ခွင့်လွှတ်ခြင်း၏အောင်ပွဲ
မူးယစ်ဆေး၊ လိင်မှုရမ္မက်အပြစ်များနှင့် ရုန်းကန်နေရသူ မက်ခ် တစ်ယောက် မျှော်လင့်ချက်မဲ့နေသည်။ သူတန်ဖိုးထားသည့် ဆက်ဆံရေးများမှာလည်း ဖရိုဖရဲဖြစ်နေပြီး သူ့သြတပ္ပစိတ်မှာ သူ့ကိုမညှာမတာပြစ်တင်နေသည်။ ဒုက္ခနွံထဲနစ်မွန်းနေစဉ် ကြိုတင်အသိမပေးဘဲ သင်းအုပ်ဆရာနှင့်စကားပြောခွင့်တောင်းခဲ့သည်။ သူ၏ရှုပ်ထွေးပွေလီလှသည့်ဇာတ်ကြောင်းကို ပြောပြခွင့်ရပြီး ဘုရားသခင်၏ ကရုဏာနှင့်ခွင့်လွှတ်ခြင်းကိုကြားရ၍ သူစိတ်သက်သာရာရခဲ့သည်။
ဒါဝိဒ်သည် ဆာလံ ၃၂ ကို လိင်ကိစ္စဖောက်ပြန်မှုနောက်ပိုင်းတွင် ရေးစပ်ခဲ့သည်ဟု ယူဆကြသည်။ သူပြစ်မှားသည့်အမျိုးသမီး၏ခင်ပွန်း အသက်ဆုံးပါးသွားရသည့် ရက်စက်သည့်ဗျူဟာက သူ၏အပြစ်ကို ပို၍ဆိုးဝါးစေခဲ့သည် (၂ ရာ ၁၁-၁၂)။ ဤအကျည်းတန်လှသည့်အဖြစ်အပျက်ကို သူ့နောက်ချန်ထားခဲ့သော်လည်း သူ့လုပ်ရပ်၏သက်ရောက်မှုက ရှိနေဆဲဖြစ်သည်။ အကျည်းတန်သော သူ့လုပ်ရပ်ကို သူဝန်မခံမီ၊ သူကြုံခဲ့ရသည့် ပြင်းထန်သည့်ရုန်းကန်ရမှုကို ဆာလံ ၃၂:၃-၄ က ဖော်ပြထားသည်။ အပြစ်မဝန်ချခြင်းကြောင့် သောကရောက်ရသည့် အကျိုးဆက်ကို သူရှောင်လွဲ၍မရပေ။ သို့သော် မည်သည်က သက်သာခြင်းကို ယူဆောင်ပေးသနည်း။ ဘုရားသခင်ထံ အပြစ်ဝန်ချပြီး အရှင်ပေးသနားသည့် ခွင့်လွှတ်ခြင်းကို လက်ခံရယူခြင်းက…
မိမိ၏အခန်းကဏ္ဍကို လုပ်ဆောင်ခြင်း
ကျွန်တော်၏မြေးနှစ်ယောက်သည် Alice in Wonderland Jr. ဂီတပြဇာတ်အတွက်အရွေးခံရာ သူတို့စိတ်ထဲ၌ ခေါင်းဆောင်နေရာ ရလိုကြသည်။ မဂ္ဂီက အဲလစ်ငယ်ဘဝကိုရရှိလိုပြီး ကေတီက မထေးဒါလ်နေရာရလျှင်ကောင်းမည်ဟု တွေးထားသည်။ သို့သော် သူတို့သည် ပန်းလေးများအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံရသည်။ ဘရော့ဒ်ဝေးသို့သွားမည့် လက်မှတ်ရမည့်အခွင့် လုံးဝမဟုတ်ပေ။
သို့သော် ကျွန်တော့်သမီးက သူ့ကလေးများသည် “(ခေါင်းဆောင်နေရာ)ရသွားတဲ့ သူတို့သူငယ်ချင်းတွေအတွက် စိတ်လှုပ်ရှားနေကြတယ်” ဟု ပြောပြသည်။ သူငယ်ချင်းများကို အားပေးရခြင်းက သူတို့အတွက် ပို၍ပျော်ရွှင်စေပြီး သူတို့၏ စိတ်လှုပ်ရှားမှုကို မျှဝေကြသည်။
