အချိန်မီသန္နိဌာန်
ဆိုင်မွန်နှင့် ဂျော်ဖရီ တို့ကြား မဖြေရှင်းဘဲရှိနေသည့်နာကျင်မှုမှာ နှစ်များစွာရှိမြဲရှိနေသည့်အတွက် တင်းမာနေသည့်ဆက်ဆံရေးကိုဖြေလျော့နိုင်ရန် ဆိုင်မွန်ကြိုးစားသည်။ ဂျော်ဖရီ၏မိခင် ကွယ်လွန်သည့်သတင်းကိုကြားသော် ဆိုင်မွန်သည် အသုဘအခမ်းအနားကို တက်ရောက်ရန် အာဖရိကတိုက်၊ ကင်ညာနိုင်ငံ ‘ကုန်းတွင်းပိုင်း’သို့ ခရီးပြုခဲ့သည်။ “အခြေအနေတစ်ခုလုံး ဘယ်လိုဖြစ်လာမလဲ ဆိုတာ ကျွန်တော် မမျှော်လင့်ထားပေမယ့် အသုဘအခမ်းအနားပြီးသွားတဲ့နောက်မှာ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ အကျိုးရှိတဲ့စကားတွေ ပြောခဲ့ကြတယ်။ ကျွန်တော်တို့ ပွေ့ဖက်ကာ၊ ထိုအခိုက်အတန့်လေးကိုမျှဝေခံစားပြီး အတူတူ ဆုတောင်းခဲ့တယ်။ နောက်တစ်ခါ ထပ်တွေ့ဖို့ စီစဉ်ခဲ့ကြတယ်” ဟူ၍ သူတို့၏တွေ့ဆုံမှုကို ဆိုင်မွန်က ပြန်ပြောင်း ပြောပြခဲ့သည်။ ဆိုင်မွန်နှင့် ဂျော်ဖရီတို့သာ စောစောစီးစီးကျေအေးနိုင်ခဲ့လျှင် တစ်မြေ့မြေ့ခံစားနေရသည့် နာကျင်မှုကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ရှင်မဿဲခရစ်ဝင် ၅:၂၁-၂၆ မှ ရှင်ယေရှု၏စကားက မပြေလည်သည့် ဆက်ဆံရေးတင်းမာမှုကို အရှိကိုအရှိအတိုင်း မြင်နိုင်အောင် ကူညီပေးသည်။ စိတ်ဝမ်းကွဲမှုကို ဖြစ်စေသည့် အမျက်ဒေါသမှာ စိုးရိမ်စရာကိစ္စဖြစ်သည် (:၂၂)။…
ခရစ်စမတ် ကလေး
အစေ့မှ သစ်ကတိုးပင်ပေါက်လာအောင်ပြုလုပ်သူက သန္ဓေသားလောင်းအဖြစ် စတင်အသက်ရှင်လာခြင်း၊ ကြယ်များကိုဖန်ဆင်းသူက သားအိမ်ထဲ သူ့ကိုယ်သူ ပေးအပ်လိုက်ခြင်း၊ ကောင်းကင်၌ နက္ခတ်တာရာအပြည့်ဖြည့်သူက မျက်မှောက်ခေတ် စကားအတိုင်းဆိုရလျှင် အာထရာစောင်းပေါ်၌ အစက်ကလေးမျှသာ ဖြစ်လာခြင်းကို မြင်ယောင်ကြည့်ပါ။ ဘုရားဇာတိအပြည့်ရှိသူ သခင်ယေရှုက သူ့ကိုယ်သူ အညတရအဖြစ် ခံယူခဲ့သည် (ဖိ ၂:၆-၇)။ မှင်သက်ဖွယ် စိတ်ကူးပင်။
