အမျိုးအစား  |  odb

အမှောင်ထုနှင့် ရင်ဆိုင်ရခြင်း

၁၉၆၀ ပြည့်နှစ်အလွန်၌ လူသားတို့၏စိတ်ပိုင်းဆိုင်ရာအပေါ် အမှောင်ထု၏ သက်ရောက်မှုကို သုတေသနပြုရာ၌ လူနှစ်ဦးပါဝင်ခဲ့သည်။ သူတို့သည် ဂူတစ်ဂူစီသို့ဝင်သွားပြီး သုတေသနပြုသူများက သူတို့၏နေထိုင်စားသောက်ခြင်း၊ အိပ်ခြင်း အလေ့အကျင့်များကို လိုက်စစ်သည်။ လူတစ်ဦးမှာ အမှောင်ထုထဲတွင် ၈၈ ရက်ကြာ နေထိုင်ခဲ့ပြီး၊ အခြားတစ်ဦးမှာမူ ၁၂၆ ရက်နေခဲ့သည်။ အမှောင်ထု ထဲ သူတို့ဘယ်လောက်ကြာကြာ နေနိုင်မည်နည်းဟု သူတို့မှန်းဆခဲ့ကြပြီး၊ လနှင့်ချီ ကြာပြီးမှ ပြန်ထွက်လာခဲ့သည်။ တစ်ဦးက သူ၏တစ်ရေးတစ်မော အိပ်ချိန်ကို ခဏမျှသာဟု သူထင်ခဲ့သော်လည်း စုစုပေါင်း နာရီ ၃၀ အိပ်စက် ခဲ့ကြောင်း တွေ့ရှိရသည်။ အမှောင်ထုသည် မျက်စိလည် စိတ်ရှုပ်ထွေးစေသည်။

ဘုရားရှင်၏လူများသည်လည်း ပြည်နှင်ဒဏ်ခံရဆဲ အမှောင်ထဲ ရောက်နေ ကြောင်း သူတို့ကိုယ်သူတို့ တွေ့ရှိခဲ့သည်။ မသေချာမရေရာမှုနှင့် ဘာဖြစ်လာမည်ကို စောင့်ဆိုင်းနေရသည်။ ပရောဖက်ဟေရှာယက သူတို့၏မျက်စိလည်လမ်းပျောက်နေမှုနှင့် ဘုရားရှင်၏စီရင်ခြင်းအကြောင်းကို ပြောကြားသည့်နည်းလမ်းအဖြစ် အမှောင်ထုနှင့်တင်စားပြီး အသုံးပြုခဲ့သည်…

ချစ်မေတ္တာဖြင့် ဆွဲဆောင်သည်

အင်္ဂလိပ်ကဗျာဆရာ ဖရန်စစ် သော်မ်ဆန် (Francis Thompson)၏ နာမည်ကျော် "The Hound of Heaven" (ကောင်းကင်ဘံုက တကောက်ကောက်လိုက်ခြင်း) ကဗျာ၌ "နေ့နေ့ညည သူ့ကို ငါရှောင်ပြေးတယ်" ဟု အစချီထားသည်။ ဘုရားသခင် ထံမှ သူပုန်းရှောင်ရန် (သို့) ထွက်ပြေးလွတ်မြောက်ရန် မည်သို့ပင် ကြိုးစားစေကာမူ ရှင်ယေရှု၏ မရပ်မနား တကောက်ကောက်လိုက်နေခြင်းကို သော်မ်ဆန် ဖော်ပြထား သည်။ ကဗျာဆရာသည် ဘုရားသခင်က သူ့အား "ငါသည် သင်လိုက်ရှာနေသူပင်" ဟူ၍ ပြောနေသည်ဟု စိတ်ကူးယဥ် ဖွဲ့ဆိုထားသည်။

တောက်လျှောက်လိုက်နေသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ယောန ဝတ္တု၏အဓိကအာဘော်ဆိုလိုရင်းဖြစ်၏။ (ဣသရေလလူတို့၏ရန်သူဟု နာမည် ကြီးသော) နိနဝေမြို့သားများအား သူတို့ဘုရားရှင်ထံသို့လှည့်ပြန်ရန် လိုနေ ကြောင်း သတင်းကြားပြောရန် ပရောဖက်ကြီးစေခိုင်းခံရသည်။ သို့သော် "ယောန သည် ထာဝရဘုရားထံတော်မှ ... ပြေးမည့်အကြံရှိသည်..." (ယောန…

