အမျိုးအစား  |  odb

မျှော်လင့်မထားသော ပြောင်းလဲမှု

၁၉၄၃ ခုနှစ် ဇန်နဝါရီလ၌ ဒါကိုတာပြည်နယ်တောင်ပိုင်းရှိ စပီးယားဖစ်ရှ်ဒေသသို့ လေပူများ ဝင်ရောက်ရိုက်ခတ်ခဲ့ပြီး၊ အပူချိန်မှာ အနုတ် ၄ ဒီဂရီမှ ၄၅ ဒီဂရီဖာရင်ဟိုက် (အနုတ် ၂၀ ဒီဂရီမှ ၇ ဒီဂရီစင်တီဂရိတ်)သို့ မြင့်တက်သွားသည်။ ရာသီဉတုဖောက်ပြန်ပြောင်းလဲမှုက ကြောက်စရာကောင်းလှသည်။ ၂ မိနစ်အတွင်း ၄၉ ဒီဂရီသို့ ခုန်တက်သွားသည်။ အမေရိကန် ပြည်ထောင်စု၏အပြင်းထန်ဆုံးသော အပူချိန်ပြောင်းလဲမှု မှတ်တမ်းများအရ ၂၄ နာရီအတွင်း အပူချိန် ၁၀၃ ဒီဂရီသို့ မြင့်တက်သွားသည်။ ၁၉၇၂ ခုနှစ် မွန်တာနာပြည်နယ်ရှိ လိုမာဒေသတွင် အနုတ် ၅၄ ဒီဂရီမှ ၄၉ဒီဂရီဖာရင်ဟိုက်သို့၊ (အနုတ် ၄၈ဒီဂရီမှ ၉ဒီဂရီစင်တီဂရိတ်သို့) ခုန်တက်သွားသည်။

ထိုသို့ ရုတ်တရက်ပြောင်းလဲဖောက်ပြန်မှုများက ရာသီဉတုသာမက ဘဝအသက်တာ၌လည်း ဖြစ်ပေါ်တတ်ပါသည်။ “ယနေ့နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင်…

ဝမ်းမြောက်စရာအတွေး

ဘီလ်ရှပီရို ပြုစုသည့် What We Keep တွေ့ဆုံမေးမြန်းခန်းပေါင်းချုပ်စာအုပ်တွင် ဖြေဆိုသူ တစ်ဉီးချင်းစီက ၎င်းတို့အတွက် အရေးကြီးသော၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေသော၊ မမေ့နိုင်သော အဖြစ်အပျက် အကြောင်းအရာတစ်ခုကို စွဲမြဲသတိရ နေကြောင်း ပြောပြကြသည်။

ထိုအကြောင်းကို ဖတ်ရင်း ကျွန်ုပ်အတွက် အဖိုးတန်ဆုံးသော ပိုင်ဆိုင်မှု၊ ကျွန်ုပ်ကို ဝမ်းမြောက်စေသော အရာများကို ဆင်ခြင်မိသည်။ ၎င်းတို့အနက် လွန်ခဲ့သော နှစ် ၄၀ ခန့်က ကျွန်ုပ်မိခင်၏လက်ရေးဖြင့် ရေးသားထားသည့် ဟင်းချက်နည်းကတ်လေး၊ အဘွား၏ပန်းရောင် လက်ဖက်ရည်ပန်းကန်လုံး စသည်တို့ ပါဝင်သည်။ အခြားသူများအတွက်မူ ၎င်းတို့အတွက် ခွန်အားဖြစ်စေခဲ့သည့် ချီးမွမ်းချီးကျူးစကား၊ မြေးငယ်လေး၏တခစ်ခစ်ရယ်မောသံ၊ သမ္မာကျမ်းစာမှ အထူးနားလည်သိခဲ့ရသည့် အချက်တစ်ချက် စသည်ဖြင့် ဖြစ်ကောင်းဖြစ်မည်။

ကျွန်ုပ်တို့နှလုံးသား၌ ဝှက်ထားသည့်အရာများဆိုလျှင် ကျွန်ုပ်တို့အတွက် စိတ်မပျော်ရွှင်စေသောအရာများသာ ဖြစ်မည်။ ပူပန်သောကများကို ဝှက်ထားလည်း အလွယ်တကူ ပြန်ပေါ်လာသည်။ ဒေါသစိတ်ကို အပေါ်ယံမြိုသိပ်ထားလည်း…

