အမျိုးအစား  |  odb

ကျွန်ုပ်တို့ကို လမ်းပြသောအလင်း

ပြတိုက်တွင် ရှေးဟောင်းမီးအိမ်များကို ပြသထားသည့်နေရာအနီးတွင် ကျွန်ုပ် တရစ်ဝဲဝဲ ရှိနေသည်။ ထိုမီးအိမ်များသည် အစ္စရေးနိုင်ငံမှဖြစ်ကြောင်း ဆိုင်းဘုတ်တွင် ဖော်ပြထား သည်။ အဝေ့အဝိုက်များနှင့် အလှဆင်ထားသော ဘဲဥပုံမြေအိုးမှာ အပေါက်နှစ်ခုရှိ၍ တစ်ခုမှာ လောင်စာထည့်ရန်ဖြစ်ပြီး ကျန်တစ်ခုမှာ မီးစာအတွက် ဖြစ်သည်။ အစ္စရေးလူမျိုး တို့သည် ၎င်းတို့ကို နံရံ၌မြှုပ်ပြီး မီးထွန်းလေ့ရှိသော်လည်း ၎င်းတို့သည် လက်ဖဝါးပေါ်တင်နိုင်သည့်အရွယ်သာရှိသည်။

ဤမီးအိမ်ကဲ့သို့သော အလင်းသေးသေးလေးက ဒါဝိဒ်ကို “ကိုယ်တော်သည် ကျွန်ုပ်၏မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော် မူ၏” (၂ ရာ ၂၂:၂၉) ဟူသော ချီးမွမ်းသီချင်း ရေးစပ်ရန် အားပေးလှုံ့ဆော်ခဲ့ပုံပေါ်သည်။ တိုက်ပွဲ၌ အောင်မြင်ရသော အခွင့်ကို ဘုရားသခင်ပေးသောအခါ ဒါဝိဒ်သည် ဤစာသား များကို သီဆိုခဲ့သည်။ နိုင်ငံအတွင်းရော ပြင်ပတွင် ပါရှိသည့် ပုန်ကန်ထကြွသူများက သူ့ကိုလုပ်ကြံရန် ချောင်းမြောင်းကြ သည်။ ဘုရားသခင်နှင့်…

ကျေးဇူးတရားကိုသိသော စိတ်ထား

အမေရိကန်ပြည်ထောင်စုရှိ ကျွန်ုပ်နေထိုင်သောပြည်နယ်၏ ဆောင်းရာသီမှာ အပူချိန် သုညဒီဂရီအောက်ရှိပြီး နှင်းအဆက်မပြတ်ကျသည်။ ရာသီဥတုက အလွန်ပြင်းထန်သည်။ အသည်းခိုက်အောင်အေးသောနေ့တစ်နေ့တွင် ဂေါ်ပြားနှင့် နှင်းကော်နေစဉ် စာပို့သမားက ခဏလေးရပ်ပြီး ကျွန်ုပ်ကို အဆင်ပြေမပြေ မေးရှာသည်။ “ကျွန်တော်က ဆောင်းရာသီကို လုံးဝမကြိုက်ဘူး၊ ထူထပ်တဲ့နှင်းတွေကြောင့် အတော်လေး စိတ်ပင်ပန်းရတယ်”ဟု သူ့ကို ပြောလိုက်သည်။ ဤသို့ပြင်းထန်လှသည့်ရာသီဥတုတွင် သူ့အလုပ်ကလည်း အတော်လေး မလွယ်ဟု သုံးသပ်လိုက်ရာ၊ သူက “ဟုတ်တယ်။ ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့်မှာအလုပ်ရှိတယ်။ အလုပ်မရှိတဲ့သူတွေ အများကြီးပဲလေ။ အလုပ်လုပ်နေရလို့ ကျေးဇူးတင်တယ်” ဟု သူတုံ့ပြန်ခဲ့သည်။

သူ၏ကျေးဇူးသိတတ်သည့် စိတ်ထားကြောင့် ကျွန်ုပ်မှာအပြစ်ရှိကြောင်း ပေါ်လွင်သွားသည်။ ဘဝ၏ အခြေအနေများ မသာမယာဖြစ်လာသောအခါ ကျေးဇူး တင်ရမည့် အရာအားလုံးကို အလွယ်တကူပင် ကျွန်ုပ်တို့ မမြင်နိုင်အောင် ဖြစ်သွားနိုင်သည်။

ကောလောသဲမြို့ရှိ ခရစ်တော်နောက်တော်လိုက် များကို “သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်း အုပ်စိုးစေ။…

