယ်ပဲရှင်မှာလား။ ဒါမှမဟုတ် သားတို့ခေါင်းထဲမှာပဲ ရှင်နေမှာလား” ဟုမေးသည်။
ဤမေးခွန်းက ဖွင့်မေးရန် ကျွန်တော်တို့၌ သတ္တိရှိရှိ မရှိရှိ၊ ကျွန်တော်တို့ အများစုတွင် ရှိနေသည့် မေးခွန်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို အမှန်တကယ် အနာငြိမ်းစေမည်လား။ သေခြင်းမှ အမှန်တကယ် ထမြောက်စေမည်လား။ သူ၏ကတိအားလုံးကို အမှန်ပင်တည်စေမည်လား။
တမန်တော်ရှင်ယောဟန်သည် ကျွန်တော်တို့၏သေချာသည့်အနာဂတ်နှင့် စပ်လျဥ်း၍ “ကောင်းကင်သစ်နှင့်…
ချစ်မေတ္တာအတွက် ပေးဆပ်ရလည်း တန်ပါ၏
ဆယ်နှစ်ကြာမျှရင်းနှီးခင်မင်မှုကို အကြောင်းပြချက်မပေးဘဲ မိတ်ဆွေတစ်ဦးက အဆုံးသတ်လိုက်ပြီးနောက်ပိုင်း ကျွန်မအကျင့်ဟောင်းအတိုင်း လူများနှင့်ခပ်ခွာခွာ ပြန်နေဖြစ်သည်။ ဝမ်းနည်းကြေကွဲနေစဉ် စာအုပ်စင်မှ စုတ်ပြဲနေသည့် C. S. Lewis (စီအက်စ်လူးဝစ်)၏ ‘The Four Loves’ (အချစ်လေးမျိုး) စာအုပ်ကို ဆွဲယူလိုက်သည်။ လူးဝစ်က ချစ်မေတ္တာသည် ထိခိုက်ခံစားရန် လိုအပ်ကြောင်း သက်ရောက်မှုအားကြီးသော လေ့လာတွေ့ရှိချက်ကို ဖော်ပြထားသည်။ လူတစ်ဦးသည် စွန့်စား၍ မေတ္တာရင်းပြီး ချစ်ခြင်းအတွက် “စိတ်ချရသည့်ရင်းနှီးမြှုပ်နှံမှုမျိုးမရှိ၍ ရှုံးနိုင်သည်”ဟု သူဆိုသည်။ “မည်သည့်အရာကိုပင်ချစ်ချစ် စိတ်သောကရောက်ရပြီး အသည်းပင် ကွဲကောင်းကွဲနိုင်သည်” ဟုအကြံပြုသည်။ ထိုစာသားများက ပေတရုက သခင်ယေရှုအား သုံးကြိမ်တိုင်အောင် သစ္စာဖောက်အပြီး (ယော ၁၈:၁၅-၂၇)၊ သခင် ရှင်ပြန်ထမြောက်ပြီးနောက်တွင် တတိယအကြိမ် တပည့်တော်များနှင့် တွေ့ဆုံခြင်းအကြောင်းကို (၂၁:၁-၁၄) ကျွန်မဖတ်ရှုသည့်ပုံစံအား ပြောင်းလဲပေးခဲ့သည်။
သခင်ယေရှုက “ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ်သည်ထက် သင်သည် သာ၍ချစ်သလော”…
လာကြ၊ ကိုးကွယ်ကြစို့
မျိုးဆက်ပေါင်းစုံ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်၌ ချီးမွမ်းသီချင်းများ အတူတကွသီကျူးစဉ် လူများစွာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ခံစားကြရသည်။ သို့သော် ခြေကုန်လက်ပန်းကျနေသော မိခင်တစ်ဦးတော့ မပါပါ။ ငိုလုဆဲဆဲ ကလေးငယ်ကို ပွေ့ချီကာချော့နေရင်း ငါးနှစ်ကလေးလေးကို သီချင်းစာအုပ်ဖွင့်ပြကာ လမ်းလျှောက်တက်စအရွယ်ကလေးကို ထွက်မပြေးသွားအောင် ဟန့်တားနေသည်။ ထို့နောက် သူ့အနောက်၌ထိုင်နေသည့် အသက်ကြီးကြီးအမျိုးသားတစ်ဦးက