အပြစ်မကင်းခြင်းနှင့် ခွင့်လွှတ်ခြင်း

Human Universals (ကမ္ဘာအနှံ့ လူသားများ) ဆိုသည့်စာအုပ်၌ မနုဿဗေဒ ပညာရှင် ဒေါနယ် ဘရောင်း (Donald Brown)က လူသားတို့ဖြစ်နေကျရှိသည့် အပြုအမူ ၄၀၀ ကျော်ကို စာရင်းပြုစုထားသည်။ ကစားစရာအရုပ်၊ ဟာသ၊ အက၊ ဆိုရိုးစကားပုံ၊ မြွေနှင့်ပတ်သက်သော သတိချပ်စရာများနှင့် အရာဝတ္တု များကိုကြိုးဖြင့် အစမ်းထွင်ပြုလုပ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ ထိုနည်းတူ အမှား/အမှန်နှင့်ပတ်သက်သော အယူအဆများ ယဉ်ကျေးမှုတိုင်းတွင် ရှိကြောင်း၊ ပေးကမ်းရက်ရောမှုကို ချီးမွမ်းသည်၊ ကတိကဝတ်ကို တန်ဖိုးထားသည်၊ ယုတ်မာမှု နှင့် လူသတ်မှုကဲ့သို့သောအရာများကို မှားယွင်းကြောင်း နားလည်ထားကြသည် ဟု သူယုံကြည်သည်။ ကျွန်ုပ်တို့၏နောက်ကြောင်းရာဇဝင် မည်သို့ပင်ရှိရှိကျွန်ုပ်တို့အားလုံး၌ ကောင်းကျိုးဆိုးကျိုးခွဲခြားတတ်သည့် သြတပ္ပစိတ်ရှိကြသည်။

လွန်ခဲ့သောရာစုနှစ်များစွာက ၎င်းအချက်မျိုးကို တမန်တော်ရှင်ပေါလု ထောက် ပြခဲ့သည်။ အမှန်နှင့်အမှား ရှင်းလင်းစွာသိအောင် ဘုရားရှင်က ဂျူးလူမျိုးများကို ပညတ်တော် ၁၀ ပါး ပေးထားလင့်ကစား…

တောက်ပသောကြယ်

မျက်စိကိုမှိတ်ပြီး ကျွန်မကြီးပြင်းခဲ့သည့်အိမ်ကို စိတ်ကူးမြင်ယောင်ကြည့်လိုက်သည်။ ကျွန်မအဖေနှင့်အတူ ကြယ်များကြည့်ခဲ့သည်ကို သတိရမိသည်။ အဖေ့အဝေးကြည့်မှန်ပြောင်းဖြင့် တလက်လက် လင်းလက်တောက်ပနေသော အစက်များကို အာရုံစိုက်ပြီး မျက်စိမှေး၍ကြည့်ကြသည်။ အပူနှင့်မီးမှ ထွက်ပေါ် လာသည့် ဤအစက်အပြောက်အလင်းရောင်လေးများသည် ညအမှောင် ကောင်းကင်တွင် ထင်ရှားစွာတောက်ပနေကြသည်။

သင့်ကိုယ်သင် တောက်ပထူးချွန်သောကြယ် ဟုယူဆပါသလား။ ကျော်ကြား ထင်ပေါ်မှုကို ကျွန်မပြောနေခြင်း မဟုတ်ပါ။ ပျက်စီးယိုယွင်းမှုနှင့် မကောင်းမှု၏ မှောင်မိုက်နောက်ခံကို ဆန့်ကျင်ရပ်တည်အသက်ရှင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ရှင်ပေါလုက ဖိလိပ္ပိအသင်းတော်ရှိယုံကြည်သူများအား "အသက်ရှင်ခြင်းနှင့် ဆိုင်သော (ဘုရားသခင်၏)နှုတ်ကပတ် တရားတော်"ကို စောင့်ထိန်းပြီး ညည်းညူ ငြင်းခုံခြင်းမပြုပါက ဘုရားရှင်သည် သူတို့၌သော်လည်းကောင်း၊ သူတို့မှတစ်ဆင့်သော်လည်းကောင်း ထွန်းလင်းလိမ့်မည်ဟု ပြောကြားခဲ့သည် (ဖိ ၂:၁၄-၁၆)။

အခြားယုံကြည်သူများနှင့် သင့်တင့်စည်းလုံးမှုနှင့် ဘုရားသခင်အပေါ် သစ္စာ ရှိမှုက ကျွန်ုပ်တို့ကို လောကသားများနှင့် ခြားနားစေသည်။ သို့သော် ထိုအရာများက အလိုအလျောက်ဖြစ်မလာပါ။ ဘုရားရှင်နှင့်ရင်းနှီးသော…

