အမျိုးအစား  |  odb

အန္တရာယ်များသောအရာဝတ္ထုများ

နားကွဲလုမတတ် ဥသြဆွဲသံက ကျယ်လောင်လာပြီး အရေးပေါ်ကားတစ်စီးသည် ကျွန်ုပ်ကားဘေးမှ အရှိန်နှင့်ဖြတ်သွားသည်။ အရေးပေါ်ကားမှ တောက်ပသော အလင်းရောင်ကြောင့် ‘‘အန္တရာယ်များသော အရာဝတ္ထုများ’’ဟု ရောင်ပြန်ဖြင့် ရိုက်နှိပ် ထားသည့် ကားဘေးမှစာတန်းကို မြင်လိုက်ရသည်။ ယင်းကားသည် ဆာဖျူရစ် အက်ဆစ် ဂါလံ ၄၀၀ ပုံးကို သယ်ဆောင်လာပြီး ယိုစိမ့်မှု ဖြစ်နေသောကြောင့် သိပ္ပံဓာတ်ခွဲခန်းဆီသို့ အရှိန်နှင့် မောင်းသွားကြောင်း နောက်ပိုင်းမှ ကျွန်ုပ်ပြန်သိရသည်။ အက်ဆစ်နှင့် ထိမိသည့် အရာအားလုံးကို ပျက်စီးစေနိုင်သည့် အတွက် အရေးပေါ်လုပ်သားများက ယိုစိမ့်မှုမရှိအောင် ချက်ချင်း အရေးယူလုပ်ဆောင်ရခြင်းဖြစ်သည်။

ဤသတင်းကို ကျွန်ုပ်ပြန်ပြီး စဉ်းစားဆင်ခြင်သော် ကျွန်ုပ်၏နှုတ်မှ ပျစ်ပျစ်နှစ်နှစ် ဝေဖန်စကားများ ‘‘စိမ့်’’ ထွက် လာတိုင်း အချက်ပေးဥသြသံမြည်လာပါက ဘာတွေများ ဖြစ်လာမည်နည်းဟု တွေးမိသည်။ ဝမ်းနည်းစရာပင်၊ ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့၏ အိမ်ဝန်းကျင်၌ အတော်ပင် ဆူညံပွက်လော ရိုက်နေပေမည်။

ပရောဖက်ဟေရှာယက…

စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ပါ၏

ဇယ်ဗီးယား ၏ ပထမဆုံး အလုပ်အင်တာဗျူးအတွက် ပြင်ဆင်ရာ ကျွန်မ၏ခင်ပွန်း အယ်လင် က သားကို သူ၏အနာဂတ်အလုပ်ရှင်များနှင့်တွေ့ပြီး အင်တာဗျူးပြီးမှ ပေးရန် ကျေးဇူးတင်ကဒ်များပါသည့် အထုပ်တစ်ထုပ် ပေးခဲ့သည်။ ထို့နောက် သူက အလုပ်သမား ငှားရမ်းမည့် အလုပ်ရှင်သဖွယ် သရုပ်ဆောင်ပြီး သူ၏ နှစ်ပေါင်း များစွာသော မန်နေဂျာအတွေ့အကြုံကို သုံးကာ ဇယ်ဗီးယား ကို မေးခွန်းများ မေးမြန်းသည်။ နှစ်ယောက်သား အစမ်းမေးမြန်းဖြေဆိုပြီးနောက် ဇယ်ဗီးယား က သူ့ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းများကို ဖိုင်တွဲလိုက်သည်။ အဖေဖြစ်သူက ကျေးဇူးတင်ကဒ်ကို သတိပေးရာ သူက ပြုံးလျက် ‘‘သား သိပါတယ်။ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်တဲ့ စာတိုလေးက ကျွန်တော်ကို အခြား အလုပ်လျှောက်သူတွေနဲ့ ခြားနားစေမှာ ဖြစ်တယ်’’ ဟု ပြန်ပြောခဲ့သည်။