၎င်းသည် ခရစ်တော်၏ကိုယ်ခန္ဓာ၌ ကျွန်ုပ်တို့အချင်းချင်း အပြန်အလှန်အကျိုးပြုပုံ ပုံဥပမာပင်ဖြစ်သည်။ ဒေသန္တရအသင်းတော်တိုင်း၌ အဓိကကျသည်ဟု ယူဆထားသည့်အခန်းကဏ္ဍများရှိပါသည်။ သို့သော် ပန်းလေးများကဲ့သို့ အရေးပါသော်လည်း မထင်ရှားသည့်အလုပ်ကို လုပ်သူများကိုပါလိုအပ်သည်။ ဘုရားပေးတာဝန်ကို ကျွန်ုပ်တို့စိတ်ထက်သန်စွာ ကျေပွန်အောင်ထမ်းရွက်သကဲ့သို့ မိမိရယူလိုသောကဏ္ဍကို အခြားသူရသွားပါက ထိုသူတို့ကိုအားပေးရန် ရွေးချယ်ကြပါစို့။
စင်စစ် အခြားသူများကို မစခြင်း၊…
လူတို့ မေ့တတ်ကြသည်
တရားဒေသနာများကို ထပ်ခါတလဲလဲဟောပြောကြောင်း သတိထားမိသော အမျိုးသမီးက သူ့သင်းအုပ်ဆရာအား “ဘာလို့ အဲဒီလိုဟောရတာလဲ” ဟု မေးရာ ဆရာက “လူတွေက မေ့တတ်ကြလို့ပေါ့” ဟု ပြန်ဖြေခဲ့သည်။
အချိန်ကြာသွား၍၊ အသက်ကြီးသွား၍ (သို့) အလုပ်များလွန်း၍ စသဖြင့် မေ့ရသည့်အကြောင်းရင်းများစွာ ရှိပါသည်။ ကျွန်ုပ်တို့သည် စကားဝှက်၊ လူနာမည် (သို့) မည်သည့်နေရာ၌ ကားရပ်ထားသည်ကိုပင် မေ့တတ်ကြသည်။ ကျွန်မ၏ ခင်ပွန်းက “ငါ့ဦးနှောက်ထဲမှာ အများကြီးသိမ်းထားနိုင်တယ်။ အကြောင်းအရာ အသစ်တွေကို မမှတ်မိခင် အဟောင်းတွေကို အရင်ဖျက်ပစ်ရတယ်”ဟု ပြောသည်။
တရားဟောဆရာ၏စကားမှန်ပါသည်။ လူတို့သည် မေ့တတ်ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်လုပ်ဆောင်ပေးခဲ့သည့်အရာများကို အမှတ်ရအောင် သတိပေးမည့်သူများ ရံဖန်ရံခါလိုအပ်သည်။ ဣသရေလလူတို့လည်း အလားတူ မေ့တတ်ကြ၏။ အံ့သြဖွယ်ရာများစွာကို မြင်တွေ့ခဲ့သည့်တိုင် ဘုရားရှင် သူတို့ကို ဂရုစိုက်ကြောင်းအမှတ်ရအောင် သတိပေးမှုလိုသည်။ တရားဟောရာကျမ်း ၈ ၌ဘုရားသခင်က ဣသရေလလူတို့ကို…
ရလဒ်ကို ဘုရားရှင်ထံ အပ်ထားလိုက်ပါ
လွန်ခဲ့သောနှစ်များက တက္ကသိုလ်လူမှုရေးအသင်းအိမ်၌ နေထိုင်သူများကို တရား ဟောရန် ကျွန်တော်ဖိတ်ကြားခံရသည်။ ထိုသူတို့သည် အတော်ဗရုတ်ကျသည်ဟု နာမည်ကြီးသဖြင့် အကူအညီရရန် မိတ်ဆွေတစ်ဦးကိုပါအဖော်ခေါ်ပြီး သွားခဲ့သည်။ ၎င်းတို့သည် ဘောလုံးချန်ပီယံဆုကို ရထား၍ ထိုညက အောင်ပွဲခံလျက် စိတ်ဓာတ် တက်ကြွနေပြီး၊ ညစာစားချိန်၌ ပရမ်းပတာဖြစ်နေသည်။ ထို့နောက် ဥက္ကဋ္ဌက “ဒီမှာ ဘုရားအကြောင်း ပြောပြချင်တဲ့လူနှစ်ယောက်ရှိတယ်” ဟု ကြေညာလိုက်သည်။