ဘုရားသခင်၌ ကြွယ်ဝခြင်း

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်သည့်ကာလများအတွင်း ကြီးပြင်းလာရသည့် ကျွန်မ၏မိဘ များသည် ကလေးဘဝတွင် နက်ရှိုင်းသောဆင်းရဲဒုက္ခကို သိရှိခဲ့သည်။ ထို့ကြောင့် ရလဒ်အဖြစ် သူတို့သည် အလုပ်ကြိုးစားပြီး ကျေးဇူးသိတတ်သောဘဏ္ဍာစိုးများ ဖြစ်လာကြသည်။ သို့သော် သူတို့သည် ဘယ်တော့မှ အလိုရမ္မက်၊ လောဘ မရှိကြပေ။ သူတို့၏အချိန်၊ စွမ်းရည်နှင့် ငွေကြေးဥစ္စာများကို ဘုရားကျောင်း၊ ပရဟိတအဖွဲ့များနှင့် ချို့တဲ့သူများအတွက် ပေးကမ်းခဲ့ကြသည်။ စင်စစ် သူတို့သည် ငွေကြေးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ခဲ့ပြီး ဝမ်းမြောက်စွာ ပေးကမ်း နိုင်ခဲ့ကြသည်။

သခင်ယေရှု၌ ယုံကြည်သူများဖြစ်သည့် ကျွန်မ၏ မိဘများသည် တမန်တော်ရှင်ပေါလု၏သတိပေးချက်ကို နှလုံးသွင်း ခံယူသည်။ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူ တို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများ ထဲသို့ ကျရောက်တတ်၏။ ထိုသို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်း တတ်ကြ၏” (၁ တိ ၆:၉)။

ဧဖက်မြို့၏ကြွယ်ဝမှုစည်းစိမ်က…

ယေရှုခရစ်တော်အားဖြင့် လွတ်မြောက်ခြင်း

ကျွန်တော့်အမေနဲ့ အကြာကြီးနေလို့ အမေထွက်သွားရော ဟု ကေစီက ပြောပါသည်။ ယခင် သခင်ယေရှုထံ သူ့အသက်တာကို မအပ်နှံမီက ကေစီ ၏ဘဝက မလှပခဲ့ပါ။ မူးယစ်ဆေးစွဲသဖြင့် သူချစ်ခင်ရသောသူများထံမှငွေများ၊ အိမ်မှပစ္စည်းများ ခိုးပြီး သာယာမှု ရှာခဲ့ကြောင်း သူပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ ၎င်းသည် သူ၏အတိတ်ဘဝဖြစ်ပြီး၊ ယခုတွင် ထိုအခြေအနေမှ သန့်ရှင်းခြင်းသို့ ရောက်ခဲ့ပုံကို ခုနှစ် သက္ကရာဇ်အတိအကျနှင့် ပြန်ပြောင်းပြောပြနေပါပြီ။ သူနှင့်ကျွန်​ေတော် နှုတ်ကပတ်တော်ကို အတူလေ့လာကြသည့် အခါ အသက်တာပြောင်းလဲသူတစ်ဦးကို ကျွန်တော်မြင်ခဲ့ရသည်။

ရှင်မာကု ၅:၁၅ တွင် ယခင်က နတ်ဆိုးစွဲသူဘဝမှ အသက်တာပြောင်းလဲခဲ့သူအကြောင်းကို ဖော်ပြထားသည်။ ယခင် သူ၏ဝေဒနာ မပျောက်မီက အကူညီမဲ့၊ မျှော်လင့်ချက်မဲ့၊ အိမ်ယာမဲ့၊ ဘာလုပ်ရမှန်းမသိသည့်အဖြစ် စသည့် စကားလုံး များမှာ ထိုသူနှင့်ကွက်တိ (:၃-၅)။ သို့သော် သူ့အား သခင်ယေရှုလွတ်မြောက်စေသောအခါ ထိုအရာများ အားလုံး…