ရိုးရှင်းသည့်ကျေးလက်ဒေသ၌ သိုးထိန်းများနှင့် ကောင်းကင်တမန်များကြား၊ ကောင်းကင်ထက်မှ တောက်ပသည့်အလင်းများ၊ သူ့အတွက်ပထမဆုံးသားချော့တေးအဖြစ် တိရစ္ဆာန်များ၏အော်မြည်သံများ စသည့် သခင်မွေးဖွားလာသည့် မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ ခက်ခဲနက်နဲသည့်မေးခွန်းများကို ဖြေကြားပေးလျက် ဆရာသမားများကို အံ့အားသင့်စေသည့် လူငယ်လေး၊ ယော်ဒန်မြစ်၌ ကောင်းကင်ဘုံရှင်အဘခမည်းတော်၏ နှစ်သက်မြတ်နိုးမှုကို ရရှိသောလူရွယ်၊ လွင်တီးခေါင်ထဲ ဆာလောင်မှုနှင့်နပန်းလုံးကာ အစာရှောင်ဆုတောင်းပုံ စသည့် အစဥ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားရှေ့လူရှေ့ မျက်နှာရပြီး ကြီးပြင်းလာပုံတို့ကို ကြည့်ရှုပါ။
တစ်ဖန် လူနာများ၏အနာရောဂါကို ကုသပျောက်ကင်းစေခြင်း၊ လူနူများကို တို့ထိခြင်း၊…
ငြိမ်သက်ခြင်းအရှင်
ဂျွန်၏အအေးမိခြင်းက အဆုတ်ရောင်ရောဂါအဖြစ် ပိုဆိုးသွား၍ သူဆေးရုံတက်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့မိခင်မှာလည်း အပေါ်ထပ်အဆောင်၌ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေသည်။ ဂျွန်သည် သူ့မိခင်အတွက်ရော၊ သူ့ကျမ်းမာရေးအတွက်ရော အလွန်စိတ်ပူလျက် သောကရောက်ခဲ့ရသည်။ ထို့နောက် ခရစ်စမတ်အကြိုနေ့တွင် ရေဒီယိုမှထုတ်လွှင့်သော “အို သန့်ရှင်းည” ခရစ်စမတ်တေးကို ဂျွန်ကြားခဲ့ပြီး ဘုရားရှင်၏နက်နဲသောငြိမ်သက်ခြင်းက သူ့ကိုလွှမ်းမိုးသွားသည်။ “မင်္ဂလာရှိသော နေ့သစ်တစ်နေ့ ရောက်လာတော့မည်။ ရင်ဖိုဖွယ်မျှော်လင့်ခြင်း၌ နွမ်းနယ်ဝိညာဥ် ဝမ်းမြောက်ခဲ့” ဟူသည့် ချစ်တော်မူသော ကယ်တင်ရှင် မွေးဖွားသောညအကြောင်း သီချင်းစာသားများကို သူနားထောင်ခဲ့သည်။ ထိုအခိုက်အတန့်လေး၌ သူနှင့်သူ့အမေအတွက် ပူပန်မှုများ ပျောက်သွားတော့သည်။
ကျွန်ုပ်တို့အတွက် ဖွားမြင်ခဲ့သည့် “ချစ်တော်မူသောကယ်တင်ရှင်” သခင်ယေရှုသည် ယေရှာယ ပရောဖက်ပြုထားသကဲ့သို့ “ငြိမ်သက်ခြင်းအရှင်” ဖြစ်တော်မူ၏ (ဟေရှာ ၉:၆)။ ရှင်ယေရှုသည် သူငယ်အဖြစ် လောကသို့ ကြွဆင်းလာပြီး “သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့”ထံသို့ (မ ၄:၁၆၊ ဟေရှာ ၉:၂) အလင်းနှင့်ကယ်တင်ခြင်းကို…
သူတို့ မည်သို့သိနိုင်ပါမည်နည်း
ထိုင်းနိုင်ငံမြောက်ပိုင်း၌ “The Gathering” (စုဝေးခြင်း) အသင်းတော်သည် နိုင်ငံတကာ ဂိုဏ်းပေါင်းစုံ အသင်းတော်ဖြစ်သည်။ မကြာသေးသည့် တနင်္ဂနွေနေ့တစ်နေ့က ကိုရီးယား၊ ဂါနာ၊ ပါကစ္စတန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများမှ ခရစ်တော်ကိုယုံကြည်သူများသည် မခမ်းနားသည့် ဟိုတယ်အစည်းဝေးခန်းမသို့ စုရုံးရောက်ရှိလာကြသည်။ ၎င်းတို့ သီဆိုသည့် “In Christ Alone” (ခရစ်တော်၌သာ)နှင့် “I Am a Child of God” (ကျွန်ုပ်သည် ဘုရားသားဖြစ်၏) စသောသီချင်းများ၏ သီချင်းစာသားများက ထိုအနေအထားကို အထူးသဖြင့် ထိမိပေါ်လွင်စေသည်။
ရှင်ယေရှုပြုသကဲ့သို့ မည်သူကမှ လူများကို အတူတကွ မစုရုံးနိုင်ပါ။ ကိုယ်တော်သည် ထိုအမှုကို အစကနဉီးကတည်းကပင် လုပ်ဆောင်နေသည်။ ပထမရာစုနှစ်က အန္တိအုတ်မြို့သည် မိမိတို့ကိုယ်ပိုင်နေရာအသီးသီး၌ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစု ၁၈ စု နေထိုင်သည့်မြို့ဖြစ်သည်။ ယုံကြည်သူများသည် အန္တိအုတ်မြို့သို့ရောက်စက…
ရုပ်ပံုဖြင့် ဆက်သွယ်တည်ရှိမှု
ကမ္ဘာတစ်ဝှမ်း၌ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေစဉ် ကျန်းမာရေးကျွမ်းကျင် သူများက ရောဂါကူးစက်မှုလျော့ကျရန် လူများတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း ကို တိုးမြှင့်လုပ်ဆောင်ရန် အကြံပေးသည်။ နိုင်ငံများစွာကလည်း မိမိတို့၏နိုင်ငံသား များကို မိမိဘာသာ သီးသန့်နေထိုင်ခြင်း (သို့) သီးသန့်ဂေဟာ၌ နေထိုင်ကြရန်ပြောသည်။ လူအများအလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေခမ်းနေသလို အဖွဲ့အစည်းများကလည်း ဝန်ထမ်းများကို တတ်နိုင်သရွေ့ အိမ်မှအလုပ်လုပ်စေသည်။ ကျွန်မလည်း အခြားသူများနည်းတူ ဒစ်ဂျစ်တယ်နည်းပညာမှတစ်ဆင့် အသင်းတော်နှင့် အဖွဲ့ငယ် မိတ်သဟာယများတွင် ပါဝင်ခဲ့သည်။ ကမ္ဘာနှင့်အဝန်း ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံခြင်းထက် အတူတည်ရှိခြင်းပုံစံသစ်များကို ကျွန်ုပ်တို့ကျင့်သုံးကြသည်။
အတူရှိနေသည့် ခံစားမှုကိုထိန်းပေးထားသည်မှာ အင်တာနက်အားဖြင့်သာ မဟုတ်ပါ။ ခရစ်တော်၏ခန္ဓာအစိတ်အပိုင်းအဖြစ် ကျွန်ုပ်တို့သည် ဝိညာဉ်တော် အားဖြင့် ဆက်နွယ်ပတ်သက်နေသည်။ ဤသဘောတရားကို လွန်ခဲ့သည့် ရာစုနှစ်များက ကောလောသဲမြို့သို့ရေးသောစာတွင် ရှင်ပေါလုဖော်ပြခဲ့သည်။ သူတို့၏ အသင်းတော်ကို ပေါလုကိုယ်တိုင် တည်ထောင်ခြင်းမဟုတ်သော်လည်း သူတို့နှင့် သူတို့၏ယုံကြည်ခြင်းအတွက် ရှင်ပေါလု အလေးအနက် ဂရုစိုက်ခဲ့သည်။…
ဘုရားသခင်၏သံလိုက်အိမ်မြှောင်
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားကမ်းရိုးတန်းနှင့် မိုင် ၃၀၀ နီးပါး ဝေးသည့်နေရာ၌ ရေမျက်နှာပြင်ထက်သို့ ဂျာမန်ရေငုပ်သင်္ဘော ပေါ်လာပြီး ‘SS Alcoa Guide’ စစ်သင်္ဘောကို ပစ်ခတ်တိုက်ခိုက်ချိန်၌ Waldemar Semenov (ဝါးဒလ်မါး စီမျောနို) သည် အငယ်တန်းအင်ဂျင်နီယာအဖြစ် ထိုစစ်သင်္ဘော၌ တာဝန်ထမ်းဆောင်နေခဲ့သည်။ သင်္ဘောကို ကျည်ထိမှန်ပြီး မီးစွဲလောင်ကာ စတင်နစ်မြုပ်တော့သည်။ စီမျောနိုနှင့် သင်္ဘောသားများက အသက်ကယ်လှေကို ရေချပြီး သင်္ဘောသွားရာ လမ်းကြောင်းပေါ်သို့ရောက်အောင် သင်္ဘော၏ သံလိုက်အိမ်မြှောင်ကိုသုံးကာ လှော်ခတ်သွားသည်။ သုံးရက်ကြာပြီးနောက် ကင်းလှည့်လေယာဉ်က သူတို့၏အသက်ကယ်လှေကိုမြင်ပြီး နောက်နေ့တွင် ‘USS Broome’ သင်္ဘောက သူတို့ကို ကယ်ဆယ်ခဲ့သည်။ စီမျောနိုနှင့် သင်္ဘောသား ၂၆ ဦးတို့ကို ကယ်နိုင်ခဲ့ခြင်းမှာ သံလိုက်အိမ်မြှောင်၏ကျေးဇူးပင်တည်း။
နှုတ်ကပတ်တော်တည်းဟူသော ဘဝသံလိုက်အိမ်မြှောင်ကို ဘုရားသခင်၏ လူများ၌ တပ်ဆင်ထားပြီးဖြစ်ကြောင်း ဆာလံဆရာက သတိပေးပြီး၊ ဘုရားသခင့်နောက် လိုက်လျှောက်သူအတွက်…
မကြောက်ရွံ့နှင့်
“Peanuts” ကာတွန်းရုပ်ပြတွင် ပါဝင်သည့် Linus (လင်းနပ်စ်)သည် သူ၏ အပြာရောင်လုံခြုံရေးစောင်ကြောင့် အထူးလူသိများသည်။ နေရာတကာ စောင်ကို သူယူသွားပြီး၊ နှစ်သိမ့်မှုရရှိရန် စောင်ကို သူလိုအပ်ချိန်တွင်လည်း မရှက်တတ်ခဲ့ပါ။ သူ၏အမဖြစ်သူ Lucy (လူစီ)သည် အထူးသဖြင့် စောင်ကို မနှစ်သက်ပါ။ စောင်ကို ဖျောက်ပစ်ရန် မကြာခဏ ကြိုးစားသည်။ စောင်ကိုမြေမြှုပ်ပစ်သည်။ စွန်လုပ်ပစ်သည်။ သိပ္ပံပရောဂျက်တစ်ခုအတွက် စောင်ကို အသုံးပြုသည်။ လင်းနပ်စ် ကိုယ်တိုင်လည်း သူ့အနေနှင့် သူ့စောင်အပေါ် အမှီအခိုနည်းပါးသင့်ကြောင်းသိပြီး တစ်ခါတစ်ရံ စောင်ကို စွန့်သော်လည်း အမြဲပင် ပြန်ယူခဲ့မိသည်။
“Charlie Brown Christmas” ရုပ်ရှင်တွင် ဒေါသထွက်နေသည့် Charlie Brown (ချာလီဘရောင်း)က “ခရစ်စမတ်က ဘာလဲဆိုတာ သိတဲ့သူတစ်ယောက်မှ မရှိဘူးလား” ဟုမေးရာ၊ လက်၌ အပြာရောင်လုံခြုံရေးစောင်နှင့် လင်းနပ်စ် လေးသည် စင်အလယ်သို့ ထွက်လာပြီး ရှင်လုကာခရစ်ဝင်…
ဆုတောင်းခြင်းဖြင့် သတိရခဲ့သည်
ကြီးမားသည့် အာဖရိကဘုရားကျောင်းတစ်ခု၌ သင်းအုပ်ဆရာသည် ဒူးထောက်ပြီး “ကျွန်ုပ်တို့ကိုအောက်မေ့တော်မူပါ”ဟု ဆုတောင်းသည်။ သင်းအုပ်ဆရာ၏ ဆုတောင်းချက်အပေါ် အသင်းသားများကလည်း “ကျွန်ုပ်တို့ကို အောက်မေ့တော်မူပါဘုရား”ဟု ငိုယိုတုံ့ပြန်ခဲ့ကြသည်။ YouTubeမှ ဤအဖြစ်အပျက်ကိုကြည့်ရင်း ကျွန်မအံဩလွန်း၍ မျက်ရည်ကျခဲ့ရသည်။ လွန်ခဲ့သည့်လအနည်းငယ်က ရိုက်ကူးထားသော ဗီဒီယိုဖြစ်သော်လည်း ကလေးဘဝအချိန်က ကြားခဲ့သည့် “ကျွန်ုပ်တို့ကို သတိရတော်မူပါဘုရား” ဟူသည့် ကျွန်မတို့၏မိသားစုသင်းအုပ်ဆရာ တောင်းလျှောက်ခဲ့သည့် ဆုတောင်းသံကို ပြန်လည်သတိရမိသည်။
ကလေးတစ်ဦးအနေနှင့် ထိုဆုတောင်းချက်ကို ကြားသည့်အခါ ဘုရားသခင် က ကျွန်မတို့ကို တစ်ခါတစ်ရံမေ့သွားသည်ဟု အထင်မှားယူဆခဲ့မိသည်။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို သိသည် (ဆာ ၁၄၇:၅၊ ၁ ယော ၃:၂၀)။ ကျွန်မတို့ကို သူအမြဲတမ်းမြင်သည် (ဆာ ၃၃:၁၃-၁၅)။ ကျွန်မတို့ကို အတိုင်းဆမရှိ ချစ်မြတ်နိုးသည် (ဧ ၃:၁၇-၁၉)။
ထို့အပြင် “သတိရသည်”ဟု အဓိပ္ပာယ်ရသည့် ဟေဗြဲစကားလုံး Zakar ၌…
ကောင်းစွာလုပ်နိုင်ခဲ့ပြီ
ကျွန်တော့်သား Brian (ဘရိုင်ယန်) ဘောလုံးနည်းပြလုပ်သည့် ကျောင်းသည်အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် ပြည်နယ်ဘောလုံးပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သူတို့ ၏ပြိုင်ဘက်မှာ နှစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိသည့် ပြိုင်ဘက်ဖြစ်သည်။ သားကို နှစ်သိမ့်ရန် သူ့ထံမက်ဆေ့ခ်ျစာ ပို့ခဲ့ပြီးနောက် “ကလေးတွေ အစွမ်းကုန်ကြိုးစား ခဲ့ပါတယ်” ဆိုသည့်ပြန်စာတိုကို ရရှိခဲ့သည်။
ပြိုင်ပွဲပြီးသည့်နောက်တွင် မည်သည့်နည်းပြမှ ကစားသမားများကို အရှက်မခွဲပါ။ သူတို့၏ကံခေမှု (သို့) ပြိုင်ပွဲတစ်လျှောက် ဆုံးဖြတ်ချက်မှားယွင်းမှုများကြောင့် သူတို့ကို မည်သူကမှ မအော်ခဲ့ပါ။ ထိုသို့မပြုသည်သာမက ကစားသမားငယ်တို့၏ ချီးကျူးသင့်သည့်အချက်ကို နည်းပြများက ချီးမွမ်းခန်းဖွင့်ကြသည်။
အလားတူစွာပင် ယုံကြည်သူတို့လည်း သခင်ယေရှုထံမှ ရက်စက်သည့် ပြစ်တင်သံများကို ကြားရမည်မဟုတ်ကြောင်း သိရသည့်အတွက် ဝမ်းမြောက်စရာပင်။ ခရစ်တော်ကြွလာပြီး ကျွန်ုပ်တို့သူ့ရှေ့ရပ်ရသည့်အခါ ကျွန်ုပ်တို့ကို သူအရှက်မခွဲပါ။ သခင့်နောက်လိုက်စဉ်က ကျွန်ုပ်တို့ဘာလုပ်ခဲ့သည်ကို ကြည့်မည်ဖြစ်သည် (၂ ကော ၅:၁၀၊ ဧ ၆:၈)။ “မင်းအစွမ်းကုန်လုပ်ခဲ့တယ်။ ငါကျေနပ်တယ်” ဟု…
လှပစွာ ကျိုးပဲ့သည်
အစ္စရေးနိုင်ငံမှ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုတွင် ကိုယ်တိုင်ကိုယ်ကျ တူးဆွစူးစမ်းရန် ကျွန်ုပ်တို့အလွန်မျှော်လင့်ခဲ့ရသည့်ပန်းတိုင်သို့ ကျွန်ုပ်တို့ ဆိုက်ရောက်ခဲ့ပါပြီ။ တူးဖော်ရေးနယ်မြေ၏ဒါရိုက်တာက ကျွန်တော်တို့တူးဖော်မည့်အရာများသည် နှစ်ထောင်ပေါင်းများစွာ မည်သူမျှ မတို့မထိခဲ့သောအရာများဖြစ်ကြောင်း ရှင်းပြသည်။ အိုးခြမ်းပဲ့အပိုင်းအစများကို တူးမိချိန်တွင် သမိုင်းကို ထိမိပြီဟု ကျွန်ုပ်တို့ခံစားခဲ့ရသည်။ ထို့နောက် ရှေးပန်းအိုးကြီး၏အိုးခြမ်းပဲ့ အပိုင်း အစများကို ပြန်ဆက်ပေးသည့် လက်မှုအလုပ်ရံုသို့ ကျွန်ုပ်တို့ကို ခေါ်သွားသည်။
အလွန်ကြည်လင်သည့်ပုံ ထွက်လာသည်။ ရာစုနှစ်များစွာ သက်တမ်းရှိသည့် အိုးခြမ်းကွဲများကို ပြန်ဆက်ပေးသည့် လက်မှုပညာရှင်များသည် ကျိုးပဲ့သည့်အရာများကို ပြန်ပြင်ပေးသည့် ဘုရားသခင်အား လှပစွာကိုယ်စားပြုသူများဖြစ်သည်။ ဆာလံကျမ်း ၃၂:၁၂ တွင် “မအောက်မေ့သော အသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏”ဟု ဒါဝိဒ် ရေးသားခဲ့သည်။ ဤဆာလံကျမ်းကို ရေးသားရသည့်အကြောင်း အဖြစ်အပျက်များ မဖော်ပြထားသော်လည်း ဒါဝိဒ်ကြုံရသည့်ဘဝအခက်အခဲများကြောင့် ယခုဆာလံကဲ့သို့ သူ၏ညည်းတွားမှုမှတစ်ဆင့် ဖော်ပြခဲ့သည်။ အန္တရာယ်များ၊ ရန်သူများနှင့် မျှော်လင့်ချက်မဲ့မှုများကြောင့်…