လမ်းလျှောက်တက်စအရွယ်ကလေးကို ဘုရားကျောင်းပတ်ပြီး လမ်းလျှောက်ပေးဖို့ ကမ်းလှမ်းပြီး၊ မိန်းမငယ်လေးတစ်ဦးကမူ ကလေးအကြီးဆုံးအတွက် သီချင်းစာအုပ် ကိုင်ပေးသည်။ ၂ မိနစ်အတွင်း ထိုမိခင်၏ခံစားချက် ပြောင်းသွားပြီး အသက်ရှူထုတ်လိုက်ကာ မျက်ဝန်းအစုံကိုပိတ်၍ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုက်သည်။
အမျိုးသား၊ အမျိုးသမီး၊ အသက်ကြီးကြီးငယ်ငယ်၊ ယခင်ကတည်းက ဘုရားကိုယုံကြည်သူနှင့် ယုံကြည်သူအသစ်စသည်ဖြင့် သူ့လူများအားလုံး သူ့ကို ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်က အစဥ်အလိုရှိသည်။ ကတိထားရာပြည်သို့ မဝင်စားမီ ဣသရေလအနွယ် (၁၂) နွယ်တို့ကို မောရှေကောင်းချီးပေးရာ၌ “ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသောတစ်ပါးအမျိုးသားများတို့”အားလုံး…
လုပ်ငန်းခွင်မှသက်သေ
“မင်းသဘောကျတဲ့ဌာနကို လူလျော့လိုက်တဲ့အတွက် မင်းစိတ်ဆိုးနေတုန်းပဲလား” ဟု အီဗလင်း၏ မန်နေဂျာက သူမကို မေးရာ၊ အံကြိတ်ပြီး “စိတ်မဆိုးပါဘူး”ဟု သူပြန်ဖြေလိုက်သည်။ မန်နေဂျာက သူမကို စနောက်နေသည့်ပုံပေါက်နေ၍ သူပိုပြီးမချင့်မရဲဖြစ်ရသည်။ စိတ်ဝင်စားမှုမတူသည့်အုပ်စုများကို ဆွဲဆောင်ရန် နည်းလမ်း များရှာဖွေခြင်းဖြင့် ကုမ္ပဏီကို သူကူညီပံ့ပိုးနေသော်လည်း အကန့်အသတ်များကြောင့် ဤအရာကမဖြစ်နိုင်သလောက် ဖြစ်နေသည်။ အီဗလင်းသည် မျက်ရည် မကျအောင်ထိန်းရင်း မန်နေဂျာခိုင်းသည့်အရာကိုသာ လုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမျှော်လင့်ထားသကဲ့သို့ အပြောင်းအလဲများ ဖြစ်မလာနိုင်သော်လည်း သူ့တာဝန်များကို သူ့စွမ်းရည်ရှိသမျှ ဆက်လုပ်နိုင်သေးပါသည်။
တမန်တော်ရှင်ပေတရုက သူ၏ပထမစာစောင်၌ ပထမရာစုမှ သခင်ယေရှုကို ယုံကြည်သူများအား “လူတို့တွင် စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” (၁ ပေ ၂:၁၄)ဟု တိုက်တွန်းခဲ့သည်။ ခက်ခဲသည့်လုပ်ငန်းအခြေအနေ၌ သမာဓိသိက္ခာ ထိန်းသိမ်းရန် မလွယ်လှပါ။ သို့သော် ရှင်ပေတရုက “သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ ... သင်တို့၏ကောင်းသောအကျင့်ကို…
ဤအရာက အရာအားလုံးကို ပြောင်းလဲလိုက်သည်