ပေးသနားသူကို မမေ့ပါနှင့်

ခရစ်စမတ်မတိုင်မီအချိန်ဖြစ်ပြီး သူ့ကလေးများသည် ကျေးဇူးတရားနှင့်ပတ်သက်၍ အခက်တွေ့နေသည့် အချိန်ဖြစ်သည်။ ထိုသို့သောအတွေးမျိုးဖြင့် အလွယ်တကူအတွေး ချော်သွားနိုင်သည်ကို သူသိသော်လည်း ကလေးများ၏နှလုံးသားအတွက် ပိုကောင်းသော အရာကို သူအလိုရှိကြောင်းကိုလည်း သူသိနေသည်။ သို့နှင့် သူသည် အိမ်အနှံ့ မီးခလုတ်၊ စားစရာများထည့်ထားသည့်ဗီရို၊ ရေခဲသေတ္တာတံခါးရွက်၊ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်၊ ရေပိုက်ခေါင်း စသည်တို့ အပေါ်တွင် အနီရောင်ဖဲပြားလေးများ လိုက်ကပ်ထားလိုက်
သည်။ ဖဲပြားတစ်ခုချင်းစီနှင့်အတူ “ငါတို့အတွက် ဘုရားပေးထားတဲ့ လက်ဆောင်အချို့ကို လွယ်လွယ်နဲ့ မမြင်လိုက်တာ မျိုးဖြစ်တတ်တယ်။ ဒါကြောင့် အဲဒီလက်ဆောင် တွေအပေါ်မှာ ဖဲပြားတွေ လိုက်ကပ်ထားတာ။ ဘုရားသခင်ဟာ ငါတို့မိသားစုအပေါ်မှာ သိပ်ကောင်းမြတ်တယ်။ လက်ဆောင်တွေ ဘယ်ကလာလဲဆိုတာကို မမေ့ကြစို့နဲ့” ဟု လက်နှင့်ရေးထားသည့် စာတိုလေးများပါရှိသည်။

တရားဟောရာကျမ်း ၆ တွင် အနာဂတ် ဣသရေလနိုင်ငံတော်တည်ထောင်ရေး၌ အခိုင်အမာရှိပြီးသား နယ်မြေအချို့ကို သိမ်းပိုက်အောင်နိုင်ရေးက တစ်စိတ်တစ်ပိုင်း ပါဝင် သည်။…

အထက်မှလာသောလက်ဆောင်

ရှေးပုံပြင်ဟောင်းတစ်ခု၌ ဆင်းရဲလွန်းသည့်ဖခင်တစ်ဦးသည် သူ့သမီးသုံးယောက်ကို မကျွေးမွေးနိုင်ကြောင်း၊ သမီးများ၏အနာဂတ်အတွက် အိမ်ထောင်ချပေးရန် မင်္ဂလာစရိတ် မတတ်နိုင်ကြောင်းကို (အေဒီ ၂၇၀ တွင် မွေးဖွားခဲ့သည့်) နိကောလပ်စ်အမည်ရှိ လူတစ်ဦးက ကြားသိခဲ့ရသည်။ ထိုဖခင်ကို ကူညီလိုသော်လည်း လူမသိစေလိုသည့်အတွက် ရွှေအိတ်တစ်လုံးကို ပွင့်နေသော ပြတင်းပေါက်မှပစ်ပေးလိုက်ရာ ခြေအိတ်တစ်ဖက်ထဲ (သို့) မီးလင်းဖိုနားအခြောက်ခံထားသောရှူးဖိနပ်ထဲ ဝင်သွားသည်။ ထိုသူကား စိန့်နိကောလပ်စ်ဖြစ်ပြီး နောက်ပိုင်းတွင် စန်တာကလော့ဖြစ်လာစေသည့် အားပေးလှုံ့ဆော်မှု ဖြစ်ခဲ့သည်။

အထက်အရပ်မှလာသော လက်ဆောင်အကြောင်း ပုံပြင်ကို ကျွန်ုပ်ကြားရသောအခါ ချစ်ခြင်းမေတ္တာ၊ သနား ကရုဏာ အရင်းခံကာ ကြီးမြတ်ဆုံးသောလက်ဆောင်ဖြစ်သည့် သားတော်ဘုရားကို အံ့သြဖွယ်ဖွားမြင်တော်မူခြင်းဖြင့် လောကသို့ ပို့ဆောင်ပေးလိုက်သည့် ခမည်းတော်ဘုရားသခင် အကြောင်းကို စဉ်းစားမိသည်။ အပျိုကညာသည် ပဋိသန္ဓေစွဲယူပြီး သားယောက်ျားကို ဖွားမြင်ကာ ထိုသားကို ဧမာနွေလ၊ အနက်ကား “ငါတို့နှင့်အတူရှိတော်မူသောဘုရား” အမည်ဖြင့်ခေါ်တော်မူမည်ဆိုသော ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုချက်ကို သခင်ယေရှု ပြည့်စုံစေခဲ့ကြောင်း…