ယိုင်နဲ့နဲ့ခြေထောက်ပေါ်ရပ်ပြီး သူတို့ကို ဘုရားရှင်၏မေတ္တာတော်အကြောင်း စတင်ပြောကြားရာ တစ်ခန်းလုံးငြိမ်သက်သွားပြီး သူတို့အပြည့်အဝအာရုံစိုက် သည်။ တက်ကြွပြီး ရိုးသားသောမေးမြန်းစူးစမ်းမှု လိုက်ပါလာသည်။ နောက်ပိုင်း၌ ထိုနေရာတွင် ကျွန်တော်တို့ ကျမ်းစာလေ့လာခြင်းကိုစတင်ခဲ့ပြီး နောင်နှစ်များ၌ လူများစွာတို့ သခင်ယေရှု၏ကယ်တင်ခြင်းကို လက်ခံခဲ့ကြ၏။
“စာတန်သည် လျှပ်စစ်ကဲ့သို့ကောင်းကင်မှကျသည်”ကို မြင်ရသည့် (လု ၁၀:၁၈) ထိုသို့သောနေ့များကို ကျွန်ုပ်အမှတ်ရမိသည်။ မျက်နှာမဖော်ဝံ့ လောက်အောင် ကျရှုံးခဲ့ရသည့်နေ့ရက်များလည်း ရှိခဲ့ပါသည်။
လုကာ ၁၀ ၌…
အချိုမြိန်ဆုံး ရိတ်သိမ်းချိန်
ကျွန်မတို့အိမ်ဝယ်ချိန်၌ အခြေခိုင်ပြီဖြစ်သောစပျစ်ခြံကို အမွေရရှိခဲ့သည်။ အပင် ချိုင်ပုံ၊ ရေလောင်းပုံ၊ ပြုစုပျိုးထောင်ပုံတို့ကိုသိရှိရန် စိုက်ပျိုးရေးလက်သင်များ အနေနှင့် ကျွန်မတို့မိသားစု အချိန်အတော်လေးမြှုပ်နှံခဲ့ရသည်။ အသီးဆွတ်ချိန်၌ စပျစ်သီးတစ်လုံးခူးပြီး ပါးစပ်ထဲထည့်လိုက်ရာ ချဉ်လွန်းလှ၍ စိတ်ပျက်သွားရသည်။
အပင်ပန်းခံ လုပ်ဆောင်ခဲ့လေသမျှ စပျစ်ခင်း၏ခါးသီးသောရလဒ်ကြောင့် ကျွန်မ၏စိတ်ပျက်မှုက ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅ မှ စကားသံကို ပဲ့တင်ထပ်နေသည်။ ထိုကျမ်း၌ ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်၏ ဆက်ဆံရေးကိုဖော်ကျူးထားသည်။ ဘုရားသခင်အား မြေကိုရှင်းလင်း၊ စပျစ် မျိုးကောင်းကိုစိုက်၊ တောကောင်မဖျက်ဆီးအောင် လင့်စင်ထိုးပြီး စောင့်ရှောက်ကာ အသီးဆွတ်ချိန်၌ ထွက်ရှိမည့်ရလဒ်အတွက် အသေအချာပြင်ဆင်ထားသည့် လယ်သမားအဖြစ်တင်စားသည်(၅:၁-၂)။ သို့သော် ဣသရေလလူကို ပုံဆောင် သော စပျစ်ခင်းမှ တစ်ကိုယ်ကောင်းဆန်မှု၊ မတရားမှု၊ ဖိနှိပ်ညှဉ်းဆဲမှုစသည့် လယ်သမား အတွက် စိတ်ပျက်စရာချဉ်သီးများသာ ထွက်ရှိသည်(:၇)။ နောက်ဆုံး၌ တစ်ချိန်တွင် ကောင်းသောအသီးဆွတ်ခူးရရန် မျှော်လင့်ချက်ဖြင့် ဘုရားရှင်သည် အကြွင်းအကျန်အချို့ကို ချန်ပြီး…
