နှလုံးသားပေါ်တွင်ရေးထွင်းထားသည်
ပါမောက္ခတစ်ဦးဖြစ်ခြင်းကြောင့် တပည့်များက သူတို့အတွက် ထောက်ခံစာရေးပေးရန် ကျွန်မကို မကြာခဏ တောင်းဆိုကြသည်။ ခေါင်းဆောင်မှုသင်တန်း၊ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ရန်၊ ဘွဲ့ယူရန်တို့အပြင် အလုပ်အတွက် ထောက်ခံစာရေးခိုင်းခြင်း ဖြစ်သည်။ ထိုထောက်ခံစာတစ်စောင်ချင်းစီ၌ သူတို့၏အကျင့်စာရိတ္တနှင့် အရည်အချင်း တို့ကိုထည့်သွင်းဖော်ပြလျက် သူတို့ကို ချီးမွမ်းခွင့်ရခဲ့သည်။
ရှေးခေတ်အခါက ခရစ်ယာန်များ ခရီးသွားလျှင် သူတို့နှင့်သက်ဆိုင်သော အသင်းတော်များမှ “ထောက်ခံစာ များ” ကို ကိုင်ဆောင်သွားကြရသည်။ ထိုစာများကို ကိုင်ဆောင် သွားမှသာလျှင် သူတို့အား ပျူငှာစွာ ကြိုဆိုလက်ခံကြသည်။
တမန်တော်ကြီးရှင်ပေါလုသည် ကောရိန္သု အသင်းတော်၌ ဟောပြောရှင်းပြသည့်အချိန်တွင် ထောက်ခံစာ ပြစရာမလိုဘဲ သူတို့က သူ့ကိုသိနေပြီးသားဖြစ်သည်။ ထိုအသင်းတော်သို့ ရေးပေးသော သူ၏ဒုတိယမြောက်စာတွင် စိတ်ထားဖြူစင်စွာဖြင့် ခရစ်တော်၏တရားတော်ကို ဟောပြောခြင်းသာဖြစ်ပြီး ကိုယ်ကျိုးအတွက် မဟုတ်ကြောင်း (၂ ကော ၂:၁၇) ရေးသား ခဲ့သည်။ သို့သော် သူဟောပြောရခြင်း၏ ရည်ရွယ်ချက်ကို ကာကွယ်ရန်…
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းပါ။
Mare Christinity “ခရစ်ယာန်သက်သက်သာလျှင်” ဟူသောစာအုပ်ကို ရေးသားသူ စီအက်စ်လူးဝစ် က “ဘုရားသခင်သည် အချိန်အတိုင်းအတာအတွင်း၌ တည်ရှိနေခြင်း မဟုတ်သည်မှာ သေချာသည်။ ... သူ၏အသက်တာတွင် အချိန်အခါတစ်ခုပြီးနောက် တစ်ခု အစဉ်အတိုင်းဖြစ်တည်နေခြင်းမဟုတ်ဘဲ ကမ္ဘာဦးအစကပင် တည်ရှိနေခြင်းဖြစ်သည်”ဟု ရေးသားဖော်ပြခဲ့သည်။ သဘာ၀ရာသီစက်၀န်းတို့သည်လည်း အဆုံးမရှိဘဲ တစ်ပတ်လည်ကာ ဖြစ်ပေါ်သည်။ သို့သော် အချိန်ကို စိုးမိုးပိုင်ဆိုင်သော ထာဝရဘုရားသခင်ကို ယုံကြည် ကိုးစားရန် သင်ယူသည့်အခါ ထိရှလွယ်သော ကျွန်ုပ်တို့၏ တည်ရှိတည်နေမှုသည် ကိုယ်တော်၏လက်ထဲတွင်သာ ရှိနေ သည်ကို ကျွန်ုပ်တို့ လက်ခံနိုင်ပါသည်။
ဆာလံဆရာ၏တမ်းချင်း ၁၀၂ ခု မြောက်သော ဆာလံကျမ်းတွင် သူ၏ဘဝနေ့ရက်များသည် “ရှည်လျားသော အရိပ်ကဲ့သို့” တိုတောင်းပြီး မြက်ပင်ကဲ့သို့ ညှိုးနွမ်းသော်လည်း ထာဝရဘုရားမူကား “နိစ္စထာဝရ” တည်တော်မူ၏ (:၁၁-၁၂) ဟု မြည်တမ်းခဲ့သည်။ ဆာလံဆရာသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားရလျက် ဘုရားသခင်သည်…