တမင်ရည်ရွယ်ထားသောကြင်နာမှု

လေယာဉ်ပေါ်တွင် ကလေးနှစ်ယောက်နှင့် လုံးချာလိုက်နေသော အသက်ခပ်ငယ်ငယ်သာ ရှိသေးသည့် မိခင်ဂျက်စီကာခမျာ သုံးနှစ်သမီးငယ်၏ ကန်ကျောက်ငိုယိုနေမှုကြောင့် ကလေးစိတ်ပြေအောင် စိတ်ပင်ပန်းကြီးစွာနှင့် ကြိုးစားချော့မော့နေရသည်။ ထို့နောက်တွင် လေးလအရွယ် သားလေးကလည်း ဆာဆာနှင့် စငိုတော့သည်။

သမီးကို ထိုင်ခုံခါးပတ် ပတ်ပေးနေစဉ် သူ့ဘေးတွင် နေရာကျသောခရီးသည်က လသားကလေးကို ကူချီပေးသည်။ ထို့နောက် လသားလေးအား ဂျက်စီကာနို့ချိုတိုက်နေစဉ် နံဘေးရှိ ခရီးသည်ကပင် လမ်းလျှောက်တတ်စသမီးနှင့်အတူ ဆေးရောင်ခြယ်ခဲ့သည်။ သူလည်း ကလေးအဖေဖြစ်စက သူ့ဘဝအကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။ နောက် လေယာဉ် တစ်စီးပြောင်းစီးရချိန်၌လည်း ထိုသူကပင် လိုအပ် ပါက အကူအညီပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

“ဒီအဖြစ်မှာ ဘုရားသခင်ရဲ့လက်တော်ကို ကျွန်မ တကယ်ပဲ ကျေးဇူးတင်တယ်။ ကျွန်မတို့တတွေ ဘယ်သူမဆိုရဲ့ဘေးမှာ နေရာကျနိုင်တယ်။ ဒါပေမယ့် ကျွန်မတွေ့ဖူးသမျှထဲမှာမှ သဘောအကောင်းဆုံးသူရဲ့ဘေးမှာ ကျွန်မတို့ နေရာရခဲ့တယ်” ဟူ၍ ဂျက်စီကာ ပြန်ပြောင်းပြောပြခဲ့သည်။

တမင်ရည်ရွယ်ထားသော ကြင်နာမှု…

အပြစ်တင်ခြင်းမှ လွတ်မြောက်ခြင်း

ဇနီးမောင်နှံနှစ်ဦးသည် ခြောက်သွေ့သော မြောက်ကယ်လီဖိုးနီးယားကိုဖြတ်၍ ကားမောင်းလာစဉ် ကားဘီးပေါက်သွားပြီး လမ်းမျက်နှာပြင်နှင့် ကားဘီးခွေတို့ ပွတ်ဆွဲသံကို ကြားလိုက် ရသည်။ ယင်းမှလွှင့်စင်လာသည့် မီးပွားလေးက ဧက ၂၃၀,၀၀၀ နီးပါး လောင်ကျွမ်းခဲ့သည့် ၂၀၁၈ ခါးရ် တောမီး​လောင်မှုကို ဖြစ်စေခဲ့ပြီး နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီးကာ၊ လူအတော်များများ သေဆုံးခဲ့ ရသည်။

ထိုမောင်နှံနှစ်ဦးသည် ဝမ်းနည်းမှုဖြင့် စိတ်ဖိစီးခံနေ ရကြောင်း တောမီးကြောင့် အသက်မသေဘဲ ကျန်ရစ်သူများက ကြားသော် “ရှက်စိတ်နှင့်စိတ်ပျက်အားငယ်မှုတို့ လွှမ်းခြုံနေသူ ကို ကျေးဇူးပြုလျက် အကြင်နာတရားပြ” ဟူသည့်ဖေ့စ်ဘွတ် စာမျက်နှာတစ်ခု ထောင်ခဲ့သည်။ အမျိုးသမီးကြီးတစ်ဦးက “မီးကြောင့် နေအိမ်ဆုံးရှုံးသွားရတဲ့သူတစ်ဦးအနေနဲ့... ငါရဲ့ မိသားစုနဲ့ အခြားနစ်နာသူတွေလည်း မင်းတို့ကို အပြစ်မတင် ပါဘူးဆိုတာကို သိစေချင်တယ်။... မတော်တဆဆိုတာဖြစ်တတ် ပါတယ်။ ဒီသတင်းစကားလေးက မင်းတို့ရဲ့ဖိစီးမှုဝန်ကို သက်သာစေမယ်လို့ ငါတကယ်ပဲ မျှော်လင့်ပါတယ်။…