ဒီအိမ်ကို ဖြိုဖျက်ကြ
မစ်ရှီဂန်ပြည်နယ် ပွန်ထိရက်ဒေသရှိ အဆောက်အဦများဖြိုဖျက်သည့်ကုမ္ပဏီ တစ်ခုသည် အဆောက်အဦတစ်ခုကို မှားပြီးဖြိုချမိသည်။ ဖြိုချရန်စာရင်းဝင်သော အိမ်၏ပိုင်ရှင်မှာ အိမ်ဖြိုချမခံရအောင် သူ့အိမ်နံပါတ်ကို အိမ်နီးချင်း၏အိမ်၌ သွားရိုက်ထားသည်ဟု စုံစမ်းရေးမှူးများက ယူဆကြသည်။
သခင်ယေရှုကတော့ ဆန့်ကျင်ဘက်ပါ။ လူအများအကျိုးအတွက် သူ့ကိုယ်ပိုင် အိမ်ဖြိုချမည့်စေစားမှုကို သူခွင့်ပြုခဲ့သည်။ ထိုမြင်ကွင်းကို မြင်ယောင် ကြည့်ပါ။ ရှင်ယေရှု၏တပည့်တော်များအပါအဝင် လူတို့စိတ်ရှုပ်ထွေးလိုက်မည်ဖြစ်ခြင်း။ “ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်” ဟု (ယော ၂:၁၉) သခင်ယေရှုပြောပြီး ဘာသာရေးခေါင်းဆောင်များကို သူစိန်ခေါ်သည့်အခါ တပည့်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြလိမ့်မည်။ ထိုခေါင်းဆောင်များကလည်း “အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူကား သုံးရက်တည်းနှင့် တည်ဆောက်မည်လော”(:၂၀) ဟု စိတ်ဆိုးမာန်ဆိုး ပြန်ပက်ကြသည်။ သို့သော် သခင်ယေရှုက သူ၏ကိုယ်ခန္ဓာဗိမာန်တော်အား ရည်ညွှန်းပြောနေပြီး(:၂၁) ၎င်းတို့က ယင်းကို မသိပါ။
ကျွန်ုပ်တို့ မိမိကိုယ်နှင့် အချင်းချင်းတစ်ဦးနှင့်တစ်ဦးကို ထိခိုက်နာကျင်အောင် လုပ်ဆောင်နေမှုများက နောက်ဆုံး…
ရည်ရွယ်ချက်ဖြင့် အပန်းဖြေခြင်း
ရာမက်ချ်သည် အခြားသူများအား သခင်ယေရှုအကြောင်းပြောရခြင်းကို နှစ်သက် သည်။ သူ့လုပ်ဖော်ဆောင်ဖက်များအား ရဲရင့်စွာပြောပြသည်။ တစ်လ တစ်ကြိမ် စနေ၊ တနင်္ဂနွေပိတ်ရက်တိုင်း သူ့ရွာသို့ပြန်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ဧဝံဂေလိတရားဟောပြောသည်။ အထူးသဖြင့် အနားယူရန်အချိန်ယူခြင်း၏ တန်ဖိုးကို သူသိသွားသည့်အတွက် သူ့စိတ်အားထက်သန်မှုက ကူးစက်သွားသည်။
ယခင်က စနေတနင်္ဂနွေညနေပိုင်းအချိန်ကို ဧဝံဂေလိပြောကြားရန် ရာမက်ချ် အသုံးပြုသည်။ သူအပြင်သွားသည့်အခါ သူ့ဇနီးနှင့်ကလေးများက သူ့ကိုအောက်မေ့ပြီး သူတို့အနီးအပါး၌ရှိချိန်ဆိုလျှင် ရာမက်ချ် မောပန်းနေသည်ကိုသာ တွေ့ကြရသည်။ အချိန်တိုင်း၊ စကားတိုင်းအကျိုးရှိအောင်လုပ်ရန် သူလိုလားခဲ့သည်။ ပေါ့ပေါ့ပါးပါးဂိမ်းကစားခြင်းနှင့် စကားစမြည်ပြောခြင်းကို သူ မကြည်နူးနိုင်။ ရာမက်ချ် ခမျာ အကြပ်ရိုက်နေခဲ့သည်။