သံချောင်းများ၏အရှင်သခင်လား
ကားထဲသို့ ကျွန်တော်ဝင်မည်ပြုစဉ် မျက်လုံးထဲလက်ကနဲဖြစ်သွား၍ ကြည့်လိုက်ရာ ကားနောက်ဘီး၏ဘေးဖက်တွင် သံတစ်ချောင်းစိုက်ဝင်နေသည်ကို တွေ့ရလိုက်သည်။ လေထွက်သံကို နားစွင့်ကြည့်ရာ တော်ပါသေးသည်။ သံချောင်းက ပိတ်ဆို့ထားခြင်းကြောင့် လေမထွက်သဖြင့် ခဏတစ်ဖြုတ် မှေးထား၍ရသေးသည်။
တာယာဆိုင်သို့ ကားမောင်းသွားစဉ် ထိုသံချောင်း စိုက်ဝင်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘုရားရှင်သည် ကျွန်တော် မသိသည့်အန္တရာယ်မှ ကျွန်တော့်ကို ဘယ်နှစ်ရက် ဘယ်နှစ်ပတ်ကြာမျှ ကာကွယ်ပေးခဲ့သနည်းဟု ကျွန်တော် တွေးမိသည်။
တစ်ခါတစ်ရံ အရာရာကို မိမိထိန်းချုပ်နိုင်သည် ဟူသည့် ထင်ယောင်ထင်မှား လှည့်စားမှုအောက်တွင် ကျွန်တော်တို့ ဘ၀အသက်ရှင်သန်နေကြသည်။ သို့သော် ထိုအတွေးမမှန်ကြောင်း ထိုသံချောင်းက ကျွန်တော့်ကို သတိပေးနေသည်။
သို့သော် အသက်တာ၌ ထိန်းချုပ်၍မရ၊ ဆောက်တည်ရာမရဖြစ်သည့် အချိန်တွင် ယုံကြည်ကိုးစားနိုင်သော ဘုရားသခင်ရှိသည်။ ဆာလံ ၁၈ တွင် ဒါဝိဒ်သည် သူ့အား ကြည့်ရှုစောင့်ရှောက်သည့် ဘုရားသခင်အား ချီးမွမ်းထောပနာပြုသည် (:၃၄-၃၅)။ “ထိုဘုရားသခင်သည် ငါ့ကို…
သင်၏ထိုက်တန်မှု
အလွန်ပြောင်မြောက်သောစာရေးဆရာမ ကိတ်တလင်း သည် သူ့အား ပြင်းထန်စွာ ထိုးနှက်လာမှုကို အောင်နိုင်ခဲ့ပြီးနောက် သူရုန်းကန်ခဲ့ရသည့် စိတ်ဖိစီးမှုနှင့် စိတ်ဆင်းရဲမှု အကြောင်းကို ပြန်လည်ပြောပြသည်။ “ငါဟာတော်တော် အသုံးမကျတဲ့သူပဲ။ ငါဟာ လူတွေ တွေ့ချင်ခင်ချင်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး” ဟု သူခံစားနေရခြင်းကြောင့် ရုပ်ပိုင်းရုန်းကန်နေရသည်ထက် စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုက ပိုနာကျင်သည်။ ပို၍အထိနာသည်။ သူသည် ချစ်ခြင်းမေတ္တာကို ရထိုက်သူမဟုတ်၊ တစ်ပါးသူတို့ အသုံးချပြီးနောက် စွန့်ပစ်ဘေးဖယ်ခံရသူဟု ခံစားနေရသည်။
ဘုရားသခင် နားလည်ပါသည်။ ဣသရေလလူတို့ကို သိုးထိန်းတစ်ဦးကဲ့သို့ ချစ်ခြင်းမေတ္တာဖြင့် ကိုယ်တော် ထိန်းကျောင်းခဲ့သည်။ သို့သော် ကိုယ်တော်သည် မည်မျှ ထိုက်တန်သနည်းဟုမေးလျှင် “သူတို့သည် ငါ့အားအခပေးအံ့သောငှာ ငွေသုံးဆယ်ကို ချိန်ကြ၏”(ဇာ ၁၁:၁၂)။ ထိုငွေသည် ကျွန်တစ်ယောက် မတော်တဆထိခိုက်မှုဖြစ်သည့် အခါ အလုပ်ရှင်က လျော်ကြေးပေးသလောက်ပင်ဖြစ်သည် (ထွ ၂၁:၃၂)။ဘုရားသခင်အားအနိမ့်ဆုံးတန်ဖိုးဖြတ်ခြင်းသည် စော်ကားခြင်းသက်သက်ဖြစ်သည်။ “ငါ့ကို အဖိုးဖြတ်၍ ငွေများလှသည်တကား”…