သိမ်းဆည်းမည်

ကျွန်ုပ်၏ခွေးအိုသည် ကျွန်ုပ်ဘေးတွင်ထိုင်လျက်အပြင်သို့ငေးကြည့်နေသည်။သူတစ်ခုခုများ စဥ်းစားနေသလား။ သေခြင်းအကြောင်းကို သူစဥ်းစားမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ခွေးများတွင် စဥ်းစားဥာဏ် မရှိပါ။ အနာဂတ်အကြောင်းကို သူတို့မသိ၊ မစဥ်းစားကြပါ။ သို့သော် ကျွန်ုပ်တို့က စဥ်းစား ကြသည်။ မည်သည့်အသက်အရွယ်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် သေခြင်းအကြောင်းကို ကျွန်ုပ်တို့ စဥ်းစား သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် တိရစ္ဆာန်များနှင့်မတူဘဲ "နားလည်မှု အသိ" ရှိသောကြောင့်ဖြစ်သည် (ဆာ ၄၉:၂၀)။ မိမိသေရမည်ကို ကျွန်ုပ်တို့သိပြီး ထိုအရာအတွက် ကျွန်ုပ်တို့ ဘာမှမတတ်နိုင်ကြပါ။ "မိမိ ညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌ မပေးနိုင်" (:၇)။ မည်သူတစ်ဦး တစ်ယောက်မှ မိမိကိုယ်ကို သချိုင်းတွင်းမှလွတ်မြောက်ရန် ငွေနှင့် မဝယ်နိုင်ပါ။

သို့သော် သေခြင်း၏နောက်ဆုံးနိဂုံးမှ လွတ်မြောက်ရာ လမ်းတစ်လမ်းရှိသည်။ "ဘုရားသခင်သည် ငါ့ကိုသေမင်း၏ခံတွင်းမှ…

မြောက်များစွာသောရေ

သြစတြေးလျနိုင်ငံတွင် အလွန်ဆိုးရွားသည့်မိုးခေါင်ခြင်း၊ အပူဒဏ်နှင့် မီးဘေးအန္တရာယ်စသည့် "စိတ်ပျက်ဖွယ်ဖြစ်ရပ်" ကို အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ ထိုအစီရင်ခံစာ၌ မိုးအလွန်နည်းပါးခြင်းနှင့်အတူ ပူပြင်း ခြောက်သွေ့သော ဆိုးဝါးသည့်နှစ်ကို ဖော်ပြခဲ့သည်။ ကျေးလက်များ၌ တောမီး လောင်သည်။ ငါးများ သေကုန်သည်။ ကောက်ပဲသီးနှံများ မအောင်မြင်ပါ။ အကြောင်းမှာ ကျွန်ုပ်တို့ အသက်ရှင်ရန် လိုအပ်သော ရိုးရှင်းသည့်အရင်းအမြစ် ဖြစ်သည့်ရေကို သူတို့ မရရှိသောကြောင့် ဖြစ်သည်။

ဣသရေလလူမျိုးတို့သည်လည်း ကြောက်မက်ဖွယ် အကြပ်ရိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့သည် ဖုန်ထူသောသဲကန္တာရ၌စခန်းချနေစဉ် "ထိုအရပ်၌ လူများသောက်ဖို့ရာ ရေမရှိ" (ထွက် ၁၇:၁) ဟူသော စိုးရိမ်ဖွယ်စာပိုဒ်ကို ကျွန်ုပ်တို့ဖတ်ရသည်။ လူတို့သည် ကြောက်လန့်ခြင်းသို့ရောက်၍၊ အာခေါင်က ခြောက်၊ သဲက ပူနှင့်၊ ကလေးများလည်း ရေငတ်နေကြပြီ။ ကြောက်လန့်သဖြင့် မောရှေကိုရန်တွေ့ပြီး ရေပေးရန် တောင်းဆိုကြသည် (:၂)။ သို့သော် မောရှေ ဘာလုပ်နိုင်သနည်း။…