သူ့ဇနီး၏ရိုးသားပွင့်လင်းသောအပြော၊ မိတ်ဆွေများ၏အကြံပေးမှုနှင့် သိပ်မထင်ရှားသော ကျမ်းပိုဒ်အချို့ကြောင့် သူ၏ဟန်ချက်မညီဖြစ်ခြင်းမှ လန့်နိုး လာခဲ့သည်။ သုတ္တံ ၃၀ ၌ ပုရွက်ဆိတ်၊ ရှာဖန်ယုန်နှင့် ကျိုင်းကောင်စသော အရေးမပါသည့်သတ္တဝါများအကြောင်း ပြောထားသည်။ အိမ်မြှောင်ကို လက်ဖြင့်ဖမ်းနိုင်သော်လည်း ၎င်းသည်…
သစ်ပင်များကိုအားပေးနှစ်သိမ့်သူ
အချို့က သူ့ကို “သစ်ပင်များကို အားပေးနှစ်သိမ့်သူ” (tree whisperer) ဟု ခေါ်ကြသည်။ စင်စစ် တိုနီရီနောဒို(Tony Rinaudo)သည် ဝေါဗွီးရှင်း-သြစတြေးလျ မှ သစ်တောစိုက်ပျိုးသူဖြစ်သည်။ သူသည် ဆာဟာရကန္တာရ တောင်ပိုင်း၊ အာဖရိက ဆာဟဲနယ်တစ်လျှောက် သစ်တောပြုန်းတီးခြင်းကိုကာကွယ်ပြီး ပြန်လည် စိမ်းလန်းစိုပြေရန် နှစ်ပေါင်း ၃၀ ကြိုးစားအားထုတ်ခြင်းအားဖြင့် ခရစ်တော်အကြောင်း ဝေငှခဲ့သော သာသနာပြုနှင့် စိုက်ပျိုးရေးပညာရှင်ဖြစ်သည်။
သေးညှက်နေသော “အပင်ပုများ” သည် အမှန်တွင် ကြီးထွားမှုတန့်နေသော သစ်ပင်များဖြစ်ကြောင်း သူသိသဖြင့် အကိုင်းချိုင်၊ ပြုစုလျက် ရေလောင်းပေး ခဲ့သည်။ သူ့လုပ်ဆောင်ချက်က ထောင်ပေါင်းများစွာသောလယ်သမားများ အတွက် လှုံ့ဆော်မှုဖြစ်ခဲ့ပြီး သူတို့သည် အနီးအနားရှိ သစ်တောများကို ထိန်းသိမ်းခြင်း၊ မြေဆီလွှာပြုန်းတီးမှုကို ပြုပြင်ခြင်းအားဖြင့် စိုက်ပျိုးမရသည့် သူတို့၏လယ်ယာမြေများ ပြန်ကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဥပမာ - နိုင်ဂါရှိလယ်သမားများသည် သီးနှံနှစ်ဆထွက်ရှိပြီး ဝင်ငွေနှစ်ဆရသဖြင့် တစ်နှစ်လျှင်…
ဘုရားသခင်သည် အရာခပ်သိမ်းကို ကြားတော်မူ၏
သမိုင်း၌ စာပို့စနစ်နှောင့်နှေးကြန့်ကြာမှု အကြာဆုံးစံချိန်မှာ ၈၉ နှစ် ဖြစ်သည်။ ယူကေရှိ အိမ်ပိုင်ရှင်တစ်ဦးသည် သူ့အိမ်၌နေထိုင်ခဲ့သော ယခင်အိမ်ပိုင်ရှင်ထံသို့ ပါတီပွဲတက်ရောက်ရန် ၁၉၁၉ ခုနှစ်က ပေးပို့သောဖိတ်စာကို ၂၀၀၈ ခုနှစ်မှ သူရရှိ ခဲ့သည်။ တော်ဝင်စာပို့စနစ်ဖြင့်ပို့သည်ဟူသောမှတ်ချက်ဖြင့် စာတိုက်ပုံးထဲထည့်ခဲ့သော်လည်း အဘယ်ကြောင့် ထိုမျှကြန့်ကြာခဲ့ရသနည်း။ ပဟေဠိဆန်လှသည်။
ဆက်သွယ်ရေးကဏ္ဍ၌ လူသားတို့၏အကောင်းဆုံးအားထုတ်မှုပင်လျှင် တစ်ခါတစ်ရံ စိတ်ပျက်စရာဖြစ်သည်။ သို့သော် ဘုရားသခင်သည် သစ္စာတည်သည့် သူ့လူများ၏စကားကို မပျက်ကွက်ကြားနာသည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။ ၃ ရာ ၁၈ တွင် ဧလိယသည် ဗာလဘုရားနှင့် ယေဟောဝါဘုရား ၏ကွဲပြားခြားနားချက်ကို ပေါ်လွင်စွာသရုပ်ပြခဲ့သည်။ ဗာလပရောဖက်များက နာရီကြာမြင့်စွာ ဆုတောင်းပြီးနောက် မည်သူက ဘုရားအစစ်အမှန်ဖြစ်သည်ကို ဖော်ပြရာတွင် ဧလိယက “ကျယ်သောအသံနှင့် ဟစ်ကြလော့။ ... ဗာလသည် ဘုရား ဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေတော်မူ၏။ ...တစ်စုံတစ်ခုကို လိုက်၍ရှာတော်မူ၏။…
တာကိုမက္ကဆီကန်အသားလိပ်မုန့်နှင့်ညီမျှသော
အက်ရှ်တန်နှင့် အော်စတင်ဆင်မြူရယ်ဆန် ညီအစ်ကိုတို့သည် ရှင်ယေရှုကို အစေခံရန် ပြင်းပြသောဆန္ဒတို့ဖြင့် ခရစ်ယာန်ကောလိပ်တက်ပြီး ဘွဲ့ရခဲ့ကြသည်။ သို့သော် သမားရိုးကျအသင်းတော်၌အမှုတော်ဆောင်ရန် နှစ်ဉီးစလုံး စိတ်မပါ။ လောကကြီးထဲအမှုတော်ဆောင်ခြင်းဆိုလျှင် သူတို့ဆန္ဒနှင့်လုံးဝကွက်တိ။ သို့နှင့် ကလေးများ အစာငတ်မွတ်ခြင်းဘေးကို တိုက်ဖျက်ရန် သူတို့ဝန်တာရှိခြင်းနှင့် ဘုရားပေးသော စီးပွားရေးစွမ်းရည်များတို့ကို ပေါင်းစပ်ပြီး ၂၀၁၄ ခုနှစ်တွင် တာကိုမက္ကဆီကန် အသားလိပ်မုန့်ရောင်းသော စားသောက်ဆိုင်ဖွင့်ခဲ့သည်။ သို့သော် အခြားဆိုင်များနှင့်မတူပါ။ ‘တစ်ခုဝယ် တစ်ခုပေး’ စနစ်ဖြင့် သူတို့လုပ်ငန်း လည်ပတ်ခဲ့သည်။ မုန့်တစ်ပွဲ ဝယ်ယူတိုင်း ရရှိသောငွေဖြင့် အာဟာရချို့တဲ့သော ကလေး များအတွက် အထူးအာဟာရဖြည့်စွက်အစာတစ်နပ် ထောက်ပံ့ပေးသည်။ ယနေ့ ထိတိုင် နိုင်ငံပေါင်း ၆၀ ကျော်သို့ သူတို့ ပေးလှူနေဆဲဖြစ်သည်။ ကလေးများ ငတ်မွတ်ခြင်းဘေးကို အဆုံးသတ်ရန် တစ်စိတ်တစ်ဒေသပါဝင်သည့်အနေဖြင့် တစ်ကြိမ်လျှင် တာကိုတစ်ပွဲမှာ သူတို့၏ပန်းတိုင်ဖြစ်သည်။
မဿဲ ၁၀ ရှိ သခင်ယေရှု၏စကားက…