ထုတ်ခြင်းခပ်သော ချစ်ခြင်း

ဖုန်းခေါ်ခဲ့သည်၊ စာပို့ခဲ့သည်။ ယခုလည်း အစ်ကို၏အိမ်အဝင်ဝ တံခါးအပြင်ဖက်တွင် ခါလာ မတ်တပ် ရပ်နေသည်။ သို့သော် အစ်ကိုဖြစ်သူ၏တုံ့ပြန်မှုကို မရခဲ့ပါ။ သူ့အစ်ကိုမှာ စိတ်ဓာတ်ကျလျက် ဆေးစွဲသည့်ပြဿနာနှင့်ရုန်းကန်နေရပြီး ဖိစီးသောဝန်ထုပ်များနှင့် အိမ်တွင်းပုန်းနေခဲ့သည်။ အစ်ကို၏တစ်ကိုယ်တည်း သီးခြားအထီးကျန်ကမ္ဘာထဲသို့ ဝင်ရောက်ရန် ကြိုးစားသည့်အနေဖြင့် ခါလာ သည် သူ့အစ်ကို နှစ်သက်သည့် အစားအစာများနှင့်တကွ အားပေးမှုဖြစ်စေသော ကျမ်းပိုဒ်များကို ထုတ်ပိုးပြီး အထုပ်ကို ခြံစည်းရိုးမှ လျှော့ချပေး ခဲ့သည်။

သို့သော် လက်ဆောင်ထုပ်က သူ့လက်မှလွတ်သွားသည်နှင့် ဂိတ်တံခါးဆူးချွန်နှင့် ချိတ်မိပြီး စုတ်ပြတ်ပွင့်ထွက်ကာ စားစရာများ ကျောက်စရစ်ခင်းလမ်းေပေါ်သို့ ကျကုန်သည်။ စေတနာနှင့်၊ မေတ္တာအပြည့်ဖြင့် ပြင်ဆင်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ကုန်ပါတော့သည်။ သူ့လက်ဆောင်ကို အစ်ကို သတိထားမိ ပါမလား။ သူမဖော်ဆောင်မည့် မျှော်လင့်ချက် စစ်ဆင်ရေး အောင်မြင်နိုင်ပါ့မလား။ သူပြန်ကောင်းလာမည့်အချိန်ကို စောင့်ဆိုင်းရင်း မျှော်လင့်ခြင်းဖြင့် ဆုတောင်းခြင်းသာ သူမ တတ်နိုင်သောအရာပင်…

ရှေးကျသော ကတိတော်များ

သက္ကရာဇ် ၁၉၇၉ ခုနှစ်တွင် ဒေါက်တာ ဂေးဘရယ်ဘာကေးနှင့်အဖွဲ့သည် ရှေးဟောင်း ဂျေရုဆလင်မြို့၏အပြင်ဘက်တစ်နေရာတွင် မြှုပ်ထားသော ငွေစက္ကူလိပ် နှစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။ ၎င်းကို သေချာစွာ ဂရုတစိုက် သုသေတနပြုမှုအပြီး သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ ၂၅ နှစ်အကြာတွင် ထိုစက္ကူလိပ်နှစ်ခုသည် ဘီစီ ၆၀၀ ကတည်းကပင် မြှုပ်ထားခြင်းခံထားရသော သက်တမ်းအကြာမြင့်ဆုံး တည်ရှိ နေသော သမ္မာကျမ်းစာများအဖြစ် သုသေတီများက အတည်ပြု ခဲ့ကြသည်။ ထိုစာလိပ်များတွင် အထူးစိတ်၀င်စားဖွယ် ကျွန်မတွေ့ရှိသည့်အချက်မှာ ဆရာတော်များနှင့် ဘုန်းတော်ကြီးများ ကောင်းချီးပေးသကဲ့သို့ ဘုရားသခင်သည် သူ၏လူတို့ကို မိန့်ကြားလိုသည့် အချက်ဖြစ်သည်။ “ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေး၍ (သင့်ကို)စောင်မတော်မူပါစေသော်။ ထာဝရ ဘုရားသည် သင်၏မျက်နှာတော်အလင်းကိုလွှတ်၍ (သင်၌)ကရုဏာကျေးဇူးပြုပါစေသော် ” (တော ၆:၂၄-၂၅)။