အမှောင်ထုနှင့် ရင်ဆိုင်ရခြင်း

၁၉၆၀ ပြည့်နှစ်အလွန်၌ လူသားတို့၏စိတ်ပိုင်းဆိုင်ရာအပေါ် အမှောင်ထု၏ သက်ရောက်မှုကို သုတေသနပြုရာ၌ လူနှစ်ဦးပါဝင်ခဲ့သည်။ သူတို့သည် ဂူတစ်ဂူစီသို့ဝင်သွားပြီး သုတေသနပြုသူများက သူတို့၏နေထိုင်စားသောက်ခြင်း၊ အိပ်ခြင်း အလေ့အကျင့်များကို လိုက်စစ်သည်။ လူတစ်ဦးမှာ အမှောင်ထုထဲတွင် ၈၈ ရက်ကြာ နေထိုင်ခဲ့ပြီး၊ အခြားတစ်ဦးမှာမူ ၁၂၆ ရက်နေခဲ့သည်။ အမှောင်ထုထဲ သူတို့ဘယ်လောက်ကြာကြာ နေနိုင်မည်နည်းဟု သူတို့မှန်းဆခဲ့ကြပြီး၊ လနှင့်ချီ ကြာပြီးမှ ပြန်ထွက်လာခဲ့သည်။ တစ်ဦးက သူ၏တစ်ရေးတစ်မော အိပ်ချိန်ကို ခဏမျှသာဟု သူထင်ခဲ့သော်လည်း စုစုပေါင်း နာရီ ၃၀ အိပ်စက်ခဲ့ကြောင်း တွေ့ရှိရသည်။ အမှောင်ထုသည် မျက်စိလည် စိတ်ရှုပ်ထွေးစေသည်။

ဘုရားရှင်၏လူများသည်လည်း ပြည်နှင်ဒဏ်ခံရဆဲ အမှောင်ထဲ ရောက်နေကြောင်း သူတို့ကိုယ်သူတို့ တွေ့ရှိခဲ့သည်။ မသေချာမရေရာမှုနှင့် ဘာဖြစ်လာမည်ကို စောင့်ဆိုင်းနေရသည်။ ပရောဖက်ဟေရှာယက သူတို့၏မျက်စိလည်လမ်းပျောက်နေမှုနှင့် ဘုရားရှင်၏စီရင်ခြင်းအကြောင်းကို ပြောကြားသည့်နည်းလမ်းအဖြစ် အမှောင်ထုနှင့်တင်စားပြီး အသုံးပြုခဲ့သည် (ဟေရှာ ၈:၂၂)။ အစောပိုင်း၌…

အသစ်သောအမြင်အာရုံ

ကျွန်မ၏ဘယ်ဘက်မျက်လုံးကို နာကျင်သော အသေးစားခွဲစိတ်မှုပြုလုပ်ပြီးနောက် ဆရာဝန်က အမြင်အာရုံစစ်ဆေးရန် အကြံပြုခဲ့သည်။ စိတ်ချမှုအပြည့်ဖြင့် ညာဘက်မျက်လုံးကိုဖုံးပြီး သင်ပုန်းပေါ်ရှိစာကြောင်းတိုင်းကို လွယ်ကူစွာ ဖတ်ရှု နိုင်ခဲ့သည်။ ဘယ်ဘက်မျက်လုံးကိုဖုံးအုပ်ပြီး ဖတ်ကြည့်သောအခါ ကျွန်မ အသက်ရှူမှားသွားသည်။ မျက်စိမှုန်နေသည်ကို ကျွန်မသတိမထားမိပါလား။

အမြင်အာရုံချိန်ညှိခြင်းနှင့် မျက်မှန်အသစ်ပြုလုပ်နေစဥ်တွင် နေ့စဉ်ကြုံရ သည့် စုံစမ်းခြင်းများက ဝိညာဥ်ရေးရာအဝေးမှုန်ခြင်းကို ဖြစ်ပေါ်စေကြောင်း အတွေးဝင်မိသည်။ အနီးတွင် မြင်နေရသည့် နာကျင်မှုများနှင့် အစဥ်ပြောင်းလဲ နေသည့်အခြေအနေများကိုသာ အာရုံစိုက်ခြင်းက ထာဝရပြောင်းလဲခြင်း မရှိသော ဘုရားရှင်၏သစ္စာတော်ကို မမြင်နိုင်ဖြစ်ရသည်။ ထိုအကန့်အသတ် ရှိသောအမြင်က မျှော်လင့်ခြင်းကို မမြင်နိုင်အောင် မှုန်ဝါးစေသည်။

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁ တွင် သူမ၏လက်ရှိဒုက္ခ၊ မသေချာ မရေရာမှုကို အာရုံစိုက်နေသဖြင့် ဘုရားသခင်အပေါ် စိတ်ချအားကိုးနိုင်မှုကို အသိအမှတ်မပြုနိုင်သောအမျိုးသမီးတစ်ဦးအကြောင်းကို ပြောပြထားသည်။ ဟန္နသည် ကလေးမရှိသည့်ခံစားချက်နှင့် ခင်ပွန်းဧလကာန၏နောက်မိန်းမ ပေနိန္န၏ညှဥ်းဆဲမှုကို နှစ်များစွာ သည်းခံခဲ့သည်။ ခင်ပွန်း၏…