မန်နေဂျာမှ ဇယ်ဗီးယား ကို အလုပ်ခန့်ကြောင်း ဖုန်းဆက်လာသောအခါ သူက…

လောဘနှင့်ဆုပ်ကိုင်ထားခြင်း

“လူကလေးနှင့် သစ်ချသီးအစေ့” ဟူသော ရှေးခေတ်ပုံပြင်တစ်ပုဒ်တွင် လူကလေး တစ်ဦးသည် သစ်ချသီးထည့်ထားသည့် ပုလင်းထဲလက်လျှိုပြီး သစ်ချသီးကို လက်အပြည့် နှိုက်လိုက်သည်။ လက်ထဲတွင် သစ်ချသီး အပြည့်ဖြစ်နေသဖြင့် ပုလင်းဝတွင် တစ်နေ သည်။ သို့သော် လက်ထဲရှိသစ်ချသီးကို နည်းနည်းလေးမျှ မလွတ်ချလိုဘဲ သူစပြီး ငိုတော့သည်။ နောက်ဆုံးတွင် သစ်ချသီးအချို့ကို လွတ်ချ လိုက်မှ ပုလင်းထဲမှလက်ကို ထုတ်နိုင်မည်ဟု နားချခဲ့ရသည်။ လောဘသည် ခက်ထန်သည့် အရှင်သခင် ဖြစ်နိုင်သည်။

ဒေသနာကျမ်းကိုပြုစုသည့် ပညာရှိဆရာကြီးက လက်သင်ခန်းစာနှင့် ထိုသင်ခန်းစာသည် ကျွန်ုပ်တို့ အကြောင်းကို မည်သို့ပြောထားသည့်ကို သရုပ်ဖော်ထား သည်။ သုခမိန်ကြီးက လူပျင်းနှင့် လောဘကြီးသူ လူနှစ်ဦးကို နှိုင်းယှဉ်ထားပြီး သူတို့၏ကွဲပြားခြားနားမှု ကိုလည်း ရေးသားထားသည်။ ‘‘မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍ မိမိအသားကို စားတတ်၏။ ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို…

သူ လုပ်တတ်သွားပြီ

သင်းအုပ်ဆရာ ၀ပ်ဆင်ဂျုံး သည် ငယ်ငယ်က စက်ဘီးစီးသင်ခဲ့သည့်အကြောင်းကို အမှတ်ရနေသည်။ သူ့ဖခင်က သူ့နံဘေးတောက်လျှောက်လိုက်ပါထိန်းပေးသည်။ ထိုစဉ် ခုံတန်းရှည်ပေါ်တွင် မိန်းကလေးတစ်ဖွဲ့ ထိုင်နေသည်ကို ၀ပ်ဆင် တွေ့လိုက်သဖြင့် ‘‘ဖေဖေ၊ သားစက်ဘီးစီးတတ်သွားပြီ’’ဟု ပြောလိုက်သည်။ သူမစီးတတ်သေးပါ။ သူ့ဖခင်က လက်ကိုင်ငြိမ်အောင် မကိုင်မထိန်းထားဘဲနှင့် ဟန်ချက်ညီညီ သူမစီးနိုင်သေးကြောင်း သူအသိ နောက်ကျ သွားပြီ။ သူထင်ထားသလောက် သူအရွယ်မရောက်သေးပါ။

ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘသည်လည်း ကျွန်ုပ်တို့ကြီးပြင်းအရွယ်ရောက်ပြီး ‘‘ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သူအဖြစ်သို့ရောက်’’ရန် မျှော်လင့်တောင့်တပါသည် (ဧ ၄း၁၃)။ သို့သော် ဝိညာဉ်ရေး ရင့်ကျက်မှုသည် သဘာဝအလျောက် ရင့်ကျက်လာခြင်းနှင့် ကွဲပြား ခြားနားပါသည်။ မိဘများက သားသမီးများ သူတို့ကို အမှီမပြုတော့ဘဲ မိမိတို့ခြေပေါ်ရပ်တည်နိုင်အောင် ပြုစု ပျိုးထောင်ကြသည်။ ကျွန်ုပ်တို့၏အဘဘုရားကမူ နေ့ရက်စဉ်တိုင်း သူ့အပေါ် ကျွန်ုပ်တို့ တိုး၍ အမှီပြုလာအောင် ပြုစုပျိုးထောင်ပေးသည်။

‘‘ဘုရားသခင်ကိုလည်းကောင်း၊…

ဘုရား၏ အထူးအဖိုးထိုက်ရတနာ

ရာဇပလ္လင်ကြီးတစ်ခုရှိသည့် အခန်းကို စိတ်ကူးမြင်ယောင်ကြည့်ပါ။ ပလ္လင်ထက်တွင် ကြီးမြတ်သည့်ရှင်ဘုရင်တစ်ပါး ထိုင်နေသည်။ သူ့ဘေးပတ်လည်တွင် အခြွေအရံ အစေအပါး များစွာတို့ကလည်း ကျိုးနွံရိုကျိုးစွာ ဝန်းရံနေသည်။ ယခုတွင် ရှင်ဘုရင်ကြီး၏ ခြေတော်နားရှိ သေတ္တာတစ်လုံးကို မြင်ယောင်ကြည့်လိုက်ပါ။ ဘုရင်ကြီးသည် မကြာမကြာ သေတ္တာကိုလှမ်းကိုင်ပြီး လက်နှင့်လည်း စမ်းနေတတ်သည်။ သေတ္တာထဲတွင် ဘာရှိသနည်း။ ဘုရင်ကြီးအကြိုက် ရတနာ၊ ရွှေနှင့် အဖိုးထိုက်ကျောက်မျက်များလား။ ဤသေတ္တာထဲတွင် ဘုရင်ကြီး၏ အဖိုးထိုက်ရတနာ၊ ဘုရင်ကြီးအား ဝမ်းမြောက် အားရစေသည့် အရာတစ်ခုရှိသည်။ ထိုပုံမြင်ကွင်းကို သင့်စိတ်ထဲ မြင်နိုင်ပါသလား။

ဟေဗြဲဘာသာဖြင့် ဤရတနာမှာ segulah ဖြစ်ပြီး ‘‘အထူးပိုင်ဆိုင်မှု’’ဟု အဓိပ္ပာယ်ရသည်။ ထိုစကားလုံးကို ဣသရေလလူမျိုးတို့အား ရည်ညွှန်းထားသည့် ထွက် ၁၉း၅၊ တရား ၇း၆ နှင့် ဆာ ၁၃၅း၎ စသည့် ဓမ္မဟောင်းကျမ်း၌ တွေ့နိုင်သည်။ ဓမ္မသစ်ကျမ်းထဲတွင်လည်း တမန်တော်ရှင်ပေတရု ရေးသားသော…

ဘုရားအကြောင်း စကားဝိုင်း

၂၀၁၈ ခုနှစ်၌ ဘာနာအဖွဲ့မှဦးဆောင်သည့် လေ့လာမှုတစ်ခုတွင် အမေရိကန် အများစု သည် ဘုရားအကြောင်း ပြောဆိုဆွေးနွေးရန် မနှစ်မြို့ကြောင်း တွေ့ရှိခဲ့သည်။ ၇% သော အမေရိကန်တို့သာ ဝိညာဉ်ရေးရာအကြောင်း ပုံမှန်ပြောဆိုကြောင်း၊ အမေရိကန်နိုင်ငံ၌ သခင်ယေရှုအား ယုံကြည်သက်ဝင်ခြင်းသည် ခြားနားမှု သိပ်မရှိကြောင်း၊ ဘုရားကျောင်း ပုံမှန်တက်သူ ၁၃% သာ တစ်ပတ်တစ်ကြိမ်ခန့် ဝိညာဉ်ရေး ဆွေးနွေးမှု ပြောဆိုကြောင်း ပြောပြခဲ့သည်။

ဝိညာဉ်ရေးရာ ပြောဆိုဆွေးနွေးမှုများ ကျဆင်း လာခြင်းကို အံ့သြစရာမရှိပါ။ ဘုရားအကြောင်းပြောခြင်းက အန္တရာယ်ရှိသည့်ကိစ္စဖြစ်နိုင်သည်။ နိုင်ငံရေးအခြေအနေ ဂယက်များကြောင့်၊ သဘောထား မတိုက်ဆိုင်ခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေးတွင် အက်ကြောင်း ထင်လာနိုင်ခြင်း ကြောင့်၊ (သို့) ဝိညာဉ်ရေးရာ ပြောဆိုဆွေးနွေးမှုက သင့်ဘ၀၌ ပြောင်းလဲရန် လိုနေသည့်ကဏ္ဍကို သိလာစေနိုင်ခြင်း စသည်တို့ကြောင့် မပြောကြခြင်း ဖြစ်ကောင်းဖြစ်မည်။ ဤအရာများကြောင့် အန္တရာယ်များလှသည်ဟု ခံစားမိစေမည်ဖြစ်သည်။

သို့သော် ဘုရားသခင်၏လူမျိုးတော်…

ထောက်ခံအားပေးမှု

နာမည်ကြီးသီချင်းရေးဆရာ Guiseppi Verdi (၁၈၁၃-၁၉၀၁) သည် ငယ်ရွယ်စဉ်က ထောက်ခံအားပေးမှုကို အလွန်တောင့်တသည့်စိတ်ကြောင့် ကြိုးစားကာ အောင်မြင်မှုကို ဆွတ်ခူးနိုင် ခဲ့သည်။ ‘‘Florence ၌ Verdi ၏ ပထမဆုံး အော်ပရာသီချင်းကို ဖျော်ဖြေစဉ်က သီချင်းရေးဆရာသည် သူကိုယ်တိုင် အမှောင်ရိပ်ထဲရပ်လျက် ပရိသတ်ထဲရှိ လူတစ်ဦး၏ မျက်နှာကိုသာ စိုက်ကြည့်နေခဲ့သည်။ ထိုသူကား the great Rossini ဖြစ်သည်။ ခန်းမထဲရှိ လူပရိသတ်များ မည်မျှပင် အားပေးထောမနာပြုပါလေစေ၊ သူအလိုချင်ဆုံးမှာ ဂီတ ပညာရှင်ဆရာကြီး၏ အားရကျေနပ် ထောက်ခံသော အပြုံးတစ်ပွင့်သာဖြစ်သည်’’ ဟူ၍ သူ့အကြောင်းကို ဆရာကြီး Warren Wiersbe က ရေးသားခဲ့သည်။

မည်သူ၏ စိတ်ကျေနပ်အားရမှုကို ကျွန်ုပ်တို့ ရှာဖွေ နေသနည်း။ မိဘများလား၊ အလုပ်ရှင်သူဌေးလား၊ ချစ်သူ၏ စိတ်အလိုလား။ ရှင်ပေါလုအတွက်မှာမူ အဖြေတစ်ခုတည်း ရှိသည်။…

အစ်ကိုကြီး

ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်ရှိ ပြတိုက်တစ်ခုကို သွားရောက်လည်ပတ်ကာ ရန်းဘရန့်၏ “ပျောက်သောသား” ပန်းချီကားကို နာရီအတော်ကြာ ဆင်ခြင်စဉ်းစားခဲ့ကြောင်း စာရေးဆရာ ဟင်နရီ နော်ဝင်က ပြန်ပြောင်း ပြောပြသည်။ နေ့တစ်နေ့တာ ကုန်ဆုံးသွားသည့်အလျောက် အနီးရှိပြတင်းပေါက်မှ သဘာဝ အလင်းအမှောင် ပြောင်းလဲမှုကြောင့် ခြားနားသည့် ပန်းချီကားများကို မြင်ရသကဲ့သို့ စိတ်ခံစားမှု မျိုးကို နော်ဝင် ခံစားခဲ့ရသည်။ သားမိုက်အပေါ်ထားသည့် ဖခင်တစ်ဦး၏မေတ္တာကို ပန်းချီကားတစ်ခုစီက တစ်မျိုးစီ ဖော်ပြနေသည့်အလား ဖြစ်နေသည်။

၎ နာရီခန့်အချိန်တွင် ပန်းချီကားထဲရှိ လူရုပ် ၃ ခုက ‘‘ရှေ့သို့လှမ်းလာ’’သကဲ့သို့ ပေါ်လာသည်ဟု နော်ဝင် ဖော်ပြ ခဲ့သည်။ ရုပ်ပုံတစ်ခုမှာ ပျောက်သောသားဖြစ်သည့် ညီငယ်၏ အိမ်အပြန်ကို ကော်ဇောနီခင်းပြီး ကြိုဆိုလိုသည့် ဖခင်၏ဆန္ဒအပေါ် စိတ်နာသူ သားကြီးဖြစ်သည်။ စင်စစ် ပျောက်သောသားသည် မိဘ၏ငွေကြေးဥစ္စာများကို သုံးဖြုန်းပျော်ပါးပြီး မိသားစုအတွက် နာကျင်မှုကိုဖြစ်စေပြီး အရှက်ခွဲခဲ့သူ…

လှလှပပ ဝန်တာထားသည်

ပိန်းပိတ်နေသောအမှောင်ထုထဲ ကျွန်မနိုးလာသည်။ အိပ်ပျော်သွားသည်မှာ နာရီဝက်ပင်မရှိသေး။ နိုးလာ၍ တော်တော်နှင့် ပြန်အိပ်၍ရတော့မည်မဟုတ်ဟု စိတ်ထဲသိနေသည်။ မိတ်ဆွေတစ်ဦး၏ ခင်ပွန်းက ဆေးရုံတက်နေရပြီး ‘‘ကင်ဆာ ရောဂါပြန်ကြွလာ၍ ယခုတွင် ဦးနှောက်နှင့်ကျောရိုးသို့ပင် ပြန့်နေပြီ’’ဆိုသော သတင်းဆိုးကို ကြားရသည်။ မိတ်ဆွေများအတွက် ကျွန်မ တစ်ကိုယ်လုံး နာကျင်ခံစားမိသည်။ မည်မျှ ၀န်လေး လိုက်မည်ဖြစ်ခြင်း။ သို့သော် မအိပ်ဘဲ ဆုတောင်းနေစဉ် တစ်လျှောက်လုံး ကျွန်မ၏ စိတ်ဝိညာဉ်မှာ ပေါ့ပါးနေသည်။ သူတို့အတွက် ကျွန်မလှလှပပ ဝန်တာထားသည်ဟု သင်ဆိုနိုင်ပါသည်။ ဤအရာ မည်သို့ ဖြစ်နိုင်သနည်း။

ရှင်မဿဲခရစ်ဝင် ၁၁း၂၈-၃၀ တွင် ဝန်လေး၍ပင်ပန်းနေသူများအတွက် နားခိုရာကို ရှင်ယေရှု ကတိပေးထားသည်။ ထူးဆန်းသည်က ကိုယ်တော်၏နားခိုရာမှာ သူ့ထမ်းပိုး အောက်လျှိုဝင်ပြီး သူ့ဝန်ထုပ်ကိုခံယူမှသာ ရရှိမည်။ ‘‘ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါဝန်လည်းပေါ့၏"ဟု အပိုဒ်ငယ် ၃၀ တွင် ရှင်းပြထားသည်။ ကျွန်ုပ်တို့၏ကျောထက်မှ…

အဆုံးထိတိုင် အသီးသီးကြမည်

လီနာဒန်းလော့သည် အသက် ၉၄ နှစ်ရှိပြီ ဖြစ်သော်လည်း သူ့စိတ်ဓာတ်က ထက်မြက်ဆဲ၊ သူ့အပြုံးက တောက်ပဆဲဖြစ်ပြီး သူ၏ သခင်ယေရှုကို ချစ်သောစိတ်က လူများစွာတို့ထံ ကူးစက်သည်။ အသင်းတော်လူငယ်များကြား၌ သူ့ကိုတွေ့ရခြင်းက အဆန်း မဟုတ်ပါ။ လူငယ်များကြား သူပါဝင်ခြင်းက အားလုံးအတွက် ဝမ်းမြောက်စရာ နှင့် ခွန်အားပေးမှုဖြစ်သည်။ လီနာ၏အသက်တာက အံ့မခမ်းဖြစ်လွန်းသဖြင့် သူသေဆုံးသည့်သတင်း ကြားရ သည်တွင် ကျွန်ုပ်တို့ အလွန်အံ့သြသွားရသည်။ သူ မဆုံးမီ တစ်ရက်အလိုတွင် သခင်ယေရှု၏သတင်းစကားကို ကမ္ဘာတစ်ဝှမ်းရှိ လူအပေါင်းတို့ထံ မည်သို့ဆောင်ယူရမည်ကို အထူးပြုပို့ချသည့် အချိန် ၁၆ ပတ် သင်ခန်းစာကို ဖြေဆို ပြီးစီးခဲ့သည်။ ထိုမျှ စိတ်အားကြီးသူပါ။ ခွန်အားနှင့် ပြည့်သည့် တာတိုအပြေးသမားပမာ ဘ၀၏လမ်းဆုံးပန်းတိုင်ကို သူတစ်ဟုန်ထိုး ဖြတ်ကျော်ပန်းဝင် သွားခဲ့သည်။

ဘုရားရှင်ကို ချီးမြှောက်သည့် လီနာ၏အသက်တာကား အသီးသီးသော အသက်တာဖြစ်ပြီး ဆာ…