ပျောက်သွားသောစာအိတ်

မိသားစုလိုက် အခြားပြည်နယ်တစ်ခုသို့ သွားလည်ပြီး အပြန်လမ်းပေါ် ကားကိုဓာတ်ဆီ ဝင်ဖြည့်စဉ် မြေပေါ်တွင် ညစ်ပေသည့်စာအိတ်ကြီးတစ်လုံးကို တွေ့ရှိခဲ့သည်။ ကျွန်ုပ် ကောက်လိုက်ပြီး ဖုန်ခါကာ စာအိတ်ထဲကြည့်လိုက်ရာ ဒေါ်လာတစ်ရာကို တွေ့လိုက်ရ၍ အံ့သြသွားရသည်။

ဒေါ်လာတစ်ရာ ပျောက်သွားသူသည် ချက်ချင်းပင် ထိတ်ထိတ်ပျာပျာနှင့် ရှာဖွေမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးဦးက ငွေများကိုပြန်လာရှာလျှင် ဆက်သွယ်ရန် ကျွန်ုပ်၏ဖုန်းနံပါတ်ကို ဓာတ်ဆီဆိုင်ရှိ အလုပ်သမားကို ပေးခဲ့သည်။ သို့သော်တစ်ဦးတစ်ယောက်မှ မဆက်သွယ်လာပါ။

လူတစ်ဦးက ထိုငွေများကို ပိုင်ဆိုင်ခဲ့ပြီး ပျောက်ဆုံး ခဲ့ရသည်။ လောကဥစ္စာများသည် ရံဖန်ရံခါ ၎င်းနှင့်တူ၏။ ပျက်စီးဆုံးရှုံးနိုင်သည်၊ အခိုးခံရနိုင်သည်၊ အချည်းနှီးဖြုန်းတီး ပစ်လိုက်နိုင်သည်။ ကျွန်ုပ်တို့ ထိန်းချုပ်၍မရသော ငွေကြေး ဈေးကွက် (သို့) မှားယွင်းသောရင်းနှီးမြှုပ်နှံမှုကြောင့် ဆုံးရှုံးရနိုင်သည်။ သို့သော် ယေရှုခရစ်၌ရှိသော ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်သောဆက်ဆံရေးနှင့် ထာဝရ အသက် ကတိတော်ဟူသည့် ကောင်းကင်ဘဏ္ဍာကား ထိုသို့မဟုတ်၊ ၎င်းကို ဓာတ်ဆီဆိုင်…

ချစ်ခြင်းမေတ္တာ၏ အခြားတစ်ဘက်

ခရစ်တော်၏ခေတ်အချိန်က ရောမတည်းခိုခန်းများသည် ဂုဏ်သတင်းဆိုးရွားလှ၍ တည်းခိုခန်း၌ ကျွဲနွားများထားရန်ကိုပင် ရဗ္ဗိများ ခွင့်မပြုခဲ့ပေ။ ထိုဆိုးရွားသည့် အခြေအနေများကြောင့် ခရစ်ယာန်ခရီးသွားများသည် အခြားယုံကြည်သူချင်းထံမှ ဧည့်ဝတ်ပြုခြင်းကို များသောအားဖြင့် မျှော်လင့်ရှာဖွေကြသည်။

ထိုခရီးသွားများကြားတွင် ခရစ်တော်၏မေရှိယ ဖြစ်ခြင်းကို လက်မခံသော ဆရာအတုအယောင်များလည်း ပါသည်။ ထို့ကြောင့်ပင် ဧည့်သည်ကိုလက်မခံ၊ ဧည့်ဝတ်မပြု ရမည့်အချိန်ရှိသည်ဟု စာဖတ်သူများကို ရှင်ယောဟန် သြဝါဒစာဒုတိယစာစောင်က ပြောထားသည်။ ဤဆရာ အတုအယောင်များသည် “ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူ အန္တိခရစ်” (၁ ယော ၂:၂၂) ဖြစ်သည်ဟု ရှင်ယောဟန်က ပထမစာတစ်စောင်တွင် ရေးသားခဲ့သည်။ ယေရှုသည် မေရှိယကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်သူတိုင်း သည် “ခမည်းတော်နှင့် သားတော်ကိုသိ၏”ဟု ၂ ယော တွင် သူက တစ်ဆင့်မြင့်ပြီး စာဖတ်သူများကို ပြောကြားခဲ့သည်(:၉)။