ပညာရှိသောအကြံကို နားထောင်ခြင်း

အမေရိကန်ပြည်တွင်းစစ်အတွင်း သမ္မတအာဗြဟံလင်ကွန်း (Abraham Lincoln)သည် နိုင်ငံရေးသမားတစ်ဦးကို ကျေနပ်စေလိုသဖြင့် ပြည်ထောင်စု တပ်မတော်၏ တပ်ရင်းတစ်ခုကို ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ စစ်ရေးကွပ်ကဲရသူ အတွင်းရေးမှူး အက်ဒ်ဝင် စတန်တန် (Edwin Stanton)က အမိန့်စာကိုရရှိသောအခါ လုပ်ဆောင်ရန်ငြင်းဆန်ခဲ့ပြီး "သမ္မတက စဉ်းစားဉာဏ် မဲ့တယ်" ဟု ပြောခဲ့သည်။ စတန်တန်၏စကားကို လင်ကွန်းကြားသော် "စတန်တန် က ငါ့ကိုဉာဏ်မဲ့တယ်လို့ပြောရင် ငါ့ကိုငါပြန်သုံးသပ်ရမယ်။ သူက အမြဲလိုလို မှန်လေ့ရှိတယ်" ဟု ပြန်ပြောခဲ့သည်။ ထို့နောက် သူတို့နှစ်ဦး စကား ပြောဆိုကြပြီး၊ သမ္မတက သူ၏ဆုံးဖြတ်ချက်သည် ကြီးမားသောမှားယွင်းမှုဖြစ်ကြောင်း သဘောပေါက်ခဲ့သဖြင့် အမိန့်စာကို ရုပ်သိမ်းခဲ့သည်။ စတန်တန်က လင်ကွန်းကို ဉာဏ်မဲ့သူဟုခေါ်ခဲ့သော်လည်း သမ္မတက ဒေါသမပေါက်ကွဲဘဲ ပညာရှိကြောင်း ပြသခဲ့သည်။ စတန်တန်က သူနှင့်သဘောထားချင်း မတူသော်လည်း လင်ကွန်း က အကြံပေးမှုကို နားထောင်ဆင်ခြင်ခဲ့ပြီး သူ့သဘောထားကို…

ကျွန်ုပ်တို့အတွက် သီချင်းဆိုခြင်း

ငယ်ရွယ်သော ဖခင်တစ်ဦးသည် သူ၏သားလေးကိုဖက်ထားပြီး စည်းချက်ညီညီ သီချင်းသီဆိုလျက် သားလေးကို ချော့မြူနေပါသည်။ သူငယ်၏အကြားအာရုံ ထိခိုက်ပျက်စီးနေသောကြောင့် တေးသွား (သို့) စာသားများကို သူမကြားရပါ။ မည်သို့ပင်ဖြစ်စေ သူ၏ဖခင်သည်လှပသိမ်မွေ့သော ချော့မြူတေးကို သူ၏ သားလေးအတွက် ဆက်လက်သီဆိုသည်။ သူ၏ကြိုးစားသီဆိုမှုကို သားလေးက ကြည်နူးသောအပြုံးဖြင့် အသိအမှတ်ပြုပါသည်။

ဖခင်နှင့်သားတို့၏ပုံရိပ်သည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်ဇေဖနိပြောခဲ့သောစကားများနှင့် တူညီသည်။ ဘုရားသခင်သည် သူ၏သားသမီး၊ ယေရုရှလင် မြို့သားများအတွက် ရွှင်လန်းစွာ သီချင်းကျူးအေးခဲ့သည်ဟု သူပြောကြားခဲ့သည် (ဇေ ၃:၁၇)။ သူချစ်သော သူ့လူမျိုးတော်၏အပြစ်များကို ဖယ်ရှားခြင်း၊ သူတို့၏ ရန်သူများကို ပြေးသွားစေခြင်းစသည့် ကောင်းသောအမှုများ ပြုပေးရခြင်းကို ဘုရားသခင် နှစ်သက်ဝမ်းမြောက်သည် (:၁၅)။ ကြောက်ရွံ့တုန်လှုပ်စရာ အကြောင်း မရှိ၊ ဝမ်းမြောက်စရာအကြောင်းသာ ရှိသည်ဟု ဇေဖနိ ပြောကြားခဲ့သည်။

သခင်ခရစ်တော်၏အသေခံခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသော၊ ဘုရား သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ…