ချစ်ခြင်းမေတ္တာဖြင့် ဆေးကြောခြင်း
တောင်ပိုင်းကယ်လီဖိုးနီးယားရှိ အသင်းတော်ငယ်လေးတစ်ခုသည် ဘုရားသခင်၏ မေတ္တာကို လက်တွေ့ပြသရန် အခွင့်အလမ်းကို အမိအရယူခဲ့ကြသည်။ ယုံကြည်သူများ သည် ဒေသခံပင်မင်းဆိုင်တစ်ခုတွင် စုဝေးကာ ငွေကြေးအဆင်မပြေသူများအတွက် အဝတ်အစားများ လျှော်ပေးခြင်းဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။ အဝတ်လျှော်ဖွတ်ပေးရုံမက တစ်ခါတစ်ရံ ထမင်းတစ်နပ်စာနှင့် အခြောက်အခြမ်းများကို ထောက်ပံ့ပေးခဲ့သည်။
လူများနှင့် အမှန်တကယ်ထိတွေ့ဆက်ဆံရပြီး သူတို့အကြောင်းများကို ကြားရခြင်းက အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်သည်ဟု လုပ်အားပေးသူတစ်ယောက်က ဆိုသည်။ ထိုလုပ်အားပေးသူများသည် ယေရှုနှင့် ရှိသော မိတ်သဟာယကြောင့် သူတို့၏ယုံကြည်ခြင်းကို မေတ္တာ စကားနှင့် လုပ်ရပ်များအားဖြင့် ရှင်သန်ပြကာ အခြားသူများ အပေါ် စိတ်ရင်းမှန်နှင့် ပေါင်းသင်းဆက်ဆံတတ်အောင် ပြုစုပျိုးထောင်ပေးသည်။
တမန်တော်ယာကုပ်က ယုံကြည်သူတစ်ဦး၏မေတ္တာနှင့် အစေခံခြင်းကို အတည်ပြုဖော်ပြသည့် လုပ်ရပ်တိုင်းသည် စစ်မှန်သောယုံကြည်ခြင်း၏ ရလဒ်ဖြစ်သည်၊ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏” ဟု သူဆိုသည် (ယာ ၂:၁၄-၁၇)။ ယုံကြည်သည်ဟု ဝန်ခံကြေညာလိုက်ခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသားသမီး ဖြစ်စေသော်လည်း…
ဘယ်သောအခါမျှ မမေ့လျော့
ကျွန်မကလေးများ၏အတင်းအကြပ်တောင်းဆိုမှုကြောင့် အခြေခံစန္ဒရားသင်ခန်းစာကို နှစ်ပေါင်းများစွာ ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်ခဲ့ရသည်ကို သက်သေပြရန် ကျွန်မထိုင်လိုက်ပြီး စီမေဂျာစကေး ကို စတင်တီးလိုက်သည်။ အနှစ် ၂၀ နီးပါးအတွင်း စန္ဒရားကို မဆိုသလောက်သာ တီးဖြစ်ခဲ့သော်လည်း ကျွန်မမှတ်မိနေခြင်းကို အံ့အားသင့် မိသည်။ ကျွန်မအားတက်ပြီး အခြားစကေး ၇ မျိုးကို တစ်ခုပြီးတစ်ခု ဆက်တိုက် အလွတ်ဆက်တီးနိုင်သဖြင့် ကျွန်မ အလွန့်အလွန်အံ့ဩမိသည်။ နှစ်ပေါင်းများစွာ လေ့ကျင့်မှု၏ ရလဒ်ကား ကျွန်မလက်ချောင်းများ၌ ဂီတသင်္ကေတနှင့် တီးနည်းများ တံဆိတ်ခတ်ထားသလိုစွဲနေပြီး ဘယ်နေရာမှာ ဘယ်လိုတီးရမည်ကို အလိုအလျောက် သိနေသည်။