ယေးလ် တက္ကသိုလ်၏သက်တမ်းရှည်ပါမောက္ခဖြစ်သည့် Jaroslav Pelikan (ရာရိုစလပ်ပလင်ကန်)အား “သူ့ခေတ်အခါက ခရစ်ယာန်သမိုင်း၌ သြဇာညောင်းသူ” အဖြစ်မှတ်ယူကြပြီး ကြာမြင့်သည့် သူ၏ပညာရေးလုပ်သက်ကြောင့် ကျော်ကြားသည်။ စာအုပ်ပေါင်း (၃၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး သူ၏မြောက်မြားစွာသောစာပေရေးသားမှုကြောင့် အထင်ကရဖြစ်သည့် ‘Kluge’ (ခလူးဂါ) တစ်သက်တာ စာပေဆုကို ဆွတ်ခူးခဲ့သည်။ သူ့တပည့်တစ်ဦးက သူ့ဆရာသေအံ့ဆဲဆဲအချိန် ပြော ခဲ့သည့်၊ အရေးအကြီးဆုံးဟု သူမှတ်ယူထားသည့်စကားကို ပြန်ပြောပြခဲ့သည်။ “ခရစ်တော်ရှင်ပြန်ထမြောက်ပါက အခြားဘယ်အရာကမှ အရေးမပါတော့ပါ။ အကယ်၍ ခရစ်တော် မထမြောက်ပါက အခြားဘာတစ်ခုမျှ အရေးမပါတော့ပါ”။
“ခရစ်တော်သည် ထမြောက်တော်မမူလျှင် ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ” ဟူသော ရှင်ပေါလု၏ခိုင်မာသော ယုံကြည်ချက်ကို ပလင်ကန်က ပဲ့တင်ထပ်ပြောခြင်းဖြစ်သည် (၁ ကော ၁၅:၁၄)။ ရှင်ပြန်ထမြောက်ခြင်းသည် အံ့ဖွယ်နိမိတ်မျှသာမဟုတ်ဘဲ လူ့သမိုင်း၌ ဘုရားသခင် ၏ကယ်တင်ခြင်းအမှု အထွတ်အထိပ်ဖြစ်ကြောင်း သူသိရှိ၍ တမန်တော်ကြီးက…
မဖြစ်သင့်ဘူး
ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးသွားသည့် သူငယ်ချင်း၏စျာပန၌ လူတစ်ဦးက “သူဒီလို မဖြစ်သင့်လို့ ကျွန်တော်မဖြစ်စေချင်ဘူး” ဟုမြည်တမ်း၍ အမွှန်းတင်စကားပြောခဲ့သည်။ သူ့စကားက အသက်အရွယ်မရွေး လူသားများ၏ဝမ်းနည်းငိုကြွေးမှုကို ပို၍ ပြင်းထန်စေသည်။ ကျွန်ုပ်တို့အားလုံးကို သေခြင်းတရားက ထိုးနှက်ပြီး အမာရွတ်ထင်ကျန်စေသည်။ ပြန်ပြင်၍မရနိုင်တော့သည့် အရာအတွက် နာကျင်ရသည်။
“ဒီလိုမဖြစ်သင့်ဘူး” ဟူသော စိတ်သဘောထားက သခင်ယေရှုအသေခံပြီးနောက် သူ့နောက်တော်လိုက်များ၏ခံစားချက်ကို ကောင်းစွာဖော်ပြပေးနိုင်သည်။ ခရစ်ဝင်ကျမ်းများတွင် ထိုဆိုးရွားသောနာရီပိုင်းအချိန်အကြောင်းကို အနည်းအကျဉ်းသာ ဖော်ပြသော်လည်း သစ္စာရှိသောမိတ်ဆွေအချို့၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည်။ သခင်ယေရှုအား လူမသိသူမသိ ယုံကြည်သူ ဘာသာရေးခေါင်းဆောင် ယောသပ်သည် (ယော ၁၉:၃၈) ရုတ်တရက် သတ္တိရှိကာ ရှင်ယေရှု၏ ရုပ်အလောင်းကို ပိလတ်မင်းထံမှ တောင်းလျှောက်ခဲ့သည် (လု ၂၃:၅၂)။ ထိတ်လန့်ဖွယ်ရာ ကားစင်တင်သတ်ခံရသည့် ရုပ်အလောင်းကို ကားတိုင်မှ ဖယ်ရှားရန်နှင့် မြှုပ်နှံရန်အတွက် ကြင်နာစွာ ပြင်ဆင်ခြင်းတို့အတွက် လိုအပ်မည့်အရာကို ခေတ္တမျှအချိန်ယူကာ စဉ်းစားကြည့်ပါ (:၅၃)။…