ဘုရားသခင်သည် (မောရှေအားဖြင့်) အာရုန်နှင့်သူ၏သားများအား ဤကောင်းချီး ဆု​တောင်းကို…

သက်ဆိုင်ပတ်သက်မှု အမှတ်နေရာ

ရော်ဘီ နှင့် ဆဘရီးနာ တို့သည် သူတို့၏ ပထမအိမ်ထောင်များကို ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရပြီး နှစ်အတန်ကြာသည့်နောက် သူတို့နှစ်ဦးသည် ချစ်ကျွမ်းဝင်လျက် အိမ်ထောင်ပြုကာ သူတို့၏မိသားစုနှစ်စုကို ပေါင်းစည်းခဲ့သည်။ သူတို့နှစ်ဦးသည် အိမ်သစ်တစ်လုံး ဆောက်လုပ်ပြီး Havilah ဟု အမည်ပေးခဲ့သည်။ (ဟေဗြဲဘာသာ စကားအရ ထိုစကားလုံး၌ နာကျင်မှုဖြင့် မချိမဆန့် တွန့်လိမ်ခြင်း၊ တစ်စုံတစ်ရာကို ထုတ်ဆောင်ခြင်း ဟု အဓိပ္ပာယ်နှစ်မျိုးရှိသည်။) ၎င်းသည် နာကျင်မှုမှ လှပသောတစ်စုံတစ်ခုကို ပြုလုပ်ခြင်းသဘောကို ရည်ညွှန်းသည်။ သူတို့သည် သူတို့၏ အတိတ်ကို မေ့ပျောက်ရန် ထိုအိမ်ကို ဆောက်လုပ်ခဲ့ခြင်း မဟုတ်ဘဲ ၀မ်းနည်းခြင်းပြာမှုန့်မှ အသက်ကို ထုတ်ဆောင်ရန်၊ မျှော်လင့်ခြင်း အောင်ပွဲ ဆင်နွဲရန် ဆောက်လုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။ သူတို့နှစ်ဦးအတွက် ထိုနေအိမ်သည် သက်ဆိုင် ပတ်သက်မှုကို ​ဖော်ပြသည့် နေရာ၊ ဘဝကို အောင်ပွဲဆင်သည့်နေရာ၊ အနာဂတ်အတွက် ကတိ​တော်များကို…

အခက်ခဲဆုံးသောနေရာများ

ဂျော့ဖ် သည် တစ်ချိန်က သူဆေးစွဲခဲ့သောမြို့တွင် လူငယ်သင်းအုပ်ဆရာအဖြစ် အစေခံ နေပါသည်။ ဘုရားရှင်သည် သူ့နှလုံးသားနှင့်အခြေအနေများကို အံ့သြဖွယ်သော နည်းလမ်းဖြင့် ပြောင်းလဲပစ်ခဲ့ပါသည်။ ဂျော့ဖ် က “ကျွန်တော်မှားခဲ့သလို ကလေးတွေကို မမှားစေချင်ဘူး။ နာကျင်မှုများကို ကျွန်တော်ရုန်းကန်ခံစားခဲ့ရသလို သူတို့တွေကို မဖြတ်သန်းစေချင်ဘူး။ သခင်ယေရှု ကူညီမစပါလိမ့်မယ်” ဟု ပြောသည်။ တစ်ချိန်က ဘုရားရှင်သည် သူ့အား မူးယစ်ဆေးဝါး၏ကျေးကျွန်အဖြစ်မှ လွတ်မြောက်စေခဲ့ပြီး သူ့အတိတ် မည်သို့ပင်ရှိခဲ့ရှိခဲ့ သူ့အား အရေးပါသည့် သာသနာကွင်း တစ်ခုကို ပေးခဲ့သေးသည်။

ဘုရားရှင်ထံ၌ မျှော်လင့်စရာမရှိသော အခြေအနေ များမှ မထင်မှတ်သော ကောင်းသောအမှုများကို ထုတ်ဆောင် နိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ယောသပ်သည် အဲဂုတ္တုပြည်တွင် ကျွန်အဖြစ်ရောင်းချခံရပြီး မတရားစွပ်စွဲ ခံရကာ ထောင်ကျခဲ့သည်။ ထောင်၌ နှစ်နှင့်ချီ၍ မေ့လျော့ခံခဲ့ ရသည်။ သို့သော် ဘုရားရှင်သည် သူ့အား…