ကျွန်မတို့ ဘယ်သောအခါမျှမမေ့နိုင်သော အရာတစ်ချို့ ရှိပါသည်။ သို့သော် ဘုရားသခင်၏ သူ့သားသမီးအပေါ်ချစ်သော ချစ်ခြင်းမေတ္တာသည် တဖြည်းဖြည်း ရွေ့လျော့ ကွယ်ပျောက်သွားသော ကျွန်မတို့၏မှတ်ဉာဏ်ထက်သာ၍ နက်ရှိုင်းစွာ တံဆိပ်ခတ် ထားသည်။ အမှန်တရားမှာဖြင့် ဘုရားသခင်သည် သူတို့ကို လုံးဝမေ့လျော့နိုင်ခြင်းမရှိပါ။ တိုင်းတစ်ပါးသို့ ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံရခြင်းကြောင့်…
ကိုယ်တော့်စကား၏ ဉီးဆောင်မှုနောက်သို့
လန်ဒန်မြို့ရှိ ဘီဘီစီ အသံလွှင့်ရုံ၌ ဇာတ်စင်မန်နေဂျာ ပေါလ်အာနိုး၏ ပထမဆုံး အသံလွှင့်ခြင်း၌ ရေဒီယိုဇာတ်လမ်းတွဲများတွင် ခြေသံများကို ပြုလုပ်ရခြင်းဖြစ်သည်။ ဇာတ်ကွက်တစ်ခုအတွင်း လမ်းလျှောက်သည့်အခန်းဇာတ်ညွှန်းများကို သရုပ်ဆောင်များက ဖတ်ရွတ်နေစဉ် ပေါလ် မှာ သရုပ်ဆောင်၏စကားသံနှင့် သူ၏ခြေလှမ်းတို့ တစ်ထပ်တည်း ကျအောင် သတိထားလုပ်ဆောင်ရသည်။ “အဓိက စိန်ခေါ်မှု ကတော့ ဇာတ်လမ်းမှာ သရုပ်ဆောင်ကို လိုက်လျောပေးရ တယ်။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် အတူတကွ အလုပ်လုပ် ကြတယ်” ဟု သူက ရှင်းပြသည်။
ထိုကဲ့သို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းမျိုးကို ဆာလံ ၁၁၉ ကို ရေးသားသူ ဆာလံ ဆရာမှ ရှာဖွေခဲ့သည်။ ဆာလံ ၁၁၉ သည် ဘုရားသခင်၏စကားတော် ပညတ်များအားဖြင့် အသက်ရှင်ခြင်းကို အလေးထားဖော်ပြထားသည်။ ဆာလံ ၁၁၉:၁ တွင် “ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏”…
ကြီးမားသော အကူးအပြောင်း
“The Call of Service” စာအုပ်တွင် စာရေးသူ Robert Coles က မည်သည့် ရည်ရွယ်ချက်ဖြင့် လူတို့အစေခံကြကြောင်းကို စူးစမ်းရှာဖွေဖော်ထုတ်ထားပြီး၊ အခြားသူများကို အစေခံသည့် သက်ကြီးအမျိုးသမီးတစ်ဉီး၏အကြောင်းကို ပြောပြထားသည်။ သူမသည် ကျောင်းကားမောင်းသူဖြစ်ပြီး၊ နေ့စဥ် ကလေးများကိုအလွန်ဂရုစိုက်ပြီး ကျောင်းပို့ ကျောင်းကြို ပေးသည်။ ကလေးများ၏အိမ်စာအတွက် အမေးအဖြေ လုပ်ပေးပြီး ကလေးများ၏အောင်မြင်မှုအတွက် ဂုဏ်ပြု ပေးသည်။ “ဒီကလေးတွေ ဘဝမှာ အောင်မြင်တာကို မြင်ချင် ပါတယ်” ဟု သူမ၏ရည်ရွယ်ချက်ကို ပြောပြသည်။ သို့သော် ထိုမျှသာမက အခြားရည်ရွယ်ချက်လည်းရှိပါသေးသည်။
ထိုအမျိုးသမီးငယ်စဥ်က သူ့အဒေါ်ပြောခဲ့သည့် စကားက သူ၏ယုံကြည်ချက်ကို ဆိုးဝါးစွာ ပျက်စီးစေခဲ့သည်။ “ဘုရားသခင် ကျွန်မတို့ကို သတိထားမိအောင် ကျွန်မတို့ဘက်က တစ်ခုခုလုပ်ရမယ်။ မလုပ်ရင် ကြီးမားတဲ့အကူးအပြောင်းမှာ ကျွန်မတို့ လမ်းပျောက်သွားလိမ့်မယ်လို့ အဒေါ်ပြောဖူးတယ်” ဟု စာရေးသူ Coles…
ပေးကမ်းခြင်း၌ ကြီးထွားလာခြင်း
ကျွန်တော်၏ ၂ နှစ်အရွယ် မြေးလေးမှ ကျွန်တော့်လက်ထဲသို့ ဘူးလေးတစ်ဘူးထည့်ပေးကာ စိတ်လှုပ်ရှားစွာဖြင့် “အဖိုးအတွက်လက်ဆောင်” ဟု အော်ပြောသည်။ “သူကိုယ်တိုင် စိတ်ကြိုက် ရွေးထားတာလေ” ဟု ကျွန်တော့်မိန်းမက အပြုံးနှင့်ဆိုသည်။
ကျွန်တော် ဘူးကို ဖွင့်ကြည့်ရာ သူ့အကြိုက်ဆုံး ကာတွန်းအရုပ်ကို တွေ့ရသည်။ မြေးလေးက “ကျွန်တော်ကြည့်လို့ရမလား” ဟု စိုးရိမ်စိတ်နှင့် မေးသည်။ ထို့နောက် ကျွန်တော့်အတွက် လက်ဆောင်ဆိုသော အရုပ်ဖြင့် သူ တစ်ညနေလုံး ကစားနေခဲ့သည်ကို ကျွန်တော် ကြည့်ပြီး ပြုံးမိသည်။
ကျွန်တော် ပြုံးရခြင်းအကြောင်းမှာ ကျွန်တော် အထက်တန်းကျောင်းသားဘဝက ကျွန်တော်အလွန် နားထောင်ချင်သော (နားလည်းနားထောင်ခဲ့သော) သီချင်းခွေ ကို အစ်ကို့အား ခရစ်စမတ်လက်ဆောင်အနေဖြင့် ပေးခဲသည့် အတိတ်မှ အဖြစ်အပျက်လေးကို သတိရမိခြင်းကြောင့်ပါ။ နှစ်များစွာကြာပြီးနောက်မှ အတ္တအကျိုးမကြည့်ဘဲ ပေးကမ်းရန် ဘုရားသခင်သည် ကျွန်တော့်ကို သွန်သင်နေဆဲဖြစ်သည်ကို သိနားလည်လာသည်။
ပေးကမ်းခြင်းအရာ၌…
ခရစ်စမတ်ဧည့်သည်
၁၉၉၄ ခုနှစ် ခရစ်စမတ်နေ့ဉီးတွင် Old Brinker ဆိုသော လူတစ်ယောက်သည် အကျဉ်းထောင်ဆေးရုံတွင် သူ့ဘဝ၏နောက်ဆုံးအချိန်ဖြစ်၍ လဲလျောင်းကာ မိတ်ဆွေ အကျဉ်းသားများမှ ဉီးစီးလုပ်ဆောင်သော ခရစ်စမတ်အစီအစဉ်ကို စောင့်ဆိုင်းနေခဲ့သည်။ စူမားတြားကျွန်းဆွယ်ရှိ မွန်တော့အကျဉ်းစခန်းတွင် သူနှင့်အတူ အကျဉ်းချခံရသော William McDougall အား “တီးဝိုင်းဘယ်တော့စမှာလဲ” ဟု မေးရာ၊ McDougall က“မကြာခင်ပေါ့” ဟု ပြန်ဖြေသည်။ “ကောင်းပြီ၊ ဒါဆို သူတို့အသံကို ကောင်းကင်တမန်တွေရဲ့ သီချင်းသံနဲ့ နှိုင်းယှဉ်ကြည့်လို့ရတာပေါ့” ဟု ပြောလိုက်သည်။
Brinker သည် လွန်ခဲ့သောဆယ်နှစ်ခန့်က ယုံကြည်ခြင်းမှ ရွှေ့လျော့သွားခဲ့သော်လည်း သူ၏နောက်ဆုံး အချိန်တွင် အပြစ်ကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထံမှ ငြိမ်သက်ချမ်းသာခြင်းကို တွေ့ရှိခဲ့သည်။ တစ်ပါးသူများကို မချေမငံအကြည့်ဖြင့် နှုတ်ဆက်မည့်အစား ပြုံးပြနှုတ်ဆက် ခဲ့ခြင်းမှာ သိသာသော ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း McDougall ဆိုသည်။
Brinker တောင်းဆိုသော သီချင်းဖြစ်သည့်…
ဝန်ခံခြင်းများဖြင့် ချည်နှောင်ထားသောကြိုး
ခရစ်စမတ်နေ့တစ်ရက်တွင် အဖွားသည် ကျွန်မကို လှပသော ပုလဲဆွဲကြိုးလေးပေးခဲ့သည်။ ထိုလှပသော ပုတီးစေ့လေးများသည် ကျွန်မလည်ပင်းပေါ်တွင် တောက်ပနေခဲ့သည်။ တစ်နေ့တွင် ပုတီးကုံးကြိုးပြတ်သွားရာ ပုလဲလုံးလေးများမှာ သစ်သားကြမ်းပြင်ပေါ်သို့ ခုန်ပေါက်ပြန့်ကျဲကျသွားသည်။ ကျွန်မသည် ထိုပုလဲလုံးသေးသေးလေးများကို လေးဘက် ကုန်းလျက် တစ်လုံးစီ လိုက်ကောက်ခဲ့ရသည်။ တစ်လုံးချင်းစီ အနေဖြင့် သေးငယ်သော ပုလဲလုံးဖြစ်သော်လည်း အတူတကွ ကြိုးဖြင့် တွဲသီလိုက်သောအခါ ထိုပုလဲလေးများမှာ အလွန် နှစ်သက်ဖွယ်ကောင်းသောအရာ ဖြစ်လာေတော့သည်။
တစ်ခါတစ်ရံ ထိုပုလဲလုံးတစ်လုံးချင်းစီကဲ့သို့ ဘုရားကို ဟုတ်ကဲ့ပါ ဟု ကျွန်မဝန်ခံခဲ့သောအရာများသည် အရေးမကြီးသကဲ့သို့ ထင်မိသည်။ နာခံမှုအပြည့်အဝရှိသော ယေရှု၏မိခင်မာရိနှင့် ကျွန်မကိုယ်ကျွန်မ နှိုင်းယှဉ်ကြည့်မိ သည်။ မေရှိယကို ကိုယ်ဝန်ဆောင်ရန် ဘုရားသခင်၏ ရွေးချယ် စေစားခြင်းကို “ဟုတ်ကဲ့ပါ” ဟု သူဝန်ခံခဲ့သည်။ မာရိက “အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသော”(လု ၂:၃၈)ဟု…
ဖခင်၏ ကောင်းချီးမင်္ဂလာ
မကြာမီက ကျွန်ုပ်တို့အသင်းတော်၌ ဖခင်များနှင့်ရင်းနှီးကျွမ်းဝင်မှု အားနည်းသူများက ကျွန်ုပ်အား ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ဖခင်တစ်ယောက်ကဲ့သို့ ရပ်တည်ပြီး ၎င်းတို့ကို ကောင်းချီးပေးရန် တောင်းဆိုခဲ့သည်။ ကျွန်ုပ်ဆုတောင်းရာတွင် သားသမီးများ အပေါ် မျှော်လင့်ချက် ကြီးမားမြင့်မားစွာ ထားရှိခြင်း၊ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုကို မပေးခြင်း၊ ရပ်တည်ပေးရန် ပျက်ကွက်မှု စသည်တို့ကြောင့် သားသမီးများကို ဒဏ်ရာရနာကျင်စေသော ဖခင်၏လုပ်ရပ်များအတွက် ရှေ့ဦးစွာ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့သည်။ ထို့ပြင် ဝမ်းမြောက် ပျော်ရွှင်ခြင်း၊ ချစ်ခင်လေးစားခြင်းနှင့် ကြွယ်ဝသောချစ်ခြင်း မေတ္တာကို ခံစားရပါစေဟု ကောင်းချီးပေးကြွေးကြော်ခဲ့သည်။
ထိုသို့ဆုတောင်းကောင်းချီးပေးနေစဉ် ကျွန်ုပ်မျက်ရည်ကျခဲ့ သည်။ ထိုကောင်းချီးကို ကျွန်ုပ်လည်းလိုအပ်ဆဲဖြစ်ပြီး ကျွန်ုပ်၏ သားသမီးများလည်း အဘယ်မျှလိုအပ်လိမ့်မည်ကို နားလည်သဘောပေါက်ခဲ့သည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ဖခင်အဖြစ် ထပ်ခါထပ်ခါဖော်ပြလျက် ၎င်းသည် ပုံပျက်နေသောဖခင်၏ပုံရိပ်သဏ္ဌာန်ကို ပြန်လည်ဖော်ဆောင်ပေးသည့် အမှန်တရား ဖြစ်သည်။ ကျွန်ုပ်တို့၏ထာဝရအဘ ဖြစ်သော ဘုရားသခင်သည် ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာကို…
ပေးသူ၏ကြည်နူးဝမ်းမြောက်ဖွယ်
အကောင်းဆုံးခရစ်စမတ်လက်ဆောင်အခု ၂၀ စာရင်း၀င်သည့် အယ်မို၊ ပက်ချ်ကေ့ဒ်စ်၊ ဖာဘီစသည့် အရုပ်လက်ဆောင်များအနက် သင်မည်သည့်လက်ဆောင်ကို ရဖူးပါ သနည်း။ ထိုစာရင်းတွင် မိုနိုပိုလီ၊ နင်တင်ဒိုဂိမ်းဘွိုင်းနှင့်ဝီအားစားဂိမ်း စသည့် ကလေးများအကြိုက် လက်ဆောင်များလည်း ပါဝင်ပါသည်။
ခရစ်စမတ်အချိန်တွင် လက်ဆောင်ပေးခြင်းကို ကျွန်ုပ်တို့အားလုံး နှစ်သက်ကြသည်။ သို့သော် ပထမဉီးဆုံး ခရစ်စမတ်လက်ဆောင်ပေးခဲ့သူ ဘုရားသခင်၏ ဝမ်းသာကြည်နူးမှုနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပါ။ ထိုလက်ဆောင်သည် ကလေးသူငယ်အသွင်သဏ္ဌာန်ဖြင့် ရောက်လာပြီး ဗက်လင်မြို့နွားစားခွက်တွင် မွေးဖွားခဲ့သည် (လု ၂:၇)။
နှိမ့်ချသော မွေးဖွားခြင်းဖြစ်သော်လည်း ထိုကလေးပေါ်ထွန်းခြင်းကို ကောင်းကင်တမန်တစ်ပါးသည် အတိအလင်း ဖော်ပြခဲ့သည်။ “လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ” ဟုကြေညာခဲ့သည်။ ထိုသတင်းကို
ကြားပြောပြီးနောက် ကောင်းကင်ဗိုလ်ခြေအများတို့သည် ထင်ရှား၍ “ကောင်းကင်ဘဝဂ်ဝယ်…
ဆုံးရှုံးခြင်းသို့ မရောက်နိုင်ပါ
“ရှုံးစရာအကြောင်းမရှိ”။ ထိုစကားကို စူစန် ဘီ အန်တိုနီ (၁၈၂၀-၁၉၀၆) က အမေရိကန်နိုင်ငံတွင်းရှိ အမျိုးသမီးများအတွက် အခွင့်အရေးတောင်းဆိုရာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည့်အချိန်တွင် လူသိရှင်ကြား ပြောခဲ့သောစကားဖြစ်သည်။ သူမသည် အဆက်မပြတ် ဝေဖန်ပြောဆိုမှုကို ရင်ဆိုင်ရပြီး နောက်ပိုင်းတွင် ဖမ်းဆီးခံရကာ တရားမဝင်မဲပေးမှုဖြင့် တရားရုံးတော်တွင် အမှုရင်ဆိုင်ခဲ့ရ သည်။ သို့သော် အမျိုးသမီးများ မဲပေးခွင့်ရရန် သူမ၏ ဆောင်ရွက်ချက် မှန်ကန်သည်ဟု ယုံကြည်လျက် အရှုံး မပေးဘဲ ဆက်လကေတိုက်ပွဲဝင်ခဲ့သည်။ နောက်ဆုံးတွင် သူ၏အားထုတ်မှုရလဒ်အကျိုးကို သူမကိုယ်တိုင် မတွေ့လိုက် ရသော်လည်း သူမ၏လုပ်ရပ်နှင့်ကြွေးကြော်ချက် မှန်ကန်ခဲ့ ပါသည်။ ၁၉၂၀ ခုနှစ်တွင် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ချက် အမှတ်စဉ်(၁၉) ဖြင့် အမျိုးသမီးများ မဲပေးခွင့်ရခဲ့သည်။
နေဟမိအတွက် အရှုံးသည် သူရွေးချယ်ရမည့်အရာ မဟုတ်ခဲ့ပါ။ သူ့ဘက်၌ တန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားရှိနေသောကြောင့်ဖြစ်သည်။ ယေရုရှလင်မြို့ရိုးကို ပြန်တည်ဆောက်ခြင်းဟူသည့် သူလုပ်ရမည့်အလုပ်ကို…