ထို့နောက် သူ သတိပေးပြန်သည်။ “ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင်…

မျှော်လင့်ခြင်းရှိရဲ့လား

အက်ဒွက် ဖေဆန် (၁၇၈၃-၁၈၂၇) ၏ ဘဝက ခက်ခဲကြမ်းတမ်းလွန်းလှသည်။ သူ့ညီငယ် သေဆုံးသွားသောအခါ သူအတော့်ကို တုန်လှုပ်ခဲ့သည်။ စိတ်ကယောက်ကယက်ဖြစ်လျက် ပြင်းထန်သည့် ခေါင်းကိုက်ဝေဒနာကိုလည်း နေ့ရက်များစွာ ခံစားခဲ့ရသည်။ ထိုမျှ မကသေးပါ။ မြင်းပေါ်မှပြုတ်ကျ၍ လက်တစ်ဖက် သေသွားသည်။ တီဘီရောဂါဖြင့် သေလုနီးပါး ဖြစ်ခဲ့သေးသည်။ သို့သော် အံ့သြစရာမှာ သူသည် စိတ်မပျက် အားမငယ်၊ မျှော်လင့်ခြင်း မမဲ့ခဲ့ပါ။ သူ့မိတ်ဆွေများက အက်ဒွက် မကွယ်လွန်မီတွင် သူလွန်စွာ ပျော်ရွှင်ခဲ့ကြောင်း ပြောပြကြ သည်။ မည်သို့ဖြစ်နိုင်မည်နည်း။

ရောမမြို့ရှိ ယုံကြည်သူများထံ ရေးသောစာတွင် တမန်တော်ရှင်ပေါလုက အခြေအနေမည်သို့ပင်ရှိပါလေစေ ဘုရားသခင်၏မေတ္တာတော်ကို အကြွင်းမဲ့ဥဿုံယုံကြည်မှု ရှိကြောင်း ဖော်ပြခဲ့သည်။ “ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဘက်၌ နေနိုင် မည်နည်း” (ရော ၈:၃၁) ဟူ၍ ရဲရင့်စွာ မေးခွန်းထုတ်ခဲ့သည်။ ကျွန်ုပ်တို့ကို…

အနုစိတ် ထွင်းထုထားသည်

နယူးယောက်မြို့တော်၊ ဂိုရှန်အရပ်ရှိ ဒိန်ခဲထုတ်လုပ်သူ အယ်လင်ဂလပ်စ်တော့ဖ် က သူ၏နှစ်ချို့ဒိန်ခဲ ထုတ်လုပ်ပုံ အဆင့်ဆင့်၊ ဒိန်ခဲ၌အရသာထည့်ပုံ၊ ဒိန်ခဲမျက်နှာပြင် အနေအထား ပြုလုပ်ပုံအဆင့်ဆင့်ကို ယူကျူ့ ဗီဒီယို၌ ဖော်ပြထားသည်။ ဈေးကွက်ထဲသို့ မပို့ဆောင်မီ ဒိန်ခဲအတုံးတိုင်းကို မြေအောက်ခန်းလှိုဏ်ဂူထဲရှိ စင်ပေါ်တွင် ခြောက်လမှ တစ်နှစ်အထိ ထားထားရသည်။ ဤစိုထိုင်းဆရှိသည့် ပတ်ဝန်းကျင်တွင် ဒိန်ခဲများကို ဂရုတစိုက် စောင့်ရှောက် ရသည်။ ‘‘စစ်မှန်တဲ့ အရသာနဲ့ ကောင်းတဲ့ဒိန်ခဲတစ်တုံးဖြစ်လာအောင် မှန်ကန်တဲ့ ပတ်ဝန်းကျင်မှာ ရှိနေဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားကြရတယ်’’ဟု ဂလပ်စ်တော့ဖ် က ရှင်းပြသည်။

ဂလပ်စ်တော့ဖ် က သူထုတ်လုပ်သည့်ဒိန်ခဲကို အကောင်းဆုံး အရသာရှိစေလိုသည်။ သူ့စိတ်ဆန္ဒက သူ့သားသမီးများ အသီးသီးပြီး ရင့်ကျက်သူများဖြစ်လာ အောင်၊ သူ့သားသမီးများ၏ ‘‘စစ်မှန်သော အလားအလာ’’ ရှိသည့်အတိုင်း ပြုစုပျိုးထောင်လိုသည့် ဘုရားသခင်၏ စိတ်ဇောအဟုန်ကို အမှတ်ရစေသည်။ တမန်တော်…