ရေမှမျှော်လင့်ခြင်းဆီသို့
တွမ်နှင့်မတ်ခ်တို့၏ သာသနာလုပ်ငန်းသည် အများသူငါတို့၏အသက်တာကို လန်းဆန်း စေကြောင်း သူတို့ပြသသော ဗွီဒီယိုထဲတွင် အထင်အရှားတွေ့ရသည်။ အဝတ်အစားများ ဝတ်ဆင်ထားသော ကလေးသူငယ်များသည် အဆောက်အုံအပြင်ဘက်ရှိ အေးမြ လန်းဆန်းသော ရေပန်းအောက်တွင် ရွှင်လန်းမြူးတူးစွာ ကခုန်ရေချိုးကစားနေပြီး၊ ၄င်းသည် သူတို့၏ဘ၀တွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ တွမ်နှင့်မတ်ခ်သည် ဟေတီနိုင်ငံမှ ဒေသခံအသင်းတော်များနှင့် ပူးပေါင်းကာ ရေတွင်းများ၌ ရေသန့်စင်သည့်စနစ်ကို တပ်ဆင် ပေးသည်။ ထိုသို့ မသန့်ရှင်းသည့်ရေမှ ရောဂါကူးစက်မှုကို ကာကွယ်တားဆီးနိုင်ခဲ့ခြင်းကြောင့် လူတို့ဘ၀အဆင်ပြေကာ အသက်ကို ရှည်စေသည်။ သန့်ရှင်းလတ်ဆတ်သောရေရရှိခြင်း ကြောင့် ပြည်သူတို့၏အနာဂတ်မျှော်လင့်ချက်ရောင်ခြည် တောက်ပလျက် ရှိတော့သည်။
အစဉ်မပြတ် လန်းဆန်းမှုကို ပေးစွမ်းနိုင်သည့် အရင်းအမြစ်ကို ယောဟန် ၄ တွင် သခင်ယေရှုက “အသက်ရေ” ဟု ရည်ညွှန်းခဲ့သည်။ ပင်ပန်း၍ ရေငတ်သဖြင့် သခင်ယေရှုက ရှမာရိအမျိုးသမီးအား ငါသောက်ဖို့ရေပေးပါ (:၄-၈) ဟု မိန့်တော်မူ၏။ ထိုသို့…
ယေရှုနှင့် ကြီးမားသောဇာတ်လမ်း
စေတနာကောင်းသော သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့၏ကလေးများကို လာ၍ ထိန်းပေးရန် ကမ်းလှမ်းလာသဖြင့် ဇနီးသည်နှင့်အတူ အပြင်ထွက်ခွင့်ရခဲ့သည်။ “ရှင်တို့ စိတ်ကူးယဉ်ဆန်တဲ့ တစ်နေရာရာကို သွားသင့်တယ်” ဟု သူမက တတွတ်တွတ်ပြောသည်။ သို့သော် ထိုသို့သွားမည့်အစား လက်တွေ့ကျကျ ကုန်စုံဆိုင်တစ်ခုသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ အိမ်ပြန်ရောက်သည့်အခါ လက်ထဲမှ ကုန်စုံပစ္စည်းအထုတ်နှင့် အိတ်များကိုကြည့်ပြီး သူငယ်ချင်းက ဘာ့ကြောင့် ထူးခြားသည့် အရာတစ်ခုခု မလုပ်ခဲ့သနည်းဟု မေးသည်။ ထူးခြားသည့် လုပ်ရပ်ထက် မည်သူနှင့်အတူသွားသည်၊ ရှိနေသည် ဆိုသည်က ပို၍အရေးကြီးကြောင်း ကျွန်တော်တို့ပြန်ဖြေလိုက်သည်။
ဘုရားသခင်မှ တိုက်ရိုက်ပြောဆိုခြင်း၊ လုပ်ဆောင်ခြင်းကို မှတ်တမ်းတင်ထားခြင်းမရှိသည့် ကျမ်းအနည်းငယ် ရှိပြီး ၄င်းတို့အနက် ရုသဝတ္ထုကို အလွန်ရိုးရှင်းစွာ ရေးသားထားသည်။ ထို့ကြောင့် အချို့က ထိုကျမ်းကို လူနှစ်ဦး၏သမားရိုးကျ တွေ့ဆုံပေါင်းသင်းသည့် ဖြစ်လေ့ဖြစ်ထရှိသော ဇာတ်လမ်းတစ်ပုဒ်အဖြစ်သာ ဖတ်ရှုကြသည်။