ဘုရားသခင်၏ပုံသဏ္ဌာန်တော်အမှန်

ဆရာကြီး စီအက်စ်လူးဝစ် ရေးသားသော The Chronicles of Narnia: The Lion, the Witch and the Wardrobe စာအုပ်တွင် အချိန်အတော်တန်ကြာအောင် ပျောက်ကွယ်ပြီးနောက် ပြန်ပေါ်လာသော ကြီးမြတ်သောခြင်္သေ့အာစလန်ကြောင့် နာနီရာသား အားလုံးတို့ စိတ်လှုပ်ရှားခဲ့ကြသည်။ အာစလန်သည် မကောင်းဆိုးဝါး စုန်းဖြူမကြီး၏ တောင်းဆိုချက်ကို လိုက်လျော ပေးလိုက်ရ သောအခါတွင် သူတို့၏ပျော်ရွှင်မှုသည် ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ အာစလန်၏ လောလောလတ်လတ် ကျရှုံးမှုကို တွေ့ခဲ့ပြီးမှ အာစလန်၏နားကွဲလုမတတ် ဟိန်းသံကြောင့် စုန်းမကြီးသည် ကြောက်ရွံ့စွာ ထွက်ပြေးသွား သည်ကို နာနီရာသားများ မြင်လိုက်ရသည်။ အားလုံး ဆုံးရှုံးပြီဟု ထင်ရသော်လည်း အာစလန်သည် ယုတ်မာသော စုန်းမကြီးထက် စွမ်းအားကြီးမားကြောင်း သက်သေပြခဲ့သည်။

ထိုဇာတ်လမ်းထဲမှ အာစလန်၏နောက်လိုက်များ ကဲ့သို့ပင် ဧလိရှဲ၏တပည့်သည် သူနိုးလာစဥ် ရန်သူတပ်များ ဝိုင်းထားသည်ကို တွေ့ရသဖြင့်…

မတွေးတတ်လောက်အောင်ပင်

ဘာ့မေးလဒ် သည် ၂၀၀၁ ခုနှစ်တွင် အလွန်ကျော်ကြားခဲ့သော “I can only Imaginie” စဥ်းစားကြည့်ရုံသာ သီချင်းကို ရေးစပ်ခဲ့သည်။ သီချင်းလေးက ဘုရားရှင်၏ မျက်မှောက်တော်တွင် ရှိနေခြင်းက မည်မျှအံ့သြဖွယ်ကောင်းသည့်အကြောင်းကို ဖော်ပြ ထားသည်။ နောက်တစ်နှစ်တွင် ကျွန်တော်တို့၏ ၁၇နှစ်အရွယ်သမီးလေး မယ်လစ်ဇာ ကားမတော်တဆမှုဖြင့် ကွယ်လွန်သွားသောအခါ မေးလဒ်၏ စာသားများက မိသားစုအတွက် သက်သာမှုကို ဖြစ်စေပြီး ဘုရားရှင်၏မျက်မှောက်တော်တွင် သမီးလေး မည်သို့မည်ပုံ ရှိနေမည့် အကြောင်းကို ကျွန်တော်တွေးဆင်ခြင်မိသည်။

သို့သော် သမီးကွယ်လွန်ပြီး နောက်တစ်နေ့တွင် ထိုသီချင်းက ကျွန်တော့်အား အခြားတစ်နည်းဖြင့် စကားပြော ခဲ့သည်။ သမီးလေးသူငယ်ချင်း၏ဖခင်များက မေတ္တာပြလျက် ကျွန်ုပ်ထံလာပြီး ဝမ်းနည်းမှုအပြည့်ဖြင့် နာကျင်စွာဖြင့် “ခင်ဗျားဘယ်လို ဖြတ်သန်းနေရမလဲဆိုတာကို ကျွန်တော် တို့ဖြင့် တွေးတောင်မတွေးတတ်ဘူးဗျာ”ဟုပြောပါသည်။

သူတို့၏စကားက ကျွန်တော်တို့၏ ဆုံးရှုံးမှုအတွက် ကိုယ်ချင်းစာနာလျက် ညှိုးငယ်စိတ်အပြည့်ဖြင့် မတွေးရဲသော…