စင်စစ် ထူးခြားချက်တစ်ခုရှိနေသည်။ ရုသဝတ္ထု၏ နောက်ဆုံးအခန်းတွင်…
ဘုရားသခင်ထံ တောင်းလျှောက်ပါ
ကျွန်မ၏ခင်ပွန်း ဒန်သည် ကင်ဆာရောဂါဖြစ်နေသည်ကို သိရှိရသည့်အခါ သူ၏ရောဂါကို ကုသပေးရန် ဘုရားသခင်ထံ နည်းလမ်းမှန်ကန်စွာ မည်ကဲ့သို့ တောင်းလျှောက်ရမည်ကို ကျွန်မ မသိပါ။ ကျွန်မတွေ့မြင်ရသလောက်ပြောရလျှင် ဤကမ္ဘာပေါ်ရှိ အခြားသူများ သည်လည်း စစ်ဘေးအန္တရာယ်၊ အစာခေါင်းပါးခြင်း၊ ဆင်းရဲမွဲတေခြင်း၊ သဘာ၀ဘေး အန္တရာယ်များ စသည်တို့နှင့် ကြုံတွေ့နေကြရသည်ပင်။ တစ်နေ့သော နံနက်ခင်း၌ ဆုတောင်း၀တ်ပြုနေစဥ် ကျွန်မ၏ ခင်ပွန်းထံမှ “အို အဘဘုရားသခင်၊ ကျွန်တော်၏ရောဂါကို ပျောက်ကင်းစေတော်မူပါ” ဟု နူးညွတ်နှိမ့်ချစွာ ရေရွတ်သည့် အသံကို ကြားလိုက်ရသည်။
၄င်းသည် ရိုးစင်းသောတောင်းဆိုမှု ဖြစ်သော်လည်း နှလုံးသားထဲမှ ခံစားမှုအပြည့်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျွန်မ၏ရှုပ်ထွေးသောဆုတောင်းများကို ရပ်တန့်လိုက်ရန် သတိပေးလာသည်။ အကြောင်းမှာ ဖြောင့်မတ်စွာ မစမှု တောင်းခံခြင်းကို ဘုရားရှင် နားညောင်းခြင်းကြောင့်ဖြစ်သည်။ ဒါဝိဒ်သည် ရိုးသားစွာဖြင့် “အိုထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို…
ကြောက်ရွံ့မှုကို ကျော်လွှားခြင်း
ကြောက်ရွံ့ခြင်းက လူတစ်ယောက်၏အသက်တာကို ၃၂ နှစ်ခန့်မျှ လွှမ်းမိုးခဲ့သည်။ သူကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုကြောင့် အဖမ်းခံရမှာကြောက်ပြီး သူ့အမ၏လယ်တဲ၌ ပုန်းအောင်းနေပြီး မည်သည့်နေရာသို့မျှ မသွားရဲ၊ မည်သူ့ထံသို့မျှလည်း မလည်မပတ်ရဲ၊ မိခင်ကြီး၏အသုဘသို့ပင် မသွားရဲလောက်အောင် ကြောက်စိတ်က ဖိစီးခဲ့သည်။ သူ့အသက် ၆၄ နှစ် ပြည့်သည့်တိုင်အောင် သူ့အား မည်သူမျှ တရားစွဲဆိုခြင်းမပြုသည်ကို သူသိရှိပြီးနောက် သူသည် ပုံမှန် အတိုင်းပင် အသက်ရှင်နေထိုင်သွားခဲ့သည်။ အပြစ်ဒဏ် ခံရမည့်အတွေးက သူ့အား အမှန်ခြောက်လှန့်ခဲ့သော်လည်း ကြောက်စိတ်များ သူ့အား လွှမ်းမိုးစေရန် သူကိုယ်တိုင်က ခွင့်ပြုထားခြင်းဖြစ်သည်။
ထိုနည်းတူ ဧလာချိုင့်တွင် ဖိလိတ္တိလူတို့၏ စိန်ခေါ်မှုကြောင့် ဣသရေလလူတို့အပေါ် ကြောက်စိတ်က လွှမ်းမိုးခဲ့သည်။ ခြိမ်းခြောက်မှုက အမှန်အကန်ပါ။ နောက်ပြောင် နေခြင်း မဟုတ်ပါ။ သူတို့၏ရန်သူ ဂေါလျတ်သည် အရပ် ၉ပေ ၉ လက်မ ရှိပြီး သူ၏စစ်ဝတ်တန်ဆာချည်းပင်လျှင် အလေးချိန်…
ပယ်ဖျက်ပြီးသည့် ကြွေးမြီများ
၂၀၀၉ ခုနှစ်တွင် လော့စ်အိန်ဂျလိမြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ သားသမီးများ ထောင်ကျလျှင် မိဘများပေးဆောင်ရမည့်ဒဏ်ငွေများကို ကောက်ခံခြင်းမပြုတော့ဟု ထုတ်ပြန်ကြေညာ ခဲ့သည်။ ဒဏ်ငွေကို အသစ်ထပ်မံပေးဆောင်စရာမလိုသော်လည်း သတင်းမထုတ်ပြန်မီအထိ ပေးဆောင်ရန် ကျန်ရှိသောအကြွေးများကိုမူ ပြန်လည်တွက်ချက်၍ ကောက်ခံပါသည်။ ၂၀၁၈ ခုနှစ်တွင်မူကား ပေးဆောင်ရန် ကျန်ရှိသောအကြွေးများ အားလုံးကို မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ လုံးဝပယ်ဖျက်ပေး လိုက်သည်။
ထိုကဲ့သို့ အကြွေးများကို ပယ်ဖျက်ပေးခြင်း အားဖြင့် အချို့မိသားစုများသည် ခက်ခဲစွာအသက်ရှင် ရုန်းကန်နေရခြင်းမှ သက်သာခွင့်ရပြီး အပေါင်ခံထားသော မြေယာနှင့် အိမ်များအတွက် ပေးဆပ်နေရသည့်ငွေကို မိသားစု အတွက် စားစရာဟင်းလျာများ ပိုမိုဝယ်ယူ စားသောက်နိုင် တော့သည်။ ထိုသို့သောအခက်အခဲများမှ သက်သာခွင့်ရစေရန် ဘုရားသခင်က ၇ နှစ် တစ်ကြိမ် အကြွေးများကိုလျှော်ပစ်ရန် တိုက်တွန်းခဲ့သည် (တရား ၁၅:၂)။ ဘုရားသခင်သည် သူ၏လူမျိုးတော်များ ထိုကြွေးမြီများ၏ဒဏ်ကို လူးလှိမ့်ခံစားနေရသည်ကို မလိုလားပေ။
ဣသရေလလူမျိုးတို့သည် သူတို့၏အမျိုးသားချင်းထံသို့ ငွေချေးငှားပါက…
အဆုံးရှိ ကျေးဇူးတရား
ပန်းပုပညာရှင် Doug Merkey ၏ ပြောင်မြောက်သောလက်ရာ Ruthless Trust ပန်းပုရုပ်သည် သစ်ကြားပင်အသားနှင့် ပြုလုပ်ထားသော လက်ဝါးကပ်ကိုင်အား အတင်း ကုပ်ကပ်ဖက်တွယ်ထားသော ကြေးသွန်းလူပုံဖြစ်သည်။ “ဤပုံသည် ခရစ်တော်နှင့် ဧဝံဂေလိ တရားအပေါ် လုံးလုံးလျားလျားနှင့် အနှောင်အဖွဲ့ကင်းစွာ ရင်းနှီးကျွမ်းဝင်မှု၊ အမှီသဟဲပြုမှု၊ ဘဝအသက်တာအတွက် မပြောင်းမလဲ၊ သင့်လျော် မှန်ကန်သည့် ကိုယ်နေဟန်ထားကို ပြသသည့် ရိုးရှင်းသောသရုပ် ဖြစ်သည်” ဟု သူရေးသားထားသည်။
မာ ၅:၂၅-၃၄ ၌ အမည်မသိရသောအမျိုးသမီး၏ အပြုအမူနှင့်ပြောစကားတို့၌ ဤသို့သောယုံကြည်ကိုးစားမှုမျိုးကို ပေါ်လွင်နေကြောင်း တွေ့ရသည်။ သူ့ဘဝသည် ၁၂ နှစ် ကြာမျှ ဖရိုဖရဲဖြစ်ခဲ့ရသည် (:၂၅)။ “များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍ ဥစ္စာရှိသမျှကုန်သော်လည်း သက်သာမရသည်သာမက အနာတိုးလာသည်” (:၂၆)။ သို့သော် ရှင်ယေရှုအကြောင်းကိုကြားရသော် ကိုယ်တော့်ထံပါး ချဥ်းကပ်လျက် အ၀တ်တော်ကို တို့လိုက်သည်။ သို့နှင့်…